Shwe Zin

ဝက်ခြံအမဲစက်ကင်းကင်းနဲ့လှချင်သူမျ?

16/12/2022

gel 1ဗူး Sold Out 😍

10/12/2022

‼ ဝက်ခြံနဲ့ အဆီဖု အသားအရေ အတွက်
ရှောင်ရန် အရေးကြီး အချက်၁၀ချက်‼

1️⃣ ဝက်ခြံ နဲ့ အဆီဖု စတဲ့ အဖုလေးတွေကို လက်နဲ့ကိုင်တာ ဆွတာ ဆိတ်တာ ကုပ်တာ ညှစ်တာမျိုး တွေမလုပ်ပါနဲ့❌

2️⃣ ရေများများ သောက်ပေးပါ☑

3️⃣အစိမ်းရောင်ရှိတဲ့ အသီးအနှံ့များများစားပေးပါ☑

4️⃣ အပြင်သွားပီး ပြန်လာတိုင်း ဖြစ်နိုင်မယ်ဆို
မျက်နှာပြန်သစ်ပါ☑

ဘာလို့ လဲဆိုတော့ မျက်နှာပေါ်က အဆီတွေနဲ့ ပတ်ဝန်းကျင်က ဖုန်တွေကြောင့် လည်းဝက်ခြံနဲ့
အဆီဖု တွေပိုဆိုးနိုင်လို့ ပါ ☑

5️⃣ အဆီအဆိမ့် နဲ့ နို့ထွက်ပစ္စည်း အသုံးအဆောင် အစားအသောက်တွေတတ်နိုင်သမျှ ရှောင်ပေးပါ ☑

6️⃣ အငံ နဲ့ အစပ်များလည်းလျော့စားပါ ✔

7️⃣ ဝက်ခြံ အဆီဖု တွေရှိနေသေးသမျှ
မိတ်ကပ် တွေရှောင်ပေးပါမဖြစ်မနေ လိမ်းရမယ်ဆိုရင်တော့ အဆီဖု ဝက်ခြံ အသားအရေ အတွက် သီးသန့်ထုတ်ထားတဲ့ cream မျိုး သုံးပေးပါ ✔

8️⃣ ဝက်ခြံ တွေများရင် သနပ်ခါး မလိမ်းစေချင်ပါ / ယောကျာ်းလေးဆိုရင် အရက် ဘီယာဆေးလိပ် စတာတွေလျော့ပါ ✔

📌ချောကလက်ကလည်း ဝက်ခြံကို ထွက်စေပါတယ်။

9️⃣ အသင့်စား၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ် ✔

1️⃣0️⃣ အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်✔

နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးခြောက် တွေကိုလဲရှောင်ပါ✔

ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့လိုပါတယ်။ 🙅🙅

#ဝက်ခြံ
#အဆီဖု
#ရှောင်ရန် crd

07/12/2022

မောနင်း ပျော်ရွှင်စရာကောင်းသောနေ့တနေ့ပိုင်ဆိုင်ကျပါစေရှင့်🥰

07/12/2022

🦚🦚🦚🦚🦚🦚🦚🦚🦚🦚🦚

ဆောင်းတွင်း အသားပတ်တဲ့အခါ လိမ်း သင့်တဲ့အဆီ (၃) မျိုး

ဆောင်းတွင်းမှာ အသားပတ်ရတဲ့အကြောင်းအရင်းကတော့ ရေဓာတ်ခမ်းခြောက်နဲ့ စိုထိုင်းစနည်းတဲ့ လေထုတွေကြောင့်ဘဲ ဖြစ်ပါတယ်။ ဆောင်းတွင်းမှာ အသားပတ်လာပြီဆိုရင် အသားရေခြောက်သွေ့ခြင်း၊ အသားရေပတ်ကြာအပ်ခြင်းတွေကြောင်း အရမ်းကြည့်ရဆိုးစေပါတယ်။

လိုးရှင်းနဲ့ မတည့်တဲ့သူတွေ အတွက် အခု ပြောပြတဲ့ အဆီ (၃) မျိုးကို လိမ်းရင် အသင့်တော်ဆုံးပါပဲ။

