U Htet
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from U Htet, Medical and health, .
သင်မိသားစုအတွက်သားသမီးရင်းချာလိုပြုစုစောင့်ရှောက်ပေမယ်ဆရာဆရာမများလိုအပ်နေပြီလားကျနော်တို့U Htet Health Care ကိုသတိရလိုက်ပါဗျ လူကြီးမင်းတို့မိသားစုအတွက်ကျွမ်းကျင်ပြီးအသင့်ရှိနေသောဆရာဆရာမလေးများနဲ့ အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီခင်ဗျာစိတ်ရှည်ပြီးသည်းခံတတ်မှုကျွမ်းကျင်မှုအပိုင်းကိုတော့ကျနော်တို့ဘက်ကအပြည့်ဝတာဝန်ယူပါတယ်လူကြီးမင်းတို့အတွက်အဆင်မပြေမှုဖြစ်ပေါ်ခဲ့ပါလျှင်ဆရာဆရာမသုံးယောက်အထိပြန်လဲပေးပါမည်
လူကြီးမင်းတို့ဘက်မှဆရာဆရာမဌားရမ်းခေါ်ယူခများကိုလည်းစျေးနှုန်းညှိနိင်ပါသည် ဆရာဆရာမများနင့်လူနာရှင်များနစ်ဦးနစ်ဖက်အဆင်ပြေအောင်လုပ်ပေးပါမည်မိသားစုတိုင်းကျန်းမာစေရန် U Htet Health Care ကအပြည့်အဝတာဝန်ယူပါရစေ🙏🙏🙏
1.သွေးဖောက်ခြင်း
2.Canulaထည့်ခြင်း
3.အချိန်ပိုင်းဆေးချိတ်ခြင်း
4.ဆီးပိုက်ထည့်ခြင်း/ဖြုတ်ခြင်း
5.အစာပိုက်ထည့်ခြင်း/ဖြုတ်ခြင်း
6.ချွဲစုပ်ပေးခြင်း
7.အနာဆေးထည့်ပေးခြင်း
8.ကူးစက်ရောဂါများစစ်ပေးခြင်း(Bပိုး/C ပိုး/ကာလသားရောဂါပိုး/covid )
9.သွေးအမျိူးအစားစစ်ပေးခြင်း
10.baby care
11. Elderly care
12.အလှပရေးရာအခြားဝန်ဆောင်မှုအတွက်ဆရာဆရာများခေါ်ယူနိင်ပါပြီခင်ဗျာ
ph.09775596811ကိုဆက်သွယ်ပြီးစုံစမ်းနိင်ပါသည်သင်ဖုန်းလေးထဲမှာ U Htet Healthcare လေးရှိနေရင်သင်ရောသင်မိသားစုအတွက်ကျန်းမာရေးအပိုင်းကိုစိတ်ချလိုရနေပြီနော်
မဂ်လာပါခင်ဗျာ🙏🏻🙏🏻🙏🏻
ကျနော်တို့ U Htet သူနာပြုနင့်သူနာပြုအကူဝန်ဆောင်မှုမှ လူကြီးမင်းတို့အိမ်အရောက် Covid စစ်ပေးနေပါပြီခင်ဗျာ Covid-19 Antibody များလည်းစစ်ပေးနေပါပြီခင်ဗျား🙏🏻 ဆက်သွယ်ရန်ဖုန်း-09775596811ဖုန်းလေးသာဆက်လိုက်ပါခင်ဗျား လူကြီးမင်းတို့နဲ့အဆင်ပြေအောင်စိစဥ်ညိနှိုင်းနိင်ပါပြီ
COVID ကာကွယ်ဆေးထိုးဖို့ နှိုးဆော်သံ ကြားလို့ ဒီစာကို ရေးလိုက်ပါတယ်၊ ကိုယ် ထိုးရမယ့်ဆေးရဲ့ ကောင်းကျိုးဆိုးကျိုး၊ ထိုးသင့်မသင့် ဗဟုသတ ရှိထားဖို့ပါ
💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့ရလဲ?
▪︎အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်
▪︎Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်ကျော်ရင် ရပါပြီ
▪︎Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်တော့ ၁၈-၆၀နှစ်အတွင်း ထိုးဖို့ပဲ သုတေသန လုပ်ပြီးသေးပါတယ်
▪︎ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါရှိသူတွေလဲ ထိုးလို့ရပါတယ် (Aspirinလို သွေးကျဲဆေး သောက်နေရလဲ ထိုးလို့ရပါတယ်)
💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့မရဘူးလဲ?
