Shan Taekwondo Federation - Zenith

To the top.

31/12/2023

Our Zenith Taekwondo Team wish you all to get a Happy New Year. May all of you get a happy and wishful life.

25/12/2023

Merry Christmas to you all.
Happy Christmas to you all.

07/11/2023

ရော့တစ်ချက်ထိုးမယ် တစ်ချက်ကာမယ်ဆိုတဲ့လေ့ကျင့်ခြင်းမျိုးတွေဟာ လက်တွေ့မှာဘာကြောင့်အသုံးမဝင်လည်းဆိုတာဒီ Video ကိုကြည့်ပြီးရင် အသိပညာတစ်ခုတိုးသွားမှာပါ။

Photos from Shan Taekwondo Federation - Zenith's post 28/10/2023

သီတင်းကျွတ် မုန့်စားပွဲ

01/08/2023

ယနေ့သည် ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဖြစ်သောကြောင့် လူသားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏🙏🙏

Photos from Shan Taekwondo Federation - Zenith's post 09/07/2023

We may be difference but we are UNITY!! We all are Zenith!!♥♥♥

01/07/2023

There is another video post again due to can't upload long play video♥

01/07/2023

Last night Physical Game we play and welcome new members of Zenith♥♥♥

28/05/2023

Today morning outdoor training!! We walked and ran a little and eat a little.(Trust me) :-)

21/05/2023

ZENITHs from Aye Thar Yar!!(Sunday)

19/05/2023

Never Give Up!!

19/05/2023

Friday night!! Activity of team work out.
Let's step forward together!!!

16/04/2023

နှစ်သစ်မှာ လူတိုင်းကိုယ်စိတ်နှစ်​ဖြာကျန်းမာချမ်းသာပြီး ဘေးရန်အပေါင်းကင်းကွာကြပါစေလို့ ကျွန်တော်တို့ဆုမွန်ကောင်းတောင်းပေးပါတယ်။
၁၈၊ ၄၊ ၂၀၂၃ မှစပြီးသင်တန်းများပုံမှန်အတိုင်းပြန်ဖွင့်ပါပြီ။

21/03/2023

Kwon = Punch or strike with hands.

08/03/2023

အားလုံးပဲကြိုဆိုပါတယ်
ဆက်သွယ်ရန်ဖုန်းနံပတ်
09794418875
09420438097

28/02/2023

Summer Holiday တွင် ကလေးများ ကျန်းမာရေးအရဖြစ်စေ၊ ဝါသနာကြောင့်ဖြစ်စေ၊ ပတ်ဝန်းကျင်တစ်ခုရရန်အတွက်ဖြစ်စေ ရည်ရွယ်ပြီး နွေရာသီအတွက် Discount လေးချထားပါတယ်။

အသက်ကိုတော့
၁။ ၇နှဈ မှ ၉နှစ်
၂။ ၉နှစ် မှ အထက် တို့ဖြင့်ကန့်သတ်ထားပါတယ်။

မေးမြန်းလိုသည်များရှိပါက
K&K fitness တွင်လာရောက်မေးမြန်းနိုင်သလို၊
ကြော်ငြာတွင်ပါသည့်ဖုန်းနံပတ်မှလည်း ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

15/02/2023

လုပ်ငန်းခွင်ဝင်နေတာတောင် အားတဲ့အချိန်လေးလာကူညီပေးတဲ့ညီလေးနှစ်ယောက်

11/02/2023

"There are no bad boys. There is only bad environment, bad training, bad example, bad thinking."
Father Edward Joseph Flanagan
ဆိုးသွမ်းလူငယ်တွေဆိုတာမရှိပါဘူး။ ဆိုးဝါးတဲ့ပတ်ဝန်းကျင်၊ ဆိုးဝါးတဲ့သင်ယူခံရမှုတွေ၊ ဆိုးဝါးတဲ့ဥပမာအမြင်တွေ၊ ဆိုးဝါးတဲ့အတွေးအခေါ်တွေပဲရှိပါတယ်။

