Beauty by Khaing

AURAplus Official Distributor (PYAY)

16/02/2024

𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗕𝗼𝗱𝘆 𝗚𝗲𝗹 နဲ့ 𝗦𝗽𝗲𝗲𝗱 𝗪𝗵𝗶𝘁𝗲 𝗟𝗼𝘁𝗶𝗼𝗻 ဘာကွာလဲ?

AURA Plus က ထုတ်ထားတာ Lotion နှစ်မျိုးတောင် 𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗕𝗼𝗱𝘆 𝗚𝗲𝗹 နဲ့ 𝗦𝗽𝗲𝗲𝗱 𝗪𝗵𝗶𝘁𝗲 𝗟𝗼𝘁𝗶𝗼𝗻 နှစ်မျိုးတောင် ဘယ်ဟာပိုကောင်းတာလဲမသိဘူး ... ဘယ်ဟာဝယ်ရင်ကောင်းမလဲ? ရွေးချယ်ရခက်နေတဲ့သူလေးတွေအတွက် မင်မင်လာပါပြီ 🙋🏻‍♀️

𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗕𝗼𝗱𝘆 𝗚𝗲𝗹 လေးက
🫧Gel Texture လေးမလို့ အသားပေါ်တင်လိုက်တာနဲ့ စိမ့်ဝင်ပျော်ကျသွားတယ်
🫧အသားအရည်ကို အေးမြလတ်ဆတ်စေတယ်
🫧သူ့မှာပါတဲ့ သလင်းကျောက်မှုန်လေးတွေက နေလောင်ဒဏ်ကို ကာကွယ်ပေးတယ်
🫧Vitamin A, C, E ထည့်သွင်းထားလို့ အသားအရည်ကို အဓိက ကြည်စေပြီး ညိုတဲ့သူဆို ညိုညိုစိုစို၊ ဖြူတဲ့သူဆို ဖြူဖြူဝင်းဝင်းလေးဖြစ်စေပါတယ်

𝗦𝗽𝗲𝗲𝗱 𝗪𝗵𝗶𝘁𝗲 𝗟𝗼𝘁𝗶𝗼𝗻 လေးက
🦋Cream Texture ပေမဲ့ စေးကပ်ပူလောင်ခြင်း လုံးဝမရှိဘူး
🦋SPF 50 PA +++ ပါဝင်လို့ UV Rays အန္တရာယ်မှ အပြည့်အဝကာကွယ်ပေးနိုင်ပါတယ်
🦋Collagen, Glutathione, Niacinamide, Vitamin C တို့ကို 10x Whitening Formula နဲ့ ပေါင်းစပ်ထားတာကြောင့် အချိန်တိုအတွင်း မြန်ဆန်စွာဖြင့် ဖြူဖွေးတဲ့အသားအရည်ကို ပိုင်ဆိုင်စေမှာပါ

ဒါကြောင့် ပူအိုက်တဲ့အချိန် ပေါ့ပေါ့ပါးပါး လိမ်းချင်တာပဲဖြစ်ဖြစ် အသားကြည်ချင်တာပဲဖြစ်ဖြစ် 𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗕𝗼𝗱𝘆 𝗚𝗲𝗹 လေးကိုရွေး၊ နေပူထဲသွားတဲ့အခါ အသားအရည်မပျက်စီးချင်တာပဲဖြစ်ဖြစ် အသားဖြူချင်တာပဲဖြစ်ဖြစ် 𝗦𝗽𝗲𝗲𝗱 𝗪𝗵𝗶𝘁𝗲 𝗟𝗼𝘁𝗶𝗼𝗻 လေးကို ရွေးချယ်ပါ 🫧🦋🩷

ဈေးနှုန်းလေးတွေကတော့
𝗪𝗵𝗶𝘁𝗲𝗻𝗶𝗻𝗴 𝗕𝗼𝗱𝘆 𝗚𝗲𝗹 _ 13,000 Ks (350g)
𝗦𝗽𝗲𝗲𝗱 𝗪𝗵𝗶𝘁𝗲 𝗟𝗼𝘁𝗶𝗼𝗻 _ 25,000 Ks (250ml)

Photos from Beauty by Khaing's post 11/02/2024

ဟိတ်... ဒီမှာတော့ scrubရောက်ရောက်ချင်း လက်တစ်ဖက်စမ်းပြထားလိုက်ပြီ 😍😍😍
အဲ့ (၃) မျိုးသုံးထားတဲ့ video လေးညကျတင်ပေးမယ်နော်... အခုတော့ကျန်တဲ့လက်တစ်ဖက် တိုက်လိုက်ဦးမယ်... တစ်ဖက်တစ်ရောင်စီဖြစ်နေလို့😁😁😁

11/02/2024

AURA plus ရဲ့ body scrub တွေရောက်ပါပြီရှင်...
ဖြူချင်သူများ ပျော်လို့ရပါပြီလို့ လာပြောပြပေးတာ...
Original price ~ 25000ks

ဖေဖော်ဝါရီ(၁၄) ရက်နေ့အထိ
10%off Promotion price ~ 22500ks 🌿☘💚

10/02/2024

Valentine's Day Special Promotion

ဒီနေ့မှာ AURA PLUS Lover လေးတွေအတွက် အန်ပေါင်းမပေးဖြစ်ပေမဲ့ Promotion အစီအစဥ်လေးရှိပါတယ်နော် 😍

အဲ့တာကတော့ အသစ်ထွက်ထားတဲ့ Matcha Mocha Scrub နဲ့ Foundationလေးကို February 14ရက်နေ့ထိ 10% Discount နဲ့ရရှိမှာပဲဖြစ်ပါတယ် 💘

Valentine's Day မှာကိုယ့်ကောင်မလေးအတွက်အသုံးဝင်ပြီး အကြိုက်တွေ့မယ့်လက်ဆောင်တွေပဲမို့ ကောင်မလေးပိုချစ်တာခံချင်ရင် အခုပဲမှာလိုက်တော့နော် 😉

စျေးနှုန်း
➖➖➖

Matcha Mocha Scrub - 22,500 ks (10%off)
Foundation - 22,500 ks (10%off)

