Food Delivery For Thingangyun

Food Delivery For Thingangyun

You may also like

Mirou's Donuts
Mirou's Donuts

Food Deli Only for Thingangyun

13/09/2023

အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
ငွေတွေ အဖက်ဖက်မှ ဝင်လာပါစေ။

ရှာဖွေသမျှ စီးစည်းဉစ္စာ တည်တံ့ခိုင်မြဲကြပါ​ေစ
🙏🙏🙏

13/09/2023

မဂ္်လာပါ🙏🙏🙏

#မင်မင်တို Food Delivery For Thingangyun Page လေး နှင့် ကာကာတိုကို မိတ်ဆက်ပေးပါရစေ😘

#မင်မင်တို ဒီ Page လေးကို စတင်ပြုလုပ်ရတယ် ရည်ရွယ်
ချက်လေးကတော့........

မြို့နယ်အတွင်း ဖွင့်လှစ်ထားသော စားသောက်ဆိုင်များ၊Online ပေါ်မှာရောင်းချနေသော စားသောက်ကုန်များအား Thingangyun မြို့ နယ် အတွင်းရှိ ကာကာများထံ Deli Fees သက်သက်သာသာဖြင့် ဝန်ဆောင်မူပေးနိင်အောင်၊မည်သည်နေရာတွင် မည်သည်စားသောက်ဆိုင်ရှိပြီး ဆိုင်တွင် ရောင်းချနေသော အစားအ သောက်များအား မြို့နယ်အ တွင်းရှိ စားသုံးသူများအား သိရှိစေရန်၊အသေးစား အလတ် စား စားသောက်ဆိုင် များ ကို ပိုမို၍လူအများ သိရှိလာနိင်ရန်စတယ် ရည်ရွယ်ချက်များ ဖြင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။

#ဒါဆို ဒီ Page ​လေးက အစားအသောက် Deli ပိုယုံသက်သက်ပေါ့ အဲလို့လား?

#မဟုတ်ပါဘူး
လုပ်ငန်းရှင်ကြီးများ၏ ဆိုင်မှ ရရှိနိင်မယ် အစားအသောက်များအား ဓာတ်ပုံနဲတကွ စျေး
နူန်းများကိုပါတွဲလျှက် မင်မင်တို Page လေးမှာ အခမဲ့ ကြော်င​ြာပေးမှာဖြစ်ပါတယ်။

#ကာကာ တိုဘက်က အစားအသောက်လေးတွေ လိုအပ်ရင် မင်မင်တိုထံ ဆက်သွယ်ပေးပါ မင်မင်တိုထံမှ ဝန်ထမ်းများက ကာကာတို စားသောက်လိုသော စားသောက် ဆိုင်မှ သွားရောက်ဝယ်ယူ​ပြီး ကာကာတို့ထံ ​ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

#ဝန်ဆောင်ခ အနေဖြင့် လူ​ကြီး မင်းတို့ဖွင်လှစ်ထားသော ဆိုင်များမှာ အခကြေးငွေ ရယူမှမဟုတ်ဘဲ မှာယူ​ေသာ ကာကာများထံမှ အနည်းဆုံး Deli Fees 1000/ 1500 k ကိုသာကောက် ယူမှာဖြစ်ပါတယ်။ (Thingangyun Only)

#ဒါကြောင့် စိတ်ပါဝင်စားတယ်
စားသောက်ဆိုင်များ အနေဖြင့် မင်မင်တို့ထံသို ရရှိသော အစား အသောက်များကို ဓာတ်ပုံ/စျေးနူန်းတကွ ဆိုင်တည်​ရာ လိပ်စာလေးပါ ပို့ဆောင်ပေးပါနော်။