ဒီစာလေးကိုဖတ်ပြီးရင် ပတ်ဝန်းကျင်တစ်ခုဟာ လူတစ်ယောက်ကိုပုံစံတစ်ခုဝင်သွားအောင် ဖန်တီးနိုင်ကြောင်းလေ့လာလို့ရနိုင်ပါတယ်။

အားကစားရာသီဖြစ်တဲ့ နွေရာသီကိုရောက်ရှိလာပြီး ကျောင်းစာမေးပွဲတွေလည်းဖြေတော့မယ်ဆိုတော့ သားသား၊ မီးမီးတို့ကို အားကစားသင်တန်းတွေပို့ဖို့ ဖေဖေ၊ မေမေတို့ စီစဥ်နေလောက်ကြပြီထင်ပါတယ်။ ရွေးချယ်စရာများပြားလှတဲ့ ဒီခေတ်ကြီးထဲမှာ ဘယ်တစ်ခုရွေးရမလဲစဥ်းစားရခက်နေပြီလား။ ဒါဆိုရင် ဒီရဲ့ Post လေးဟာ ဖေဖေ၊ မေမေတို့ရဲ့သားသား၊ မီးမီးတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်နိုင်မယ်လို့ အကြံပြုချင်ပါတယ်။

ကျွန်တော်တို့ ရှမ်းပြည်နယ်တိုက်ကွမ်ဒိုအဖွဲ့ချုပ်မှဦးစီး၍ နွေရာသီ အဆင့်မြင့်အခြေခံတိုက်ကွမ်ဒိုသင်တန်းကို K&K Gym Fitness ရှိ Zenith Taekwondo မှာ ၂၀.၂.၂၀၂၃ မှစတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ဘာကြောင့်ရွေးချယ်စရာအဖြစ်ပြောနေရတာလဲဆိုပြီး မေးခွန်းမေးစရာရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ Zenith Taekwondo မှာ
1. Teamwork နဲ့လုပ်ဆောင်တတ်ခြင်း၊
2. သူတစ်ပါးကို စာနာတတ်ခြင်း၊
3. မိမိကိုယ်တိုင်ဆုံးဖြတ်ချက်ချ​စေတတ်ခြင်း စသဖြင့် တိုက်ကွမ်ဒိုပညာရပ်ကိုပဲသီးသန့်သင်ကြားမှာမဟုတ်လို့ မိမိတို့ကလေးငယ်များကိုလူ့လောကမှာ Survive ဖြစ်နိုင်အောင်တစ်ပါတည်းလေ့ကျင့်သင်ကြားသွားပေးမှာဖြစ်ပါတယ်။
4. Class တစ်ခုလျှင် လူ ၁၀ ယောက်သာလက်ခံမှာပဲဖြစ်ပါတယ်။
5. ဈေးနှုန်းများကတော့ သားသား မီးမီးတို့အတွက်ရည်မှန်းထားတာဖြစ်လို့ သီးသန့်တစ်ဦးတည်းလာအပ်ရင် Discount အနေနဲ့ တစ်လ ၄သောင်းသာကျသင့်မှာဖြစ်ပြီး ၃ ဦး သို့ ၄ ဦးစုပြီးလာအပ်ရင်တော့ Promotion အနေနဲ့ နောက်ထပ် Percent များလျှော့ချသွားပေးမှာပဲဖြစ်ပါတယ်။
Promotion အသေးစိတ်နဲ့ အသက်အရွယ်အကန့်အသတ်ကိုတော့ နောက်ထပ် Post များတွင်တင်ပေးမှာပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ ဘာကြောင့်ရွေးချယ်စရာတစ်ခုအဖြစ်ပြောနေရတာလဲဆိုတာ မြင်သွားကြမှာပါ။

