Daily phrasal verbs by Phone Khant

Daily phrasal verbs by Phone Khant

This page delicates to the fellow phrasal verbs learners, knowledge seekers in English.

11/03/2022

" Call it a day "

( English Programme ပဲဖြစ်ဖြစ် စာသင်တဲ့အပိုင်းမှာပဲဖြစ်ဖြစ် " ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ " လို့ပြောတဲ့အခါမှာ " Call it a day! (Or) Let's call it a day! " စတဲ့ Idiom လေးတွေသုံးကြပါတယ်။)

Phone Khant

03/12/2021
25/11/2021

ဒီpageကနေပဲ ဆက်sharingလုပ်သွားပါတော့မယ်

အရင် ဒီpageထဲဝင်မရလို့ pageအသစ်ကလေးထောင်လိုက်ရတာပါ

အခုpageပြန်ရတော့ အရင်ကျွန်တော့်pageကပဲ ပြန်shareပါမယ် ရှယ်ရှဲမှာပါ😁

24/11/2021

ရှေးပညာရှိတို့ရဲ့ Motivational quotes လေးတွေဖတ်ကြစို့

(1) I will success one day.
Not immediately but definitely.

(ငါတစ်နေ့အောင်မြင်ရမယ်
ချက်ချင်းကြီးတော့မဟုတ်ပေမယ့် သေချာတယ်အောင်မြင်ရမယ်)

(2) Pain makes you stronger.
Tears make you braver.
Heartbreak makes you wiser.
So thank the past for a better future.

(နာကျင်မူကြောင့် ကြံ့ခိုင်တဲ့သူဖြစ်စေတယ်
မျက်ရည်တွေက ရဲရင့်တဲ့သူဖြစ်စေတယ်
အသည်းကွဲခြင်းက ထက်မြတ်တဲ့သူဖြစ်စေတယ်
ဆိုတော့ ပိုကောင်းတဲ့အနာဂတ်အတွက်
အတိတ်ကိုကျေးဇူးတင်လိုက်ပါ)

(3) When you focus on you, you grow.
When you focus on s**t, s**t grow.

(မင်းကိုယ်မင်းအာရုံစိုက်ရင် မင်းကြီးပွားမယ်
မင်းအရေမရအဖတ်မရတွေကိုသာ
အာရုံစိုက်နေရင် အရေမရအဖတ်မရတွေပဲကြီးပွားမယ်)

(4) Sometimes silence is the best answer.

(တစ်ခါတစ်လေ တိတ်တိတ်ကလေးနေပေးလိုက်တာဟာ အကောင်းဆုံးအဖြေပါပဲ)

(5) If you want something you have never had, you must be willing to do something you have never done.

(မပိုင်ဆိုင်ဖူးတဲ့အရာကိုပိုင်ဆိုင်ချင်ရင် မလုပ်ဖူးတဲ့အရာကိုလည်း လုပ်ရဲရမယ်)

Thanks for reading

Phone Khant

23/11/2021

(အချိန်အကြာကြီးအိပ်တာမျိုး (သို့) မြန်မာစကားနဲ့ဆို နေဖင်ထိုးတဲ့ထိအိပ်ပျော်သွားတာမျိုးကို​ပြောတဲ့အခါ " sleep in " ဆိုတဲ့ phrasal verbကိုသုံးကြပါတယ်)

Example(1)

Tomorrow is my optional rest day, so I can sleep in.

(မနက်ဖြန် ငါ့နားရက်ပဲ ဒီတော့ ငါနေဖင်ထိုးတဲ့ထိအိပ်လို့ရတယ်)

Example(2)

I couldn't get up early in this morning because I slept in.

(ငါ နေဖင်ထိုးတဲ့အထိအိပ်လိုက်လို့ ဒီမနက် စောစော မထနိုင်ခဲ့ဘူး)

(တစ်ယောက်ယောက်ကို ကိစ္စတစ်ခုခုအတွက်(date,......)ချိန်းတွေ့ဖို့ ပြောဆိုတဲ့အခါ " Ask out " ဆိုတဲ့ phrasal verbကို သုံးကြပါရဲ့)

Example(1)

She asked me out for a date but I said no.

(သူမ ကျွန်တော့်ကို ချိန်းတွေ့ဖို့ ပြောခဲ့တာ ဒါမယ့်ကျွန်တော်ငြင်းလိုက်တာ)

Example(2)

When she first asked me out for a date, I was on cloud nine.

