Rkarmin

motocycle

02/03/2022

ငါက$ရူးလေ 🥺
ကျန်တာတွေထက် ငါ့ကိုပဲ😔
ချစ်စေချင်တာလေ💔
M.N.T (P.P)

06/10/2021

ပုံပြင်တွေ စာတွေထဲက ဗာရာဏသီမြို့ဆိုသည်မှာ.....

ပြည်မသိ ဗာရာဏသီမင်းမသိ ဗြဟ္မဒတ် လို့ ဆိုကြတဲ့ ဗာရာဏသီ ဆိုတဲ့ နာမည်ကိုတော့ စာတွေထဲမှာ မကြာခဏ မြင်ဖူးကြမှာပါ။ဒီနာမည်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ကလေးဘဝအရွယ်မှာ များစွာကြားခဲ့ဖူးကြတယ်။

ဥပမာ ဟိုးရှေးရှေးတုန်းက ဆိုတဲ့စကားချီရဲ့နောက်ဆက်တွဲတိုင်းပြည်နာမည် ပုံပြင် ဗုဒ္ဓဘာသာဆိုင်ရာဇာတ်တော်အများအပြားမှာ ဗာရာဏသီဟာ အထင်ကရတိုင်းပြည်တစ်ခု ဖြစ်ခဲ့ပြီး တကယ်တမ်းရှိမှန်းတောင်ဝေဝါးခဲ့ရတဲ့အထိ ပုံပြင်အများအပြားမှာအသုံးပြုခဲ့ကြပါတယ်။

ဗာရာဏသီဟာ တကယ်ရှိခဲ့ ထင်ရှားခဲ့တဲ့မြို့ကြီးတစ်ခုဖြစ်ပြီး ကမ္ဘာ့ရှေးအကျဆုံးမြို့ကြီး တွေထဲမှာတစ်မြို့အပါအဝင်ဖြစ်သလို ဗုဒ္ဓဘာသာဆိုင်ရာ အဆောက်အဦး အနုပညာလက်ရာ အများအပြားရှိခဲ့ရာ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဘီစီ ၁၈၀၀ (လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀နီးပါး) က ဒီမြို့ကြီးဟာ စတင်ပေါ်ပေါက်ခဲ့ပြီး နောက် ၁ရာစုလောက်မှာတော့ ဗာရာဏသီတိုင်းပြည်ဟာ ထိုခေတ်အခါက တိုင်းပြည်တစ်ခုသဖွယ် ကျကျနနဖွံ့ဖြိုးမူများစွာနဲ့ တည်ရှိလာခဲ့ကြောင်း စာပေအထောက်အထားများမှာဖော်ပြခဲ့ပါတယ်။

ဗာရာဏသီမြို့ဟာ အိန္ဒိယနိုင်ငံ မြောက်ဖက် Uttar Pradesh ပြည်နယ်မှာတည်ရှိပြီး စီးပွားရေးအရရော တိုးတက်မူအရပါ အချက်အချာကျတဲ့ ဗုဒ္ဓဘုရားခြေချခဲ့ရာ ဂင်္ဂါမြစ်ဘေးမှာတည်ရှိပါတယ်။

ဧဟိဘိက္ခု လို့ခေါ်တဲ့ ဂေါတမဘုရားရှင် သာသနာမှာ (အတိအကျအရ) ရဟန်းပေါင်း၂၈၆၄၁ပါး ပေါ်ထွက်ခဲ့ပါတယ်။
ထိုရဟန်းများအနက် အစောဆုံးရဟန်းတချို့ဟာ ဒီဗာရာဏသီကလို့လည်းလေ့လာရပါတယ်။

၃၂ စတုရန်းမိုင်လောက်ကြီးမားကျယ်ဝန်းတဲ့ ဒီမြို့ဟာ တခတ်တခါက အိန္ဒိယရဲ့အထင်ကရမြို့တော်ကြီးဖြစ်ခဲ့သလို လူနေထူထပ်တမြို့ကြီးတမြို့လည်းဖြစ်ခဲ့ပါတယ်။