P.S ဓာတ်ပုံရိုက်ကူးရေးတွင်ကူညီပေးသော ညီမလေးအား ကျေးဇူးအထူးတင်ရှိပါတယ်။

10/02/2023

ဒီခေတ်ဈေးနှုန်းနဲ့တော့ မွဲကိန်းပါ 😆

04/02/2023

အဖွဲ့တစ်ခုကိုခေါင်းဆောင်နေတဲ့
ခေါင်းဆောင် ၄ မျိုး ရှိပါတယ်။

1 Proactive Leader

သူဟာ သိပ်ပြီး ထက်မြတ်တယ်။
အတွေးအခေါ်တွေကအမြဲ ရှင်သန်နေတယ်။
မိမိ အဖွဲ့အစည်းတစ်ခုလုံး
ကောင်မွန်စေဖို့သေချာရင်
ပတ်ဝန်းကျင် ကို
ကြိုတင်အမြဲစူးစမ်းလေ့လာနေပြီး
သင့်တော်မယ့် အခြေအနေတစ်ခုကို
ဉီးဆောင်ပြောင်းလဲပေးဖို့
အဆင်သင့်ဖြစ်နေသူ။
မိမိ လူတွေအဆင်ပြေရေးကိုသာ
အမြဲ ကြိုတင်တွေးပေးနေသူပါ။

အရမ်းတော်တဲ့ ခေါင်းဆောင်မျိုးပါ။
ဒီ ခေါင်းဆောင်မျိုး နဲ့ လက်တွဲ ရရင်
မိမိတန်ဖိုးရှိတဲ့အချိန်တွေ
အကျိုးမမဲ့စေရတော့ပါဘူး။

2 Reactive Leader

သူကတော့ ဆင်ခြင်တုံတရား
အသိဉာဏ်ရှိသော ခေါင်းဆောင်ပါ။
ပတ်ဝန်းကျင်အနေအထားကို
အမြဲ အကဲမခပ်နေပေမယ့်
အခြေအနေရ
မိမိပတ်ဝန်းကျင်အပြောင်းအလဲကိုလိုက်ပြီး
မိမိအဖွဲ့ကောင်းကျိုး ကို ကြည့်
ဉီးဆောင်ပြောင်းလဲပေးသူပါ။

လက်တွဲသင့်တဲ့ခေါင်းဆောင်မျိုးပါပဲ။
သူနဲ့လက်တွဲထားရင်
အကျိုးလုံးဝမယုတ်နိုင်ပါဘူး။

3 Die Hard Leader

တယူသန် စိတ်ကြီးတဲ့ခေါင်းဆောင်မျိုးပါ။

ပတ်ဝန်းကျင်အပြောင်းအလဲ
ဆက်တိုက်ဖြစ်နေတာတောင်
မိမိအယူအဆကပဲ
မှန်ကန်တယ် တရားသေ တွေးပြီး
မပြောင်းလဲနိုင်သူပါ။
မိမိ လူတွေအားလုံးအတွက်
အကျိုးမရှိတာသိနေလည်း
သိသိနဲ့ကို ဖိအားပေး လုပ်ဆောင်စေသူမျိုးပါ။
သင်္ဘောကြီးတစ်စီးလုံးမြုပ်နေတာတောင်မှ
လုံးဝမမြုပ်နိုင်ဘူးဆိုပြီး
ပေါ်တင် ဘူးခံ ငြင်းတက်တဲ့
ခေါင်းမရှိတဲ့ ခေါင်းဆောင်မျိုးပါ။

ဝေးဝေးကသာ ရှောင်ပါ။
သူနဲ့ကြာကြာလက်တွဲလေ
ကိုယ်ပဲ လမ်းမှားရောက်လေ
မအောင်မြင်လေပါပဲ။

4 Layman Leader

သူကတော့ ဖားခြေရာခွပ်ထဲက ခေါင်းဆောင်ပါ။
ပတ်ဝန်းကျင်အပြောင်းအလဲကို
လုံးဝစိတ်မဝင်စားသလို
သိအောင်လည်းမကြိုးစားပါဘူး။
အဖွဲ့အစည်းထဲ
နေ့စဉ်လုပ်နေကြ အလုပ်တွေကိုပဲ
အကျိုးရှိမယ် လို့
မိမိလူတွေကို ခနခန ပုံစံသွင်းပြီး
အောင်မြင်မှုမရနိုင်တဲ့အလုပ်တွေနဲ့
ကျေနပ်နေသူပါ။

