MM Online Shop
MM Online Shop
ဈေးလမ်း ကျောင်းကြီးရပ် ပြည်မြို့
လက်လီလက်ကား ဖြန့်ချီရေး
☎09964443360
ဝမ်းချုပ်တတ်ရင်
ဝက်ခြံနဲ့ အဆီဖုတွေ ထွက်တတ်ရင်.. နေ့တိုင်းမှန်မှန်သောက်🍹
ဝမ်းအရမ်းမချုပ်ဘူး
ညောင်းညာတတ်တယ်။
ခေါင်းမကြည်တာမျိုးဖြစ်တတ်တယ်ဆိုလဲ မနက်ခင်းလေးသောက်ပေး.... အချစ်တို့ရေ😘
ရေသန့်သန့်လေး ၁၅၀ မီလီ (သို့)၂၀၀ မီလီနဲ့အတူ ခပ်နာနာလေး ဗူးထဲမှာ Shake ပြီးမှ သောက်နော်...👈👈👈👈
Smoothly ဖြစ်ပြီး ဘယ်လိုအရသာရှိထိမိဂွိဖြစ်နေလဲဆိုတာကို...သောက်သာကြည့်လိုက်တော့....🍑🥂🍑🍹
☎️09-964443360or Cbသို့သာ ဆကိသွယ်လိုက်ပါ
အိမ်အရောက်ငွေချေ ပို့ဆောင်ပေးနေပြီနော်
ပျော်ရွှင်ခြင်းကို ရှာဖွေခြင်း
အဖိုးတန် ဝတ်စုံဝတ်ထားပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်က စိတ်ရောဂါအထူးကုဆရာဝန်ကြီးဆီ လာပြတယ်။သူဟာ စိတ်ဓာတ်ကျနေပြီးသူ့ဘဝဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောခဲ့တယ်။ဆရာဝန်က ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်တဲ့ အဘွားအိုကို လှမ်းပြောတယ်။
'မယ်ရီရေ မင်းရဲ့ပျော်ရွှင်မှုကို ဘယ်လိုရှာတွေ့ခဲ့လဲဆိုတာ မျှဝေပေးပါဦး"
ဆရာဝန်က သူ့လူနာကို ကြည့်ပြီး
" သူပြောတာ ကို နားထောင်ကြည့်ပေးပါ"လို့ ပြောတယ်။
အဲဒီတော့ အဘွားအိုက တံမြက်စည်းကိုကိုင်ပြီး ထိုင်ခုံမှာ ထိုင်ကာ သူ့အကြောင်းပြောခဲ့တယ်။
"ကျွန်မ အမျိုးသားဟာ ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်။ အမျိုးသား တိမ်းပါးပြီး သုံးလအကြာမှာ တစ်ဦးတည်း သော သားလေးက ယာဉ်တိုက်မှုနဲ့ ဘဝတစ်ပါးကို ကူးသွားတယ်။ ကျွန်မမှာ ဘာမှ မရှိတော့ဘူး။ ဘဝကြီးက ဗလာပဲ ။အဓိပ္ပာယ်မဲ့သွားတယ်။အိပ်မပျော် စားမဝင် ဖြစ်တယ်။ မပြုံးမရယ်ဖြစ်တော့ဘူး။ အလုပ်ထဲကလူတွေကိုတောင် ဝတ်ကျေတန်းကျေ ပြုံး မပြနိုင်ဘူး။ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ထိစိတ်ကူးခဲ့တယ်"
အမျိုးသမီးက စိတ်ဝင်တစားကြည့်ရင်း နားထောင်နေတယ်။
"တစ်ညနေ မှာ ပေါ့။ကျွန်မ အလုပ်က အပြန်မှာ
ကြောင်ကလေးတစ်ကောင် အနောက်က လိုက်လာတယ်။ အပြင်မှာလည်း အေးနေလို့ ကြောင်ပေါက်လေးကို သနားတာနဲ့ အိမ်ထဲပေးဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ပန်းကန်ထဲ နို့ထည့်ပေးတော့ ကြောင်လေးက တစ်စက်မှ မကျန်တဲ့အထိ ပန်းကန်ကို လျက်လိုက်တယ်။နောက်ပြီးကြောင်လေးက ကျွန်မခြေထောက်ကို ချစ်စဖွယ် အမူအရာနဲ့ ပွတ်သပ်တယ်။။ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်မ ပြုံးမိလိုက်တယ်။ကြောင်ပေါက်လေးကို ကူညီတာကတောင် ကျွန်မကို ပြုံးရယ်စေမယ်ဆိုရင် လူတွေအတွက် တစ်ခုခုလုပ်ပေးတာက ကျွန်မကို ပိုပြီးပျော်ရွှင်စေနိုင်မလားလို့ တွေးမိတယ်။ဒါနဲ့ နောက်နေ့ကျ ဘီစကစ်တွေ ဖုတ်ပြီး နေမကောင်းဖြစ်အိပ်ယာထဲ လဲနေတဲ့ အိမ်နီးချင်းတစ်ယောက်ဆီ ပေးခဲ့တယ်။အဲဒီနေ့ကစပြီး နေ့တိုင်း တစ်စုံတစ်ယောက်အတွက် ကောင်းတာတစ်ခုလုပ်ဖို့ အမြဲကြိုးစားတယ်။ သူတို့ပျော်တာကိုမြင်ရတာ ကျွန်မလည်း ပျော်ရတယ်။သူတစ်ပါးကို ပေးကမ်းခြင်းဟာ ပျော်ရွှင်မှုပဲဆိုတာကို ကျွန်မရှာတွေ့ခဲ့တယ်။”
အဘွားအို ပြောပြတာကို ကြားတော့ လူနာ(သူဌေးမ)ကငိုတယ်။ ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ အရာအားလုံးကို သူပိုင်ဆိုင်ခဲ့ပေမယ့် ပိုက်ဆံနဲ့ဝယ်လို့မရတဲ့ အရာတွေကို သူဆုံးရှုံးခဲ့ရပါလားလို့ တွေးပြီး ငိုတယ်။
ဘဝရဲ့ အဖိုးတန် အလှတရားဆိုတာ မင်းဘယ်လောက်ပျော်နေလဲဆိုတဲ့အပေါ်မှာမူတည်တာ မဟုတ်ဘူး၊ ဒါပေမယ့် မင်းကြောင့် တခြားသူတွေ ဘယ်လောက်ပျော်နိုင်တယ်ဆိုတဲ့အပေါ်မှာ မူတည်တယ်။
ပျော်ရွှင်မှုဆိုတာ ပန်းတိုင်မဟုတ်ပါဘူး။ ခရီးတစ်ခုပါပဲ။
ပျော်ရွှင်မှုဆိုတာ မနက်ဖြန်မှ မဟုတ်ဘူး၊ အခုပါပဲ။
ပျော်ရွှင်မှုဆိုတာ မှီခိုမှုမဟုတ်ဘူး၊ ဆုံးဖြတ်ချက်တစ်ခုပါ။
ပျော်ရွှင်မှုဆိုတာ မင်းမှာရှိတဲ့အရာဝတ္ထုတွေမဟုတ်ဘဲ မင်းဘယ်သူလဲဆိုတာပါပဲ။