(သူမ ကျွန်တော့်ကို ပထမဦးဆုံး တွေ့ကြည့်ကြဖို့​ပြောလိုက်တုန်းက ကျွန်တော်အရမ်းပျော်သွားတာ)

Thanks for reading

Phone Khant

21/11/2021
18/11/2021

ပျော်ရွှင်တာနဲ့ပတ်သတ်တဲ့ Idiomsနှစ်ခုနဲ့မိတ်ဆက်ပေးပါရစေ

"I'm happy "လို့ကိုယ်ကမသုံးချင်ရင်

I'm over the moon.
(ကျွန်တော်အရမ်းပျော်တယ်)

I'm on cloud nine.
(ကျွန်တော်အရမ်းပျော်တယ်)

Phone Khant

18/11/2021

ဒီတစ်ခါမှာတော့ ကြိမ်နှုန်းပြ adverbs တွေနဲ့ပတ်သတ်ပြီးမေးထားလို့ပါ

Always (100% sure to act✅)
I always brush my teeth at night.

Usually (90% sure to act✅)
I usually go to work on foot.

Normally / generally (80% sure to act✅)
I normally go to gym.

Often /frequently (70% sure to act✅)
I often wash my hands.

Sometimes (50% sure to act✅)
I sometimes sing in the shower.

Occasionally (30% sure to act✅)
I occasionally go for a walk.

Seldom (10% sure to act✅)
I seldom eat potatoes.

Hardly ever/ rarely( 5% sure to act✅)
I rarely get angry.

Never (0% sure to act✅)
I never eat salty food.

(နောက် adverb သုံးပုံကိုရောသူတွေရှိရင်လည်း form လေးတွေကို categories လေးတွေခွဲပေးလိုက်ပါမယ်)

(1) Sub+adverb +main verb.
John always passes his tests.

(2)Sub+be+adverb+adj
I am always happy.

(3)Sub+auxiliary verb+adverb+main verb
Henry has usually studied English language.

(Edited-ခုရက်ပိုင်းတွေpostတင်ဖို့နေနေသာသာဖုန်းတောင်မကိုင်ရပါ ခုတောင်ခဏလေးအချိန်လေးရတုန်းရေးတင်လိုက်ရတာပါ)

Thanks for reading

Phone Khant

17/11/2021

"Can နဲ့ could ဘယ်ဟာပိုသုံးလို့ကောင်းမလဲဆိုလို့"

(ရိုးရိုး အင်္ဂလိပ်(General English) အနေနဲ့ဆို "can"သုံးပါ)

Can I have your number?

(ခင်ဗျားဖုန်းနံပါတ် ကျွန်တော့်ကိုပေးပါလား?)

(Business English အနေနဲ့ဆို ယဥ်ကျေးအောင် "could"သုံးပါ)

Could I have your number?

(ခင်ဗျားဖုန်းနံပါတ် ကျွန်တော့်ကိုပေးနိုင်မလားဗျ?)

အလားတူ
Let me+V1 (သာမန် အင်္ဂလိပ်)
May +V1( လုပ်ငန်းခွင်သုံး အင်္ဂလိပ်)

Let me know.
(ကျွန်တော့်ကိုအသိပေးပါ)

May I know.
(ကျွန်တော်သိပါရစေ)

Want to (General English)
Would you like(Business English)

What do you want to have, coffee or tea?

( ခင်ဗျားဘာသောက်မှာလဲ ကော်ဖီလား လက်ဖက်ရည်လား?)

What would you like to have, coffee or tea ?

(ခင်ဗျား ဘာသုံးဆောင်ချင်ပါသလဲ ကော်ဖီလား လက်ဖက်ရည်လား?)

Do you mind+Ving(?သာမန်)
Would you mind+Ving?(ယဥ်ကျေး)

Do you mind explaining it?
ဒါလေးရှင်းပြပါလား

Would you mind explaining it?
ဒါလေးရှင်းပြပေးပါလား

Thanks for asking

Phone Khant

17/11/2021

Learn preposition by practicing your listening skill

17/11/2021

AMERICAN IDIOM လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

Full of baloney(idm)

Baloney means " useless preaching/ rubbish-speeches / Wanker's sounds "

Don't keep preaching me, you are the one who is full of baloney.

(ငါ့ကို ထပ်မပြောနဲ့တော့
မင်းက ကိုယ်ဘာပြောမှန်းတောင် ကိုယ်မသိတဲ့ကောင်)

Phone Khant

15/11/2021

✅PHRASAL VERBS FOR TODAY

(1)"Cheer+somebody+up"✅

Used to make somebody feel better

(တစ်စုံတစ်ယောက်ကို စိတ်သက်သာရာ
ရသွားအောင် ပြုလုပ်တယ်လို့ပြောတဲ့အခါမှာသုံး
ကြပါတယ်)

For examples,

You look unhappy.
What can I do to cheer you up?