ချစ်တယ်
FDFT😍

08/05/2022

🤱🏻ယနေ့ 8.5.2022 မှာကျရောက်တဲ့ “အမေများနေ့” မှာ ကမ္ဘာတစ်ဝန်းရှိ အမေများအားလုံး

🙏သက်ရှည်ကျန်းမာကြပါစေ

🙏ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာနေနိုင်ကြပါစေ

🙏 ဘေးအန္တရာယ်အမျိုးမျိုးမှလည်း ကင်းဝေးကြပါစေ

🙏 "ကုသိုလ်ကောင်းမှုများကိုလည်း ပိုပြီး ဆတိုးလုပ်နိုင်ကြပါစေ” လို့ဆုတောင်းရင်း

🙏ယနေ့ကျရောက်သော “အမေများနေ့” ကို
Go အိမ်ပြောင်းအိမ်ရွေ၀န်ဆောင်မှု မိသားစုမှလေးစားစွာနဲ့ ဂုဏ်ပြုလိုက်ပါတယ်

06/05/2022

🔴🔴🔴 အမြဲတမ်း ကံဆိုးနေတယ်ဆိုတာ မရှိပါ..
၊( ဗန်းမော်သိန်းဖေ)
တချို့က ပြောကြတယ်။ "ငါ့နှယ် တသက်လုံး ကံဆိုးလိုက်တာ"တဲ့။

ဒီစကားကို ကျွန်တော် လက်မခံပါ။ လောကကြီးမှာ အမြဲတမ်း ကံဆိုးနေသူ မရှိသလို အမြဲတမ်း ကံကောင်းနေသူဆိုတာလည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လောကကြီးမှာ အဖြူနဲ့ အမည်း၊ အမှောင်နဲ့ အလင်း၊ ရိုးသားခြင်းနဲ့ ကောက်ကျစ်ခြင်း၊ လူကောင်းနဲ့ လူဆိုး၊ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းဆိုတဲ့ ဆန့်ကျင်ဖက်တွေဟာ အမြဲဒွန်တွဲနေကြပါတယ်။ အဲဒီ ၂ ခုထဲက ကောင်းတာ တစ်ခုကိုပဲ လိုချင်လို့ မရပါဘူး။ ဒါဟာ လောကရဲ့ အမှန်တရားပါ။

ဒါဆိုရင် စောစောက လူက ဘာလို့ တသက်လုံး ကံဆိုးတယ်လို့ ပြောရတာလဲ။ တကယ်တော့ သူ့ဘဝမှာ ကံကောင်းတာတွေလည်း ရှိခဲ့မှာပါ။ ဒါပေမဲ့ သူက ကံဆိုးတာကိုပဲ တွေးနေတော့ ကံကောင်းတာကို ဘယ်မြင်ပါ့မလဲ။

ဒီနေရာမှာ ကျွန်တော့်ဘဝအကြောင်းလေး နည်းနည်းပြောပြချင်ပါတယ်။

ကျွန်တော်ဟာ ၇ တန်းနှစ် စတက်စဉ်မှာ တီဘီရောဂါဖြစ်ပါတယ်။ ဆရာဝန်က ၂ လလောက် ကျောင်းမတက်ပဲ အိမ်မှာပဲ အနားယူခိုင်းတယ်။ကျွန်တော့်ကို အနားယူစေချင်သလို ကျောင်းက တခြားကျောင်းသားတွေကို ရောဂါကူးစက်မှာကို ကာကွယ်ချင်လို့လည်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ဘဝဟာ ကမ္ဘာကြီးပျက်သလို ခံစားလိုက်ရတယ်။ အသက်က ၁၃-၁၄ နှစ်လောက် ကျောင်းမှာ စာသင်ရတာ ပျော်တယ်။ မုံ့စားလွှတ်ချိန်မှာ အတန်းသားတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေကျ၊ ညနေဆိုရင် ဘောလုံးကန်နေကျ၊ ဒါတွေကို မလုပ်ရပဲ အိပ်ယာထဲမှာပဲ အချိန်ပြည့်နားနေရလို့ စိတ်ဓါတ်အကြီးအကျယ် ကျသွားတယ်။

