MAY Life Insurance

MAY Life Insurance

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MAY Life Insurance, Insurance Agent, .

03/05/2024

ကျွန်မတို့ ရုံးမှာတလတခါထုတ်တဲ့ ရုံးတွင်းသတင်းစဉ်လေးရှိပါတယ် internal ဘဲဖြန့်တာပေါ့နော်

အဲ့ထဲမှာတလတခါ Most FYP issue (ရောင်းအားအများဆုံး) သူ ကဏ္ဍလေးပါပါတယ်

March လမှာတော့ ကျွန်မဟာ life insurance နဲ့ပက်သက်တဲ့ဝန်ဆောင်မှူလေးတွေကိုအများကြီးလုပ်ပေးဖြစ်ခဲ့တာကြောင့် ဒီကဏ္ဍလေးမှာဖော်ပြခြင်းခံရပါတယ်

ခုဆို ကုသိုလ်လဲရ ဝမ်းလဲဝတဲ့ Insurance Advisorအလုပ်ကိုလုပ်ဖြစ်ခဲ့တာအတော်လေးခရီးရောက်လာခဲ့ပြီဖြစ်သလို ခုလို achievement တွေ milestone တွေရခဲ့တာလဲ ဒီအလုပ်မှာ ဘယ်လိုအခက်အခဲရှိရှိ give up မလုပ်ဘဲ ကြိုးစားရှေ့ဆက်ခဲ့လိုဘဲဖြစ်ပါတယ် 😇😇😇

ပြီးတော့ကျွန်မဆိုအခု Unit Manager ရာထူးလေးတခုရနေပြီဖြစ်ပြီး ကျွန်မနဲ့ တunit ထဲအတူ လုပ်ကိုင်ယင်း တချို့တွေဆိုလဲ top sale producerတွေဖြစ်တဲ့အထိလုပ်နိုင်နေပြီဖြစ်ပြီး

ကျွန်မတို့ unit လေးဟာ တနှစ်ကျော်ကာလအတွင်းမှာဘဲ မိသားစုပေါင်း ရာဂဏာန်းကျော်ကို Manulife Myanmarရဲ့ တန်ဖိုးရှိတဲ့အနာဂတ်ငွေကြေးအကာအကွယ်ကောင်းလေးတွေ ဖန်တီးပေးခဲ့ပြီးဖြစ်ပါတယ် 🤗🤗🤗

IA အလုပ်ဆိုတာ အသက်အရွယ်ကန့်သတ်မထားပါဘူး နယ်ပယ်ကန့်သတ်မထားဘူး

ဆယ်တန်းအောင်ထားယင်ကို စိတ်ပါဝင်စားသူတိုင်း လုပ်လို့ရတာဖြစ်တာကြောင့်

👩‍💻အလုပ်အကိုင်လေးတခုလဲရချင်တယ်

💰ဝင်ငွေတခုလဲလဲရချင်တယ်

🍀အဲ့အလုပ်နဲ့ဝင်ငွေဟာ ကိုယ်ကိုယ်တိုင်ရော အများအတွက်ပါအကျိုးရှိတာဖြစ်စေချင်တယ်ဆိုယင်တော့

ကျွန်မဘက်က လက်တွဲခေါ်ယူဖို့အသင့်ပါဘဲရှင်

ရှေ့ဆက်ပြီးလဲကိုယ်ကိုယ်တိုင်တခြားမိသားစုတွေအတွက် တန်ဖိုးရှိတဲ့ဝန်ဆောင်မှူတွေကြိုးစားလုပ်ကိုင်ပေးသွားမှာဖြစ်သလို

ကျွန်မနဲ့အတူလက်တွဲပြီး ကြိုးစားပြီး လုပ်ကိုင်ချင်သူများကိုလဲအမြဲတမ်းကြိုဆိုပါတယ်ရှင် 🙋‍♀️🙋‍♀️🙋‍♀️

Photos from MAY Life Insurance's post 02/05/2024

Hello MAY 🙋‍♀️

ကျွန်မကိုမွေးဖွားရာမေလလေးရောက်လာခဲ့ပြီ❤️

မေလဟာ ကမ္ဘာ့အမေများနေ့ရှိတဲ့လတလဖြစ်သလို တိုက်တိုက်ဆိုင်ဆိုင် ဒီနှစ်မှာတော့ ကျွန်မရဲ့မွေးနေ့ 12ရက်နေ့လဲဖြစ်တယ်🥰

ကျွန်မဟာ မိခင်တယောက်ဖြစ်တာနဲ့အညီ မိသားစုအတွက် အထူးသဖြင့် သားအတွက် အရာရာတွေးပြီး အသက်အာမခံတွေထားခဲ့တယ်

ကိုယ်ထားထားတာတင်မကဘဲ ဒီအသက်အာမခံရဲ့ကောင်းကျိုးလေးတွေကို အပြင်ထွက်အလုပ်လုပ်ပြီး တဆင့်လက်ဆင့်ကမ်းမျှဝေယင်း ဝင်ငွေရှာခဲ့တာ အခုဆို ခရီးအတော်ရောက်လာပြီလို့ပြောလို့ရပါတယ် 🤗

ကျွန်မလိုဘဲ ကိုယ့်မိသားစုအတွက် ငွေကြေးအကာအကွယ်လေးလဲယူယင်း တဖက်တလမ်းကနေ မိသားစုအတွက်ဝင်ငွေရှာချင်တယ်ဆို

လာမယ့် ၅ရက်နေ့မှာ 🤰Moms Make Magic 🤰ဆိုတဲ့ ခေါင်းစဉ်နဲ့ Manulife ရုံးမှာပြုလုပ်မယ့် COP ပွဲလေးရှိနေပါတယ်

တကယ်ကို

🍀အာမခံပညာကိုစိတ်ဝင်စားသူ

🍀ယုံကြည်စိတ်ချသူ

🍀ပတ်ဝန်းကျင်ကိုလဲပြန်လည်မျှဝေလိုသူများ

အထူးသဖြင့် မေမေများကို ဒီပွဲလေးကိုလာရောက်ပြီးလေ့လာဖို့ဖိတ်ခေါ်ပါရစေ(ဖေဖေတွေလဲလာလေ့လာလို့ရပါတယ်နော် 😅)

(Manulife ပွဲလေးတွေက အမြဲfull house ဖြစ်တတ်လို့ ခုံနေရာနဲ့refreshment လေးတွေအတွက်ကြိုပြီး cbကနေစာရင်းပေးပေးဖို့တော့လိုပါမယ်ရှင်)

Date - 5.05.2024(Sunday)

Time-1:00PM ~3:00PM

Venue-Manulife Head Office
(ကန်သာယာoffice tower)



#အာမခံထားပါ
#ရင်းနှီးမြှုပ်နှံပါ

19/04/2024

✅အသက်အာမခံကဘယ်သူတွေထားသင့်တာလဲ

ဝင်ငွေလဲရှိနောက်ကွယ်ကနေကိုယ့်ဝင်ငွေပေါ်မှီခိုနေရသောမိသားစုလဲရှိသူတိုင်းထားထားသင့်ပါတယ်

✅အသက်အာမခံက နိုင်ငံရပ်ခြားမှာရောဝယ်စုလို့ရလား

မြန်မာနိုင်ငံသားဆိုယင် မြန်မာနိုင်ငံကအသက်အာမခံဟာ သွင်းရတဲ့premium ကြေးအလွန်သက်သာတာကြောင့် မြန်မာနိုင်ငံဘက်မှာဘဲထားထားသင့်ပါတယ်

✅ အသက်အာမခံထားတယ်ဆိုတာဘာလဲ

အသက်အာမခံထားတယ်ဆိုတာ ကြိုတင်မမြင်နိုင်တဲ့ အန္တရာယ်တွေအတွက်စီမံတာဖြစ်လို့ risk management လုပ်ယင်း ငွေစုတာသာဖြစ်ပါတယ် တနည်းအားဖြင့် saving +protection လို့ခေါ်ပါတယ်

✅ အသက်အာမခံထားယင်ဘယ်လိုအကျိုးကျေးဇူးတွေရမှာလဲ

ကိုယ်နိုင်ငံရပ်ခြားမှာပင်ပင်ပန်းပန်းရှာဖွေထားတဲ့ ချွေးနည်းစာထဲက တနှစ်လုံးစာကို ၁၀သိန်း သိန်း၂၀သွင်းနေရုံနဲ့ ကိုယ်နဲ့ကိုယ့်မိသားစုအတွက် နောက်ကွယ်မှာ သိန်း ၁၀၀၀ဆိုလဲဟုတ်တယ် သိန်း ၁၅၀၀ ဆိုလဲဟုတ်တဲ့ အရေးပေါ်ရန်ပုံငွေတခုနောက်ကွယ်မှာရှိနေမှာပါ

(ဒိထက်များတဲ့ငွေကြေးအကာအကွယ်လိုချင်ယင်လဲယူလို့ရပါတယ်ဒါဆေးမစစ်ရတဲ့ No Medical Limit ပမာဏကိုဖော်ပြထားတာပါ)

✅ အသက်အာမခံစုဆောင်းငွေကိုဘယ်ချိန်မှာထုတ်သုံးရမှာလဲ

နာတာရှည်ရောဂါတွေခံစားရတဲ့အခါ သို့ အရေးပေါ်ဆေးရုံဆေးခန်းတက်ရသောအခါတွင်လည်းကောင်း ကိုယ်ဝင်ငွေလုံးဝမရှာနိုင်တော့တဲ့ကျန်းမာရေးအခြေအနေတခုတခုကြုံခဲ့ယင်သော်လည်းကောင်း ကိုယ်လုံးဝမရှိတော့ဘဲအသက်တိမ်းပါးခဲ့ယင်သော်လည်းကောင်း ထုတ်ယူသုံးစွဲနိုင်ပါတယ်