(မင်းကြည့်ရတာ မပျော်ရွှင်တဲ့ပုံပဲ
မင်း စိတ်သက်သာရအောင် ငါဘာလုပ်ပေးရမလဲ)

Everytime you feel sad, just let me know, I will cheer you up.

(မင်းဝမ်းနည်းတဲ့အခါတိုင်း ငါ့ကိုသာအသိပေးပါ မင်းစိတ်သက်သာရာရအောင် ငါလုပ်ပေးမှာပါ)

(2) "Look forward to"✅

It means "to be excited something in the future"

(အနာဂတ်မှာဖြစ်လာမယ့် အရာရာတစ်ခုခုအတွက်စိတ်လှုပ်ရှားနေတယ်လို့ပြောတဲ့အခါမှာသုံးပါတယ်)

For examples,

I'm looking forward to my coming vacation.

(လာမယ့်အားလပ်ရက်အတွက် ငါစိတ်လှုပ်ရှား​နေတယ်)

We are looking forward to a trip to Paris.

(ငါတို့ ပဲရစ်သွားမယ့်ခရီးစဥ်အတွက် စိတ်လှုပ်ရှားနေကြတယ်)

(3)"Crack+somebody+up"✅

Used to make somebody laugh a lot

(တစ်ယောက်ယောက်ကို အူတက်အောင်ရယ်ရတဲ့အထိနောက်တယ် လို့ပြောတဲ့အခါမှာသုံးပါတယ်)

For examples,

Your pranks really cracked me up.

(မင်းရဲ့ဟာသတွေကြောင့် ငါတော်တော်လေး
ရယ်လိုက်ရတယ်)

A: Myanmar Wakanda is Nay Htoo Naing, Isn't he ??

(မြန်မာWakandaကနေထူးနိုင်လေ
ဟုတ်တယ်မလား ? 🤣)

B: What the hell is your joke??
But you just cracked me up.

(မင်းဟာသကဘာကြီးလား??
ဒါပေမယ့် မင်း ငါ့ကို ရယ်ရအောင်တော့
လုပ်လိုက်တာပဲ😂)

That's all for today.

Phone Khant

15/11/2021

✅(အင်္ဂလိပ်စာလေ့လာ​နေသူတိုင်းသိထားသင့်တဲ့အချက်ငါးချက် - Five Things That Every English Learners Should Know )

✅ Don't be afraid to make mistakes.
Cause we all make mistakes.

(အမှားတွေလုပ်မိမှာကိုမကြောက်ပါနဲ့
ဘာလို့ဆို ငါတို့အားလုံးအမှားတွေလုပ်ကြတာပဲလေ)

✅Don't be ashamed to speak up.
Just start speaking in English.

(စကားကျယ်ကျယ်ပြောဖို့လည်း မရှက်ပါနဲ့
အင်္ဂလိပ်လိုသာ စပြီးပြောကြည့်လိုက်ပါ)

✅Don't get frustrated with yourself.
Instead relax and enjoy yourself.

(ကိုယ့်ကိုယ့်ကိုယ်လည်း စိတ်မပျက်ပါနဲ့
စိတ်ပျက်နေမယ့်အစား ပျော်အောင်သာနေလိုက်ပါ)

✅Don't compare yourself with others.
We all are different and unique.

(ကိုယ့်ကိုယ်ကိုယ်လည်းအခြားသူတွေနဲ့မနှိုင်းယှဥ်ပါနဲ့
ငါတို့အားလုံးဟာ မတူညီကြတဲ့ အကောင်းဆုံးသောသူတွေပါ)

✅ Don't learn everything at once.
Focus on one thing at a time.

(တစ်ချိန်တည်းမှာပဲ စုပုံပြီး မသင်ယူပါနဲ့
တစ်ခုချင်းစီသာ အာရုံစိုက်ပြီးလေ့လာပေးပါ)

Quotes by Daily English Sharing

Burmese Translated By Phone Khant

15/11/2021

Listening practice !

14/11/2021

Essential grammar pattern လေးတစ်ခုပါ✅

"Is it okay if+sub+V1?"
လျှင်/ရင် အဆင်ပြေပါ့မလား

Example(1)
Is it okay if I sit here?

(ငါဒီမှာထိုင်ရင် အဆင်ပြေပါ့မလား)

Example(2)
Is it okay if I call you "Henry"?

