Myat Innjyinn - The Existence

Myat Innjyinn - The Existence

🕉️Namaste🕉️

23/07/2024

ပုံလှလှလေးတွေရဲ့ နောက်ကွယ်ကကျွန်မ🥹💗

23/07/2024

မြတ်ဆီမှာ ခရီးထွက်ရတာ အရမ်းကြိုက်တဲ့အမေတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်💗✨

17/03/2024

ချီးကြရာပျော်တယ်ဆိုတာ ကျွန်မတို့မောင်နမဘဲ😅

အဖေက တောင်ကြီးမှာအလုပ်တွေပါးလာတော့ မြတ် (၈)တန်းရောက်တဲ့အချိန် ရန်ကုန် ဘက်ကိုပြောင်းပြီး အလုပ်လုပ်ပါတယ် အဲ့ရောက်တော့ သူငယ်ချင်းအသစ် ကျောင်းအသစ် နေထိုင်မှု စားသောက်ပုံအသစ်ဆိုတော့ စိမ်းနေပေမဲ့လည်း လအနည်းငယ်ကြာတော့ ရန်ကုန်သူဖြစ်သွားရော..😁

ရန်ကုန်ကနေ အဖေက တာချီလိတ် ဘက်ကို အလုပ်ကိစ္စနဲ့ ထပ်ပြောင်းတော့ မြတ်နဲ့မောင်လေးတွေက အဆောင်နေပါတယ် 9တန်း ဆရာမကြီး ဒေါ်နွဲ့နွဲ့အေး မှာတတ်ပါတယ် 10 တန်းကို အောင်ပန်းကမ္ဘာဇ မှာတတ်ခဲ့ပါတယ် .. 10တန်းအောင်တော့ တောင်ကြီးမှာ တက္ကသိုလ်တတ် ကျောင်းပိတ်ရင် တာချီလိတ်ပြန် ပြီး တာချီလိတ်သူ ပြန်ဖြစ်သွားပြန်ရော 😁

ဘယ်နေရာရောက်ရောက် ပျော်ပျော်နေတတ်ဖို့ပါဘဲ ❤️

16/03/2024

မြတ်တို့ရဲ့ မိသားစု ဇာတိက အေးချမ်းလွန်းတဲ့တောင်ကြီးမြို့လေးပါ တောငိကြီးသူ တောင်ကြီးသား စစ်စစ် တွေပေါ့ရှင်း ..❤️

အဖေက ကျွန်မတို့မိသားစုကို ဘတ်ထရီအိုး
လုပ်ငန်းလုပ်ပြီး ရှာဖွေကျွေးမွေးခဲ့ပါတယ် အဲ့ခေတ်က
"တက်ခေတ် ဘတ်ထရီ" ဆို နာမည်ကြီးဘဲ🙈

မှီတဲ့သူများရှိလား မသိ 🫢

15/03/2024

Family Photo ❤️✨

ခုလက်ရှိ မြတ်အသက် 26 နှစ်မှာ မိသားစုပုံဆိုလို့ ဒီပုံလေးဘဲရှိတယ် .. ဘာကြောင့်ရယ်တော့မဟုတ်ပါဘူး ထွေ"ထူး" မရိုက်ဖြစ်ကြတာရယ် သူ့အလုပ်ကိစ္စ ကိုယ့်လုပ်ငန်းကိစ္စ ကျောင်းသွားကြတာနဲ့ မရိုက်ဖြစ်တာပါ

မြတ်တို့မှာ မိသားစု (၆) ယောက် ရှိပါတယ် .. အလယ်ကတော့ အဖေ နဲ့ အမေ နဲ့ပါ .. မောင်နှမကတော့ (၄)ယောက်မှာ မြတ်က အကြီးဆုံး ပါရှင့်..

အကြီးဆုံးတွေက အချောဆုံးလို့ ကြားဖူးတယ် ဟုတ်လားရှင့်🫢

16/02/2024

ပညာရေးမှာ ထူးချွန်နေရုံနဲ့ မပြီးသေးဘူး ကျန်းမာရေးကောင်းဖို့လည်း အရေးကြီးပါတယ် 🧘‍♂️❤️✨

