PHS Library

PHS Library

ဗဟုသုတတွေမျှဝေမယ်

Photos from PHS Library's post 09/04/2022

တွဲဖက်မစားသင့်သောအစာများ
Admin -2
Credit Photo

Photos from PHS Library's post 08/04/2022

Bone Cancer (အရိုးကင်ဆာ)

အရိုးကင်ဆာဟာ ခန္ဓာကိုယ်ထဲကဘယ်အရိုးမှာမဆိုဖြစ်နိုင်ပေမယ့် တင်ပဆုံရိုး၊ လက်မောင်းရိုး၊ ပေါင်ရိုး ခြေထောက်ရိုးလိုမျိုး
အရိုးရှည်တွေမှာ အတွေ့ရများပါတယ်။ အရိုးကင်ဆာဟာရှားပါးကင်ဆာတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာတွေ့ရတဲ့ကင်ဆာတွေရဲ့ ၁ ရာခိုင်နှုန်းပဲရှိတယ်လ
ို့ဆိုပါတယ်။

အရိုးကင်ဆာလို့ဆိုတဲ့နေရာမှာ အရိုးမှာပဲစတင်ဖြစ်ပွားတဲ့ကင်ဆာတွေကိုရည်ညွှန်းပါတယ်။ ခန္ဓာကိုယ်ရဲ့ တခြားနေရာမှာကင်ဆာဖြစ်ပြီးတော့ အရိုးကိုကင်ဆာဆဲလ်ရောက်သွားတယ်ဆိုရင် အရိုးကင်ဆာဖြစ်တယ် လို့မပြောဘဲ အရိုးကိုရောဂါပျံ့သွားပြီလို့ပဲပြောကြပါတယ်။

အရိုးကင်ဆာအများစုဟာအရွယ်ရောက်ပြီးသူတွေမှာအတွေ့ရများပေမယ့် တချို့ကိုတော့ကလေးတွေမှာတွေ့ရ တတ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်း
အရိုးကင်ဆာအများစုအတွက်တော့ ဘာ‌ကြောင့်ဖြစ်ရတယ်ဆိုတာလေ့လာတွေ့ရှိထားခြင်းမရှိသေးပါဘူး။ ရာခိုင်နှုန်းအနည်းငယ်ကတော့ မျိုးရိုးလိုက်လို့ဖြစ်ရတယ်လို့ယူဆထားပြီး တချို့အရိုးကင်ဆာတွေဟာလည်း ဓါတ်ရောင်ခြည် ထိတွေ့မှုများတာကြောင့်ဖြစ်ရတယ်လို့ယူဆထားပါတယ်။

အမျိုးအစား

အဓိက (၃) မျိုးရှိပါတယ်။
Osteosarcoma - အတွေ့ရအများဆုံး အရိုးကင်ဆာဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့ လူငယ်တွေမှာအဖြစ်များပါတယ်။ ခြေထောက်၊ လက်စတဲ့နေရာတွေမှာဖြစ်တတ်ပါတယ်။ အရိုးဖြစ်မယ့်ဆဲလ်တွေကနေ အစပြုတဲ့ကင်ဆာဖြစ်ပါတယ်။ ကီမိုပေးပြီး ခွဲစိတ်တဲ့နည်းကတော့ အသုံးအများဆုံးကုသနည်းဖြစ်ပြီးတော့ တခါတရံမှာ ဓါတ်ရောင်ခြည်ပြဖို့လည်း လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။

Chondrosarcoma - ဒုတိယအတွေ့ရအများဆုံးအရိုးကင်ဆာဖြစ်ပါတယ်။ အရိုးနုဖြစ်မယ့်ဆဲလ်တွေကနေအစပြုတဲ့ကင်ဆာဖြစ်ပါတယ်။ တင်ပဆုံရိုး၊ တင်ပါးရိုး၊ ပခုံးရိုးစတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ တချို့ Chondrosarcoma တွေဟာပွားနှုန်းနှေးတဲ့အတွက် အပြီးခွဲထုတ်ပစ်လိုက်လို့ရတတ်လို့ တခြားနေရာတွေကိုပျံ့နှံ့နှုန်း နည်းတယ်လို့ဆိုထားပါတယ်။ ဒီအရိုးကင်ဆာအမျိုးအစားအတွက်တော့ ခွဲစိတ်ကုသတာဟာအကောင်းဆုံးနည်းလမ်းဖြစ်ပြီးတော့ ကီမိုပေးတာ၊ ဓါတ်ရောက်ခြည်ပြတာတွေဟာ အသုံး မဝင်လှဘူးလို့တွေ့ရှိထားပါတယ်။

