My Organic farm_Pyay

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from My Organic farm_Pyay, Health Food Shop, Pyay.

07/09/2023

ချေး(၃)မျိုးဆောင်
အိုတောင်မဆင်းရဲဘူး။။

နွားချေးသည်...အရွက်
ဝက်ချေးသည်.... ဥ
ကြက်ချေးသည်.. အသီးအပွင့်
ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။

နွားချေးသည် n.p.k.အဟာရဓာတ်ပါဝင်မှုနှုန်း
နိုက်ထရိုဂျင် ...1.10
ဖော့ဖရပ် .........0.04
ပိုတက်စီယမ် ....1.60တို့ပါဝင်ပါတယ်

ကြက်ချေးတွင်.n.p.k.အဟာရဓာတ်ပါဝင်မူနှုန်း
နိုက်ထရိုဂျင် ...2.42
ဖော့ဖရပ်..........6.29
ပိုတက်စီယမ်.... 2.11တို့ပါဝင်ပါသည်။

ဝက်ချေးတွင်.n.p.k အဟာရဓာတ်ပါဝင်မှုနူန်း
နိုက်ထရိုဂျင်... 2.69
ဖော့ဖရပ်.........1.84
ပိုတက်စီယမ်... 1.12.တို့ပါဝင်ပါသည်

ကျနော်တို့ သဘာဝမြေသြဇာပြုလုပ်သည်နေရာမှာ ကိုယ်သုံးမဲ့ပစ္စည်းတွင် npk.ပါဝင်မှု့နူန်းကိုသိရင်
အာဟာရဓာတ်ကောင်းကောင်းကို ဖန်တီးယူလို့
ရပါတယ်

တိရစ္ဆာန်ချေး တမျိုးထက် စာရင်
နှစ်မျိုးကပိုကောင်းပါတယ်
နှစ်မျိုးထက်စာရင် တိရစ္ဆာန်ချေးသုံးမျိုးက
ပိုကောင်းပါတယ်

နွားချေး ၅.အိတ်

ကြက်ချေ. ၅.အိတ်

ဝတ်ချေး ၅.အိတ်

ဖွဲနု ၁.အိတ်

ဒါတွေအားလုံးကို
သမအောင် အရင်မွှေပေးပါ

ငါးအမိုင်နို ၃.လီတာ

သကာရည် ၅.လီတာ

ရေလီတာ ၃၀.ဖြင် ရေပုံးတစ်လုံး
တွင်ထည့်ပြီး သမအောင် မှေှပေးပါ
ပြီးတဲ့အခါတွင် မြေသြပုံထဲ
ငါးအမိုင်နိုဖျန်းပေးပြီး သမအောင်
မွှေပေးပါ။ ငါးအမိုင်နိုအရည်
ထပ်ဖျန်းပေးပါ ရေ အစိုဓာတ် ၆၀.%ရာခိုင်နှုန်းထည့်ပြီး တစ်လ တိတိနှပ်ထားပေးပါ ၇.ရက်တခါ အပြန်အလှန် ထက်အောက် မွှေပေးပါ။
တစ်လပြည့်ရင် စတင်
အသုံးပြုလို့ရပါပြီး..ခင်ဗျာ

သဘာဝမြေသြဇာ ကီလို ၁၀၀.ဆိုရင် ထရိုင်ကိုဒါမား
တစ်ကီလို ရော၍လည်း အသုံးပြုနိုင်ပါသည်။

မျိုးစေ့ဖောက်၍၎င်း
အလှပန်းအိုးဖြင့်စိုက်၍၎င်း
Hydroponics( ဟိုက်ဒိုပိုနစ် ) မြေမဲ့စိုက်ပျိုးနည်း စိုက်ပျိုးချင်သူများအတွက်၎င်း သဘာဝမြေသြဇာ ၁.ကီလိုအုန်းဆံမှုန် ၁.ကီလို
မြေပွ ၁.ကီလိုဖြင့်ပန်အိုးထဲတွင်ထည့်ပြီး ဟင်းသီး ဟင်းရွက်ပင်များနှင့် မည်သည့်သီးနှံပင်မဆို
စိုက်ပျိုး အသုံးပြုနိုင်ပါသည်

