Aung Myint Mo Specialist Clinic and Diagnostic Center

Aung Myint Mo Specialist Clinic and Diagnostic Center

We Care Your Health !!!

18/01/2024

🏥အောင်မြင့်မိုရ် အထွေထွေရောဂါအထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင်

➡️အထွေထွေရောဂါအထူးကု သမားတော်ကြီးများ

➡️ခွဲစိတ်အထူးကုဆရာဝန်ကြီးများ

➡️သားဖွားနှင့်မီးယပ်အထူးကု ဆရာဝန်ကြီးများ

➡️ကလေးအထူးကုဆရာဝန်ကြီးများ

➡️အရိုးအကြောအဆစ်နှင့်ထိခိုက်ဒဏ်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ

➡️ဓာတ်ရောင်ခြည်နှင့်ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးများ

➡️နားနှာခေါင်းနှင့်လည်ချောင်း အထူးကုဆရာဝန်ကြီးများ

➡️ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီးများ

➡️ဓာတ်မှန်ဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ နှင့် 🏥 ဆေးခန်းဖွင့်ချိန် နံနက် 8နာရီ မှ ည 7နာရီ 🏥 အတွင်း တိုင်ပင်ဆွေးနွေး ပြသနိုင်ပြီဖြစ်‌ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

We Care Your Health !!!

🏥 အမှတ် 167၊ အနောက်မြို့ပတ်လမ်း ၊ အောက်ရေထွက်အနီး၊ UPGအိမ်သုတ်ဆေး နှင့် မျက်စောင်းထိုး၊ ရတနာသီရိရပ်ကွက် ၊တောင်ကြီးမြို့ ။

☎️ 09-940099955၊ 09-772288855

Photos from Aung Myint Mo Specialist Clinic and Diagnostic Center's post 10/01/2024

💡💡အူအတက်ရောင်ခြင်း လက္ခဏာများ💡💡

အူအတက်ယာင်‌‌နေသည်ဟု သံသယရှိပါက
ဝမ်းဗိုက် တီဗွီဓာတ်မှန် ရိုက်ခြင်း(Ultrasound Abdomen)၊ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်‌ဆွေးနွေး ကုသခြင်းများ ပြုလုပ်သင့်ပါသည်။

‌‌‌‌အစာအိမ်နာခြင်းဖြင့် အစပြုတတ်တဲ့ အူအတက်ရောင်ခြင်း လက္ခဏာများကိုသတိပြုပြီး မလိုလားအပ်တဲ့ ကျန်းမာရေး အန္တရာယ်ဘေးကို ကာကွယ်နိုင်ကြပါစေ

🏥အောင်မြင့်မိုရ် အထွေထွေ ရောဂါကုဆေးခန်း နှင့် ရောဂါရှာ ဖွေရေးစင်တာ၊ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊ UPG အိမ်သုတ်ဆေးနှင့်မျက်စောင်းထိုး၊ ရတနာသီရိရပ်‌၊ တောင်ကြီးမြို့။

☎️09 772288855
☎️09 940099955

04/01/2024

ခွေးရူးပြန်ရောဂါသည် အာရုံကြောစနစ်ကို တိုက်ခိုက်သည့် ဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်ပြီး အသက်သေဆုံးနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးသည် များသောအားဖြင့် ရောဂါပိုးရှိသော တိရစ္ဆာန်၏ အကိုက် သို့မဟုတ် ခြစ်ရာမှတဆင့် လူသို့ ကူးစက်သည်။ သင်ကိုယ်တိုင်နှင့် သင့်ချစ်ရသူအား ခွေးရူးပြန်ရောဂါမှ ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်ပါသည်။

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးသည် ဗိုင်းရပ်စ်ကို ကာကွယ်ရန် ဘေးကင်းပြီး ထိရောက်သော နည်းလမ်းဖြစ်သည်။ ကာကွယ်ဆေးကို ပုံမှန်အားဖြင့် ဆက်တိုက်ထိုးပြီး ပြီးသည်နှင့် ၎င်းသည် ရောဂါကို ကြာရှည်ကာကွယ်ပေးသည်။

ကာကွယ်ဆေးထိုးရန် လူတိုင်းအတွက် အရေးကြီးသော်လည်း အချို့သောလူအုပ်စုများသည် ခွေးရူးပြန်ရောဂါဖြစ်နိုင်ချေ ပိုများနိုင်သည်၊ ဥပမာ-
✅တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ တိရိစ္ဆာန်ထိန်းကျောင်းသူများနှင့် သုတေသီများကဲ့သို့ တိရိစ္ဆာန်များနှင့်အလုပ်လုပ်သောသူများ
✅မြန်မာနိုင်ငံကဲ့သို့ ခွေးရူးပြန်ရောဂါဖြစ်ပွားမှုများတဲ့ဒေသမှာ နေထိုင်သူများခရီးသွား၊
✅တောင်တက်သူများ၊ စခန်းချသူများ၊ မုဆိုးများကဲ့သို့ အပြင်ဘက်တွင် အချိန်များစွာ ကုန်ဆုံးသူများ
အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များအတွက် ၎င်းတို့၏အိမ်မွေးတိရစ္ဆာန်များကို ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထားရန်အရေးကြီးပါသည်။
✴အရမ်းနောက်ကျတဲ့အထိ မစောင့်ပါနဲ့။ ယနေ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်းဖြင့် သင်နှင့် သင့်ချစ်ရသူအား ကာကွယ်ပါ။

✅ခွေးရူးပြန်ရောဂါကာကွယ်ဆေးအတွက်
အောင်မြင့်မိုရ် အထူးကုဆေးခန်းမှာ နေ့စဥ်ပိတ်ရက်မရှိ ထိုးနိုင်ပါပီ။

အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာ။
အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်။
တောင်ကြီးမြို့။
09772288855

18/12/2023

Saline Infusion Sonohysterography SIS
ကလေး လိုချင်ပြီး ကလေးရရန် ခက်ခဲနေသူများ အောင်မြင့်မိုရ် ဆေးခန်း တွင် SIS ပြုလုပ် နိုင်ပါပြီ။ SIS ဆိုသည်မှာ သားအိမ် နှင့် အမျိုးသမီးရောဂါ များ ရှာဖွေရန် သားအိမ် အတွင်း သို့ Normal saline or sterile solution ထည့်သွင်းပြီး ရောဂါရှာဖွေခြင်း ဖြစ်ပါသည်။
SIS ကို
၁။ Inferyility. ကလေး လိုချင့်ပြီး ကလေး ရရန် ခက်ခဲနေသူ များတွင် သားအိမ်၊ ဥ နှင့် ဥပြွန် ပွင့်/မပွင့် (tubal patency) လေ့လာဆန်းစစ်ရန် သုံးပါသည်။
၂။ သွေးဆင်းနေသူ များ ( Abnormal uterine bleeding )
၃။ သားအိမ်အတွင်းပိုင်း ရောဂါများ(submucus fibroid. polyp. Synechiae)
၄။ မွေးရာပါ သားအိမ်ရောဂါများ (congenital abnormality of uterus)
၅။ Recurrent abortion (အကြိမ်ကြိမ် ကိုယ်၀န်ပျက်ကျခြင်း)
၆။ TVS ဖြင့် သားအိမ်အခြေအနေ ရှင်းလင်းစွာ မမြင်ရသူ များ
တွင် SIS ဖြင့် ရောဂါ ရှာဖွေရန် သုံးပါသည်။