29/01/2024

အစိုဓာတ်ထိန်း ALOE လိမ်း

အသားအရည်ရဲ့ရေဓာတ်ပြည့်ဝမှုမရှိရင် လွယ်လွယ်နဲ့ Dehydrated Skinဖြစ်နိုင်ပါတယ် 💁

အသားတွေ အဖတ်လန်တာတွေ၊ အသားအရေညစ်လာတာတွေ ဖြစ်နေပြီဆိုရင်တော့ သေချာတယ် သင့်အသားအရေခြောက်ပြီး Dehydrated Skin ဖြစ်နေပါပီ 🙁

ဒီလိုဖြစ်နေပြီဆိုရင် Wokali ရဲ့ Soft Moisturizing & Rich Cream လေးကိုသတိရလိုက်တော့နော်🤗

ဒီ Cream လေးမှာအဓိက
Aloe,Collagen,Elastin,Vitamin E တို့အဓိကပါဝင်ပြီးအခြား Natural Ingredients 6 မျိုးတောင်ပါဝင်ပါသေးတယ် 💚

ဒါကြောင့် အသားအရမ်းခြောက်တဲ့သူတွေအတွက်အထူးသင့်တော်ပြီး အသားအ‌ရေ တင်းရင်းနုပျိုခြင်း၊ ရေဓာတ်ကိုပြည့်ဝစွာဖြည့်တင်းပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်းရရှိစေပါတယ်💦

သူက Face အတွက်သာမကဘဲနဲ့ တစ်ကိုယ်လုံးကိုအသုံးပြုလို့ရပါတယ်

ဒါကြောင့်ဘယ်တော့မှ ဆိုးဆိုးရွားရွားခြောက်မသွားစေဖို့ WOKALI ရဲ့ Aloe Soft Moisturizing & Rich Cream လေးရှိတယ်ဆိုတာသတိရလိုက်ပါ 🥰

Price_ 7500 ks (80g)

29/01/2024

ပျားလေးတွေကိုယ်တိုင် ဖန်တီးပေးထားတဲ့ မျက်နှာသစ် 🐝🍯

Brightening Facial Cleanser ကို ပျားရည်နဲ့ပြုလုပ်ထားတာကြောင့် ပျားလေးတွေကိုယ်တိုင် ဖန်တီးပေးထားတဲ့ မျက်နှာသစ်လေးလို့ တင်စားချင်ပါတယ် 🍯🐝

ပျားရည်က အံ့ဩရလောက်အောင် အစွမ်းတွေအများကြီးကို ပိုင်ဆိုင်ထားပါတယ် ✨

🍯အရေပြားအောက်ဆုံးအလွှာထဲထိ အစိုဓာတ်ဖြည့်ပေးလို့ အသားအရည်ကို စိုစိုအိအိလေး ဖြစ်စေတယ်

🍯အရေးအကြောင်းတွေကို ပြေပြစ်လာစေတယ်

🍯ပျားရည်ရဲ့ သဘာဝကိုက Antibacterial & Exfoliating လုပ်ပေးနိုင်စွမ်းရှိလို့ ချွေးပေါက်မပိတ်အောင် ချွေးပေါက်တွေကို ထိထိရောက်ရောက်သန့်စင်ပေးတယ်

🍯Hydrogen Peroxide ဂုဏ်သတ္တိ အနည်းငယ်ပါဝင်တာကြောင့် အမာရွတ်၊ အမဲစက်လေးတွေကို မှေးမှိန်သက်သာစေပြီး အသားအရည်ကို တပြေးတည်း ညီညာဖြူဝင်းစေပါတယ်

🍯Bacteria ကြောင့် ဖြစ်တဲ့ ဝက်ခြံ၊ ဆားဝက်ခြံတွေကို တိုက်ထုတ်ပေးနိုင်တယ်

🍯ပျက်စီးသွားတဲ့ Tissues တွေကို ပြန်လည်ကုသပေးလို့ နေလောင်ကွက်၊ တင်းတိပ်တွေကိုလည်း သက်သာစေတယ်

ဒါကြောင့် မျက်နှာအတွက် ပျားရည်နဲ့ အစွမ်းအာနိသင်တွေကို အပြည့်အဝရချင်ရင် ပျားရည်နဲ့ ပြုလုပ်ထားတဲ့ Brightening Facial Cleanser ကို 13,000 Ks ဖြင့် ဝယ်ယူနိုင်ပါတယ်ရှင့် 🍯✨💛

#မျက်နှာသစ်

29/01/2024

အပြစ်ကင်းစင်တဲ့မျက်နှာလေးကို ပိုင်ဆိုင်စေမယ့်
Fruity Cream Mask 🍇🥑🍑🍓🍉

အဆီ မတရားပြန်ပြီး မျက်နှာပေါ်က ဝက်ခြံ နဲ့ ချွေးပေါက်ကျယ်ကြီးတွေ ပျော်ရွှင်မှုတွေ ပျောက်ဆုံးရနေတယ်မလား?

ဒါဆိုရင် Fruity Cream Mask လေးကို သုံးဖို့ အချိန်ကျရောက်လာပါပြီ 🩷

🍉သူ့မှာပါတဲ့ အသီးအနှစ်လေးတွေက မျက်နှာမှာရှိတဲ့ အဆိပ်တွေကို ထုတ်ပေးပြီး ရေဓာတ်အာဟာရကို တပြိုင်နက်တည်း ပေးစွမ်းနိုင်ပါတယ်

🍓အဆီပြန်ခြင်းကို လျော့ချပေးနိုင်တယ်

🍇ချွေးပေါက်ကျဉ်းစေတယ်

🍑ဝက်ခြံ၊ အဆီဖုတွေကို သက်သာစေတယ်

🧊Calming Effect ပါဝင်လို့ Skin Tissues ကို အေးမြလန်းဆန်းစေပြီး Relax ဖြစ်စေတယ်

Fruity Cream Mask လေးနဲ့ ပုံမှန်ပေါင်းတင်ပေးခြင်းဖြင့် နူးညံ့အိစက်ပြီး “အဆီကင်း၊ ဝက်ခြံရှင်း၊ ချွေးပေါက်ကျဉ်း”တဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ပါပြီ 🩷