ဘုရားရှင်လက်ထက် ကာသိတိုင်းရဲ့ မြို့တော်ဖြစ်သလို အာရှရဲ့ လက်မှုပညာ ကုန်သွယ်ရေးပညာ ဝိဇ္ဇာပညာတို့ရဲ့ အခြေခံစတင်ရာ မြို့ကြီးလို့ စာပေတွေမှာ ထောက်ပြထားခဲ့သလို တကယ်လည်း ဒီတိုင်းပြည်ရဲ့ အမွေအနှစ်တွေဟာ ရှေးကျမူများစွာအရင်းတည်ထားပါတယ်။

Benares Banaras လို့လည်းခေါ်ကြသလို Ancient Industrial Centre of Indai လို့တင်စားခဲ့ကြ
သလို ဒီမြို့ကထွက်တဲ့ အထည် ကျောက်ဆစ်ရုပ် ရေမွှေး နဲ့ အနုပညာဆိုင်ရာလက်မူပစ္စည်းအများအပြားဟာ လွန်ခဲ့သောနှစ်ထောင်ပေါင်းများစွာတည်းက ကမ္ဘာအနှံ့မှာ နာမည်ကြီးခဲ့ပါတယ်။

တချိန်ကဗာရာဏသီတက္ကသိုလ်ဟာ အထင်ကရပုဂ္ဂိုလ်များစွာကိုမွေးထုတ်ပေးခဲ့သလို ဒီအထဲနောင်တချိန်မှာ တရုတ်ရဲ့သူရဲကောင်းဖြစ်လာတဲ့ ယွမ်စီလိုစစ်သူကြီးတောင် ဒီတက္ကသိုလ်ကဆင်းခဲ့သူပါ။

အေဒီ ၇ ရာစုမှာတော့ တရုတ်ခရီးသွား ဘုန်းတော်ကြီး ရွှင်ကျန်ဟာ ဗာရာဏသီကို ရောက်ရှိလာခဲ့ပြီးဘာသာရေး အနုပညာပွဲတော်များနဲ့ ဂင်္ဂါမြစ်အနောက်ဘက်ကမ်းပေါ်က အလွန်စည်ကားတဲ့မြို့လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။

အေဒီ ၁၁ရာစုနှောင်းပိုင်းကာလမှာတော့ Gahadavala မင်းဆက်အုပ်စိုးတဲ့ Antarvedi နိုင်ငံရဲ့ မြို့တော်ဖြစ်လာခဲ့ပါတယ်။အလယ်ခေတ်ကာလတလျှောက်လုံး ဘာသာရေးအနုပညာ နဲ့ ပညာရေးထွန်းကားတဲ့မြို့ဖြစ်ခဲ့ပါတယ်။ Bhakti movement ရဲ့ ကျော်ကြားသူအများစုက ဗာရာဏသီသားတွေဖြစ်ပါတယ်။

ဗာရာဏသီဟာ Benares ဘုရင်နိုင်ငံအဖြစ် ၁၇၄၀ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိ ရှိခဲ့ပြီး ရာဂျာတွေ အုပ်စိုးခဲ့တာဖြစ်ပါတယ်။
ဗာရာဏသီရဲ့မြို့သစ်အဆောက်အအုံတွေကိုတော့ ၁၈ ရာစုကစလို့ တိုးချဲ့တည်ဆောက်လာခဲ့တာဖြစ်ပါတယ်။

အိန္ဒိယမှာ ဗုဒ္ဓဘာသာစတင်ပြီးသည်အထိပြသနာမရှိခဲ့ပေမယ့် နောက်ပိုင်းပြည်ပကုန်သည်အများစုဝင်ရောက်ခြေချမူကြောင့် ဗာရာဏသီဟာပြသနာများစွာဖြစ်ခဲ့သလို နောက်ပိုင်းမှာတော့ တဖြည်းဖြည်းမှေးမှိန်ခဲ့ရပါတော့တယ်။