15/02/2024

ပြောင်းလဲမှုလေးတွေကို ကြိုက်တယ် ❤️✨

-အရင်က က ရင်စက်ရုပ်လို ခုတော့ မိန်းမသားဆန်လာပြီ
-အရင်က အသားရေညစ်တယ် ခုတော့ Healthy Skin လေး
-အရင်က ခန္ဓာကိုယ်အချိုးစားမမှန်ဘူး ခုတော့သူ့နေရာနဲ့သူ
-အရင်က Stress များတယ် ခုတော့ ပေါ့ပါးလာတယ်
-အရင်က ဘာကြောင့်လဲအဖြေရှာတယ် ခုတော့ Let it be
-အရင်က အရမ်းရှက်တတ်တယ် စိုးရိမ်တယ် တွန့်ဆုတ်တယ် ခုတော့ ရှက်ကြောမရှိ စိုးရိမ်မှုမရှိ
-အရင်က အနာဂတ်ကိုတွေးပူတယ် အခုတော့ လက်ရှိအချိန်လေးကိုဘဲ အကောင်းဆုံးရှင်သန်တယ်
-အရင်က ကိုယ့်ကိုအပြစ်တင်မှုတွေနဲ့ပြည့်နေတာ အခုတော့ Self talk ပြောပြီး energy ပြည့်
-အရင်က အလိုမကြတဲ့ ဗိုလ်မ အခုတော့ ဘာလာလာ it'Ok
-အရင်ကတော့ တစ်ယောက်ထဲဘဲနေတယ် အခုတော့ မိသားစု နဲ့ သူငယ်ချင်း တွေနဲ့ တစ်သားထဲ ပျော်"ပါး" နေတတ်လာတဲ့ချိန် ရှင်သန်ရတာ အရမ်း အဓိပ္ပာယ်ရှိလာတယ်

Thank You 🕉️❤️✨

13/02/2024

အမေ့ ရဲ့ အမေ .. ကျွန်မရဲ့ အဘွား ❤️

Photos from Myat Innjyinn - The Existence's post 13/02/2024

သတိရတယ်ရှင့် ❤️
အလုပ်တွေ များနေတာနဲ့ Page လေးကိုတောင်မလာဖြစ်ဘူး 🥺

Photos from Myat Innjyinn - The Existence's post 03/02/2024

မြတ်ကိုယ်တိုင် (3)နှစ်ကျော် Yoga လေ့ကျင့်ပြီး စိတ် နဲ့ ခန္ဓာအပြင် ကျန်းမာရေးသိသိသာသာ ပြောင်းလဲလာလို့ အမေ့က်ုလည်း Yoga လေ့ကျင့်ခိုင်းနေပါပြီ ☺️

ဘာကြောင့်အမေ့ကို Yoga လေ့ကျင့်ခိုင်းတာလဲဆိုရင် အမေက အိမ်တွင်းမီုလုပ်ငန်းလုပ်ရတဲ့အတွက် အညော်တွေရှူမိပါတယ် .. ပစ္စည်းတွေလေစုပ်စက်နဲ့လေစုပ်ရတာမို့လို့ ဇာတ်ကြောတွေတတ်ပါတယ် .. ဂဏန်းချဉ်စပ်တွေချက်ပြီးရင် တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲပါတယ် အသက်အန္တရာယ်ပါစ်ုးရိမ်ရတဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေဒနာ ရယ် အောက်ကြည့်အပေါ်ကြည့်ရင် မူးတတ်တဲ့ဝေဒနာရှိပါတယ်ရှင့်🥺(ဝလာရင် အင်္ကျီချဲ့ရတဲ့ဝေဒနာလည်းရှိပါတယ်)

သို့ပေမဲ့ အခု Yoga (2)လ ကျော်လေ့ကျင့်အပြီး အကြောအခြင်တွေပြေလျော့ ပေါ့ပါးလန်းဆန်းပြီး ညောင်းညာကိုက်ခဲခြင်းတွေလည်း မရှိတော့ပါ .. အပေါ်ကြည့် အောက်ကြည့်ရင် မူးတဲ့ဝေဒနာလည်းသက်သာသွားပါပြီ မတော်တဲ့ဝမ်းဆက်တွေအကုန်ပြန်တော်ပြီ စက်ဆိုင်သွားချဲ့စရာမလိုတော့ပါဘူးတဲ့ရှင်း ..☺️

ဖြစ်လာမှကုသခြင်း ထက် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ခြင်း ကအကောင်းဆုံးနဲ့ အထိရောက် ဆုံးပါဘဲရှင့် 🧘‍♀️❤️✨

(တီချယ့်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်)