(ငါမင်းကို ဟင်နရီလို့ခေါ်ရင်အဆင်ပြေပါ့မလား)

Example(3)
Is it okay if I bring a friend to your birthday party?

(ငါမင်းရဲ့မွေးနေ့ပါတီကို သူငယ်ချင်းတစ်ယောက်ခေါ်လာလို့အဆင်ပြေပါ့မလား)

အချို့native speakersတွေကတော့ " Is it all right if.......? " ပုံစံလည်းသုံးကြပါသေးရဲ့။ Both are right.

Phone Khant

14/11/2021

✅ဒီနေ့အတွက် phrasal verbက​တော့ "screw up"

"To screw up means to fail at something or do something unsuccessfully"

တစ်ခုခုကိုကျရှုံးတာ( text, exam etc...)
(OR)
တစ်ခုခုကိုအောင်မြင်အောင်မလုပ်နိုင်လိုက်တာ

(အဲ့သလို အခြေအနေတွေမှာသုံးကြပါတယ်)

Example (1)

He screwed up an interview for the job.

(သူ အလုပ်အတွက် အင်တာဗျူးကိုမဖြေနိုင်ခဲ့ဘူး/အင်တာဗျူး မအောင်မြင်ခဲ့ဘူး)

Example (2)

They should have won that game, but they screwed up.

(သူတို့ ဒီကစားပွဲ ကိုအောင်နိုင်ခဲ့သင့်တာ ဒါပေမယ့်မအောင်မြင်ခဲ့ဘူး)

(အောက်မှာ Exampleနှစ်ခုထပ်ပေးထားပါတယ်)

Phone Khant

13/11/2021

"တစ်ခုခုကိုငါလောင်းရဲတယ်/ငါအာမခံရဲတယ်"ဆိုတာဘယ်လိုပြောမလဲဆိုလို့?????

အဲ့ဒါ Pattern တစ်ခုရှိတယ်✅✅✅
" I bet that sub+verb......"

Example (1)
I bet that he Isn't gonna like it.

(သူအဲ့ဒါကိုကြိုက်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်လောင်းရဲတယ်)

Example(2)
I bet that we will win.

(ငါတို့နိုင်မယ်ဆိုတာ ငါလောင်းရဲတယ်/အာမခံရဲတယ်)

Example(3)
I bet that it will be too expensive.
(အဲ့ဒါစျေး​အရမ်းကြီးမယ်ဆိုတာ ကျွန်တော်လောင်းရဲတယ်)

I suppose you do understand.

So, please, leave a sentence down below this post.

Phone Khant

12/11/2021

✅ဒီနေ့အတွက် phrasal verbက "show off"

"To show off means to behave in a way that is intended to attract attention or admiration"

( တစ်စုံတစ်ယောက်ရဲ့အာရုံစိုက်မူရအောင်/တစ်စုံတစ်ယောက်ရဲ့ အထင်ကြီးမူရအောင် ကိုယ်ဘယ်လောက်တော်ကြောင်း ဂုဏ်ဖော်ပြောဆိုကြွားဝါတဲ့အခါမှာသုံးပါတယ်)

This Isn't a time for showing off, Strange.
ဒီစာသားလေးက" Doctor strange "ရုပ်ရှင်
ထဲက dialogue တစ်ခုပါ။

သူနာပြုတစ်ယောက်က သူ့ကို ခွဲစိတ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေမပါဘဲနဲ့ လက်တန်း လက်နဲ့ ခွဲစိတ်လို့မရဘူးလို့ပြောတဲ့အခန်းမှာ ဒီphrasal verbကလေးသုံးသွားပါတယ်။

Example(1)

(A nurse) Doctor !
You can't do it freehand.

(ဒေါက်တာ လက်တန်းခွဲစိတ်လို့မရဘူးလေ)

(Doctor strange) I can and I will.

(ငါလုပ်နိုင်တယ် ငါလုပ်မှာ)

(A nurse) This Isn't a time for showing off, Strange.

(ခုအချိန်က ကိုယ်ဘယ်လောက်တော်ကြောင်းကြွားနေရမယ့်အချိန်မဟုတ်ဘူးနော် Strange)

ဒါကတော့ "Doctor strange"ကိုဥပမာပေးတာပေါ့။

(နောက်ပစ္စည်းတစ်ခုခုကိုကြွားတာနဲ့ပတ်သတ်ပြီးတော့လည်းသုံးကြသေးတယ်)

Example (2)
A boy is showing off his new watch to his friend.