ချစ်တို့. skin မကောင်းလို့ စိတ်ပျက်စရာမလိုတော့ဘူးနော်
Glow skin ရစေတဲ့အပြင် ဝိတ်တက်နေတဲ့မမမေမေ ဒေါ်ဒေါ်တွေအတွက်
တနေ့တခွက် ညတိုင်း ပုံမှန်သောက်ပေးပါ
ဝမ်းမှန်ပြီ အဆိပ်အတောက်ကင်းပြီ အဆီပါကျစေအုန်းမှာနော်
☎09758596201(or)cbသို့သာဆက်သွယ်လိုက်ပါ
ပြည်မြို့မှ အနယ်နယ်အရပ်ရပ်ကို 3ရက်အတွင်း အိမ်အရောက်ပို့ဆောင်ပေးနေပြီနော်
ချစ်တို့အတွက်ဝိတ်ကျစေတဲ့အပြင် ဘက်စုံသုံးလို့ရတဲ့ perfect က ပါရမီဖြညိ့ပေးနေပြီနော်
☎09758596201သို့ဆက်သွယ်လိုက်ပါ
အိမ်အရောက်ပို့ဆောင်ပေးနေပြီနော်
ပြည်မြို့က ချစ်တို့ ပို့ခ freeအပြင် အခုမှာနေချင်းရောက် မို့လို့. ပစ္စည်းပြတ်တော့မယ်နော်
ဖုန်းဆက်မှာယူရင် ပိုမြန်တာမို့ heloလေးသာလုပ်လိုက်ပါ
မင်မင်ရဲ့ ချစ်တွေ ဆက်သွယ်မှာယူလိုပါက
☎09758596201သို့သာ ဆက်သွယ်လိုက်ပါ
အမြန်ဆုံး ပြန်လည်ဖြေကြားပေးနေပြီနော်
MM Online Shopမှ ရောင်းချသော ပစ္စည်းများကို ပြည်မြို့မှ အနယ်နယ်အရပ်ရပ်ကို အိမ်အရောက် ငွေချေစနစ်ဖြင့် ဝန်ဆောင်မှု ပေးနေပါပြီနော်
ပြည်မြို့မှ ကိုယ်တိုင်ဝယ်ယူချင်သူများအတွက် အမှတ် 240 ဈေးလမ်း ကျောင်းကြီးရပ် 21 mini martတွင် လာရောက် ကြည်ရှု့ အားပေးနိုင်ပါတယ်ရှင်
onlineမှ မှယူလိုသူများအတွက်
☎09964443360သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်
မင်မင်ရဲ့အသဲလေးတွေ အတွက်
ပစ္စည်းတွေ 3ရက်အတွင်း အမြို့မြို့အနယ်နယ်ကို အိမ်အရောက်ပို့ဆောင်ပေးနေပြီနော်
ယုံရပါ့မလား စိတ်ချရရဲ့လား???
Perfect ဆိုတာ အာရှ ဆု ၂ခုရထားတဲ့ Brand
Feedback တွေ Review တွေ ရာချီ ထောင်ချီ
ရထားတဲ့ Brand
တစ်နှစ်ကို ဗူးရေ သန်းချီ ရောင်းနေရတဲ့ Brand
အသက် ၈နှစ်ကစသူံးလို့ရလို့ Side Effects
အကင်းဆူံး Brand
သက်ကြီး ရွယ်အိုတွေကအစ စိတ်ချစွာ သူံးလို့ရတဲ့
Brand
ထိုင်း မြန်မာ FDA ရပီးသား Brand
တရားဝင်လိုင်စင်နဲ့အတူ မူပိုင်ခွင့်ရှိထားပီးသား
Brand
Online Offline ကြိုက်တဲ့နေရာမှာရောင်း
ရဲရဲကြီး ရောင်းလို့ရတဲ့ Brand
ရောင်းသူဝယ်သူစိတ်ချမ်းသာစေတဲ့ Brand 😍😍
၁၀ ဗူးကစ ကိုယ်စားလှယ်ယူ ပြန်ရောင်းလို့ရပီရှင့်
ပြည်မြို့ကိုယ်စလှယ်
☎09758596201(or)cb သိုဆက်သွယ်လိုက်ပါ
အိမ်အရောက်ငွေချေ ပို့ဆောင်ပေးနေပြီနော်
Perfect အဆီကျလိမ်းဆေးလေးလိမ်းပြီး အိပ်မယ်🛌
တနေ့တာ စားထားသမျှချေဖျတ်ပီး မနက်အိပ်ယာထ တဲ့အခါဝမ်းဖြစ်သွားစေပီး🚽
အဆီတွေကျဗိုက်ကလေးချပ် ကျစ်လစ်စေဖို့တွက်
အစားမရှောင်နိုင်တဲ့အချစ်တွေ🥰
perfect အဆီကျလေးလေးဆက်လိမ်းပေးနော်🙌
perfect အဆီကျဆပ်ပြာလေးနဲ့ပါ ရေခ်ျိုးဖို့မမေ့နဲ့နော်🛀🧖♀️
သုံးစွဲချင်သူချစ်တို့အတွကိ
☎09758596201(or)cbသို့
ဆက်သွယ်လိုက်ပါ
အိမ်အရောက်
လက်လီ လက်ကား ပို့ဆောင်ပေးနေပြီနော်
မင်မင်ရဲ့pageလေးကိုမြင်တဲ့သူအားလုံး Good morningပါ
friတွေအားလုံး စိတ်ကြည်လင်လန်းဆန်းပြီနေကောင်းကျမ်းမာကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်
အဆီလဲချ အကြောလဲပြေ ဒူးနာ ခါးနာပါ သက်သာစေတဲ့အပြင် နှာစီးချောင်းဆိုးနေလဲ သုံးလို့ရတဲ့
မိသားစုတစုလုံးရဲ အားထားရတဲ့ perfect လိမ်းဆေးလေးကို အိမ်တိုင်းဆောင်ထားသင့်ပြီနော်
ပြည်မြို့မှ အနယ်နယ်အရပ်ကို လက်လီ လက်ကား အိမ်အရောက်ပို့ဆောင်ပေးနေပြီနော်
☎09758596201(or)cb
သို့သာဆက်သွယ်လိုက်ပါ
အားလုံးအစဉ်ပြေသွားမယ်နော်
ပြည်မြို့ရဲ့ညနေခင်းလေးကလဲ သာယာနေတာပဲလေ
မင်မင် pageမှ ချစ်ကာကာတို့အတွက် ပြည်မြို့ရဲ့မနက်ခင်းလေ
ကျွန်မတို့ဘဝက ကော်ဖီခါးခါးတစ်ခွက်ဆိုရင်တောင် ကျွန်တော်တို့ သကြားထည့်မကြည့်ရသေးတဲ့ ကော်ဖီခါးခါးတစ်ခွက်ပဲ ဖြစ်လိမ့်မယ်။
♥ အဆီလဲ ကျမယ်..
♥ အသားအရေလဲ လှမယ်..
♥ ရေချိုးရင်း ပုံမှန်သုံးရုံပဲ ....
♥ Coffee နဲ့ Chillies ကို အချိုးကျကျပေါင်းစပ်ထုတ်လုပ်ထားတဲ့ ...