ဟိန္ဒူ ဘုရားကျောင်းပေါင်း ၃၃၀၀ ကျော်အထိ ရှိသလို ဟိန္ဒူဘာသာရဲ့အကြီးကျယ်ဆုံးရှေးအကျဆုံးမြို့တော်ကြီးတွေထဲကတခုပါပဲ။ဒါ့အပြင် အစ္စလာမ်ဆိုင်ရာ နေရာပေါင်း ၁၃၈၈ ခု ခရစ်ယာန်ဘုရားကျောင်း ၁၂ကျောင်း ဗုဒ္ဓဘာသာဆိုင်ရာ ၉ ကျောင်း ဆစ်ခ်ဘာသာဘုရားကျောင်း ၃ ကျောင်း နဲ့ ဂျိန်းဘုရားကျောင်း ၃ကျောင်းတို့လည်း ဒီမြို့ကြီးမှာ ရှိနေပါသေးတယ်။

လက်ရှိမှာ လူဦးရေ ၂သန်းနီးပါးနေထိုင်တဲ့မြို့ဖြစ်ပါတယ်။ ဗာရာဏသီရဲ့ Banaras Hindu University (BHU) တက္ကသိုလ်ဟာလည်း အာရှရဲ့အကြီးဆုံး Residential University အဖြစ်သတ်မှတ်ခြင်းခံထားရသလို ဒီရှေးဟောင်းမြို့တော်ကြီးဟာ ၁၉၅၅ခုနှစ်နောက်ပိုင်းထဲက အိန္ဒိယအစိုးရရဲ့ထိန်းသိမ်းမူနဲ့အတူ ရှေးဟောင်းအမွေအနှစ်များစွာကိုထိမ်းသိမ်းထားရာနေရာလည်းဖြစ်ပါတယ်။

အထင်ကရတွေထဲကမှ ပညာရေးနဲ့ဆိုင်တဲ့ Banaras Hindu University ၊ Central University for
Tibetan Mahatma Gandhi Kashi Vidyapith Sampurnanand Sanskrit University စတဲ့ တက္ကသိုလ်ကြီးတွေဟာထင်ရှားသလို ဗာရာဏသီမှာကောလိပ်ကျောင်းပေါင်း ၃၀ကျော်နဲ့ပညာရေးဆိုင်ရာ ထောက်ပံ့မူအသက်မွေးကျောင်း ၁၀၀ကျော်ရှိပါ တယ်။

ဒီအချက်ကို ဖတ်ရချိန်အံ့သြမိသွားတယ်။ ကျွန်တော်တို့မြန်မာက မြို့တစ်ခုမှာမှ ဒီပမာဏကမရှိသေးပါဘူး။ဒါကဗာရာဏသီမြို့ကြီးဟာဘာကြောင့်နာမည်ကြီးရသလဲဆိုတဲ့ အချက်တွေထဲက တစ်ချက်ဖြစ်သလို တကယ်ကြီးကျယ်ခမ်းနားတဲ့ရှေးဟောင်းမြို့တော်ကြီးပါပဲ။

ပုံပြင်တွေထဲမှာကြားဖူးရုံမျှနဲ့တောင် ဒီမြို့ကြီးကို ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့သလိုတကယ်တမ်း ဒီမြို့ကြီးရဲ့ရှေးဟောင်းအဆောက်အအုံတွေသမိုင်းတွေကတော့ ဒီထက်မကပြောလို့ရပါသေးတယ်။

လက်ရှိမှာတော့ ဗာရာဏသီကို ဟိန္ဒူမြို့တော်လို့ ဆိုရမှာဖြစ်ပြီး ဟိန္ဒူဘာသာဝင်ပေါင်း ၇၁% နေထိုင်ကြပါတယ်။ ဟိန္ဒူပြီးရင် အစ္စလာမ်ကိုးကွယ်သူအများဆုံးနေထိုင်ပြီး ၂၉% ခန့် ရှိပါတယ်။
ဗုဒ္ဓဘာသာဘာသာဝင်တွေကတော့ အလွန်နည်းပါးသွားပြီး ဝ.၀၅ ရာခိုင်းသာကျန်ရှိတော့ပါတယ်။

