Tr Yamin's Maths Club

Tr Yamin's Maths Club

Just for my Students.

14/01/2024

Tr Yamin’s Classes များသည် 2024 မှစ၍ Grade 8 (American Course) & Year 9 ( Cambridge Course)ထိ နှစ်စဉ်ရှိပါမယ်ရှင့်။

2024 June to 2025 May Classes များကို ဆက် Join မည်ဟု Confirmed ထားသော Students များကို New Timetable များထဲ စထည့်နေပါပြီ။

End of January ထိသာ Waiting students များ၍ Class ဆက် join မည်ဟု confirmed မလုပ်ရသေးသည့် Old Students များကို In Class အချိန်များထည့်ပေးလို့ရပါမည်ရှင့်။
January နောက်ပိုင်းမှ confirmed သူများ Online Classes များသာ ရပါမည်ရှင့်။

2024-2025 Classes များတွင် Year 9 (Cambridge Course) & Grade 8 (American Course) တွင် New Students လက်မခံပါရှင့်။

11/01/2024

Tr Yamin ရဲ့ 2024 May to 2025 May အတန်းများကို join ဖို့ waiting list တင်ထားသူများ End of March မှာ New Timetable ထွက်မှာ မလို့ in the last week of March မှာ Tr Yamin ကို ဖုန်းတချက်ဆက်ပေးပါရှင့် Old Students အများစုကလည်း Class ဆက် Join ဖြစ်ကြ၍ Waiting list ထဲမှ Selected Students များကိုသာ in Class ပေးနိုင်မှာဖြစ်လို့ပါရှင့်
ကျေးဇူးပါရှင့်

19/09/2023

Good Morning to Parents of my students!

I’d like to inform you that starting from 2024 Academic Year, I’m going to use Latest Cambridge University textbooks for my Year 6 to Year 9, because most of my students are from CIE based International schools. For my US course students, although I’m using IB books for G7 right now, I’m going to use IB textbooks for Grade 6, 7 & 8 next year because they need to sit for MAP tests.

Although the textbooks which I’m going to use are good, they all need extra practices so that Casco series and some online activities will be bonus teaching for all of my students.

For KG(Year-1)to G4(Year 5), I am going to use SG syllabus updated textbooks which I have been using 18 years ago+ extra worksheets from websites & other syllabus which I’m teaching them right now.

Some of my students are foreigners so that I always announce my messages in bilingual.

As usual, there will be a limited number of students for new comers because about all of my old students continue learning with me.

Thanks all!
Tr Yamin

မိဘများရှင့်

လာမည့် ၂၀၂၄ စာသင်နှစ်မှစ၍ နောက်ဆုံးထွက်ရှိထားသည့် Cambridge University ထုတ် textbooks များကို တီချယ်ယမင်း ကလေးအများစုမှာ CIE based IS များမှ ဖြစ်၍ Year 6 အတန်းများမှစပြီး အသုံးပြုသွားပါတော့မည်။ US course students များအတွက်လည်း IB textbooks များကို MAP tests များအတွက် practice ရစေရန် ယခုနှစ် G7 တွင် သုံးနေသော်လည်း နောက်နှစ် G6 မှစတင် အသုံးပြုသွားပါတော့မည်။

အသုံးပြုမည့် ဖတ်စာအုပ်များဘယ်လောက်ကောင်းကောင်း extra practice လုပ်ဖို့လိုအပ်သည့်အတွက် Casco series books များကို အပိုထပ်ဆောင်းလေ့ကျင့်သင်ကြားပေးသွားပါမည်။

KG (Yr1) မှ G4 (Yr5) ထိ ကလေးများကိုတော့ အခြေခံပိုင်နိုင်စေဖို့ တီချယ်ယမင်း လွန်ခဲ့သော ၁၈ နှစ်ကတည်းက တပည့်များကို သင်ကြားလာသည့် SG syllabus updated textbooks များနှင့်အတူ သင်ခန်းစာအလိုက်လိုအပ်မည့် extra worksheets များ ယခုလက်ရှိသင်နေသလို ဆက်လက်
သင်ကြားသွားပါမည်။

တီချယ်ယမင်းရဲ့ နိုင်ငံခြားသားကျောင်းသားတချို့ရှိလို့ ပေးပို့လိုသည့် message များကို ဘာသာ ၂ ခုဖြင့် အမြဲပို့ပေးပါသည်။

တက်လက်စကျောင်းသားများကလည်း အားလုံးနီးပါးဆက်လက်တက်ကြလို့ ၂၀၂၄ အတွက် ကျောင်းသားသစ်များကို အရေအတွက်အကန့်အသက်ဖြင့် အနည်းငယ်သာအသစ်လက်ခံသွားပါမည်။

အားလုံးကိုကျေးဇူးတင်လျက်
တီချယ်ယမင်း

04/06/2023

📌Tr Yamin’s Classes များတွင် in Physical Classes အတွက် new admission များ ပိတ်သွားပါပြီ။
📌Online Classes များအတွက် Year 1 & 2 မရှိပါ။
📌 Grade 3 (Year4), Grade 5 (Year6) & CIE (Year8) များအတွက် Online Classes Admission ပိတ်ပါပြီရှင့်။
📌လက်ရှိတက်လက်စ ကလေးများကလည်း ဆက်တိုက်ဆက်တက်ကြလို့ Waiting list ကို နှစ်ပေါက်အောင်စောင့်ပြီး 2023-2024 online classes ဘဲ ဝင် join ပေးကြတဲ့ New Students များနဲ့ မိဘများ ကျေးဇူးအထူးတင်ပါတယ်ရှင့်။
📌In physical classes တွေမှာ vacancies ရှိတာနဲ့ waiting list seniors အလိုက် နောက်နှစ်တွေမှာ ထည့်ပေးသွားပါမယ်ရှင့်။

12/05/2023

Hello my new students’ parents!

Warmly welcome to Tr Yamin’s Classes! ကျေးဇူးပြု၍ June မှာစမယ့် 2023-2024 classes တွေအတွက် ဝင်ခွင့်ရတဲ့ သားသားမီးမီးတို့ရဲ့ Name, DOB, Current Grade, Parents’ names & Address များကို တီချယ်ယမင်းရဲ့ 09965117449 (viber) or SMS (095117449, 09965117449, 09785117449) or messenger မှာ privately ပို့ထားပေးပါရှင့်

Thanks all!

07/04/2023

မိဘများရှင့်

📌7th April (Today) အထိ ပုံမှန်အချိန်အတိုင်း အတန်းများရှိကြောင်း မိဘများကို အသိပေးထားပါတယ်။

📌8th April to 8th May တစ်လ အတန်းအားလုံးမရှိပါ။

📌တစ်လ ပိတ်ရက်အတွက် Homework များ ကလေး တစ်ဦးစီကို စီစဉ်ပေးထားသလို Tr Yamin’s Freckle Classes များတွင်လည်း Assignment များ fortnightly upload လုပ်ပေးသွားမှာပါရှင့်။

📌9th May to 31st May ထိ ယခုလက်ရှိတက် သည့် timetable အတိုင်း တက်ရပါမည်။

📌1st June မှစ၍ New Timetable အတိုင်း တက်ရပါမည်။ (အချိန်များ လုံးဝ (လုံးဝ) ပြောင်းပေးလို့မရပါ)

📌Tr Yamin ဆီမှ Confirmed message ရထားသည့် new students များသာအတန်းရပါမည်။

📌2022-2023 အတန်းများကတည်းက အတန်းတူ level တူ ကလေးများကို သူ့ group နဲ့သူ သင်နေလို့ ယခု 2023 June မှစ၍ online ကော in class ကော အချိန်များကို ဟိုအချိန်ပြောင်းပေးပါ ဒီအချိန်ထည့်ပေးပါမရပါ။

📌အတတ်နိုင်ဆုံး မောင်နှမများကို in class လာဖို့ အချိန် တူတူထည့်ပေးထားပါတယ်။

မိဘများနားလည်ပေးမယ်လို့လည်းမျှော်လင့်ပါတယ်ရှင့်။🙏

📌Tr Yamin’s Group ကို add ပေးထားသောမိဘများ ကလေးများအတွက် message များ၊ education knowledge များနှင့် up to date info များကြောင့် စိတ်အနှောင့်အယှက်ဖြစ်သောမိဘများ Group ကနေ leave နိုင်ပါတယ်ရှင့်။ (Tr Yamin လုံးဝ စိတ်မဆိုးပါ။)

📌June မှ စမယ့် New Timetable ကို မိဘ တစ်ဦးစီ individually ပို့ထားသလို Group မှာလည်း upload ပေးထားပါတယ်ရှင့်။

📌 in class အချိန်များကိုလည်း မိမိတို့အချိန်မှအပ သွားစရာရှိလို့၊ ပွဲရှိလို့ reason များဖြင့် အချိန်ပြောင်းခိုင်းခြင်းများ June မှစ၍ အတန်းတိုင်းအပြည့်ဖြစ်နေ၍ မရတော့ပါရှင့်။ Substitute အချိန်များလည်း In Class အတွက်မရပါကြောင်း ကြိုတင်အသိပေးထားပါရစေ 🙏

အားလုံးကျန်းမာချမ်းသာဘေးအန္တရာယ်ကင်းတဲ့ မြန်မာနှစ်သစ်ဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်…..

