Khaing Cho

ခါးကြောညှပ်ခြင်း,ဒူးနာ,ခါးနာ,အရိုးကျီးပေါင်း ဝေဒနာများအတွက် သဘာဝတိုင်းရင်းဆေး

05/05/2023

#အတွင်းခွန်အားအမြန်ပြည့်စေတဲ့အစားစာ

၁။ ဒိန်ချဉ် ထန်းလျက်/ပျားရည် တဖန်ခွက် သေးသေးလေးပေါ့ ၊ရေခဲမပါရဘူးနော်😃😃😃

၂။ မုန်လာဥနီကို နွားနို့ သကြားနဲနဲဆားနဲနဲ နဲ့ဖျော်သောက်ပါ ရေခဲမပါရဘူးနော်😁😁😁

၃။ ကြက်ဥအကာကျက်၃လုံးကို အနှစ်ဖယ် ပျားရည်နဲနဲ သံပုရာတစိတ်ညှစ်ထည့် ၊ဆားနဲနဲထည့် အို ရှလွတ်☺☺

၎။ ငါးရှဉ့်ချဉ်စပ်၊ငါးရှဉ့်ခြောက်စပ်၊ငါးရှဉ့်မဆလာ။

၅။ ရုံးပတီသီးကြော်/ကင် /ပြုတ်။

၆။ ဖီးကြမ်းငှက်ပျောသီးကို ထောပတ်နဲနဲ၊ပျားရည်နဲနဲ နဲ့ကြော်စားပါ။ (htet အနေနဲ့တော့ မကြော်စေချင်ဘူး)

၇။ ကြက်ဥနှင့်ဂတ်စ်ပါသောအချိုရည်တမျိုးကို အမြှပ်ထအောင် ဇွန်းဖြင့်ခေါက်မွှေပါ။မွှေပြီးပြီးချင်းအမြှုပ်မငြိမ်ခင် အမြန်သောက်ပါ။👍👍 လက်တွေ့

၈။ ကြက်ဥ+သံပုရာသီးတစိတ်+အိုင်ဆိုတောနစ်ပါသောအချိုရည် အနည်းငယ်ရော၍ သောက်ပါ။

၉။ အုန်းစိမ်းရည်၊ကြံရည်၊ဓါတ်ဆားရည်၊ဂလူးကို့စ်ရည် ၊ပဲပိစပ်နို့ရည်(ပဲနို့ပေါ့နော်) သောက်လို့ရပါတယ်

၁၀။ အသားနီသား ငါးကျပ်သားခန့်အတုံးကို ဒယ်အိုးထဲ ထောပတ်ဆီနဲနဲ့သုပ်ပြီး တဝက်ကျက်အနေအထားထိသာ ကင်၍စားပါ။

၁၁။ ပုစွန်ရေနွေးဖျော ၊ခရမ်းချဉ်သီး၊သံပုရာသီး နဲ့ကြက်သွန်နီ စိမ်းများများထည့်ပြီး သုပ်စားလဲရပါတယ်

crd
ကျန်းမာရေးဗဟုသုတများကို နေ့စဉ်နဲ့အမျှတင်ပေးနေတာမို့pageထဲကိုဝင်ရောက်လေ့လာဖို့ဖိတ်ခေါ်ပါရစေ
ပြန်လည်မျှဝေပါတယ်ရှင့်

Photos from Khaing Cho's post 21/04/2023

Plantar Fasciitis - ခြေဖနောင့်နာခြင်း သို့ ခြေဖနောင့်အရွတ်ရောင်ခြင်း

ဖြစ်ရခြင်းအကြောင်း
- ပုံမှန်ထက် လမ်းအလျှောက်များခြင်း
- ဒေါက်မြင့်အမြဲစီးရခြင်း
- အရိုးအဆစ်ရောင်ခြင်း
- ကိုယ်အလေးချိန်များခြင်း
- မာကျောတဲ့မျက်နှာပြင်ပေါ် အမြဲခုန်ရခြင်း
- ထိခိုက်မိခြင်း
- တစ်ခြားရောဂါဝေဒနါနှင့်ဆက်စပ်ခြင်း

သက်သာအောင်ပြုလုပ်နည်း
- ခြေဖနောင့်အရွတ်ပြား ဆွဲဆန့်လေ့ကျင့်ခန်းပြုလုပ်ပါ
- အနားယူပါ
- massgae လုပ်ပေးပါ
- ပေါ့ပါးပြီးစီးလို့ကောင်းတဲ့ ဖိနပ်မျိုးဝတ်ဆင်ပါ
- တနေကုန်မတ်တပ်ရပ်တာမျိုးမလုပ်ဘဲ ၂ နာရီခြား ၁ ခါအနားပေးပါ
- နာကျင်သော ဖနောင့်နေရာကို ပူနွေးသော အဝတ်စ (သို့) ရေနွေးပုလင်းများ ကပ်ပေးပါ
- ရှိသင့်သော ကိုယ်အလေးချိန်ထိန်းပေးပါ
- ခြေဖနောင့်စွပ် elecstic bandage ဝတ်ပါ
- နာကျင်မှုသက်သာဆေးသောက်ပါ

ထိရောက်လွယ်ကူ ရိုးရှင်းတာကိုမှ လိုချင်တယ်ဆိုရင်တော့
ဟန်နုမာန်တိုင်းရင်းလေးဆောင်ထားပါ

သူ့ထဲမှာ ယောင်ရမ်းနာကျင်မှုတွက်အထူးကောင်းမွန်တဲ့်စမူနာဂျင်းပါဝင်ထားတဲ့အပြင် ခြေစိမ်ဆေးရည်လေးပါ အပိုလက်ဆောင်ထည့်ထားပေးတာမို့ ယောင်ရမ်းနာကျင်မှာကို အမြန်သက်သာလွယ်စေပါတယ်

ဖောက် ကပ် ခွာရုံနဲ့ သင့်ရဲ့မနက်ခင်းနိုးထချိန်ဟာ စိတ်ချမ်းမှုရစေမှာအမှန်ပါပဲ

28/03/2023

ကလေးရောဂါများအတွက် ကွမ်းရွက်အသုံး

🍀ကွမ်းရွက်ကို မီးကင်၍ ရင်ဘတ်၊ ရင်ခေါင်းတွင် ကပ်ပေးခြင်းဖြင့် ကလေးများချောင်းဆိုး၊ ရင်ကျပ်ရောဂါ သက်သာစေနိုင်သည်။

🍀ကွမ်းရွက်ကို မီးကင်၍ အုန်းဆီသုတ်ကာ ကလေးငယ်ထိပ်တွင် ကပ်ပေးပါက နှာစေးခြင်းကို ပျောက်ကင်း စေသည်။ ရင်ညွန့်၊ ရင်ဘတ်ကို ကပ်ပေးပါက ချွဲသလိပ်ကပ်ခြင်းကို ပျောက်ကင်းစေသည်။

🍀ကွမ်းရွက်သတ္တုရည်ကို ပျားရည်နှင့် ဆတူရော၍ အစာမကြေ၊ လေနာ၊ ဝမ်းပျက်ခြင်းရောဂါအတွက် တိုက်ကျွေးပေးနိုင်သည်။ သတ္တုရည်ကို ဆားအနည်းငယ်ခပ်၍ တိုက်ကျွေးပါက ကလေးများချောင်းဆိုး၊ လည်ချောင်းပူရောဂါကို သက်သာစေနိုင်သည်။

🍀ကွမ်းရွက်သတ္တုရည်ကို ချင်းပြုတ်ရည်ရော၍ ဆားအနည်းငယ်ခပ်ကာ တိုက်ကျွေးပါက ကလေးများ ကြက်ညှာချောင်းဆိုးကိုပျောက်ကင်းစေနိုင်သည်။

🍀ကွမ်းရိုးကို နှမ်းဆီသုတ်ကာ ကလေး၏ စအိုအတွင်းထိုးပေးခြင်းဖြင့် ဝမ်းချူပေးနိုင်သည်။

26/03/2023

🗣 #ဆိုးလိုက်တဲ့ချောင်း ကောင်းလိုက်တဲ့ဆေး
=============================

အင်္ဂလိပ်ဆေး ဗမာဆေးစုံပြီး ချောင်းဆိုးမရပ်ပဲကြာရှည်ခံစားနေရသူ ဘကြီးပေးသောဆေးနည်း

စိုင်းမင်းသန့် ရေ့ အဘကဖျားပြီး အဖျားပျောက်တော့ ချောင်းကဆိုးတာ ဘာဆေးသောက်သောက်မသက်သာဘူးကွ ဆေးခန်းတွေလည်းစုံပြီ ဆိုးလိုက်တဲ့ချောင်းကွာ ညညမအိပ်ရဘူး ကြာတော့လူက အားအင်ကုန်ခမ်းလာတယ်

ကံကောင်းချင်တော့ ရွာကအသိမိတ်ဆွေများက တိုင်းရင်းဆေး ဆရာကြီး တစ်ယောက်နဲ့ ပြကြည့်ပါတဲ့ အဘလည်း ချောင်းဆိုးပျောက်ဖို့အတွက် မရှိမဲ့ရှိမယ့် ငွေ တစ်သိန်းကျော်ကုန်ပြီးပြီ အခုဆရာနဲ့မှ မသက်သာရင် မလွယ်ဘူးပေါ့ကွာ...