▪︎ဖျားနေတဲ့သူတွေ
▪︎ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးထိုးဖို့ သုတေသန မလုံလောက်သေးပါ (နို့တိုက်မိခင် ထိုးလို့ရပါတယ်)
▪︎ကာကွယ်ဆေးနဲ့မတည့်သူ
▪︎သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
▪︎HIV သမား CD4 ၂၀၀ အောက် ကျနေတဲ့အခါ
▪︎အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်သေးတဲ့အခါ
💉 COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့ လိုသေးလား?
▪︎COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်တော့ ထိုးဖို့ ညွှန်းလေ့မရှိပါ
▪︎လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်
💉ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား?
▪︎ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်အောင် ကူညီတာပါ၊
▪︎ဒါကြောင့် Maskတပ်, လက်ဆေး, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်
💉 ကာကွယ်ဆေး မထိုးခင် ဘာတွေပြင်ဆင်မလဲ?
▪︎ကိုယ် ထိုးရမယ့် ကာကွယ်ဆေးအကြောင်း လေ့လာပါ
▪︎နဂို သောက်လက်စ ဆေးတွေရှိရင် ဆက်သောက်ပါ
▪︎အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ
▪︎ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ
💉 ကာကွယ်ဆေးထိုးပြီး ဘာတွေ သတိထားမလဲ?
▪︎ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ
▪︎နာကျင်ကိုက်ခဲလျှင် ပါရာစီတမော သောက်လို့ရပါတယ်
▪︎၂ပတ်အတွင်း အခြားကာကွယ်ဆေး မထိုးသင့်ပါ
💉 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာက ဆေးအောင်တာလား?
▪︎မဆိုင်ပါဘူး၊ ဆေးအောင်မအောင် Antibody titre စစ်နိုင်ရင် သိရပါတယ်
💉 ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား?
▪︎Antibody ထွက်တာပါ
▪︎Antigen ထွက်နေတယ်ဆို အဲဒါ COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး
💉 ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ?
▪︎ဆေးထိုးပြီး ၂ပတ်လောက်ဆို Antibody စ,ထွက်ပါပြီ၊
▪︎ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆-၈လအထိ ဆေးအာနိသင် ခံလေ့ရှိပါတယ်
💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား?
▪︎တိကျတဲ့ သုတေသန အဖြေမထွက်သေးပါဘူး
▪︎ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ကြိမ်အပြည့် ထိုးစေချင်ပါတယ်
ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ
Dr. NI (ဒေါက်တာနီနီ)
(P.S - ပုံထဲက %တွေက စာဖတ်တဲ့ website ပေါ် မူတည်ပြီး ကွဲလွဲမှု ရှိနိုင်ပါတယ်)
Photo :crd
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလို့ရလား
✅ ကိုယ်ဝန်ဆောင်မိခင်တွေရော၊ နို့တိုက်နေတဲ့ မေမေတွေပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလို့ရပါတယ်။
✅ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခဲ့ရရင် ရောဂါလက္ခဏာဒဏ်ကို ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလည်း ကိုယ်ဝန်ဆောင်မိခင်တွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းထားပါတယ်။
⚠️ တကယ်လို့ မေမေတို့မှာ နဂိုရောဂါအခံ တစ်ခုခုရှိနေရင်တော့ မထိုးမီ ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုပါမယ်နော် …
❗️နို့တိုက်မိခင်တွေဟာ နုနယ်သေးတဲ့ ကလေးငယ်နဲ့အတူ အမြဲရှိနေရတာဖြစ်လို့ ကလေးကို ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မသွားရအောင် ပိုပြီးသတိထားသင့်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားခြင်းဟာ ကိုယ်ကိုယ်တိုင်အတွက်ရော၊ ကလေးအတွက်ပါ အကျိုးရှိစေမှာပါ။
❇️ကာကွယ်ဆေးထိုးထားလို့လည်း ကလေးကို မိခင်နို့တိုက်တာ ရပ်ထားစရာမလိုပါဘူး။ ပုံမှန်အတိုင်းပဲ ဆက်တိုက်နိုင်ပါတယ်။
📌Happy Healthy Myanmar မှ ကျန်းမာရေးအသိပညာပေးများကို Telegram Channel: https://t.me/happyhealthymyanmar ကို join ထားပြီး ဖတ်ရှုနိုင်ပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။