ကျေးဇူးတင်စွာဖြင့်

Tr Yamin

29/03/2023

𝐈𝐆𝐂𝐒𝐄 အကြောင်းအမေးများတဲ့အတွက် တစ်နေရာတည်းမှာ တစ်စုတစ်ဝေးတည်းဖတ်လို့ရအောင် ရှာပေးထားပါတယ်။ ဖတ်ကြည့်ပေးပါဦးနော် 🍀

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

𝐖𝐡𝐚𝐭 𝐢𝐬 𝐈𝐆𝐂𝐒𝐄❓

🔰 IGCSE ရဲ့အဓိပ္ပါယ်အပြည့်အစုံက “International General Certificate of Secondary Education“ ဖြစ်ပါတယ်။ English ဘာသာအခြေပြုဖြစ်ပြီး မြန်မာနိုင်ငံမှာ 𝗖𝗮𝗺𝗯𝗿𝗶𝗱𝗴𝗲 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗘𝘅𝗮𝗺𝗶𝗻𝗮𝘁𝗶𝗼𝗻𝘀 (𝗖𝗜𝗘) နှင့် 𝗣𝗲𝗮𝗿𝘀𝗼𝗻 𝗘𝗱𝗲𝘅𝗰𝗲𝗹 ဆိုပြီး 𝗰𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 နှစ်ခုဖြင့်သင်ကြားပေးနေပါတယ်။

🔰 𝗰𝘂𝗿𝗿𝗶𝗰𝘂𝗹𝘂𝗺 ၂ ခုဟာ ဘာသာရပ် အခေါ်အဝေါ်တစ်ချို့၊စာမေးပွဲစစ်ချိန်၊စာမေးပွဲမေးခွန်း စသဖြင့် အနည်းငယ်သာ ကွာခြားချက်ရှိပြီး exam board (2) လုံးက UK အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု exam board ဖြစ်ပါတယ်။
_________________________

𝐈𝐆𝐂𝐒𝐄 ရဲ့စံသတ်မှတ်ချက်များ -

🔻IGCSE စာမေးပွဲမှာ ဘာသာစကားများအပါအဝင် ဘာသာရပ်ပေါင်း ၄၀ ကျော်ကို ဖြေဆိုနိုင်ပါတယ်။

🔻ကမ္ဘာ့တက္ကသိုလ်များသို့ ဝင်ခွင့်ရရန်အတွက် ကျောင်းသားများအနေဖြင့် (𝗘𝗻𝗴𝗹𝗶𝘀𝗵,𝗦𝗰𝗶𝗲𝗻𝗰𝗲 𝗮𝗻𝗱 𝗠𝗮𝘁𝗵𝘀) တို့ကိုအဓိကထားပြီး အနည်းဆုံး (၅)ဘာသာ/ (၆) ဘာသာ ဖြေဆိုအောင်မြင်ရန်လိုပါတယ်။

🔻ဘာသာရပ်များရွေးချယ်ရာတွင် 𝗢𝗻𝗲 𝗦𝗰𝗶𝗲𝗻𝗰𝗲/ 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝘀/ 𝗘𝗻𝗴𝗹𝗶𝘀𝗵 အတွဲရှိဘာသာများကို အနည်းဆုံး (၇) ဘာသာ မှ (၉) ဘာသာအထိ ရွေးချယ်သင်ယူနိုင်ပါတယ်။

🔻IGCSE ဖြေဆိုရန် ပြင်ဆင်ချိန်သည် အနည်းဆုံးအချိန် ၁ နှစ် သို့မဟုတ် ၁ နှစ်ခွဲကြာမြင့်နိုင်ပါတယ်။

🔻ဘာသာရပ် (၆) ခုထပ်ပိုမိုဖြေဆိုထားပါက scholarship လျှောက်ရာတွင်လည်းကောင်း၊Top Ranked University သို့တက်ရောက်ရန် လျှောက်ထားရာတွင်လည်းကောင်း အသုံးဝင်ပါတယ်။

🔻ဒါပေမယ့် ရလဒ်မှာ Grade D,E များရလျှင်တော့ ဘာသာရပ်များပိုမိုဖြေဆိုထားခြင်းအတွက် အကျိုးသက်ရောက်မှုမရှိနိုင်ပါ။

_________________________

𝐈𝐆𝐂𝐒𝐄 ဖြေဆိုဖို့အတွက် ဘာသာရပ်တွေဘယ်လိုရွေးချယ်ရမလဲ❓

(Credit to : Institute of International Professionalism )

ဘာသာရပ် (၄၀) ကျော်ကို Groups အနေဖြင့် ပြောရလျှင် ~

𝗚𝗿𝗼𝘂𝗽 𝗜 : 𝗟𝗮𝗻𝗴𝘂𝗮𝗴𝗲
𝗜𝗜: 𝗛𝘂𝗺𝗮𝗻𝗶𝘁𝗶𝗲𝘀 𝗮𝗻𝗱 𝗦𝗼𝗰𝗶𝗮𝗹 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀
𝗜𝗜𝗜: 𝗦𝗰𝗶𝗲𝗻𝗰𝗲𝘀
𝗜𝗩: 𝗠𝗮𝘁𝗵𝗲𝗺𝗮𝘁𝗶𝗰𝘀
𝗩: 𝗖𝗿𝗲𝗮𝘁𝗶𝘃𝗲 𝗮𝗻𝗱 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 တို့ပဲဖြစ်ပါတယ်။

ဘာသာရပ်တွေကိုဘယ်လိုရွေးချယ်ရမလဲဆိုတာမသိတဲ့သူများအတွက် 𝗥𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱𝗲𝗱 𝗦𝘂𝗯𝗷𝗲𝗰t choices တွေကိုပြောပြပေးပါ့မယ်။

👉𝙁𝙤𝙧 𝙀𝙣𝙜𝙞𝙣𝙚𝙚𝙧𝙞𝙣𝙜 𝙞𝙣 𝙎𝙘𝙞𝙚𝙣𝙘𝙚
Recommended subjects (Biology, Chemistry, English as second Language, Mathematics B, Further Pure Mathematics, Physics)

👉𝙁𝙤𝙧 𝙈𝙚𝙙𝙞𝙘𝙞𝙣𝙚
Recommended subjects (Biology, Chemistry, English as a second Language, Human Biology, Mathematics B, Further Pure Mathematics, Physics)

👉𝙁𝙤𝙧 𝘽𝙪𝙨𝙞𝙣𝙚𝙨𝙨 𝙖𝙣𝙙 𝘼𝙧𝙩𝙨
Recommended subjects (Chemistry, English as a second Language, Mathematics B, Further Pure Mathematics, Physics, Business (or) Art and Design)

👉𝙁𝙤𝙧 𝙂𝙚𝙣𝙚𝙧𝙖𝙡 (𝙬𝙞𝙩𝙝𝙤𝙪𝙩 𝙠𝙣𝙤𝙬𝙞𝙣𝙜 𝙬𝙝𝙖𝙩 𝙨𝙥𝙚𝙘𝙞𝙖𝙡𝙞𝙨𝙖𝙩𝙞𝙤𝙣 𝙮𝙤𝙪 𝙬𝙞𝙡𝙡 𝙘𝙝𝙤𝙤𝙨𝙚)
Recommended subjects (Business, Chemistry, Economics, English as a second Language, Mathematics B, Physics)

