D - MART

D - MART

D-mart is now operating with 5 convenience stores with 30 employees in Kalaw, Aung Pan and Pindaya.

07/08/2024

အရင်က ကြာညို့ ဝယ်တ်ိုင်း ဘာကွာလည်းမေးရင်..
မဖြေနိုင်ကြဘူး။

((ဒါလေးတွေ့လို့ ဗဟုသုတအဖြစ်ကူးယူလာတာပါ။))

မြင်းပျံကြာညို့ (၃)မျိုး ဘာကွာလဲ မေးတဲ့ Customer တွေ အတွက်ပါရှင့်..😍😍😍

(1) မြင်းသုံးကောင်ကြာညို့တံဆိပ် (အနီဖုံး)က အချိုကဲ အရသာဖြင့်ထုတ်လုပ်ထားပါတယ်ရှင်..
ထမင်းကြော်၊ ခေါက်ဆွဲကြော် ၊ကြာဇံကြော် ၊ ဘဲကင် လုပ်ရာတို့တွင် အသုံးများပါတယ်။

(2) စပါယ်ရှယ် ရွှေမြင်းကြာညို့တံဆိပ် (အဝါဖုံး)ကတော့ အငံဆိမ့်အရသာဖြင့် ထုတ်လုပ်ထားပါတယ်ရှင်..
ပစ္စည်း ကောင်းကောင်းကြိုက်သော အိမ်ရှင်မများအတွက် အထူးစပါယ်ရှယ်ဖြစ်ပါတယ်။

(3) မြင်းပျံကြာညို့တံဆိပ် (အဝါဖုံး)ချိုငံ အရသာဖြင့် ထုတ်လုပ်ထားပါတယ်..
အဓိက ရှမ်းခေါက်ဆွဲ ၊တို့ဟူးနွေး ၊ တရုတ်အကြော်အလှော် များတွင်သုံးပါတယ်၊ ခေါက်ဆွဲဆိုင်များ ၊စားသောက်ဆိုင် များအဓိကအသုံးများသော ၊ အကြိုက်များသော
မြင်းပျံကြာညို့ ဖြစ်ပါတယ်
crd to original uploader

20/07/2024

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)မှာ ချစ်ရတဲ့ Customer များစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့
ပြည့်စုံ၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း
D Mart မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှငိ့ 🙏🙏🙏

25/04/2024

☘️ကြာညို့နဲ့ပဲငံပြာရည်အကြောင်း☘️
****************************
နှင့်

☘️သုံးသင့်သည့်ဟင်းပွဲများအကြောင်း☘️
*******************************

ဒီကြာညို့ နဲ့ ပဲငံပြာရည်အခေါ်ကွဲလို့ ခဏခဏရှင်းတမ်း
ထုတ်နေရလို့..ရှင်းမှကိုရတော့မယ်..
အိမ်မှာ အခု ကိုယ်သုံးနေသော အမျိုးအစားတွေပါ..ABCကြာညို့ပုံက သူများပုံပါ..အိမ်မှာသုံးနေတာ ပုလင်းကဟောင်းနေပီမို့ သူများပုံယူသုံးထားတာပါ..
ပုံပိုင်ရှင်ကို ခရက်ဒစ်ပေးပါတယ် နော်..

အရင်ဆုံး ဒေသအခေါ်လေးတွေက စပြီးပြောပြမယ်.
ရှမ်းပြည် မန္တလေးနဲ့စစ်ကိုင်းတိုင်းဖက်မှာ ကြာညို့လို့ခေါ်ကြတယ်..

ရန်ကုန်တို့ဒီဖက်အောက်နယ်မှာတော့ ပဲငံပြာရည်
အပျစ်ရည် အနောက်ရည်လို့ခေါ်ကြတာများတယ်.
ဒါတောင်တချို့က ပဲနောက်ရည်လို့ခေါ်ကြသေးတယ်
ကြာညို့ဆိုတာဒီဖက်ကမသိဘူးရယ်.ဒီအခေါ်မသိကြ
ဘူး..

မော်လမြိုင် တို့ ကရင်တို့ဖက်မှာ ပဲဆီတဲ့...ကြာညို့တို့
အနောက်ရည်တို့မသုံးပြန်ဘူး..

Chefတွေညွန်းတဲ့ဟင်းပွဲတွေမှာတော့ Sweet soy sauce တို့ အနောက်ရည်ဆို Dark တို့ အကျဲဆို Light တို့ ညွန်းကျ ပါလိမ့်မယ်..
အဲ့ဒီမှာတင်ပဲ ကိုယ်တွေအိမ်ရှင်မအများစု
(တတ်ကျွမ်းနားလည်သူများမပါ)အူလည်လည် တွေကို ဖြစ်လို့..
အမှန်ကတော့ ကြာညို့ ပဲငံပြာရည် အကျဲ အပျစ်
တို့ပါပဲ..