SIS ကို menstration ရာသီလာပြီး ၄ရက်မြောက်နေ့ မှ ၁၁ရက်မြောက်နေ့ အတွင်း ပြုလုပ်နိုင်ပါသည်။
SIS ပြုလုပ်ရန် အထူးတလည် ပြင်ဆင်ရန် မလိုပါ။

ပထမဦးဆုံး TVS (transvaginal sonogram) ဖြင့် သားအိမ် အခြေအနေ ကို စစ်ဆေး ပါသည်။
Sterile dispsable speculum (ဘဲနုတ်သီး speculum) ကို အသုံးပြုပြီး သေးငယ်သော ပိုက် 8F foley catheter ကို ထည့်ပါသည်။ Speculum ထုတ်ပြီး TVS probe ဖြင့် ကြည့်နေစဥ် Normal saline သားအိမ် (uterus) ထဲသို့ ထိုးပြီး
tubal patency (သားဥပြွန် ပွင့်/မပွင့်) ကြည့်နိုင်ပါသည်။

ရောဂါကြောင့် ပိတ်ချင်နေသော သားဥပြွန်များ ကိုလည်း ပွင့်သွား​​စေသော အကျိုးကိုလည်း ရနိုင်ပါသည်။
SIS ပြုလုပ်ရန် ထုံဆေး မေ့ဆေးများ အသုံးမပြုပါ။ SIS လုပ်စဥ် အနည်းငယ် ဗိုက်​အောင့်ခြင်း ခံစားရနိုင်ပါသည်။ SIS ပြုလုပ်ပြီး နောက်ရက်များတွင် အနည်းငယ်သွေးဆင်း နိုင်ပါတယ်။
SIS သည် safe အန္တရာယ် ကင်းပါသည်။ နောက်ဆက်တွဲ ပြသနာ ဖြစ်ခဲလှပါသည်။

Drug Allergy ရှိပါက ကြိုတင် ပြောပြထားရန်လိုပါသည်။

Infertility (ကလေးရရန် ခက်ခဲနေသူများ) အတွက် TVSလုပ်မည့် အစား SIS လုပ်ခြင်းအားဖြင့် တကြိမ်တည်း ပိုမိုပြည့်စုံသော အချက်အလက်များကို ရရှိနိုင်ပါသည်။

Crd;

SIS ရိုက်ချင်သူများ အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာသို့ မနက် 8နာရီ မှ ညနေ 7နာရီ အတွင်း ph no - 09 772288855, 09 940099955 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

အောင်မြင့်မိုရ်အထူးကုဆေးခန်းနှင့်ရှာဖွေရေးစင်တာ ။
အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး။
ရတနာသီရိရပ်ကွက်။ တောင်ကြီးမြို့။