_________________________

ဆင်တူယိုးမှားဘာသာရပ်တွေကဘယ်လိုကွဲပြားသလဲ❓

𝗘𝗦𝗟 𝗩𝘀 𝗘𝗙𝗟

- Eng as Second Language (စာမေးပွဲတွင် Four Skills ဖြေဆိုရပြီး Language Skill ကို အလေးထား သင်ကြားသည်)
- Eng as First Language (Language Skill အပြင် ကျောင်းသား/သူများ၏ တွေးခေါ်စွမ်းရည်..သုံးသပ်စွမ်းရည် [Critical & Analytical Skill] တို့ကိုအလေးထားသင်ကြားသည်)

EFL ဘာသာရပ်သည် ပိုမိုခက်ခဲပြီး English အခြေခံကောင်းပြီး စဉ်းစားတွေးခေါ်ရခြင်းကို စိတ်ဝင်စားသော ကျောင်းသား/သူ များ တက်ရောက်သင့်ပါတယ်။

𝗔 𝗠𝗮𝘁𝗵𝘀 𝗩𝘀 𝗘 𝗠𝗮𝘁𝗵𝘀
- E Maths သည်ငယ်စဥ်ကတည်းက သင်ကြားခဲ့သော သင်ခန်းစာများနှင့် များစွာ ဆက်စပ်မှုရှိပါတယ်။

- A Maths သည် အနည်းငယ် ပိုမိုခက်ပြီး Maths Foundation ကောင်းသူများ ရွေးချယ်သင်ယူလေ့ရှိပါတယ်။
University တက်ရောက်တဲ့အခါမှာ Mathematics ဘာသာရပ်ကို ပိုမို လွယ်ကူစေပါတယ်။

- IGCSE ပြီးလျှင် A level ဆက်လက်တက်ရောက်ရန် ရည်ရွယ်ပါက A Maths သည် မဖြစ်မနေ ယူသင့်သည့် ဘာသာရပ်ဖြစ်ပါတယ်။

𝗜𝗖𝗧 𝗩𝘀 𝗖𝗼𝗺𝗽𝘂𝘁𝗲𝗿 𝗦𝗰𝗶𝗲𝗻𝗰𝗲
- ICT Subjects တွင် Computer ၏ အစိတ်အပိုင်းများ. Email & Internet, Networking အနည်းငယ်, Microsoft Office Suite (Word, Excel, PPT, စသည် အကြောင်းအရာများ), Website ရေးနည်း အခြေခံများကို သင်ကြားပေးပါတယ်။

- Computer Science ဘာသာရပ်ကို Software Engineering, Networking Engineering, Information Analysis စသည့် အကြောင်းအရာများကို စိတ်ဝင်စားသည့် ကျောင်းသား/သူ များ ရွေးချယ်နိုင်ပါတယ်။

𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗦𝘁𝘂𝗱𝗶𝗲𝘀 𝗩𝘀 𝗘𝗰𝗼𝗻𝗼𝗺𝗶𝗰𝘀 𝗩𝘀 𝗔𝗰𝗰𝗼𝘂𝗻𝘁𝗶𝗻𝗴

- Business Studies ဘာသာရပ်သည် Management , Marketing, HR, Operations & Production, Finance နှင့် နိုင်ငံများအကြား ကူးသန်းရောင်းဝယ်ရေး အခြေခံများကို လေ့လာရမည့် ဘာသာရပ်ဖြစ်ပါတယ်။

- Economics ဘာသာရပ်သည် Business Studies ထက်ပိုမိုအသေးစိတ်ပြီး ၂ ဘာသာလုံးသည် ကျက်စာ ဘာသာရပ်များဖြစ်ပါတယ်။

- Accounting မှာ ကျက်စာရော တွက်စာပါ ပါဝင်ပြီး LCCI level 2 အဆင့်ရှိ သင်ခန်းစာများကို လေ့ကျင့်သင်ယူရမှာဖြစ်ပါတယ်။

_________________________

𝐈𝐆𝐂𝐒𝐄 𝐆𝐫𝐚𝐝𝐢𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦❓

IGCSE စာမေးပွဲရမှတ်များကို 9-1 Grading System ဖြစ်သတ်မှတ်ပေးပါတယ်။ A*- G grading system လို့လည်းခေါ်ပါတယ်။

🖊𝗚𝗿𝗮𝗱𝗲 𝟵-𝟳 သည် 𝗔*-𝗔
🖊𝗚𝗿𝗮𝗱𝗲 𝟲-𝟰 သည် 𝗕-𝗖
🖊𝗚𝗿𝗮𝗱𝗲 𝟯-𝟮 သည် 𝗗-𝗚 စသဖြင့် ညီမျှပါတယ်။

🚨𝗺𝗲𝗱𝗶𝗰𝗶al 𝗽𝗮𝘁𝗵𝘄𝗮𝘆 ကိုရွေးချယ်ချင်သူများအတွက်တော့ စာမေးပွဲရလဒ်တွင် 𝗚𝗿𝗮𝗱𝗲 𝗕 ထပ်မနည်းသော အမှတ်များရရန်လိုအပ်ပါတယ်။

အောင်မှတ် သတ်မှတ်နှုန်း (Pass Grade) သည် "C" Grade ဖြစ်ပြီး စုစုပေါင်း အမှတ်၏ ၆၀% မှ ၆၅% အတွင်း ရရှိရန် လိုအပ်ပါတယ်။
_________________________

𝗜𝗚𝗖𝗦𝗘 ကိုဘယ်သူတွေတက်လို့ရလဲ? 𝗜𝗚𝗖𝗦𝗘 ပြီးရင် ဘာဆက်လုပ်လို့ရမလဲ❓

(Credit to : Acumen International College)

📣IGCSE ကို ၈တန်း,၉တန်း,၁၀တန်း စတဲ့အထက်တန်းကျောင်းသားကျောင်းသူများအပြင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ,ဘွဲ့လွန်များနဲ့ လုပ်ငန်းခွင်ဝင်နေသူများပါ ဖြေဆိုနိုင်ပါတယ်။

📣IGCSE ဖြေဆိုအောင်မြင်ပြီးရင်တော့ နိုင်ငံတကာတက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်လို့ရပါတယ်။

🇬🇧 𝗨𝗞 မှာ ဆက်လက်ပညာသင်ချင်တယ်ဆိုရင်
✔️𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
✔️ 𝗔-𝗟𝗲𝘃𝗲𝗹 (𝟮) 𝗬𝗲𝗮𝗿𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
✔️𝗜𝗕 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇺🇸 𝗨𝗦𝗔 မှာဆက်လက်ပညာသင်ချင်တယ်ဆိုရင်
📌𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
📌(𝟮) 𝗬𝗲𝗮𝗿𝘀 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗖𝗼𝗹𝗹𝗲𝗴𝗲+ (𝟮) 𝗬𝗲𝗮𝗿𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
📌𝗜𝗕 (𝗼𝗿) 𝗛𝗶𝗴𝗵-𝘀𝗰𝗵𝗼𝗼𝗹 𝗗𝗶𝗽𝗹𝗼𝗺𝗮 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇦🇺 𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮/ 𝗡𝗲𝘄 𝗭𝗲𝗮𝗹𝗮𝗻𝗱 နိုင်ငံတွေမှာပညာသင်ချင်တယ်ဆိုရင်
🔰𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
🔰𝗔𝘂𝘀𝘁𝗿𝗮𝗹𝗶𝗮 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 (𝟭 𝘁𝗼 𝟮) 𝗬𝗲𝗮𝗿𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

🇨🇦 𝗖𝗮𝗻𝗮𝗱𝗮 နိုင်ငံမှာဆက်လက်ပညာသင်ချင်တယ်ဆိုရင်
🔑𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝟵) 𝗠𝗼𝗻𝘁𝗵𝘀 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲
🔑( 𝟮) 𝗬𝗲𝗮𝗿𝘀 𝗖𝗼𝗹𝗹𝗲𝗴𝗲 + (𝟮) 𝗬𝗲𝗮𝗿𝘀 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆
🔑𝗖𝗮𝗻𝗮𝗱𝗶𝗮𝗻 𝗛𝗶𝗴𝗵 𝗦𝗰𝗵𝗼𝗼𝗹 / 𝗜𝗕 တက်ပြီး 𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗬𝗲𝗮𝗿 𝗢𝗻𝗲

----------------------------------------------

ဒါတွေကတော့ 𝐈𝐆𝐂𝐒𝐄 နဲ့ပတ်သက်ပြီး ဘာသာရပ်ရွေးချယ်ပုံ၊ ကြာမြင့်ချိန်၊ exam board နဲ့ အမှတ်ပေးပုံပေးနည်းများကို တစ်စုတစ်စည်းတည်း ပြောပြပေးထားတာဖြစ်ပါတယ်။

----------------------------------------------

Crd to Intel-Bridge Education

04/03/2023

All of Tr Yamin’s (2023 June ~ 2024 May) Classes are occupied!