(ကောင်လေးက သူ့ရဲ့သူငယ်ချင်းကို သူ့ရဲ့လက်ပတ်နာရီအသစ်အကြောင်းကြွားနေတာ)

Example (3)
Don't show off about your new car.
I'm not interested!.

(မင်းကားအကြောင်း ငါ့လာမကြွားနဲ့ ငါစိတ်မဝင်စားဘူး)

နောက် တစ်ခုခုကိုပြသဖို့အခွင့်အရေးရတယ်လို့ပြောတဲ့အခါမှာလည်းသုံးသေးတယ်။သို့သော်အသုံးနည်းတယ်။

"Get an opportunity to show some talents"

Example (4)
He has got the opportunity to show off his sweet voice in front of the audience.

(သူ ပရိသတ်တွေရဲ့ရှေ့မှာ သူ့ရဲ့ချိုသာတဲ့အသံကို ထုတ်ပြခွင့်ရခဲ့တယ်)

If you understand it, please leave a comment.

Thanks for reading.

12/11/2021

"Only if sub+verb ,...."

ဒီပုံစံလေးဟာအသုံးများတဲ့patternတစ်ခုပါ။

Only if you are free, please help me.
(မင်းအားမှသာလျှင်ငါ့ကိုကူညီပေးပါ)

Only if you study hard, you will pass the exam.
(မင်းကြိုးကြိုးစားစားလေ့လာမှသာလျှင် မင်းစာမေးပွဲအောင်လိမ့်မယ်)

Only if it is 6AM, I can get up.
(ငါမနက်ခြောက်နာရီထိုးမှသာလျှင် ငါအိပ်ရာထနိုင်မယ်)

Only if you are in Yangon, you can help me.
(မင်းရန်ကုန်မှာရှိမှသာလျှင် မင်းငါ့ကိုကူညီနိုင်မယ်)

Only if you practice, your English will be improved.
(မင်းလေ့ကျင့်မှသာလျှင် မင်းရဲ့အင်္ဂလိပ်က တိုးတက်လာလိမ့်မယ်)

Thanks for reading.

Phone Khant

11/11/2021

✅ ဒီနေ့မှာတော့ "Get"နဲ့တွဲတဲ့ phrasal verbsတွေအကြောင်းပါ။

"Get up/ Get on/ Get off/ Get out"

(Up, on, off, out စတဲ့ particles တွေနဲ့တွဲထား
တယ်ဆိုပြီးသွားမရောပါနဲ့။ အဓိပ္ပာယ်ကရိုးရှင်းပါတယ်)

ကဲဆိုတော့ "Get up"ကိုကြည့်ရအောင်

("အိပ်ရာထတယ်"လို့ပြောတဲ့အခါအများဆုံးသုံးပါတယ်)

I get up at 6AM everyday.

(ကျွန်တော်နေ့တိုင်းမနက်ခြောက်နာရီထတယ်)

I got up at early in this morning, so I am dizzy now.

(ငါမနက်က အိပ်ရာအစောကြီးထခဲ့ရလို့ ငါခု အိပ်ချင်မူးတူးဖြစ်နေတယ်)

နောက် " Get on"

(ယာဥ် တစ်ခုခုကိုပေါ်ကိုတက်တယ်လို့ပြောတဲ့အခါမှာသုံးပါတယ်( car, aeroplane, bus, .....something)

Let's get on the bus!
It will leave in a few minutes.
(ကားပေါ်တက်ကြစို့
ကားခဏနေ ထွက်တော့မယ်)

I should get on the car.
(ငါကားပေါ်တက်သင့်ပြီ)

("on"နဲ့​တွဲရင်အပြုသဘောဆောင်ပြီး "off"နဲ့ဆိုnegativeဆန်သွားတယ်
ဆိုတော့"Get on"ကတစ်ခုခုပေါ်တက်တာ​ဖြစ်ပြီး " Get off"က တစ်ခုခုပေါ်ကဆင်းတာပေါ့)

I will get off the bus at Sedona hotel.
(ကျွန်တော် ဆီဒိုးနားဟော်တယ်ရောက်ရင် ဘတ်စ်ကားပေါ်က ဆင်းမယ်)

We got off the car at 34 bus stop.
(ကျွန်တော်တို့ ၃၄ကားမှတ်တိုင်မှာ ကားပေါ်မှဆင်းခဲ့တယ်)

နောက်ဆုံးတစ်ခုဖြစ်တဲ့ "Get out"

(ဒါက အသုံးအများဆုံး Getနဲ့တွဲတဲ့ Phrasal verbတစ်ခုပေါ့)

Get out of the way.
(လမ်းပေါ်ကထွက်သွားစမ်း/ဖယ်စမ်း)

Get out of my car.
(ငါ့ကားထဲကထွက်စမ်း)

If you understand it, please leave a comment.