နောက်တော့ မနေနိုင်တဲ့အဆုံး ရွာက မိတ်ဆွေတွေ ပြောတဲ့ တိုင်းရင်းဆေးဆရာကြီးဆီသွားပြတယ်

ဆရာကြီးက တိုင်းရင်းဆေးအညွှန်းအတိုင်းသာလုပ်ကြည့်ဆိုပြီး ဆေးနည်းပေးလိုက်တယ် ဆေးဖိုးလည်းမပေးရပါဘူး မေတ္တာနဲ့ပေးလိုက်တာပါ

မယုံနိုင်လောက်အောင်ပါပဲ ပထမရက် ညနေ ဆေးတစ်ခွက်လုပ်သောက်တယ် သိသိသာသာချောင်းဆိုးသက်သာတယ် ညအိပ်ရတယ် နောက်နေ့မနက် လူကလန်းနေတယ်ကွာ...

ဒုတိယရက်ကို နောက်ထပ်ဆေး ညမနက်နှစ်ကြိမ်သောက်လိုက်တယ် ဟုတ်တယ်ဟေ့ ချောင်းဆိုးတာ တနေကုန်လို့ သုံးခါလောက်ပဲ ဆိုးတယ်

တတိယနေ့ ဆက်သောက်လိုက်တာ ချောင်းဆိုးကတော့ နင်နေငါသွားကိုဖြစ်ပြီး ပြန်ကောင်းသွားတယ် ဆေးတဖုံစာတောင်မကုန်လိုက်ပါဘူး

အိမ်ကလူတွေ ချောင်းဆိုးရင် ပထမဖော်ထားတဲ့ဆေးတိုက်တာ ချောင်းမဆိုးတော့ဘူး ရွာကဆွေမျိုးတွေနဲ့အသိမိတ်ဆွေတွေလည်း ပျောက်ကင်းကြတယ်

ငါ့တူစိုင်းမင်းသန့်က တိုင်းရင်းဆေးနည်းတွေ မျှဝေကုသိုလ်ယူနေတော့ အဘကပြန်ပြီး မျှဝေပြောပြရတာပါပဲကွယ်

#ဆေးနည်း

ရဲယိုရွက်ငါးရွက်ထပ် အိမ်သုံး ဆားကို ကြက်ဥ ( ၁ )လုံးစာထည့်ထုပ်ပြီးတော့ မီးဖုတ် ရဲယို အရွက်တွေကျွမ်းသွားရင် ဆားက လောက်စာလုံးတစ်လုံးသာသာ ကျန်လိမ့်မယ်

အဲ့ဒီ ဆားကို တစ်ခါသောက် ဆားဖုတ်မန်ကျဉ်းစေ့တစေ့ခန့်ကို သံပုရာသီးတခြမ်းညှစ်​​ပြီးသောက်ပေး။

ဆေးမတိုးသော ချောင်းဆိုချောင်းခြောက်သိသာစွာသက်သာပျောက်ကင်းပါသည်။

ကျွန်တော်လည်း ဖျားပြီး ချောင်းဆိုးကျန်ခဲ့သည် ထိုနည်းအတိုင်း ပြုလုပ်ပြီး သောက်ခဲ့တာ ချောင်းဆိုးပျောက်ကင်းခဲ့ပါသည်။

🙏🙏🙏
ကျေးဇူးအများကြီးတင်ပါတယ် အဘ

အားလုံးကျန်းမာ ချမ်းသာကြပါစေ...


La Wone Eain

24/03/2023

ငှက်ဖျားအတွက်ဆေးနည်း
======================

ငှက်ဖျား ( Malaria) ချမ်းတုန်ဖျားခြင်း ။ အသားများပူပြီးဖျားခြင်း ။ အဆစ်မြစ်နာကျင်ခြင်းတို့အတွက် တိုင်းရင်းဆေး ဆရာကြီးဦးတင်ထွေး ဆေးနည်းလေးပါ။

#ဆေးဖော်စပ်နည်း

၁ ။ထိကရုံးပင် ပဉ္စငါးပါး၊

၂ ။ဆင်ငိုမြက် ပဉ္စငါးပါး

၃ ။ လောက်သေရွက်၊

၎ ။ ဆင်နှာမောင်းရွက်၊

၅ ။ သက်ရင်းကြီးရွက် ။

အထက်ပါ ဆေးအမယ် ငါးမျိုး အားလုံးကို လက်တစ် ဆုပ်စာ အညီမျှကို ရေစင်အောင် ဆေး၊မြေ အိုး အသစ်ထဲ အရွက်တွေမြုပ် လောက်အောင်ရေထည့်ပါ။

ပြီးတော့ မီးဖို မှာကျို။ သုံးခွက်တစ်ခွက်လောက်ကျန် ရင် ဖိုပေါ်ကချပါ ။အရည်ကိုစစ်ပြီးယူ။ စိမ်းဖန့်ဖန့် အရောင်လေးပဲ။ ရွက်စိမ်းနံ့တော့ ရလိမ့် မည်။

အဲဒီအရည်ကို မနက် အကြမ်းပန်း ကန်လုံး၊ ညနေ အကြမ်းပန်းကန်လုံး တစ်လုံးစာ ။ တရက် ( ၂) ကြိမ် ။ (၁ဝ) ရက်သောက်။ စိတ် တော့ရှည်ရမယ်။ မြန်မာ့နည်းဟာ တစ် ရက်တည်းသောက်လို့ မထိရောက်ပါ ။

မနက်၊ ည ကို သုံးရက် လောက်မှာ သိသာလာပါတယ် ရောဂါနဲ့ဆေးတည့်ရင် ခန္ဓာကိုယ်က တယ်ပြီး သိသာပါတယ် အသားတွေနွေးပြီးအစားအသောက်ပုံမှန်ဖြစ်လျှက် ဆေး ဆယ်ရက်သောက်လျှင် ငှက်ဖျားရောဂါပျောက်ကင်း သက်သာစေပါသည် ။

ပဉ္စငါးပါးဟူသည်ကား ‌ဆေး‌ဖော်စပ်ရာ၌သုံး‌သောစကားဖြစ်၏။

၁-အပင်ရှိ အမြစ်အားလုံး။
၂-အပင်ရှိ ပင်စည် အရိုးအားလုံး။
၃-အပင်ရှိ အရွက်အားလုံး။
၎-အပင်ရှိ အပွင့်အားလုံး။
၅-အပင်ရှိ အသီးအားလုံး။
ထိုငါးပါး‌ပေါင်းစု၍‌ဆေး‌ဖေါ်စပ်ခြင်းကို ပဉ္စငါးပါးဟု‌ခေါ်သည်။

{ တိုင်းရင်းဆေးဆရာကြီး ဦးတင်ထွေး }

အားလုံးကျန်းမာချမ်းသာကြပါစေ...

[ ပုံမှာ မှတ်သားရလွယ်ကူစေရန်ဖြစ်ပါသည်။]

ပြန်လည်မျှဝေပါသည်။

Credit.