အခြားဘာသာတွေဖြစ်တဲ့ ခရစ်ယာန် ဂျိန်း စတဲ့ဘာသာပေါင်းစုံ စုဆောင်းနေထိုင်ကြတဲ့ ငြိမ်းချမ်းတဲ့မြို့တော်တစ်ခုလည်းဖြစ်ပါတယ်။ဗာရာဏသီမြို့ရဲ့ စိတ်ဝင်စားစရာအချက်များဗာရာဏသီမြို့ရဲ့ အမှတ်အသားတခုကတော့ Ghats တွေဖြစ်ပါတယ်။ Ghats ဆိုတာ လှေကားထစ်တွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့မြစ်ဆိပ်ကိုပြောတာပါ။

ဗာရာဏသီရဲ့ ဂင်္ဂါမြစ်ကမ်းမှာ ဒီလို Ghat ပေါင်း ၈၈ ခု တောင်ရှိနေပါတယ်။Ghat အများစုကိုတော့ ရေချိုးဖို့နဲ့ ဘာသာရေးအခမ်းအနားပွဲတွေ အတွက်အသုံးပြုကြပါတယ်။
Manikarnika နဲ့ Harishchandra ဆိုတဲ့ Ghat နှစ်ခုကိုတော့ မီးသင်္ဂြိုဟ်ခြင်း အတွက် အသုံးပြုကြပါတယ်။

ဗာရာဏသီရဲ့ ထင်ရှားတဲ့နေရာတခုကတော့ Jantar Mantar နက္ခတ်တာရာမျှော်စင်ဖြစ်ပါတယ်။ဒီနေရာကိုတော့ ၁၇၃၇ ခုနှစ်မှာ နက္ခတ်ဗေဒပညာရှင်တဖြစ်လဲ အမ်ဘာနယ်ရဲ့ မဟာရာဂျာ Jai Singh II က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

တခြား ကမ္ဘာ့နိုင်ငံတွေကို ပညာတော်သင်တွေ စေလွှတ်ပြီး ဆောက်လုပ်နည်းကို သင်ကြားစေခဲ့ပြီးမှ ပြန်လည်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။မဟာရာဂျာ Jai Singh II ဟာ အိန္ဒိယမှာ နက္ခတ်တာရာမျှော်စင်ပေါင်း ၅ ခု ကို တည်ဆောက်ခဲ့ပါတယ်။

ထင်ရှားတဲ့ ခံတပ်တခုဖြစ်တဲ့ Ramnagar ခံတပ်ကလည်း ဗာရာဏသီအနီးမှာပဲ ရှိနေပါတယ်။ ဂင်္ဂါမြစ်ကမ်းပေါ်က Tulsi Ghat နဲ့ မျက်နှာချင်းဆိုင်နေရာမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ဒီခံတပ်ကြီးကိုတော့ ၁၈ ရာစုကာလက ဗာရာဏသီမဟာရာဂျာ Balwant Singh က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

သဲကျောက်တွေနဲ့ မဂိုဗိသုကာစတိုင် ခမ်းနားကြီးကျယ်စွာတည်ဆောက်ထားတာဖြစ်ပြီး ယနေ့အချိန်မှာတော့ ပြတိုက်အဖြစ် ပြသထားပါတယ်။

ဗာရာဏသီမြို့ရဲ့အထင်ရှားဆုံးအဆောက်အအုံတွေထဲက ကမ္ဘာ လှည့်ခရီးသွားတွေရဲ့စိတ်ဝင်စားမူအခံရဆုံးဟိန္ဒူ ဘုရားကျောင်းကတော့ Kashi Vishwanath Temple ဖြစ်ပြီး ဒီဘုရားကျောင်းဟာ အထင်ရှားဆုံးဖြစ်သလို ခမ်းနားကြီးကျယ်လွန်းလှတဲ့ ဘာသာရေးပြယုဂ်တခုဖြစ်ခဲ့ပါတယ်။