17/02/2023

Tr Yamin’s Maths Classes များတွင် တာဝန်ထမ်းဆောင်နိုင်ရန် Part time Assistant Teachers များ 095117449, 09965117449, 09785117449 သို့ လူကိုယ်တိုင် ဖုန်းဆက်သွယ် စူံစမ်းနိုင်ပါပြီ

လျှောက်ထားသူသည်
* Good at English
* Love Children
* Patient
* Punctual
* Like teaching & learning
* Age 20-30 years old
* At least passed Grade 10

စိတ်ဝင်စားသူများ March လ 31st, 2023 ထက်နောက်မကျဘဲ ကိုယ်တိုင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

08/01/2023

မြန်မာတွေက ကလေးကို IQ မြင့်ဖို့ စာဘဲလှိမ့်သင်ပေးနေတယ်။ အရေးကြီးတာကEQ , SQ, AQ တွေကောင်းဖို့ပါ။
======================================

ခုခေတ် စိတ်ပညာရှင်တွေရဲ့ သိပ္ပံနည်းကျသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ လေးမျိုးတောင် ရှိလာသတဲ့..။

* အိုင်ကျူ (IQ)
* အီးကျူ (EQ) နှစ်ခုနဲ့တင် မကဘဲ..
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုတဲ့.. နှစ်ခုပါ ထပ်တိုးလာပါတယ်။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် လယ်ဗယ်က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပဲ..။ အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

မြန်မာကျောင်း စနစ်ဆိုရင်တော့ စာတော်တာ IQ ကောင်းလို့လို သတ်မှတ်တတ်ကြတယ်။ တကယ်ကမြန်မာကျောင်းစနစ်က အလွတ်မှတ်များနေတဲ့ စနစ်တစ်ခုသာသာပါ။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု လယ်ဗယ်ကို.. တိုင်းတာတာ ဖြစ်တယ်။ စိတ်ဓါတ် တည်ငြိမ် ရင့်ကြတ်မှုကိုဆိုလိုပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ?၊ မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလား?၊ လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?၊ ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?၊ သူများ ပါစင်နယ်ကိစ္စတွေကို.. လေးစား ထိန်းသိမ်းပြီး.. ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?၊ ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

မြန်မာတွေမှာ လိုအပ်ချက်ကတော့ EQ ပါဘဲ ကိုယ်စိတ်ကိုယ်မထိမ်း နိုငိကြဘူး။ သူတပါး personal ကိစ္စဆိုလဲ လေးစားစွာ ထိန်းသိမ်းထားဖို့ ညံံ့ကြတယ်။ ကိုယ်နှုတ်ကိုမနိုင်တာပါ။ ကိုယ့်ပြောခံရပီဆိုလဲထစ်ခနဲဆို ဒေါသထွက်လွယ်တယ် ပြသနာရှာတယ်။ ကိုယ်ရဲ့ တဒင်္ဂ ဖြစ်ပေါ်လာတဲ့ Emotion နောက်လိုက်သွားတယ်။

အသက်သာကြီးလာတာ နှုတ်စောင့်စီးမှု ၊ စိတ်ဓါတ်ရင့်ကြပ်မှုနည်းသူတွေကို EQ နည်းတယ်လို့ပြောလို့ရတယ်။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်း၊ မိသားစု ဆွေမျိုးတွေကြားမှာ.. ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?၊ ဘယ်လောက်ထိ ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?၊ ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

မြန်မာတွေပြောလေ့ပြောထရှိတဲ့ကိုယ့်ထမင်းကိုယ်ရှာစားတာ ဘယ်သူ့ဂရုစိုကိရမှာလဲ နဲ့ ……ဂျပန်လူမျိုးတစ်ယောက် ဆိုင်တစ်ဆိုငိဖွင့်ရင် သူ့ပတ်ဝန်းကျငိ Society အတွက်သူ့ဆိုငိကဘာအကျိုးပြုနိုငိမလဲဆိုတဲ့အတွေးအခေါိ်ကိုနှိုင်းယှဉ်ကြည့်ပါ။

SQ ဆိုတာအပေါင်းအသင်းဆံ့တာတစိခုထဲမဟုတ်ဘဲ ပတ်ဝန်းကျင်ကို ဘယ်လောက်အကျိုးပြုသလဲလဲပါပါတယ်။ မိတ်ဆွေကောင်း ပေါသူ၊ မိတ်ဆွေတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ယုံကြည်ခြင်းခံရသူတွေဟာ ဘာလုပ်လုပ်အဆင်ပြေကြတာများပါတယ်။

4) The Adversity Quotient (AQ): ------------------------------
အရေးအကြီးဆုံး အေကျူဆိုတာက..ဘဝမှာ တွေ့ကြုံလာရသမျှ.. ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို ရဲရဲရင်ဆိုင် ဖြေရှင်းကျော်လွှားနိုင်တဲ့.. စွမ်းရည်လယ်ဗယ်တဲ့..။ အဲ့ဒါ.. AQ level တဲ့..။

မြန်မာစကားနဲ့ ပြောရရင်...
လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ⁉️

အေကျူလယ်ဗယ်ပေါ် မူတည်ပြီး..လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊ မိသားစုကို စွန့်ခွာ၊ ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါတဲ့..။ အေကျူလယ်ဗယ် နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။ တနည်း သတ္တိကြောင်သူတွေပေါ့

မြန်မာတွေက လောကဓံနဲ့ကြုံလို့ တစ်ခုခုကျရှုံးသွားရင် ကံကိုဘဲ ပုံချတတ်ကြပီး ၊ အခွင့်အရေးရှိပါရဲ့ ပြန်မကြိုးစားကြဘူး။ ဒါလဲ AQ နည်းခြငိးတစ်မျိုးဘဲ။

IQ , EQ , SQ, AQ. နှိုင်းယှဉ်လေ့လာချက်
- - - - - - - - - - - - - - - - - - - - - - - -

လက်တွေ့ မှာ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး.. အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ.. ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ လယ်ဗယ်မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. IQ မြင့်သူတွေ မဟုတ်ကြဘူး။ သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ.. နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့ ဘောစိသူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့ သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..စာသင်ကျောင်းတွေဟာ.. အိုင်ကျူလယ်ဗယ် မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး.. EQ နဲ့ SQ level ကို တိုးတက်လာအောင်ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။ (တိုးတက်နေတဲ့နိုင်ငံက သူတို့ဆီက ကျောင်းတွေမှာတောင်နော်) မြန်မာပြည်မှာဆိုရက်တော့ ဝေလာဝေးဘဲ။

တကယ်တော့.. EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး.. SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို.. ဘယ်လောက်ထိ သက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

အထက်က IQ , EQ , AQ ၃ ခု ကောင်းလို့အောင်မြင်လာပီဘဲဆိုပါစို့ လောကဓံရဲ့ အထုအထောင်း မခံရတဲ့သူမရှိပါဘူး။ ကိုယ်အမှားမပြုသော်လဲ ကိုယ့်ဆီလာတဲ့ လောကဓံတွေရှိပါတယ်။ ဥပမာ စက်ရုံ မီးလောင်သွားတယ်။ အစိုးရဥပဒေအပြောင်းအလဲကြောင့်လုပ်ငနိးရပ်ဆိုင်းသွားတယ်။ စသဖြင့်ပေါလေ။