♥ Perfect Body Natural Slimming Soap.
.....................................................................crd
အကြိုက်တွေ့လဲဖြစ်ဖြစ်
စမ်းသုံးကြည့်ချင်လို့ပဲဖြစ်ဖြစ်မှာယူလိုပါက
ချစ်တို့အတွက် အိမ်အရောက်ပို့ဆောင်ပေးနေတဲ့
MM Online shopလေးကို သတိရလိုက်ပါနော်
ပြည်မြို့ကိုယ်စလှယ်
☎09758596201
လက်လီ လက်ကား ဖြန့်ချီရေး
ဆောင်းရာသီအတွက်
အရမ်းအသုံးဝင်တဲ့
Cherry Blossom &Goat Milk Lotion Pack လေးကို...
Colla Detox ၁ဗူးဝယ်တိုင်း လက်ဆောင်၁ထုပ်ရမှာနော်🤗
Lotion လေးရဲ့ ကောင်းမွန်မှုကတော့...ထွေထူးပြောနေစရာမလိုဘူး ။
အကြိုက်တွေ့စေမှာသေချာ❤❤❤
Detox ကြောင့်ဝမ်းမှန်ပြီး
Lotion လေးကြောင့်စိုပြေဝင်းပနိုင်ဖို့
November Promotion ကိုလက်မလွှတ်နဲ့နော်😍😍😍
ပြည်မြို့မှ အနယ်နယ်အရပ်ရပ်သို့
လက်လီ လက်ကား ဖြန့်ချီပေးနေပြီနော်
☎09758596201
“ကိုယ့်ဘဝကိုယ် ကျေနပ်မှု ရှိစေဖို့”
◾️အမေရိကန် သမ္မတဟောင်း အိုဘားမား စကားဝိုင်းတစ်ခုမှာ ပြောသွားတာလေး မှတ်မိနေတယ်။ ဘာမှကြီး အထူးတဆန်းတော့ မဟုတ်ဘူး။ ရိုးရိုးလေးပဲ။ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူး ထင်နေတဲ့သူတွေ၊ သူများနဲ့ နှိုင်းယှဉ်ပြီး အားမရ ဖြစ်နေတဲ့သူတွေအတွက် မှတ်ထားသင့်တဲ့ စကားပေါ့။
ဘာလဲဆိုတော့
There are many tools by which you can change the world around you.
မင်းပတ်ဝန်းကျင်ကို၊ မင်းပတ်ချာလည်က ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တဲ့ အရာတွေ မင်းမှာ အများကြီး ရှိတယ်တဲ့။
ဥပမာ ကြင်နာသနားတတ်ခြင်း၊ ပညာရပ်တစ်ခုခု ကျွမ်းကျင်တတ်မြောက်ခြင်း၊ အများအကျိုး ဆောင်ရွက်လိုစိတ် ရှိခြင်း စတဲ့ အရည်အသွေးတွေပေါ့။
◾️ကိုယ်က ကလေးချစ်တတ်သလား။ အဲဒီစိတ်ကလေးကို အရင်းတည်ပြီး ကမ္ဘာကြီးကို အကျိုးပြုလို့ ရတယ်။ ကလေးတွေကို စာသင်ပေးမယ်။ ပုံပြင်ပြောပြမယ်။ အကြင်နာတရား ထားပြီး စောင့်ရှောက်မယ်။ သူတို့ရင်ထဲမှာ မေတ္တာ၊ ကရုဏာတွေ ရှိလာအောင် ပျိုးထောင်ပေးမယ်။ ဒါဆို လောကကြီးမှာ လူယုတ်မာတွေ၊ အကြမ်းဖက်သမားတွေ နည်းသွားနိုင်တယ်။
စာရေးတတ်သလား။ ဒီလိုဆို ပိုကောင်းတဲ့ ကမ္ဘာကြီး ဖြစ်လာဖို့အတွက် စာရေးခြင်းနဲ့ အကျိုးပြုလို့ ရတာပေါ့။ ဆေးကုတတ်သလား။ လူထုကို အသိပညာပေး ဟောပြောမှုမှာ ကျွမ်းကျင်သလား။ ဆောက်လုပ်ရေးပညာ တော်သလား။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတစ်ခုခုကို ထည့်ဝင်ပြီး လောကကောင်းကျိုး ဆောင်ရွက်လို့ ရပါတယ်။
ငယ်ဘဝက စိတ်ဒဏ်ရာတွေ ရခဲ့သလား။ ငါတော့ အဲ့လိုကြီး ဖြစ်ခဲ့ပြီလို့ မတွေးလိုက်နဲ့။ အဲဒါတွေကို အခြေခံပြီး တခြားလူတွေ ကိုယ့်လို မဖြစ်အောင် အသိပညာ မျှဝေလို့ ရတယ်။ ကိုယ်တိုင်ဒဏ်ရာရခဲ့ဖူးတဲ့အခါ သူများတွေကိုလည်း ပိုပြီး နားလည်ပေးနိုင်လာတယ်။ စိတ်ဒဏ်ရာသည်ပင်လျှင် အသုံးချတတ်ရင် Tool တစ်ခု ဖြစ်သွားတယ်။
◾️လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်တတ်တဲ့သဘော ရှိတယ်။ လူမှုကွန်ရက်တွေ ခေတ်စားလာတော့ ပိုဆိုးတယ်။ ဒီအခါ သူများနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်တာ၊ သုံးမရဘူး ထင်တာ၊ အားမလို အားမရ ဖြစ်တာတွေ ရှိလာတယ်။
သူများတွေ ဘွဲ့ ၂ ခု၊ ၃ ခု ရနေတာပဲ မြင်နေကြပါတယ်
သူတို့ထက် ကိုယ်က ပိုပြီး အများအကျိုး လုပ်နေရတာကို မြင်ဖို့ မေ့နေတတ်ကြပါတယ်
သူများတွေ ငွေလှူနိုင်တာပဲ မြင်ပြီး ငါကျ သူတို့လို မလှူနိုင်ဘူးလို့ တွေးတယ်။ ဘတ်စ်ကားပေါ်မှာ သက်ကြီးရွယ်အိုတွေကို နေရာဖယ်ပေးခဲ့တာ၊ မရှိဆင်းရဲသားတွေကို ကြုံရင်ကြုံသလို ပေးကမ်းလေ့ရှိတာ၊ သူတစ်ပါး အောင်မြင်တဲ့အခါ လှိုက်လှိုက်လှဲလှဲနဲ့ကို ဝမ်းသာပေးတတ်တာ၊ ဒီလိုလုပ်ရပ်တွေကို မေ့နေတတ်ကြပါတယ်။ လုပ်ရပ်ကောင်းတွေလို့ မခံယူမိကြဘူလေ
သတ္တိရှိလိုက်တာ ဆိုပြီးပဲ အားကျနေတယ်။ ငါလည်း အဲ့လိုစိတ်မျိုး ရှိချင်လိုက်တာလို့ ပြောတယ်။ ကိုယ့်ရဲ့ ကြင်နာတတ်တဲ့ စိတ်ကလေး၊ နားလည်မှုထားတတ်တဲ့ စိတ်ကလေးကိုကျ အသိအမှတ် မပြုမိခဲ့ဘူး။