၁. . Vaseline

အသားအရည်ကို ထိန်းသိမ်းတဲ့ သူတွေဆိုရင် ဒီဗူးလေးကိုသိကြမယ်လို့ ထင်ပါတယ်။ ကို ညအိပ်ခါနီးတိုင်း လိမ်းပေးရင် အသားပတ်တာကိုလည်း ထိန်းသိမ်းပေးသလို ရင်သားပျော့တွဲနေတဲ့ အမျိုးသမီးအတွက်လည်း အသုံးဝင်ပါတယ်။

၂. BabyOil

BabyOil ကတော့ ကလေးတွေ အတွက် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ဓာတုဗေဒပစ္စည်းတွေ ပါဝင်မှုက နည်းသလို နူးညံ့တဲ့ အသားအရည်တွေအတွက် သင့်တော်ပါတယ်။Baby_Oil ကို ပုံမှန်လိမ်းပေးပါရင် သင့်အသားအရည်လေးတွေက နူးသထက်နူးညံ့လာသလို ဖြစ်လာစေမှာတော့ အသေချာပါပဲ။

၃.အုန်းဆီ

ညအိပ်ခါနီးတိုင် တစ်နေ့၁ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရည်လေးတွေက စိုပြေလာမှာပါ။

06/12/2022

🤎 Morning 🤎

06/12/2022

gel 1ဗူး Sold Out par 🌼🌼

06/12/2022

😊 Sold Out par ခုလိုရောင်းရတော့ပျော်တာပေါ့ 😊

05/12/2022

အားလုံးပဲ Morning par ဗျာ🥰

05/12/2022

gel 1ဗူး Sold Out par😍😍

04/12/2022

သာယာသောနံနက်ခင်းလေးဖစ်ပါစေရှင့်🙏🙏🙏

04/12/2022

မောနင်း မနက်စောစော gel ဗူးလာအားပေးတဲ့မောင်လေးကျေးဇူးပါ🌻🌻

03/12/2022

မောနင်းသာယာသောနံနက်ခင်းလေးကိုပိုင်ဆိုင်ကျပါစေ😘

02/12/2022

☘️ တန်ဖိုးရှိလိုက်တာ…တစ်ကြိမ်တည်းလုပ်ရုံနဲ့ ဆားဝက်ခြံတွေကို ပျောက်ကင်းသွားစေတဲ့ သခွားသီးနည်း ☘️

😊 လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ်။ 😊

ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး။

ဆားဝက်ခြံတွေဟာ နှာခေါင်း၊မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

ဒီထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ်။

🍂 ဆားဝက်ခြံ သက်သာစေတဲ့နည်းတွေကတော့ အများကြီးရှိပါတယ်။🍂

ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ်။

ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။

🍃 ပထမဦးဆုံး လုပ်ရမှာကတော့သခွားသီးကို အကွင်းပုံစံ လှီးလိုက်ပါ။🍃

တစ်ခုဆို လုံလောက်ပါပြီ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ။

ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့ အတွက် အဆင်သင့်ဖြစ်ပါပြီ ။

ပြုလုပ်နည်း – ပထမဦးစွာ လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ်ပေးပါ မိနစ်အနည်းငယ် ဖိကပ်ပေးပါ။

ဒီလိုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့အတွက် ပိုပြီး အထောက်အကူဖြစ်ပါတယ်။

ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ။

အနည်းဆုံး ၅မိနစ် နှင့်အထက် သကြားများ အရည်ပျော်သည်အထိ ပွတ်ပေးရပါမယ်။

ပွတ်ပြီးသွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ။

ထို့နောက် ချွေးပေါက်ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ။

နှင်းဆီရေ ပြုလုပ်ပုံ – ၁။ နှင်းဆီပွင့်ဖက်များကို သန့်ရှင်းသော ဇလုံတစ်လုံးထဲသို့ ခြွေထည့်ပါ။

၂။ ခြွေပြီးသား ပွင့်ဖက်များကို ရေသန့်သန့်နှင့် ဆေးပါ။

၃။ ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေးဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ။