24/03/2023

🥛🥛 #ရေသောက်ခြင်းရဲ့အကျိုးကျေးဇူးများ🥛🥛

🧑‍⚕️ရေသောက်သုံးသင့်သော အချိန်များ🔰

🩺နံနက် အိပ်ယာထထချင်း ရေ ၂ ဖန်ခွက် သောက်ပါ။ ကလီစာများအတွင်းရှိ အညစ်‌အကြေးများကိုဆေးကြောပေးရာရောက်ပါတယ်။

🩺အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေတစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်ပါတယ်။

🩺ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါတယ်။

🩺မအိပ်မီ ရေတစ်ဖန်ခွက်သောက်ရင် လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါတယ်။

🥛 #ရေရဲ့အကျိုးကျေးဇူးများ🥛

🧑‍⚕️ရေသောက်ခြင်းဖြင့် ကျောက်ကပ် ကျောက်တည်ခြင်းကို တားဆီးနိုင်ပါတယ်။

🩺ကျောက်ကပ်မှာ ကျောက်တည်ရခြင်း အဓိကအကြောင်းရင်းကတော့ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါတယ်။

🩺ရေသောက်များပါက ဆီးအနယ်ထိုင်နှုန်း နည်းသွားပါတယ်။

🩺ကျောက်ကပ်မှာ ကျောက်တည်ဝေဒနာ
မဖြစ်ပွားလိုပါက တစ်နေ့ကို ရေ ၁၂
ဖန်ခွက်လောက် (၃-၄လီတာ) အနည်းဆုံးသောက်သင့်ပါတယ်။

🧑‍⚕️ရေသောက်ခြင်းဖြင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကိုလည်း ကုသပေးနိုင်ပါတယ်။

🩺ရေများများသောက်လေလေ ဆီးများများသွားလေလေဖြစ်ပြီး ဆီးခဏခဏသွားရင် ဆီအိမ်အတွင်းက bacteria ပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါတယ်။

🧑‍⚕️၀မ်းလျောတဲ့အခါမှာလည်း ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းဖို့ အထောက်အကူပြုပါတယ်။

🩺သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်က ပိုမိုထိရောက်ပါတယ်။

🧑‍⚕️အဖျားကို လျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

🩺ကိုယ်အပူချိန်တက်ရင် ရေဓာတ်ဆုံးရှုံးမှုတွေ ပိုမိုများပါတယ်။ ရေများများသောက်ရင် ကိုယ်အပူချိန်ကျတဲ့အပြင် ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါတယ်။

🧑‍⚕️တုတ်ကွေးမိ (သို့မဟုတ်) နှာစေးချောင်းဆိုးဖြစ်တဲ့အခါ အထောက်အကူပြုပါတယ်။

🩺ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါတယ်။
🩺နှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

🧑‍⚕️ရေက အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါတယ်။

🩺ရေ ၂ ခွက်နဲ့ ငှက်ပျောသီးတစ်လုံးက Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါတယ်။

🧑‍⚕️ရေများများသောက်ပါက ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

🩺ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မ်းချုပ်စေပါတယ်။
🩺လိပ်ခေါင်းနှင့် စအိုဝကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင် ဖြစ်ပါတယ်။

🧑‍⚕️ရေသည် လူကို လန်းဆန်းတက်ကြွ စေပါတယ်။

🩺ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်ပြီး ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားကာ ခေါင်းနောက်ခြင်းနှင့် ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါတယ်။

🧑‍⚕️အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ပါ။

🩺ထို့ကြောင့် ကိုယ်အလေးချိန် လျှော့ရာတွင် ရေသည် အရေးကြီးပါတယ်။

🧑‍⚕️ရေက အရေပြားနဲ့ အသားအရေကို စိုစွတ်အေးမြစေပါတယ်။

🩺အသားအရေကိုလည်း လှပစေပါတယ်။

🧑‍⚕️ #ရေသောက်ရာတွင်လိုက်နာသင့်သည့်အချက်များ🔰

🩺အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

🩺တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။

🩺ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါတယ်။

🩺ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။
❤️အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါတယ်။

🩺ရေသောက်ရာတွင် ရိုးရိုးရေကိုသာ သောက်ပါ။
❤️အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။ အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားသွားပါလိမ့်မယ်။

🩺ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။
❤️မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

🩺ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။

🩺ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

🩺ကိုယ်ဝန်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။
❤️ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်ပါတယ်။

#ဒေါက်တာထက်အာကာ
#ကျန်းမာရေးဗဟုသုတ
#ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းချက်နည်း

24/03/2023

သံပုရာသီး၏တန်ဖိုးအမျိုး (၂၀)

၁။ သံပုရာရည်ကို သောက်ခြင်းအားဖြင့် မောပန်းနွမ်းနယ်မှုကို
ပြေစေပြီး လူ၏ခန္ဓာကိုယ် တွင် ဖြစ်ပွားတတ်သော အထူးသဖြင့်
ဝမ်းဗိုက်တွင် ဖြစ်ပေါ်တတ်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်၊

၂။ သံပုရာရည်ကို သကြားအနည်းငယ် ထည့်ကာ များများသောက်ပေးပါက အစာ အဆိပ်သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊
ဘိန်းမူးလွန်နာ စသည်များ ကို ပျောက်ကင်းစေသည်။

၃။ ထမင်း စားပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင်
လတ်ဆတ်သော သံပုရာရည် ကို သောက်ရပါမည်။

၎။ သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင်
အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အားနည်းခြင်း၊
ကိုယ်လက် အဆစ်အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်းစေပါတယ်။

၅။ သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တစ်ကြိမ်စီ
သောက်ပေးပါက သွားမှ သွေးယိုစီးခြင်းကို ပျောက်ကင်းစေသည်။

၆။ သံပုရာ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါက အထိုင်အထ
လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်းများကို
ပျောက်ကင်းစေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာများ ပျောက်ကင်းစေသည်။

၈။ ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်းနှင့် ပွတ်တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါ ကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့
နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက်စေသည်။

၁၁။ သံပုရာသီး တစ်လုံးကို မီးကျွမ်းအောင် ဖုတ်ကာ လေးညှင်း
တစ်ပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော
သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော် ၍ သောက်ပေးပါက ဆီးအောင့်ခြင်းဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တစ်ကြိမ်စီ ရေနှင့် ကြိုချက်ကာ
သောက်ပေးပါက အဖျား ပျောက်ကင်းစေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်
ခန့်ကျို၍ တခွက်စာ(၂ ကျပ်သားခန့်မျှ)
တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျားရောဂါ များ ပြတ်သွားနိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော်
ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်
နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေး ပါက ပျောက်ကင်းစေနိုင်သည်။

၁၆။ သံပုရာ ဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည်နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင်ခုန်ခြင်း၊
မူးဝေ မောပန်းခြင်းများကို သက်သာပျောက် ကင်းစေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီး အခွံနှင့် ခေါင်းကို ပွတ်တိုက်ပေးရပါမည်။
ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများအတွက် သံပုရာသီး အခွံကို ခေါင်းလျှော်ရည်တွင် ထည့် ကာ
ခေါင်းလျှော်နိုင်ပါသည်။

၁၉။ သံပုရာ အစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌
ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်းပေးပါက ဆီးရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက
လေကြောင့် ဖြစ်ရသော သွက်ချါပါဒ၊ လေငန်း၊ လေထိုး၊
လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော
အထူးစိတ်ချရသော အာဟာရတစ်မျိုး ဖြစ်ပါသည်။
Crd

24/03/2023

ဆီးချိုရှိလား ရွှေဖရုံသီးစားပေးပါ

ရွှေဝါရောင်သန်းနေတဲ့ ရွှေဖရုံသီးချိုချိုလေးက အသားအရေနဲ့ အမြင်အာရုံအတွက်တင်ကောင်းတာမဟုတ်ပါဘူး။

ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။

ဘာကြောင့် ဒီလိုပြောရတာလဲ
ဆိုတာကို ဒီဆောင်းပါးလေး
ထဲမှာ ဖတ်ကြည့်လိုက်နော်။

ဖရုံသီးမှာ ဘယ်လို
အာဟာရဓာတ်တွေပါဝင်နေလဲ

ဝါဝါဝင်းနေတဲ့ ဖရုံသီးမှာ
၏ဆီးချိုရှိသူတွေအတွက် သင့်တော်တဲ့

ပရိုတင်း
ဓာတ်တိုးဆန့်ကျင်ပစ္စည်း
ပိုတက်ဆီယမ်
ဖောလစ်အက်ဆစ်
ဗီတာမင် A
ဗီတာမင် C
ဗီတာမင် K
အမျှင်ဓာတ်
သံဓာတ်
မဂ္ဂနီဆီယမ်
ဇင့် တို့ကြွယ်ဝစွာ
ပါဝင်နေပါတယ်။