Sweet (sweet soy sauce )ကြာညို့ကအချိုအရသာများတယ်.
အနံ့က ပဲအနံမစူးဘူး.ကိုယ်တွေသီပေါမှာတော့ မုန့်
လုပ်ထန်းလျှက် အမည်းကြီးတွေနဲ့ချက်တာ အချိုအရ
သာပဲ.ရှမ်းပြည်ကလူတွေသိတယ်.အဲ့လိုကိုယ်တိုင်ချက် တဲ့ ကြာညို့အချိုက တို့ဖူးပျော့တို့ ရှမ်းတို့ဖူးတို့နဲ့သိပ် လိုက်ဖက်တယ်..

ရှမ်းခေါက်ဆွဲထဲကျတော့ပါလေရုံလေး ပဲခပ်ရတယ်.အချိုကဲလို့..ဒီနေရာမှာ ပဲငံပြာရည် အကျဲ

အခုအောက်မှာပြထားတဲ့မြင်းပျံလိုကြာညို့တံဆိပ်ကျ
တော့ အရသာရောအနံ့အတွက်ပါအဓိက ထားပြီးခပ်
ကြတယ်..သူကကျတော့ ပဲအနံ့လေးနဲ့ငန်တယ် ကျဲတယ်
ဒါကြောင့် ပဲငံပြာရည်အကျဲပေါ့ အဲ့ဒါကိုဆိုလိုတာ..

ဝက်/ကြက်/ဘဲကိုပြုတ်ကြော်.အချိုချက်/အချိုပေါင်း
စသဖြင့် ချက်ပြုတ်ပေါင်းမယ်ဆိုရင်တော့ Sweet soy
Sauce ကြာညို့အချိုအစား Dask soy sauce ပဲငံပြာ
ရည်အပျစ်/အနောက်ရည်/ပဲဆီ လိုမျိုး အရောင်ပိုမည်း
အရသာပိုချို အငန်ပေါ့တဲ့အမျိုးအစားကိုသာရွေးသုံး
ရင် ဟင်းအရောင်က ခပ်ညို့ညို့လေးနဲ့ပိုလှတယ်..

ဥပမာ ABC တံဆိပ်လိုမျိုးပေါ့.သူကျတော့ပဲကိုအခြေခံ
ပြီးထုတ်ထားတဲ့ အရသာအချိုပါ.အဲ့ဒါကြောင့် ဟင်း
ချက်တာမျိုး ခေါက်ဆွဲ ကြာဇံ ထမင်းကြော်တဲ့အခါနဲ့
သိပ်လိုက်ဖက်ပါတယ်..

ရှမ်းခေါက်ဆွဲ တို့အရွက်ကြော် စတူးဟင်းရည်ထဲမှာ
ခပ်တဲ့ပဲငံပြာရည်အကျဲဆိုတာ Light soy sauceပါပဲ.
သူကလည်း ပဲကိုအခြေခံပြီးထုတ်ထားတဲ့အမျိုးအစားပါ.

အားလုံးခြုံပြီးပြောရမယ်ဆိုရင်တော့ ဒေသအခေါ်ကွဲ
တာပါ..ပြီးတော့ အားလုံးက ကြာညို့ ပဲငံပြာရည်အကျဲ
အပျစ် အနောက်ရည် ပဲနောက်ရည် ပဲဆီ တူတူပါပဲ..
အားလုံး Soy sauceတွေပါပဲ..

Sweet soy sauce ကအချိုအရသာကဲမယ် အရောင်
သိပ်မရဲဘူး.သိပ်မနောက်ဘူး..ဥပမာ ထန်းလျှက်နဲ့ချက်
တဲ့ကြာညိူ့ကိုဆိုလိုတာ..
Dask (sweet soy sauce )ကြာညို့ ပဲငံပြာရည်အနောက် အပျစ် ကျတော့ အရောင်ပိုမဲ ပိုချိုလွန်း အငန်အနည်းငယ်ပါမယ်
အများကြီးသုံးမိရင် ဟင်းပွဲတွေက အရောင်မဲပီး ပဲနံ့စူး
ပြီးချိုသလိုလိုနဲ့ငန်သယောင်ယောင်ဖြစ်တတ်တယ်..