အဲ့လို လူမျိုးကိုသာ
ခေါင်းဆောင်အဖြစ်ထားမိရင်
မိမိ အောင်မြင်မှုအတွက်
အန္တရာယ် အရမ်းများပြီး
ဆုံးရှုံးမှုလည်း များပါလိမ့်မယ်။

Personal Developingမှာ
ခေါင်းဆောင်ကောင်းဟာ
အမတန်အရေးကြီးပါတယ်။
Leader မကောင်းရင်
မိမိအနာဂါတ်လည်း မကောင်းနိုင်ပါဘူး။

မိတ်ဆွေတို့
ခေါင်းဆောင်ကောင်းတွေ့နိုင်ကြပါစေ။

ဘယ်သူကဘယ်လိုခေါင်းဆောင်မျိုး
ဆိုတာလည်း သိနိုင်ကြပါစေ။

( အလုပ်ကို ရလဒ်နဲ့သက်သေပြပါ၊ )

Credit.

31/12/2022

Our team wishes to every single person on the Earth may have a "Peaceful New Year". And also thanks to our team members for making a lot unforgettable recollections with us.

Photos from Shan Taekwondo Federation - Zenith's post 16/12/2022

ကျွန်​တော်တို့ရဲ့ Promotion self-defence course လေးပြီးဆုံးသွားပါပြီ။
၁၀ ရက်လုံး လာရောက် Join ​ပြီး သင်တန်းပြီးဆုံးသောအချိန်တွင်လည်း မှတ်ချက်ပြုပေးသော ညီလေး ညီမလေးတို့အားကျေးဇူးတင်ပါတယ်။
နောက်များတွင်လည်း Promotion class များဖွင့်မည့်အစီအစဥ်ရှိသောကြောင့် Stay Tune ထားကြဖို့တိုက်တွန်းလို့ပါတယ်။

08/12/2022

Warming up

Photos from Shan Taekwondo Federation - Zenith's post 27/11/2022

မင်္ဂလာပါ

ကျွန်တော်တို့ Zenith Taekwondo မှ December promotion အနေနဲ့ အေးချမ်းတဲ့ဆောင်းတွင်းကာလမှာ လေ့ကျင့်ခန်းလည်းဖြစ် လက်တွေ့အသုံးချကိုယ်ခံပညာလည်းလေ့လာနိုင်အောင် အခြေခံလက်တွေ့အသုံးချကိုယ်ခံပညာကို ၁၀ ရက်တာအခမဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။

😊😊 မျှဝေပေးသွားမယ့်သင်ခန်းစာတွေကတော့
၁။ တိုက်ခိုက်ရေးလက်သီးထိုးခြင်း
၂။ အခြေခံတားဆီးခြင်းများ
၃။ တိုက်ခိုက်ရေးကန်ချက်များ
၄။ အခြေခံခြေလှမ်းရွှေ့လျားခြင်း
၅။ လက်သီးထိုးခြင်း၊ တားဆီးခြင်း၊ ကန်ချက်များအားပေါင်းစပ်အသုံးပြုခြင်း
၆။ ခန္ဓာကိုယ်ဟန်ချက်လေ့ကျင့်ခန်းများ
အစရှိသည်များကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

⏳ Duration and time table
December ၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ စနေ၊ တနင်္ဂနွေမပါ ၁၀ရက်တာ Promotion ပဲဖြစ်ပါတယ်။
အချိန်များကတော့
နေ့လယ်ခင်း ၂:၃၀နာရီ မှ ၄နာရီ
ညနေခင်း ၅:၃၀ မှ ၇နာရီ ပဲဖြစ်ပါတယ်။

👶👴 လက်တွေ့အသုံးချကိုယ်ခံပညာဖြစ်သောကြောင့် အသက်အရွယ်ကန့်သတ်ချက်လေးရှိပါမယ်​ဗျ။
အသက် ၁၄နှစ် မှ ၃၀နှစ် အတွင်း ကျား/ မ မရွေး ကျွန်တော်တို့ရဲ့ December Promotion မှာပါဝင်လို့ရပါတယ်ဗျ။