✅ အသက်အာမခံစုဆောင်းငွေတွေမထုတ်သုံးဖြစ်ခဲ့ယင်ရောသွင်းခဲ့တဲ့ငွေတွေဆုံးသွားမှာလား

ကိုယ်ပင်ပင်ပန်းပန်းရှာဖွေစုဆောင်းခဲ့တဲ့ဝင်ငွေတစိတ်တပိုင်းဖြစ်တဲ့ အသက်အာမခံစုဆောင်းငွေတွေဟာ တပြားတချပ်မှမဆုံးရှုံးဘဲ ကိုယ်စုဆောင်းထားခဲ့သောနှစ်စေ့သောအခါ ၁၀၀% သော်လည်းကောင်း ကျန်းမာရေးခံစားခွင့်အတိုးသဘော အများဆုံး ၁၃၀% သော်လည်းကောင်းပြန်လည်ထုတ်ယူရရှိနိုင်မှာဖြစ်ပါတယ်

✅ အသက်အာမခံမထားယင်ရောဘာဖြစ်မလဲ

ဘာမှတော့မဖြစ်ပါဘူး

#ကျန်းမာရေးနဲ့အသက်အန္တရာယ်ဆိုတာကြိုမမြင်ရတဲ့အရာတွေမို့လုံးဝမရှိတာထက်စာယင်တော့ရှိထားတာကောင်းပါတယ်

#အရေးပေါ်အခြေအနေအတွက်စီမံယင်းငွေလဲစုဖြစ်သွားတာပေါ့ 🤗🤗🤗

ကျွန်မ ဘန်ကောက်မှာလကုန်ထိရှိနေမှာမို့ ဘန်ကောက်ရောက် မိတ်ဆွေများ စိတ်ဝင်စားယင်အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ရှင် 🙋‍♀️🙋‍♀️🙋‍♀️

May Su Mon Win
2024 MDRT
Unit Manager
Manulife Myanmar
[email protected]

[email protected]

Photos from MAY Life Insurance's post 09/04/2024

ကျွန်မ appointment လေးတခုရလို့ sale presentation လေးသွားလုပ်ပေးဖြစ်တော့

customer အမက သူ product တွေတော်တော်များများအကြောင်းကို သိပြီးပါပြီ တဲ့

Manulife ကရောရေရှည်စုယင် အတိုးရမှာလား ဘဲတန်းမေးပါတယ်

အမတို့က စီးပွါးရေးသမားတွေမို့ အတိုးဘဲစိတ်ဝင်စားတယ်လို့လဲပြောပါတယ် 😅

ဒါဟာလဲ customer အမရဲ့အမှားမဟုတ်ပါဘူး လူတိုင်းကိုယ့်စုဆောင်းငွေတွေကို တိုးပွါးချင်ကြတာ သဘာဝပါ🤗

တကယ်တော့ life insurance ထားတယ်ဆိုတာ protection ယူတာ အကာအကွယ်ယူတာပါ

ဘာကိုအကာအကွယ်လဲဆို risk တွေကနေအကာအကွယ်ယူတာဖြစ်လို့ တနည်းအားဖြင့် risk management လုပ်ထားတယ်လို့လဲဆိုနိုင်ပါတယ်

ဒီနေ့တော့ Manulife ကနေပြီး မိသားစုတွေအတွက်

Manulife Care plus ဆိုပြီး လူတိုင်းမေးကြတဲ့ အတိုးရမှာလားဆိုတဲ့ 😅

💰အတိုးသဘော နှစ်စေ့ယင် ၃၀%ထိ အပိုထပ်ဆောင်းခံစားခွင့်လဲရနိုင်

✅ နှစ်တို ၅နှစ် ၁၀နှစ်မို့ မြန်မြန်ငွေပြန်ပေါ်ချင်သူတွေအတွက်လဲအဆင်ပြေ

🏥Chronic disease တွေ ဥပမာ ဆီးချိုတို့ Hospitalization ဆေးရုံဆေးးခန်းစရိတ်တွေအတွက်လဲ ပါ

🛡️အသက်အားဖြင့်လဲ ၅လသားကနေ ၆၅နှစ်ထိ အကာအကွယ်တွေရနိုင်တဲ့

Product အသစ်လေးထပ်ထုတ်လိုက်ပါပြီလို့

သတင်းကောင်းလေးပါးချင်ပါတယ် 🤗🤗🤗

အခုထပ်ထွက်လာတဲ့ Manulife ရဲ့ product အသစ်လေးဟာဆိုယင်

🍀saving+health+ protection🍀

အကုန်ပေါင်းရနိုင်တဲ့ finicial planning လေးဖြစ်တာမို့

ကိုယ့်အတွက်ရော ကိုယ့်မိသားစုနောင်ရေးအတွက်ရော စိတ်အေးရအောင်

ကျန်းမာရေးစရိတ်လေးတွေစုဆောင်းထားယင်း ငွေလေးလဲစုထားချင်တယ်ဆို

ကျွန်မကိုသာအမြန်ဆုံးဆက်သွယ်လိုက်ပါရှင်

🙋‍♀️🙋‍♀️🙋‍♀️

ဒီ Aprilလထဲ discount အစီအစဉ်တွေလဲအများကြီးရှိတာမို့ ဒီလထဲထားမယ်ဆိုတန်မှတန်ဘဲ

🥳🥳🥳

May Su Mon Win
Unit Manager
Manulife Myanmar

07/04/2024

စိတ်ပင်ပန်း လူပင်ပန်းတာတွေများပြီး အနားယူနေတာ စာလေးတွေတောင် မရေးဖြစ်ဘူးဖြစ်နေတယ်

Manulife ရဲ့ life insurance က အတော့်ကိုကောင်းတဲ့ မိသားစုတွေအတွက်တန်ဖိုးရှိတဲ့ productတခုပါနော် 📝📝📝

တကယ်တမ်း ကိုယ့်မှာ ၅နှစ်အောက် ကလေးငယ်တယောက်ရှိတယ်ဆိုပါစို့ 👶👶👶

ဒီကလေးလေး သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် လူလားမြောက်အောင် အနည်းဆုံး ၁၀နှစ် အများဆုံး အနှစ် ၂၀လောက်ထိ ကျွန်မတို့မိဘတွေ ဝင်ငွေတွေရှာ ရုန်းကန်ကြရမှာပါ💵💵💵

အဲ့လို ၁၀နှစ် သို့ အနှစ် ၂၀အတွင်း ကျွန်မတို့မိဘတွေဟာ ကျန်းကျန်းမာမာ ဘေးကင်းကင်းနဲ့ သားသမီးလေးတွေကို ရင်အုပ်မကွာ စောင့်ရှောက်ယင်း ဝင်ငွေတွေရှာနိုင်ယင်တော့အကောင်းဆုံးပါ 🤗🤗🤗

တဖက်မှာလဲ

😷မကျန်းမာခဲ့ယင်

🤒 ဝင်ငွေမရှာနိုင်သောအခြေအနေတခုခုဖြစ်ခဲ့ယင် သို့

☠️ကိုယ်လုံးဝမရှိတော့တဲ့အနေအထားမျိုးဖြစ်ခဲ့ယင်

ဆိုတာကိုလဲ ထည့်စဉ်းစားထားသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်

ဒါကြောင့် မိသားစုတွေရဲ့ plan b အနေနဲ့ life insurance တွေကိုမိဘတွေက မိမိတို့ချစ်မြတ်နိုးရတဲ့သားသမီးလေးတွေအတွက် ဝယ်စုထားကြတာပါ

👨‍👩‍👦မိဘက သားသမီးအတွက်

👩🏻သားသမီးကလဲ မိဘအတွက်

ရင်ထဲကလာတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ စီမံပြီးငွေစုထားကြတာပါ💰💰💰

တချိန်မှာ ကျန်းကျန်းမာမာနဲ့နှစ်စဉ်ကိုယ်စုထားခဲ့တဲ့ငွေတွေဟာလဲ ၁၀၀% ငွေဖြူအဖြစ်ပြန်ရဦးမှာဆိုတော့ ငွေလဲစုဖြစ်တယ် 🤗🤗🤗

မိသားစုအတွက်အရေးပေါ်ဆိုလဲ ရန်ပုံငွေတခုကိုစီမံပြီးသားဖြစ်လို့ 💰💰💰

ဘယ်ဘက်ကကြည့်ကြည့် အရှုံးမရှိသော အလွန်တန်ဖိုးရှိသော finicial planning တမျိုးပါလို့ တိုက်တွန်းချင်ပါတယ် 🛡️🛡️🛡️

စိတ်ဝင်စားယင်အချိန်မရွေးဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ရှင်

Life insurance ထားဖြစ်သည်ဖြစ်စေ မထားဖြစ်သည်ဖြစ်စေ သိချင်တာများရှိယင် အမြဲကြိုဆိုပါတယ် နော်🙋‍♀️🙋‍♀️🙋‍♀️

အကြံဥာဏ်ပေးပေး consult လုပ်ပေးပါ့မယ်ရှင်

(April လအတွက် ပေါ်လစီထားရှိသူများကိုလက်ဆောင် gift card လေးတွေပြန်ပေးမယ့်အစီအစဉ်လေးလဲရှိပါတယ်နော်)

May Su Mon Win
Unit Manager
2024 MDRT
[email protected]