Light (sweet soy sauce )ကြာညို့ ပဲငံပြာရည်အကျဲကျတော့ ပဲအနံ့စူးတယ် အရသာကငန်တယ် အရည်ကျဲတယ်..
သူ့ကို တရုတ်ဟင်းကြော်လှော်တာမျိုး အရွက်ကြော်
တာမျိုး ရှမ်းခေါက်ဆွဲ ထဲထည့်သုံးတာမျိုး ယိုးဒယား
တွေချက်ရင်ပိုအသုံးများပါတယ်..

ဒါတောင်ကိုယ်မသိသေးတဲ့ Sweet soy sauce အမျိုးအစားတွေရှိပါသေးတယ်..အများကြီးပါ..

Quality အလိုက် တံဆိပ်အမျိုး အရသာအမျိုးမျိုး အနံ့အမျိုးမျိုးထွက်နေတာပါ. ဗမာကြာညို့ အနောက်ရည်မျိုး ပုလင်းအသေးလေးနဲ့ထွက်နေတာမျိုးတွေလည်းရှိတာပဲ
အဲ့ဒီဗမာကြာညို့ကို ရှမ်းတို့ဖူးမှာသွားခပ်ရင် အရသာက ပျက်ရောပဲ..
သူ့အမျိုးအစားနဲ့သူလိုက်ဖက်မူရှိတဲ့ ဟင်း ကိုပဲသုံးရပါမယ်..

ဆိုလိုတာက. မိမိတို့သုံးတဲ့ကုန်ကြမ်းပေါ်မူတည်ပြီး ဟင်း အရသာကပြောင်းသွားမှာပါ..
ဟင်းတစ်ပွဲအတွက် အညွန်း ပေးရင် ပါဝင်ပစ္စည်း ကြာညို့ ပဲငံပြာရည်အပျစ်အကျဲ လို့သာရေးပေးလိုက်ပေမဲ့..မိမိတို့ရွေးချယ်သုံးမိတဲ့ တံဆိပ် အမျိုးအစားပေါ်မူတည်ပြီး အရသာအနံတွေကွဲကုန်တာပါ..
ကိုယ်သိသလောက်လေးရှင်းပြပေးတာပါ..ဆရာအ
ဆင့်တတ်ကျွမ်းနားလည်သူမဟုတ်ပါ..ဝါသနာရှင်အဆင့်လောက်ပဲ နားလည်သူမို့ အကယ်၍ အမှားပါခဲ့ရင် သည်း ခံနားလည်ပေးကြပါနော်..

စေတနာဖြင့် ..
မမလိူင်..Hlaing Hlaing

မူရင်းပို့စ်ပိုင်ရှင်Credit🥰
#တောဓလေ့

24/04/2024

D-Mart ဈေးဝယ်သူများအား အသိပေးအကြောင်းကြားခြင်း ‼️

𝐃-𝐌𝐚𝐫𝐭 စျေးဝယ်သူများအား ဆိုင်၌ ငွေပေးချေရာတွင် 𝐊𝐏𝐚𝐲 ကဲ့သို့ 𝐌𝐨𝐛𝐢𝐥𝐞 𝐏𝐚𝐲𝐦𝐞𝐧𝐭 များအတွက်
𝐊𝐏𝐚𝐲 နံပါတ်ဖြစ်တဲ့
➡️ 09-5280180 ဖုန်းတစ်လုံးထဲကိုသာ ရှိကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

𝐃-𝐌𝐚𝐫𝐭 ဆိုင်တွင် ဤဖုန်းနံပါတ် မှအပ အခြားသော Kpay ဖုန်းနံပါတ်များ ဆိုင်တွင် လုံးဝ လုံးဝ မရှိကြောင်း ချစ်ရတဲ့ ဝယ်သူတွေကို အသိပေးအပ်ပါတယ်နော် ‼️

17/04/2024

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ကာလ အချိန်သမယလေးမှာ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ၊ ရွှင်လန်းချမ်းမြေ့တဲ့ သင်္ကြန်အချိန်အခါကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း D- Mart မိသားစုမှ ဆုမွန်ကောင်းတောင်းရင်း သင်္ကြန်နှစ်သစ်လေးအား ကြိုဆိုလိုက်ပါတယ်။

May everyone be happy and healthy this Thingyan moment throughout Myanmar, which represents the end of the previous year and the beginning of the new one. We at D - Mart wish you a joyful and serene Thingyan New Year.