🤷‍♂️🤷‍♀️ ဘယ်လိုပါဝင်ကြမလဲ?
ကျွန်တော်တို့ Promotionမှာပါဝင်ချင်တယ်ဆိုရင်တော့
၁။ ပထမအနေနဲ့ ယခု Post လေးကို Public လေးနဲ့ Share ပြီး Screen shot လေးရိုက်ပါ။
၂။ ဒုတိယအနေနဲ့ ရိုက်ထားတဲ့ Screen shot ကို မူရင်း Post လေးမှာ လာမန့်ပြီး K&K fitness centerမှာ
(က) မိမိအသက်
(ခ) ကျား/ မ
(ဂ) အရပ်အမောင်း ရေးပေးပြီးပါဝင်လို့ရပါပြီ။

😣😱 Dead line
Promotion သင်တန်းကို လူအကန့်အသတ်ရယ်၊ ၅ ရက်နေ့စမှာဖြစ်တာရယ်ကြောင့် December ၃ ရက်နေ့ကို ​နောက်ဆုံးထားပြီး K&K fitness center တွင် Promotion အတွက်နာမည်စာရင်းလာပေး​ဖို့ အားလေးထည့်စေချင်ပါတယ်။

P.S ၁။ အခြေခံလက်တွေ့အသုံးချကိုယ်ခံပညာကို အချိန်တိုအတွင်းသင်မည် ဖြစ်သောကြောင့် အသက်ကန့်သတ်ရခြင်းဖြစ်ကြောင်းနားလည်ပေးစေလိုပါတယ်။
၂။ ဓာတ်ပုံရိုက်ကူးရေးတွင် ပါဝင်သောသူများအား အထူးကျေးဇူးတင်ရှိပါတယ်။ 😍😍😍

12/11/2022

ကျွန်တော်တို့ Zenith Taekwondoမှ အေးချမ်းတဲ့ရာသီဥတုအတွင်း ကိုယ်လက်လှုပ်ရှားလည်းဖြစ်၊ ကိုယ်ချပညာလည်းလေ့လာ၊ အဆီပိုတွေကိုလည်းနှုတ်ဆက်နိုင်မယ့် December Special Promotion လေးလာပါမယ်။
December Special Promotion လေးကိုတော့ November လရဲ့နောက်ဆုံးအပတ်မှာ ကြေငြာသွားပေးမှာပဲဖြစ်ပါတယ်။
December Special Promotion အစီအစဥ်​လေးမှာ လူအကန့်အသတ်ရှိမှာကြောင့် အစီအစဥ်​လေးတွေကဘာတွေလဲဆိုတာကို စောင့်မျှော်ရင်းနဲ့ အခွင့်အရေးလေးတွေကို လက်လွှတ်မခံရအောင် Page လေးကို See first လုပ်ထားကြပါဦးနော့်။ Stay Tune ☃❄🥋