13/12/2023

♦သားဥအိမ်တွင် ရေအိတ်တည်ခြင်း၊ သွေးအိတ်တည်ခြင်း♦
-----------------------------------
►သားဥအိမ်မှာ ရေအိတ်ဖြစ်ရတဲ့အ ကြောင်းတွေက မျိုးစုံဖြစ်နိုင်တယ်။ ဘာ ဆိုဘာမှ အန္တရာယ်မပေးတတ်တဲ့ သူ့အ လိုလို ပျောက်ကင်းသွားနိုင်တဲ့ ရေအိတ် လေးတွေကစပြီး အသက်အန္တရာယ်နဲ့ ကြုံရပြီး ကိုယ့်ကို သေမင်းခေါ်ရာနောက် ကောက်ကောက်ပါအောင် လိုက်သွားစေ မယ့် အလုံးအကျိတ်တွေလည်း ဖြစ်နိုင်ပါတယ်။
♦ သားဥအိမ်တွင် အလုံးအကျိတ် တွေ့လျှင်
သားဥအိမ်မှာ တစ်ခုခု တွေ့ပြီပေါ့၊ အလုံးတွေ့ပြီ၊ ကြီးနေပြီဆိုရင် လူနာတစ် ယောက်ချင်းစီကို သေချာကြည့်ဖို့တော့ လိုပါတယ်။ အသက်အရွယ် ဘယ်လောက် လဲ၊ ရေအိတ်ရဲ့ အရွယ်အစားက ဘယ် လောက်လဲ၊ အကြည်လေးပဲလား။ အာထ ရာဆောင်းရိုက်ကြည့်လိုက်ရင် ရေအိတ်က အကြည်လေးပဲလား၊ အထဲမှာ အစိုင်အခဲ အဖုအကျိတ်တွေ ရှိနေလား၊ တချို့လည်း အမှုန်လေးတွေ တွေ့ရတဲ့ သွေးခဲတွေ ရှိ နေလား၊ ရေအိတ်ဖြစ်နိုင်သလို၊ သွေး အိတ်လည်း ဖြစ်နိုင်တယ်။ တချို့တွေမှာ ရိုးရိုးအကျိတ်ကနေ ကင်ဆာတွေအထိ လည်း ဖြစ်နိုင်တယ်။
♦ သားဥအိမ်တွင် ရိုးရိုးရေအိတ် တည်ခြင်း
ရိုးရိုးရေအိတ် သေးသေးလေးတွေ ကတော့ Functional Cyst လို့ခေါ် တယ်။ Reproductive Life လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရာသီလာနေတဲ့ အချိန်မှာ တစ်လကို သားဥတစ်လုံးကြွေ သွားတဲ့အခါ ကျန်ခဲ့တဲ့ အခွံက အရည် အိတ် တည်တတ်တယ်။ အဲဒီအရည် အိတ်က ၅ စင်တီမီတာထက် မကြီးတတ် ဘူး။ အရည်ကြည်အိတ်လေးပဲ၊ ဘာမှ အစိုင်အခဲတွေ မပါဘူးဆိုရင် သူ့အလိုလိုဖြစ် တာပါ။ ဟော်မုန်းတွေ ထုတ်လုပ်ပေးတဲ့ သားဥအိမ်ကနေ သားဥတွေ ထုတ်လုပ် ရင်းက အရည်ကြည်အိတ်တည်တာဆို ရင် ဘာမှလုပ်စရာ မလိုဘူး။ ဒီတိုင်းပဲ စောင့်ကြည့်နေရင်းနဲ့ နှစ်လ၊ သုံးလနေရင် သူ့အလိုလို ပျောက်သွားပါတယ်။ အဲဒါ မျိုးကို တချို့က အရေးကြီးတယ်ထင်ပြီး ခွဲစိတ်တာတွေ လုပ်တဲ့သူတွေလည်း တွေ့ရပါတယ်။
♦ သားဥအိမ်တွင် သွေးအိတ်တည်ခြင်း
တချို့တွေမှာတော့ သွေးအိတ်တွေ ဖြစ်တတ်ပါတယ်။ အဲဒါကို နေရာလွဲမှား သားအိမ်အတွင်းသားလို့ ခေါ်တယ်။ ရာသီ လာတဲ့ သားအိမ်အတွင်းမြှေးဆဲလ်လေး တွေက တခြားနေရာကို ရောက်နေတာ ပါ။ ဥပမာ – သားအိမ်အတွင်းမြှေးဆဲလ် တွေက သားဥအိမ်ထဲ ရောက်နေတာပါ။ အဲဒီအခါ လစဉ် ရာသီလာရင် အဲဒီနေရာ မှာပါ ရာသီလာပြီး ရာသီသွေးတွေစုကာ သွေးလုံး၊ သွေးအိတ်ဖြစ်လာတာပါ။ အဲဒီ လူနာတွေမှာ ရာသီလာတဲ့အခါ အရမ်းကို နာကျင်ကိုက်ခဲတယ်။ ကင်ဆာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဆေးကုဖို့ လိုလိမ့် မယ်။ အရွယ်အစားပေါ်မူတည်ပြီး ဟော် မုန်းဆေးတွေ ပေးကာ ကုသရပါတယ်။ ကြီးလာတယ်ဆိုရင်တော့ ခွဲစိတ်ဖယ်ရှား ပစ်ရတာတွေ ရှိပါတယ်။
♦ မျိုးရိုးရာဇဝင်ရှိနေခြင်း
မိခင်မှာ၊ အဒေါ်မှာ စတဲ့ ဆွေမျိုးတွေထဲ မှာ သားဥအိမ်ကင်ဆာဖြစ်ဖူးတယ်ဆိုရင် သတိထားဖို့ လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သားဥအိမ်ကင်ဆာက မျိုးရိုး လိုက်တတ်တာကြောင့်ပါ။ ပေါ့ဆလို့တော့ မရပါဘူး။
♦ ကင်ဆာရောဂါ သံသယရှိခြင်း
ရေအိတ်ရဲ့ အရွယ်အစား၊ အဖုအ ကျိတ်တွေ ရှိလား၊ CA125 (သွေးထဲမှာ တွေ့ရတတ်တဲ့ ကင်ဆာရှိတဲ့အခါ မြင့် တက်တတ်တဲ့ ဓာတ်တစ်မျိုး) ရှိ၊ မရှိ စစ် ဆေးရပါတယ်။ ရေအိတ်အရွယ်အစားက ကြီးနေမယ်၊ အဖုအကျိတ်တွေကလည်း ကင်ဆာလို့ မသင်္ကာဘူး၊ CA125 လည်း များနေမယ်ဆိုရင် အချိန်မဆွဲဘဲ မြန်မြန် ဆန်ဆန်ပဲ ခွဲစိတ်ဖယ်ရှားရတာမျိုးတွေ ရှိပါတယ်။
♦ ကင်ဆာဘက်သို့ ပြောင်းသွားခြင်း
တချို့တွေရဲ့ သားဥအိမ်မှာ အလုံး၊ အကျိတ် ဖြစ်လာတယ်၊ အဲဒီအလုံးထဲမှာ ဆံပင်မွေးတွေ၊ သွားတွေ၊ အရိုးတွေနဲ့ ပြည့်နေတယ်။ အဲဒီလို အဖုအကျိတ် မျိုးကို လူတချို့က အပင်းသွင်းထားတယ် လို့တောင် ထင်တတ်ကြပါတယ်။ တချို့ လည်း အရည်အိတ်ထဲမှာ ဘာမှ မရှိဘဲ အရည်ကြည်တွေပဲ ရှိနေတာ ဖြစ်နိုင်ပေ မယ့် တချို့မှာကျတော့ ချွဲချွဲ ချွဲချွဲတွေ ရှိနေနိုင်တယ်။ တစ်ခါတလေမှာ အဲဒီက နေ ကင်ဆာအဖြစ်လည်း ပြောင်းသွားနိုင် ပါတယ်။
♦ ပေါ့ဆမနေသင့်ပါ
ဒီလို အရည်အိတ်တွေ၊ အကျိတ် တွေ ဖြစ်လာပြီဆိုရင် ပေါ့ဆလို့ မရပါဘူး။ ဆရာဝန်နဲ့ သေချာစွာ ပြသသင့်ပါတယ်။ အန္တရာယ်မရှိတဲ့ အရည်အိတ်ဆိုရင် လည်း မရှိသလို ထားပြီး ကုသမယ်၊ အန္တရာယ်ရှိတာဆိုရင်လည်း ရှိနိုင်သလို ဆေး ပေးပြီး ကုသတာ၊ ခွဲစိတ်ကုသတာတွေကို ပြုလုပ်ရပါတယ်။
♦ အကြံပြုချက်
ရေအိတ်လေးတွေ့တယ်ဆိုရင် ဘာ မှ မဖြစ်နိုင်တာကနေ အသက်အန္တရာယ် ရှိနိုင်တဲ့ကင်ဆာအထိ ဖြစ်နိုင်တယ်ဆိုတာ ကို မမေ့မလျော့ဘဲ သတိထားပြီး တတ် ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ကုသဖို့ ပြောချင်ပါတယ်။

Card ;
အောင်မြင့်မိုရ်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ။
အနောက်မြို့ပတ်လမ်း ၊ အောက်ရေထွက်အနီး။

09 772288855
09 940099955

06/12/2023

အောင်မြင့်မိုရ်အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင်

TVS (transvaginal sonogram ) ရိုက်နိုင် ပြီ ဖြစ်‌ ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

TVS ဆိုသည် မှာ အမျိုးသမီး မိန်းမကိုယ် အတွင်းသို့ ပစ္စည်း ( probe) တစ်မျိုးထည့်၍ သားအိမ်၊ သားဥအိမ်၊ သားဥပြွန်များ နှင့်ပတ်သက်သည့် ရောဂါများကို ရှာဖွေပေးနိုင်သော Ultrasound test
တမျိုး ဖြစ်ပါသည်။

TVS ရိုက်လိုပါက ကြိုတင်၍ Booking ယူရန်လိုအပ်ပါသည်။
TVS service အား စုံစမ်းလိုပါက phone number 09772288855 အား ဆက်သွယ် စုံစမ်းနိုင်ပါသည်။

အောင်မြင့်မိုရ်အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ ။
အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက် ။
တောင်ကြီးမြို့။

Phone 09772288855

05/12/2023

🏡 အိမ်တိုင်ရာရောက် သွေးဖောက်ဝန်ဆောင်မှု နှင့် 🏡အိမ်တိုင်ရာရောက် ECG ဆွဲပေးခြင်းဝန်ဆာင်မှု