11/04/2024

နွေနေပူပူမှာ လွယ်ကူရိုးရှင်းတဲ့ Homemade Mojitoလေးပြုလုပ်ဖို့ Sprite တစ်ဗူးပဲလိုပါတယ်နော်

• သံပုရာသီး 🍋: သံပုရာသီးကို ဉီးစွာအရည်ညစ်ထားပါ။
• ပူစီနံရွက် : ပူစီနံရွက်လေးများကို ရေသေချာစွာဆေးပြီးနောက် သောက်မည့်ခွက်ထဲသို့ သံပုရာရေနှင့်ရောထည့်ပါ။
• ရေခဲ🧊: ကိုယ်လိုအပ်သလောက် ရေခဲပမာဏကိုထည့်ပါ။
• Sprite: အားလုံးထည့်ပြီးပါက Sprite ကိုထည့်၍ သမအောင်မွှေလိုက်ပါ။

ဒါဆိုအားလုံးကြိုက် လုပ်ရလည်းလွယ်ကူတဲ့ homemade mojito လေးတစ်ခွက်ရသွားပါပြီနော်

11/04/2024

📣ဆိုင်ပိတ်ရက်ကြေညာခြင်း📣

💦မင်မင်တို့ D - Mart ဆိုင်ခွဲများအားလုံးကို (14.4.2024) ကနေ ( 17.4.2024) ရက်နေ့အထိ သင်္ကြန်နှစ်ကူးပိတ်ရက်အနေနဲ့ ခေတ္တပိတ်မှာဖြစ်တဲ့အကြောင်းလေးစားစွာ အသိပေးအပ်ပါသည်ရှင့် ။ D - Mart customer တွေအားလုံးလည်း သင်္ကြန်ချိန်ခါမှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…🙏🏻🥰

Photos from D - MART's post 01/04/2024

အတာတန်ခူး သည်နှစ်ကူးမှာ လူကြီးမိဘများ ဂါဝရပြုရန်အတွက် တို့ D Mart 💦💦

မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်အခါသမယမှာ လူကြီးမိဘတို့ကို ဂါဝရပြုလက်ဆောင်ကန်တော့ခြင်း ပေးဖို့ဆိုရင် D Mart ကိုသတိရပေးပါနော် ☺️✨

D Mart မှာ လူကြီးမိဘတို့ကို ဂါဝရပြုလက်ဆောင်ပေးဖို့ရန်အတွက် အတာနှစ်ကူး လက်ဆောင်ခြင်းအမျိုးမျိုးကို ဈေးနှုန်းအစားစားအလိုက် ဝယ်ယူရရှိနိုင်ပါတယ်ရှင့် ✨

လက်ဆောင်ခြင်းထဲပါရှိသော လက်ဆောင်ပစ္စည်းတို့ကိုလည်း ဝယ်ယူသူတို့ စိတ်တိုင်းကျ Customize ရွေးချယ် ထည့်သွင်းနိုင်ပါတယ်ရှင့်

D Mart ကမှာယူတာများကို အိမ်အရောက် Delivery လည်းပို့ပေးတာမလို့ စိတ်ကြိုက်မှာယူလို့ရပါတယ်နော် ☺️

အသေးစိတ်သိရှိလိုပါက Messenger နှင့် ရုံးဖုန်းမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 🗨️
☎️ Ph - 09266200100

30/03/2024

D Mart နဲ့ များများဝယ်လေ ပိုပိုတန်လေ သင်္ကြန်အထူးလျော့ဈေး 💦

D Mart ကနေ သတ်မှတ်ထားတဲ့ ပစ္စည်းတစ်ခုကို 300 ကျပ် လျော့ဈေးရမယ့် သင်္ကြန် Mega Sales 💦✨

လျော့ဈေးအဖြစ်သတ်မှတ်ထားတဲ့ပစ္စည်းတစ်ခုကို (၃၀၀)ကျပ် လျော့ဈေးနဲ့ ပစ္စည်း (၁၀)ခု ဝယ်မယ်ဆို (၃၀၀၀)ကျပ်တောင် လျော့ဈေးတွေရဦးမှာဆိုတော့ များများဝယ်လေ ပိုပိုတန်လေ ✌️

👉 အခု Promotion ကတော့ မတ်လ (၃၀) ရက်နေ့ကနေ ဧပြီလ (၁၂) ရက်နေ့အထိပဲနော်

သင်္ကြန်တွင်းအိမ်တွင်းအောင်းမယ့် အစားတလိုင်းတို့အတွက် မုန့်တွေကြိုဝယ်စုထားဖို့ဆို D Mart နော်

D Mart ကမှာယူတာများကို အိမ်အရောက် Delivery လည်းပို့ပေးတာမလို့ စိတ်ကြိုက်မှာယူလို့ရပါတယ်နော် ☺️

အသေးစိတ်သိရှိလိုပါက Messenger နှင့် ရုံးဖုန်းမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 🗨️
☎️ Ph - 09266200100