#အာမခံထားပါ
#ရင်းနှီးမြှုပ်နှံပါ
#အနာဂတ်အတွက်စိတ်အေးနိုင်ပါပြီ

02/04/2024

Manulife ရဲ့ မြန်မာနှစ်မကူးခင် တလတခါပြုလုပ်နေကြ

Life insurance အတွက်စိတ်ဝင်စားသူတွေအတွက်ရော

Advisorလုပ်ချင်သူတွေအတွက်ရော ပြုလုပ်ပေးမယ့်ပွဲလေး

လာမယ့် Sunday ,Park Royal Hotel မှာ ရှိပါမယ်

ပုံထဲက ညာဘက်ထောင့်ဆုံးက Dr Aye Ei Ei Tun ဆို ကိုယ်တိုင်က လည်ပင်းသိုင်းရိုက်အကြိတ်ကင်ဆာခံစားရဖူးသူဖြစ်ပြီး

သူမဆေးကုသမှုခံယူခဲ့ရာမှာ အာမခံရှိခြင်း မရှိခြင်းရဲ့ အကျိုးကျေးဇူးကိုကောင်းကောင်း နားလည်သဘောပေါက် ခဲ့သူမို့

အခု Manulife မှာလဲ သူမပတ်ဝန်းကျင်က ချစ်ခင်ရတဲ့မိတ်ဆွေတွေကို ကျန်းမာတုန်း ငယ်ရွယ်တုန်းမှာ အာမခံအကာအကွယ်ကောင်းတွေရရှိအောင်

ဝန်ဆောင်မှုတွေပေးနေတဲ့ အင်မတန်တော်တဲ့ MDRT Qualifier Insurance Agent တယောက်လဲဖြစ်ပါတယ် 🤗🤗🤗

အောက်က Dr Kaung ကတော့ ကျွန်မတို့ Manulife ရဲ့ Medical case ပေါင်းများစွာကို analysis လုပ်ပေးရသော Underwriter ကြီးဘဲဖြစ်ပါတယ်

အသက်အာမခံတို့ ကျန်းမာရေးအာမခံတို့ဆိုတာ ရောဂါတွေရှိယင် လုံးဝထားလို့မရတာမဟုတ်သော်လည်း

နဂိုကျန်းမာရေးအခံကောင်းတဲ့သူထက်တော့ ပိုခက်ခဲတတ်ပါတယ် 🥺🥺🥺

တခါတလေ riskများတဲ့သူဖြစ်သွားတဲ့အတွက် premium သွင်းရငွေတွေပိုများတတ်ပါတယ်

အခုလို Underwriter တွေရော MDRT တွေရော Senior Unit Manager တွေရော ပါဝင်ဆွေးနွေးပေးမယ့် အာမခံအကြံပေးဆွေးနွေးပွဲကြီးပွဲကောင်းဟာ အင်မတန်အဖိုးတန်တာမို့

🍀Life insurance ထားဖို့စိတ်ဝင်စားသူဘဲဖြစ်ဖြစ်

🍀IA လုပ်ဖို့စိတ်ဝင်စားသူဘဲဖြစ်ဖြစ်

အချိန်လေးတနာရီလောက်ပေးပြီးလာရောက်လေ့လာနားထောင်ကြည့်ဖို့ အားလုံးကို ချစ်ခင်စွာဖြင့်ဖိတ်ခေါ်ပါရစေ🙋‍♀️🙋‍♀️🙋‍♀️

(manulife ပွဲလေးတွေထုံးစံအတိုင်း limited seat ဖြစ်တဲ့အပြင် refreshmentလေးတွေကျွေးပြီး လက်ဆောင် lucky drawလေးတွေလဲပေးတတ်တာကြောင့် ခုံနေရာအတွက် ကြိုတင်စာရင်းပေးဖို့တော့လိုအပ်ပါတယ်ရှင် )


#အာမခံထားပါ
#ရင်းနှီးမြှုပ်နှံပါ
#အနာဂတ်အတွက်စိတ်အေးနိုင်ပါပြီ

Photos from MAY Life Insurance's post 06/03/2024

Life insurance ဆိုတာ တကယ်တော့ risk management တခုပါ 🛡️🛡️🛡️

🍀Life insurance ရဲ့နှစ်သာရကဘာလဲ

🍀Life insurance ကိုမိသားစုတိုင်းဘာလို့ထားသင့်တာလဲ

🍀Life insurance ဟာဘယ်လိုအရာတွေကိုအကာအကွယ်ပေးတာလဲ

ဆိုတဲ့အရာတွေစိတ်ဝင်စားယင် အသေးစိတ်သိချင်ယင် 👇👇👇

လာမယ့် Sunday မှာ Manulife ရဲ့ လစဉ်ပြုလုပ်နေကြ seminar လေးတခုရှိပါတယ်

ဒီပွဲလေးက Pan Pacific Hotel မှာပြုလုပ်မှာဖြစ်ပြီး

📝Life insurance ထားဖို့စိတ်ဝင်စားကြသူတွေရော

👩‍💻Insurance Advisor လုပ်ဖို့စိတ်ဝင်စားကြသူတွေအတွက်ရော

နှစ်မျိုးလုံးအတွက်ပြုလုပ်တဲ့ပွဲလေးဖြစ်တာမို့

ပတ်ဝန်းကျင်ကချစ်ခင်ရတဲ့မိတ်ဆွေအားလုံးကို လာရောက်လေ့လာနားထောင်ဖို့ ဖိတ်ပါတယ်နော် 🙋‍♀️🙋‍♀️🙋‍♀️

ပွဲလေးတွေထုံးစံအရ refreshment လေးတွေကျွေးမယ် lucky drawလေးတွေမဲဖောက်ပေးမှာမို့

(ဒီတခါ lucky draw ကထူးခြားတယ် နှစ်ကိုယ်တူသွားchillလို့ရမယ့် couple spa coupons လေးတွေပါ 🤩)

Limited seat လဲဖြစ်တာမို့ ခုံနေရာအတွက်ကြိုတင်စာရင်းပေးထားဖို့တော့လိုပါမယ်ရှင် 🤗🤗🤗

(Speaker အနေနဲ့ ကိုယ့်ကို ဒီ insurance Industry ထဲကို အရင်ဆုံးဖိတ်ခေါ်ခဲ့တဲ့ အမလဲတော်သူ မမခင်ကြည်ဖြူဝင်းက Manulife Myanmarမှာ IA တယောက်ရဲ့ career opportunity အပိုင်းကို ပြောပေးမှာဖြစ်ပါတယ်ရှင်)

28/02/2024

ကျွန်မဒီလအရမ်းမောပါတယ်

ဒီလတင်မကဘူး လတိုင်းလိုလိုပါဘဲ

နောက်လတွေလဲမောရဦးမှာပါဘဲ 😅

ဘာလို့လဲဆိုတော့ ကျွန်မလုပ်ရတဲ့အလုပ်က အာမခံအကြံပေးအလုပ်မို့ပါ 🫠

အာမခံအကြံပေးတယောက်ရဲ့ ပေါ်လစီတခုကိုတင်မယ်ဆိုယင် step တွေ procedure တွေအလွန့်အလွန်များလှပါတယ် 😵‍💫😵‍💫😵‍💫

Standard case တွေဆိုဘာပြသနာမှမရှိပေမယ့် တချို့ substandard case လေးတွေဆိုယင်တော့ လုံးပန်းပေတော့ဘဲ 😥😥😥

ဒါတွေအားလုံးပြီး မှ ပေါ်လစီတခုအတည်ပြုပြီဆိုမှ ကျွန်မတို့ Advisor တွေစိတ်ဒုံးဒုံးချနိုင်ပါတယ် 🥺🥺🥺

အဲ့ဒိမှာ ကျွန်မဘာကိုရှာတွေ့လဲဆိုတော့

အာမခံထားသူတွေအနေနဲ့လဲ ကိုယ်အာမခံထားမယ့်ကုမ္ပဏီကအရေးကြီးသလို 🏦🏦🏦

အထူးသဖြင့် ကိုယ်ယုံကြည်စွာအပ်နှံမယ့် အာမခံအကြံပေးဟာ အထူးအရေးကြီးကြောင်းကိုပါ 👩‍💻🧑‍💻👨‍💻

ဘာလို့လဲဆိုတော့ ကိုယ်နေကောင်းကျန်းမာနေယင်ပြသနာမရှိပေမယ့်

ကိုယ်တကယ် emergency အခြေအနေကြုံတွေ့ရတဲ့အခါ သို့ ကိုယ်မရှိတော့တဲ့အခါ

ကိုယ်စီမံထားတဲ့ အာမခံ claim procedures တွေကို ကျန်ရစ်မယ့် beneficiaries တွေနဲ့အတူ

ကိုယ်အပ်နှံထားခဲ့တဲ့အာမခံအကြံပေးက claim အတွက် အမြန်ဆန်ရရှိနိုင်စေဖို့ လိုအပ်သမျှတွေကို ကူညီဆောင်ရွက်ပေးမှာဖြစ်လို့ပါဘဲ

ကိုယ်အပ်နှံထားတဲ့ အာမခံအကြံပေးက

✅သူ့ကျွမ်းကျင်မှု

✅သူ့customer အပေါ်စေတနာမေတ္တာထားမှု

✅အလုပ်အပေါ်အလေးထားမှူ

တွေပေါ်မူတည်ပြီး လုပ်ငန်းတွေမြန်ဆန်တာ သို့ ကြန့်ကြာတာတွေဖြစ်နိုင်တာမို့ပါ

ကျွန်မကတော့ ကျွန်မကိုယ်တိုင်လဲ အာမခံအကြံပေးဖြစ်သလို ကိုယ်တိုင်လဲ အနှစ် ၂၀ plan ကို ကျွန်မရဲ့ကုမ္ပဏီမှာ အသက်အာမခံထားထားသူမို့ 📝📝📝