အဲဒီနေရာမှာ AQ ကအရေးပါလာပါပီ။ ပြန်ပီးကြိုးစားမယ်။ ပြသနာတွေကိုရင်ဆိုင်ဖြေရှင်းမယ်။ လှဲရင်ပြန်ထ ဒါဘဝဘဲဆိုတာ AQ ပါဘဲ။

အောင်မြင်မှုခိုငိမာနေတဲ့သူတွေ ထိပ်ဆုံးမှာတည်မြဲနေသူတွေ အကုန်ကြည့်ပါ။ လောကဓံရဲ့ ထုထောင်းမှုကနေရုံးထလာကြသူတွေများပါတယိ။ အရှံးမပေးခဲ့ကြသူများသာဖြစ်ပါတယ်။

=====================================
မြန်မာမိဘတွေကိုအကြံပြုချင်တာလေးက

မိဘတွေဟာ.. ကိုယ့်သားသမီး AQ Level မြင့်လာအောင်.. ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး.. လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။

သူ့အသက်အရွယ်၊ သူ့အသိဉာဏ် လယ်ဗယ်အတိုင်း.. ခန္ဓာကိုယ်ရော၊ ဦးနှောက်ရောကို အလုပ်ပေးတဲ့.. တာဝန်ဝတ္တရားတွေ၊ ခိုင်းစေမှုတွေ.. ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊ ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

IQ မြင့်ရင်တော့ ရှယ်ကောင်းပေါ့။ မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး ပုံမှန်လေးဆိုရပါပီ။ ကျန်တဲ့သုံးခု.. (EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. အောင်မြင်သူ ၊ ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

မူရင်း ရေးသားသူရဲ့ အကြံပြုချက်က

"သားသမီးတွေကို.. သူတို့လျှောက်ဖို့ လမ်းခင်း မပေးပါနဲ့။ သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

ကျွနိတော်တို့တတွေ ကိုယ့်သားသမီးကိုချစ်ရင် သန်မာတဲ့သူတွေ စိတ်ဓါတ်ကောင်းရှိသူတွေဖြစ်အောင်ပြုစုပျိုးထောင်ကြပါလို့တိုက်တွန်းရင်း………

—————————————
original writer
ဖတ်လို့ကောင်းအောင် ပြင်ဆင်ဖြည့်ဆွက်မှုများပြုလုပ်ထားပါသည်။

မေတ္တာဖြင့်

ဦးဦးရဲသွေး

08/12/2022

2023 April 9 မှ May 9 အထိ Tr Yamin’s Classes အားလုံး တစ်လပိတ်ပါမည်။ ( no need to pay April fees for all of my students )

ကလေးတချို့မှ အပ June 2023 မှ စ၍ Next Grade စာများ စသင်ပါမည်။

2023-2024 မှစ၍ Grade 7 (Yr8)ကို American နှင့် UK course ၂ ခုကို အခြေခံ၍ သင်ကြားသွားမည်။
ဆိုလိုသည်မှာ Year (8) from Network, MIS, IIP, ILBC, MISY, Alba, BISY, Kings စသော ကျောင်းများမှ ကလေးများကို Cambridge course စာအုပ်များသုံး၍သင်ကြားသွားပါမည်။

ISY, YIS, ISM စသော ကျောင်းများမှ ကလေးများကို US course စာအုပ်ကို အဓိကထား သင်ကြားသွားပါမည်။

ကျန် KG (Yr 1) to Grade 6 (Yr 7) ထိ ကလေးများအားလုံးကိုတော့ Maths Basic concepts များရစေရန် ထုံးစံအတိုင်း courses ပေါင်းစုံမှ အကောင်းစုံး များကို ထုတ်နှုတ်သင်ကြားပေးသွားပါမည်။

နောက်နှစ် (Yr 6) checkpoints ဖြေမည့်သူများကိုလည်း နှစ်စဉ် train ပေးသကဲ့သို့ သေသေချာချာ စနစ်တကျ train ပေးသွားပါမည်။

Grade 7 (Yr8)students များကိုတော့ extra worksheets charges မကောက်သော်လည်း အသုံးပြုမည့် Textbooks & Workbooks charges တော့ ကောက်ခံပါရစေ။

ကျန်အတန်းများကတော့ textbooks fees FOC ပါရှင့်။

2023-2024 အတန်းဆက် join မည့်သူများ 1st April မတိုင်မီ confirmed လုပ်ပေးပါရှင့်။
Waiting students များကို reply ပြန်ပေးဖို့လိုတာမလို့ပါရှင့်။
Grade 7 (Yr8) Timetable အနည်းငယ် change ပါမည်။

KG, G1 & G2 အတန်းများကို သာ Physical Classes (Twice a week) ပါရှင့်

G3 (Yr4) 3 online classes.

ကျန်အတန်းများ 2 online classes & 1 physical class ပါရှင့်။

ကျေးဇူးတင်ပါတယ်ရှင့်

29/07/2022

မြန်မာနိုင်ငံကနေ International Student F-1 Visa နဲ့ အမေရိကားမှာ သူငယ်တန်းမှ ၁၂ တန်း (Kindergarten through Grade 12) ကျောင်းသားများ ပညာသင်ကြားရန် လမ်းညွှန်

မိမိရဲ့ ကလေးကို US မှာ ပညာသင်ကြားဖို့ စေလွှတ်ချင်တယ်ဆိုရင် ပထမဆုံး လေ့လာထားရမှာက US ရဲ့ education system နဲ့ ဘယ်ကျောင်းက မိမိကလေးနဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ရွေးချယ်တတ်ဖို့ပါ။ အမေရိကား ရောက်ရင် ပြီးရောဆိုပြီး online မှာတက်လာသမျှ ကြော်ငြာနေတဲ့ Quality မမှီတဲ့ ကျောင်းကို ထားမယ်ဆိုရင် မိမိရဲ့ငွေကြေးရော ကလေးရဲ့ ရှေ့ဆက်ပညာရေးမှာ ထိခိုက်ဆုံးရှုံးမှုရှိနိုင်လို့ သေချာ လေ့လာပြီးမှ စီစဉ်စေချင်ပါတယ်။

🇺🇸Public School နဲ့ Private School

US မှာ K to 12 ကို Primary ( မူလတန်း၊အလယ်တန်း) နဲ့ Secondary (အထက်တန်း) တက်ရောက်ပညာသင်ကြားနိုင်ပြီး Public School အစိုးရကျောင်းနဲ့ Private School ပုဂ္ဂလိကကျောင်း ဆိုပြီးရှိပါတယ်။

အစိုးရကျောင်းတွေက ဖက်ဒရယ် နဲ့ ပြည်နယ်အစိုးရက ကောက်ခံရရှိတဲ့ အခွန်ငွေမှတဆင့် fund ရရှိပြီး ပုဂ္ဂလိကကျောင်းတွေကတော့ ကျောင်းလခ Tuition fees တွေကနေ fund ရရှိတာဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရကျောင်းတွေက စရိတ်စကသက်သာပြီး ပုဂ္ဂလိကကျောင်းတွေက ကျောင်းလခမြင့်မားမယ်ဆိုတာ သိထားဖို့လိုပါတယ်။

🇺🇸F-1 ကျောင်းသားအနေနဲ့ US မှာကျောင်းလာတက်မယ်ဆိုရင် သူငယ်တန်းကနေ ၈တန်းအထိ က အစိုးရကျောင်းမှာ တက်ခွင့်မရှိတဲ့အတွက် Private School မှာ ထားမှ ရပါမယ်။ အထက်တန်း ကနေစပြီး အစိုးရကျောင်းမှာ အပ်နှံခွင့်ရှိမှာ ဖြစ်ပြီး အများဆုံး ၁၂လသာ တက်ခွင့်ရမှာဖြစ်ပါတယ်။ Public School ကျောင်းလခကိုလည်း US မရောက်ခင်မှာ အပြည့်ပေးသွင်းရတာမျိုးရှိတတ်ပါတယ်။

🇺🇸US မှာရှိတဲ့ ကျောင်းတိုင်းက နိုင်ငံခြားကျောင်းသားကို လက်ခံနိုင်လား?