မူလအဆောက်အအုံဟာ ၁၁၉၄ခုနှစ်မှာ Mohammad Ghori ဦးဆောင်တဲ့ ဘာသာရေးစစ်ပွဲတွေကြား ပျက်စီးခဲ့ရပြီးလက်ရှိ Kashi Vishwanath ကို ၁၂၁၁ခုနှစ်မှာမှပြန်လည်မွန်းမံပြင်ဆင်ခဲ့ရပါတယ်။

ခေတ်အဆက်ဆက်အင်ပါယာခေတ်များ စွာမှာလည်းအဖျက်စီးခံခဲ့ရတဲ့ ဘာသာရေး အဆောက်အဦးတခုဖြစ်ခဲ့ပါတယ်။
နောက်ဆုံး ပြန်လည် တည်ဆောက်ခဲ့တာကတော့ ၁၇၈၀ ခုနှစ်မှာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကစ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရသည်အထိ ဘာပြင်ဆင်မှုမှ မလုပ်ခဲ့တော့ပဲ ထိမ်းသိမ်းထားရှိပါတယ်။

ဒါအပြင် Sankat Mochan Hanuman ၊ Durga Mandir ဟိန္ဒူဘုရားကျောင်း နဲ့ Parshvanath ဂျိန်းဘုရားကျောင်းတွေဟာလည်း ထင်ရှားပါတယ်။ဘီစီ ၅၂၈ ဗုဒ္ဓက ပဉ္စဝဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးဟောတဲ့နေရာဟာ ဗာရာဏသီမြို့အနီးက မိဂဒါဝုန်တော ဖြစ်ပါတယ်။

ဒီနေရာဟာ ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန ထဲမှာ အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ Sarnath လို့ခေါ်ကာဗာရာဏသီကနေ ၁၀ ကီလိုမီတာ အကွာအဝေးမှာ တည်ရှိနေပါတယ်။ဒုတိယကမ္ဘာစစ်အပြီး အိန္ဒိယအစိုးရသစ်လက်ထက်ရောက်ချိန်မှာတော့ ဒီဗာရာဏသီအပါအဝင်မြို့ဟောင်းကြီး ၇၆မြို့က သာသနာအဆောက်အအုံတွေကို ပြန်လည် ပြုပြင်ထိန်းသိမ်းခဲ့ပါတယ်။

လက်ရှိမှာဗာရာဏသီရှေးဟောင်းမြို့တော်ကို UNESCOက World Heritage List ထဲထည့်ခဲ့ပြီး ကမ္ဘာ့အမွေအနှစ်များထဲမှ တစ်ခုအဖြစ်ခမ်းနားစွာတည်ရှိနေကာ နှစ်စဉ်ခရီးသွား ၆ သန်းကျော် လာရောက်လေ့ရှိတဲ့ မြို့လည်းဖြစ်ပါတယ်။

new & knowledge

22/05/2021

"ငါ့ရဲ့ကမ္ဘာဟာ မင်းဖြစ်ကြောင်း"
•••••••••••••••••••
ဘယ်လောက်ခံနိုင်ရည်ရှိတဲ့သူဖြစ်ဖြစ် လောကဓံက အရှိုက်ကို လာထိုးရင်တော့ အောင့်တာပဲ။
ဥပမာ...
မင်းနဲ့ဝေးရတာမျိုးပေါ့.😓🥀။
ArPu

🤗

20/05/2021

ဘယ်အရာနဲ့ပဲယှဥ်ယှဥ်ကျွန်တော့်ကိုဦးစားပေးရွေးချယ်တာမျိုး
ကျွန်တော်ဖြစ်နေလို့ ချစ်တယ်ဆိုတာမျိုးလေးကိုတကယ်သဘောကျတယ် 🖤

ArPu

19/05/2021

ချစ်နေပြီးသားလူကို
ထပ်ချစ်နေရတဲ့feelingက
ဘာနဲ့မှလဲလို့မရဘူး

ငါဒီလိုလူကိုချစ်ခဲ့တာပဲ
ငါ့ရွေးချယ်မှုမှန်ကန်ခဲ့တာပဲဆိုပြီး
တစ်ရက်ပြီးတစ်ရက်
ထပ်ပြီးချစ်နေမိတော့တာ
ဒီလူ့အပေါ်ထားတဲ့စိတ်ကအဆုံးမရှိတော့သလိုပဲ