Photos from Shan Taekwondo Federation - Zenith's post 19/09/2022

"အဲ့ဆရာ/ ဆရာမကအရမ်းတော်တာ ဒါပေမယ့် သူ့ကလေးတွေကသူ့လောက်မတော်လာဘူး မတော်နေဘူး" ဒါတွေကိုကြားဖူးနေကြမှာပါ။ ကိုယ်တတ်တိုင်း တစ်ပါးသူကိုသင်လို့တတ်မြောက်မယ်ဆိုရင် နည်းပြ ဆရာ/ ဆရာမ ဆိုတာရှိလာမှာမဟုတ်ပါဘူး။ စာသင်ကြားမှုနည်းစနစ်အနေဖြင့် Traditional method လို့ခေါ်တဲ့ ဆရာ/ ဆရာမကရှေ့ကနေဒိုင်ခံရှင်းသွားပြီး ကလေးတွေကိုလုပ်တော့ဆိုတဲ့နည်းနဲ့ ကလေးတွေကိုပြောရင်းလက်တွေ့လုပ်ခိုင်းခြင်းနည်း ယခုနောက်ပိုင်း Student centre teaching method လို့ခေါ်တဲ့ ကျောင်းသားဗဟိုပြုနည်းစနစ်တွေရှိလာပါတယ်။ သင်ပုံသင်နည်းအလိုက် သင်ယူသူတို့ရရှိသွားနိုင်မယ့် ပညာဟာကွဲပြားသွားပါတယ်။ စာသင်ကြားမှုတင်မကပဲ သင်ကြားမှုနှင့်ဆိုင်သမျှကို Traditional methodနဲ့ Student Centre teaching method နှင့်သင်ကြားလို့ရပါတယ်။
ပြီးတော့နောက်တစ်ချက်အနေနဲ့ Power of words ပါ။ စကားလုံးတွေမှာ စွမ်းအားရှိပါတယ် နည်းပြ ဆရာ/ ဆရာမများ ပြောလိုက်တဲ့စကားလုံးများသည် သင်ယူလေ့လာသူများအဖို့ ရိုက်ချတာမျိုးလုံးဝ(လုံးဝ) မဖြစ်စေရဘဲ ဆက်လက်လေ့လာရန်၊ သင်ယူရန် စိတ်ဓာတ်ခွန်အားပေးမည့်စကားလုံးများသာဖြစ်ရပါမယ်။ ဒါကြောင့်မို့ အောက်ပါပုံများ​ကြည့်ပြီး မိမိတို့၏သားသား၊ မီးမီးများကို စိတ်ဒဏ်ရာရခြင်းမှရှောင်လွှဲနိုင်ပြီး စိတ်ဓာတ်တက်ကြွသော၊ အသစ်သစ်များကို သင်ယူလေ့လာလိုစိတ်ပြင်းပြသော ကလေးငယ်များဖြစ်အောင် သတိချပ်နိုင်ကြပါစေ။ အထက်ပြောပါအချက်များခြုံငုံပြောရမည်ဆိုလျှင် မိဘများသည် ကလေးငယ်များအတွက် ပထမဦးဆုံးသော နည်းပြ ဆရာ/ ဆရာမများဖြစ်ကြပါသည်။ ဒါကြောင့် နည်းပြ ဆရာ/ ဆရာမ များသည် မည်မျှအ​ရေးကြီးကြောင်း၊ တာဝန်ရှိကြောင်းကိုသတိချပ်သင့်ပါတယ်။
Photos Crd

31/08/2022

သင်တန်းတစ်ခုတွင် သင်တန်းသားများကိုသာ စည်းကမ်းသတ်မှတ်ပြီး နည်းပြများ စည်းမရှိကမ်းမရှိနေလို့မရပေ။ ထိုအတွက်ကြောင့် ကျွန်တော်တို့သင်တန်းတွင် နည်းပြများလိုက်နာရန်စည်းကမ်းချက်များကို ထုတ်ထားလျက်ရှိပါတယ်။ နည်းပြများသည် လမ်းညွှန်ကြားပေးရန်အတွက်သာတာဝန်ရှိပြီး လမ်းညွှန်ချက်များအား လိုက်နာရန်ခြင်းမနာခြင်းသည် သင်တန်းသားများနှင့်သာသက်ဆိုင်ပါသည်။ "ရေခွက်ပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်တယ်"ဆိုသော နည်းပြများမဟုတ်သောကြောင့် တစ်သွေးတစ်သံတစ်မိန့်ဖြင့်သင်ကြားလိုသော သင်တန်းသားများအနေဖြင့် စဉ်းစားရန်လိုအပ်မည်ဖြစ်ကြောင်းပြောကြားလိုပါတယ်။

နည်းပြများလိုက်နာရမည့်စည်းကမ်းများ

၁။ နည်းပြများအချင်းချင်းတိုင်ပင်ပြီး သင်တန်းသားများအားအကောင်းဆုံးနှင့်အထိရောက်ဆုံး သင်ကြားပေးရမည်။

၂။ မလိုအပ်ဘဲ အပြင်းအထန်ဒဏ်ပေးချင်းများမပြုလုပ်ရ။ (သတ်မှတ်ထားသော ပြစ်ဒဏ်များသာပေးရမည်။)

၃။ နည်းပြများ သင်တန်းသို့အချိန်မီရောက်ရှိရန် ညှိနှိုင်းရမည်။

၄။ သင်တန်းသားများအတွက် ထိရောက်သော လေ့ကျင့်ခန်းများသာ သတ်သတ်မှတ်မှတ်လုပ်ဆောင်ရမည်။