စပါးစိုက်ပျိုးမည်ဆိုရင်
လယ် ၁.ဧက ကို ၃၀၀.ကီလို နူန်း
စပါးစိုက်ပျိုးပြီးတစ်ခါ.စပါးနို့ရည်ကြည်
တည်ခါစတစ်ခါအသုံးပြုနိုင်ပါသည်

သစ်သီးဝလံပင်များဆိုရင်
တစ်ပင်တစ်ကီလို နူန်းဖြင့်
တစ်နှစ်သုံးကြိမ်းအသုံးပြုနိုင်ပါသည်
မိတ်ဆွေးများ..ခင်ဗျာ
နိုင်ငံခြားဓာတ်မြေသြဇာကို
မှီခို စိုက်ပျိုးနေမည့်အစား
ကိုယ်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့
သဘာဝစွန့်ပြစ် ပစ္စည်းများကို
အသုံးချတတ်ရင် အကြွေးနွံထဲ
နစ်တော့မှာ မဟုတ်ပါဘူး
ဆိုတာကိုလည်း ပြောပြချင်ပါတယ်

အားလုံးကို ကျေဇူးတင်ပါတယ်..

နိုင်လင်း

Edit : ၁ ကီလိုဟာ ၆၁ ကျပ်သားခန့်နဲ့ညီမျှပါတယ်။

Photos from My Organic farm_Pyay's post 07/09/2023

Today ခြုံရှင်း
ခြံတော့ လုံနေဆဲ

Photos from My Organic farm_Pyay's post 06/09/2023

ခြံလေး တစ်​ဖြတ် ခြံစည်းရိုးလေး တစ်ဖက်ကာ
ခြုံ အောက်ရောက်နေတဲ့ သံပုရာပင်တွေရယ်
သံဇကာအောက်ကနေ လှန်ပီးလူဝင်တဲ့ အပေါက်တွေရယ်
ခြံစည်းရိုးဘေးကနေ သံဇကာကိုကျော်ပြီးနွားဝင်တဲ့ အပေါက်တွေ ပိတ်ခဲ့ရတယ်

လူမသွားဖြစ်တော့ စဥ့်အိုးကြီးတစ်လုံးလည်းပျောက်
ဝါးတွေလည်းပျောက်
တဲထဲက ဖျာလည်းပျောက်
စပါးလင်အပင်အုံကြီးကြီး လူနှစ်ဖက်စာလောက်ရှိတာကို အပြုတ်ကို နှုတ်ခိုးသွားတယ်

လာယူကြတဲ့ လူများ နွားများ ကျန်းမာချမ်းသာကြပါစေ
မရှိတဲ့သူကို လှူလိုက်တယ်လို့ပဲ သဘောထားပါတယ်

နနွင်းပင်တွေကတော့ ဖြစ်ထွန်းပါတယ်
ကျန်တာတော့ ကုန်ပြီ 😁

22/07/2022

လိုချင်ရင် ရပါတယ်
ရှားစောင်း အနှစ်
ရှားစောင်း ပိသာချိန်နဲ့လည်း ရောင်းပေးပါတယ်

09250726009

🌼Indoor plant အနေနဲ့ 🌼
💫Oxygen ရသလို 🧏🏻‍♀️
🙋🏻‍♂️ဆေးဘက်လည်းဝင်တဲ့💁🏻
👉🏻 ရှားစောင်းပင် အိုးအပါလေးတွေ ရောင်းမယ်နော်
💚အပင်သီးသန့်လိုချင်လည်း ရပါတယ်
💚ရှားစောင်းပင် အနှစ်ထုတ် ပြီးလည်း ရောင်းပေးပါတယ်
အရင်က💁🏻 တစ်အိုး ၁၅၀၀ ရောင်းတာ
💟အိုးစျေးတွေ တက်လို့ ၂၀၀၀ နဲ့ ရောင်းပါမယ်💟
💞၅ အိုးအထက်ဆို ၁၈၀၀ နဲ့ပေးပါမယ် 💞
🤏🏻ပင်ပွားလေးတွေ တိုးနေပါပြီနော်🤏🏻
🤩၂အိုးယူ deli free ပြည်မြို့တွင်း 🤩

🚴🏻cash on delivery ပါ 🚴🏻

09250726009 ကို ဟဲလိုလိုက်ပါ

Photos from My Organic farm_Pyay's post 22/07/2022

မင်မင် ခြံထဲ သေချာ စိုက်ပျိုးထားလို့ နနွင်း တက် နနွင်းမှုန့် လိုချင်ရင် ရပါပြီနော်