ဈေးနှုန်း
➖➖➖
Fruity Cream Mask _ 8,500 Ks (50g)

29/01/2024

အစက်အပြောက်ကင်း ကြည်လင်ဝင်းစေမှာ Brightening Toner လေးပါ 🌻💛

မျက်နှာမှာရှိတဲ့ အမဲစက်၊ တင်းတိပ်၊ အမာရွတ်သေးသေးလေးတွေကြောင့် စိတ်ရှုပ်မခံပါနဲ့ ✖️

Brightening Toner လေးမှာ Vitamin B3 နဲ့ Turmeric တို့ထည့်သွင်းထားတာကြောင့် မျက်နှာရှိတဲ့ အစက်အပြောက်တွေကို တဖြည်းဖြည်းမှေးမှိန်ပျောက်ကင်းစေပြီး မျက်နှာလေးကို ကြည်လင်ဝင်းပစေပါတယ် ✨

🌾 Rice Extract ကြောင့် pH Balance ကို ပြန်ညှိပေးပြီး မျက်နှာကို စိုပြေအိစက်စေတယ်

🫧 Skin Barrier ကို Mild Cleansing လုပ်ပေးနိုင်တာကြောင့် ဖုန်မှုန့်၊ အညစ်အကြေးတွေကို ညင်သာစွာ ဖယ်ရှားပေးနိုင်ပါတယ်

🌼 Witch Hazel နဲ့ Cucumber တို့ ပါဝင်လို့ ချွေးပေါက်လေးတွေကျဉ်းစေတယ်

ဒါကြောင့် အစက်အပြောက်ကင်း ကြည်လင်ဝင်းပစေဖို့ Brightening Toner လေးကို ၂၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပါတယ်ရှင့် 🌻💛✨

Photos from Beauty by Khaing's post 29/01/2024

ပါးမို့မို့လေးပေါ်က ရှက်သွေးဖြာတဲ့အလှကို အသည်းလေးတွေနဲ့ ဖန်တီးလိုက်ပါ 💟

မိန်းကလေးတွေရဲ့ပါးမို့မို့လေးပေါ်မှာ ရှက်သွေးဖြာနေတဲ့အလှက ဘာနဲ့မှ လဲလို့မရပါဘူး 😚

ရှက်သွေးဖြာနေတဲ့အလှကို AURA Plus ရဲ့ အသည်းလေးတွေနဲ့ ဖန်တီးလို့ရတယ်ဆိုရင်ရော 💟✨

သူတို့ရဲ့အရောင်တစ်ရောင်ချင်းစီက ရဲရဲတောက်တောက်ကြီးဆိုတာထက် Healthy Skin ပုံစံမျိုး အသွေးအသားထဲက အရောင်လေးတွေဖြာထွက်သလိုမျိုး သဘာဝဆန်လွန်းပါတယ် ✨✨✨

☁️Mousse Texture လေးမလို့ ပါးလေးကို စိုစိုအိအိဖြစ်စေတယ်
☁️လက်နဲ့အလွယ်တကူ Blend နိုင်တယ်
☁️အရောင်ထွက် သဘာဝဆန်တယ်
☁️ရေစို၊ ချွေးစိုခံပြီး Long Lasting ဖြစ်တယ်
☁️ဗူးသေးသေးလေးမလို့ ဘယ်သွားသွား ယူသွားရအဆင်ပြေတယ်
☁️ပါး၊ မျက်ခွံ၊ နှုတ်ခမ်း (၃) မျိုးလုံး ခြယ်သနိုင်တယ်

ပါးမို့မို့လေးပေါ်က ရှက်သွေးဖြာတဲ့အလှကို ဖန်တီးဖို့ အသည်းလေးတစ်ခုကို ၇,၀၀၀ ကျပ်ဖြင့် မှာယူနိုင်ပါတယ်ရှင့် 💟☁️✨

29/01/2024

သင့်မျက်နှာလေးကို ညဘက်မှာ ချော့သိပ်ပေးမယ့် Night Cream 🌙💜✨

တနေကုန် လှလှပပနေရတဲ့မျက်နှာလေးက ညဘက်ရောက်ရင် ပင်ပန်းနွမ်းနယ်တတ်တာကြောင့် ညဘက်မှာ အပြည့်အဝအနားယူဖို့ လိုပါတယ် 💤

ဒါမှ မနက်ဖြန်တွေကို လှပတဲ့မျက်နှာလေးနဲ့ ရှေ့ဆက်နိုင်မှာပါ 💜✨

🌙ညဘက်မှာ AURA Plus ရဲ့ Night Cream လေးက မျက်နှာမှာရှိတဲ့ Skin Cells တွေကို လတ်ဆတ်ကျန်းမာအောင် လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်

🌙Ginseng ကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာလေးကို အားဖြည့်ပေးနိုင်ပြီး အရေပြားအောက်က သွေးကြောလေးတွေကို ကောင်းမွန်စွာ လည်ပတ်စေတယ်

🌙သူ့မှာပါဝင်တဲ့ Tea Tree Oil က မျက်နှာမှာဝက်ခြံဖြစ်စေတဲ့ Bacteria, အဆိပ်အတောက်တွေကို ရှင်းထုတ်ပေးပြီး ဝက်ခြံတွေကို ကုသပေးနိုင်တယ်

🌙Ginger, Turmeric, 24K Gold, Vitamin C တို့ကိုလည်း ထည့်သွင်းထားလို့ ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ ချိုင့်ခွက်၊ အမာရွတ်၊ အမဲစက်တွေကို မှေးမှိန်သက်သာစေတယ်

ညဘက်မှာ Night Cream လေးက သင့်မျက်နှာလေးကို ဂရုတစိုက် ချော့သိပ်ပေးနိုင်တာကြောင့် မနက်ဖြန်တိုင်းကို လှပတဲ့မျက်နှာလေးနဲ့ နိုးထစေဖို့ Night Cream လေးကို ခုပဲ မှာယူလိုက်ပါ 🌙💜✨