၄။ ပြီးလျှင်အအေးခံပြီး ပွင့်ဖက်များမပါအောင် အငွေ့လုံသော ဘူးသန့်သေးသေး တစ်လုံးထဲသို့ လောင်းထည့်ပါ။

၅။ ဤအရေများကို နှင်းဆီရေအဖြစ် အသုံးပြုနိုင်ပါပြီ။

တစ်ခါလုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ။

သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ်ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ။

နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင်

သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ။

01/12/2022

toner လေးသုံးပီး gel လေးလိမ်းထားတယ် good night par 🥰

01/12/2022

gel 1ဗူး Sold out par 🥰

30/11/2022

Morning Hello December ကံကောင်းချင်းတေယူဆောင်လာပေးပါ😘😘

29/11/2022

မဂ်လာရှိသောနံနက်ခင်းလေးကိုပိုင်ဆိုင်ကျပါစေရှင့်🌞🌞🌞

Photos from Shwe Zin's post 29/11/2022

🌻 ၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေပြီလား

ဒီတစ်ပတ်တော့ အမေးများနေတဲ့ မေးခွန်းတွေထဲက တစ်ခုဖြစ်တဲ့ တင်းတိပ်တွေထွက်နေတယ် ဝက်ခြံအမာရွတ်တွေရှိနေတယ် အဆီဖုတွေ ဖြစ်နေတယ်

အမဲစက်တွေကြောင့် စိတ်ညစ်နေရတယ် ဘာလုပ်ရမလဲ??? အကြံဉာဏ်ပေးပါဦး တင်ပေးပါဦး ဆိုသူတွေအတွက် လွယ်ကူရိုးရှင်းပြီး အကုန်အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီ

ဒါကတော့ Potato Mask (အာလူးနဲ့ မျက်နှာပေါင်းခြင်း) ပါပဲ ပါဝင်ပစ္စည်းက အာလူးတစ်မျိုးတည်းလား

အာလူးတစ်မျိုးတည်းပါပဲ

ဒါပေမယ့်လည်း ပိုပြီးထိရောက်စေတဲ့ နည်းလမ်းလေးတော့ ရှိတာပေါ့ ဘယ်လိုလုပ်လဲဆိုတာ ကြည့်ရအောင်

ပြုလုပ်ပုံ

အာလူးကို ရေစင်အောင်ဆေးပါ အခွံနွှာပါ

သနပ်ခါးကျောက်ပျဉ်ကိုလည်း ရေစင်အောင်ဆေးပါ (I ကတော့ ရေပူနဲ့ ဆေးပါတယ် မျက်နှာမှာသုံးမှာဖြစ်တဲ့အတွက် bacteria မဝင်ဖို့ သတိထားရပါမယ်)

အခွံနွှာထားတဲ့ အာလူးကို ရေအနည်းငယ်ဖြင့် ကျောက်ပျဉ်ပေါ်သွေးပါ ပြီးရင် အာလူးကိုယူပြီး မျက်နှာပေါ်လိမ်းပေးပါ

အရေကုန်သွားရင် ထပ်သွေးပြီး လိမ်းပါ(သွေးထားတဲ့ အရည်ကို မလိမ်းပါဘူးနော်… သွေးထားတဲ့ အာလူးကို ကိုင်ပြီးလိမ်းတာပါ) ဘာကြောင့် သွေးပေးတာလဲဆိုတော့ အာလူးထဲက အာနိသင်တွေ ပိုထွက်စေချင်လို့ပါရှင့်

လိမ်းပြီးပြီဆိုရင် လုံးဝခြောက်ပြီး တင်းလာတဲ့အထိ မိနစ် ၂၀ ခန့်ထားပေးပါ ပြီးရင်တော့ မိမိသုံးနေကျ facial foam လေးနဲ့ မျက်နှာသစ်လို့ရပါပြီ

ဒီနည်းကတော့ တကယ်ကို ထိရောက်ပြီး ဘေးဥပဒ် (side effect) မရှိတာမို့ တင်းတိပ်အရမ်းများနေတဲ့သူများ၊ အမှန်တကယ် လိမ်းဖို့လိုအပ်နေတဲ့သူများနေ့တိုင်း လိမ်းပေးလို့ရပါတယ်နော်