Photos from My Organic farm_Pyay's post 03/02/2022
Photos from My Organic farm_Pyay's post 07/10/2021

ရှားစောင်းပင်
အပင် ၁၀၀၀
အိုး၁၀၀၀
အပင်ပါအိုး ၁၈၀၀ ( ပင်ပွားလေးတွေပါ ထပ်တိုးပါပါတယ်)

အိမ်ထဲ oxygenရ လေသန့်စင်ပေးသလို
အပင်ကို စားမလား မျက်နှာလိမ်းမလား
ရောဂါများတဖက်တလမ်းကုသနိုင်သလို အသားအရည်လှပစေလို့ အိမ်မှာ ရှိသင့်တယ်နော်

ရေပါးပါးလေး ဖြန်းမလား
၂ ရက် ၃ ရက်မှ ဖြန်းမလား
အပင်က ရေအရမ်းမကြိုက်တော့ မြေအစိုနည်းနည်းပဲ ထားရင်ရပါပြီ နေရောင်ထဲ တစ်ပတ် တစ်ရက်လောက် ပေးလည်း ရတယ် ရှင်လွယ်လို့ အပင်က အသက်ပြင်းပါတယ်နော်

03/10/2021

🌼Indoor plant အနေနဲ့ 🌼
💫Oxygen ရသလို 🧏🏻‍♀️
🙋🏻‍♂️ဆေးဘက်လည်းဝင်တဲ့💁🏻
👉🏻 ရှားစောင်းပင် အိုးအပါလေးတွေ ရောင်းမယ်နော်
💚အပင်သီးသန့်လိုချင်လည်း ရပါတယ်
💚ရှားစောင်းပင် အနှစ်ထုတ် ပြီးလည်း ရောင်းပေးပါတယ်
အရင်က💁🏻 တစ်အိုး ၁၅၀၀ ရောင်းတာ
💟အိုးစျေးတွေ တက်လို့ ၂၀၀၀ နဲ့ ရောင်းပါမယ်💟
💞၅ အိုးအထက်ဆို ၁၈၀၀ နဲ့ပေးပါမယ် 💞
🤏🏻ပင်ပွားလေးတွေ တိုးနေပါပြီနော်🤏🏻
🤩၂အိုးယူ deli free ပြည်မြို့တွင်း 🤩

🚴🏻cash on delivery ပါ 🚴🏻

09250726009 ကို ဟဲလိုလိုက်ပါ

Photos from My Organic farm_Pyay's post 02/10/2021

100 % သဘာဝ
နနွင်းမှုန့်စစ်စစ်
၁၀ သား ၁၂၀၀ ကျပ်ပါ

နနွင်းဥ နနွင်းတက်များ အမှုန့်ကြိတ်ပြီး
မည်သည့်အရောမှ မပါ၍
ကျန်းမာရေးအတွက်လည်း ကောင်း
ဆေးဖော်မည့်သူများအတွက်လည်း လုံးဝ သင့်တော်ပါတယ်နော်

09250726009

30/09/2021

အသစ်ပျိုးထားတာလေးက ပွင့်ပေးရှာတယ်
ချစ်လိုက်တာ
တစ်ပတ်လောက်ဆိုတော့ အမြစ်လဲစွဲပြီ ထပ်ပွားရအုံးမယ်

#ကမ္ဘာမြေစိမ်းလန်းပါစေ

Photos from My Organic farm_Pyay's post 24/09/2021

အရောတွေအသစ်တွေ ပွင့်နေပြီး တအားလှနော်

Photos from My Organic farm_Pyay's post 23/09/2021

အပင်တွေအတွက် အားဆေးလေးတွေ နေ့စဥ်ဖြန်းပြီး
ဆန်ဆေးရည်နေ့တိုင်းလောင်းပေးတာ Morning ​ေတွကတော့ အပွင့်ကြီးတွေ ကားနေတာပဲ
(နံလိုက်တာ ဘာတွေ ဖြန်းပြန်ပြီလဲ ဆိုတာတော့ သည်းခံရ)