ဈေးနှုန်း
➖➖➖
Night Cream _ 25,000 Ks (10g)

29/01/2024

အချစ်စိတ်တွေ ရှင်သန်ပေါက်ဖွားလာစေမယ့် Speed White Lotion 🦋🌸

Collagen, Glutathione, Niacinamide, Vitamin C ကို 10x Speed Whitening Formula နဲ့အညီ ပေါင်းစပ်ပြုလုပ်ထားတဲ့ Speed White Lotion လေးက အသားဖြူစေတာတစ်ခုပဲ မဟုတ်ပါဘူး 😚

သူ့ရဲ့ ရနံ့လေးကလည်း ပန်းရနံ့သင်းသင်းလေးကိုမှ လုံးဝ Unique ဖြစ်တဲ့အနံ့လေးပါ 🌸🌸🌸
အပေါစားမဆန်သလို ရိုးအီသွားစေတာမျိုးလည်း လုံးဝမရှိဘူး ‼️
သူ့ရနံ့လေးရလိုက်တိုင်း အချစ်စိတ်တွေ ရှင်သန်ပေါက်ဖွားလာသလို ခံစားချက်မျိုး ရရှိစေပါတယ် 🦋
အနံ့ရလိုက်တာနဲ့ တဖက်လူရဲ့စိတ်ကို မရိုးမရွဖြစ်စေတဲ့ အနံ့လေးဆိုလည်း မမှားဘူး 🤭

ရေမွှေးဆွတ်ရမှာပျင်းတဲ့သူလေးတွေဆိုရင် Speed White Lotion တစ်မျိုးတည်းနဲ့လည်း သင်းပျံ့မွှေးကြိုင်တဲ့ ကိုယ်သင်းရနံ့လေးကို ပိုင်ဆိုင်စေပါတယ် 🌸🌸🌸

ဒါကြောင့် ချစ်သူကောင်လေး (သို့) ချစ်ခင်ပွန်း (သို့) တိတ်တခိုးကြိတ်ကြွေနေရတဲ့ကောင်လေးနဲ့ Date တဲ့အခါ Speed White Lotion လေးကိုသာလိမ်းသွားပါ 🫶🏻
လူအများကြား အသားအရည်က ထင်ပေါ်ပြီး ဖြူဝင်းပစေသလို ကိုယ့်ရဲ့ ကိုယ်သင်းရနံ့လေးကို တဖက်လူက တမ်းတမ်းစွဲဖြစ်သွားစေမှာ အသေချာပဲ 😚🌸

PRICE
➖➖
Speed White Lotion _ 25,000 Ks (250g)

29/01/2024

သင့်အသားအရည်ကို အသီးအရသာလေး မြည်းစမ်းခွင့်ပေးလိုက်ပါ 🍍🍏🍎

ခန္ဓာကိုယ် ကျန်းမာသွက်လက်ပြီး ဗီတာမင်ဓာတ်တွေကြွယ်ဝဖို့ အသီးလေးတွေကို ပုံမှန်စားပေးရသလို အသားအရည် ကျန်းမာစိုပြေလှပဖို့အတွက် သင့်အသားအရည်ကိုလည်း အသီးအရသာလေးတွေ ပုံမှန်မြည်းစမ်းခွင့်ပေးသင့်ပါတယ် 🍽️

မြည်းစမ်းခွင့်ရအောင် ဘယ်လိုလုပ်ရမလဲ?

AURA Plus ရဲ့ သစ်သီးပေါင်းစုံနဲ့ ပြုလုပ်ထားတဲ့ ကိုယ်တိုက်အသားဖြူဆပ်ပြာ Friuty Soap လေးနဲ့ နေ့တိုင်းရေချိုးပေးရုံပါပဲ 🧼🛁🫧

🍍🍏🍎နာနတ်သီး၊ ပန်းသီး၊ သလဲသီးအဆီအနှစ်တွေကို အဓိက ထည့်သွင်းထားတာကြောင့် အသားအရည်မှာ Vitamin A, B, C & K စတဲ့ ဗီတာမင်ဓာတ်တွေ ပြည့်ဝစေပါတယ် ✨

🧼ခန္ဓာကိုယ်မှာပေါက်တတ်တဲ့ ဝက်ခြံတွေကို ပျောက်ကင်းသက်သာလာစေတယ်

🧼နေလောင်ကွက်၊ အကြောပြတ်ရာ၊ အမာရွတ်၊ အမဲစက်၊ အမဲအစင်းအရာတွေကို မှေးမှိန်ပျောက်ကွယ်စေပြီး အသားအရောင်ကို တပြေးတည်း ညီညာဝင်းပစေတယ်

🧼ရှိရင်းစွဲအသားအရည်ထက် တစ်ဆင့် ပိုဖြူလာစေပါတယ်

🧼အသားအရည်ရဲ့ pH Balance ကို ထိန်းညှိပေးလို့ စိုစိုအိအိလေး ဖြစ်စေပါတယ်

ဒါကြောင့် Fruity Soap လေးနဲ့ ပုံမှန်ရေချိုးပေးခြင်းဖြင့် ကျန်းမာစိုပြေလှပတဲ့ အသားအရည်လေးကို အမှန်တကယ် ပိုင်ဆိုင်စေမှာပါ ✨

သင့်အသားအရည်ကို အသီးအရသာလေးတွေ မြည်းစမ်းစေချင်တယ်ဆိုရင် Fruity Soap တစ်တုံးကို ၈,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်ရှင့် 🍍🍏🍎🛍️

#သီးစုံအသားဖြူဆပ်ပြာ

28/01/2024

Hello ! 🦋

27/01/2024

video​လေးကို အဆုံးထိကြည့်ပေးမယ်မဟုတ်လား💜

26/01/2024

ရေမွှေးများ ရောက်ရှိ ✌✌✌
7000 ks
ဗူး (၃၀) ပဲ ပါလို့ ခပ်သွက်သွက်လေးဝယ်ပေးနော် အစ်ကိုတို့အစ်မတို့