မနေ့ကလည်းချစ်တယ်
ဒီနေ့လည်းအများကြီးချစ်နေပြီး
နောက်နေ့တွေမှာလည်းဒီလူကို
သေချာပေါက်ဆက်ချစ်နေမှာပဲဆိုတဲ့
ယုံကြည်ချက်လေးလည်းပေါ်လာပြန်တယ်

ဘာကိစ္စတွေပဲဖြစ်လာပါစေ
မင်းကိုတော့လုံး၀မလွှတ်ချနိုင်ပါဘူးဆိုတဲ့စိတ်ကို
မင်းကပဲဖန်တီးပေးခဲ့တာ
ကိုယ်ကအရမ်းချစ်တတ်ခဲ့တာမဟုတ်ပဲ
မင်းကသာအရမ်းချစ်ခံရအောင်နေခဲ့တာ
မင်းဖြစ်နေလို့ချစ်တာမဟုတ်ပဲ
မင်းရဲ့အရာရာတိုင်းကို
ကိုယ်ကချစ်နေရတာ>♡< ArPu

18/05/2021

ချစ်ပေးနိုင်သလောက်တော့ အစွမ်းကုန် ချစ်ပေးနေမှာပါ...။

တစ်ချိန်ချိန် လမ်းခွဲရလို့ဖြစ်ဖြစ် ....ကျန်ခဲ့ရတာပဲ ဖြစ်ဖြစ် .....နောင်တတွေမပိုက်ခဲ့ချင်လို့ ဖြည့်ဆည်းပေးနိုင်သလောက်ဖြည့်ဆည်းပေးပြီး .....ချစ်ပေးနိုင်တာတွေထက် ပိုပြီး အစွမ်းကုန် ချစ်ပေးလိုက်မယ်...။

ချစ်ရတဲ့သူကို တတ်နိုင်သလောက်အချိန်တွေပေးမယ်..ဂရုစိုက်မယ်..။
ကိုယ်ဟာလည်းတစ်ချိန်လုံး..အားနေလို့တော့မဟုတ်ပေမဲ့.....သူ့နေ့ရက်
တွေအကြောင်းစိတ်ဝင်တစားနဲ့ မေးမယ်။

သူဟာ ကိုယ့်ကိစ္စတွေ ပြန်မေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ ချစ်ခြင်းတရားကို ယုံကြည်တယ်..။
အချစ်ဟာ စစ်မှန်ရင် ရောင်ပြန်မလာတောင် အသိအမှတ်တော့ အပြုခံရမှာပဲလေ....။

တစ်ချိန်ချိန် သူလည်း သူ့အတွက် မဟုတ်တဲ့သူတွေနဲ့တွေ့ခဲ့တဲ့အခါ ကိုယ့်ကိုအမှတ်တမဲ့လေးဖြစ်ဖြစ်သတိရစေချင်တယ်။

ပြဿနာတွေရှိလာလည်း ကိုယ့်ဘက်ပဲ
စချော့လိုက်မယ်...
မနက်ဖြန်တွေဟာမသေချာလို့
ဒီနေ့လေးမှာတော့ သူ့ကို ပိုချစ်ချင်တယ်...။

တကယ်ဆို...ကတောက်ကဆတွေနဲ့
အထင်လွဲနေရတဲ့နေ့ရက်တွေက နှစ်ဦးအတွက်ပျော်စရာမကောင်းခဲ့ပါဘူး..။

ကိုယ့်အတွက်မနက်ဖြန်ဆိုတာမရှိတော့ဘူးလို့ တွေးကြည့်စမ်း။ချစ်ရတဲ့သူဆီကို ​ဖုန်းကောက်ဆက်လိုက်မိတာဖြစ်ဖြစ် ပြေးတွေ့မိတာဖြစ်ဖြစ် တစ်ခုခုတော့ လုပ်မိကြမှာပဲ...။