တောင်ကြီးမြို့တွင်း (နံနက် ၈နာရီမှ ည ၇နာရီ အတွင်း)
✅ အပြင်ထွက်ရန် အဆင်မပြေသူများ၊
✅ ဆေးရုံဆေးခန်းသို့ သွေးဖောက်ရန်သက်သက် မသွားချင်သူများ ၊
✅ ဆေးရုံဆင်းလူနာများ ဆရာဝန်နှင့် ရက်ချိန်း ပြန်ပြရန် လိုအပ်သူများ၊
✅ နာတာရှည်ရောဂါဝေဒနာသည်များ နှင့်
✅ မိမိအိမ်မှာ နေပြီး သွေးဖောက်ဝန်ဆောင်မှုရယူလိုသူများအတွက်

ကျွန်မတို့ Aung Myint Mo Specialist Clinic and Diagnostic Center မှ အိမ်တိုင်ရာရောက် သွေးဖောက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါပြီ။

🔹 အိမ်တိုင်ရာရောက် သွေးဖောက်ဝန်ဆောင်မှု
အပြင် အိမ်တိုင်ရာရောက် ECG ဆွဲပေးခြင်း ဝန်ဆောင်မှုလည်း ရရှိနိုင်ပါတယ်။

🔹 ကျွမ်းကျင်သော ဓါတ်ခွဲပညာရှင်များ နှင့် ကောင်းမွန် မှန်ကန်တိကျသော ဝန်ဆောင်မှုများ ဖြင့် အိမ်အရောက်သွေးဖောက်ဝန်ဆောင်မှုများအတွက် Aung Myint Mo ကို ဖုန်းဆက် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

☎️ 09772288855
09940099955
အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ၊ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊ UPG အိမ်သုတ်ဆေးနှင့် မျက်စောင်းထိုး။

27/11/2023

ဗုဒ္ဓဘာသာ၀င်တို့ရဲ့ နေ့ထူးနေ့မြတ် ဖြစ်ပြီး ထူးကဲမွန်မြတ်လှသောတန်ဆောင်မုန်းလပြည့် နေ့ မှာ မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံး ရောဂါကင်း၍ ဘေးအန္တရယ် များမှ ကင်းရှင်းပြီး ကျန်းမာသုခ ပြည့်စုံ၍ စိတ်နှလုံး ချမ်းမြေ့ကြပါစေလို့အောင်မြင့်မိုရ် ဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် ။

22/11/2023

World Antimicrobial Awareness Week

ပဋိဇီဝဆေးယဉ်ပါးမှုဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ခြိမ်းခြောက်နေတဲ့ ပြဿနာ ဖြစ်လာတဲ့အတွက် WHO က World Antimicrobial Awareness Week ဆိုပြီး နှစ်စဉ် နိုဝင်ဘာ ၁၈ရက်ကနေ ၂၄ရက်နေ့ထိ ကျင်းပပြုလုပ်ကြပါတယ်။

ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ ပိုးသတ်ဆေးကို မဆင်မခြင်သောက်ခြင်းပဲ ဖြစ်ပါတယ်။ ပဋိဇီဝဆေး၀ါးများကို မလိုအပ်ဘဲ တလွဲအသုံးပြုခြင်းနှင့် အလွန်အကျွံသုံးစွဲခြင်းဖြင့် ဘက်တီးရီးယားပိုးများကို ဆေးယဥ်ပါးမှု ဖြစ်စေပြီး

- ဆေးကုသရာတွင် ခက်ခဲလာနိုင်ခြင်း
- ကူးစက်ရောဂါများကို ကုသရန် ခက်ခဲလာနိုင်ခြင်း
- ဆေးရုံတက်ရက် ကြာရှည်ခြင်း
- ဆေးဖိုးကုန်ကျစရိတ် များပြားခြင်း နှင့် သေဆုံးမှုများခြင်းတို့ ဖြစ်စေပါသည်။

ပဋိဇီဝဆေးယဉ်ပါးမှုကို ကာကွယ်ဖို့ဆိုရင် ဘာတွေလိုက်နာသင့်လဲ???

- ပိုးသတ်ဆေးကို မလိုအပ်ဘဲ မသောက်ပါနဲ့

- ဆေးဆိုင်က စပ်ဆေးတွေ အလွယ်တကူဝယ်မသောက်ပါနဲ့
- ပိုးသတ်ဆေးသောက်မယ်စဉ်းစားတိုင်း ဆရာဝန် (သို့) ကျန်းမာရေး ပြုစုစောင့်ရှောက်ပေးသူတွေနဲ့ တိုင်ပင်ပြီး ညွန်ကြားချက်အတိုင်း တိတိကျကျသောက်သုံးပါ။

အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ။
အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး ၊
UPG အိမ်သုတ်ဆေးနှင့်မျက်စောင်းထိုး
တောင်ကြီးမြို့ ။

09 772288855
09 940099955

21/11/2023

အောင်မြင့်မိုရ်အထူးကုဆေးခန်း Reception ကောင်တာတွင် လုပ်ကိုင်ရန် Receptionist တစ်ဦးအလိုရှိပါသည်။

1) ရုပ်ရည်ပြေပြစ်သူဖြစ်ရမည်၊
2) Computer basic တတ်ကျွမ်းရမည်၊
3) ဆက်ဆံရေးကောင်းမွန်ရမည်၊
4) အဖွဲ့အစည်းနှင့် သွက်သွက်လက်လက် လုပ်ကိုင်။ ဆောင်ရွက်တတ်သူဖြစ်ရမည်၊
5) ဘွဲ့ရပြီးသူ (သို့) ကျောင်းကိစ္စရှင်းလင်းသူဖြစ်ရမည်၊
6) လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

စိတ်ဝင်စားသူများ အောင်မြင့်မိုရ်အထူးကုဆေးခန်း သို့ လာရောက် လျှောက်ထားနိုင်ပါသည်။
Viber No. 09940099955 သို့လည်း ပေးပို့လျှောက်ထား နိုင်ပါသည်။

🏥လိပ်စာ- အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊UPG အိမ်သုတ်‌ဆေးနှင့် မျက်စောင်းထိုး၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီးမြို့။

14/11/2023

🌎𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲🌎

နို၀င်ဘာလ ၁၄ရက်နေ့သည် "ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ရေးနေ့ " " 𝐖𝐨𝐫𝐥𝐝 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 𝐃𝐚𝐲 " ဖြစ်ပါသည်။

ဆီးချိုသွေးချိုရောဂါသည် နာတာရှည်ရောဂါ တစ်မျိုးဖြစ်ပြီး သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များခြင်းဖြစ်ပါသည်။ ဆီးချိုရောဂါဖြစ်နိုင်ခြေများစေတဲ့ အကြောင်းရင်းတွေက
* အ၀လွန်ခြင်း
* အထိုင်များခြင်း
* မျိုးရိုးလိုက်ခြင်း
* စားသောက်မှုပုံစံမမှန်ခြင်း
* သွေးတိုး ၊ သွေးတွင်းကိုလက်စထရောများခြင်းကြောင့် ဖြစ်ပါတယ်။