Photos from Beauty by Khaing's post 23/01/2024

𝗚𝗲𝗹 လား? 𝗖𝗿𝗲𝗮𝗺 လား?
မင်းကြိုက်ရာကိုရွေး 🩵🩷

“𝗔𝗨𝗥𝗔 𝗣𝗹𝘂𝘀 ကတော့ ဝေခွဲမရအောင် လုပ်ချလိုက်ပြန်ပြီ၊
𝗚𝗲𝗹 သုံးရမလား? 𝗖𝗿𝗲𝗮𝗺 သုံးရမလား? မသိတော့ပါဘူး…လမ်းပျောက်နေပြီ” ဆိုတဲ့သူလေးတွေအတွက်
𝗕𝗼𝗼𝘀𝘁𝗲𝗿 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗶𝗻𝗴 𝗚𝗲𝗹 နဲ့ 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗕𝗼𝗼𝘀𝘁 𝗩𝗶𝘁𝗮𝗺𝗶𝗻𝘀 𝗖𝗿𝗲𝗮𝗺 ရဲ့ကွာခြားချက်လေးတွေကို အသေးစိတ် ဖော်ပြလိုက်ပါတယ် 🩵🩷🫧

ဝေခွဲမရအောင် လုပ်တာမဟုတ်ပါဘူးလို့
အသားအရည်တိုင်းအတွက် အဆင်ပြေအောင် ဖြည့်တွေးပြီး ထုတ်ပေးထားတာပါရှင့် 😚

ဆိုတော့ ပထမဆုံးကွာခြားချက်က Texture ပါ
𝗚𝗲𝗹 နဲ့ 𝗖𝗿𝗲𝗮𝗺 ကွာပါတယ် 😝
🩵𝗕𝗼𝗼𝘀𝘁𝗲𝗿 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗶𝗻𝗴 𝗚𝗲𝗹 က Oil-Free Energy အပြည့်နဲ့ ကြည်တောက်နေတဲ့ Gel Texture လေးဖြစ်လို့ အဆီပြန်ခြင်းကို အထူးသက်သာစေပါတယ်
🩷𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗕𝗼𝗼𝘀𝘁 𝗩𝗶𝘁𝗮𝗺𝗶𝗻𝘀 𝗖𝗿𝗲𝗮𝗺 က အစိုဓာတ်အပြည့်နဲ့ နုနုဖတ်ဖတ် Cream Texture အိအိလေးဖြစ်လို့ အရေပြားခြောက်သွေ့အက်ကွဲခြင်း၊ အဖက်လန်ခြင်းတို့ကို အထူးသက်သာစေတယ်

🩵𝗕𝗼𝗼𝘀𝘁𝗲𝗿 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗶𝗻𝗴 𝗚𝗲𝗹 က HYA, Niacinamide, Glycerin, Vitamin E, Alpha Arbutin တို့ကြောင့် Skin Barrier ကို လန်းဆန်းကြည်လင်စေပါတယ်
🩷𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗕𝗼𝗼𝘀𝘁 𝗩𝗶𝘁𝗮𝗺𝗶𝗻𝘀 𝗖𝗿𝗲𝗮𝗺 က Vitamin E, Vitamin B3, Vitamin C စတဲ့ Vitamins များစွာပါဝင်လို့ Skin Barrier ကို ကျန်းမာစိုပြေအောင် အာဟာရဖြည့်ပေးပြီး စိုပြေချောမွေ့စေပါတယ်

အထဲက ဗူးလေးတွေလည်း ကွာပါတယ်
🩵𝗕𝗼𝗼𝘀𝘁𝗲𝗿 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗶𝗻𝗴 𝗚𝗲𝗹 ရဲ့ အထဲကဗူးလေးရဲ့ အဖုံးက ပန်းရောင်အပတ်လေးပါ
🩷𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗕𝗼𝗼𝘀𝘁 𝗩𝗶𝘁𝗮𝗺𝗶𝗻𝘀 𝗖𝗿𝗲𝗮𝗺 ရဲ့ အဖုံးလေးက ငွေရောင်အပတ်လေးပါ

🩵𝗕𝗼𝗼𝘀𝘁𝗲𝗿 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗶𝗻𝗴 𝗚𝗲𝗹 က ရေဓာတ်ကို 24 နာရီကြာ ထိန်းသိမ်းပေးနိုင်တယ်
🩷𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗕𝗼𝗼𝘀𝘁 𝗩𝗶𝘁𝗮𝗺𝗶𝗻𝘀 𝗖𝗿𝗲𝗮𝗺 က ရေဓာတ်ကို 48 နာရီကြာ ထိန်းသိမ်းပေးတယ်

အဆီပြန်တဲ့အသားအရည်ဆိုရင်
𝗕𝗼𝗼𝘀𝘁𝗲𝗿 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗶𝗻𝗴 𝗚𝗲𝗹 ကို ရွေးချယ်သင့်ပါတယ် 🩵
ခြောက်သွေ့တဲ့အသားအရည်ဆိုရင်
𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗕𝗼𝗼𝘀𝘁 𝗩𝗶𝘁𝗮𝗺𝗶𝗻𝘀 𝗖𝗿𝗲𝗮𝗺 ကို ရွေးချယ်သင့်ပါတယ် 🩷

☀️🌙နှစ်မျိုးလုံးရော သုံးလို့မရဘူးလား?ဆိုရင်
ရတာပေါ့၊ နှစ်မျိုးလုံးသုံးချင်တဲ့သူလေးတွေအတွက်ကတော့ မနက်ပိုင်းမျက်နှာလေးကြည်လင်ဖို့ 𝗕𝗼𝗼𝘀𝘁𝗲𝗿 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗶𝗻𝗴 𝗚𝗲𝗹 လေးလိမ်းပြီး ညဘက်ကျ မျက်နှာကို အာဟာရဖြည့်ဖို့ 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗕𝗼𝗼𝘀𝘁 𝗩𝗶𝘁𝗮𝗺𝗶𝗻𝘀 𝗖𝗿𝗲𝗮𝗺 လေးကို လိမ်းလို့ ရပါတယ်