ကျောင်းတိုင်းက နိုင်ငံခြားသားကျောင်းသား (international Student) ကို လက်ခံခွင့်မရှိပါဘူး။ SEVP လို့ခေါ်တဲ့ Student and Exchange Visitor Program အသိအမှတ်ပြု ထားတဲ့ ကျောင်းများကသာ နိုင်ငံတကာကျောင်းသားကို လက်ခံနိုင်ပါတယ်။

SEVP certified Private School တွေက သူငယ်တန်း မှ ၁၂ တန်း All grade level အားလုံး ကိုလက်ခံနိုင်ပြီး
SEVP certified Public School တွေကတော့ ၉တန်း မှ ၁၂တန်းကျောင်းသားများကိုသာ လက်ခံနိုင်မှာဖြစ်ပါတယ်။

အစိုးရကျောင်းတွေအနေနဲ့ K to Grade 8 ကို F-1 Student တရားဝင်လက်ခံဖို့ US အစိုးရက ခွင့်ပြုထားခြင်းမရှိပါဘူး။

🇺🇸ကျောင်းဘယ်လိုရှာမလဲ?

မိမိတက်မယ့်ကျောင်းက SEVP အသိအမှတ်ပြုကျောင်း ဟုတ်မဟုတ်ကို ဒီမှာ စစ်ဆေးနိုင်ပါတယ်။
https://studyinthestates.dhs.gov/school-search

ဒီ page မှာ ကျောင်းနာမည်၊ အရပ်ဒေသနဲ့ ပညာရေး သို့မဟုတ် Visa type ကို ရိုက်ထည့်ပြီး မိမိနဲ့ သင့်တော်မယ့် ကျောင်းကို ရှာလို့ရပါတယ်။ ကြိုက်တဲ့ ကျောင်းတွေ့ပြီဆိုရင် သူ့ကျောင်းရဲ့ညွှန်ကြားထားတဲ့ instructions တွေအတိုင်း ကျောင်းအပ်ဖို့ ဆက်လုပ်လို့ရပါပြီ။

🇺🇸ကျောင်းလခ?

ကျောင်းလခ အသေးစိတ်ကို School official website တွေမှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။ ခန့်မှန်းခြေ Primary School တွေက တစ်နှစ်စာ ကျောင်းလခ $12000 ကျော်လောက်ကစရှိတတ်ပြီး Secondary School တွေက $16000 ပတ်ချာလည်လောက်ကျတတ်ပါတယ်။ ကျောင်းအိပ်ကျောင်းစား boarding school တွေဆိုရင်တော့ တစ်နှစ်ကို ပျမ်းမျှ $37000လောက်ကနေစရှိပါတယ်။ ကျောင်းရဲ့ Rank နဲ့ location ပေါ်မူတည်ပြီး ကျောင်းလခကွာခြားနိုင်ပါတယ်။

Wifey အခုဆက်ပြောပြမယ့် အဆင့်တွေက သူငယ်တန်းကနေ တက္ကသိုလ်ပညာရေးအထိ နိုင်ငံခြားသားကျောင်းသားအားလုံး အတွက် အကျုံးဝင်ပါတယ်။

🇺🇸Form I-20

မိမိလျှောက်လိုက်တဲ့ SEVP certified School က ကလေးကို လက်ခံလိုက်ပြီဆိုရင် Form I-20 လို့ခေါ်တဲ့ "Certificate of Eligibility for Nonimmigrant Student Status ကို ကျောင်းကနေ ရရှိမှာဖြစ်ပါတယ်။ Form I-20 က အရေးကြီးသလို မိမိရဲ့ case ကို assigned လုပ်ထားတဲ့ School Official နဲ့ Contact ရှိနေဖို့ လိုအပ်ပါတယ်။ Form I-20 အကြောင်း သေချာသိချင်ရင် ဒီမှာ ဖတ်ပါ။ 👉 https://studyinthestates.dhs.gov/students/prepare/students-and-the-form-i-20

🇺🇸ဘာတွေပြင်ဆင်ရမလဲ?

မိဘတွေအနေနဲ့ သိထားဖို့က ကလေးကို US မှာ F-1 Visa နဲ့ကျောင်းထားဖို့ စေလွှတ်လိုက်ရုံနဲ့ မိဘက F-2 တို့M-2 အစရှိတဲ့ Visa တွေ Auto ရမှာမဟုတ်ဘူးဆိုတာကို သိထားစေချင်ပါတယ်။ မိဘအလွယ်တကူလိုက်သွားလို့မရတဲ့အတွက် ကလေးက ဘယ်မှာ နေထိုင်မှာလဲ? ကျောင်းအိပ်ကျောင်းစားမဟုတ်ဘဲ ဆွေမျိုးအိမ်ကနေ ကျောင်းတက်မယ်ဆို လက်ခံထားမယ့် Host Family နဲ့
သေချာ Video Call ခေါ်ပြီး ကလေးကို မလွှတ်ခင် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
US မှာ ကျောင်းလာတက်မယ်ဆိုကတည်းက ကလေးအနေနဲ့ ငွေကြေးအင်အားတောင့်တင်းတဲ့ Background ရှိရပါမယ်။ ကျောင်းက တာဝန်ရှိသူတွေနဲ့လည်း မိမိသိချင်တဲ့ မေးခွန်းတွေကို အားမနာတမ်းမေးမြန်းပြီး တိုင်းတပါးမှာ ကလေး ကျန်းမာရေးစောင့်ရှောက်ဖို့၊ လုံခြုံဘေးကင်းဖို့ အစစအရာရာ Perfect ဖြစ်အောင် စီစဉ်ပြီးမှ ကလေးကို US ကို လွှတ်စေချင်ပါတယ်။

🙋🏻‍♀️နောက်တစ်မျိုးစဉ်းစားလို့ရတာက မိဘက F-1 Visa နဲ့ကျောင်းလာတက်မယ်ဆိုရင်တော့ ကလေးက F-2, M-2 Visa နဲ့ သက်ဆိုင်ရာ Grade ကိုလိုက်ပြီး တရားဝင်ကျောင်းအပ်နှံခွင့်ရှိပါတယ်။

🇺🇸ကျောင်းလျှောက်တဲ့ကိစ္စအောင်မြင်ပြီဆိုရင် US ကို ထွက်လာဖို့အတွက် ဘာတွေ ဆက်လုပ်ရမလဲ?

ကျောင်းကနေ Form I-20 ရပြီးရင် နိုင်ငံတကာကျောင်းသားအနေနဲ့ မဖြစ်မနေလုပ်ရမှာက the I-901 Student and Exchange Visitor Information System (SEVIS) fee ပေးသွင်းရမှာပါ။ *I-901 SEVIS fees ပေးတဲ့အခါမှာ မိမိရဲ့ Form I-20 ပေါ်က ID number နဲ့ ကိုက်ညီဖို့ အထူးသတိပြုရပါမယ်။*

I-901 SEVIS fees ပေးသွင်းထားတဲ့ ပြေစာရပြီဆိုရင် သက်ဆိုင်ရာ အမေရိကန်သံရုံးမှာ F-1 Visa စလျှောက်လို့ရပါပြီ။

များသောအားဖြင့် International Student တွေကို အစိုးရအထက်တန်းကျောင်းတွေက ကျောင်းလခကြိုကောက်လေ့ရှိပါတယ်။ Public High School မှာတက်မယ့် ကျောင်းသားတွေအနေနဲ့ US visa Interview မှာ ကျောင်းလခပေးသွင်းထားတဲ့စာရွက် ကို ယူသွားဖို့မမေ့ပါနဲ့။

🇺🇸US Visa ရပြီးလို့ US ကို ထွက်လာပြီဆိုရင်

Visa ရပြီးရင် Form I-20 မှာပါတဲ့ ကျောင်းစတက်ရမယ့် ရက်ထက် ရက်၃၀စောပြီး US ကို ထွက်လာခွင့်ရှိပါတယ်။ US လေဆိပ်ရောက်လို့ Custom က CBP officer နဲ့တွေ့တဲ့အခါ အဆင်သင့်ထုတ်ပြလို့ရအောင် လိုအပ်တဲ့ အရေးကြီး စာရွက်စာတမ်းတွေကို ကိုယ်နဲ့တစ်ပါတည်း ကျောပိုးအိတ် 🎒 သို့မဟုတ် Carry on luggage🧳 ထဲမှာ ထည့်ပြီးယူလာခဲ့ပါ။