Photos from My Organic farm_Pyay's post 23/09/2021

အရောင် အရောလေးတွေ ပွင့်လာကြလေသည်

Photos from My Organic farm_Pyay's post 23/09/2021

local သစ်ခွများ စတင် မွေးစားခဲ့တာ တစ်ပတ်ကျော်ပြီ

Photos from My Organic farm_Pyay's post 18/09/2021

Spider သစ်ခွ
ပင့်ကူ သစ်ခွ လို့မှတ်ပါ
အိမ်ရှေ့မှာစိုက်ရင် ပင့်တယ် ကူတယ်တဲ့
စင်လေးရိုက်ပြီး စိုက်ထားပြီ

#ကမ္ဘာမြေစိမ်းလန်းပါစေ

14/09/2021

ဒန့်ဒလွန် အကျိုးများလို့ ကောင်းကောင်းအသုံးချတတ်ရင် ဆေးတစ်လက်ပါပဲနော်

13/09/2021

ကျန်းမာရေးနှင့် ကိုက်ညီသော မျိုးစေ့ ပျိုးပင် အသီးအနှံများ နှင့် ထုတ်ကုန်များ ရောင်းချပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကို ချစ်မြတ်နိုးသူတိုင်းအတွက် page အား like and share လုပ်ပေးခြင်း ဝယ်ယူအားပေးခြင်း အကြံဉာဏ်များမျှဝေပေးရန် တောင်းဆိုပါသည်။ 09250726009 ပြည်မြို့မှ ဖြစ်ပါသည်။

13/09/2021

" မျိုးစေ့သည် ရတနာ "

လက်ရှိအချိန်မှာ အရေးပါသော
စာရင်းထဲ ထည့်ထားရမှာက
' မျိုးစေ့ ' - seeds များပါပဲ။
အစားအစာရိက္ခာဖူလုံမှု နဲ့ မိမိတို့
လက်ထဲပိုင်နိုင်စွာ စီမံခွင့်ရဖို့
ကိုယ့်ဒေသမျိုးစေ့များကို
တန်ဖိုးထားကြပါ။ ထိန်းသိမ်းကြပါ။
ဒီလိုတိုက်တွန်းမှုမျိုးကို အစဉ်တစိုက်
ဖော်ပြနေတဲ့ Food Sovereignty Page
ဖေ့ဘွတ်စာမျက်နှာကို ဖတ်ကြည့်ဖြစ်တယ်။
ရင်ထဲ ထိရှသွားရတဲ့ စာစုတခုကိုလည်း
ဖတ်ကြည့်ကြဖို့ ပြန်လည်ဝေမျှ
ပေးလိုက်ပါတယ်။

နေရပ်စွန့်ခွာရခြင်းနှင့်မျိုးစေ့တန်ဖိုး
========================

"စစ်ဖြစ်တော့ ရွာမှာမနေရဲလို့
အဝေးကြီးကို ပြေးလာရတာ။
သိမ်းထားတဲ့ မျိုးစေ့တွေကို
အပင်ပန်းခံပြီး ယူလာခဲ့လို့သာ
ဒီနေရာမှာ ကိုယ်စားနေကျ
အစားအစာတွေ စားခွင့်ရတယ်။
မဟုတ်ရင် နေရာသစ်မှာ ဆန်က
အစ..အသီးအရွက်အဆုံး
မစားတတ်ဘူး..မစားနိုင်ဘူး။
အာသာမပြေဘူး ဘာစားစားပေါ့ "
(စစ်ဘေးရှောင်မိသားစု အသံ)

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က...အဖွားတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်။
အဖွားက ရွာမှာဆို သက်ရှည်
ကျန်းမာပြီး သြဇာ ညောင်းတဲ့
အဖွား တယောက်ပေါ့။
အဖွားရဲ့ ရင်ဖွင့်စကားလေးကို
သတိရမိတယ်။

အဖွားပြောတာက....