28/01/2024

တောင်ချွန်းတတ်တာကို အ-သ-က် ပါထွက်ချင်တယ်တဲ့ 🏔️❤️✨

ပုံလှလှလေးတွေရဲ့ နောက်ကွယ်က 🤭

Photos from Myat Innjyinn - The Existence's post 28/01/2024

ဆောင်းမနက်ခင်းအေးချမ်းလွန်းတဲ့နေ့လေးမှာ နဲ့အတူ တောင်ချွန်းတတ်ကြပါတယ်ရှင့် 🤩

မောပေမဲ့လည်း တောတောင်တွေရဲ့ သဘာဝ ရှူခင်းတွေကော သန့်ရှင်းလက်ဆက်တဲ့လေတွေရှူရှိုက်ခွင့်ရတဲ့အတွက်ကော စိတ်တွေကြည်လင် ပေါ့ပါးလန်းဆန်း ပြီး အရမ်းတွေပျော်ခဲ့ရပါတယ်ရှင့် .. 🌿❤️✨

25/01/2024

"𝙃𝙖𝙥𝙥𝙮 𝙈𝙤𝙩𝙝𝙚𝙧'𝙨 𝘿𝙖𝙮"

ဘယ်အချိန် ခိုနားခိုနား
ထာဝရအေးမြနေတဲ့ အရိပ်

တကယ်တော့ အမေဆိုတာ
စကားလုံးတွေနဲ့ ထုဆစ်ဖို့
မလုံလောက်တဲ့ ကောင်းကင်ကြီးပါ
အရမ်းချစ်တယ် မေမေ

​​မေမေ ကျန်းကျန်းမာမာနဲ့ အမြဲနေနိုင်ပါစေ ❤️✨

25.1.2024(Thursday)

12/01/2024

မိန်းမသားဆန်ချင်ပေမယ့် ခြေလှမ်း တစ်လှမ်း တစ်လှမ်းကြီးက မောင်လေးတွေမှီပါ့မလား 🩵🌱✨

10/01/2024

အဖေတူသမီးလား အမေတူသမီးလား ဖြေပေးအုံးရှင့် 🌱❤️✨

Photos from Myat Innjyinn - The Existence's post 07/12/2023

Facebook Vs Reality 🙂

01/12/2023

အမေ မပါတဲ့ခရီးစဉ်လေး❄️🎄♥️

Photos from Myat Innjyinn - The Existence's post 28/11/2023

ဆေးရုံ ဆေးခန်းတွေ မသွားချင်ရင် အခုတည်းက ယောဂလေ့ကျင့်ပါ ❤️🌿✨

12/11/2023

အတော်ဆုံးဖြစ်စရာမလိုဘူး ပြီးပြည့်စုံနေဖို့လည်းမလိုအပ်ဘူး မရပ်မနား နေ့တိုင်း လက်တွေ့လုပ်နေတဲ့သူ ဖြစ်ဖို့ဘဲ လိုအပ်တယ် ..🌷🩷✨

Yoga အပေါ်မှာထားတဲ့ ခံယူချက် နဲ့ အလုပ်နဲ့ ထပ်တူကြနေတော့ ပိုပိုနှစ်သက်လာတယ် 💯

Photos from Myat Innjyinn - The Existence's post 07/11/2023

ကိုဗစ်တို့ ကိုစစ်တို့မဖြစ်ခင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေရောင်းခဲ့တယ် အဲ့အချိန် အရမ်းရောင်းကောင်းလွန်းလို့ ထမင်းမေ့ ဟင်းမေ့ ဖြစ်ခဲ့တဲ့အချိန်ပေါ့🥰

မကြာပါဘူး #ကိုဗစ် တို့ဝင်လာတော့လည်း ကျွန်မက ပွဲတိုင်းကျော် ကိုဗစ်လည်းအနံ့ပျောက် အရသာပျောက် ဟော .. #အိုမီခရွန် ဆိုလည်း ပါပြန်တာဘဲ ဘယ်ပွဲမှမလွတ်သော ကျွန်မ 😅