ဒီနည်းလမ်းလေးကို တစ်ချို့က သိတယ် တစ်ချို့က မသိဘူး တစ်ချို့ကလည်း သိရက်နဲ့ မလုပ်ဘူး

ဘယ်အရာမဆို ဒီနေ့လုပ် ဒီနေ့ပျောက်ဆိုတာ မရှိပါဘူးနော် စိတ်ရှည်ရှည်လုပ်မှ result တစ်ခုကို ရတာပါနော်

ဒီတစ်ပတ် လွယ်ကူရိုးရှင်းတဲ့ အိမ်တွင်း သဘာဝ အသားအရည်ထိန်းသိမ်းတဲ့ နည်းလမ်းလေးကို ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်

Iကိုယ်တိုင်က အားလုံးကို လှစေချင်လို့ မေတ္တာဖြင့် sharing လုပ်ပေးခြင်းဖြစ်တာကြောင့် ဒီနည်းလေးကို မသိသေးတဲ့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေအတွက်လည်း post လေးကို ထပ်ပြီး ဝေမျှပေးလိုက်ပါဦး နော် 😘

29/11/2022

👩 အသားအရေခြောက်သွေ့ခြင်းအတွက် အိမ်တွင်းကုထုံးများ
အသက်အရွယ်အရဖြစ်စေ၊ အရေပြားအခြေအနေကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်အခြေအနေများကြောင့် အသားအရေ ခြောက်သွေ့အက်ကွဲခြင်းဟာ နေရထိုင်ရခက်စေပါတယ်။ အသားအရေခြောက်သွေ့ခြင်းကို xerosis လို့ခေါ်ဝေါ်ပြီး အရေပြားရဲ့ အပြင်ဆုံးအလွှာမှာ စိုစွတ်မှုမရှိတဲ့ အခြေအနေဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် အရေပြားများအက်ကွဲပြီး ရောဂါပိုးဝင်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းဖို့ဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဒီအတွက် ဈေးကြီးပေးဝယ်နေရတဲ့ အလှအပရေးရာ အသုံးအဆောင်တွေကလည်း ဈေးကြီးပေမယ့် ထိရောက်မှုရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။

တကယ်တော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အိမ်တွင်းကုထုံးတွေ ရှိနေပါတယ်။ ဒါကြောင့် နာမည်ကြီးပစ္စည်းတံဆိပ်တွေကို ဈေးကြီး ပေးမဝယ်ခင်မှာ အောက်မှာ ဆက်လက်ဖော်ပြသွားမယ့် နည်းလမ်းတွေကို ဦးစွာ စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

၁။ နေကြာဆီ
နေကြာဆီကို အရေပြားပေါ်မှာလိမ်းပေးရင် အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး အသားအရေကို ခြောက်သွေ့ခြင်းမရှိအောင် ကာကွယ်ပေးပါတယ်။ သဘာဝအဆီတိုင်းကိုတော့ အစိုဓာတ်ထိန်းသိမ်းပေးတဲ့ အလှကုန်ပစ္စည်းအနေနဲ့ အသုံးပြုဖို့ မသင့်တော်ပါဘူး။ ဒါပေမယ့် နေကြဆီကိုတော့ စိတ်ချလက်ချသုံးနိုင်တယ်လို့ သုတေသနတွေအရ သိရပါတယ်။

၂။ အုန်းဆီ
ခြောက်သွေ့တဲ့ အသားအရေအတွက် အသုံးပြုနိုင်တဲ့ တခြားသဘာဝအဆီတစ်မျိုးကတော့ အုန်းဆီဖြစ်ပါတယ်။ အုန်းဆီလိမ်းလိုက်ရင် အရေပြားပေါ်က အဆီဓာတ် (lipid) များကို တိုးလာစေပြီး အရေပြားရဲ့ အစိုဓာတ်ကို ကောင်းကောင်းထိန်းသိမ်းပေးပါတယ်။