ကိုယ်သေချာ သိတဲ့ မျိုးစေ့တွေမို့
ဘယ်မြေဆီလွှာမှာ ဘယ်အချိန်
ဘယ်လိုစိုက်ရမလဲသိတယ်။
ဘယ်လိုပိုးမွှားရောဂါကျပြီး
ကာကွယ်နှိမ်နင်းရမလဲ သိတယ်။
ဘယ်အချိန် ရိတ်သိမ်းရမလဲ
စုဆောင်းရမလဲ သိနေတယ်။
မျိုးစေ့ဘယ်လိုရွေးရမလဲ
ဘယ်လိုသိမ်းရမလဲ သိတယ်။
ဘယ်လိုလုပ်စားရမလဲ
ဘာအကျိုးပြုလဲ ဆိုတာသိတယ်။

မှတ်သားစရာ ရှေးလူကြီးရဲ့
စကားပါ။

အကယ်၍များ နေရာရွှေ့ပြောင်း
ရတော့မယ်ဆိုပါရင်
မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊
ပိုက်ဆံ နဲ့ စုဆောင်းထားတာ
တွေအပြင် " မျိုးစေ့လေးတွေကို "
လည်းယူနိုင်သမျှယူသွားပါ။

အရေးပေါ်အခြေအနေမှာ
မျိုးစေ့များလည်း အရေးကြီး
နေပါပြီနော်။

Food Sovereignty Page
#ကမ္ဘာမြေစိမ်းလန်းပါစေ
ှကူးယူသည်

" မျိုးစေ့သည် ရတနာ "

လက်ရှိအချိန်မှာ အရေးပါသော
စာရင်းထဲ ထည့်ထားရမှာက
' မျိုးစေ့ ' - seeds များပါပဲ။
အစားအစာရိက္ခာဖူလုံမှု နဲ့ မိမိတို့
လက်ထဲပိုင်နိုင်စွာ စီမံခွင့်ရဖို့
ကိုယ့်ဒေသမျိုးစေ့များကို
တန်ဖိုးထားကြပါ။ ထိန်းသိမ်းကြပါ။
ဒီလိုတိုက်တွန်းမှုမျိုးကို အစဉ်တစိုက်
ဖော်ပြနေတဲ့ Food Sovereignty Page
ဖေ့ဘွတ်စာမျက်နှာကို ဖတ်ကြည့်ဖြစ်တယ်။
ရင်ထဲ ထိရှသွားရတဲ့ စာစုတခုကိုလည်း
ဖတ်ကြည့်ကြဖို့ ပြန်လည်ဝေမျှ
ပေးလိုက်ပါတယ်။

နေရပ်စွန့်ခွာရခြင်းနှင့်မျိုးစေ့တန်ဖိုး
========================

"စစ်ဖြစ်တော့ ရွာမှာမနေရဲလို့
အဝေးကြီးကို ပြေးလာရတာ။
သိမ်းထားတဲ့ မျိုးစေ့တွေကို
အပင်ပန်းခံပြီး ယူလာခဲ့လို့သာ
ဒီနေရာမှာ ကိုယ်စားနေကျ
အစားအစာတွေ စားခွင့်ရတယ်။
မဟုတ်ရင် နေရာသစ်မှာ ဆန်က
အစ..အသီးအရွက်အဆုံး
မစားတတ်ဘူး..မစားနိုင်ဘူး။
အာသာမပြေဘူး ဘာစားစားပေါ့ "
(စစ်ဘေးရှောင်မိသားစု အသံ)

လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က...အဖွားတစ်ယောက်နဲ့ ဆုံခဲ့ဖူးတယ်။
အဖွားက ရွာမှာဆို သက်ရှည်
ကျန်းမာပြီး သြဇာ ညောင်းတဲ့
အဖွား တယောက်ပေါ့။
အဖွားရဲ့ ရင်ဖွင့်စကားလေးကို
သတိရမိတယ်။

အဖွားပြောတာက....

ကိုယ်​သေချာ သိတဲ့ မျိုးစေ့တွေမို့
ဘယ်မြေဆီလွှာမှာ ဘယ်အချိန်
ဘယ်လိုစိုက်ရမလဲသိတယ်။
ဘယ်လိုပိုးမွှားရောဂါကျပြီး
ကာကွယ်နှိမ်နင်းရမလဲ သိတယ်။
ဘယ်အချိန် ရိတ်သိမ်းရမလဲ
စုဆောင်းရမလဲ သိနေတယ်။
မျိုးစေ့ဘယ်လိုရွေးရမလဲ
ဘယ်လိုသိမ်းရမလဲ သိတယ်။
ဘယ်လိုလုပ်စားရမလဲ
ဘာအကျိုးပြုလဲ ဆိုတာသိတယ်။