ကွာခြားချက်လေးတွေကို ကွဲကွဲပြားပြားသိသွားပြီဆိုတော့ 𝗚𝗲𝗹 ဖြစ်ဖြစ် 𝗖𝗿𝗲𝗮𝗺 ဖြစ်ဖြစ် Customer လေးတွေ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင့် 🩷🩵🛍️

ဈေးနှုန်းကတော့ တူတူပါပဲ
𝗚𝗲𝗹 ဖြစ်ဖြစ် 𝗖𝗿𝗲𝗮𝗺 ဖြစ်ဖြစ် ၃၀ဂရမ်ပါတစ်ဗူးကို ၂၅,၀၀၀ ကျပ်ပါရှင့်

19/01/2024

ဒီတစ်ခါရော ဘာတွေလိမ်းပြဦးမှာပါလိမ့်😁
အဆုံးထိကြည့်ခဲ့တယ်ဆိုရင် commentမှာ အသဲလေးပေးခဲ့ပေး......နော်😘

15/01/2024

Aura plus hair set မှာ Shampoo / Conditioner/ Hair repair serum ဆိုပြီး ၃ မျိုးပါပါတယ်
ဒီ set လေးက
👉ဆံသားကြမ်းတမ်းနေသူများ
👉ဆံပင်ကောက်လိုက် ဖြောင့်လိုက်နဲ့ ဆံသား
ပျက်စီးနေသူများ
👉ဆံပင်နှစ်ခွဖြစ်နေသူများ
👉ဆံပင် အလုံးအထွေးလိုက် ကျွတ်တတ်သူများ
👉ဆံသားအဆီထွက်ပြီး တစ်ရက်ခြားတစ်ခါ
ခေါင်းလျှော်နေရသူများ
👉ဆံပင်ပါးသူများ
👉ဖောက်ထတတ်သူများ
👉ဆံပင်အမြဲရှုပ်ထွေးပြီး ဆံပင်ရှင်းရခက်သူများ
👉ဆံသားမွဲခြောက်နေသူများ အတွက် ထုတ်လုပ်ထားပါတယ်

ကဲ ဒါဆိုရင်တော့ Aura Shampoo Set လေးအကြောင်းရှင်းပြပါတော့မယ်နော်

Aura Shampoo

ခေါင်းလျှော်ရည်က ညှစ်လိုက်တာနဲ့ အရင်ဆုံး သဘောကျစေမှာက သူ့ရဲ့ အနံ့လေးပါ
အနံ့ပြင်းတာ မကြိုက်တဲ့ ကိုယ့်အတွက် စိတ်ကျေနပ်စေပါတယ်
ခေါင်းလျှော်ရည်နဲ့ ဆံပင်ပွတ်ပြီး လျှော်လိုက်တာနဲ့ 🤩 Wow နဂိုဆံသားကနေ လုံးဝနူးညံ့ပျော့ပျောင်းတာကို ခံစားမိစေပါတယ်
Rebound လုပ်ပြီးရင် ဆံသားလေးကိုင်လိုက်ရတဲ့ ခံစားချက်ပါပဲ
နည်းနည်းလေးနဲ့ အမြှပ်ထွက်အားလဲ ကောင်းတယ်
Hydrating မို့ ရေဓာတ်လဲ ဖြည့်ပေးပါတယ်
ဆံပင်ကို နှိပ်နယ် လျှော်နေတုန်း အရင်ကဆို ဆံပင်တွေ ရှုပ်ထွေးကုန်တယ်
ဆံပင်အဖျားတွေ ငြိတာ ရှုပ်တာ ခံစားဖူးမှာပါနော်
အခုဆို အဲ့ဒုက္ခက ကင်းဝေးစေပါတယ်

Aura Conditioner

ပျော့ဆေးဆိုထက် လုံးဝ စေးကပ်မှုမရှိဘဲ ဆံပင်အရင်းကနေ အဖျားထိ နူးညံ့စေတယ်
ပျက်စီးနေတဲ့ ဆံပင်သားတွေကို အဓိကပြုပြင်ပေးပါတယ်

Repair Serum

ကိုယ့်လို hair coat လုံးဝ မကြိုက်တဲ့သူကို ဆွဲဆောင်နိုင်တဲ့ထိ အသေမိုက်သော ပါပဲ
အနံ့လေးကိုလဲ ကြွေ
Dryer နဲ့မှုတ်ပြီး မစိုမခြောက်လေးမှာ လိမ်းလိုက်တာနဲ့ ဆံသားကို တောက်ပြောင်ပြီး လုံးဝ(လုံးဝ) စေးကပ်တာမျိုးမရှိပါဘူး
ကိုယ်က ဆံပင်အရမ်းအဆီထွက်တဲ့သူပါ
ခေါင်းလျှော်ပြီး တစ်ရက်ခြားပဲရှိသေးတယ် ဆံပင်က စေးကပ် ပြားနေတတ်တာပါ
အဲ့လိုလူမို့ hair coat ဆိုတာမျိုးကို တခါတလေမှ သုံးတတ်သူပါ
Aura repair serum လေးကိုတော့ တစ်သက်မှာ တစ်ခါသာလို့တောင် ပြောလို့ရပါတယ်
အရမ်းကျေနပ်စေတဲ့ Aura plus shampoo set လေးကို သုံးကြည့်ပါလို့ပဲ 😘😘😘

ဈေးလေးလဲ ပြောပြပေးပါမယ်
Aura plus shampoo -16,000 ks
Aura plus conditioner- 16,000 ks
Repair serum. - 13,000 ks

15/01/2024

🩷🩵 နုပျိုလှပမှုကို မြတ်နိုးသူများအတွက် AURA Plus Collagen က ...