ဆီးချို နဲ့ ဖရုံသီး
လေ့လာတွေ့ရှိချက်တွေ
အရ ရွှေဖရုံသီးမှာပါတဲ့
ပရိုတင်းဓာတ်တွေက
ဘက်တီးရီးယားတွေ
ပေါက်ဖွားမှုကို အကောင်းဆုံးဟန့်တားပေးနိုင်သလို
မှိုပိုးတွေကိုလည်း
အကောင်းဆုံးတိုက်ဖျက်
ပေးနိုင်တာကြောင့်
ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်က ညစ်ညမ်းမှုတွေကနေ အထိရောက်ဆုံးကာကွယ်ပေးပါတယ်။

အမျိုးအစား -၁
ဆီးချိုရှိသူတွေအနေနဲ့
ရွှေဖရုံသီးကို
စားသုံးပေးမယ်ဆိုရင်
ပ်က္စီးသြာတဲ့
ပန်ကရိယဆဲလ်တွေကို
ပြန်လည် အသစ်ဖြစ်ပေါ်စေနိုင်သလို ကိုယ်တွင်း အင်ဆူလင်ထုတ်လုပ်မှုကိုလည်း
ကောင်းမွန်စေနိုင်ပါတယ်။

ဝမ်းမှန်စေနိုင်ပြီး သွေးတွင်းသကြားဓာတ်ကို
ထိန်းညှိပေးနိုင်စွမ်းရှိသလို
ဆီးကျိတ်ကြီးလာတာမျိုး
မဖြစ်အောင်လည်း
အထိရောက်ဆုံးကာကွယ်
ပေးနိုင်ပါသေးတယ်။

ပိုတက်ဆီယမ် ပါဝင်နေမှု က သွေးပေါင်ချိန်ကို
အထိရောက်ဆုံး
ထိန်းညှိပေးနိုင်ပြီး
ဆီးချိုရဲ့ နောက်ဆက်တွဲ
အနေနဲ့ သွေးတိုးဖြစ်မလာအောင် ကာကွယ်
ပေးနိုင်ပါတယ်။

ဘီတာကယ်လ်ရိုတင်း
ပါဝင်မှုက ကိုယ်ခံအားကို
ကောင်းပြီး အရေပြား နဲ့ အမြင်အာရုံ ကျန်းမာစေနိုင်သလို
ဆီးကျိတ်ကင်ဆာမဖြစ်အောင်လည်း ကာကွယ်
ပေးနိုင်ပါတယ်။

ဗီတာမင် A နဲ့ ဗီတာမင် C
ပါဝင်နေမှုကြောင့်
ကိုယ်ခံအားကောင်းစေနိုင်
သလို အယ်လ်ဇိုင်းမားမဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။

အမျှင်ဓာတ်ကြောင့်
ဝမ်းမှန်စေပြီး အစာခြေ
စနစ်ကို ကျန်းမာစေပါတယ်။

လေ့လာမှုတွေအရ ကတော့ ရွှေဖရုံသီးမှာပါတဲ့ polysaccharide က
သွေးတွင်းသကြားဓာတ် နဲ့
သွေးတွင်းအဆီဓာတ်ကို
ထိန်းညှိပေးနိုင်တယ်လို့
သိရပါတယ်။

ရွှေဖရုံသီးမှာပါတဲ့
phenolic phytochemical
နဲ့ ဓာတ်တိုးဆန့်ကျင်
ပစ္စည်းတွေက သွေးပေါင်
ကိုရော သွေးတွင်း
သကြားဓာတ်ကိုပါ
အကောင်းဆုံး ထိန်းညှိ
ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို ကျစေနိုင်သလို အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးတာကို
သက်သာစေနိုင်ပြီး
နှလုံးသွေးကြော
ကျဉ်းတာမျိုး
မဖြစ်အောင်လည်း
အထိရောက်ဆုံး
ကာကွယ်ပေးနိုင်ပါတယ်။

ဖရုံသီးမှာ သွေးချို
တက်စေနိုင်တဲ့
ကာဗိုဟိုက်ဒရိတ်
ပါဝင်နေတယ်ဆိုပေမယ့် ဆီးချိုရောဂါအတွက်
အကောင်းဆုံး
အထောက်အကူပြုပေးနိုင်တဲ့ ဓာတ်တွေလည်း ကြွယ်ဝစွာ
ပါဝင်နေတာကြောင့်
ဆီးချို သက်သာစေဖို့ရော နောက်ဆက်တွဲရောဂါ တွေကို ကာကွယ်ဖို့အတွက်ပါ
ရွှေဖရုံသီးကို
အမျိုးအစား-၁ ဆီးချို
ရှိသူတွေရော
အမျိုးအစား-၂ ဆီးချိုရှိ
သူတွေပါ စားသုံး
ပေးသင့်ပါတယ်နော်။

ရွှေဖရုံသီးက
ဆီးချိုရောဂါရှိသူတွေအတွက် အကျိုးများတာမှန်ပေမယ့် သွေးပေါင်ကျတတ်သူတွေ
နဲ့ သွေးပေါင်ကျဆေး
ပုံမှန် သောက်နေရသူတွေ
နဲ့တော့ အရမ်းအဆင်ပြေလှတယ်မဟုတ်ပါဘူး။
ဒါကြောင့် အတိုင်း အချင့်လေး
နဲ့ စားဖို့ အကြံပြုလိုက်ပါရစေ။

credit
-ရေးသားသူ Aye Thi Mon

24/03/2023

လေဖြတ်ရောဂါ ကာကွယ်ရေးတွင် အထောက်အကူပြုပေးနိုင်သော သဘာဝဆေးနှင့် ဖြည့်စွက်ဆေးများ

နိုင်ငံတကာတွင် ပြုလုပ်ထားသော သုတေသနရလဒ်များအရ အောက်ပါ သဘာဝဆေးနှင့် ဖြည့်စွက်ဆေးများသည် လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ကျစေရန် အထောက်အကူပြု ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။

၁။ ကြက်သွန်ဖြူ (𝗚𝗮𝗿𝗹𝗶𝗰)
==============
ကြက်သွန်ဖြူတွင် ပါဝင်သော ဆေးဖက်ဝင်ဓာတ်ပေါင်းများတွင် သွေးတွင်း ကိုလက်စထရောဓာတ်များကို ကျဆင်းစေသော အာနိသင်နှင့် ရောင်ရမ်းမှုကို ကျဆင်းစေသော အာနိသင်တို့ ပါရှိပါသည်။ အဆိုပါအာနိသင်များက လေဖြတ်နိုင်ခြေကို လျော့ကျစေရန် အထောက်အကူပြုပါသည်။

၂။ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (𝗢𝗺𝗲𝗴𝗮-𝟯 𝗳𝗮𝘁𝘁𝘆 𝗮𝗰𝗶𝗱𝘀)
=============================
အိုမီဂါ-၃ ဖက်တီးအက်ဆစ်တွင် ကိုလက်စထရောဓာတ်များကို ကျဆင်းစေသော အာနိသင်၊ သွေးကျဲစေသော အာနိသင်နှင့် အရောင်ကျစေသောအာနိသင်တို့ ပါရှိသောကြောင့် လေဖြတ်ရောဂါ ကာကွယ်ရေးအတွက် အလွန်အသုံးဝင်သော သဘာဝဆေးစွမ်းကောင်းတစ်ခု ဖြစ်ပါသည်။

၃။ ကမ္ဘာဦးအပင် (ဂင်ကို ဘလိုးဘား 𝙂𝙞𝙣𝙠𝙜𝙤 𝙗𝙞𝙡𝙤𝙗𝙖)
==========================
သုတေသနများအရ ကမ္ဘာဦးအပင်၏အရွက်သည် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး၊ ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိသောကြောင့် လေဖြတ်ဝေဒနာကာကွယ်ရာတွင် အရေးပါသည်။ ထို့ပြင် ကမ္ဘာဦးအပင်၏အရွက်သည် အာရုံကြောစနစ်ကို ကာကွယ်ပေးရာ၌ အလွန်အစွမ်းထက်သောကြောင့် ဦနှောက်သွေးကြောပိတ်၍ လေဖြတ်ထားသူများအတွက်ပါ အကျိုးရှိပါသည်။