ကျွန်မဟာ အမြဲတမ်း ကုမ္ပဏီနဲ့တသားတည်းရှိနေမှာဖြစ်တဲ့အတွက်

ကျွန်မဆီမှာအသက်အာမခံ ၁၀နှစ် အနှစ် ၂၀ စသဖြင့် plan လေးတွေထားပြီးကြသူများလဲ စိတ်အေးချမ်းသာစွာနေနိုင်ကြသလို 😇😇😇

နောက်ထပ်ယုံကြည်စွာအပ်နှံကြမယ့်သူများကိုလဲ မေတ္တာစေတနာများစွာနဲ့ ကိုယ့်မိသားစုအတွက်စီမံပေးကဲ့သို့ ဆောင်ရွက်အကြံပေးမှာဖြစ်တာကြောင့် ချစ်ခင်ရတဲ့မိတ်ဆွေတွေအားလုံးနွေးထွေးစွာကြိုဆိုပါတယ် နော် 🙋‍♀️🙋‍♀️🙋‍♀️

စိတ်ဝင်စားယင်အချိန်မရွေးမေးမြန်းတိုင်ပင်နိုင်ပါတယ်ရှင် 🤗🤗🤗

May Su Mon Win
MDRT 2024
FC Club 💎 member
Unit Manager
Manulife Myanmar
[email protected]

24/02/2024

တခြားနိုင်ငံတွေမှာ life insurance ကိုဘယ်သူတွေကအစုများလဲဆိုတော့ ငွေချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတွေ သူဌေးတွေပေါ့ 🤵‍♂️🤵‍♂️🤵‍♂️

သူတို့တဖက်မှာရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေပမာဏနဲ့ညီတဲ့ ငွေကြေးအကာအကွယ်တွေပြန်ရဖို့ ဒီဘက် life insurance ထဲမှာနည်းနည်းချင်းစီလာထည့်ယင်း finicial plan လုပ်ထားတတ်ကြပါတယ်

ဒါဘာနဲ့ဆင်တူလဲဆိုတော့ 👇👇👇

ကျွန်မတို့အိမ်ဝယ်တာ ကားဝယ်တာ သို့ လုပ်ငန်းတွေလုပ်ဖို့အတွက်ဖြစ်ဖြစ်ချေးငွေချေးယင် ဘဏ်ကနေအသက်အာမခံမဖြစ်မနေ ပြန်ထားခိုင်းတတ်ကြပါတယ် 📝📝📝

တချို့ကလဲ ချေးငွေရဖို့အတွက် ထားဆိုလို့သာထားလိုက်တယ် ဘာအတွက်လဲသေချာ ဃဃဏဏမသိကြဘူး 🤔🤔🤔

အမှန်တော့ တဖက်မှာဘဏ်ကချေးသွားတဲ့ငွေကို အရစ်ကျဆပ်နေယင်းကြားထဲမှာ

ချေးငွေချေးထားသူက တစုံတခုသာဖြစ်ခဲ့ယင် သို့ အသက်တိမ်းပါးခဲ့ယင် သူပြန်မဆပ်နိုင်တော့မယ့်ပမာဏကို

မိသားစုကိုယ်စားအာမခံကုမ္ပဏီကပေးလျော်ပေးမှာဖြစ်လို့ပါဘဲ 💵💵💵

မဟုတ်ယင် မိသားစုမှာဒီချေးငွေရဲ့ ဝန်ပိသွားနိုင်လို့ပါ

အဲ့တော့ဒီဘက်လုပ်ငန်းရှင်တွေဘက်ကိုပြန်ဆက်ရယင် ဒီပုံစံအတိုင်းပါဘဲ

လုပ်ငန်းရှင်တွေတိုင်းဟာ လုပ်ငန်းတွေလည်ပတ်ဖို့ရင်းနှီးမြှုပ်နှံထားရတယ် တချို့loan တွေချေးထည့်ထားရတယ် 🏦🏦🏦

လုပ်ငန်းလည်ပတ်နေစဉ်ကာလအတွင်း ကိုယ်retirement မယူခင်အထိကျန်းကျန်းမာမာနဲ့အလုပ်တွေလုပ်နေနိုင်ယင်တော့ပူပင်စရာမရှိပေမယ့်

ကြားထဲမှာမမြင်နိုင်တဲ့ riskတခုခုကြောင့် ဝင်ငွေမရှာနိုင်တော့တဲ့အခြေအနေ သို့ ရုတ်တရက်ကိုယ်မရှိတော့တဲ့အခြေအနေတွေကြုံခဲ့ရယင်

အသက်အာမခံကုမ္ပဏီကပေးအပ်တဲ့ငွေကြေးအကာအကွယ်တွေနဲ့ ကိုယ့်လုပ်ငန်းတွေအတွက်ဖြေရှင်းပေးနိုင်မှာဖြစ်လို့ပါဘဲ

ကိုယ်အမြော်အမြင်ကြီးစွာစီမံထားတဲ့ဘဝအာမခံတခုက ✍️✍️✍️

ကျန်ရစ်ခဲ့မယ့်မိသားစုအပေါ်လဲဝန်ထုပ်ဝန်ပိုးမဖြစ်စေသလို

ကိုယ့်မိသားစုတွေပိုင်ဆိုင်ထားတဲ့ အခြားသောပိုင်ဆိုင်မှုတွေကိုလဲ ထုခွဲရောင်းချစရာလဲမလိုအပ်တဲ့နည်းလမ်းဖြစ်တာကြောင့်

အခြားသောနိုင်ငံက သူဌေးတွေက ပိုလျံသောအချို့သောငွေကို life Insurance ကုမ္ပဏီတွေမှာထည့်ပြီး Investment လုပ်ထားတတ်ကြပါတယ်

ဒီနိုင်ငံမှာလဲ သိန်းထောင်သောင်းနဲ့ချီplanလုပ်ထားကြတဲ့သူတွေအတော်တော့ ရှိလာပါပြီ ✅✅✅

အချိန်တန်နှစ်စေ့ယင်လဲ ကိုယ့်ထည့်ခဲ့တဲ့ငွေတွေဟာ saving အနေနဲ့ပြန်ထွက်လာမှာမို့ 💰💰💰

life insurance ထားထားခြင်းဟာ ဘယ်ဘက်ကကြည့်ကြည့် အရှူံးမရှိသော အကျိုးရှိစေသော investment တမျိုးဖြစ်ပါတယ်🍀🍀🍀

စိတ်ဝင်စားယင်အချိန်မရွေးဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင် 🤗🤗🤗

#အာမခံထားပါ
#ရင်းနှီးမြှုပ်နှံပါ
#အနာဂတ်အတွက်စိတ်အေးနိုင်ပါပြီ

May Su Mon Win
Unit Manager
Manulife Myanmar

01/02/2024

Manulife မှာ Insurance Advisor တယောက်ဖြစ်ဖို့ တနည်းအားဖြင့် Manulifers လေးတွေဖြစ်ပြီး ကျွန်မနဲ့အတူ အလုပ်တွေတွဲလုပ်ကိုင်နိုင်ဖို့အတွက်

လာမယ့် Sundayလေးမှာ တလမှာတခါသာပြုလုပ်မယ့် Career Opportunity ပွဲလေးကို လာရောက်လေ့လာနားထောင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်

Speakers တွေကလဲ Manulife မှာတကယ်ကို တက်တက်ကြွကြွနဲ့ အာမခံဝန်ဆောင်မှုတွေပေးနေတဲ့ ချစ်စရာကောင်းသော နယ်ပယ်အသီးသီးကညီမလေးတွေက ပြောပြပေးသွားမှာပါ

ရုံးမှာဘဲလုပ်မှာဖြစ်တဲ့အတွက် ရုံးကိုလဲလေ့လာခွင့်ရမယ်

IA တယောက်ဖြစ်ဖို့ လိုအပ်တဲ့ journey တွေ အကျိုးကျေးဇူးတွေလဲသိခွင့်ရမယ်

အာမခံအကြံပေးအလုပ်ဟာ အခြားသောမိသားစုတွေရဲ့ငွေကြေးအကာအကွယ်လေးတွေဖန်တီးစီမံပေးရတာမို့

🙏🏻ကုသိုလ်လဲရတယ်

💰ဒီကနေမှ ဝင်ငွေလေးတွေလဲရပါတယ်

✍️ဒါ့အပြင် အာမခံလောကရဲ့ များပြားလှစွာသော စိတ်ဝင်စားစရာကောင်းသော ပညာရပ်များကိုလေ့လာခွင့်ရတဲ့

အကျိုးကျေးဇူးများလှသော အလုပ်အကိုင်အခွင့်အလမ်းကောင်းတခုဖြစ်လို့

စိတ်ဝင်စားယင် တက်ရောက်လေ့လာနားထောင်ပါလို့ အားလုံးကိုဖိတ်ခေါ်ပါတယ်ရှင် 🙋‍♀️🙋‍♀️🙋‍♀️

(ထုံးစံအတိုင်း lucky draw အစီအစဉ်လေးတွေ နေ့လည်ခင်းအဆာပြေ refreshment လေးတွေလဲစီစဉ်ထားရှိတာမို့ ခုံနေရာလေးအတွက် ကြိုတင် စာရင်းပေးထားဖို့တော့လိုပါတယ်ရှင်)