တကယ်တော့ ပညာတွေ အများကြီးတတ်ပြီ၊ ငွေတွေ အများကြီးရှိမှ လောကကြီးကို ပိုကောင်းအောင် လုပ်နိုင်တာ မဟုတ်ဘူး။ ကိုယ့်ရှိသလောက်ကို အများအတွက် ထည့်ဝင်လိုစိတ် ရှိရင်ပဲ အဆင်ပြေနေပြီ။
သတ္တိရှိသူတွေချည်းလည်း ကမ္ဘာကြီးက လိုအပ်နေတာ မဟုတ်ဘူး။ ကြင်နာသနားတတ်တဲ့သူတွေကိုလည်း ကမ္ဘာကြီးက လိုအပ်နေပါတယ်။
ဒီလိုပုံစံနဲ့၊ ဒီလိုအရည်အသွေးတွေ ရှိမှ လူဖြစ်ရကျိုးနပ်တယ်လို့ မရှိပါဘူး။ ကိုယ့်ပုံစံနဲ့ကိုယ်၊ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပေါ့။ သူများနဲ့ တစ်ချိန်လုံး နှိုင်းယှဉ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း အမှန်အတိုင်း မြင်၊ အမှန်အတိုင်း သိနေဖို့ လိုအပ်ပါတယ်။
◾️ဒါကြောင့် စဉ်းစားကြည့်ပါ။ ကိုယ့်မှာ ဘယ်လို Tools တွေ ရှိနေသလဲလို့။
အရည်အချင်းအားဖြင့် ဘာတွေ ရှိလဲ၊ ဘာတွေ တတ်မြောက်ကျွမ်းကျင်ထားသလဲ။
ထည့်ဝင်နိုင်စွမ်းအနေနဲ့ဆို ငွေလား။ လုပ်အားလား။ အချိန်လား။ ပညာလား။
ကိုယ်ရည်ကိုယ်သွေးအားဖြင့်ဆိုရင်ရော ဘယ်လိုအချက်တွေ ရှိသလဲ။ ကြင်နာသနားတတ်ခြင်း၊ မုဒိတာ ပွားနိုင်ခြင်း၊ ကူညီတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း၊ နားလည်မှု ပေးနိုင်ခြင်း၊ ယဉ်ကျေးခြင်း၊ ဖော်ရွေခြင်း၊ အစွန်းမရောက်ခြင်း၊ ပြတ်သားခြင်း၊ ဖိနှိပ်ခံရသူဘက်က ရပ်တည်ရဲခြင်း၊ တတားမျှတမှုကို မြတ်နိုးခြင်း စသဖြင့် စသဖြင့် လောကကြီးအတွက် လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ မြောက်များစွာ ရှိပါတယ်။
အဲဒါတွေကို ရှာဖွေပါ။ ဖြည့်တင်းပါ။ အသုံးချပါ။ လူမှုပတ်ဝန်းကျင်အတွက် ထည့်ဝင်ပါ။
◾️တကယ်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခု (Meaningful life) ကို ပိုင်ဆိုင်ခွင့်ရခြင်း ဖြစ်ပါတယ်။ ဒီအတွက် ကမ္ဘာနဲ့၊ နိုင်ငံနဲ့ မချီရင်တောင် ကိုယ့်ပတ်ချာလည်က လူမှုအသိုင်းအဝိုင်းကလေးအတွက်တော့ တစ်ခုခု လုပ်ပေးနေဖို့ လိုပါတယ်။ အဲ့လို လုပ်ပေးနေမှန်းကိုလည်း ကိုယ့်ဟာကိုယ် သိနေဖို့၊ အသိအမှတ်ပြုဖို့၊ ဂုဏ်ယူတတ်ဖို့ လိုပါသေးတယ်။ ဒါမှသာ ကိုယ့်ဘဝကိုယ် ကျေနပ်မှုအပြည့် ရနိုင်မှာ ဖြစ်ပါတယ်။
မင်မင်ရဲ့ချစ် တွေ အားလုံး အေးချမ်းသာယာသော ဆောင်းမနက်ခင်းလေးနဲ့အတူ ဘဝရဲ့တနေ့တာ အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေနော်
စူစူလေးအမြဲကြိုက်တဲ့
Detox🧡
စူစူလေးအမြဲသောက်တဲ့
Detox🧡
စူစူလေးလို လှချင်ရင်တော့
လက်ထဲကDetoxလေးကိုနေ့စဉ်ပုံမှန်သောက်ပေးနော်💛
ခန္တာကိုယ်ထဲက မကောင်းတဲ့အညစ်အကြေးတွေရှင်းသန့်ပြီး
ချပ်ရပ်လှပတဲ့Bodyကောက်ကြောင်းလေးကိုရရှိပြီပေါ့💛
ပြည်မြို့ကိုယ်စလှယ်
လက်လီလက်ကားဖြန်ချီရေး
☎09758596201
မတော်တဲ့အကျီင်္တွေ သိမ်းထားရတာကြာလို့ ပြန်ဝတ်ချင်တယ်တဲ့
အဲ့တော့အဆီကျအောင်လုပ်ဖို့👇👇👇👇သူရှိတယ်
တနေ့လုံး အလုပ်တွေ လုပ်ပြီ ညောင်းနေလို့
ဆေးတခုခု လိမ်းဖို့ စဉ်းစားနေပြီလား👇👇👇👇သူရှိတယ်
အထိုင်များပြီ ဝမ်းချုပ်နေလို့လဲ
အကြောတက်နေပြီလား👇👇👇👇သူရှိနေတယ်
သူနဲ့ဆို အဆီလဲကျတယ် ဝမ်းမှန်ပြီ အပူအပုတ်ကင်းစင်း အညောင်းပြေလို့
perfect က အိမ်တိုင်းကို အရောက်သွားနေပြီနော်
☎09758596201(or)cbသို့ဆက်သွယ်လိုက်ပါ
ချစ်တို့အိမ်ကိုလဲ အရောက်ပို့ပေးမယ်နော်
👌ဝမ်းချုပ်တတ်တဲ့ ညီမကတော့ Perfect လေးနဲ့တွေ့မှပဲ အဆင်ကိုပြေနေတော့တာပဲ😀
👌ထိုင်နေရင်းနဲ့ပဲ oilလိမ်းမလား😀
👌အိပ်နေရင်းလည်း oilလိမ်းလို့ရ😀
👌ရေ ချိုးရင်းနဲ့တောင် soap လေးကို တစ်ခါထဲအသုံးပြုလို့ရတော့ အချိန်ကုန် သက်သာတယ်😀
👌ဈေးလေးကလည်း လူတိုင်းအသုံးပြုနိုင်တဲ့ဈေးနော်😀
👌ဒီလိုအဆင်ပြေတဲ့ အဆီကျတဲ့ဆေး ဘယ်မှာတွေ့မလဲနော်😀
Perfect oil...7800
Perfect soap..6800
👌ဝယ်ချင်ရင် messenger မှာလည်း မှာလို့ရ
Crd
ပြည်မြို့ကိုယ်စလှယ်
☎09758596401
လက်လီ လက်ကားဖြန့်ချီရေး
ထိုင်း နိုင်ငံ အဆင့်မြင့် စက်ရုံကြီးကနေ ထုတ်လုပ်ထား ပြိ 💜