ပြီးတာနဲ့ ကိုစစ် တို့ဝင်လာ မာရှယ်လောထုတ်ထားတဲ့အချိန် ညကြီးသန်းခေါင် ချွေးစေးတွေပြန်ပြီး ဗိုက်နာတာ ဆေးရုံသွားလည်းမရတဲ့အချိန် မိုးလင်းတဲ့အထိစောင့်ပြီး ဆေးရုံသွား Ultrasound ရိုက်တော့ #အူအတတ်ပေါက် တာ ဗိုက်ခွဲရမယ် ဆိုလို့ အာပြဲကြီးနဲ့ငိုချပြန်ရော ခွဲပြီးလည်း ကျွန်မသိပ်ချစ်ပါတယ် ဆိုတဲ့ အလုပ်လည်းမလုပ်ရ ငွေလည်းရှာမရ အိပ်ယာပေါ်မှာဘဲ ပက်လက် နေရတဲ့အချိန်တွေကို အရမ်းမုန်းမိတယ် ရှင့်😬

အဲ့အချိန် သင်ခန်းစာရလိုက်တာ တစ်ခုက မကျန်းမာရင် ချစ်ရတဲ့မိသားစု နဲ့လည်း အတူမနေနိုင် သလို ငွေလည်းမရှာနိုင်ဘူး ငွေမရှာနိုင်ရင် လုပ်ချင်တာတွေလုပ်မရဘူး ဆိုတာသိပြီးတဲ့နောက်ပိုင်း

ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖြစ်လာတယ် အဲ့အချိန်ကစပြီး Life Style ကို change လိုက်တယ် နေ့စဉ်အပြုအမူ အနေအထိုင် အစားအသောက် အပြင် ယောဂပါ လေ့ကျင့်လိုက်တော့ ပွဲတိုင်း မကျော်တော့တာ ကြာပြီရှင့် 😁

ယောဂ လေ့ကျင့် = အချိန်ကုန် , ငွေကုန် , အဝတ်ဖိုးကုန်

❗သို့ပေမဲ့ ဆေးကုစရိတ်သက်သာ ❗

Photos from Myat Innjyinn - The Existence's post 02/11/2023

အိမ်မှာ တစ်ယောက်ထဲ အိမ်စောင့်ကြနေရင်း တွေးမိတာလေးတစ်ခုပေါ့ .. 💭❤️

အဖေ နဲ့ အမေ က နား,နှာခေါင်း,လည်ချောင်း ဆရာမကြီးရဲ့ဆေးခန်းရက်ချိန်း ကိုသွားရတယ် , ဦးလေးကလည်း တောင်အောက်မှာ အပတ်တိုင်း သွေးသွားဖောက်ရတယ် ,အဒေါ်ကလည်း Body Weight ကြောင့် ဒူးနာတာ ခြေဖနောင့်နာတာတွေ ကြောင့်အမြဲ ဆေးထိုး ဆေးသောက်ရတယ် , ဦးလေးကလည်း ဂုတ်ကြီးပေါင်း ဇာတ်ကြီးပေါင်း ဖြစ်နေတယ်

ခန္ဓာရှိရင် ဝေဒနာကြီးကရှိနေမှာဘဲ သို့ပေမယ့် ဖြစ်လာမှကုသတာ ထက် မဖြစ်ခင်ကတည်းက ကုသတာက အထိရောက်ဆုံး နဲ့ အကောင်းဆုံးပါ ❤️

ဘယ်လိုကုသရမှာလဲ ဆိုရင် အရင်ဆုံး မိမိတို့ရဲ့ Life Style ကို Change ကြည့်ပါ .. ကျန်းမာရေးနဲ့ ညီညွှတ် တဲ့ အပြုအမူ အနေအထိုင် အစားအသောက် တွေကိုဦးစားပေးပြီး ခန္ဓာကိုယ် သွေးလည်ပတ်မှူ စနစ်ကောင်းမွန်စေဖို့ နားလည်သိကျွမ်းတဲ့ဆရာမနဲ့အတူ Yoga လေ့ကျင့်ပါလို့ အကြံပြုပါရစေရှင့် ..❤️✨

2.11.2023(Thursday)

Photos from Myat Innjyinn - The Existence's post 02/11/2023

မေ့နေကြပြီလားရှင့် 🧡

Photos from Myat Innjyinn - The Existence's post 22/10/2023

Namaste 🙏🌷✨

(24) နာရီမှာ ကိုယ့်ကျန်းမာရေးအတွက် (1)နာရီလောက်အချိန်ပေးဖြစ်အောင်ပေးပါ ❤️

15/10/2023

Congratulations Yoga Instructor Tr. May👏🎉🎈✨

All the victories are yours.💪❤️

Photos from Myat Innjyinn - The Existence's post 25/08/2023

Grashopper Pose (Parsva Bhuja Dandasana)💗✨

အဖြူကောင်လေးရဲ့ အကြည့် အပြုံး မှာတင်အရည်ပျော် လေ့ကျင့်ဖို့ မိုတီဗေးရှင်း ပေါ့ရှင်း 🫢