အုန်းဆီမှာ ပြည့်ဝဆီအမျိုးအစား ဖက်တီးအက်ဆစ်ပါဝင်ပြီး နူးညံ့ပျော့ပြောင်းစေတဲ့ အာနိသင်ရှိပါတယ်။ ခြောက်သွေ့နေတဲ့ အရေပြားထဲက အက်ကွဲကြောင်းငယ်လေးများထဲ ဝင်ရောက်စိမ့်ဝင်နိုင်ပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။

၃။ နွားနို့
နွားနို့သောက်ပေးခြင်းဟာ အသားအရေခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ သုသေသနအချို့အရ နွားနို့ပါဝင်တဲ့ စားသောက်ဖွယ်ရာတိုင်းဟာ အသားအရေခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ နွားနို့မှာ phospholipid လို့ခေါ်တဲ့ အဆီဓာတ်တစ်မျိုးပါဝင်ပြီး အသားအရေကို စိုပြည်စေပါတယ်။

၄။ ပျားရည်
ပျားရည်ဟာ အရေပြားရောဂါမျိုးစုံအတွက် အထောက်အကူပြုပါတယ်။ အသားအရေခြောက်သွေ့ခြင်းအတွက် အိမ်သုံးဆေးဝါးအနေနဲ့ သုံးနိုင်ပါတယ်။ ပျားရည်ဟာ အသားအရေကို စိုပြည်စေရုံသာမကဘဲ အနာကျက်စေတဲ့၊ ရောင်ရမ်းမှုကို ကျစေတဲ့ အာနိသင်တွေ ရှိပါတယ်။

၅။ Petroleum jelly အလှဆီ
Petroleum jelly ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရေနံတူးဖော်သူတွေဟာ မတော်တဆ ထိခိုက်ရှနာများကို ဆေးအနေနဲ့ လိမ်းခဲ့ကြပါတယ်။ အနာကျက်စေခြင်း၊ အသားအရေစိုပြည်စေခြင်း စတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ အသက်အရွယ်ကြီးရင့်လာချိန်မှာ ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းအတွက်လည်း သုံးစွဲနိုင်ပါတယ်။

၆။ ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ဟာ အသားအရေခြောက်သွေ့အက်ကွဲခြင်းကို ကာကွယ်ပေးပါတယ်။ အရေပြားခြောက်သွေ့တဲ့ လက် ဒါမှမဟုတ် ခြေထောက်ကို ရှားစောင်းလက်ပပ်အနှစ်လိမ်းထားပြီး လက်အိတ်၊ ခြေအိတ်ဝတ်ထားပေးရင် အသားအရေပြန်လည်စိုပြည်လာတာကို တွေ့နိုင်ပါတယ်။

28/11/2022

😘

27/11/2022

gel လေး 1ဗူး sold out par ခုလိုတဆင့်အားပေးတဲ့ညီမလေးကျေးဇူးပါနော်ငွေအ၀င်လေးလဲရောက်ပါတယ်ရှင့်😘

25/11/2022

မဂ်လာနံနက်ခင်းလေးပါရှင့်🌻🌻🌻

24/11/2022

🍃 ၀က်ခြံဖုပေါ်သွားတိုက်ဆေးတို့ခြင်းဖြင့် အရေပြားခြောက်သွေ့ခြင်းနှင့် ဝက်ခြံပိုဆိုးခြင်း ဖြစ်စေနိုင်

🌴 ဝက်ခြံဖုပေါ် သွားတိုက်ဆေးတို့ပေးတာကြောင့် အရေပြားခြောက်သွေ့တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့ ဝက်ခြံအဖုအပိမ့် ပိုဆိုးတာတွေကို ဖြစ်စေနိုင်တယ်လို့ အရေပြားအထူးကု ဆရာဝန်တွေက ဆိုလိုက်ပါတယ်။🌴