May Su Mon Win
Unit Manager
Manulife Myanmar

🍀🍀🍀

29/01/2024

🎶သင်ချစ်သောသူများအတွက်လဲ
သင်ဘာတွေ လုပ်ဖို့စဉ်းစားပေးထားလဲ
ရွှေငွေများမှ မဟုတ်တာ
အဖိုးတန်ဆိုတိုင်းရယ်..... 🎶 ဆိုတဲ့

ကိုရေမွန်ရဲ့ သီချင်းလေးအတိုင်းပါဘဲ

ကိုယ့်ချစ်သူမှမဟုတ်ပါဘူး

ကိုယ့်ရဲ့မိဘ ဆွေမျိုးမောင်နှမ ဇနီးမယား သားသမီးအားလုံးဟာ ကိုယ်ချစ်ရသူ

ကိုယ့်အတွက်အဖိုးမဖြတ်နိုင်သောတန်ဖိုးရှိသူများဖြစ်တာကြောင့်

ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့အသက်ကို အာမခံထားပြီး

ချစ်ရသောသူများအတွက်

အနာဂတ်ငွေကြေးအကာအကွယ်လေးတွေ စီမံဖန်တီးပေးကြည့်ပါလားရှင် 🤗🤗🤗

👨‍🦰စီမံဖန်တီးပေးသူရော

👩‍👧‍👦စီမံဖန်တီးပေးခံရသူရော

တကယ့်ကိုကြည်နူးပီတိတွေခံစားရစေမှာပါ

ဘာဖြစ်လို့လဲဆိုတော့ 👇👇👇

life insurance ဆိုတာ အရမ်းကိုတန်ဖိုးရှိတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ဖန်တီးပေးထားရတဲ့

love product တခုဖြစ်လို့ပါဘဲ 💘💘💘

ကဲ ချစ်သူများနေ့လဲနီးပြီ ဆိုတော့ 💝💝💝

ချစ်ရသူတွေကိုတန်ဖိုးကြီးလက်ဆောင်တွေပေးဖို့ရွေးရခက်နေယင်🤔🤔🤔

Life insurance လေးထားပြီး love product လေးတွေသာ ဖန်တီးပေးလိုက်ပါ နော် 🫠🫠🫠

ကူညီဆောင်ရွက်ပေးဖို့အသင့်အမြဲရှိနေပါတယ်ရှင် 🙋‍♀️🙋‍♀️🙋‍♀️

May Su Mon Win
Unit Manager
Manulife

#အာမခံထားပါ
#ရင်းနှီးမြှုပ်နှံပါ
#အနာဂတ်အတွက်စိတ်အေးနိုင်ပါပြီ

🍀

25/01/2024

ဘယ်အလုပ်မဆို တယောက်တည်းလုပ်တာထက် team work နဲ့သွားမှ ပိုပြီးထိရောက်အောင်မြင်တယ် ဆိုတဲ့စကားလေးအတိုင်းပါဘဲ

အထူးသဖြင့် ဒီ insurance လို Intangible product တွေအကြောင်းပြောပြရတာ ပိုခက်တဲ့အတွက် ဒီ product တွေအကြောင်း များများ ကျယ်ပြန့်စေချင်ယင်networking များများဖြန့်ထားနိုင်ကာမှတော်ကာကျပါမယ်

ကျွန်မတယောက်တည်းလဲ တနိုင်ငံလုံးပတ်မပြောပြပေးနိုင်ပါဘူး 😅😅😅

manulife product တွေရဲ့အကျိုးကျေးဇူးတွေသိဖို့ Insurance awareness လေးတွေရကြဖို့ဆိုတာ ကျွန်မနဲ့အတူလက်တွဲလုပ်ဆောင်ဖြန့်ဝေပေးမယ့် partners တွေလိုအပ်ပါတယ် ရှင် 🤗🤗🤗

ရန်ကုန်မှမဟုတ်ဘူး အနယ်နယ်အရပ်ရပ်ကနေလဲ နီးစပ်ရာ မြို့ကြီးများဖြစ်တဲ့

🔸တောင်ကြီး

🔸မန္တလေး

🔸မော်လမြိုင်

🔸ပုသိမ်

တို့မှာ training လေးတွေတက်လို့ရပြီမို့ ကျွန်မနဲ့အတူလက်တွဲပြီး Manulife Myanmar
ရဲ့ Insurance Advisor အဖြစ်လုပ်ကိုင်ချင်သူများအားလုံးကိုကြိုဆိုပါတယ် နော် 🤗🤗🤗

အခု Manulife ကနေ full time employee သဘောမျိုး ရိုးရိုး IA တွေထက်ခံစားခွင့်တွေအများကြီးပိုပေးထားမယ့် 👇👇👇



တွေလဲ ဖိတ်ခေါ်နေပါတယ် ရှင်🤵🏻🤵🏼‍♀️🤵🏻

အခုလို insurance industry မှာလုပ်ကိုင်နေပြီး commitment တွေများများ energy တွေအပြည့် နဲ့ Manulife Myanmarမှာ လာရောက်လက်တွဲလုပ်ကိုင်ချင်ယင်လဲ အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်

စိတ်ဝင်စားသူများ ကျွန်မကိုအချိန်မရွေးဆက်သွယ်မေးမြန်းတိုင်ပင်နိုင်ပါတယ် ရှင် 🙋‍♀️🙋‍♀️🙋‍♀️

May Su Mon Win
Unit Manager
Manulife

Photos from MAY Life Insurance's post 22/01/2024

Insurance အကြံပေးလုပ်တာ ရှက်စရာလား သို့ ကြောက်စရာလား 🤔🤔🤔

ကျွန်မပတ်ဝန်းကျင်ကချစ်ခင်ရတဲ့ မိတ်ဆွေတွေအများစု တခါတလေ ကျွန်မလုပ်နေတာကြည့်ပြီး အားကျတယ် စိတ်ဝင်စားတယ် ဒါပေမယ့် ဖြစ်ပါ့မလားစိတ်ပူကြတယ် တဲ့ 😊😊😊

စိတ်ပူတာကကိစ္စမရှိ ဘယ်အရာမဆိုမွေးကတည်းကတတ်လာတာမဟုတ်လို့ တကယ်စိတ်ဝင်စားယင် လေ့လာသင်ယူလို့ရပါတယ်

အယ် ကြောက်တာတို့ ရှက်တာတို့ဆိုတာကျတော့ အဲ့လိုအတွေးရှိနေခဲ့ယင်တော့ ကျွန်မဒီလိုလေးဘဲအမြဲပြောပြပေးဖြစ်ခဲ့ပါတယ် 🤗🤗🤗

ဘဏ်မှာအလုပ်ဝင်လုပ်ယင်ရော ရှက်စရာလိုလား သို့ ကြောက်စရာလိုလား လို့ 😅😅😅

ကျွန်မတို့ finicial ကိစ္စတွေဝန်ဆောင်မှုပေးရတာချင်းအတူတူ အခု Insurance ကုမ္ပဏီကြီးတွေဆို တာ မြန်မာနိုင်ငံသားပိုင်တောင်မဟုတ်ပါဘူး

ကျွန်မတို့အခုလုပ်နေကြတဲ့ Manulife တို့ အခုရှိနေတဲ့ Insurance ကုမ္ပဏီတွေဆို 100%နိုင်ငံခြားသားပိုင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီးတွေပါ🕋🕋🕋

အဲ့ကုမ္ပဏီကြီးတွေအတွက် ဝန်ဆောင်မှုပေးရတဲ့ အာမခံအကြံပေးအလုပ်က ဘယ်နားကမှရှက်စရာလဲမလိုသလို ကြောက်စရာလဲမလိုပါဘူး လို့နော်

ကိုယ့်ကုမ္ပဏီသမိုင်းကြောင်းသာမှန်မှန်ကန်ကန်နဲ့ပြောပြနိုင်ယင် ခေါင်းမော့ရင်ကော့ပြီး ဝန်ဆောင်မှုတွေပေးလို့ရပါတယ် ☺️☺️☺️

နောက်တခုကကျ ကိုယ့်ဘက်အပိုင်းပေါ့နော်

အဓိကကတော့ Insurance ရောင်းယင် ကိုယ့်image ကိုယ့်profile တခုရှိရပါတယ် သို့မဟုတ် တည်ဆောက်ရပါတယ်

trustနဲ့လဲသွားရတဲ့အလုပ်ဖြစ်တော့

ကိုယ့်profile ခိုင်မာပြီးသားလူက ကြောက်စရာမလိုပါဘူး 👍🏻👍🏻👍🏻

နောက်တခုက Insurance Advisor အလုပ်က
တခြားမိသားစုတွေအတွက် ငွေကြေးအကာအကွယ်လေးတွေစီမံပေးရတာမို့ ကုသိုလ်လဲရတဲ့အလုပ်တခုပါ 😇😇😇

နောက် ဒီအလုပ်က ပတ်ဝန်းကျင်နယ်ပယ်မတူတဲ့သူတွေစုဝေးရာအလုပ်တခုဖြစ်ပြီး

👨‍⚕️ဆရာဝန်လဲရှိတယ်

👷🏻‍♀️အင်ဂျင်နီယာတွေလဲရှိတယ်

🧑‍🎓တကယ့်စီးပွါးရေးMasterဘွဲ့ရတွေရော

👩🏼‍🏫ဆရာဆရာမတွေရော

👩‍⚕️ သူနာပြုတွေရော

👱‍♀️ကျွန်မတို့လိုအိမ်ရှင်မတွေရော

အကုန်စုဝေးလုပ်ကြတာမို့

ပျော်စရာလဲကောင်းသလို

ပညာလဲတကယ်ရ ခုထိမှတ်သားလို့မကုန်

လေ့လာလို့မကုန် သင်ယူလို့မကုန် ✍️✍️✍️

စိတ်ဝင်စားစရာလဲကောင်းပါတယ် 😊😊😊

အာမခံproduct တွေက ပစ္စည်းတခုရောင်းသလို ရော့အင့်ဆိုပြီး ပေးလိုက်လို့ ရောင်းလိုက်လို့လဲရတဲ့အရာမဟုတ်တော့😅😅😅