Phone Khant

11/11/2021

✅ Ways to say "Yes"
("Yes"အစားဒါတွေပြောကြည့်ကြ)

(1)Of course! (ဒါပေါ့)

(2)Definitely! (အတိအကျပါပဲ)

(3)Certainly! (သိပ်ဟုတ်တာပေါ့)

(4)Sure! (သေချာတာပေါ့)

(5)Naturally! (ဓမ္မတာပဲလေဗျာ)

✅ Ways to say " No"
("No"အစားဒါတွေပြောကြည့်ကြ)

(1)Of course not! /Nope! (မဟုတ်တာ)

(2)Definitely not! (လုံးဝမဟုတ်ဘူး)

(3)Certainly not!(မဟုတ်တာဗျာ)

(4)Surely not!( မဟုတ်ပါဘူး)

(5)Naturally not!(လုံးဝမဟုတ်)

✅ If you are apologized by somebody, you should respond by saying these short phrases.

(တစ်စုံတစ်​ယောက်က ကိုယ့်ကိုလာတောင်းပန်ရင် " It's okay "အစားဒါလေးတွေပြောကြည့်)

(1)No at all.

(ရပါတယ်)

(2)That's all right.

(အဆင်ပြေပါတယ်)

(3) It doesn't matter.

(ကိစ္စမရှိပါဘူး)

(4) Oh, no, my fault entirely.

(ဘယ်ကလာဗျာ ကျွန်တော့်အပြစ်သက်သက်ပါ)

(5) Never mind.

(စိတ်ထဲ မထားနဲ့)

✅ If you are going to apologize someone, you should say these phrases instead of saying "I ​am sorry ".

(တစ်ယောက်ယောက်ကို သွားတောင်းပန်ရင်"I am sorry"အစားဒါလေးတွေပြောကြည့်)

(1) I hope you'll forgive me.

(ကျွန်တော့်ကိုခွှင့်လွှတ်ဖို့မျှော်လင့်ပါတယ်)

(2) It was more thoughtless of me.

(ကျွန်တော်ကိုက အဆင်အခြင်မဲ့တာပါ)

(3)Sorry to trouble you.

(ခင်ဗျားကို ဒုက္ခပေးမိလို့​တောင်းပန်ပါတယ်)

(4) It was really quite unintentional.

(ဒီကိစ္စက မရည်ရွယ်ဘဲဖြစ်သွားတာပါ)

(5) I am afraid that you angry.

(ခင်ဗျားစိတ်ဆိုးသွားမှာ ကျွန်​တော်စိုးရိမ်တယ်)

ကဲအဆင်ပြေကြပါစေ💛

Thanks for reading.

Phone Khant

10/11/2021

ဒီနေ့မှာတော့ အခြေခံပိုင်းနဲ့ပတ်သတ်တာလေး✅

There are three types of verb in English.✅

These are
(1)Transitive verb(object ထည့်ရန်လိုသောverb)
(2)Intransitive verb(object ထည့်ရန်မလိုသောverb)နှင့်
(3)Auxiliary verb(အကူverb) တို့အကြောင်းဖြစ်ပါတယ်။

✅ Transitive verb က object ထည့်ဖို့လိုအပ်တဲ့verbတွေကိုခေါ်ပါတယ်။

For examples,

"The dog bites" ခွေးကိုက်၏ ဆိုလျှင် ခွေးကဘယ်အရာ/ဘယ်သူ့ကို ကိုက်တာလဲဆိုတဲ့ အကိုက်ခံရသူ
objလိုတာကြောင့် "The dog bites me" ဆိုမှမှန်ပါမယ်။

နောက် " I beat " ငါရိုက်၏ဆိုလျှင် ဘာကို/ဘယ်သူ့ကို ရိုက်တာလဲဆိုတဲ့ အရိုက်ခံရသူobjလိုတာကြောင့်
"I beat him"ဆိုမှမှန်ပါမယ်။

(ဒီလို objလိုအပ်တဲ့ verbsတွေကို Transitive verbလို့ခေါ်ပါတယ်)