Photos from D - MART's post 28/03/2024

ကျန်းမားရေးနဲ့ညီညွတ်ပြီး အပူကျေတဲ့ U Globeပင်ပွါးဖျော်ရည်

ဆေးဖက်လည်းဝင်ပြီး ကျန်မာရေးအတွက် များစွာအထောက်အကူပြုတဲ့ သဘာဝသစ်သီးဖျော်ရည်

ကိုယ်အလေးချိန်ကို လျော့ချပေးတဲ့ ပင်ပွားစေ့လေးတွေပါတဲ့ သဘာဝသစ်သီးဖျော်ရည်

တစ်ငုံလေးသောက်လိုက်ရုံနဲ့ ပင်ပန်းမှုတွေကို ချက်ချင်းပျောက်သွားစေမယ့် သဘာဝသစ်သီးဖျော်ရည်

ဒီလိုကောင်းကျိုးတွေ များစွာရှိတဲ့ ဖျော်ရည်ကို သောက်ချင်တယ်ဆိုရင် Uglobe Basil Seed Drink ရှိပါတယ်ရှင်

အရသာ (6) မျိုးရှိလို့ ကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ် သောက်ကြည့်ပါနော်

26/03/2024

နွေရာသီရောက်လာတာနဲ့အမျှ ရာသီဥတုပူပြင်းမှုဒဏ်တွေကို လူတိုင်း ခံစားနေကြရပါတယ် ..
အပူလွန်ကဲတဲ့ နွေအပူချိန်ကြောင့် အပူရှပ်ခြင်း၊ ဖျားနာခြင်းတို့ကိုလည်း ခံစားလျက်ရှိနေကြပါတယ်..

ဒီတော့ အခုလိုပူပြင်းတဲ့ နွေအပူဒဏ်ကို သက်သက်သာသာနဲ့ ဘယ်လိုနေထိုင်ကြမလဲဆိုတာပြောပြပေး‌မယ်နော်

🌟 မိမိ ခန္ဓာကိုယ်ကို အေးအောင်နေပါ။
Air-corn အခန်းထဲပဲဖြစ်ဖြစ်၊ Fan ဖွင့်ပြီးပဲဖြစ်ဖြစ်၊ အရိပ်ရှိ၍အေးမြသောနေရာများတွင်ဖြစ်ဖြစ် နေထိုင်ပါ။
တစ်ခု သတိပြုရမှာက အပူအေးမျှတအောင်လည်း နေရပါမယ်နော်။

🌟 လေဝင်လေထွက်ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ချည်သားအင်္ကျီတွေ ဝတ်ဆင်ပါ။

🌟 ရေဓာတ်ခမ်းခြောက်မှု မဖြစ်ဖို့ရေများများသောက်ပေးပါ။ အနည်းဆုံး တစ်နေ့ ၂ လီတာ သောက်ပေးပါ။

🌟 နေ့လည်နေ့ခင်း ခရမ်းလွန်ရောင်ခြည်မြင့်မားနေတဲ့ [10 am - 4 pm] အချိန်မျိုးမှာ ပြင်ပသို့အကာအကွယ်မပါဘဲ ထွက်ခြင်းကိုရှောင်ရှားပေးပါ။

🌟 အထူးသဖြင့် အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများနှင့် ၁၀ နှစ်အောက်ကလေးများအား ထိုအချိန်များတွင် ရေဓါတ်ခမ်းခြောက်ခြင်းမဖြစ်စေရန် အထူးဂရုစိုက်ပေးပါ။

ခရမ်းလွန်ရောင်ခြည်မြင့်မားနေသော အချိန်များတွင် မဖြစ်မနေ အပြင်သွားရမည်ဆိုပါကSPF ပါဝင်တဲ့နေရောင်ကာLotion တို့ကိုလိမ်းသွားခြင်း၊ နေကာမျက်မှန်၊ ထီး၊ ဉီးထုပ်ကဲ့သို့သော အကာအကွယ်များယူဆောင်သွားခြင်းတို့ ပြုလုပ်ကြဖို့ မင်မင်တို့ကနေအကြံပေးပါရစေနော်။

🌟SPF ပါတဲ့ Lotion များကို ဝယ်ယူချင်ရင်တော့ D - Mart Store မှာဝယ်ယူအားပေးလို့ရနေပါပြီနော်....