✔️Visa ပါတဲ့ Passport စာအုပ်
✔️Form I-20
✔️SEVP certified school က လက်ခံတဲ့ Acceptance letter
✔️ငွေကြေးပံပိုးမှုဆိုင်ရာ အထောက်အထား
✔️သက်ဆိုင်ရာကျောင်းတာဝန်ခံရဲ့ နာမည်နဲ့ဖုန်းနံပါတ်

☝️ဒါတွေကို Checked Luggage မှာ မထည့်ဘဲ ကိုယ်နဲ့ မကွာယူလာပါ။

Custom CBP officer က Passပေးလိုက်ပြီဆိုရင် Form I-94 လို့ခေါ်တဲ့ Arrival & Departure Record ကို ပေးပြီး Passport မှာ တုန်းထုပေးပါလိမ့်မယ်။

ဒါဆိုရင်တော့ အောင်မြင်စွာ US မြေကို နင်းပြီး စာလာသင်လို့ရပါပြီ။
​အမေရိကားမှာ ကျောင်းလာတက်မယ့် ကျောင်းသားတွေကို အထူးသတိပေးချင်တာကတော့ မိမိရဲ့ ကျောင်းသား Status ကို Maintain လုပ်ပြီး ကျောင်းမှန်မှန်တက်စေချင်ပါတယ်။ ဒါမှလည်း နောင်လာမယ့် မျိုးဆက်အတွက် အခွင့်အလမ်းတွေပွင့်လာမှာပါ။

🇺🇸F-1 ကျောင်းသား တွေအနေနဲ့ ဘာအခွင့်အရေးတွေရှိလဲ?

အသက် ၁၆နှစ် ပြည့်ပြီးတဲ့ကျောင်းသားတိုင်း ကားမောင်း လိုင်စင်လျှောက်ထားခွင့်ရှိပါတယ်။

​မိမိနေထိုင်တဲ့ ပြည်နယ် ဥပဒေပေါ်မူတည်ပြီး အချိန်ပိုင်း အလုပ်လုပ်ကိုင်ခွင့် ရှိပါတယ်။ (မှတ်ချက်။ ။အချို့ပြည်နယ်များမှာ အသက် ၁၈နှစ်ပြည့်မှသာ အလုပ်လုပ်ခွင့်ရှိ)

ကျောင်းတက်နေရင်း အခွင့်သာရင် U.S. Citizenship and Immigration Services (USCIS) ကနေတဆင့် Change of Status လျှောက်ထားနိုင်ပါတယ်။
Change of Status နဲ့ ပတ်သက်ပြီး ဖတ်ချင်ရင် 👉 https://www.facebook.com/690736341137229/posts/2011784769032373/?d=n

အခုလောက်ဆို International Student အနေနဲ့ US မှာ ဘယ်လို ကျောင်းလာတက်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ တီးမိခေါက်မိရှိလိမ့်မယ် လို့ ထင်ပါတယ်။ ဒီ post ကို ဖတ်မိတဲ့ မိဘတွေအနေနဲ့လည်း ကိုယ်တိုင် အစအဆုံး လေ့လာပြီး ကိုယ်တိုင်ကိုယ်ကျ မိမိကလေးအတွက် ကျောင်းလျှောက်နိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။

အောင်မြင်စွာ အဆင့်မြင့် ပညာရေးတွေကို ဆက်လက်ဆည်းပူးနိုင်ပါစေ ✨

အချစ်များစွာဖြင့်

Burmese Wifey ❤️

© 2022 Burmese Wifey All Rights Reserved

🙏အားလုံး ဗဟုသုတရစေဖို့အတွက် Wifey အချိန်ပေးပြီး ရေးသားထားတဲ့ Postတွေကို တစ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်စေ စာသားအနည်းငယ်ပြောင်းလဲ၍ပြန်တင်ခြင်းဖြစ်စေ မပြုလုပ်ဖို့ သည်းခံပါရှင်။ ကြိုက်နှစ်သက်တယ်ဆိုရင် Share ခလုတ်ကိုနှိပ်ပြီး မျှဝေခြင်းဖြင့် ဝိုင်ဖီ့ page ကို Support ပေး တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်

10/06/2022

GEDဆိုတာဘာလဲ??
GED....သူ့ရဲ့နာမည်အပြည့်စုံကတော့General Educational Development ပါ။Generalဆိုတဲ့အတိုင်းပဲ အထက်တန်းကျောင်းသားတယောက်မှာရှိသင့်ရှိထိုက်တာတွေကိုဖြည့်စွက်ပေးတဲ့ သင်ကြားရေး Courseတခုပဲဖြစ်ပါတယ်။

GEDအောင်လို့ဘာတွေရနိုင်မလဲ??
GEDအောင်လက်မှတ်ဟာဆိုရင်တော့ အထက်တန်းကျောင်းသားတယောက်မှာရှိသင့်ရှိထိုက်တဲ့ General Knowledgeတွေရှိကြောင်းထောက်ခံပေးပီး International Collegesတွေကိုလဲ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံThailandကစလို့ Korea Canadaစတဲ့နိုင်ငံများကပါ အသိမှတ်ပြုတာဖြစ်လို့ နိုင်ငံခြားမှာပညာဆက်လက်သင်ကြားမည့်ကလေးများအတွက် အထူးသင့်လျော်ပါတယ်။အကယ်၍ ကိုယ်ကဘယ်နိုင်ငံမှာတတ်ချင်တယ် အဲ့နိုင်ငံမှာ GED အောင်လက်မှတ်လက်ခံလားဆိုတာသိချင်တယ်ဆိုရင်တော့ ဒီလင့်လေးကိုနှိပ်ပီး ရှာကြည့်ပါခင်ဗျာ။ https://ged.com/en/university-acceptance

GEDမှာဘာတွေသင်ရလဲ??
Mathematical Reasoning
Science
Social Studies
Language Arts စတဲ့ ဘာသာလေးဘာသာကိုသင်ကြားရမှာဖြစ်ပါတယ်။တဘာသာကိုအမှတ်ပြည့်၂၀၀နဲ့ဘာသာစုံဆိုစုစုပေါင်း ၈၀၀ပါ။‌တဘာသာကိုအနည်းဆုံး၁၄၅မှတ်ရဖို့လိုအပ်ပါတယ်။
original writer

Accepting University Search Archive - GED Thousands of universities across the world accept the GED. Check with your preferred university, even if not listed here, for their admission requirements to confirm they accept the GED.

04/06/2022
25/05/2022

International ကျောင်းမှာ ..
ဆုံရတတ်တဲ့..
International မဆန်သော မိဘများ..