၎။ နနွင်း (𝗧𝘂𝗿𝗺𝗲𝗿𝗶𝗰)
===========
နနွင်းတွင် အဓိကပါဝင်သော ဆေးဖက်ဝင်ဓာတ်ပေါင်းမှာ ကာကူမင် (𝗖𝘂𝗿𝗰𝘂𝗺𝗶𝗻) ဖြစ်ပါသည်။ ကာကူမင်တွင် ဦးနှောက်သွေးလှည့်ပတ်မှုကို ကောင်းမွန်စေသော အာနိသင်၊ အရောင်ကျစေသော အာနိသင်နှင့် ဓာတ်တိုးဆန့်ကျင်အာနိသင်များ ပါရှိသောကြောင့် လေဖြတ်နိုင်ခြေကို လျော့နည်းအောင် အထောက်အကူပြုပေးနိုင်ပါသည်။

၅။ ဗီတာမင် အီး (𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗘)
================
ဗီတာမင် အီး တွင်ပါဝင်သော အစွမ်းထက် ဓာတ်တိုးဆန့်ကျင်အာနိသင်က အာရုံကြောစနစ်နှင့် သွေးကြောနံရံရှိ ဆဲလ်များကို ဓာတ်တိုးမှုဖိအား (Oxidative stress) ဒဏ်မှ ကာကွယ်ပေးနိုင်သောကြောင့် လေဖြတ်ရောဂါတွင် အကျိုးများစေပါသည်။

၆။ မဂ္ဂနီစီယမ် (𝗠𝗮𝗴𝗻𝗲𝘀𝗶𝘂𝗺)
===============
မဂ္ဂနီစီယမ်ဓာတ်သည် သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းညှိပေးရာ၌ ပါဝင်ပြီး၊ သွေးလှည့်ပတ်မှုကိုကောင်းမွန်စေပါသည်။ သုတေသနများအရ မဂ္ဂနီစီယမ်ဓာတ် ချို့တဲ့မှုသည်လည်း လေဖြတ်နိုင်ခြေမြင့်မားမှုနှင့် ဆက်စပ်နေကြောင်း တွေ့ရသဖြင့် မဂ္ဂနီစီယမ်သည်လည်း လေဖြတ်ရောဂါ ကာကွယ်ရာတွင် အကျိုးပြုပေးနိုင်ပါသည်။

အထက်ဖော်ပြပါ သဘာဝနှင့် ဖြည့်စွက်ဆေးများသာမက လေဖြတ်ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချရာတွင် အဓိကအရေးပါသော နည်းလမ်းများဖြစ်သည့်
🔹 ကျန်းမာရေးနှင့် ညီမျှစွာ စားသောက်ခြင်း
🔹 ပုံမှန်ကိုယ်လက်လှုပ်ရှား ပြုလုပ်ပေးခြင်း
🔹 ဆေးလိပ်/အရက်ဖြတ်ခြင်း
🔹 သွေးပေါင်ချိန်မျှတအောင် ထိန်းညှိပေးခြင်း
🔹 သွေးတွင်းအချိုဓာတ် ထိန်းညှိပေးခြင်း
🔹 သွေးတွင်းအဆီဓာတ်များကို လျှော့ချခြင်းနှင့်
🔹 ဆရာဝန်ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်သုံးပေးခြင်း
စသည်တို့ကိုလည်း ပြုလုပ်ပါမှ လေဖြတ်ရောဂါကို ထိရောက်စွာ ကာကွယ်နိုင်မည် ဖြစ်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)
Credit

24/03/2023

🇨🇭" ခြေ လက် ထုံကျင်နေသူတို့အတွက် ဆေးတစ်လက် "

မနက်အိပ်ရာထချိန်များမှာ လက်ချောင်းလေးတွေတင်းနေပြီး၊ လေ့ကျင့်ခန်းလုပ်တာတောင် မပြေချင်တဲ့ အနေအထားမျိုးဖြစ်နေကြသူများကို ထုံကျင်နာများပျောက်ကင်းစေပြီး

ရောဂါကင်းဝေးစေချင်လို့ ဒီဆေးနည်းလေးကို မျှဝေတင်ပြပေးလိုက်ပါတယ်။

ဒီိဆေးနည်းလေးကတော့ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်နေရသူများဖြစ်ကြတဲ့ ရုံးသမားများ၊ စက်ချုပ်သမားများ၊ စားဝတ်နေရေးအတွက် မိုးလင်းမှမိုးချုပ်တစ်နေကုန် အလုပ်ခွင်ထဲ မှာအလုပ် များနေသူများအတွက် ရောဂါကင်းဝေးစေရေးနည်းလေးဖြစ်ပါတယ်။

အချိန်တွေကြာလာတဲ့အခါ ခြေထောက်၊ဒူးနှင့် ပေါင်များဟာ ထုံကျဉ်လာတတ်ပါတယ်။

ဒီလိုမျိုးတွေဖြစ်လာတဲ့အခါ ဆေးလိမ်း၍ မသက်သာဘဲဖြစ်တတ်ပါတယ်။

နွေရာသီမှာ ခံနိုင်ပေမယ့် မိုးနဲ့ဆောင်းမှာတော့ ထုံကျဉ်တဲ့ဝေဒနာများဟာ ပို၍ ဆိုးရွားလာကာ လေဖြတ်ချင်တဲ့အထိဖြစ်မှုများကို ပျောက်ကင်းစေနိုင်ပါတယ်လို့သိရပါတယ်။

တစ်ခြားနည်းတွေလည်းရှိပေမယ့် ဒီဆေးနည်းလေးကတော့ ရှာဖွေအသုံးပြုရန် ပစ္စည်းများဟာ လွယ်ကူလွန်းပြီး ပြုလုပ်ပုံကလည်း မခက်ခဲတာမို့ ကိုယ်တိုင်ရောဂါ မဖြစ်လို့ အသုံးမပြုခဲ့ရင်တောင် တစ်ခြားသူများကို နည်းလမ်းလေးညွှန်ကြားပေးစေလိုတဲ့ဆန္ဒနှင့်ထပ်ဆင့် တင်ပြပေးတာဖြစ်ပါတယ်။

လိုအပ်တဲ့ပစ္စည်းလေးတွေကတော့💥(ချင်းတက်၊ စပါးလင်၊ သံပုရာသီး) တို့ပဲဖြစ်ပါတယ်။

ဒီပစ္စည်းလေးတွေကို ပထမဦးဆုံးတော့ ထောင်းမယ့်ဆုံကိုသန့်အောင်ပြုလုပ်ပေးရပါမယ်။ ပြီးတဲ့အခါ ချင်းတက်နှင့်စပါးလင်ကိုထောင်းထားပြီး၊ အဲဒီထောင်းထားပြီးသား နှစ်မျိုးထဲကို သံပုရာသီး နှစ်လုံးလောက်ကို အရည်ညှစ်ထည့်ပြီး လက်ဖြင့်နယ်ပေးရပါမယ်။

ပေါင်းစပ်နယ်ထားတဲ့ အတွက် ထွက်လာတဲ့အရည်များကို ညအိပ်ရာဝင်ချိန်တွင် ပေါင်တံရင်းမှနေ၍ခြေဖျားအထိ အထက်မှအောက် ကို ပူလာတိုင်း လိမ်းပေးပြီးမှ အိပ်ရာဝင်ရပါမယ်။

သုံးလေးရက် ဆက်တိုက် နေ့တိုင်း လိမ်းပေးပါက ထုံကျဉ်မှုများပျောက်သွားပါလိမ့်မယ် ။

စပါးလင်၊ ချင်း၊ သံပုရာသီးတို့ကတော့ ရှာဖွေရတာလွယ်ကူတဲ့အတွက် ပို၍ အသုံးပြုနိုင်မယ့် ဆေးနည်းလေးလို့ပြောချင်ပါတယ်။

ထုံနာကျဉ်နာဘေးမှကင်းဝေးကြပါစေ..