ဆီးချိုရောဂါ လက္ခဏာတွေက
* ပင်ပန်းနွမ်းလျခြင်း
* အမြင်မှုန်ဝါးခြင်း
* ရေခဏခဏဆာခြင်း
*ဗိုက်ခဏခဏဆာခြင်း
* အာရုံကြောအာနည်းခြင်း
* ခေါင်းမူးခြင်း
*ညဘက်ဆီးခဏခဏသွားခြင်း
* ဝိတ်ကျလာခြင်း စတဲ့လက္ခဏာတွေ ဖြစ်တတ်ပါတယ်။

ဆီးချိုကိုမသိခဲ့ရင် နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရတတ်ပါတယ်။ ထိုဆိုးကျိုးများကတော့
* ကျောက်ကပ်ပျက်စီးခြင်း
* နှလုံးထိခိုက်ခြင်း
*. လေဖြတ်ခြင်း
* အာရုံကြောပျက်စီးခြင်း
* အမြင်အာရုံဆုံးရှုံးခြင်း

* ဆီးချိုအရမ်းတက်ပြီး သတိလစ်ခြင်း များဖြစ်‌စေနိုင်ပါတယ်ရှင့်။ ဒါကြောင့် ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ် ကုသမှုများ ပြုလုပ်နိုင်ရန် ဆီးချိုရှိမရှိ စစ်ဆေးမှုများပြုလုပ်သင့်ပါတယ်။

အောင်မြင့်မိုရ်ဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင် ဆီးချိုရှိ မရှိ စစ်ဆေးပေးခြင်း၊ ဆီးချိုရှိပါက သက်ဆိုင်ရာ ဆရာ၀န်နှင့် ပြသပေးခြင်းများကို ၀န်ဆောင်မှု့ပေးလျက်ရှိပါသည်။

အောင်မြင့်မိုရ်ဆေးခန်း နှင့် ရောဂါရှာ ဖွေရေးစင်တာ
အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး
ရတနာသီရိရပ်ကွက် ၊ တောင်ကြီးမြို့။
09 772288855
09 940099955

08/11/2023

World Radiography Day
ယနေ့ နို၀င်ဘာလ (၈)ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဓာတ်မှန်ကျွမ်းကျင် ပညာရှင်များ နေ့တွင် တစ်ကမ္ဘာလုံး ဆိုင်ရာ ဓာတ်မှန်ကျွမ်းကျင်ပညာရှင်များနှင့် အောင်မြင့်မိုရ် ဆေးခန်း တွင် ဝိုင်း၀န်း ကူညီပံ့ ပိုး ပေးလျက်ရှိသော ဓာတ်မှန်အထူးကု ဆရာ၀န်ကြီးများ ၊ဓာတ်မှန်ကျွမ်းကျင် ပညာရှင် များ အားလုံးအား အောင်မြင့်မိုရ် ဆေးခန်း မှ လှိုက်လှဲစွာကြိုဆို ဂုဏ်ပြုအပ်ပါသည်။

We Care Your Health ❤️❤️❤️

အောင်မြင့်မိုရ် အထူးကုဆေးခန်း
အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး
ရတနာသီရိရပ်ကွက်
တောင်ကြီးမြို့။

09 772288855
09 940099955

06/11/2023

အောင်မြင့်မိုရ်‌ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင် လုပ်ကိုင်ရန် Cashier (1)ဦး လိုအပ်လျက်ရှိပါသည်။ စိတ်ဝင်စားသူများ လာရောက်လျှောက်ထားနိုင်ပါသည်။
👩🏻 Cashier - (1) post
- ဘွဲ့ရ (or) ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်
- Computer အ‌ခြေခံကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။
- သက်ဆိုင်ရာလုပ်ငန်းတွင် အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။
- Pressure အောက်တွင် လုပ်ကိုင်နိုင်သူဖြစ်ရမည်
- အပြောအဆို ပြေပြစ် ၍ လူမှုဆက်ဆံရေးကောင်းမွန်သူ၊ အသင်းအဖွဲ့နှင့် အဆင်ပြေစွာပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်
- ရေရှည်လုပ်ကိုင်နိုင်သူသာ ဦးစားပေးမည်
အောက်ပါအချက်လက်များ ပူးတွဲ၍တင်ပေးပါရန်
💢 ကိုယ်ရေးရာဇဝင်အကျဉ်း CV form ၁စောင်
💢 နှစ်လအတွင်းရိုက်ကူးထားသော ပတ်စ်ပို့ပုံ ၂ပုံ
💢 သက်ဆိုင်ရာ certificate များအား ပူးတွဲတင်ပြပေးပါရန်
💢 ကျေးဇူးပြု၍ ရုံးချိန် အတွင်းသာ ဆက်သွယ်ပေးပါရန် (8:00AM to 7:00 PM)
ဆက်သွယ်ရန်
☎️phone - 09940099955 (or) Viber
E mail- [email protected]

တို့ကနေ ပေးပို့လျှောက်ထားနိုင်ပါသည်။

🏨 လိပ်စာ-အောင်မြင့်မိုရ် အ‌ထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာ၊ အနောက်မြို့ပတ်လမ်း၊ UPGအိမ်သုတ်ဆေးနှင့်မျက်စောင်းထိုး၊ရတနာသီရိရပ်ကွက်၊ တောင်ကြီးမြို့။

06/11/2023

သားဆက် ခြား နည်းတွေသုံးတဲ့အခါ တချို့တွေက ဓမ္မတာ မလာတာ၊ တချို့ကျ တော့ ဓမ္မတာ နည်းသွားတာ ၊ များလာတာ စသည်ဖြင့် ကြုံရတက်ပါတယ်။ ကိုယ်ရော ဘယ်လို ပြသနာ တွေနဲ့ ကြုံနေရလဲ၊ ကိုယ်ကြုံနေရတာ တွေက ပုံမှန်ပဲလား ၊ စိုးရိမ်ရလားဆိုတာ သိဖို့ ဆရာဝန် နှင့် တိုင်ပင်ဖို့ လိုအပ်ပါတယ်။

သားဆက်ခြား နည်းလမ်းများ နှင့် သားဆက်ခြားပီးနောက် ပြသနာ တခုခု ကြုံရ်ျ တိုင်ပင် ဆွေးနွေးလိုပါက အောင်မြင့်မိုရ် အထူးကုဆေးခန်း တွင် သားဖွားမီးယပ် ဆရာဝန် များနှင့် တိုင်ပင်ဆွေးနွေး ကုသနိုင်ပါသည် ။

အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာ ။
အနောက်မြို့ ပတ်လမ်း ၊ အောက်ရေထွက်အနီး ၊ UPG အိမ်သုတ်ဆေးနှင့်မျက်စောင်းထိုး။
ရတနာသီရိရပ်ကွက်။ တောင်ကြီးမြို့။