စဝယ်စုတော့မယ်ဆိုတဲ့အချိန်ကနေစပြီး ပေါ်လစီစာချုပ် issue သွားတဲ့အချိန်အထိ လုပ်ဆောင်ချက်အဆင့်အဆင့်တွေနဲ့ လုပ်ကိုင်ဆောင်ရွက်ပေးရတာမို့

လွယ်သလားဆို မလွယ်သလို ခက်သလားဆိုယင်လဲ မခက်တော့မခက်ပါဘူး လို့ 😊😊😊

ဒါပေမယ့် ရှက်စရာ သို့ ကြောက်စရာလားဆိုယင်တော့ လုံးဝလုံးဝ ကြောက်စရာ ရှက်စရာမဟုတ်ပါဘူးလို့ဘဲ ဆိုပါရစေရှင် 🤗🤗🤗

အိမ်ထဲအောင်းမေမေတွေလဲ အပြင်ထွက်ခဲ့ အလုပ်တခုလုပ်ကြည့်ပါ

ဝင်ငွေမရသေးယင်တောင် ပတ်ဝန်းကျင်နဲ့ထိတွေ့ပြောဆိုနေရတဲ့အတွက် ကိုယ်ရည်ကိုယ်သွေးတွေတိုးတက်လာမယ် 👍🏻👍🏻👍🏻

Physically ရော Mentally အရပါတိုးတက်လာပါမယ်ရှင် ကိုယ်တွေ့မို့ပါ 😇😇😇

ရုံးတက်ရုံးဆင်းချိန်လိုမဟုတ်ဘဲ

တချို့ကိစ္စတွေကအိမ်ကနေတခါတလေonline ကနေ join စရာရှိတာjoin နိုင်တဲ့အတွက်

တဖက်မှာအလုပ်ရှိနေသူတွေလဲ part time job အနေနဲ့ဝင်ရောက်လုပ်ကိုင်လို့ရပါတယ်

IAလုပ်ဖို့စိတ်ဝင်စားယင်အချိန်မရွေးဆက်သွယ်မေးမြန်းတိုင်ပင်နိုင်ပါတယ်ရှင် 🙋‍♀️🙋‍♀️🙋‍♀️

ကျွန်မနဲ့Unitအတူတူလက်တွဲလုပ်ကိုင်ဖို့ အားလုံးကိုအမြဲတမ်း ဖိတ်ခေါ်ကြိုဆိုပါတယ် ရှင့်် 🫶🫶🫶

May Su Mon Win
Unit Manager
Manulife Myanmar

Photos from MAY Life Insurance's post 19/01/2024

ကျွန်မတို့ Manulife Myanmarမှာ တလတခါ ပွဲလေး ၂ပွဲလုပ်လေ့ရှိပါတယ် ရှင်

🍀LPS လို့ခေါ်တဲ့ Manulife မှာထားရှိနိုင်တဲ့ အသက်အာမခံအမျိုးအစားတွေအကြောင်းပြောပြပေးတဲ့ Life Planning Seminar လေးတွေဖြစ်ပြီး

နောက်တပွဲကတော့

🍀COP လို့အတိုကောက်ခေါ်တဲ့ အာမခံကိုစိတ်ဝင်စားပြီး Manulife နဲ့အတူတွဲ အလုပ်လုပ်ချင်သူတွေအတွက်ရည်ရွယ်ပြီးပြုလုပ်ပေးတဲ့ Career Opportunity Program လေးတွေဘဲဖြစ်ပါတယ်

အရင်ကတော့ ရန်ကုန်တခုထဲကျင်းပရာကနေ အခုဆို Manulife ရုံးခွဲလေးတွေရှိရာ 🔸မန္တလေး 🔸တောင်ကြီး 🔸မော်လမြိုင် 🔸ပုသိမ် 🔸ပဲခူး စသည့်မြို့များမှာလဲ တလတကြိမ် ပြုလုပ်လျက်ရှိပါတယ်

အဲ့လိုပွဲတွေမှာ ကျွန်မတို့ MDRT Qualifiers တွေ Unit Manager တွေနဲ့ Top Producer တွေဟာ အလှည့်ကျ ပါဝင်ဟောပြောပေးရပြီး

Q&A session လဲပါတာမို့ အောက်ကဧည့်ပရိတ်သတ်တွေသိလိုသမျှကို ကျွန်မတို့ ရဲ့ Agency Manager တွေကနေ သေချာအချက်အလက်နဲ့ ရှင်းပြပေးကြ ဖြေပေးကြပါတယ်

အခုတခါ ၂၀၂၄ရဲ့ ပထမဆုံး ရန်ကုန်မှာလုပ်မယ့် Life Planning Seminar လေးမှာတော့ 👇👇👇

👨‍💼Agency Manager ကိုသက်ပိုင်ဦးက Manulife ရဲ့သမိုင်းကြောင်းများ နောက်

🤵‍♂️ One of the MDRT Qualifiers တစ်ဦးလဲဖြစ်တဲ့ ဒေါက်တာရဲမင်းဦးက Manulife ရဲ့ life insurance products တွေအကြောင်း sharingလုပ်ပေးမှာဖြစ်သလို

👩🏼‍💼ကျွန်မက တော့ ကျွန်မဝန်ဆောင်မှုတွေပေးခဲ့ရတဲ့ life insurance အကြောင်းလေးတွေနဲ့ ကိုယ်တိုင် Manulife ရဲ့ ငွေကြေးအကာအကွယ်လေးတွေရယူထားပြီး မိသားစုအတွက်inner peace ကိုရယူထားပုံတွေ အကြောင်း sharing လုပ်ပေးမှာဘဲဖြစ်ပါတယ်ရှင် 🤗🤗🤗

တလမှာမှတခါဘဲလုပ်တဲ့ပွဲလေးလဲဖြစ်တာကြောင့် အားလပ်ရက် Sunday လေးမှာ အချိန်တနာရီလောက်လေးပေးပြီးတော့ ⏰

အခုလို အရမ်းကို challenging တွေ struggling တွေများတဲ့ ခေတ်ကြီးမှာ

ကိုယ်နဲ့ကိုယ်ချစ်ရတဲ့မိသားစုအတွက် 👨‍👩‍👧‍👦

Manulife ရဲ့ အသက်အာမခံ တနည်းအားဖြင့် ဘဝအာမခံလေးတွေပြုလုပ်စီမံထားကြပြီး

ဘယ်လို စိတ်အေးချမ်းလုံခြုံမှု inner peace လေးတွေလုပ်ဆောင်ထားလို့ရမလဲဆိုတာ

လာရောက်လေ့လာနားထောင်ကြည့်ဖို့ အားလုံးကိုချစ်ခင်စွာနဲ့ ဖိတ်ခေါ်ချင်ပါတယ်ရှင် 🙋‍♀️🙋‍♀️🙋‍♀️

🙏🏻🙏🏻🙏🏻🫶🫶🫶🤗🤗🤗🍀🍀🍀

🌴Date - 21st Jan 2024

⏰Time-1pm to 3pm

🕋Venue- Manulife Head Office

ကန်သာယာ office tower 16th floor
အမှတ် ၁၁၊ ကန်ရိပ်သာလမ်း နှင့်
ဦးအောင်မြတ်လမ်း ထောင့်
မင်္ဂလာတောင်ညွန့်မြိုနယ်

(ခုံနေရာနဲ့ အစားအသောက်လေးတွေအတွက် limitပြည့်သွားမှာစိုးလို့ registration လေးတော့ကြိုတင်ပြုလုပ်ပေးဖို့လိုတာမို့ တက်ရောက်မယ်ဆို Chat Box ကနေ နာမည်စာရင်းလေးကြိုတင်ပေးထားနိုင်ပါတယ်ရှင်)

#အာမခံထားပါ

#ရင်းနှီးမြှုပ်နှံပါ

#အနာဂတ်အတွက်စိတ်အေးနိုင်ပါပြီ

😇

🍀

Photos from MAY Life Insurance's post 20/12/2023

ကျွန်မနဲ့အတူလက်တွဲပြီး Manulife မှာ အာမခံအကြံပေးအဖြစ် လုပ်ကိုင်နိုင်ကြစေဖို့ ကျွန်မပတ်ဝန်းကျင်က ချစ်ခင်ရတဲ့ မိတ်ဆွေတွေကို အမြဲတမ်းဖိတ်ခေါ်ခဲ့ပါတယ် 🤗🤗🤗

ကျွန်မတယောက်တည်းဆို ပတ်ဝန်းကျင်ကလူတွေအများကြီးကို life insurance နဲ့ပက်သက်တဲ့ awareness တွေအကုန်လိုက်မပြောပြပေးနိုင်ပါဘူး

တစ်ယောက်ကနေတစ်ယောက် တဆင့်ပြီးတဆင့်မှသာ life Insurance နဲ့ပင်သက်တဲ့ Awareness တွေ Knowledge တွေ နဲ့ ကောင်းမွန်တဲ့ဝန်ဆောင်မှူတွေကို ကျယ်ပြန့်စွာပေးနိုင်မှာ ဖြစ်ပါတယ်