၅။ သင်တန်းသားများ သင်တန်းပျက်လျှင်ဖြစ်စေ သင်တန်းနောက်ကျလျှင်ဖြစ်စေ အကျိုးကြောင်းသင့်လျှော်စွာမေးပြီးမှ သင့်လျှော်သောဒဏ်ပေးခြင်းများ ပေးရမည်။

၆။ သင်တန်းအား နည်းပြဘက်မှပျက်ကွက်ခဲ့လျှင် အစားထိုးအချိန်များပြန်ပေးနိုင်ရန်စီမံပေးရမည်။ (သင်တန်းသားများအခကြေးငွေပေးတက်နေသည်ကိုသတိရှိရန်)

၇။ နည်းပြများသည် သင်တန်းသားများ၏ကိုယ်ရေးကိုယ်တာကိစ္စများအား သင်တန်းနှင့်မသက်ဆိုင်လျှင် စွက်ဖက်ခြင်းမပြုရင် သတိရှိရမည်။

၈။ တန်းဖြုတ်ခါနီး နာရီဝက်အလို နည်းပြများအားလုံး အကြောလျှော့ခြင်း ကစ်ကန်ခြင်းများလုပ်ဆောင်ရမည်။
စာကြွင်း (ပုံပါစာအတိုင်း လူတစ်ယောက်သည်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သည့်အရာမည်သည့်အရာမှမရှိပေ ပညာရပ်တစ်ခုအားလေ့လာလေလေ ပိုပြီးလေ့လာရန်ကျန်ရှိသည်ကိုသာ တွေ့ရှိလာရမည်ဖြစ်သည်။ ငါတော်ပြီတတ်ပြီ ငါဆရာဖြစ်ပြီလို့ကိုယ့်ဘာသာသတ်မှတ်လိုက်သောသူသည် ဘာကိုမျှမတတ်သေးသောသူသာဖြစ်လိမ့်မည်။)

Photo crd to google

31/08/2022

အောက်ပါစည်းကမ်းများသည် သင်တန်းစမဖွင့်ခင်ကတည်းက ထုတ်ပြီးသောစည်းကမ်းများဖြစ်ပါတယ်။ အမှန်စင်စစ်ကျွန်တော်တို့သည် ဝန်ဆောင်မှုပေးခြင်းမျိုးဖြစ်သော်လည်း ဆရာသည်တပည့်ကိုလေးစားရန်၊ တပည့်သည်ဆရာကိုလေးစားရန်၊ သင်တန်းအပေါ်လေးစားရန် စည်းမျိုးရှိသောကြောင့် သင်တန်းတွင်းလိုက်နာရန် ဤစည်းကမ်းများကိုထုတ်ထားလျက်ရှိပါတယ်။

သင်တန်းသားများလိုက်နာရမည့်စည်းကမ်းချက်များ

၁။ သင်တန်းသို့ စတင်မည့်အချိန်မတိုင်မီ ၁၀မိနစ်အလိုတွင်ရောက်ရှိရမည်။ ထိုထက် စော၍ရောက်ရှိပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက သင်တန်းမှတာဝန်ယူမည်မဟုတ်။

၂။ သင်တန်းချိန်တွင် နည်းပြမှ လိုအပ်ချက်တစ်ခုကြောင့် ပြစ်ဒဏ်ပေးလျှင် ကြည်ဖြူစွာလက်ခံရမည်။

၃။ သင်တန်းကစားနေစဉ်အတွင်း သင်တန်းသားမှနည်းပြဆရာအားဖြစ်စေ ကစားသမားအချင်းချင်းဖြစ်စေ မလေးမစားပြုလုပ်လျှင်ကြီးမားသောပြစ်ဒဏ်ပေးခံရမည်။

၄။ အရက်၊ ဆေးလိပ်၊ ကွမ်းနှင့် အခြားမူးယစ်စေတတ်သောအရာများ သုံးစွဲပြီးသင်တန်းသို့မလာရ။