🌵အရေပြားက အဆီပြန်တဲ့အခါ ဆီကြည်ထွက်လာပြီး အရေပြားဆဲလ်သေနဲ့ပေါင်းကာ ချွေးပေါက်ပိတ်ဆို့ရာက ဝက်ခြံဖုထွက်လာပါတယ်။ P acne အမည်ရှိ ဘက်တီးရီးယားပိုးတွေက အရေပြားမျက် နှာပြင်ပေါ်မှာ ပုံမှန်အားဖြင့်ရှိပြီး ချွေးပေါက်ထဲက အဆီပိုတွေကိုအားဖြည့်ပေးပါတယ်။ ယင်းဘက်တီးရီးယားတွေ ပေါက်ပွားမှုများလာတဲ့အခါ ချွေးပေါက်ရောင်ရမ်းလာပြီး ဝက်ခြံဖုက နီမြန်းကြီးထွားလာပါတော့တယ်။ ဆယ်ကျော်သက်အရွယ်အတွင်း ဟော်မုန်း အဆင့်မြင့်တက်တာကြောင့် ဆီကြည်ထွက်ရှိမှု အမြင့်ဆုံးဖြစ်တဲ့အတွက် ဝက်ခြံက အဖြစ်များဆုံး ဖြစ်ပါတယ်။🌵

“🌱 သွားတိုက်ဆေးကို နှစ်ပေါင်းများစွာကတည်းက ဝက်ခြံကုဖို့နည်းတစ်ခုအဖြစ် သုံးခဲ့ကြပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ဆော်ဒါမှုန့်ပါတဲ့အတွက် ဝက်ခြံဖုကိုခြောက်သွေ့စေပါတယ်။ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေက မျက်နှာအတွက် ကြမ်းလွန်းပါတယ်။ အရေပြားခြောက်တာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။ မန်သော်ပါတဲ့ သွားတိုက်ဆေးဆိုရင် အရေပြားယားယံတာနဲ့ ရောင်ရမ်းတာတို့ ဖြစ်စေနိုင်ပါတယ်”လို့ အရေပြားအထူးကု ဒေါက်တာအယ်လ်ချက်က ဆိုပါတယ်။ 🌱

🍂 မျက်နှာရှိ ဝက်ခြံအဖုအပိမ့်တွေပေါ် သွားတိုက်ဆေးတို့တာက မျက်နှာကို ဘက်တီးရီးယားပိုးတွေဝင်အောင် ပိုတွန်းပို့သလို ဖြစ်စေတယ်လို့ သိရပါတယ်။ ဝက်ခြံကို သွားတိုက်ဆေးတို့မယ့်အစား ရက်တီးနွိုက်ခရင်မ်လိမ်းတာ၊ ဂလိုင်ကောလစ်အက်စစ်ပါတဲ့ ဆေးလိမ်းတာ၊ ဆလီးဆလစ်အက်စစ်ပါတဲ့ ဆေးလိမ်းတာတို့ကို လုပ်ဆောင်သင့်ကြောင်း အရေပြားအထူးကုဆရာဝန်တွေက အကြံပြုထားပါတယ်။ 🍂

Photos from Shwe Zin's post 24/11/2022

ကိုယ်ရောင်းတဲ့ပစ္စည်းဘာလဲမေးရင်ဒီ2မျိုးရောင်းတာပါနော်တချို့တေဘာရောင်းတာလဲမေးလို့ပါ😊

24/11/2022

မဂ်လာရှိသောနံနက်ခင်းလေးပိုင်ဆိုင်ကျပါစေရှင့်😘

Want your business to be the top-listed Beauty Salon in Pyay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Wethtigan
Pyay

Other Spa, Beauty & Personal Care in Pyay (show all)
KPPT Os Online Shop KPPT Os Online Shop
Pyay, 08191

Heffey Skincare Pyay Heffey Skincare Pyay
Pyay, HEFFEY

Jaw Lu Lu San Jaw Lu Lu San
Pyay

online shop

Beauty Life Beauty Life
Pyay, 8151

Beauty Life Colour cosmetics and Skin Care ဆိုတာ နာမည္ၾကီး cosmetics ေ

Nge's Crochet Handmade Nge's Crochet Handmade
Nat Mauk
Pyay

ALM online shop ALM online shop
Pyay City
Pyay

ALM online shop အလှကုန်မှ ကြိုဆိုပါတယ်ရှင့်....

Buy Me By Thiri Buy Me By Thiri
Pyay

အလှကုန်၊လူသုံးကုန် လက်လီ၊လက်ကား။