ထိုင်း Fda ရရှိပြိသား မို့ အသားအရည် မရွေး ယုံကြည့် စိတ်ချစွာ အသုံးပြု နိုင်ပါတယ် ရှင့် 💜
အသုံးပြုရန် သင့်လျော်သော အကြောင်း အရာများ📌
အသားအရည် မွဲခြောက်ခြင်း 💜
မစိုပြေခြင်း အိုမင်းရင့်ရော်ခြင်း 💜
Collagen ဓာတ် လျော့နည်းခြင်း💜
Gluta သောက်သုံးရန် လိုအပ်နေသူများအသုံးပြုခြင်း 💜
Mositure ပြည့်ဝစွာရရှိလိုသူများ အသုံးပြု နိုင်ခြင်း 💜
ငွေကျပ် 9500ksထည့်နဲ့ အထက်ပါ အကြောင်း အရာများကို ၁၄ရက် အတွင်း သက်သာစေရန် အာမခံ ချက်နဲ့ ရောင်း ချပေးနေပါပိ ရှင့် 💜
Queen Offical Myanmar 🇲🇲💜
#အပျင်းမကြီးပဲစိတ်ရှည်ရှည်နဲ့ပုံမှန်သုံး
#14ရက်အတွင်း သက်သာစေမယ် သဘာဝ ဘယ်ရီ Body Serum 💜🇲🇲🥰📌
ပြည်မြို့ကိုယ်စလှယ်
☎09758596401
လက်လီလက်ကား ဖြန့်ချီနေပြီနော်
“ သင့်ဘဝမှာ စာမျက်နှာတွေ များစွာ ရှိပါတယ်၊ အဆင်မပြေတဲ့ စာမျက်နှာကိုချည်း ထပ်တလဲလဲ ဖတ်မနေပါနဲ့၊ သူများမှာ မရှိနိုင်တဲ့ သင့်မှာသာ ရှိနေတဲ့ စာမျက်နှာကို ရှာဖတ်ပါ။ “
ကျွန်မတို့ရဲ့ဘဝတစ်ခုချင်းစီဟာ ရေးသားပြီးသား စာအုပ် တွေနဲ့တူပါတယ်။ တချို့ ပျော်ရွှင်ချမ်းမြေ့ရတဲ့ အောင်မြင်ခဲ့တဲ့ စာမျက်နှာတွေရှိသလို...အဆင်မပြေတဲ့ စာမျက်နှာတချို့၊ ဝမ်းနည်း နာကျင်ရတဲ့ စာမျက်နှာတွေလည်း ရှိကြတာပါပဲ။ လူတစ်ယောက် နဲ့တစ်ယောက် ဘဝကိုမြင်ပုံခြင်း၊ အတွေးအခေါ်ခြင်း၊ ခံနိုင်ရည် စွမ်းအင်ခြင်း မတူညီကြသလို...အားနည်းချက် အားသာချက်တွေ လည်း မတူနိုင်ကြပါဘူး။
သူများရဲ့ လှပပျော်ရွှင်ဖွယ်ကောင်းတဲ့ စာမျက်နှာတွေဆီ လှမ်းမျှော်ငေးကြည့်ရင်း အားကျမိတဲ့အခါလည်းရှိသလို...ကိုယ့်ရဲ့ အဆင်မပြေတဲ့စာမျက်နှာတွေကို ထပ်တလဲလဲပြန်ဖတ်ရင်း အား ငယ်သိမ်ငယ်စိတ်တွေနဲ့ ညည်းညူနေမိတဲ့အချိန်တွေလည်း ရှိတတ် ပါတယ်။
တချို့သောသူတွေက သူတို့ဘဝရဲ့ အရောင်အသွေး တောက်ပပြီး လှပတဲ့စာမျက်နှာတွေကိုပဲ ပြသတတ်ပါတယ်။ အဲ့ဒီ ဘဝထဲက မှောင်မိုက်အကျည်းတန်တဲ့ စာမျက်နှာတွေကိုတော့ ဘယ် သူမှမသိအောင် လျှို့ဝှက်ဖျောက်ကွယ်ထားတတ်ကြပါတယ်။
လူတိုင်းရဲ့ ဘဝစာမျက်နှာတိုင်းဟာ အလင်းနဲ့အမှောင်၊ လှပခြင်းနဲ့ အကျည်းတန်ခြင်းဆိုပြီး မျှမျှတတရှိကြစမြဲပါ။ ကိုယ့်ရဲ့ အာရုံစိုက်ခြင်းနဲ့သာ ဆိုင်ပါတယ်။ ကိုယ်က လှပလင်းလက်တဲ့ စာမျက်နှာတွေကိုပဲ ရွေးပြီးဖတ်မယ်၊ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ ဘဝထဲက ကောင်းမွန်လှပတဲ့ အရည်အသွေးတွေကို အသိအမှတ်ပြုတန်ဖိုးထားတတ်မယ်ဆိုရင် ကိုယ့်ရဲ့ဘဝဟာ ပျော်စရာကောင်းတဲ့ဘဝ ဖြစ်ပါလိမ့်မယ်။
ဒါမှမဟုတ်ဘဲ အဆင်မပြေတာလေးတွေ၊ အခက်အခဲလေး တွေ၊ ပြဿနာလေးတွေကိုပဲ အာရုံစိုက်ပြီး စိတ်တိုင်းမကျစွာ ညည်းညူနေမယ်ဆိုရင် ကိုယ့်ရဲ့ဘဝဟာ နေပျော်စရာမကောင်းတဲ့ဘဝ ဖြစ်လာမှာပါပဲ။ ဒါဆို သင်ဟာ အဆင်မပြေတဲ့စာမျက်နှာကိုချည်း ထပ်တလဲလဲ ဖတ်နေမိသူတစ်ယောက် ဖြစ်နိုင်ပါတယ်။
သူများဆီမှာမရှိနိုင်တဲ့ ကိုယ့်ရဲ့အရည်အသွေးကောင်းလေးတွေ၊ အားသာချက်ကလေးတွေကို ရွေးချယ်ပြီး ဖတ်ကြည့်စေချင်ပါ တယ်။ ဥပမာ...သင်ဟာ အရမ်းလှပချောမောသူတစ်ယောက် မဖြစ်ပေမယ့် အချက်အပြုတ်ကောင်းတဲ့သူတစ်ယောက်၊ ကိုယ့်အိမ်ကလေးကို သန့်ရှင်းသပ်ရပ်နေအောင် ထားတတ်တဲ့သူတစ်ယောက် ဖြစ်နိုင်ပါတယ်။
မင်းသမီးတွေ၊ အဆိုတော်တွေလို အောင်မြင်ကျော်ကြားတဲ့ ဘဝစာမျက်နှာမျိုး ပိုင်ဆိုင်မထားပေမယ့် ကိုယ့်မှာ အေးချမ်းသာယာတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ခွင့်ရထားမယ်၊ချစ်မြတ်နိုးစရာသားသမီးကလေးတွေရှိမယ် ..စသဖြင့် သူများမှာမရှိနိုင်တဲ့ ကိုယ်ပိုင်ဆိုင်ခွင့်ရထားတဲ့ ကောင်းကွက်ကလေးတွေကို ရှာဖွေခံစားတတ်မယ်ဆိုရင် သင်တကယ်ပျော်ရွှင်ရမှာ ဖြစ်ပါတယ်။
မပျော်ရွှင်နိုင်ရခြင်းရဲ့ အဓိကအကြောင်းခြင်းရာဟာ သူများ မှာရှိပြီး ကိုယ့်မှာမရှိတဲ့အရာတွေအတွက် မချင့်မရဲ စိတ်မချမ်းသာနိုင် ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီနေ့ကစပြီး ကိုယ့်ရဲ့အတွေးတွေကို ပြောင်းလဲကြည့်ပါ။ သူများမှာမရှိနိုင်တဲ့ ကိုယ့်မှာရှိတဲ့ အရည်အသွေးတွေကို ရှာဖွေဖော်ထုတ်ကြည့်ပါ။ အဲ့ဒီစာမျက်နှာကို ရှာဖွေဖတ်ကြည့်တဲ့အခါ ပျော်ရွှင်ခြင်းက ကိုယ့်ရင်ထဲ ဝင်ရောက်လာတာကို ခံစားမိပါလိမ့်မယ်။