24/08/2023

ရှာပုံတော် 🫢❤️✨

Photos from Myat Innjyinn - The Existence's post 24/08/2023

မြတ် Online မှာတော်ရုံအဝတ်စားမဝယ်ဖြစ်ဘူးရှင့် .. ခြေရှည် လက်ရှည် ခါးကြောရှည်တဲ့သူမို့ ဝယ်လာပြီးရင် အဆင်မပြေတာ များတယ် 😬

သို့ပေမဲ့ ဒီ Burmese Threads ထဲက ထုတ်တဲ့အဝတ်စားတော်"များ" ကိုဝင်ကြည့်ဖြစ်တယ် စTry ဖို့ Mystery Box လေးဝယ်လိုက်တာ .. Local Made လို့တောင်ထင်ရက်စရာမရှိဘူး လုံးဝ Satisfied ဖြစ်တယ် ရှင့် .. နေ့စဉ် ပေါ့ပေါ့ပါးပါးဘဲဝတ်မလား ဒါမှမဟုတ် မြတ်လို Yoga လေ့ကျင့်ရင်းဝတ်မလား အဆင်ပြေသောဘဲ

အကြိုက်ဆုံးကတော့ သူ့ဆီကအဝတ်စားတွေတော်တော်များများက မြတ် Style နဲ့ ကွတ်ဖြစ်နေတာလေးပေါ့ .. ခု ဝတ်ထားတာလေးကတော့ Ruby Top လေးပါ ရှင့်..♥️✨

Photos from Myat Innjyinn - The Existence's post 23/08/2023

Sr.Nitin Kumar 💗🌷✨

Want your business to be the top-listed Beauty Salon in Taunggyi?
Click here to claim your Sponsored Listing.

Videos (show all)

ပုံလှလှလေးတွေရဲ့ နောက်ကွယ်ကကျွန်မ🥹💗
မြတ်ဆီမှာ ခရီးထွက်ရတာ အရမ်းကြိုက်တဲ့အမေတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်💗✨
ပညာရေးမှာ ထူးချွန်နေရုံနဲ့ မပြီးသေးဘူးကျန်းမာရေးကောင်းဖို့လည်း အရေးကြီးပါတယ် 🧘‍♂️❤️✨
အမေ့ ရဲ့ အမေ .. ကျွန်မရဲ့ အဘွား ❤️
တောင်ချွန်းတတ်တာကို အ-သ-က် ပါထွက်ချင်တယ်တဲ့ 🏔️❤️✨ပုံလှလှလေးတွေရဲ့ နောက်ကွယ်က 🤭
"𝙃𝙖𝙥𝙥𝙮 𝙈𝙤𝙩𝙝𝙚𝙧'𝙨 𝘿𝙖𝙮"       ဘယ်အချိန် ခိုနားခိုနားထာဝရအေးမြနေတဲ့ အရိပ်တကယ်တော့ အမေဆိုတာစကားလုံးတွေနဲ့ ထုဆစ်ဖို့မလုံလောက်တ...
မိန်းမသားဆန်ချင်ပေမယ့် ခြေလှမ်း တစ်လှမ်း တစ်လှမ်းကြီးက မောင်လေးတွေမှီပါ့မလား 🩵🌱✨
အဖေတူသမီးလား အမေတူသမီးလား ဖြေပေးအုံးရှင့် 🌱❤️✨
အမေ မပါတဲ့ ခရီးစဉ်လေး ❄️🎄♥️
အတော်ဆုံးဖြစ်စရာမလိုဘူး ပြီးပြည့်စုံနေဖို့လည်းမလိုအပ်ဘူး မရပ်မနား နေ့တိုင်း လက်တွေ့လုပ်နေတဲ့သူ ဖြစ်ဖို့ဘဲ လိုအပ်တယ် ..🌷🩷...
Congratulations Yoga Instructor Tr. May 🎉🎈❤️✨  All the victories are yours.💪❤️  #MayYoga #MayYogi #Yoga #May #Myat
ရှာပုံတော် 🫢❤️✨

Telephone

Website

Address

မ/၂၈ စမ်းချောင်းလမ်း, တောင်ပိုင်းရပ်ကွက်, ကျောင်းကြီးစု, တောင်ကြီး
Taunggyi