အိပ်ယာထဲမှာပဲ နေရပြီး တနေ့လုံး ဘာမှ မလုပ်ရဘူး။ အိပ်ယာပေါ်က ဆင်းပြီး တစ်ခုခု လုပ်မယ်ဆိုရင် အမေနဲ့ အမတွေက အိပ်ပေါ် အတင်းတက်ခိုင်းပြီး လှဲနေခိုင်းတယ်။ စိတ်ညစ်လိုက်တာမပြောပါနဲ့တော့။ ဘာမှ လုပ်စရာ မရှိတော့ အိမ်မှာ ရှိတဲ့ မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ ငွေတာရီ မဂ္ဂဇင်းအဟောင်းတွေ စဖတ်တယ်။ ငယ်ကတဲက ရွှေသွေး၊ ကလေးဂျာနယ်နဲ့ ပုံပြင်စာအုပ်တွေပဲ ဖတ်နေခဲ့တာပါ။ အမေက ၄ တန်းအထိပဲ ကျောင်းနေဖူးပေမယ့် အိမ်မှာ လစဉ်မဂ္ဂဇင်းအစုံ ဝယ်ထားပေးတယ်။ အမတွေကလည်း ခင်နှင်းယု၊ ဂျာနယ်ကျော်မမလေး စတဲ့ မြန်မာဝတ္ထုစာအုပ်တွေ ဝယ်ထားတယ်။ အကိုကလည်း အထုပ္ပတ္တိစာအုပ်၊ လင်းယုန်မောင်မောင်၊ မြသန်းတင့်တို့ရေးတဲ့ ဘာသာပြန် စုံထောက်နဲ့ စစ်ဝတ္ထုတွေ ဝယ်ထားတယ်။ အိမ်မှာ စာကြည့်တိုက်နီးပါးလောက် စာအုပ်တွေ ရှိနေတယ်။ ၂ လအတွင်းမှာ အဲဒါတွေအားလုံး ဖတ်လို့ ကုန်သွားတယ်။ စာအုပ်ဆိုင်က စာအုပ်တွေ ဝယ်ပြီး ဖတ်တယ်။ ပြန်ကြားရေးစာကြည့်တိုက်က စာအုပ်တွေ ငှားဖတ်တယ်။ ကြာတော့ ပြန်ကြားရေးစာကြည့်တိုက်က စာအုပ်တွေ မဖတ်ဖူးတာ မရှိတော့ဘူး။ ပီမိုနင်းရဲ့ တက်ကျမ်းအားလုံးကိုလည်း ဖတ်တယ်။ စာဖတ်တဲ့ အကျင့်ဟာ အဲဒီအချိန်က စပြီး သန္ဓေတည်ခဲ့တယ်လို့ ထင်ပါတယ်။

၂ လကြာတော့ ကျောင်းပြန်တက်ခွင့်ရပြီ။ ဆရာဝန်က ပင်ပင်ပန်းပန်း မလုပ်ရဘူးဆိုလို့ ကျောင်းက ပြန်လာရင် မကစားရတော့ ကျောင်းစာတွေ လုပ်တယ်။ စာလုပ်ပြီး အချိန်အားပြီဆိုရင် ဝတ္ထုစာအုပ်တွေ၊ ဘာသာပြန်စာအုပ်အထူကြီးတွေ၊ အထုပတ္တိ၊ နိုင်ငံရေးစာအုပ်တွေ ဖတ်နေတယ်။ ၇ တန်းကျောင်းသားတစ်ယောက်ဟာ တကယ့်စာကြီးပေကြီးတွေ ဖတ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် အံ့သြမိတယ်။

တိုတိုပြောရရင် ငယ်ကတဲက အတန်းထဲမှာ အမြဲတမ်း အဆင့် ၂၀ အောက်မှာ ရှိနေခဲ့တဲ့ ကျွန်တော်ဟာ အပြင်မှာ ဘောလုံးကန်တာ၊ ဆော့ကစားတာတွေ မလုပ်ရလို့ ကျောင်းစာတွေကိုပဲ ဖိလုပ်ရင်းနဲ့ ၇ တန်းမှာ ကျောင်းသား ၄၀ ကျော်မှာ ပထမအဆင့် ရလိုက်တယ်။ အားတက်သွားလို့ ဆက်ကြိုးစားရင်း ၈ တန်းနှစ်မှာ ဗန်းမော်ခရိုင်လူရည်ချွန် အရွေးခံရပြီး ငပလီအပန်းဖြေစခန်းကို ရောက်ခဲ့တယ်။ ၁၀ တန်းအောင်တော့ ဆေးတက္ကသိုလ်တက်ဖို့ အမှတ်မှီပေမယ့် အင်ဂျင်နီယာလိုင်းကို သဘောကျလို့ စက်မှုတက္ကသိုလ်တက်တယ်။ ဘီအီးဘွဲ့ရပြီး အစိုးရအလုပ်ကို ၁၀ နှစ်လုပ်တယ်။ နောက်ဆုံးစင်္ကာပူမှာ အနှစ်အစိပ်လောက် အလုပ်လုပ်ခဲ့တယ်။ အခုတော့ အလုပ်က အနားယူလိုက်ပြီ။