မှတ်သားစရာ ရှေးလူကြီးရဲ့
စကားပါ။

အကယ်၍များ နေရာရွှေ့ပြောင်း
ရတော့မယ်ဆိုပါရင်
မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊
ပိုက်ဆံ နဲ့ စုဆောင်းထားတာ
တွေအပြင် " မျိုးစေ့လေးတွေကို "
လည်းယူနိုင်သမျှယူသွားပါ။

အရေးပေါ်အခြေအနေမှာ
မျိုးစေ့များလည်း အရေးကြီး
နေပါပြီနော်။

Food Sovereignty Page

Photos from My Organic farm_Pyay's post 13/09/2021

Baby ပိကျိ နဂါးမောက်လေးတွေပါ
အစေ့လေးတွေကို tissue စလေးနဲ့ ရေဖြန်းပြီး ပျိုးတာပါ
အစေ့လေးကနေ အမြစ်နဲ့ အညှောင့်လေးပေါက်တော့ အသင့်ရှိတဲ့ ရှားစောင်းပင်အိုးထဲ ထည့်ထားတာ
Youtube ကနေ ကြည့်ပြီး လိုက်ပျိုးကြည့်တဲ့
အောင်မြင်မှုလေးပါ

#နဂါးမောက်
#ကမ္ဘာမြေစိမ်းလန်းပါစေ

Photos from My Organic farm_Pyay's post 12/09/2021

အိန္ဒိယဒန့်ဒလွန် PKM 2
မျိုးစေ့မှ ပျိုးပင် အဆင့်ဆင့်ပုံ

ပျိုးပင်များ မြေပေါ်ချစိုက်ပြီးပါပြီ

#အိန္ဒိယဒန့်ဒလွန်
#ကမ္ဘာမြေစိမ်းလန်းပါစေ

12/09/2021

မျိုးစေ့ ပျိုးပင်
အမျိုးမျိုးကို
စျေးနှုန်းချိုသာစွာ
ရောင်းချပေးသွားပါမည်

Want your business to be the top-listed Grocery Store in Pyay?
Click here to claim your Sponsored Listing.

Telephone

Address

Pyay

Other Health Food Shops in Pyay (show all)
Baho Tea Shop Baho Tea Shop
ညောင်စဉ်တန်းလမ်း/ဆံတော်ရပ်/ပြည်မြို့
Pyay

Tea Shop & Food

လိုတရ ထမင်းဆိုင် လိုတရ ထမင်းဆိုင်
Tat Street, Near Aung Zaw Oo Hospital (1), Lotaya Restaurant
Pyay

လိုတရထမင်းဆိုင်ကနေကြိုဆိုပါတယ် လူကြီးမင်းကြိုက်နှစ်သက်ရာဟင်းပွဲများ ကိုရေ‌ွးချယ်မှာယူနိုင်ပါတယ်ရှင့်❤

Cordyceps  ရှီးပတီး Cordyceps ရှီးပတီး
Padamyar
Pyay, 80101

လူကြိုက်အများဆုံး ၁၀၀%သဘာဝစစ်စစ် ရှီးပတီး ဆောင်းပိုးနွေမြက် Cordyceps 095370150 ကို ဟယ်လိုလိုက်ပါ…….

FamilyFood FamilyFood
Pyay

ညီလေး မြန်မာ့ ထမင်းဆိုင် ညီလေး မြန်မာ့ ထမင်းဆိုင်
မြို့သစ်၃လမ်းနှင့် ၄လမ်းကြား ဂေါက်ကွင်းလမ်း မေ့လက်ရာဆိုင်ကယ်ဝိုင်းအနီး
Pyay

Shwe Kit Product Shop Shwe Kit Product Shop
Aung Thiri Quarter
Pyay

�� ဈေးနှုန်းချိုသာစွာဖြင့်လက်ကားဖြန့်ဖြူး‌‌ေရာင်းချ‌ေပး‌ေနပါပြီ

Eat with Phoo Eat with Phoo
Pyay

Yummy & Health food😋😋

Shop With Thiri Shop With Thiri
Pyay
Pyay, 00000

SS Good Food SS Good Food
အုန်းတောရပ် မဟာဂန္တဝင်ကျောင်းတိုက်လမ်း
Pyay

KK Hotpot By YinMoe KK Hotpot By YinMoe
Pyay

လက်လီ လက်ကား မှာယူနိုင်ပါပြီ