26/03/2024

ရာသီဥတုအပြောင်းအလဲမှာ နေ့စဉ် လိုအပ်နေတဲ့ Vitamin C ဓာတ်ကို Sunquick ကနေ ရယူလိုက်ပါနော် 🍊

Need a Vitamin C for daily use, Take Sunquick Juice for your need 🍊

Photos from D - MART's post 25/03/2024

🍃 သကြားလုံးဝမပါတဲ့ သဘာဝအရသာစစ်စစ် 🍃

အသီးကိုတကူးတက ဝယ်မစားဖြစ်တဲ့သူတွေအတွက် 𝐂𝐡𝐚𝐛𝐚𝐚 လေးရှိပါတယ် . . . ထိုင်းနိုင်ငံကနေ ထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် သဘာဝအသီးဖျော်ရည် . . . 𝐂𝐡𝐚𝐛𝐚𝐚 . . . 100% အသီးစစ်စစ်နဲ့ ပြုလုပ်ထားပြီး သကြားလုံးဝမပါဝင်လို့ အသီးရဲ့ဓာတ်တွေ အပြည့်အဝရရှိစေမှာနော် . . .

Photos from D - MART's post 20/03/2024

လူကြီးမင်းတို့ရဲ့ကားများနဲ့နေအိမ်အတွင်းခန်းများကိုအနံ့အသက်ဆိုးများမှကင်းဝေးပြီးစိတ်ကြည်လင်လန်းဆန်းစေနိုင်တဲ့Hope Scent Solutionsမှထွက်ရှိတဲ့ကြိုးဆွဲကားရေမွှေးလေးများကိုD-MART မှာဝယ်ယူရရှိနိုင်ပါပြီနော😊😊😊

02/03/2024

ယနေ့ ၂.၃.၂၀၂၄ ( စနေနေ့ ) တွက်ကျရောက်သော
🌾 " တောင်သူလယ်သမားနေ့ " 🌾 အား D Mart မှ ဝမ်းမြောက်စွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ရှင့် 🙏🏻

🌾 ကျေးဇူးရှင်တောင်သူလယ်သမားဦးကြီးများ ဦးကြီးများအားလုံးလည်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး အလုပ်အကိုင်များလည်း ဆထက်မက ဖွံဖြိုးတိုးတက်ကြပါစေကြောင်း D Mart မိသားစုမှ ဆု‌တောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙏

Photos from Star ဝါးတူ's post 01/03/2024
01/03/2024

သင်ဟာစားသောက်ကုန်ရောင်းတဲ့သူလား?
ကိုယ်တိုင်စားသောက်ဆိုင်ဖွင့်ပြိီး ရောင်းချမယ့်သူလား?
အခုခေတ် စားသောက်ဆိုင်ဖွင့်ပြီဆိုတာနဲ့ သန့်ရှင်းတဲ့ပစ္စည်း‌ကောင်းသုံးတာကအဓိကပဲနော် ✅

စားသောက်ဆိုင်အတွက် တစ်ခါသုံးဝါးတူကိုမှ စျေးသက်သက်သာသာနဲ့လည်းရချင်တယ် Quality ကောင်းတာထဲကလည်း ရချင်တယ်ဆိုတော့ STAR ဝါးတူ ရှိတယ် 🥢🥢

Quality ကောင်းတာရချင်ရင် စျေးကြီးမှရတယ်ဆိုတာ Star မှာမရှိဘူးနော် ❗

Star ဝါးတူတံဆိပ်ဟာ ဆိုရင်ဖြင့် ဝါးတူကိုစနစ်တကျ ပိုးသတ်ပေါင်းခံထားတာကြောင့် ၆လအတွင်း မိူတက်ခြင်း၊ မဲသွားခြင်းမရှိကြောင်း အထူးအာမခံပါတယ်ရှင့် 🥢🥢

စနစ်တကျ မိူသတ်ထားခြင်းမရှိတဲ့ ဝါးတူကိုသုံးစွဲခြင်းဖြင့် ဝါးတူကနေထွက်ရှိလာတဲ့ Aflatoxin ကြောင့် အသည်းကင်ဆာဖြစ်နိုင်ပါတယ် ‼️

ဒါကြောင့် ရောဂါကင်းပြီးကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ Star ဝါးတူကို သုံးကြစို့ 🥢🥢

ဒါ့အပြင် D Mart မှာဝယ်ယူပြီဆိုတာနဲ့ ဆိုင်အရောက်၊ ဂိုဒေါင်အရောက်ပို့ပေးမယ့် service လည်းရှိသေးတယ်နော် ✅

အသေးစိတ်သိရှိလိုပါက Messenger နှင့် ရုံးဖုန်းမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 🗨️
☎️ Ph - 09266200100

28/02/2024

[လူညံ့ တစ်ယောက် မဖြစ်ဖို့အတွက် စာဖတ်ပါ]
===========================

📗အလိမ္မာ စာမှာရှိ "
စာအုပ်စာပေ လူ့မိတ်ဆွေ "ဆိုတဲ့အတိုင်း
စာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလို
စာအုပ်ဆိုတာလည်း အကောင်းဆုံးမိတ်ဆွေပါ။