Ewing sarcoma - ရှားပါးအရိုးကင်ဆာအမျိုးအစားဖြစ်ပြီးတော့ အရိုးနားမှာရှိတဲ့တစ်ရှူးတွေမှာဖြစ်တတ်တဲ့ကင်ဆာပါ။ ‌ခြေထောက်နဲ့ တင်ပဆုံရိုးတွေမှာအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပေမယ့်ကလေးနဲ့ လူငယ်တွေမှာအတွေ့ရများပါတယ်။ အခုနောက်ပိုင်း နည်းစနစ်တွေတိုးတက်လာတဲ့အတွက် ဒီကင်ဆာအမျိုးအစားရဲ့ ကုသမှုရလဒ်တွေဟာလည်းပိုကောင်းလာပြီဖြစ်တယ်လို့ဆိုထားပါတယ်။

ရောဂါလက္ခဏာ

အတွေ့ရများတဲ့လက္ခဏာတွေကတော့
- အရိုးနာတာ (အပေါ်ယံနာကျင်တာမျိုးမဟုတ်ဘဲ တဆစ်ဆစ်နာတာ)
- ဖြစ်တဲ့နေရာမှာ အလုံးအဖုဖြစ်တာ၊ နာကျင်တာ
- အရိုးအားနည်းလာပြီး အရိုးကျိုးတာ (နည်းနည်းထိခိုက်မိတာနဲ့ကျိုးတာမျိုး၊ ဘာအကြောင်းမှမရှိဘဲ ကျိုးတာမျိုး)
- မောပန်းလွယ်တာ
- ကိုယ်အလေးချိန်လျော့လာတာ

အရိုးနာတာဟာ ပေါ်လိုက်ပျောက်လိုက်နာတာမျိုး၊ ညဘက်တွေမှာပိုဆိုးတာမျိုး၊ အကိုက်အခဲပျောက်ဆေး သောက်တာတောင် မသက်သာတာမျိုးဆိုရင် နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပြီး စစ်ဆေးကြည့်သင့်ပါတယ်။

ရောဂါအဆင့်

ကင်ဆာမှာအရေးကြီးတာက ရောဂါအမျိုးအစားနဲ့ရောဂါအဆင့်ပါ။ ဒါတွေကိုသိမှလည်းကုသမှုကို အစောဆုံးစတင်နိုင်မှာဖြစ်ပါတယ်။ အရိုးကင်ဆာကိုအဆင့်သတ်မှတ်တဲ့နေရာမှာ
- ကင်ဆာအဖုအကျိတ်ရဲ့အရွယ်အစား
- ဘယ်လောက်မြန်မြန်ကြီးထွားပျံ့ပွားသလဲ
- အရိုးဘယ်နှစ်ချောင်းထိခိုက်နေသလဲ
- တခြားအစိတ်အပိုင်းတွေကိုပျံ့နေပြီလား ဆိုတဲ့အချက်တွေကိုကြည့်ကြပါတယ်။

အရိုးကင်ဆာကို အဆင့် သုညကနေ အဆင့် ၄ အထိ ခွဲခြားထားကြပါတယ်။ အလွယ်ပြောရရင်တော့ အဆင့်အနိမ့်ဆုံးဟာ ကင်ဆာအကျိတ်အရွယ်ငယ်ပြီးတော့ ပြင်းထန်မှုအားနည်းတဲ့ကင်ဆာအမျိုးအစားဖြစ် ပြီးတော့ အဆင့် ၄ ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုရောက်နေပြီလို့ဆိုလိုပါတယ်။

ရောဂါရှာဖွေစစ်ဆေးမှု

bone scan, CT, MRI, PET scan, X-ray စတဲ့နည်းတွေထဲက တစ်မျိုးမျိုး၊ ဒါမှမဟုတ် တစ်မျိုးထက်ပိုတဲ့နည်းတွေ ကိုအသုံးပြုပြီး ရောဂါဖြစ်ပွားတဲ့နေရာ၊ အရွယ်အစား၊ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုပျံ့နှံ့ခြင်းရှိမရှိ စတာတွေကို စစ်ဆေးကြည့်နိုင်ပါတယ်။

နောက်တစ်နည်းက biopsy (အသားစ) ယူစစ်ဆေးတာပါ။ အသားစယူစစ်ဆေးမယ်ဆိုရင် ကင်ဆာဟုတ်မဟုတ်၊ ဟုတ်ခဲ့ရင် အမျိုးအစား၊ မြန်မြန်ပွားတဲ့အမျိုးအစားလား၊ နှေးနှေးဖြစ်တဲ့အမျိုးအစားလားစတာတွေကို သိနိုင်ပါတယ်။

ကုသမှု

ခွဲစိတ်ဖြတ်တောက်တဲ့နည်းလမ်းဟာ အသုံးအများဆုံးဖြစ်တဲ့ကုသမှုဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကီမိုဆေးသွင်းတာ၊ ဓါတ်ရောင်ခြည်ပြတာတွေကိုလည်းသုံးတတ်ကြပါတယ်။ ကုထုံးရွေးချယ်မှုကတော့ အရိုးကင်ဆာအမျိုးအစားနဲ့အဆင့်ပေါ် အများကြီးမူတည်နေပါတယ်။