Credit to original uploader

24/03/2023

#သွားကိုက်_သွားနာ ပျောက်ကင်းလိုလျှင်..... 🦷 🦷

သွားကိုက် သွားနာ သွားပိုးစားရေစီးကမ်းပြိုစသည့်
သွားဝေဒနာအမျိုးမျိုးကိုသက်သာပျောက်ကင်းစေရန်
ဖန်းခါးသီးအစို{သို့မဟုတ် }
ဖန်းခါးသီးအခြောက်{၃}လုံးခန့်ကို
ထုထောင်းပါ....။

လေးညှင်းပွင့်{၃}ပွင့်ခန့်ရော၍ထုထောင်းပါ။
ဆားအနည်းငယ်လဲထည့်ပေးပါ။
ဖန်းခါးသီး လေးညှင်းပွင့်
ထုထောင်းပြီးသားအဖတ်များကို
ဖန်ခွက်ကြီးတွင်ထည့်၍
ရေနွေးကျက်ကျက်ဆူလောင်းထည့်ပါ။

ဖန်းခါးသီး လေးညှင်းပွင့်ဆား ရောစပ်ထားသော
ရေနွေးဖြင့်ပလုတ်ကျင်းပေးပါ။

မကြာခဏပြုလုပ်ပေးခြင်းအားဖြင့်
သွားကိုက် သွားနာ ရေစီးကမ်းပြို
သွားပိုးစားခြင်းဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်.. .....။

သွားပိုးပေါက်အတွင်းသို့
ဖန်းခါးသီး လေးညှင်းပွင့် ဆားရောစပ်ထားသော ပြုတ်ဖတ်ကလေးများကို{၃}မိနစ်ခန့်ထည့်ပေးပါ။
ကျောက်ချဉ်မှုန့်ထည့်ပေးထားပါက
သွားပိုးစား သွားကိုက် ဝေဒနာ ပျောက်ကင်းစေပါတယ်။

ဖန်းခါးသီး လေးညှင်းပွင့် ဆား ဆနွင်း ကျောက်ချဉ်မှုန့်ကလေးများလုပ်၍
ရေနွေကျက်ကျက်ဆူထည့် ခပ်နွေးနွေးလေး ငုံပေးပါက သွားနှင့်ပတ်သက်သော
ဝေဒနာ အမျိုးမျိုး သက်သာပျောက်ကင်း
ပါတယ်........။

Photos from Khaing Cho's post 24/03/2023

#ကိုယ်ဝန်ဆောင်မိခင်များဟာနုမာန်တိုင်းရင်းဆေးအသုံးပြုလို့ရပါသလား?

ကိုယ်ဝန်ဆောင်မေမေတွေက ကိုယ်ဝန်စရှိပြီဆိုထဲက ဟော်မုန်းပြောင်းလဲမှုကြောင့် ကြွက်တက်တာ ၊ ညောင်းကိုက်တာ ၊ ညဘက်အိပ်မပျော်တာတွေ၊ခါးနာ ၊ခါးတင်း ရှိလာတတ်ကြပါတယ်။

ဒီအနေထားမှာ ကိုယ်ဝန်ဆောင်အားဆေးကလွဲပြီး တခြားသော အကိုက်ခဲပျောက်ဆေးတွေဟာ လုံးဝမသောက်သင့်တဲ့အနေထားမှာရှိပါတယ်။အချင်းကနေတဆင့် ဆေးတွေရဲ့ side effects က ကလေးကိုသက်ရောက်စေတာမို့ပါ။

ဒီလိုအနေထားမှာ မိခင်တွေအနေနဲ့ ခါးနာ ၊ကြွက်တက်တာကို သက်သာလျော့နည်းစေဖို့ ဟာနုမာတိုင်းရင်းဆေးကို ပြင်ပကနေ အသုံးပြုပေးခြင်းဖြင့် ဆိုးကျိုးလည်းကင်းပြီး ဝေဒနာပါသက်သာစေပါတယ်။

ဟာနုမာန်တိုင်းရင်းဆေးထဲမာ အရိုးအဆစ်နာကျင်ရောင်ရမ်းမှုကိုအထူးသက်သာစေတဲ့ သဘာဝတိုင်းရင်းဆေးဘက်ဝင်အပင်တွေပါဝင်ထားခြင်းဖြစ်ပါတယ်။

‼️မှတ်ချက်။ ။ ဝမ်းဗိုက်ပေါ်တွင်တော့ ကပ်ခြင်းမပြုရ ‼️

✅ ခါးနာလျင် ခါးမှာကပ်နိုင်ပါတယ်
✅ ခြေသလုံးတင်းရင်ခြေသလုံးမာဆေးလိမ်း၊ကပ်နိုင်ပါတယ်
✅ ညောင်းညာအိပ်မပျော်ရင် ခြေဖဝါးဖနောင့်မာကပ်နိုင်ပါတယ်

အသုံးပြုပြီး သက်သာမှုရနေကြသောမေမေများ၏ ရင်တွင်းစကားများလည်း လေ့လာနိုင်ပါတယ်ရှင် 🥰🍀✨

‼️ပိုပြီး safe ဖြစ်ချင်သူများအတွက် ဗူးဖာနောက်ကျောတွင် ဆရာဝန်များနှင့်လည်းတိုင်ပင်နိုင်ကြောင်းပြောထားပေးပါတယ်ရှင် ‼️

24/03/2023

#နေပူထဲကပြန်လာပြီး_သတိလစ်သွားတယ်
#အာတွေလျာတွေ_လေးလာတယ်
#ကိုယ်တွေအရမ်းပူတယ်
#သွေးပေါင်လည်း_အရမ်းတက်နေတယ်
#အပူရှပ်တယ်_ဆိုတာ

☀️ ပြင်းထန်တဲ့ အပူရှပ်ခြင်း (Heatstroke) ဆိုတာ ဘာလဲ❓

✅ အပူရှပ်တယ်ဆိုတာ ပူလွန်းတဲ့ ပါတ်ဝန်းကျင်မှာ ကြာရှည် ထိတွေ့လိုက်မိလို့ ကိုယ်ခန္ဓာ အပူချိန်ပါ အလွန်အကျွံ လိုက်တက်လာတဲ့ အခြေအနေကို ဆိုလိုပါတယ်။

🔥 ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်ရင်တော့ Heatstroke ခေါ်တဲ့ အပူရှပ်တာ ဖြစ်ပါပြီ။

‼️ အပူရှပ်တာ အသက်အန္တရာယ်ရှိတာမို့ အရေးပေါ် ကုသမှု ပေးဖို့လိုပါတယ်။

⚠️ အရေးပေါ် ကုသမှု မပေးနိုင်ရင်တော့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ် နဲ့ ကြွက်သား တွေကို လျှင်လျှင် မြန်မြန် ရောင်ရမ်း ပျက်စီး စေပါလိမ့်မယ်။

💢 ထိရောက်တဲ့ ကုသမှု ယူဖို့ ကြာလေလေ ထိခိုက်ပျက်စီးတာ ဆိုးလေလေပါပဲ။ သေဆုံးခြင်း အပါအဝင် ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကြုံနိုင်ခြေ များလာပါတယ်။
x x x x x x x

☀️ အပူရှပ် တာရဲ့ လက္ခဏာတွေက ဘာတွေလဲ❓

💥 အဓိက ကေတာ့ 💥
👉 ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) အထိ တက်တာပါပဲ။ 💥 💥

📣နောက်ထပ် လက္ခဏာတွေ ကတော့ 📣
☑️ စိတ်မူမမှန်ရင် (စိတ်နောက်ခြင်း၊ ကနာမငြိမ်ခြင်း၊ စကားသံလေးလာခြင်း၊ ဂျီကျခြင်း၊ စိတ်ကရောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း)
☑️ ပျို့ တာ၊ အန်တာ ဖြစ်ရင်
☑️ အရေပြား ရှိန်းတိန်းဖိန်းတိန်း ဖြစ်ရင်
☑️ အသက်ရှူ နှုန်း သိသိသာသာ မြန်လာရင်
☑️ နှလုံးခုန်နှုန်း သိသိသာသာ မြန်လာလို့ ရင်တုန်သလို ခံစားလာရရင်
☑️ ခေါင်းထိုးပြီး ကိုက်လာရင် အပူရှပ်တာ ဖြစ်နိုင်ပါတယ်။

☀️ အပူရှပ်တာရဲ့ အကြောင်းရင်းခံက ဘာလဲ❓

🔥 ပူပြင်းတဲ့ အခြေအနေမှာ 🔥🔥
👉 ပြင်းထန်တဲ့ အလုပ်၊ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာ၊
👉 အရက်သောက်တာ
👉 ရာသီနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေ ဝတ်တာ
👉 ရေ လုံလောက်အောင် မသောက်တာ တွေက အပူရှပ်တာ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ဖြစ်ပါတယ်။

အပူရှပ်တဲ့သူကို ဘယ်လို ရှေးဦးပြုစုပေးရမလဲ❓

‼️ အပူရှပ်တာ အရေးပေါ် အခြေအနေ ဖြစ်ပါတယ်။ ဆိုလိုတာ "အချိန်မှီ" "စနစ်တကျ" မကုသရင် သေနိုင်ပါတယ်။ ‼️