📕စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်လို့
စာပေအသိုင်းအဝိုင် မြင့်မားနေမှသာလျှင်
နိုင်ငံ လူမျိုး အဖွဲ့အစည်းအသီးသီးဟာလည်း
တဖြည်းဖြည်းနဲ့ အရည်အသွေးမြင့်မား~~~
တိုးတက်လာပြီး စိတ်နေသဘောထားတွေလည်း
လှပ တင့်တယ်လာနိုင်မှာ ဖြစ်ပါတယ်။

📔အရေမရ အဖတ်မရတွေ ရှာကြည့်နေမယ့်အစား
အကျိုးမရှိတာတွေ ထိုင်ပြောနေကြမယ့်အစား
ပျင်းရိ ငေးမှိုင် ထိုင်ဆွေးနေကြမယ့်အစား~~
အပျော်အပါးတွေနဲ့ အမြဲအချိန်ကုန်နေမယ့်အစား
စာဖတ်နေခြင်းဟာ အကောင်းဆုံးပါပဲ~~~~~။

📗သုတ စာပေတွေက
ဦးနှောက်အရည်အသွေး မြင့်မားတိုးတက်ဖို့
ထက်မြတ်ပြီး အချက်ကျကျ စဉ်းစားတွေးခေါ်တက်ဖို့
အထောက်အကူပေးပါလိမ့်မယ်။

📔ရသ စာပေတွေက
စိတ်နှလုံးစွမ်းရည် ပြည့်ဝပြီး စိတ်ဓာက်တွေ
ခိုင်မာစေဖို့ စိတ်သဘောထားတွေနူးညံ့သိမ်မွေ့ဖို့
အထောက်အကူပေးပါလိမ့်မယ်။

📕အတ္တုပ္ပတ္တိစာအုပ်တွေက
ဘဝမှာ အတုယူစရာတွေနဲ့
ရှောင်စရာ ဆောင်စရာတွေကို
စိတ်ဝင်စာဖွယ် လမ်းညွှန်ပြပေးပါလိမ့်မယ်။

📗ရာဇဝင်နဲ့ သမိုင်းစာပေတွေက
မတုံးေစဖို့ အလိမ္ညာမခံရေစဖို့
အမှားအမှန်ခွဲခြားသိစေဖို့အတွက်~
အံသြဖွယ်ရာ စိတ်ဝင်စားစရာတွေနဲ့
ဖျော်ဖြေ တင်ဆက်ပေးပါလိမ့်မယ်။

📔ဝတ္ထု / ကဗျာ / အက်ဆေး
ပုံပြင်/ ဟာသ / အချစ် အလွမ်း~စာပေတွေက
စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်းစေဖို့

အထီးကျန်မှုက လွတ်မြောက်စေနိုင်ဖို့
အမုန်း အာဃာတတွေ လျော့နည်းစေဖို့
ယုတ်မာ ရိုင်းစိုင်းတဲ့သူ မဖြစ်စေဖို့အတွက်နဲ့

သာယာ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာ
စေနိုင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။

📕စာ ဖတ် ပါ
အတ္တစိတ်တွေ လျော့ချဖို့အတွက်
အတွေးအခေါ်တွေ ထက်မြတ်ဖို့အတွက်
အခက်အခဲကို ရင်ဆိုင်နိုင်ဖို့အတွက်

ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့တွက်
တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်စေဖို့အတွက်
တည်ငြိမ် ရင့်ကျက်သူ ဖြစ်လာစေဖို့အတွက်

တစ်ယောက်ထဲ ဖြတ်သန့်းနိုင်ဖို့အတွက်
မိသားစုကြားမှာ နာလည်းမှုတွေရှိဖို့အတွက်

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ဖို့အတွက်
အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေ
ဖို့အတွက် စာဖတ်ပါ / မဖြစ်မနေ ဖတ်ပါ~။

📗စာဖတ်တဲ့သူဟာ
ကန်ရေပြင်လို တည်ငြိမ်လာနိုင်တယ်။

📚စာဖတ်တဲ့သူဟာ
လဖ္ဘက်ရည်လေးတစ်ခွက်လို
မွှေးရနံ့သင်လာနိုင်တယ်~~။

📔စာဖတ်တဲ့သူဟာ
မိုးသားတိမ်လေးတွေလို ဖြူစင်လာနိုင်တယ်။

📕စာဖတ်တဲ့သူဟာ
နေဝင်ဆည်းဆာလေးလို လှပလာနိုင်တယ်။

📗စာဖတ်တဲ့သူဟာ
ကြယ်စင်လေးတွေလို လင်းလက်လာနိုင်တယ်။

📔စာဖတ်တဲ့သူဟာ
နပိုလီယံလိုမျိုး ရဲရင့်လာနိုင်တယ်။

📕စာဖတ်တဲ့သူဟာ
ကိုလံဘတ်လိုမိ်ျုး စွန်းစာရှာဖွေလာနိုင်တယ်။

📗စာဖတ်တဲ့သူဟာ
မာလာလာလိုမျိုး သတ္တိရှိလာနိုင်တယ်။

📔စာဖတ်တဲ့သူဟာ
ဗိုလ်ချုပ်အောင်ဆန်လိုမျိုး
နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေလာနိုင်တယ်။