📱 09 _772288855
09 _ 940099955

28/10/2023

မင်္ဂလာရှိသော ဝါလကင်းလွတ်သီတင်းကျွတ်
လပြည့်နေ့ အချိန်အခါသမယလေးမှာ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး စီးပွားရေးများ ဒီရေအလားတိုးတက်ကြပါစေကြောင်း အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏🙏

18/10/2023

💊 ပိုးသတ်ဆေးဆိုတာ ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ 🦠 ပိုးတွေကို ထပ်မကြီးထွား ၊ မပွါးများအောင် ဒါမှမဟုတ် အရှင်းသေအောင် သတ်ပေးနိုင်တဲ့ ဆေးဝါးတွေပါ။ အထူးသဖြင့် ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ရောဂါတွေကို ကုသဖို့အတွက် အသုံးပြုတဲ့ ဆေးဝါးတွေ ဖြစ်ပါတယ်။ ပိုးသတ်ဆေးကို နည်းမှန် လမ်းမှန် သုံးရင် အင်မတန် အကျိုး များသလို စနစ်တကျ မသုံးစွဲရင်လည်း ဘေးထွက်ဆိုးကျိုး များပါတယ်။

ဘာကြောင့် ပိုးသတ်ဆေးကို ရက်ပြည့်အောင် သောက်ဖို့ အရေးကြီးတာလဲ⁉️

✅ပိုးသတ်ဆေးကို သောက်ရမဲ့ ပမာဏ၊ အကြိမ်ရေ၊ ရက်အတိအကျ ဆေးပတ်လည်အောင် သောက်ပေးဖို့ အရမ်း အရေးကြီးပါတယ်။

📌ပိုးသတ်ဆေးတွေကို ရက်ပြည့်အောင် မသောက်မိတဲ့အခါ

(၁) ဆေးရဲ့ အာနိသင်လျော့ကျနိုင်ပါတယ်

ရောဂါသက်သာလာသည့်တိုင်အောင် ပိုးတွေအကုန် သေသွားပြီလို့ မပြောနိုင်ပါဘူး။ ဒီအချိန်မှာ အသက်ရှင် ကျန်နေတဲ့ ဘက်တီးရီးယားတွေက မျိုးပွါးနိုင်ပြီး ရောဂါအရှင်း မပျောက်ဘဲ ရောဂါပြန်ထတာတွေ တွေ့ရပါတယ်။ ဒါဟာ ပိုးသတ်ဆေးရဲ့ အာနိသင်လျော့နည်းလာတာကြောင့် ကုသမှုတွေ ခက်ခဲလာတာ ဖြစ်ပါတယ်။

(၂) ဆေးယဉ်ပါးနိုင်တယ်

ဆေးယဉ်တယ် ဆေးမတိုးတော့ဘူး ဆိုတာ ပိုးသတ်ဆေးကို နည်းလမ်း မှန်မှန် မသုံးစွဲတာကြောင့်ပါ။ ရောဂါပိုးတွေဟာ ဆေးကို ခံနိုင်ရည်ရှိအောင် အသွင်ပြောင်းတတ်ကြပါတယ်။ ဆေးကို ရက်ပြည့်အောင် မသောက်တဲ့အခါ ပိုးက ဆေးကို ခံနိုင်ရည် ရှိလာနိုင်ပြီး ဒီအချိန်မှာ ဆေးသောက်ပေမယ့် မထူးခြားတော့တာ၊ ပိုပြင်းတဲ့ ဆေးဝါးတွေကို သောက်ဖို့ လိုလာတာ စတာတွေ အထိ ဖြစ်နိုင်ပါတယ်။

(၃) ဆေးရှားပါးလာမယ်

ပိုးသတ်ဆေးအဖြစ် ကုသနိုင်တဲ့ ဆေးဝါးတွေ ရှိနေပေမယ့် ဆေးယဉ်ပါးမှုကြောင့် ဆေးဝါးတွေ ရှိနေပေမယ့် မသုံးစွဲနိုင်တာ၊ ဆေးအသစ်တွေနဲ့ အာနိသင်ပိုကောင်းတဲ့ ဆေးဝါးတွေကို မဖြစ်မနေ လိုအပ်လာတာ စတဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။

💊💊 ပိုးသတ်ဆေးတွေဟာ အရေးကြီးသလို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်သုံးဖို့ လိုပါတယ်။ သောက်ရမယ့် ပမာဏ၊ အကြိမ်အရေအတွက်၊ ရက် အတိအကျသောက်ပေးမှ ရောဂါကို ကုသနိုင်မှာဖြစ်သလို ဆေးရဲ့ အာနိသင်ကိုလည်း အပြည့်အဝရနိုင်မှာဖြစ်လို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။

အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ
အနောက်မြို့ပတ်လမ်း ၊ အောက်ရေထွက်အနီး ၊ UPG အိမ်သုတ်ဆေးနှင့် မျက်စောင်းထိုး၊ ရတနာသီရိရပ်ကွက် ၊ တောင်ကြီး မြို့။

☎️09 940099955
09772288855

17/10/2023

အောင်မြင့်မိုရ်အထူးကုဆေးခန်းတွင် Reception ကောင်တာတွင် လုပ်ကိုင်ရန် Receptionist တစ်ဦးအလိုရှိပါသည်။

1) ရုပ်ရည်ပြေပြစ်သူဖြစ်ရမည်၊
2) Computer basic တတ်ကျွမ်းရမည်၊
3) ဆက်ဆံရေးကောင်းမွန်ရမည်၊
4) အဖွဲ့အစည်းနှင့် သွက်သွက်လက်လက် လုပ်ကိုင်။ ဆောင်ရွက်တတ်သူဖြစ်ရမည်၊
5) ဘွဲ့ရပြီးသူ (သို့) ကျောင်းကိစ္စရှင်းလင်းသူဖြစ်ရမည်၊
6) လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

စိတ်ဝင်စားသူများ အောင်မြင့်မိုရ်အထူးကုဆေးခန်း သို့ လာရောက် လျှောက်ထားနိုင်ပါသည်။
Viber No. 09940099955 သို့လည်း ပေးပို့လျှောက်ထား နိုင်ပါသည်။

🏥လိပ်စာ- အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊UPG အိမ်သုတ်‌ဆေးနှင့် မျက်စောင်းထိုး၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီးမြို့။

17/10/2023

Reception _ 1 post

အောင်မြင့်မိုရ်အထူးကုဆေးခန်းတွင် Reception ကောင်တာတွင် လုပ်ကိုင်ရန် Receptionist တစ်ဦးအလိုရှိပါသည်။

1) ရုပ်ရည်ပြေပြစ်သူဖြစ်ရမည်၊
2) Computer basic တတ်ကျွမ်းရမည်၊
3) ဆက်ဆံရေးကောင်းမွန်ရမည်၊
4) အဖွဲ့အစည်းနှင့် သွက်သွက်လက်လက် လုပ်ကိုင်။ ဆောင်ရွက်တတ်သူဖြစ်ရမည်၊
5) ဘွဲ့ရပြီးသူ (သို့) ကျောင်းကိစ္စရှင်းလင်းသူဖြစ်ရမည်၊
6) လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