💥 အဲ့ဒီတော့ ကုသမှု မရခင် စပ်ကြား ရှေးဦးပြုစုပေးနိုင်ဖို့ အရေးကြီးပါတယ်။

(၁) လူနာကို အေးပြီး အရိပ်ရတဲ့ တနေရာရာကို ရွေ့ပါ
(၂) ခြေထောက်ကို အနည်းငယ် မြှင့်ပေးပြီး လဲလျောင်းတဲ့ အနေအထားမှာ ထားပေးပါ
(၃) ရေအေးစိမ်၊ ရေဖျန်း၊ ရေခဲဝတ် တိုက်ပေး၊ ကပ်ပေးတာ တွေ လုပ်ပေးပါ၊ အထူးသဖြင့် လည်ပင်း၊ ချိုင်းကြား နဲ့ ပေါင်ခြံ လို နေရာတွေ မှာ ကပ်ပေး တိုက်ပေးပါ။
(၄) အဲကွန်းခန်းထဲ ရွေ့တာ၊ ပန်ကာ နဲ့ မှုတ်ပေးတာလည်း လုပ်ပေးနိုင်ပါတယ်
(၅) ပါးစပ်ကဝင်မယ် သတိလစ်မနေဘူး ဆိုရင် ရေအေးလေး တိုက်ပေးနိုင်ပါတယ်
(၆) ဒါတွေ လုပ်လို့မှ လူနာ အခြေအနေ မကောင်းဘူး (ကိုယ်ပူမကျ၊ သတိလစ်၊ တက်တာ တွေ ဖြစ်လာမယ်) ဆိုရင်တော့ အရေးပေါ်ကုသမှု ဋ္ဌာနရှိတဲ့ ဆေးရုံကို နောက်မကျစေဘဲ အမြန်ဆုံးသွားဖို့သာ တိုက်တွန်း လိုက်ပါတယ်။


#ပြန်လည်မျှဝေသည်

Photos from Khaing Cho's post 17/03/2023

#ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးခြင်းဖြင့် ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုး ၅ ခု

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းတခွက်ဟာ ကျန်းမာရေးအတွက် သင်မထင်ထားတဲ့ ကောင်းကျိုးတွေ များစွာရှိနေပါတယ်။ အခုဖော်ပြပေးမှာကတော့ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းရဲ့ ရရှိနိုင်မယ့် ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်တယ်

တနေ့ကို ရေနွေးကြမ်း လေးခွက်ခန့်သောက်သုံးပေးခြင်းဟာ လုံးဝမသောက်သုံးခြင်းထက် လေဖြတ်ရောဂါကို သိသိသာသာကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ဦးနှောက်အတွင်းသွေးခဲကာ လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်

ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဟာ Heart Attack ဖြစ်ခြင်းအပါအဝင် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်

နွားနို့သောက်သုံးခြင်းလိုပဲ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ရေနွေးကြမ်းမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ကေ ဓာတ်တွေဟာ အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အရိုးကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၄) သွားကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်

ဂျပန်သုတေသနလေ့လာသူတွေရဲ့အဆိုအအရ လက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဟာ သွားတွေကို ခိုင်ခံ့စေပြီး ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။ ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ခံတွင်းထဲက pH Level ကိုမျှတစေတာကြောင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပါတယ်။

(၅) အစာခြေစနစ်ကို ကောင်းမွန်စေတယ်

ထမင်းစားပြီးတိုင်း ရေနွေးကြမ်းတခွက်သောက်သုံးပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Ref. www.today.com
Topics: ပုံမှန်သောက်သုံးပေးခြင်း, ရေနွေးကြမ်း

17/03/2023

အစာအိမ်မှာ acidအထွက်များသူအတွက်
ဆေးစွမ်းကောင်းတလက်
••••••••••••••••••••••••••
အစာအိမ်ရောဂါ အမျိုးမျိုးနဲ့
acidအထွက်များပြီး အစာအိမ်နာ
စတာတွေအတွက် ဆေးကောင်းတစ်လက်ကို မျှဝေပေးလိုက်ရပါတယ်…။

အစာအိမ်သမားများ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ အစားစားပြီးတိုင်း အောင့်ခြင်းစသည်ဖြင့် အမျိုးမျိုးဖြစ်ရကာပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်းပင် ဖြစ်တတ်ပါသည်။ ထိုဝေဒနာများ မခံရအောင် နည်းကောင်းလေး တင်ပြအပ်ပါသည်။

ဆေးနည်း –

(၁) ငှက်ပျောသီး ဖီးကြမ်း(၂)ဖီးကို အခွံနွှာပြီး ပါးပါးလှီး၍ နေတွင် လှန်းပါ။ ပြီးလျှင် အမှုန့်ကြိတ်ပါ (သို့)ထောင်းပါ။

(၂) နွယ်ချိုမှုန့် ဟင်းခပ်ဇွန်း (၂)ဇွန်းမျှ ထည့်ပါ။

(၃) နနွင်းမှုန့်စစ်စစ် ဟင်းခပ်ဇွန်း(၁)ဇွန်း ထည့်ပါ။

ထို(၃)မျိုးကို ရောစပ်ပြီး လေလုံသော ဖန်ဗူးထဲသို့ ထည့်ထားပါ။

သုံးစွဲရန် –

နေ့စဉ် နံနက်တစ်ကြိမ် / ညတစ်ကြိမ် ကော်ဖီဇွန်း(၁)ဇွန်းကို ပုံမှန် စားပေးပါ။ ထိုဆေးသည်အစာအိမ်ကို အားရှိစေပြီးအစာအိမ်နာ၊ လေအောင့် လေနာနှင့် အစာအိမ် အချဉ်ပေါက်ခြင်းကင်းဝေးစေပြီး အစာအိမ်ရောဂါ သက်သာပျောက်ကင်းစေပါကြောင်း။

သိမီသမျှ အစာအိမ်ဆေးနည်းအား တင်ပြလိုက်ပါသည်။ နွယ်ချိုမှုန့်ကို ပရဆေးဆိုင်တွင် လွယ်ကူစွာ ဝယ်ယူနိုင်ပါသည်...။

credit ✍

Photos from Khaing Cho's post 17/03/2023

#ခွေးတောက်ရွက်
ခွေးတောက်ရွက်ကို ဘဲဥဖြင့် ကြော်စားခြင်းအားဖြင့် ခွန်အားဖြစ်စေပါတယ်။ဒါတ င်မကသေးပါဘူး။ ခွေးတောက်ရွက်ကို မီးကင်၍အုံပေးပါက ပြည်တည်နာများ၊ အနာဆွေးများ၊ သွေးစုနာများနှင့် အနာစိမ်းများကို ပျောက်ကင်းစေနိုင်ပါတယ်။

ခွေးတောက်ရွက်ဟာ ဆီးချုပ် လေထိုး လေအောင့် လေငန်းရောဂါများ အတွက် အထူးကောင်းမွန်တဲ့ ဆေးတစ်လက်ဖြစ်ပါ တယ်။ ကြော်စား၍ဖြစ်စေ၊ အပြုတ်အတို့ လုပ်ပြီးစားသည် ဖြစ်စေ အာနိသင် ရှိပါတယ်။

ကြက်သားဖြင့် ရောစပ်ကာ ချက်စားမယ်ဆိုရင် ဝမ်းတွင်းအဆိပ်အတောက်များကို ပြေစေနိုင်တဲ့ သတ္တိများစွာပါရှိလို့ မြန်မာ့ဆေးဘက်ဝင် ခွေးတောက်ရွက်ကို မှီဝဲပေးကြပါရန် တိုက်တွန်း အပ်ပါတယ်။
#သမားတော်တိုင်းရင်းဆေး

Photos from Khaing Cho's post 17/03/2023

#နံနံပင် ကြိုက်သူများစားသုံးခြင်းဖြင့် ရရှိနိုင်မယ့်အကျိုးကျေးဇူးများ

#နံနံပင်က သဘာဝ ပိုးသတ်ဆေးတစ်မျိုး​ဖြစ်လို့ လေပွတာ၊ဝက်သက်၊လိပ်ခေါင်းရောဂါ (hemorrhoids)၊မူးဝေခြင်း၊ တုပ်ကွေး၊သွေးတိုးတာ၊ ရင်သားရောင်ရမ်းနာကျင်ခြင်း။ အော့အန်ခြင်း နဲ့ ပန်းသေခြင်းတွေကို သက်သာစေနိုင်ပါတယ်။

နံနံပင်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာချေစနစ်ဆိုင်ရာပြဿနာတွေကိုဖြေရှင်းပေးနိုင်စွမ်းရှိပါတယ်။