🩷 အသားအရည်ကိုတင်းရင်းစေပြီး အရေးအကြောင်းတွေကို ပြေပြစ်စေတယ်

🩵 ဆံနွယ်လေးတွေကို ကျန်းမာသန်စွမ်းစေတယ်
အရိုးအဆစ်တွေကို သန်မာစေတယ်

🩷 အသားအရည်ကို တစ်ဆင့်ချင်းစီ ဖြူဝင်းကြည်လင်လာစေတယ်

🩵 အဆီဖု၊ ဝက်ခြံတွေ လျော့ပါးသက်သာလာစေတယ်

ဒါကြောင့် နုပျိုလှပမှုကို မြတ်နိုးသူတိုင်း Collagen Peptide 10,000mg, Vitamin C, Glutathione, Glutamine တို့ကို ပေါင်းစပ်ထည့်သွင်းထားပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် နုပျိုလှပမှုတွေကို တစ်မျိုးတည်းနဲ့ ထိထိမိမိပံ့ပိုးပေးနိုင်တဲ့ AURA Plus Collagen လေးကို သောက်ကို သောက်သင့်နေပါပြီ 🩷🩵

ဈေးနှုန်း
➖➖➖
၂၂,၀၀၀ ကျပ် (၁၀ထုပ်ပါတစ်ဗူး)
၆၅,၀၀၀ ကျပ် (အထုပ်၃၀ပါတစ်ဗူး)

Photos from Beauty by Khaing's post 11/01/2024

ခေါင်းအစ ခြေအဆုံး AURAplus တစ်မျိုးတည်းကိုပဲ (၅)နှစ်လောက် စွဲစွဲမြဲမြဲ သုံးခဲ့တဲ့ရလဒ်

Item 25မျိုးထဲမှာ ဘာတွေသုံးနေပြီလဲ
⭐ ကိုယ်သုံးနေတဲ့ itemလေးတွေရယ်
⭐ ကိုယ့် before and after ပုံလေးတွေရယ်
comment မှာဖြေပေးခဲ့ပါဦးရှင့်

surprise အစီအစဥ်လေးလုပ်ပေးချင်လို့ပါ💘

03/01/2024

AURAplus ရဲ့cream moistuizer ကလည်း မခေဘူးနော်...
အနံ့ရော texture ရော resultရော က မိုက်သောပဲ👍
အသားအရမ်းခြောက်တတ်တဲ့ မမတို့ 100% ဝယ်ကိုဝယ်သင့်သောပါ မမတို့ရေ ...
ခိုင့်မျက်နှာကို ကြည့်ကြည့် 👌

03/01/2024

Unboxing 💖

03/01/2024

AURAplus moisture boost vitamins cream ရောက်ပါပြီမမတို့ရေ

01/01/2024

သို့/
ခိုင်ချစ်ရပါသော မမတို့ရေ

HAPPY NEW YEAR ပါနော်...
2024 ခုနှစ် January 1ရက်နေ့မှစ၍ တစ်နှစ်ပတ်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝ အောင်မြင်ကြပါစေလို့ ခိုင့်အနေနဲ့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်...🙏😍🥰

30/12/2023

အဆီဖုအများစုဘယ်ကစ cleansing မနိုင်လို့စ☹️
ဆားဝက်ခြံအများစုဘယ်ကစ cleansing မနိုင်လို့စ☹️

ဒီလို double cleasing မနိုင်ရင် အဆီဖု ဆားဝက်ခြံတွေနဲ့ပဲ သံသရာလည်နေအုန်းမှာပါရှင်

ဒီလိုပဲ acne skin တွေအနေနဲ့လဲ Miceller water ရွေးတဲ့နေရာမှာအရမ်းသတိရှိဖို့လိုပါတယ်နော်

Skincare တွေတည့်နေပါလျှက်အသားအရေကဘုထွက်နေတုန်း မသက်သာလာဘူးဆို cleansing water နဲ့လဲဆိုင်သွားပါပြီနော်

ဒါကြောင့် All skin type နဲ့အဆင်ပြေပြီး Acne skin တွေကစအကြိုက်တွေ့စေမဲ့ Miceller water လေးအကြောင်းပြောပြချင်လို့ ❣️

Korea skincare တော်တော်များများမှာတွေ့ရတဲ့ Galactomyces ferment filtrate ကိုထည့်သွင်းထားတဲ့💟 Aura plus 💟က Miceller cleansing water လေးအကြောင်းပါ

📌Galactomyces ferment filtrate ရဲ့ benefits တွေကတော့

📌skin barrier ကောင်းမွန်အောင်ပြုလုပ်ပေးနိုင်တယ်

📌Moisturizing ကောင်းကောင်းလုပ်ပေးနိုင်တယ်

📌Antioxidant effect တွေကြွယ်ဝစွာပါတယ်

📌ဒီတော့ cleansing လဲလုပ်ရင်း ဒီ cleansing water ကြောင့် နောက်ထပ်skinတွေcareရာမှာလဲအထောက်အကူပြုပေးနိုင်တယ် သူ့သုံးပြီး သွားလို့အသားခြောက်သွေ့သွားတာ ဝက်ခြံပိုထွက်လာတာမျိုးမရှိစေပဲ skin barrier ပိုကောင်းလာအောင်ကူညီပံ့ပိုးပေးမှာပါ

Dry skin တွေအနေနဲ့သုံးပြီးတိုင်းသုံးချင်နေစေရမယ် သုံးနေတဲ့ တစ်လျှောက်အသားခြောက်တယ်ဆိုတာ မခံစားရလေအောင် သုံးပြီးတိုင်းအစိုဓာတ်လေးရနေမယ်

Acne prone skin /Acne skin အဆီဖု skin တွေအနေနဲ့လဲ ချွေးပေါက်ပိတ်ပြီး အဆီဖုထပ်မထွက်အောင်

မိတ်ကပ်/ဖုန် /အဆီ တွေမပြောင်ရာကနေဖြစ်တတ်တဲ့ ဆားဝက်ခြံထွက်ခြင်းတွေကိုလဲစိုးရိမ်စရာမလိုပါဘူးနော်

ဒီ aura plus cleansing water လေးကို cotton padလေးနဲ့ယူပြီးအသာအယာစွဲဖျက်လိုက်ရုံနဲ့ ရှိသမျှမျက်နှာက အညစ်ကြေး,မမြင်နိုင်တဲ့ဖုန်မှုန့်, heavy makeup ,waterproof mascara/matte lipstick တွေကစသေချာလေးပြောင်စေသွားအောင်ပြုလုပ်ပေးနိုင်ပါတယ်