မနေ့ကတော့ ကျွန်မရဲ့နဲ့အတူ လွန်ခဲ့တဲ့ Aprilလကနေစပြီး အာမခံအကြံပေးအဖြစ် လက်တွဲလုပ်ဆောင်ခဲ့တဲ့ ကျွန်မရဲ့Recruit အမတစ်ယောက်ဖြစ်တဲ့ မထက်ထက်ချို ဟာဆိုယင်

ကြိုးကြိုးစားစားနဲ့ သူ့ပတ်ဝန်းကျင်ကမိတ်ဆွေတွေကို အသက်အာမခံထားဖို့ awareness တွေပေး ဝန်ဆောင်မှုတွေပေးခဲ့ရာ

ပြီးခဲ့တဲ့ August-September ၂လအတွင်း ရောင်းအားကောင်းဆုံး level တခုကို Criteria ပြည့်မီတဲ့အတွက် ကုမ္ပဏီကနေပေးအပ်တဲ့ Samsung Galaxy Tab A8 Tablet ဆုရရှိခဲ့ပါတယ်

အရမ်းဝမ်းသာဂုဏ်ယူရပါတယ် 🤩🤩🤩👏👏👏

အခုလို ဆုရတဲ့မထက်ထက်ချိုဟာဆိုယင် လွန်ခဲ့တဲ့၄လပိုင်း သင်္ကြန်ကာလပြီးမှ ကျွန်မနဲ့အတူ လက်တွဲခဲ့ပြီး

ဇွဲရှိရှိနဲ့ training တွေတက်ခဲ့သလို လိုင်စင် exam ဆိုလဲ နှစ်ကြိမ်မြောက်ဖြေဆိုခဲ့ပြီးမှ လိုင်စင်စာမေးပွဲကြီးကိုအောင်မြင်ခဲ့တာဖြစ်ပြီး တရားဝင်အာမခံအကြံပေးလိုင်စင်ရခဲ့တာဖြစ်ပါတယ် 👩🏼‍🎓👩🏼‍🎓👩🏼‍🎓

ဒီ insurance agent အလုပ်က အသက်ကြီးသည်ငယ်သည်မရွေးပါဘူး လူတိုင်း စိတ်ဝင်စားယင် ကြိုးစားလုပ်ဆောင်လို့ရတဲ့အလုပ်တခုဖြစ်သလို

အခြားသောမိသားစုတွေရဲ့ အနာဂတ်ငွေကြေးအကာအကွယ်တွေရရှိအောင် ဝန်ဆောင်မှုတွေပေးရတဲ့အလုပ်ဖြစ်တာကြောင့် ကုသိုလ်လဲရ ဝမ်းလဲဝတဲ့အလုပ်လေးလဲဖြစ်ပါတယ် 😇😇😇

မထက်ထက်ချိုလိုကြိုးစားတက်ကြွပြီး life insurance အပေါ်တကယ်ကိုစိတ်ပါဝင်စားစွာ ရောင်းချင်တဲ့ ဝန်ဆောင်မှုတွေပေးချင်တဲ့ မည်သူ့ကိုမဆို အမြဲတမ်းနွေးထွေးစွာကြိုဆိုပါတယ်နော်

အားလုံးကိုကူညီလက်တွဲခေါ်ဆောင်ပေးဖို့အမြဲအသင့်ရှိနေပါတယ်ရှင်🫶🫶🫶🤗🤗🤗🙋‍♀️🙋‍♀️🙋‍♀️

May Su Mon Win
Unit Manager
Manulife Myanmar

🌈🍀

Photos from MAY Life Insurance's post 18/12/2023

ဒီနေ့တော့ နည်းနည်းပွဲဆူနေတဲ့ ပြန်ထုတ်လို့ရမယ့်တန်ဖိုး (cash value ) အကြောင်းတွေ့လို့ စာနည်းနည်းရေးချင်ပါတယ်

ကျွန်မဆီ life insurance ဝယ်စုသူတွေတချို့က သွင်းလိုက်တဲ့ငွေတွေက အတိုးရမှာလားမေးတတ်ကြပါတယ်

နှစ်စေ့လို့ပြန်ထုတ်လဲအတိုးမရဘူး

ငွေဆက်မသွင်းလို့ရပ်လဲမရပါဘူး လို့😅

Manulife products တွေကအရမ်းရိုးရှင်းပါတယ်

Manulife ကငွေကြေးအကာအကွယ် အဆအများကြီးထုတ်ပေးတဲ့ကုမ္ပဏီဖြစ်တာကြောင့် အတိုးကိုမမြော်ကိုးပါနဲ့လို့

အတိုးလိုချင် ဘဏ်မှာဘဲငွေစုပါလို့ ကျွန်မcustomer တွေကိုအမြဲပြောပြပေးဖြစ်ပါတယ်

နောက် cash value (ရပ်လိုက်ယင်ပြန်ရငွေ)က လဲ ကိုယ်အာမခံထားငွေရဲ့ percentage နဲ့ဘဲ ပြန်ရပါတယ်လို့ ဒါတောင် ငွေသွင်းပြီး ပေါ်လစီသက်တမ်း၃နှစ်ပြည့်မှစရတာပါ

ဥပမာ သိန်း ၁၀၀ ကို ၁၀နှစ်ထားယင် တနှစ် ၁၀သိန်းသွင်းရပါတယ် ရပ်ချင်ယင် ၃နှစ်ပြည့်မှ cash value ပြန်စရငွေက စုစုပေါင်းအာမခံတန်ဖိုးရဲ့ ၀.၅%ဘဲ စထုတ်ပေးတာမို့ ၅သောင်းဘဲစရမှာပါ

ဒါ ၁၀နှစ် ထားသူတွေပါ

အနှစ် ၂၀ထားသူဆို ၃နှစ်ပြည့်မှ ၀.၂၅%ပြန်စထုတ်ပေးတာပါ

ဒီcash value(ရပ်လိုက်ယင်ပြန်ရငွေ) ကိုလဲ စပြီး ရှင်းပြကတည်းက example အနေနဲ့ presentation ထဲမှာထည့်ပြီး တခါတည်း transparency ရှိအောင်ပြထားပေးပါတယ်

ဘယ်နှနှစ်မှာဘယ်လောက် %ထုတ်လို့ရမယ်ဆိုတဲ့အကြောင်း

အဲ့တော့ အာမခံထားသူက ၁၀သိန်းနဲ့ ၃နှစ် သိန်း ၃၀သွင်းခဲ့ရပြီး ၃နှစ့်ပြည့်တော့ရပ်လိုက်လို့ ၅သောင်းမဖြစ်စလောက်လေးပြန်စရတယ်ပေါ့

အဲ့ဒိတော့ life Insurance (အသက်အာမခံငွေ) ကိုဘာလို့ဝယ်စုကြတာလဲ 🤔🤔🤔

#တကယ်တမ်းအသက်အာမခံရဲ့အနှစ်သာရကိုကအရေးပေါ်အခြေအနေဖြစ်ခဲ့ယင်ထုတ်သုံးဖို့ပါ

#ထုတ်ရယင်တောင်ဘယ်လောက်များများထုတ်ခွင့်ရှိလဲကိုကြည့်ရတာပါ

တကယ်တမ်း တနှစ်စာ ၁၀သိန်းသွင်းပြီး ပေါ်လစီအတည်ပြုပြီး နောက်ရက်အရေးပေါ်ဖြစ်တဲ့အခါ ချက်ခြင်းအကာအကွယ်ရမယ့် မိသားစုအတွက်ငွေကြေးဟာ Manulife ကုမ္ပဏီမှာ စုစုပေါင်းအာမခံထားရှိငွေရဲ့ ၂ဆ/၄ဆတွေမို့ သိန်း ၂၀၀ဆိုလဲဟုတ်တယ် သိန်း ၄၀၀ဆိုလဲဟုတ်ပါတယ်

အဲ့လို အသက်အာမခံထားရှိခြင်းရဲ့အနှစ်သာရကိုသေချာနားလည်သူက cash value ပြန်ရငွေရဲ့သဘောတရားကိုလဲ သဘောပေါက်ပါတယ်

အဲ့တော့ အသက်အာမခံစုယင် ကိုယ်ရေရှည်သွင်းနိုင်မယ့် ပမာဏကိုဘဲစဉ်းစားပါလို့ အမြဲပြောရောင်းပါတယ်

မရပ်စေချင်ပါဘူး ရပ်ယင်တော့ရှူံးပါတယ်လို့ ကိုယ်သွင်းသလောက်ပြန်မရတတ်ပါဘူးလို့ တခါတည်းပြောပြပါတယ် ကိုယ့်customer တွေကို

Cash Values က percentage နဲ့ဘဲပြန်ထုတ်ပေးတာမို့ #ကိုယ်ထားထားတဲ့နှစ်စေ့ပြီဆိုမှ100ရာခိုင်နှုန်းပြည့်ပြန်ထုတ်ပေးတာပါ

ဆက်မသွင်းတော့ဘဲ ရပ်ချင်တဲ့အချိန်ရပ်ယင်ဘာလို့ သွင်းထားသလောက်ပြန်မရလဲဆိုတာလဲ စီးပွါးရေးအမြင်ဘက်ကရှင်းပြပေးပါမယ်

အခု အသက်အာမခံအတွက်သွင်းလိုက်တဲ့ငွေတွေဟာ တကယ်တော့ စီးပွါးရေးတခုမှာ လာပြီး shareထည့်သလိုပါဘဲ

#အဲ့ဒါကြောင့်lifeinsuranceကစီးပွါးရေးinvestmentတမျိုးပါဘဲလို့အမြဲပြောပြတာပါ

ဒီလာထည့်တဲ့ငွေကို ကုမ္ပဏီကလဲတဖက်မှာတိုးပွါးအောင်ပြန်investment တွေလုပ်ရပါတယ် ဒါမှ claimတွေရှိလာယင် commitment တွေအတိုင်းပေးလျော်နိုင်အောင် လို့ပါ