ကျွန်တော်ဟာ နောက်ထပ်တစ်ခါ နောင်တတွေနဲ့မကျန်ခဲ့ချင်ရုံပါ..။
ချစ်ခြင်းဟာအပြန်အလှန်မဟုတ်လည်း အချစ်ပါပဲ...။

တစ်ချိန်ချိန်သူကိုယ့်ကို
မလိုအပ်တော့ရင်..
သူ့ကိုယ့်အပေါ်ငြူဆူတာ
တွေသိပ်များလာခဲ့ရင်....
ကိုယ် သူ့ကို ချစ်နေခဲ့ တာပဲ
ဆိုတဲ့ စိတ်ကလေးနဲ့ပဲ ရှိနေချင်တယ်..။

(ကျွန်တော် ခင်ဗျားကို သိပ်ချစ်ပြတယ်ဆိုတာဟာလည်း လှည့်ကွက်တွေမသုံးတတ်လို့မဟုတ်ပါဘူး...မာနတွေမရှိလို့လည်း မဟုတ်ဘူး...ဒီအတိုင်း ကိုယ်ချစ်ရတဲ့သူမိုလို့...။)

တစ်ချိန်ချိန်မှာပေါ့...
ကိုယ့်ဘဝနဲ့ကို သေချာသွားမယ်ဆိုရင်တောင်...
အရာအားလုံးအတွက်
တာဝန်ကျေခဲ့တဲ့သူဟာ ကိုယ်ပဲ ဖြစ်ချင်တယ်..။
လိပ်ပြာသန့်သန့်လေး ချစ်သွားခဲ့ချင်တယ်။

15/05/2021

သူနဲ့ကျွန်တော်ချစ်ခြင်းကို
ကော်ဖီပူပူတစ်ခွက်ရှေ့မှာ ပုံရိပ်ဖော်မယ်...။

သူနဲ့ကျွန်တော့်ရဲ့ချစ်ခြင်းတွေတည်မြဲနေသရွေ့
ကော်ဖီပူပူလေးက အမြဲရှိနေမှာပဲ....။

သူကကျွန်တော့်ရဲ့ ကပ်ပချီနို
ကျွန်တော့်ကို ချိုမြိန်တဲ့ချစ်ခြင်းတွေသာပေးတယ်...။

10/04/2021

😌😌First Date🥰🥰
ငါမပျက်နိင် တာ မင်းမှမသိဘဲ😌

23/01/2021

ကျွန်တော်က .....
တစ်စုံတစ်ယောက်ကို စချစ်မိပြီဆိုတာနဲ့

အဲ့ဒီလူကို ဘယ်လို .....
ပျော်အောင်ထားရမလဲပဲ အရင်တွေးတယ်
ကျွန်တော်တတ်နိုင်တဲ့နည်းလမ်းနဲ့ ကျွန်တော်
ချစ်တဲ့သူကို ပျော်အောင်ထားတယ်။

မရင့်ကျက်သေးတဲ့ ကာလတွေတုန်းကတော့
ကျွန်တော်ပေးလိုက်တဲ့ ပျော်ရွှင်မှုတွေအတိုင်း
ကျွန်တော်ပေးလိုက်တဲ့ ချစ်ခြင်းတွေအတိုင်း
ပြန်ရချင်တယ် အသွားအပြန်ရှိစေချင်တယ်။

ဒါပေမယ့်..... လောကမှာ ဘယ်အရာမှ
တစ်သတ်မတ်တည်း မသွားဘူးဆိုတာ
သဘောပေါက် လက်ခံလာနိုင်တဲ့တစ်​နေ့
ရောက်လာတော့ .....
ကျွန်တော် ဘာမှ ပြန်မလိုချင်တော့ဘူး

'ကျွန်တော်ကပဲ ချစ်နေပေးလိုက်တယ်'


- 𝐬𝐡𝐚𝐧𝐞 -

22/11/2020

Broken Angel

17/11/2020

🥰🥰မန်းသူလေး...

13/11/2020
13/11/2020

💗Where is your love...?💗

04/11/2020

https://m.facebook.com/story.php?story_fbid=116511106915171&id=112213020678313

မင်းရဲ့ကောင်မလေးကို တန်ဖိုးထားပါ ...