#လွန်းထားထား
မင်မင်ရဲ့ချစ်ကာကာလေးတွေအားလုံး အလုပ်အကိုင်တွေ အစဉ်ပြေကြပါစေလို့
MM online shopမှ ဆုတောင်းပေးလိုက်တယ်နော်
“နေ့စဉ်လုပ်ဆောင်နေတာတွေရဲ့ အကျိုးသက်ရောက်မှု”
◾️နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အချစ်ရေး စတဲ့ ပြဿနာတွေကြောင့် ကျွန်တော်တို့ စိတ်ပင်ပန်းကြတဲ့အခါ၊ စိတ်ဖိစီးကြတဲ့အခါ၊ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမဲ့ သိပ်ထိရောက်တဲ့ ကိစ္စတစ်ခုကတော့ ကိုယ့်ရဲ့ တစ်နေ့တာကို အကျိုးရှိရှိ ဖြတ်သန်းဖို့ပါပဲ။
တိုတိုပြောရရင်တော့ ကိုယ့်ကိုယ်ကိုယ် အအားမထားဖို့ပေါ့။
ပျံ့လွင့်တဲ့စိတ်ဟာ ပျော်ရွှင်ရမှာ မဟုတ်သလို၊ အားနေတဲ့ စိတ်ဟာလည်း ပျံ့လွင့်ဖို့ ရာခိုင်နှုန်း ပိုများပါတယ်။ ဒါကြောင့် မအားလပ်အောင် နေမယ်ဆို စိတ်ပျံ့လွင့်မှု နည်းသွားမယ်။ ဒီအခါ စိတ်ခံစားချက်တွေလည်း ပိုလို့ ကောင်းလာနိုင်ပါတယ်။
◾️ခုကာလမှာ လူပေါင်းများစွာရဲ့ ဘဝတွေ ကပြောင်းကပြန် ဖြစ်ကုန်ပါတယ်။ အလုပ်တွေ မရှိကြတော့ဘူး။ ကျောင်းသားတွေ ကျောင်းမတက်ကြရဘူး။ အထူးသဖြင့် တော်လှန်ရေးထဲ ပါဝင်ထားသူတွေဆို ပိုဆိုးပါတယ်။ အရင်က အချိန်ရှားပါးခဲ့သူတွေဟာ ခုတော့ ဘယ်လိုကုန်အောင် လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေကြတယ်။
အဲ့ဒီအခါ Daily routine တွေ ပျက်ကုန်တယ်။ အချိန်မှန် မအိပ်ဘူး။ အချိန်မှန် မစားဘူး။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး။ တနေကုန် ရုပ်ရှင်တွေချည်း ကြည့်နေမိတာ၊ ဖေ့စ်ဘွတ်ပဲ သုံးနေမိတာ၊ YouTube က ဗီဒီယိုတွေကို ဘာရည်ရွယ်ချက် မည်မည်ရရမှ မရှိဘဲ ပေါ်လာသမျှ ထိုင်ကြည့်နေမိတာ၊ အစားတွေ အလွန်အကျွံ စားမိတာတွေ ရှိလာတယ်။ အဲဒီအခါ စိတ်ကျန်းမာရေးက ပိုဆိုးတယ်။ နေမပျော်ဘူး။ ကိုယ့်ကိုယ်ကိုယ် အားမရတော့ဘူး။
ပိုဆိုးလာရင် အရက်၊ မူးယစ်ဆေး၊ အပြာကား၊ S*x, ဂိမ်း၊ ရုပ်ရှင် စသဖြင့် တစ်ခုခုကို စွဲလမ်းတဲ့အထိ ဖြစ်လာတတ်တယ်။ ကိုယ့်ရဲ့ တစ်နေ့တာမှာ အားနေတဲ့ အချိန်တွေက များတော့ ဒီအရာတွေက အစားထိုး ဝင်ရောက်လာတော့တာပေါ့။
◾️ရုပ်နဲ့စိတ်နဲ့ ဆိုတာက အပြန်အလှန် ဆက်စပ်နေတာမို့ စိတ်က နေမကောင်းရင် ရုပ်ခန္ဓာကိုယ်ကလည်း ဘာမှ မလုပ်ချင်ဘူး။ အဲ့လို ဘာမှမလုပ်ချင်ဘဲ အချိန်ဖြုန်းလိုက်ရင်၊ စားချင်တာတွေ လျှောက်စားပြီးသွားရင် စိတ်ကလည်း မပျော်ပြန်ဘူး။ ငါတော့ ဒါတွေ လုပ်မိပြန်ပြီ၊ အကျိုးမရှိဘဲ တစ်နေ့တော့ ကုန်သွားပြန်ပြီပေါ့။ အဲ့လိုနဲ့ သံသရာလည်နေတတ်တယ်။
ဒါကို ဖျက်ပစ်ဖို့ကတော့ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ပြောင်းလဲယူဖို့ပဲ။ ဒါဆို စိတ်ကလည်း အတိုင်းအတာ တစ်ခုထိ အဆင်ပြေလာလိမ့်မယ်။
◾️အရင်ဆုံးအနေနဲ့ မနက်ကို စောစောထကြည့်။ နေရောင်ခြည်နဲ့ ထိတွေ့တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ တစ်ခုခု နားထောင်တာ၊ စာဖတ်တာ၊ ဒီလိုကောင်းကောင်းမွန်မွန်နဲ့ မနက်ခင်းကို စလိုက်နိုင်တယ်ဆို တနေကုန် အဆင်ပြေဖို့ များသွားပြီ။ မယုံရင် လုပ်ကြည့်။ ၁၁ နာရီလောက်မှ ထတဲ့နေ့နဲ့ ၇ နာရီလောက် ထတဲ့နေ့တောင် Mood မတူဘူး။ ပိုပြီး စောစောထနိုင်လေ ပိုကောင်းလေပဲ။ နေထွက်လာတာကို မြင်ရတာ၊ ကျေးငှက်သံလေးတွေ ကြားရတာတွေက စိတ်ကို အတော်ကြည်လင်စေတယ်။
အဲ့လို စောစောထနိုင်ရင် ညလည်း ကောင်းကောင်း အိပ်ပျော်နိုင်တယ်။ ဆေးအကူအညီ မလိုတော့ဘူး။ ဒါကြောင့်မို့ Own your morning, Elevate your life လို့ ပြောကြတာ။
ပြီးရင် အစားမှန်မှန်စား။ စိတ်ညစ်နေလို့ အစားတွေ လျှောက်စားပစ်ချင်တာ သိတယ်။ ဒီတော့ ကိုယ်စားချင်တာလေးတွေရော၊ ကျန်းမာရေးနဲ့ သင့်တော်တာလေးတွေရော မျှပြီးစားပေါ့။ အချိန်လည်း မှန်ပါစေ။ ညဘက်ကိုတော့ ဖြစ်နိုင်ရင် လျှော့စား။