နံနံပင်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ဗီတာကယ်ရိုနွိုက်၊ ဗီတာမင် စီ နဲ့ ဗီတာမင် အီး၊affeic အက်ဆစ်၊ ferulic၊ quercetin၊ kaempferold တို့ကကင်ဆာတိုက်ဖျက်ရာမှာတော်တော်လေးထိရောက်မှုရှိပါတယ်။

အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတာကို တိုက်ဖျက်ပေးနိုင်စွမ်းရှိသလို ဒူလာရောဂါကိုလည်းသက်သာစေနိုင်ပါတယ်။ နံနံပင်က အရေပြားမှာဖြစ်တဲ့ရောင်ရမ်းမှုတွေကိုလည်း သိသိသာသာလျေ့ကျစေနိုင်ပါတယ်။ နံနံပင်မှာပါတဲ့atsiri အဆီက ပိုးမွှားတွေကိုသေစေနိုင်ပါတယ်။ မှိုပိုးကူးစက်မှုတွေနဲ့ဘက်တီးရီးယားပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ အနာတွေကိုပျောက်ကင်းအောင် ကုသရာမှာ အသုံးဝင်ပါတယ်။

#နံနံပင်မှာ ပိုက်ဆီယမ်နဲ့ဆိုဒီယမ် ပါဝင်တာကြောင့်သွေးပေါင်ချိန်ကို ကျဆင်းစေနိုင်ပါတယ်။

#နံနံပင်မှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေကသွေးတွင်းထဲက အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ပမာဏကိုကျဆင်းစေပြီးသွေးကြောအတွင်းနံရံထဲက ကိုလက်စထရောတွေကို ကျဆင်းစေနိုင်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊ ရုတ်တရက်နှလုံးရပ်တာနဲ့လေဖြတ်တာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလျှော့ချပေးပါတယ်။သွေးတွင်းက အကျိုးပြုတဲ့ ကိုလက်စထရော (HDL) ပမာဏကိုလည်းတိုးစေပါတယ်။

#နံနံပင်မှာသွေးအာနည်းရောဂါသည်တွေအတွက်အထောက်အကူဖြစ်တဲ့သံဓါတ်တွေပါဝင်တယ်။

#နံနံပင်မှာ ဘီတာကယ်ရိုတီးနွိုက် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် အမြင်အာရုံကောငါးစေဖို့အတွက် အထောက်အကူပြုပါတယ်။

#နံနံပင်မှာပါရှိတဲ့fitonutrien နဲ့ အခြားဓါတ်ပစ္စည်းတွေက ခန္ဓါကိုယ်တွင်းထဲက ဓါတုပစ္စည်းတွေကို ညီညွတ်မျှတအောင်လုပ်ဆောင်ပေးပြီး အာရုံကြောတွေကို အနားရစေသလိုကောင်းကောင်းအိပ်ပျော်အောင်အထောက်အပံ့ပေးပါတယ်။

#နံနံပင်က သဘာဝဆီးရွှင်ဆေးတစ်မျိုးဖြစ်ပြီး ဆီးများများသွားစေတာကြောင့်ကျောက်ကပ်မှာကျောက်တည်နိုင်ခြေကိုလျော့ကျစေနိုင်ပါတယ်။ကျောက်ကပ်ထဲက အဆိပ်တွေကိုပြေလျော့စေတာကြောင့်ကျောက်ကပ်ဲမှာကျောက်တည်တာမျိုးဖြစ်နိုင်ခြေကိုလျော့ကျစေပါတယ်။

#နံနံပင်စားသုံး​ပါက သွေးတွင်းသကြားဓါတ်ကိုလျော့ကျစေနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။

#နံနံပင်က ရာသီသွေးစက်ဝန်းကို မှန်ကန်အောင်ထိန်းညှိပေးပါတယ်။ ရာသီသွေးဆင်းချိန်မှာ နာကျင်မှုကိုလျော့ပါးသက်သာစေပါတယ်။

နံနံပင်မှာ ဗီတာမင်ကေ ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေသလိုသေါးမခဲအောင်လည်းကာကွယ်ပေးပါတယ်။

Crd
#နံနံပင်

Photos from Khaing Cho's post 17/03/2023

#ကြက်သွန်နီ၏ #အသုံးဝင်ပုံများ

၁ ။ကြက်သွန်နီဥကို အစိမ်းစားခြင်းဖြင့် ဆီးချုပ်ရောဂါ ပျောက်ကင်း၍ ဆီးရွှင်စေ၏။

၂ ။ ကြက်သွန်နီစေ့ကို ထောင်းစားက အားတိုးစေ၏။

၃ ။ မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးသော် ကလေးဆီးချုပ်ရောဂါ ပျောက်၏ ။

၎ ။ ကြက်သွန်နီရည် အနည်းငယ်ကို တိုက်ကျွေးလျှင် ကလေးများ ၀မျးဗိုကျနာရောဂါ ပျောက်၏ ။

၅ ။ သကြားနှင့် ကြက်သွန်နီ အရည်ညှစ်၍ ရှာလပတ်ရည်လုပ်သောက်သော် ဆီးပူရောဂါ ၊ ၀မျးရောဂါ ပျောက်၏ ။

၆ ။ ကြက်သွန်နီ လတ်လတ်ဆတ်ဆတ် ညှစ်၍ ကြွေဇွန်း ထက်ဝက် သကြားအနည်ငယ် ထည့်ပြီး တစ်နေ့တစ်ကြိမ် သောက်သော် သွေးပါက လိပ်ခေါင်းရောဂါသက်သာ၏ ။

၇ ။ ညအခါ မျက်စိမမြင်ရသည့် ကြက်မျက်သင့်သောရောဂါ အတွက် ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့် ၍ မျက်စဉ်း ခတ်ပေးသော် ပျောက်၏။

၈ ။ ကြက်သွန်နီမီးဖုတ်အရည် နွေးနွေးကို နားထဲထည့်သော် နားကိုက်ရောဂါ ပျောက်၏ ။

၉ ။ ကြက်သွန်နီအရည်ညှစ်၍ နားထဲ တစ်နေ့ သုံးကြိမ်ထည့်သော် နားပြည်ယိုရောဂါ ပျောက်၏။

၁၀ ။ ကြက်သွန်နီကို ဓားနှင့် လှီး၍ အစေးထွက်လာလျှင် ထိပ်ဝကို ကွမ်းစားထုံးသုတ်၍ ကင်းမြီးကောက် စသော အဆိပ်ရှိသတ္တဝါ ကိုက်သည့်နေရာ၌ ၎င်းထိပ်ဝြဖင့် ပွတ်ခြင်း၊ အရည်ညှစ်၍ သုတ်လိမ်း ခြင်း ဖြင့် အဆိပ်မတက်နိုင်တော့ချေ။

၁၁ ။ ကြက်သွန်နီကို ဒူလာပါဒရက် ၊ မီးယပ်ပိန်ခြောက် ၊ ရင်နာ လေနာ ရောဂါများအတွက် ဖော်စပ်သောဆေးများတွင်လည်း ထည့်သွင်း အသုံးပြုနိုင်၏။
Crd

Want your practice to be the top-listed Clinic in Taunggyi?
Click here to claim your Sponsored Listing.

Videos (show all)

ဟာန်နုမာန် ဆေးကပ်ခွာ အသုံးပြုပုံလေးပါနော် ဝင်ရောက်လေ့လာနိုင်ပါတယ်
ဟာန်နုမာန်ဆေးကပ်ခွာထဲ၌ပါသော ခြေစိမ်ထုပ်သုံးနည်းလေးပါရှင့် ရေနွေးပူထဲ ခြေစိမ်ထုပ်လေးထည့် ခြေထောက်ခံနိုင်ရုံရေအေးစပ်ရ်ျ မိ...
ဒူးနာခြင်းအတွက် ဟာန်နုမာန်က ဆေးကောင်းတလက်ပါနော်

Category

Telephone

Website

Address

Taunggyi, Shan State
Taunggyi

Other Medical Supplies in Taunggyi (show all)
Yadanar Yadanar
Taunggyi, 06101

Yadanar Online Shop

ဖွားစော ဖွားစော
Taunggyi, 06101

Medical Whole Sale

Lin Pharmacy Taunggyi Lin Pharmacy Taunggyi
No. 120, Hnin See Street, Pyi Daw Thar Quarter
Taunggyi

We serve customer with care and passion. Message or call us if you need to place an order or want to