300 ml 22,000 ks

29/12/2023

AURA Plus Collagen ကို ကောင်လေးတွေလည်း သောက်လို့ရတယ်ဆိုတာ သိတယ်ဟုတ်🌊🩵

ကောင်လေးပဲဖြစ်ဖြစ်၊ ကောင်မလေးပဲဖြစ်ဖြစ် ခေါင်းအစခြေအဆုံး အသားအရည်ကို အကောင်းဆုံးထိန်းသိမ်းဖို့ Collagen Supplement တစ်ခုခုကို မှီဝဲသင့်ပါတယ်။

AURA Plus Collagen လေးက Collagen + VitaminC + Gluta ပါဝင်ပြီး တစ်မျိုးတည်းသောက်ရုံနဲ့ ထိရောက်မှုက 100% မလို့ Collagen တွေ အများကြီးထဲကမှ AURA Plus Collagen က ရွေးချယ်သင့်တဲ့ တစ်ခုပေါ့ 🩵

Photos from Beauty by Khaing's post 29/12/2023

❄️ ဒီနှစ်ရဲ့ နောက်ဆုံး Promotion ကြီး လာပါပြီ ❄️

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ (၃၁)ရက်၊ တနင်္ဂနွေနေ့၊ ည (၁၂)နာရီ ထိ မှာယူတဲ့သူတိုင်း 10% Off ဈေးလေးနဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ် 🎉🎊

ဒီနှစ်ရဲ့နောက်ဆုံး Promotion လည်းဖြစ်လို့ နောက်နှစ်မကူးခင် နောက်ဆုံးပိတ်အိတ်နဲ့လွယ် အမြန်လေး ဝယ်ယူဖို့ မမေ့နဲ့နော် 🛍️🛍️🛍️

AURA Plus ရဲ့ နှစ်ကုန် Promotion မှာ ပါဝင်တဲ့ ပစ္စည်းလေးတွေကတော့

⛅𝗚𝗹𝗼𝘄 𝗦𝘂𝗻𝘀𝗰𝗿𝗲𝗲𝗻
𝗡𝗼𝗿𝗺𝗮𝗹 𝗣𝗿𝗶𝗰𝗲 >> 𝟮𝟯,𝟬𝟬𝟬 𝗞𝘀
𝟭𝟬% 𝗢𝗳𝗳 >> 𝟮𝟬,𝟳𝟬𝟬 𝗞𝘀

🫧𝗕𝗼𝗼𝘀𝘁𝗲𝗿 𝗠𝗼𝗶𝘀𝘁𝘂𝗿𝗶𝘇𝗶𝗻𝗴 𝗚𝗲𝗹
𝗡𝗼𝗿𝗺𝗮𝗹 𝗣𝗿𝗶𝗰𝗲 >> 𝟮𝟱,𝟬𝟬𝟬 𝗞𝘀
𝟭𝟬% 𝗢𝗳𝗳 >> 𝟮𝟮,𝟱𝟬𝟬 𝗞𝘀

🌸𝗠𝗼𝗶𝘀𝘁𝘂𝗿𝗲 𝗕𝗼𝗼𝘀𝘁 𝗩𝗶𝘁𝗮𝗺𝗶𝗻𝘀 𝗖𝗿𝗲𝗮𝗺
𝗡𝗼𝗿𝗺𝗮𝗹 𝗣𝗿𝗶𝗰𝗲 >> 𝟮𝟱,𝟬𝟬𝟬 𝗞𝘀
𝟭𝟬% 𝗢𝗳𝗳 >> 𝟮𝟮,𝟱𝟬𝟬 𝗞𝘀

25/12/2023

Merry Christmas To U All ⛄️❄️🎄🍓🥂

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Videos (show all)

Hello ! 🦋
video​လေးကို အဆုံးထိကြည့်ပေးမယ်မဟုတ်လား💜
ဒီတစ်ခါရော ဘာတွေလိမ်းပြဦးမှာပါလိမ့်😁အဆုံးထိကြည့်ခဲ့တယ်ဆိုရင် commentမှာ အသဲလေးပေးခဲ့ပေး......နော်😘#auraplusofficialdist...
Unboxing 💖
Merry Christmas To U All ⛄️❄️🎄🍓🥂#merrychristmas#beautybykhaing #auraplusofficialdistributor_pyay
🎄🎄🎄
ဘာအရောင်လေးကိုအကြိုက်ဆုံးလဲ ❓💛 (or) 💙 (or) ❤#beautybykhaing
Hello ❣
မနက်ပိုင်း အချိန်မပေးနိုင်ဘူး ဆိုတဲ့သူတွေ ဒီvideoလေး ကြည့်ကြည့် မျက်နှာလိမ်းတာ အစအဆုံး ၅မိနစ်ပဲကြာတယ် 😁#auraplusofficial...
ညဘက်မှာ အတူတူ skin care ဖို့အတွက် 😘#auraplusskincare #auraplus#auraplusofficialdistributor_pyay #beautybykhaing
Hi... hello!!!
Hello 🖤#skincarewithauraplus#auraplusskincare#auraplus

Telephone

Website

Address

Pyay

Other Spa, Beauty & Personal Care in Pyay (show all)
KPPT Os Online Shop KPPT Os Online Shop
Pyay, 08191

Heffey Skincare Pyay Heffey Skincare Pyay
Pyay, HEFFEY

Jaw Lu Lu San Jaw Lu Lu San
Pyay

online shop

Beauty Life Beauty Life
Pyay, 8151

Beauty Life Colour cosmetics and Skin Care ဆိုတာ နာမည္ၾကီး cosmetics ေ

Nge's Crochet Handmade Nge's Crochet Handmade
Nat Mauk
Pyay

ALM online shop ALM online shop
Pyay City
Pyay

ALM online shop အလှကုန်မှ ကြိုဆိုပါတယ်ရှင့်....

Buy Me By Thiri Buy Me By Thiri
Pyay

အလှကုန်၊လူသုံးကုန် လက်လီ၊လက်ကား။