အဲ့လိုအအိပ်နဲ့ အစား၊ ဒီ ၂ ခုကို မှန်အောင် လုပ်လိုက်နိုင်ရင်ကိုပဲ အတော်ကြီး အဆင်ပြေသွားမယ်။
◾️ပြီးတော့မှ တခြားလုပ်စရာတွေ ကိုယ့်ရဲ့ အချိန်ဇယားထဲကို ထည့်။ ဘာတွေ ပါသင့်လဲဆိုတော့ -
💟 ၁။ လေ့လာသင်ယူပါ။
အမြဲလည်း ပြောပါတယ်။ အလုပ်တွေ နားထား၊ ကျောင်းတွေ နားထားလည်း ကိုယ့်ရဲ့ သင်ယူမှုကို မရပ်လိုက်နဲ့။ တစ်ချိန် အသုံးဝင်လာလိမ့်မယ်။
💟 ၂။ ဝါသနာပါတာ တစ်ခုခုကို လုပ်ပါ။
ထဲထဲဝင်ဝင် စိတ်ပါလက်ပါ လုပ်ဖို့ ဖြစ်ပါတယ်။ အပင်စိုက်တာ၊ ဂစ်တာတီးတာ၊ ပန်းချီဆွဲတာ စသဖြင့် အချိန်တစ်ခုပေး လေ့လာရ၊ လေ့ကျင့်ရတာမျိုးဆို ပိုကောင်းတယ်။
💟 ၃။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
အဲဒီလိုလုပ်ရင် ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Endorphin လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ အဲဒါကလည်း ကိုယ့်ရဲ့ စိတ်ကို ပျော်စေတယ်။ နောက်ပြီး Body shaming လုပ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားပေါ် မူတည်ပြီးလည်း စိတ်ခံစားချက်က ပြောင်းလဲတတ်ပါတယ်။ ဆိုလိုတာက စိတ်တွေ ဖိစီးပြီး အစားများ၊ အအိပ်များလို့ ဝလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပိုပြီး အားမရ ဖြစ်တတ်တယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်လို့ လူက ကျစ်လျစ်နေမယ်ဆို Mood လည်း ပိုကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုရှိလာနိုင်ပါတယ်။
💟 ၄။ စာဖတ်ပါ။ ရုပ်ရှင်ကြည့်ပါ။
နှလုံးသားအာဟာရအတွက် ဖြစ်ပါတယ်။ ရသစာပေနဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကနေ လူတွေအကြောင်း၊ ဘဝတွေအကြောင်း၊ စိတ်တွေအကြောင်းကို သိနိုင်ပါတယ်။ ဒီအခါ လူတွေကို ပိုနားလည်ပေးတတ်လာတယ်။ အပြစ်မြင်တာ နည်းသွားတော့ ကိုယ်လည်း စိတ်ပင်ပန်း သက်သာတယ်။ ဘဝရဲ့ ဒုက္ခတွေနဲ့ ပတ်သက်လို့လည်း ခံနိုင်ရည် ရှိလာတယ်။
💟 ၅။ ဆိုရှယ်မီဒီယာ လျှော့သုံးပါ။
ရုပ်ရှင်ကြည့်တာကမှ ပြောမယ်ဆို အကျိုးရှိနိုင်သေးတယ်။ တကယ်ကောင်းတဲ့ကားဆို ကိုယ့်အတွက် ရလိုက်တာတွေ အများကြီးပဲ။ ဆိုရှယ်မီဒီယာကျ လိုသလောက်ပဲ သုံးတာ ကောင်းတယ်။ ဒီအပေါ်မှာ များများအချိန်ကုန်လေလေ၊ စိတ်တွေ ညစ်ညူးရလေပဲ။
💟 ၆။ အိမ်အလုပ်လုပ်ပါ။
အိမ်ကို သန့်ရှင်းအောင် ထားခြင်း၊ ပစ္စည်းတွေကို သူ့နေရာနဲ့သူ ရှင်းရှင်းလင်းလင်း ထားခြင်းကလည်း စိတ်ကို ကြည်လင်စေတယ်။ နောက်ပြီး အိမ်ခန်းအထားအသို၊ အပြင်အဆင်ကို မကြာမကြာ ပြောင်းလဲပေး။ အသစ်ပြန်စရသလို၊ အသစ်ဖြစ်သွားသလို ခံစားချက်ကို ပေးတယ်။ ဆက်စပ်ပြီး ပြောရရင် တစ်ကိုယ်ရည် သန့်ရှင်းရေးကလည်း အရေးကြီးတယ်။ ဒါကြောင့် စိတ်ညစ်ရင် ရေချိုး၊ စိတ်ညစ်ရင် အိမ်ရှင်း။
💟 ၇။ စိတ်ကို အထောက်အကူပြုတာတွေ လုပ်ပါ။
ဥပမာဆို တရားထိုင်တာ၊ တရားနာယူတာ၊ သူတစ်ပါးကို ကူညီတာ၊ လှူတန်းတာ၊ ကိုယ့်မှာ ပိုနေတဲ့ ပစ္စည်းတွေကို ပေးကမ်းတာ၊ Journal ရေးတာ စသဖြင့် လုပ်ဆောင်နိုင်ပါတယ်။
◾️တခြားအချက်တွေလည်း ရှိပါလိမ့်ဦးမယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း တူနိုင်မယ် မထင်ပါဘူး။ ကိုယ့်အတွက် အဆင်ပြေတာကို လုပ်နိုင်ပါတယ်။ အဓိကကတော့ စိတ်မပျော်လို့ ဘာမှမလုပ်ချင်၊ ဘာမှမလုပ်ဖြစ်တော့ စိတ်မပျော်နဲ့ သံသရာလည်နေတာကို ဖြတ်တောက်ဖို့ပါပဲ။
ကျွန်တော်ကတော့ Happiness is achievement လို့ ခံယူပါတယ်။ အကျိုးရှိတာတွေ လုပ်ဖြစ်တဲ့နေ့ဆို စိတ်က သိသိသာသာ ပျော်နေတယ်။ ဟိုလိုလို ဒီလိုလိုနဲ့ ကုန်သွားတဲ့နေ့ဆို ညရောက်လာရင် လူက အတော်မပျော်တော့ဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ Daily routine ကို ဂရုစိုက်ပြီး အကျိုးရှိအောင် ဖြတ်သန်းနေပါတယ်။ နေ့စဉ်မှန်မှန် လမ်းလျှောက်တယ်၊ ပုတီးစိပ်တယ်၊ တရားထိုင်တယ်၊ စာဖတ်တယ်၊ ရုပ်ရှင်ကြည့်တယ်၊ တော်လှန်ရေးအတွက် ကူနိုင်တာ ကူတယ်။ ဒါဟာ ဒီကာလအတွင်း စိတ်တွေ အဆင်ပြေစေတဲ့ ဘဝနေနည်းတစ်ခုလည်း ဖြစ်ပါတယ်။