✅နောက် "Intransitive verb"က object မလိုအပ်တဲ့ verbတွေကိုဆိုလိုပါတယ်

For examples,

" I sleep" ငါအိပ်၏ ဆိုလျှင် objမလိုတာကြောင့် ဒီတိုင်း "I sleep" ပါပဲ။

နောက်"I smile "ငါပြုံး၏ ဆိုလျှင်လည်း ထည့်စရာobjမလိုတာကြောင့် ဒီတိုင်း "I smile"ပါပဲ။

(ဒီလို object ထည့်စရာမလိုတဲ့ verbsတွေကို "Instransitive verb" လို့ခေါ်ပါတယ်)

✅ Auxiliary verbကတော့ helping verbsတွေဖြစ်ကြတဲ့ " am, is, are, was, were, can, could, shall, should, will, would, may, might, must, do, does, did, has, have, had, be, been, being" စတဲ့ အကူverbsတွေကိုဆိုလိုပါတယ်။

(အဓိပ္ပာယ်တစ်ခုတိကျစွာဖြစ်ပေါ်ဖို့ Tenseတစ်ခုဖြစ်ပေါ်ဖို့ Main verbနဲ့ တွဲပေးရတဲ့ verbsတွေကိုဆိုလိုပါတယ်)

"He will go to school"
(သူကျောင်းကိုသွားလိမ့်မယ်) ဆိုတဲ့ future tenseဖြစ်ပေါ်လာအောင်ကူညီပေးရတဲ့ "will"ကို Auxiliary verb(Helping verb)လို့ခေါ်ပါတယ်

"I was reading a book"
(ငါစာအုပ်တစ်အုပ်ကိုဖတ်နေခဲ့တာ )

ဒီမှာဆို Past continuous tenseဖြစ်ပေါ်လာအောင်ကူညီပေးရတဲ့ "was"က Auxiliary verb ဖြစ်ပါတယ်။

အရိုးရှင်းဆုံးပြောပြတာဖြစ်တဲ့အတွက်နားလည်ဖို့မျှော်လင့်ပါတယ်

Thanks for reading.

Phone Khant.

09/11/2021

✅ဒီနေ့အတွက် phrasal verb ကတော့ "tell off"ပါ

Meaning: "Speak to someone angrily/ to scold sby"

(တစ်ယောက်ယောက်ကို ဒေါသတကြီးပြောတယ်/တစ်ယောက်ယောက်ကိုဆူတဲ့ အခါမှာသုံးပါတယ်)

tell+sby+off(or)tell+off+sby

For examples,

Eg(1) The teacher told her off for using her phone.

(ဆရာမက ဖုန်းကိုင်နေလို့ သူမကိုဆူခဲ့တယ်)

Eg(2) Speak confidently and friendly when you are going to speak but just remember that not to tell off.

( မင်းစကားပြောတဲ့အခါ ယုံကြည်မူရှိရှိ ဖော်ဖော်ရွေရွေပြောဆိုပါ ဒါပေမယ့် မှတ်ထားရမှာက ဒေါသတကြီးမပြောဖို့ပဲ)

Eg(3) Mother told off Charlie for running in the house.

( အမေက ချာလီကို အိမ်ထဲမှာပတ်ပြေးနေလို့ ဆူခဲ့တယ်)

Thanks for reading.

If you understand it, please leave a comment.

Phone Khant

09/11/2021

✅" Need & Want " မသဲကွဲသူတို့အတွက်

"Need" used to say the things that we must have in order to live, survive and something that we essentially have or something that we should do.

( "Need" က ကိုယ့်အတွက်လိုအပ်တဲ့အရာ/ ကိုယ်လုပ်ဖို့ လိုအပ်တဲ့အရာတွေပြောတဲ့အခါမှာသုံးပါတယ်)

For examples,

I need to go home.
(ငါအိမ်ပြန်ဖို့လိုတယ်)

People need water to survive.
(လူတွေအသက်ရှင်ဖို့ ရေလိုတယ်)

I need to take a rest.
(ငါအနားယူဖို့လိုတယ်)

"Want" used to say the things that we wish to have

( "Want" က ကိုယ်လိုချင်တဲ့အရာတွေ/ ကိုယ်ဖြစ်ချင်တာ/ ကိုယ်လုပ်ချင်တာတွေကို​ပြောတဲ့အခါသုံးပါတယ်)

For examples,

I want to go home.
(ငါအိမ်ပြန်ချင်တယ်)

I want to be an actor.
(ငါသရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်)

I want you to know that how much you mean to me.
(မင်းဟာငါ့အတွက် ဘယ်လောက်​အရေးပါတယ်ဆိုတာ ငါမင်းကိုသိစေချင်တယ်)

English is effortless sometimes.