မြန်မာမိဘတွေဟာ ငယ်ငယ်က ကိုယ်တက်ခဲ့တဲ့ အစိုးရကျောင်းမှာ ဖြစ်ခဲ့တဲ့ ဆရာမတွေရဲ့ ခွဲခြားဆက်ဆံခံရမှုတွေ ကျောင်းတွင်း ကြီးနိုင်ငယ်ညှင်းပြဿနာတွေ စတာတွေကို လူတော်တော်များများခံခဲ့ကြရတော့ International ကျောင်းပို့ရင် ဒါတွေ မကြုံရနိုင်ဘူးဆို International ကျောင်းပို့ကြပါတော့တယ်။ ခက်တာက ကိုယ်တိုင်က မုန်းပါတယ်ဆိုပြီး ရုန်းမထွက်နိုင်ဘဲ ပါးစပ်က International မချတမ်းအော်နေပေမယ့် ကိုယ်တိုင်က မြန်မာကျောင်းတွေကထွက်ခဲ့တဲ့ အင်မတန် မြန်မာမိဘပီသတဲ့ အပြုမူတွေရှိနေသေးတာပါပဲ။ အားလုံးသော မိဘတွေက ဒါမျိုးလုပ်တယ် ဆိုလိုတာမဟုတ်ပါဘူး။ ဒါကိုပြောရင် နည်းနည်းတော့ လူမုန်းများနိုင်ပေမယ့် အမှန်တရားဟာ နည်းနည်းတော့ ခါးတာမို့ ကိုယ်အထင်ကြီးပြီး သွားမယ့် အလယ်အလတ်တန်းစား International ကျောင်းတချို့က အင်မတန် မြန်မာဆန်သော International မိဘများရဲ့ အကျင့်တချို့ကို ပြောပြပါ့မယ်။

(၁) စာကြိုသင်တယ်…

အကြီးတန်းတွေရဲ့ မိဘတွေဆီကနေ ဖတ်စာအုပ်တွေတောင်း အိမ်မှာ ဆရာမခေါ် စာတွေကြိုသင်နေတတ်ကြတယ်။ ဒါမျိုးတွေကို အရင် အစိုးရကျောင်းမှာပဲ ရှိတယ်ထင်ခဲ့သမျှဟာ အင်မတန် International ပြောတတ်ပါသော ခေတ်မှီမှီ မေမေတချို့တွေမှာတွေ့ရတဲ့ လုပ်ရပ်တွေပါပဲ။

(၂) ဆရာမကို ဖားတယ်..

ဒါလဲ အစိုးရကျောင်းမှာပဲ ရှိတယ်မထင်ပါနဲ့။ ဘယ်သူက ဘယ်လောက်ချမ်းသာကြောင်း အစားသောက် အသုံးဆောင်တွေနဲ့ International ကျောင်းတွေမှာလဲ ဆရာမရှေ့ လူလုံးပြပြီး ဆရာမကို မသိမသာဖားကြတာဟာ တချိန်က မြန်မာကျောင်းဆင်း ခုအင်မတန် International ပါးစပ်ဖျားကမချတဲ့ International မေမေတွေပါပဲ။

(၃) ဆရာမ ကျူရှင်ထားတယ်..

မဖြစ်နိုင်လောက်ဘူး ထင်ကြပေမယ့် တကယ့်အဖြစ်မှန်တွေရှိတာကြောင့် တချို့ကျောင်းတွေမှာ ကိုယ့်ကျောင်းက ကလေးကို ကျောင်းကဆရာမတွေပြန်ပြီး ကျူရှင်မသင်ရဘူးဆိုတဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ သတ်မှတ်ထားရတာပါပဲ။ တချို့မေမေတွေရဲ့ ပြဿနာက ပါးစပ်ကသာ Internationalပါ။ အကျင့်ကတော့ ငယ်ငယ်ထဲကပါလာတဲ့ မြန်မာကျောင်းက အကျင့်တွေ ဖျောက်မရပါဘူး။

(၄) ဆရာမနဲ့ ကျောင်းဘက်ကို Complaint မတက်ရဲကြဘူး..

မိဘတွေဟာ ဆရာမ သို့မဟုတ် ကျောင်းနဲ့ပတ်သက်တဲ့ ပြဿနာတချို့မှာ မှန်တာလုပ် ဟုတ်တာပြောဖို့ကို အတန်းထဲမှာ သားသမီး အမဲခံရမှာ အညှိုးထားခံရမှာ စိုးတော့ ဘာမှမပြောရဲမလုပ်ရဲကြတော့ဘူး။ အဆင်ပြေတယ် မပြေဘူးမရှိဘူး ကျောင်းလခဒီလောက်နဲ့ ဒါကိုမပြောတော့ဘူးဆို အမုန်းခံရမှာစိုးတော့ ပြောသင့်တာတွေတောင် မပြောရဲကြဘူး။ ​ကလေးကိုတော့ ရဲရင့်စေချင်လို့ ဒီလိုကျောင်းမျိုးတွေ ပို့ထားပေမယ့် ကိုယ်တိုင်ကတော့ ကိုယ့်အခွင့်အရေးအတွက် ကိုယ်တောင်းဆိုဖို့တောင် ကြောက်ရွံ့နေတတ်ကြတုန်းပါပဲ။ ဒီကျောင်း ဒီနေရာ ဒီဆရာမ အဆင်မပြေလို့ ကိုယ်ပြောရင် အဆင်ပြေလာနိုင်မယ့် အလားအလာရှိပေမယ့် ဘယ်သူမှ မပြောတော့ဘဲ ပြဿနာကို ခေါင်းရှောင်တတ်တာ အများစုကလည်း International ကျောင်းထားတယ်ဆို ဂုဏ်ယူဝံ့ကြွားတတ်ပေမယ့် လုပ်ရပ်ကတော့ International မဆန်သော မေမေများပါပဲ။

(၅) အစစအရာရာ လိုက်လုပ်ပေးတယ်..

ဒါကတော့ ကိုယ်တိုင်တောင်မလွတ်သေးတဲ့ အချက်ပါပဲ။ International ကျောင်းထားရင် ကလေးတွေက ကိုယ့်ကိုကိုယ်အားကိုးတတ်ပြီး နေရာတိုင်းမှာ မကြောက်တတ်ဘဲ အတွေးခေါ်ကောင်းမယ်ထင်ခဲ့ကြတာပါ။ ဒါပေမယ့် အနေမတတ်တဲ့ အင်မတန် မြန်မာဆန်တဲ့ မိဘတွေရဲ့ အကျင့်ကြောင့် Internationalကျောင်းတက်နေတဲ့ ကလေးများဟာ တကယ့်International စရိုက်လို ဖြစ်မလာဘဲ လူ့ဘော်ကျော့ ကလေးတွေလိုဖြစ်လာပြီး မိဘက အစစအရာရာဝင်ပါ အိမ်အကူက အထုတ်ထမ်း ကျောင်းပို့နေကြရတုန်းပါ။

(၆) ဆုရရေးသည်သာ ပထမ…

ဘယ်လိုကျောင်းတွင်းပြိုင်ပွဲလာလာ Essay ကအစ ပန်းချီအဆုံး ကလေးကိုယ်ပိုင်စိတ်ကူးစိတ်သန်းကို တန်ဘိုးမထားဘဲ မိဘ မဟုတ်ရင် ဆရာမရဲ့ အလွတ်ကျက် အလွတ်မှတ်သင်ကြားမှုနဲ့ ဆုရရေးသည်သာ ပထမဆိုတဲ့ Missionနဲ့ International မဆန်စွာ လုပ်တတ်ကြတာလဲ International တွင်တွင်အော်နေတဲ့ မြန်မာမိဘတွေပါပဲ။

Internationalကျောင်းက မိဘတိုင်းက ဒါမျိုးလုပ်နေတာရယ်တော့ မဟုတ်ပါဘူး။ တချို့အရမ်းတော်တဲ့ မိဘတွေလဲ မြင်ဖူးခဲ့ပါတယ်။ နေရာတိုင်းမှာ အကောင်းနဲ့အဆိုးဒွန်တွဲနေတာမို့ ကောင်းတဲ့သူတွေရှိသလို ဒီလို International မဆန်တဲ့ မိဘတချို့တစ်လေနဲ့လဲ ဆုံရနိုင်ပါတယ်။ ဒီအချက်တွေထဲ ကိုယ်တိုင်လုပ်မိတာတွေရှိရင်လဲ ဒီလုပ်ရပ်တွေဟာ ထားတဲ့နေရာ ရောက်နေတဲ့ အဆင့်အတန်းနဲ့ မညီ အင်မတန် International မဆန်တဲ့ လုပ်ရပ်တွေဖြစ်တယ်ဆိုတာလဲ သတိထားမိစေချင်ပါတယ်။ ကလေးတွေကို ပြောင်းလဲစေချင်ရင် မိဘတွေကစ ပြောင်းလဲနိုင်ဖို့လိုပါတယ်။ မဟုတ်ရင်တော​့ ကိုယ်မျှော်လင့်တဲ့ ရဲရင့်ထက်မြက်သွက်လက်ပြီး အမှီခိုကင်းတဲ့ ကလေးမျိုးရဖို့ဆိုတာ ဝေးနေဦးမှာပါပဲ။

မေတ္တာဖြင့်..



'sTreasures

Telephone

Website