◾️လူတွေဟာ ပျော်ရွှင်မှုကို လိုချင်တယ်။ လိုလည်း လိုအပ်တယ်။ ဒီအခါ အပြင်ကနေ ရှာတယ်။ ပျော်နိုင်တယ် ထင်တာတွေ လျှောက်လုပ်တယ်။ သို့သော် အဲဒါတွေက ခဏတာပဲ စိတ်သက်သာမှုကို ပေးနိုင်တယ်။
တကယ့်ပျော်ရွှင်မှုအစစ်က ကိုယ့်အတွင်းထဲကနေ လာတာ ဖြစ်တယ်။ တစ်နေ့တစ်နေ့ အကျိုးရှိအောင်၊ အဓိပ္ပါယ်ရှိအောင် နေလိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်နှစ်သက်မှု ပိုရလာတယ်။ ဒါဆို အပြင်ကနေ ရှာစရာ မလိုတော့ဘူး ဖြစ်သွားပါလိမ့်မယ်။
မင်မင်ရဲ့ ချစ်တွေ အားလုံး မင်္ဂလာပါရှင့်
"စာဖတ်သူ နှင့် စာမဖတ်သူ" အပိုင်း(၄)
==================
စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ
စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံသာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ မည်သည့် စာအုပ်မဆို တနေ့ 10ရွက်လောက်စာလေးတွေဖတ်ခြင်းဖြင့် မိမိဘဝကိုမြင့်တင်ပါ
စာဖတ်ခြင်းက👉 စိတ်ဖိစီးမှုကိုလျော့ကျစေသည်👈
ဘာသာရေးစာအုပ်သော လည်းကောင်း
သမိုင်းစာအုပ်သည် လည်းကောင်း
ဗဟုသုတရစေသည့်စာအုပ်သည် လည်းကောင်း
စာအုပ် ကောင်းကောင်း တအုပ်ဟာ
သင့်ကို
တခြားကမ္ဘာတခုစီ ဆွဲခေါ်သွားနိုင်ပြီ
သင့်လက်ရှိဘဝရဲ့ စိတ်ဖိစီးမှုတွေကို
ကုသဖို့အတွက် အကောင်းဆုံးနည်းလမ်း တခု ဖြစ်ပါတယ်။
စာဖတ်ခြင်းရဲကောင်းကျိုး(၅)
မနက်ဖြန်တင်ပေးမယ်နော်
အသားအရေတွေ
ညစ်နွမ်းပြီး စိုစိုပြေပြေ မရှိဘူးလား?
ဖုန်းနဲ့📱 Computer💻 အသုံးများလာလို့
အမြင်အာရုံတွေ ပုံမှန်မဟုတ်တော့ဘူးလား?
အစာချေစနစ်မကောင်းတော့တာမျိုး၊နဲနဲစားပြီး အကြာကြီး ပြည့်အင့်နေတာမျိုးရှိလား?
စိတ်ဖိစီးမှုတွေများပြီး..
အညောင်းမိ ၊ဝမ်းချုပ် ဖြစ်နေတာလား?
☝☝☝
အထက်က ပြဿနာတွေအားလုံးကို ဒီတခုတည်းနဲ့ ဖြေရှင်းနိုင်ပြီ။
နေ့စဉ်သောက်လို့ရတဲ့ Supplement Type ဖြစ်ပါတယ်။
သကြားမပါပဲ သဘာဝ အချိုအချဉ်အရသာ လေးနဲ့...Peach🍑 အရသာပေါင်းစပ်ထားတယ်။Berry fruit တွေနဲ့ ဒိန်ချဉ်ရဲ့ ကျန်းမာရေးကောင်းကျိုးတွေလဲ ထပ်ဆင့်ရမယ်။
ခန္ဓာကိုယ်ရဲ့အူအတွင်းပိုင်းကိုအဓိက သန့်စင်ပေးတာဖြစ်လို့...
👉ဝမ်းမှန်မယ်
👉ဝမ်းမှန်ရင် ဗိုက်ချပ်ပေါ့ပါးလားမယ်
👉ပေါ့ပါးလာတဲ့အခါ ခြေဆစ် ၊ဒူးဆစ် နာကျင်တာတွေ သက်သာလာမယ်။
👉ခံစားနေကျ ဝေဒနါတွေ သက်သာလာတဲ့အခါ တနေ့တာကိုပေါ့ပါးစွာနဲ့ စိတ်ဖိစီးမှု ကင်းကင်းဖြတ်သန်းနိုင်မယ်။
ဒါကြောင့်... Perfect Beauty Detox 🍹သောက်ပါ။
ပိုမိုကျန်းမာလှပပြီး အောင်မြင်ပျော်ရွှင်တဲ့နေ့ရက်တွေဆီသွားပါ✌✌✌
မှယူချင်တဲ့ချစ်တို့အတွက် cb(or)09758596201
သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်
ပြည်မြို့ကိုယ်စလှယ်
လက်လီ လက်ကားဖြန်ချီရေး
"စာဖတ်သူ နှင့် စာမဖတ်သူ" အပိုင်း(၃)
==================
စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ
စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံသာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ မည်သည့် စာအုပ်မဆို တနေ့ 10ရွက်လောက်စာလေးတွေဖတ်ခြင်းဖြင့် မိမိဘဝကိုမြင့်တင်ပါ
စာဖတ်ခြင်းက👉👉 ဗဟုသုတကြွယ်ဝစေပါတယ်
စာအုပ်များများဖတ်လေ ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ်ကိုမြင့်တက်လာစေနိုင်ပါတယ်
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင်တချိန်မှာ ပြန်လည်အသုံးပြုရမယ့်
အသိပညာတွေ ပါဝင်နေပြီ
သင်စာများများဖတ်နိုင်လေ
သင်အတွက်အကျိုးများလေ
ုဖြစ်ပါလိမ့်မယ်
မင်မင်ရဲ့ ချစ်ကာကာလေးတို့ရော စာဖတ်တာဝါသနာပါကြလာရှင့်
Click here to claim your Sponsored Listing.
Videos (show all)
Telephone
Website
Address
Pyay
အမှတ်၂၁ တပ်လမ်း ကျောင်းကြီးအိုးတန်း, ရပ်ကွက်
Pyay
ပြည့်ကောင်းကင်မြန်မာဘူဖေးထမင်းဆိုင်�
Bogyoke Road
Pyay, 08151
မြို့ပေါ်အိမ်ရောက်ငွေချေရပါတယ်🥰 ရွာဘက်တွေမပို့ပေးပါနော်😘