ခွဲစိတ်ခြင်း - ခွဲစိတ်တဲ့အခါ အဓိကအားဖြင့် ကင်ဆာအကျိတ်ကိုပဲအဓိကဖယ်ရှားနိုင်ဖို့ကြိုးစားကြရပါတယ်။ ဖြစ်နိုင်ရင် ဖယ်ရှားလိုက်တဲ့ နေရာမှာတခြားအရိုးအစိတ်အပိုင်းနဲ့အစားထိုးပေးတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီးလွန်းတဲ့အကျိတ်၊ ဒါမှမဟုတ် ဖယ်ရှားဖို့ခက်ခဲတဲ့အရိုး အစိတ်အပိုင်းတွေဆိုရင်တော့ တစိတ်တပိုင်း ဒါမှမဟုတ် တစ်ခုလုံးကိုဖြတ်တောက်ပစ်ရတဲ့ နည်းကိုအသုံးပြုကြရပါတယ်။ ခေတ်မီတဲ့နိုင်ငံတွေမှာတော့ တခြားကုသနည်းတွေစမ်းသပ် တီထွင်လာတဲ့အတွက် ဖြတ်တောက်ကုသတဲ့နည်းကို အသုံးပြုတာဟာ တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ပါတယ်။

ကီမိုဆေးသွင်းခြင်း - ကီမိုဆေးသွင်းတဲ့နည်းကတော့ chondrosarcoma မှာထိရောက်မှုမရှိပေမယ့် တခြားအမျိုးအစားနှစ်မျိုး အတွက်တော့ အရေးကြီးတဲ့ကုထုံးတစ်ခုဖြစ်ပါတယ်။

ဓါတ်ရောင်ခြည်ကုထုံး (အများအခေါ် ဓါတ်ကင်တာ) - ခွဲစိတ်မှုမလုပ်ခင်မှာ ကင်ဆာအကျိတ်ကိုသေးငယ်စေဖို့အတွက် အများအားဖြင့်သုံးလေ့ရှိပါတယ်။ ခွဲစိတ်အပြီးမှာလည်း ကျန်ရှိနေနိုင်သေးတဲ့ကင်ဆာဆဲလ်တွေကို ချေမှုန်းပစ်ဖို့ ဓါတ်ရောင်ခြည်ပြတဲ့နည်းကို သုံးကောင်းသုံးနိုင်ပါတယ်။ ခွဲစိတ်လို့မရတော့တဲ့အခြေအနေမျိုးဆိုရင်လည်း ဓါတ်‌ရောင်ခြည်ပြတဲ့နည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ နာကျင်ခြင်းအစရှိတဲ့ရောဂါလက္ခဏာတွေကို သက်သာစေဖို့ပဲဖြစ်ပါတယ်။

ကိုးကား - Mayo Clinic အင်တာနက်စာမျက်နှာမှ အရိုးကင်ဆာအကြောင်းကိုဆီလျော်အောင်ဘာသာပြန်ပါသည်
# ကျန်းမာရေးစေတမန်

မူရင်းပိုစ်အားဖတ်ရှု့ရန်
https://www.facebook.com/100052817831629/posts/497093802061210/

Admin -2

06/04/2022

သတိပြုရမည့်အပူဒဏ်အန္တရာယ်
Admin - 1
Photo credit

Photos from PHS Library's post 28/03/2022

ကျန်းမာရေးဝန်ကြီးဌာန ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲမှုဦးစီးဌာနမှထုတ်ပြန်သော စာသုံးရန်မသင့်သော အသားလုံး ၊အသားချောင်းများ။
Admin -2
# MOH ( FDA Myanmar )

Photos from PHS Library's post 27/03/2022

Vitamin D အကြောင်း
Admin 1
ဘန်ကောက်ကျန်းမာရေးစင်တာ

23/03/2022

သတိပြုကာကွယ် မိုးကြိုးအန္တရာယ်
Admin - 2

Photos from PHS Library's post 23/03/2022

Admin -1
# ဘန်ကောက်ကျန်းမာရေးစင်တာ

23/03/2022

သတိပြုရမည့်အပူဒဏ်အန္တရာယ်
Admin - 1
# MOH

Want your business to be the top-listed Health & Beauty Business in Taunggyi?
Click here to claim your Sponsored Listing.

Telephone

Website

Address

Taunggyi

Opening Hours

Monday 07:30 - 21:00
Tuesday 07:30 - 21:00
Wednesday 07:30 - 21:00
Thursday 07:30 - 21:00
Friday 07:30 - 21:00
Saturday 07:30 - 21:00
Sunday 07:30 - 21:00