ထည့်လိုက်ကြ ထုတ်လိုက်ကြဆို ဘယ်မှာစီးပွါးရေးသေချာလည်ပတ်နိုင်ပါတော့မလဲ နော် business တခုရဲ့သဘောသဘာဝအရ

အဲ့တော့ investment ထဲထည့်ပြီးဆိုထဲက ခုသွင်းခုထုတ်မရတာ စီးပွါးရေးလုပ်ဖူးသူတိုင်းနားလည်ကြမှာပါလို့

ဆိုင်တဆိုင်ဖွင့်ယင်တောင် ရင်းနှီးငွေshare ထည့်ပြီး ချက်ခြင်း shareပြန်ထုတ်ဖို့မလွယ်သလိုပေါ့

ဒါကြောင့် ဘဏ်မှာငွေစုအတိုးရ ချက်ခြင်းထုတ်သွင်းနိုင် ဒါပေမယ့် ဒီဘက်အသက်အာမခံလို အရေးကြောင်းဆို ကိုယ်အာမခံထားငွေရဲ့ ၄ဆတို့ဘာတို့တော့မရနိုင်ပါဘူး

အခု ၁၀သိန်း သွင်းပြီး မနက်ဖြန် ရောဂါနဲ့ဖြစ်ဖြစ် accidentကြောင့်ဖြစ်ဖြစ်သေဆုံး သို့ ထာဝစဉ်မသန်စွမ်းဖြစ်သွားလို့ သိန်း ၂၀၀/သိန်း ၄၀၀တန်းရတာ အသက်အာမခံဝယ်စုထားခြင်းရဲ့အားသာချက်ပါ

အသက်အာမခံထားထား စုထားမှဘဲ ဒီလိုရတာပါ

ဒါကြောင့် အမြဲတမ်း အတိုးရမှာလား ရပ်ယင်ကိုယ့်ငွေပြန်ရမှာလားဆိုတဲ့ Question တွေကို ဘဏ်နဲ့ဥပမာထားပြီးရှင်းပြပေးပါတယ်

နောက်ထုတ်မပေးဘူးဆိုတဲ့ exclusions တွေရောပေါ့ ဥပမာ တနှစ်အတွင်း su***de လုပ်တာမျိုးပေါ့ terms and conditions တွေကအကုန်ပြောထားပါတယ် အခုရှုပ်မှနောင်ရှင်း ပါ

အဲ့ဒါကြောင့် ကိုယ်ပတ်ဝန်းကျင်ကဘဲဖြစ်ဖြစ် ကိုယ့် unitကသူတွေဘဲဖြစ်ဖြစ် သူတို့ဆီလူမှူရေးအရ တခါတလေ product features တွေ terms and conditions တွေ တောင်ဘာမှန်းမသိဘဲလာထားကြသူတွေရှိလို့ ကျွန်မဆိုအမြဲသတိပေးပေးပါတယ်

✅Product details ကိုသေချာနားလည်သဘောပေါက်အောင်ရှင်းပြဖို့

✅အသက်အာမခံရဲအနှစ်သာရကိုသေချာ Awareness ပေးပေးဖို့ပါ

အဲ့ဒါကြောင့် ကွန်မကတော့ မိတ်ဆွေတွေနဲ့ appointment ကိုသေချာရအောင်ယူပါတယ်

Appointment တောင်းတာအလကားမဟုတ်ပါဘူး

ပြောပြစရာတွေကများတော့သေချာသဘောပေါက်နားလည်စေချင်လို့ပါ 🤗🤗🤗

Appointment ရယင်လဲ သေချာနားလည်အောင် အသက်အာမခံသဘောတရားတွေကို နာရီနဲ့ချီပြီးအာပေါက်မတတ်ရှင်းပြပေးပြီးစိတ်တိုင်းကျမှ ဝယ်စုခိုင်းပါတယ်လို့

အဲ့ဒါကြောင့် Insurance ရောင်းမယ်ဆို Advisor တယောက်ရဲ့ ရှိရမယ့်အရည်အချင်းတွေ ရှိအောင်ကြိုးစားရပါတယ်

Insurance ဆိုတာ ပြီးပြီးရောရောင်းရမယ့်အရာမဟုတ်ပါဘူး

✅professional ပီသအောင်ကြိုးစားရပါတယ်

✅Ethics ကောင်းအောင်လဲနေရပါတယ်

Customer တွေအနေနဲ့ လဲ life Insurance ထားတော့မယ်ဆိုယင်

✅ကိုယ်ထားမယ့် အာမခံကုမ္ပဏီကိုသေချာရွေးကြပါ

✅ကိုယ်ထားမယ့်အာမခံအကြံပေးကိုသေချာရွေးကြပါ

✅ကိုယ်ထားမယ့် အာမခံ product အကြောင်းသေချာသိအောင်လုပ်ကြပါ လို့

Life Insurance နဲ့ပက်သက်ပြီး သိလိုသမျှ စိတ်ဝင်စားယင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်🤗🤗🤗

May Su Mon Win
Unit Manager
MDRT Qualifier 🥇
Diamond Member (Finicial Consultant Club)
Manulife Myanmar

14/12/2023

ငွေကြးချမ်းသာသူဆိုလဲ ငွေကြေးချမ်းသာသူအလျောက် ငွေကြေးအတွက်ပူပင်ရတာရှိတာပါဘဲ

သူ​ဌေးဖြစ်လေ အကြွေးများလေတဲ့

ဘာလို့လဲဆိုတော့ investment တွေထဲထည့်ထားပြီးလုပ်ငန်းလည်ပတ်ရလို့ပါ

အဲ့လိုလည်ပတ်နေယင်းနဲ့ ကိုယ်သာတစုံတခု ကြိုမမြင်နိုင်တဲ့ risk တွေနဲ့ကြုံတွေ့လာပြီး ဝင်ငွေမရှာနိုင်တော့တဲ့အခါ

ချက်ခြင်းငွေသားဖော်ထုတ်ဖို့ investment တွေဆိုတာလဲ ပြန်ထုတ်ဖို့ခဲယဉ်းပါတယ်

စီးပွားရေး investment မှမဟုတ်ပါဘူး

အိမ်ခြံ​မြေရင်းနှီးမြှုပ်နှံထားသူ

ဒေါ်လာ ရွှေ ကား စုဆောင်းထားသူ

နောက်ဆုံး အခုခေတ်စားနေတဲ့ ပန်းချီကားပေါ့

ပန်းချီကားတွေဆိုအခု တကားတကား​ သိန်း ၃၀၀/၄၀၀​လောက်တန်သတဲ့

ဒါတွေအားလုံးဟာ တချိန်မှာ inflation ကိုကာကွယ်နိုင်တယ်ဆိုပေမယ့် တလုံးတခဲတည်း ချက်ခြင်းငွေပြန်ဖော်ဖို့ကျ အချိန်ယူရပါတယ်

ဒီဘက် life insurance မှာကျ တလုံးတခဲတည်းမသွင်းရဘဲ ပန်းချီကားတကားစာလောက်သာ တနှစ်တခါစုသွား

တကယ်တမ်းအရေးအကြောင်းဆို ပန်းချီကား ဆယ်ကားစာမကတဲ့ သိန်းသောင်းချီတဲ့ ငွေတွေတလုံးတခဲတည်းကို ချက်ခြင်းအရေးပေါ်ထုတ်သုံးလို့ရနိုင်တဲ့ အားသာချက်ရှိပါတယ်

ဒါပန်းချီကားနဲ့ဥပမာပေးတာပါ

နောက် ဒီလို အိမ်/ခြံ/မြေ/ရွှေ/ပန်းချီကား စသဖြင့် ပစ္စည်းတွေဟာ ထိန်းသိမ်းရတာလဲ မလွယ်ကူပါဘူး

ရန်သူမျိုးငါးပါးဘေးကလဲကြောက်ရပါသေးတယ်

Life insurance ထားပြီးငွေကိုစုထားမယ်ဆို ကိုယ်လဲထိန်းသိမ်းစရာမလို

အခု life Insurance Market မှာ အရင်က သိန်း တသောင်းကျော်ထိဘဲ ငွေကြေးအကာအကွယ်တွေပြန်ထုတ်ပေးနိုင်ခဲ့တာ ထုတ်ပေးလို့ရရာကနေ

အခုဆို ပြည်တွင်းMarket မှာ အမြင့်ဆုံးငွေကြေး အကာအကွယ် သိန်း ၃၆၀၀၀ထိ Manulife Myanmar မှာထားယင် ငွေကြေးအကာအကွယ်တွေရနိုင်ပါပြီ

အဲ့တော့ ကြိုတင်ပြင်ဆင်ခြင်းက ဖြစ်မှလုပ်တာထက်ပိုအကျိုးရှိတာမို့

ငွေကြေးတတ်နိုင်သူတွေအနေနဲ့လဲ life insurance တွေထားပြီး ငွေကိုခွဲစုပါ

မိသားစုအတွက် ကြိုတင် finicial planning လေးတွေလုပ်ကြပါ

သိချင်တာများရှိလို့ဆွေးနွေးချင်ယင်လဲအချိန်မရွေးတိုင်ပင်ပါ​ ဆွေနွေးပါလို့

အားလုံးကို ကြိုဆိုပါတယ်ရှင် 🤗🤗🤗

May Su Mon Win
Unit Manager

🌈🍀

Telephone

Website