၅။ သင်တန်းအားထိခိုက်စေမည့် အပြုအမူများလုံးဝမပြုလုပ်ရ။ (သင်တန်းအမည်အား အလွဲသုံးစားပြုလုပ်ခြင်း၊ အပုပ်ချပြောဆိုခြင်း)

၆။ သင်တန်းသားအချင်းချင်း ခိုက်ရန်(လုံးဝ)မဖြစ်ရ။

၇။ သင်တန်းချိန်အတွင်း တိုက်ကွမ်ဒိုဝတ်စုံအပြည့်ဝတ်ဆင်ပြီးမှသာ ကစားရန်။

၈။ သင်တန်းချိန်နောက်ကျမည်ဆိုလျှင် သက်ဆိုင်ရာနည်းပြအား ကြိုတင်အကြောင်းကြားရမည်။

၉။ ဖျားနာခြင်းမှအပ သင်တန်းပျက်လိုလျှင် ခွင့်ကြိုတင်တိုင်ကြားရမည်။

၁၀။ ခိုင်လုံသောအကြောင်းပြချက်မရှိပဲ ခွင့်မဲ့ (၃)ရက်ပျက်ကွက်လျှင်သင်တန်းမှထုတ်ပယ်မည်။

Photo crd to google

Want your business to be the top-listed Gym/sports Facility in Taunggyi?
Click here to claim your Sponsored Listing.

Videos (show all)

There is another video post again due to can't upload long play video♥
Last night Physical Game we play and welcome new members of Zenith♥♥♥
Friday night!! Activity of team work out.Let's step forward together!!!
နှစ်သစ်မှာ လူတိုင်းကိုယ်စိတ်နှစ်​ဖြာကျန်းမာချမ်းသာပြီး ဘေးရန်အပေါင်းကင်းကွာကြပါစေလို့ ကျွန်တော်တို့ဆုမွန်ကောင်းတောင်းပေး...
Kwon = Punch or strike with hands.
လုပ်ငန်းခွင်ဝင်နေတာတောင် အားတဲ့အချိန်လေးလာကူညီပေးတဲ့ညီလေးနှစ်ယောက်
Warming up
Taekwondo လက်တွေ့အသုံးချပုံ🤭🤭🤭🤭🤭
အကြောဆိုတာဒီလိုပျော့နေမှ 😎
ဒီလိုတွေလည်း Zenith မှသင်ပေးမှာပါနော့Blind 360 Turning Kick Old video.

Category

Telephone

Website

Address

Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Sports Teams in Taunggyi (show all)
Ma Ei Phyu Win Ma Ei Phyu Win
Taunggyi

Satthay 5 Fc Satthay 5 Fc
ရပ်စောက်မြို့နယ် ဆတ်သေကျေးရွာ
Taunggyi, 113172

Satthay 5 Fc

Nway Nway Martial Karate Club Nway Nway Martial Karate Club
ဘုံကျောင်းလမ်း
Taunggyi

RTT4u Esport RTT4u Esport
Taunggyi, 352002222

Asia Queen Asia Queen
Taunggyi

နေ့စဥ် Update ဘော်လုံးသတင်းတွေဖတ်ရှုခံစားချင်တယ်ဆို Asia Queen ကို Like လုပ်ထားကြပါစို့

KAUNG VAR F.C KAUNG VAR F.C
Taunggyi

sports

OMEGA Futsal and Sport OMEGA Futsal and Sport
Taunggyi

Football=Paradise

Devil warlock Devil warlock
ဂုဏ်ထူးလမ်းသွယ်
Taunggyi

Mega Delivery Services

ZABA Football Culb ZABA Football Culb
Kung Tung
Taunggyi

One-Zero Football Veiws One-Zero Football Veiws
MaGaLarOo Street
Taunggyi

Football News & Appraisal Entertainment

Taunggyi Judo Club Taunggyi Judo Club
Taunggyi, TAUNGGYIJUDOCLUB

ကိုယ်စိတ်စွမ်းအင်ထက်သန်ဖို့�JUDO�ကစာ

One special tipster One special tipster
Khunmaungwin885@gmail. Com
Taunggyi, 098431

စေနာဖြင့်သာ