📕စာဖတ်တဲ့သူဟာ
ဦးသန့်လိုမျိုး ကမ္ဘာကျော်လာနိုင်တယ်။

📗စာဖတ်တဲ့သူရဲ့ အနာဂတ်ဘဝဟာ
ဘာမဆို ဖြစ်လာနိုင်တယ်~~~~~~~
မျော်လင့်ချက်တွေနဲ့ ရှင်သန်နေနိုင်တယ်။

📔လောကကြီးဆီက လူသားတွေနဲ့
ပတ်ဝန်းကျင်ဆီက စာအုပ်စာပေတွေကနေ
မသေမချင် လေ့လာ သင်ယူနေရမယ်။

📕ဒါ ကြောင့်
အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်ပါ
လူညံ့တစ်ယောက်မဖြစ်စေဖို့အတွက် စာဖတ်ပါ~။

to the original uploader

28/02/2024
24/02/2024

သတ္တဝါများအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ

25/12/2023

𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 𝒕𝒐 𝒚𝒐𝒖 𝒂𝒍𝒍 🎄☃️

ခုနှစ်ရက် သား၊သမီးများ အားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ၊ ချစ်ရတဲ့ မိသားစုဝင်တွေနဲ့ အတူတူ ပျော်ရွှင်ဖွယ်ရာ အမှတ်တရများစွာကို ဖန်တီးနိုင်ကြပါ‌‌စေလို့ D Mart မိသားစုကနေ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် ✨✨

Photos from D - MART's post 17/12/2023

D Mart ရဲ့ အရောင်းရဆုံး အမေးအများဆုံး စားသောက်ကုန်ပစ္စည်းတွေ Instock ပြန်ဝင်ပါပြီရှင့် ☺️

ယိုးဒယားတံဆိပ်နာမည်ကြီး ပုစွန်ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ယိုးဒယား မုန့်ပုံးများ၊ Nutella များအပြင် တရုတ်ကနာမည်ကြီး မာလာအနှစ်ဘူးမျိုးစုံပါ ပြန်ဝင်ထားတာမလို့ ပစ္စည်းတွေရှိတုန်း မြန်မြန်လာဝယ်ထားမှ စိတ်ချရမယ်နော် ☺️☺️

D Mart ကမှာယူတာများကို အိမ်အရောက် Delivery လည်းပို့ပေးတာမလို့ စိတ်ကြိုက်မှာယူလို့ရပါတယ်နော် ☺️

အသေးစိတ်သိရှိလိုပါက Messenger နှင့် ရုံးဖုန်းမှတစ်ဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့် 🗨️
☎️ Ph - 09266200100

27/11/2023

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့ ✨

🪔 ယနေ့ ၂၇.၁၁.၂၀၂၃ ရက်နေ့တွင်ကျရောက်သည့် "တန်ဆောင်မုန်းလပြည့်" အခါသမယတွင် ချစ်ရတဲ့မိသားစုတွေအားလုံး ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် လိုအင်ဆန္ဒအပေါင်း ပြည့်စုံပါစေကြောင်း D Mart မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ... 🙏🙏🙏

Videos (show all)

မိုးအေးအေးလေးနဲ့ ခေါက်ဆွဲပြုတ်လေးစား 😋 ခေါက်ဆွဲပြုတ်ကို ဒီလိုပုံစံလေး ပြုတ်စားကြည့်နော် တကယ်စားကောင်းတယ် ကြက်ဥနှစ်လေးရယ်...
ဒီနေ့အတွက် order လေးတွေ ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်… အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🥳 နောက်ရက်တွေအတွက်...
Ice Cream Chilli Chilli Ice Cream Challenge 🍦
မိုးအေးအေးလေးမှာ Samyang ခေါက်ဆွဲစပ်စပ်လေးကို K Drama 🎥  လေးကြည့်ရင်းစားမလား စာအုပ်လေး 📚 ဖတ်ပြီး စားမလား ...ကဲ ဘာကြည့်နေ...

Telephone

Website

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00