စိတ်ဝင်စားသူများ အောင်မြင့်မိုရ်အထူးကုဆေးခန်း သို့ လာရောက် လျှောက်ထားနိုင်ပါသည်။
Viber No. 09940099955 သို့လည်း ပေးပို့လျှောက်ထား နိုင်ပါသည်။

🏥လိပ်စာ- အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊UPG အိမ်သုတ်‌ဆေးနှင့် မျက်စောင်းထိုး၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီးမြို့။

16/10/2023

Account - 1 post

12/10/2023

ယနေ့ အောက်တိုဘာလ 12ရက်နေ့ကိုကမ္ဘာ့ အဆစ်ရောင် ရောဂါနေ့အဖြစ် ကမ္ဘာတဝှမ်း ကျင်းပကြပါတယ်။ အဆစ်ရောင်ရောဂါကို စောစီးစွာ ကုသမှု့ ခံယူခြင်းမရှိလျှင် နာကျင်မှု့ ဝေဒနာကို ပြင်းထန်စွာခံစားရနိုင်ပြီး အဆစ်အမြစ်များပိုမို ပျက်စီးစေကြောင်းကို သတိပြု မိကြစေရန် ရက်သတ်မှတ်ရ်ျ ကျင်းပရခြင်း ဖြစ်ပါတယ်။

အဆစ် ရောင် ရောဂါ အ‌‌မြောက်အများ ရှိကြပြီး ဂေါက်ရောဂါ ၊ လေးဘက်နာရောဂါ၊ အရိုးအဆစ်ရောင်ရောဂါများ ဖြစ်ပါတယ် ။

အောင်မြင့်မိုရ် အထူးကုဆေးခန်းတွင် အရိုးအထူးကု ဆရာ၀န်ကြီးများနှင့် ဆေးခန်းဖွင့်ချိန် မနက် 8နာရီ မှ ညနေ 7နာရီ အတွင်း ပိတ်ရက်မရှိ လာရောက် ပြသနိုင်ပါတယ် ရှင့်။

လိပ်စာ -အောင်မြင့်မိုရ် အထွေထွေ ရောဂါကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာ
အောက်ရေထွက်အနီး ၊ UPG အိမ် သုတ်ဆေးနှင့် မျက်စောင်းထိုး ၊အနောက်မြို့ပတ်လမ်း ၊ ရတနာ သီရိရပ်ကွက် ၊တောင်ကြီးမြို့။

☎️09772288855
09940099955

10/10/2023

🤒ရာသီအကူးအ‌ပြောင်းမှာ ကလေးလူကြီးမရွေး ဖျားနာတတ်ကြပါတယ်။ Seasonal flu တွေကလည်း များပြားလာတာဖြစ်လို့ ကျန်းမာရေးကို အထူးဂရုစိုက်ကြရတဲ့ ကာလလည်းဖြစ်ပါတယ်။

🤒ဖျားနာပြီဆိုရင်

လည်ချောင်းနာခြင်း

အာသီးနာ/ရောင်ခြင်း

နှာစေးချောင်းဆိုးခြင်း

ခန္ဓာကိုယ် ညောင်းညာကိုက်ခဲခြင်း

ရုတ်တရက်ဖျားနာခြင်း

ခေါင်းကိုက်ခြင်း

မောပန်းနွမ်းနယ်ခြင်း

မျက်လုံးစပ်ခြင်း

မျက်သား နာ/ရောင်ခြင်း

ဝမ်းပျက်ဝမ်းလျောခြင်း တို့ဖြစ်တတ်ကြပါတယ်

ဖျားနာပြီဆိုရင် ရောဂါသဘာဝအရအဖျားနာတာရှည်တတ်ပါတယ်။

🏥အောင်မြင့်မိုရ် အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင် အထူးကုသမားတော်ကြီးများ၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ကလေးအထူးကုဆရာဝန်ကြီးများ ဖြင့် ဆေးခန်းဖွင့်ချိန် နံနက် 8နာရီမှ ည 7နာရီ အတွင်း ပိတ်ရက်မရှိ တိုင်ပင်ဆွေးနွေး ကုသနိုင်ပါသည်ရှင့်။

လိပ်စာ- 🏥အောင်မြင့်မိုရ် အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ၊ အောက်ရေထွက်အနီး၊UPGအိမ်သုတ်‌ေဆးနှင့်မျက်‌ေစာင်းထိုး၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီးမြို့။

☎️09772288855
09940099955

05/10/2023

အရိုးအကြော ကျန်းမာရေး
===================
ယနေ့ခေတ်တွင် အရိုးကျိုးခြင်း ၊ အရိုးအက်ခြင်းများကို အချိန်မီ သိရှိပြီး အချိန်မီ ကုသမှုခံယူခြင်း (စနစ်တကျ ကျောက်ပတ်တီးစည်းခြင်း စသည်ဖြင့်) ဆောင်ရွက်နိုင်ပါက အကောင်းပကတိအတိုင်း ပြန်လည်ရရှိနိုင်နေပြီဖြစ်ပါသည်။

သို့သော်လည်း ထိခိုက်ဒါဏ်ရာရမှု
ဖြစ်ပွားပြီးပြီးချင်း ဆေးရုံ ဆေးခန်းသို့ မလာပဲ အချိန်လင့်သွားခြင်း ၊ နည်းစနစ်မကျသော ကုသမှုများခံယူခြင်း ၊ ကုသမှုမမြောက်သော နည်းလမ်းများကျင့်သုံးခြင်းတို့ကြောင့် နာတာရှည် အဆစ်လွဲသွားခြင်း ၊ ခြေလက် ကောက်သွားခြင်းများကို များစွာတွေ့မြင်ရလျက်ရှိပါသည်။
ခါးနာခြင်း ၊ တင်ပါးခွက် မျက်ခြင်းအောင့်ခြင်း ၊ အရိုးကျီးပေါင်းတက်ခြင်း များမှာလည်း စောလျင်စွာ အချိန်မီ စနစ်တကျကုသမှု ခံယူခြင်းဖြင့် ရောဂါသက်သာမှု ပျောက်ကင်းမှု ရလဒ်ကွာခြားကောင်းမွန်ပါသည်။

ထို့ကြောင့် အချိန်မဆွဲပါနှင့် ၊ ခေတ်မီသော စစ်ဆေးမှု ၊ စနစ်ကျသော ကုသမှုကို စောလျင်စွာရယူပါ။

အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့်‌ ရောဂါရှာဖွေရးစင်တာတွင် အရိုးကျိုးခြင်း အက်ခြင်း၊ ခါးနာခြင်း ၊ တင်ပါးခွက်မျက်ခြင်း၊ ကျီးပေါင်းတက်ခြင်း ရောဂါများကို
ခေတ်မှီ ကွန်ပြူတာစနစ်သုံး ဒစ်ဂျစ်တယ် ဓါတ်မှန်စက်ဖြင့် ချက်ချင်းရိုက်ကူး၍ အရိုးအကြောအထူးကု ဆရာဝန်ကြီးနှင့်တိုင်ပင်ကုသနိုင်ပါပြီ။

☎️ 09772288855
09940099955

အောင်မြင့်မိုရ် အထူးကုဆေးခန်း နှင့် ရောဂါရှာ‌ဖွေရေးစင်တာ ကို ဆေးခန်းဖွင့်ချိန် နံနက် 8နာရီမှ ည 7နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်ရှင်။

29/09/2023

🫀(၂၀၂၃)ခုနှစ်၊စက်တင်ဘာလ(၂၉)ရက်နေ့ဟာWorld Heart Day -ကမ္ဘာနှလုံးကျန်းမာရေးနေ့ ဖြစ်ပာတယ်။
(၂၀၂၃)ခုနှစ်ရဲ့World Heart Day Theme လေးဖြစ်တဲ့√

🫀🫀Use Heart,Know Heart❤️
ဆိုတဲ့ဆောင်ပုဒ်လေးအတိုင်းကိုယ့်နှလုံးသားလေးကိုကိုယ်ကိုယ်တိုင်နားလည်းအောင်ကြိုးစားပြီး၊
နှလုံးကျန်းမာ၊စိတ်ချမ်းသာအောင်ပိုမိုဂရုစိုက်နေထိုင်ကြပါစို့။


Sunny
MYINT MO AlwaysHereFor Your Health
With Compassion For The Nation
Choice

Photos from Aung Myint Mo Specialist Clinic and Diagnostic Center's post 25/09/2023

💡💡အူအတက်ရောင်ခြင်း လက္ခဏာများ💡💡

အူအတက်ယာင်‌‌နေသည်ဟု သံသယရှိပါက
ဝမ်းဗိုက် တီဗွီဓာတ်မှန် ရိုက်ခြင်း(Ultrasound Abdomen)၊ သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်‌ဆွေးနွေး ကုသခြင်းများ ပြုလုပ်သင့်ပါသည်။

‌‌‌‌အစာအိမ်နာခြင်းဖြင့် အစပြုတတ်တဲ့ အူအတက်ရောင်ခြင်း လက္ခဏာများကိုသတိပြုပြီး မလိုလားအပ်တဲ့ ကျန်းမာရေး အန္တရာယ်ဘေးကို ကာကွယ်နိုင်ကြပါစေ။

🏥အောင်မြင့်မိုရ် အထွေထွေ ရောဂါကုဆေးခန်း နှင့် ရောဂါရှာ ဖွေရေးစင်တာ၊ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊ UPG အိမ်သုတ်ဆေးနှင့်မျက်စောင်းထိုး၊ ရတနာသီရိရပ်‌၊ တောင်ကြီးမြို့။

☎️09 772288855
☎️09 940099955

19/09/2023

အောင်မြင့်မိုရ်ဆေးခန်းတွင် လက်တွဲလုပ်ကိုင်ရန် Sample Collector တစ်ဦး လိုအပ်လျှက်ရှိပါသည်။

1) သွေးဖောက်ကျွမ်းကျင်ရမည်၊
2) ဆိုင်ကယ် မောင်းတတ်ရမည်၊
3) အဖွဲ့အစည်းနှင့်လက်တွဲလုပ်ကိုင်တတ်ရမည်၊
4) ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်၊
5) ပညာအရည်အချင်း 10တန်းအောင် ၊
6) အတွေ့အကြုံရှိသူ ဦးစားပေးမည်။

စိတ်စားပါက အောင်မြင့်မိုရ်အထူးကုဆေးခန်းသို့ ဆေးခန်းဖွင့်ချိန် 8:00 Am မှ 7:00 အတွင်း လူကိုယ်တိုင် လာရောက် လျှောက်ထားနိုင်ပါသည်။

Viber No. 09940099955 သို့လည်းပေးပို့လျှောက်ထားနိုင်ပါသည်။

19/09/2023

အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာတွင်လက်တွဲလုပ်ကိုင်ရန် accountant တစ်ဦး လိုအပ်လျက်ရှိပါသည်။
စိတ်၀င်စားသူများလာရောက်လျောက်ထားနိုင်ပါသည်။
Accountant_ 1post

1) LCCI ( level I,II,III ) အောင်မြင်ထားသူဖြစ်ရမည်။
2) Computer ( excel ,word ) ကျွမ်းကျင်ရမည်။
3) လုပ်ငန်းအတွေ့ကြုံရှိသူ ဦးစားပေးမည်။
4) ဆက်ဆံရေးကောင်းမွန် ရမည်။
5) အဖွဲ့အစည်းနှင့်သွက်သွက်လက်လက်လုပ်ကိုင်ဆောင်ရွက်တက်သည့် အရည်အချင်းရှိရမည်။

အောက်ပါ အချက်အလက်များ ပူးတွဲရ်ျ တင်ပေးပါရန်
_ ကိုယ်ရေးရာဇ၀င် အကျဉ်း CV form ၁ စောင်
_ နှစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ 2ပုံ
_ ပညာအရည်အချင်း copy ၁စောင်
_ သက်ဆိုင်ရာ ပညာရပ်အတွက် သင်တန်းဆင်း copy ၁စောင်

ဆက်သွယ်ရန်_ 09940099955 Viber သို့ ပေးပို့ လျောက်ထားနိုင်ပါသည်။

အောင်မြင့်မိုရ်ဆေးခန်း၊ ရောဂါရှာဖွေရေး စင်တာ အနောက် မြို့ပတ်လမ်း ၊ အောက်ရေထွက် အနီး၊ UPG အိမ်သုတ်ဆေးနှင့် မျက်နှာချင်း ဆိုင်
သို့လည်း လူကိုယ်တိုင် လာရောက်လျောက်ထားနိုင်ပါသည်။

Photos from Aung Myint Mo Specialist Clinic and Diagnostic Center's post 16/09/2023

အောင်မြင့်မိုရ်ဆေးခန်းမှ ချယ်ရီသွေး သွေးလှုရှင်အသင်းမှ အသင်း သားများအား
Bပိုး C ပိုး ရှိ မရှိ စစ်ဆေးပေးခြင်း နှင့်

B ကာကွယ်ဆေးထိုးပေးခြင်းများ လုပ်ဆောင်ပေးခဲ့ပါသည် ။

ကြီးမားတဲ့စေတနာ ၊ မွန်မြတ်သောစာနာမှုတွေ အပြည့်ရှိတဲ့ သွေးအလှုရှင်များအား

အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာမှ ဂုဏ်ပြု လိုက်ပါသည် ။

Want your practice to be the top-listed Clinic in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No. 167, West Circular Road , Yadana Thiri Quarter
Taunggyi