ကျွန်တော့် ဘဝကို ပြန်တွေးကြည့်မိတယ်။ ၇ တန်းနှစ်မှာ တီဘီရောဂါဖြစ်တုန်းက ငါ့လောက် ကံဆိုးတဲ့ သူ ဒီလောကမှာ မရှိဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုကျတော့ တမျိုးတွေးမိပြန်တယ်။ အဲဒီရောဂါသာ မဖြစ်ခဲ့ရင် ငါဟာ ၇ တန်းနှစ်မှာ ပထမအဆင့် ရပါ့မလား။ ၈ တန်းနှစ်မှာ လူရည်ချွန်ဖြစ်လာပါ့မလား။ ၁၀ တန်းတောင် အောင်ပါ့မလား။ အင်ဂျင်နီယာတစ်ယောက် ဖြစ်လာပါ့မလား။ နိုင်ငံခြားကုမ္ပဏီကြီးမှာ အလုပ်လုပ်ခွင့် ရပါ့မလား။ အခုလို သုတစာပေ စာရေးဆရာတစ်ယောက် ဖြစ်လာပါ့မလား စတာတွေကို တွေးမိတယ်။ အဲဒါတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ မဖြစ်ချင်လည်း ဖြစ်လာမှာ မဟုတ်ဘူး။ သေချာတာကတော့ ငယ်ငယ်က တီဘီရောဂါ မဖြစ်ခဲ့ရင် ဒီလိုဘဝမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ လက်ရှိဘဝကိုအားရကျေနပ်တယ်။

ဒါတွေကို ရေးပြနေတာဟာ ကိုယ်ရည်သွေးပြနေတာ မဟုတ်ပါဘူး။ အမြဲကံဆိုးနေတယ်ဆိုတာ မရှိဘူးဆိုတာကို တကယ့်အဖြစ်အပျက်နဲ့ ပြောပြတာပါ။

အချုပ်အားဖြင့် ပြောပြချင်တာက လောကမှာ တသက်လုံး ကံဆိုးနေတယ်ဆိုတာ မရှိပါဘူး။ ကံကောင်းတာတွေလည်း ရှိပါတယ်။ ကံကောင်းတာတွေကို မြင်အောင် ကြည့်တတ်ဖို့ လိုပါတယ်။

ဗန်းမော်သိန်းဖေ
၀၃-၀၅-၂၀၁၇

Want your restaurant to be the top-listed Restaurant in Tamwe?
Click here to claim your Sponsored Listing.

Telephone

Website

Address

Thamadi , (5) Street
Tamwe

Other Food Delivery Services in Tamwe (show all)
Khin Khin Lay's Kitchen Khin Khin Lay's Kitchen
Tamwe, 11211

Home Made and Healthy Food

HTUN THAUT HTUN THAUT
Zawthika Street
Tamwe

Shal Kaung - Halal Shal Kaung - Halal
Tamwe

Online Food Delivery Service

NanDar - Food Paradise NanDar - Food Paradise
Tamwe

Welcome

မယ်အုန်း _ Mel Ohnn မယ်အုန်း _ Mel Ohnn
Tamwe

Food & Beverage

Poe's Family Food Court Poe's Family Food Court
Tamwe

ရိုးရာ အိမျခကျြလကျရာ

RLUU Food Delivery RLUU Food Delivery
No. 4 Myo Thit Third Street
Tamwe, 11211

စျေးအသက်သာဆုံးနဲ့အမြန်ဆုံးပို့ဆော?

Sushi Hoshi Sushi Hoshi
Ni Gyawda Street
Tamwe

sushi