သူက
မင်းရဲ့ဖြစ်တည်မှုကို သဘောကျပြီးတော့
တခြားသူတွေဆန့်ကျင်ပြီး မင်းကိုရွေးချယ်ခဲ့တာ

မင်းရဲ့ကောင်မလေးကို တန်ဖိုးထားပါ
သူ့ကို ဂရုစိုက်တဲ့သူ အများကြီးထဲကမှ
မင်းဂရုစိုက်တာကိုပဲ မက်မောခဲ့တာ

မင်းရဲ့ကောင်မလေးကို တန်ဖိုးထားပါ
သူက မင်းဘယ်လောက်ဆိုးဆိုး
မင်းကိုချစ်လို့ မြတ်မြတ်နိုးနိုးဖက်တွယ်ထားတာ

မင်းရဲ့ကောင်မလေးကို တန်ဖိုးထားပါ
သူ့ကိုလိုချင်နေတဲ့သူ အများကြီးထဲကမှ
မင်းအပေါ်သစွာရှိနေပေးတာ

မင်းရဲ့ကောင်မလေးကို တန်ဖိုးထားပါ
သူ့ကိုပျော်ရွှင်အောင်ထားနိုင်တဲ့သူ အများကြီးထဲကမှ
မင်းကိုပဲ ပျော်ရွှင်စေချင်ခဲ့တာ

မင်းရဲ့ကောင်မလေးကို တန်ဖိုးထားပါ
သူက မင်းချမ်းသာသည်ဖြစ်စေ မချမ်းသာသည်ဖြစ်စေ
မကာသနတွေမပါပဲ
မင်ရဲ့ချစ်ခြင်းမေတ္တာကိုသာ မက်မက်မောမော
ရွေးချယ်ခဲ့တာ

ထို့ကြောင့်
မင်းရဲ့ကောင်မလေးကို
ချစ်တယ်လို့ပြောစရာမလိုအောင် ချစ်ပေးပါ
တန်ဖိုးထားပေးပါ
မြတ်နိုးပေးပါ
အလေးအနက်ထားပေးပါ ❤❤

- Credit -
#လင်းဆစ်အိမ်

13/08/2020

မခံစားချင်ရင်အရမ်းကြီးမမျော်လင့်ပါနဲ့

ဘယ်လောက်ပဲပေးဆပ်ပေးဆပ်နောက်ဆုံးတော့

တယောက်ထဲပဲကျန်ခဲ့ရမာ😔

23/05/2020

ဝက်ထီးကန်

media1.giphy.com 05/03/2020

မင်း.နိုင်ပါတယ်....

media1.giphy.com

Want your business to be the top-listed Media Company in Pyay?
Click here to claim your Sponsored Listing.

Videos (show all)

မန်းသူ
ဝက်ထီးကန်

Website

Address

Pyay
Pyay
133511
Other News & Media Websites in Pyay (show all)
Art of Pyay Art of Pyay
Bo Gyoke Street
Pyay, 08151

ဘောလုံးပွဲ Highlights များတင်ဆက်ပေးခြင်း

We Love Pyay City We Love Pyay City
Pyay

We_Love_Pyay_City

Pyay District News Pyay District News
Pyay

ပြည်ခရိုင်အတွင်းမှ သတင်းများကို ဖော်ပြပါသည်

မိုးယံထက်က"စွယ်" မိုးယံထက်က"စွယ်"
Pyay, 08151

စာပေချစ်မြတ်နိုးသူများအား လေးစားစွ

ပြည်အိမ်ခြံမြေအကျိုးဆောင် ပြည်အိမ်ခြံမြေအကျိုးဆောင်
San Taw Qtr
Pyay, 08151

ပြည်မြို့နယ်အနီးတ၀ိုက်က အိမ်၊ခြံ၊ေ

Thura Aung Thura Aung
Nawaday Road
Pyay

သုတ ရသ သတင်း

Koethaung Asho Baptist Church-youth Koethaung Asho Baptist Church-youth
Koethaung Asho Chin Baptist Church
Pyay

To know our activities