If you understand it, please leave a comment.

Phone Khant

08/11/2021

✅ဒီနေ့အတွက် phrasal verb ကတော့ " keep away from" ပါ

Used to " avoid something "

( "တစ်ခုခုကိုရှောင်ကြဥ်​တယ်" လို့ပြောတဲ့အခါမှာသုံးပါတယ်)

For examples,

Eg(1) Although he tried to keep away from danger, he couldn't pass.

( သူအန္တရာယ်ကို ရှောင်ကြဥ်ဖို့​ ကြိုးစားပေမယ့်လည်း သူမကျော်လွှားနိုင်ခဲ့ပါဘူး)

Eg(2) I keep away from killing the life of any living creatures.

(ငါသတ္တဝါတွေရဲ့အသတ်သတ်တာ ရှောင်ကြဥ်တယ်)

Eg(3) In this Pandemic situation, everyone should keep away from crowd.

( ခုလို ကပ်ရောဂါကာလမှာ လူတိုင်း လူစုလူဝေးကိုရှောင်ကြဥ်သင့်တယ်)

If you understand it, please leave a comment.

Phone Khant

07/11/2021

✅ ဒီ​နေ့အတွက် phrasal verb က​တော့" make up"ပါ။

"Remake a relationship /a friendship "
(Or)
"Stop being angry with somebody "

(အဆင်မပြေတဲ့ relationship / friendship တစ်ခုခု ပြန်လည်အဆင်ပြေသွားတာကိုပြောတဲ့အခါမှာ အများဆုံး သုံးတာဖြစ်ပါတယ်)

"You had big argument with your friend.
But after a week ago, things calm down and you put your problems in the past.
You made up with that friend."

(ကိုယ်က သူငယ်ချင်းနဲ့ အငြင်းအခုံအကြီးကြီးဖြစ်ထားတယ် ဒါပေမယ့်တစ်ပတ်လောက်ကြာတော့ သွေးအေးသွားပြီး ကိုယ်က အဲ့ပြဿနာတွေကိုအတိတ်မှာပဲထားခဲ့တယ်။ သူငယ်ချင်းနဲ့ပြန်အဆင်ပြေသွားပြီ။)

(ဆိုတော့ ဒီမှာ "made up"ကသူငယ်ချင်းနဲ့ဆက်ဆံရေးပြန်လည်စတင်လိုက်တယ်လို့ဆိုတာပဲဖြစ်ပါတယ်)

BP နဲ့ Dua Lipaတို့ရဲ့ collab songဖြစ်တဲ့ "Kiss and make up" ဆိုတာ "အကြင်နာပေးပြီး ငါတို့ပြန်လည်အဆင်ပြေကြရအောင် /ငါတို့ relationship ကိုပြန်လည်စတင်ကြရအောင်" လို့ပြောချင်တာဖြစ်ပါတယ်။

နောက်အခြားအသုံးနည်းတဲ့ "make up" ရဲ့အဓိပ္ပါယ်တွေရှိပါသေးတယ်

"Create something "

(ဟာသတစ်ခုခုကိုဖန်တီးတာမျိုး/ အလိမ်အညာတစ်ခုခုကိုဖန်တီးတာမျိုးမှာလည်း သုံးပါတယ်)

I am really bored.
Let's make something up.
(ငါပျင်းလို့နေလို့ကွာ တစ်ခုခုလုပ်ကြရအောင််)

It is a funny joke.
Did you make up that joke?
(အဲ့ဟာသလေးရီရသားပဲ
အဲ့ဒီဟာသ မင်းဖန်တီးထားတာလား/မင်းပြောခဲ့တာလား)

"Make up an excuse"

(ဆင်ခြေပေးတဲ့အခါမှာလည်းသုံးပါသေးရဲ့)

Teacher is coming but I haven't done my homework yet.
I should make up an excuse that I slept in this afternoon.

(ဆရာတောင်လာနေပြီ ဒါပေမယ့်ငါအိမ်စာတွေ
မပြီးသေးဘူး
ငါနေ့လည်ခင်းကအိပ်ပျော်သွားတယ်လို့ပြောရမယ်/ဆင်​ခြေပေးရမယ်)

"To remake a missed appointment "

(ချိန်းထားတာကိုအကြောင်းတစ်ခုခုကြောင်ဖျက်လိုက်ရလို့ ပြန်ပြီးရက်ရွှေ့တာမျိုးမှာလည်းသုံးပါတယ်)

Sorry! Teacher!
I didn't join your class yesterday.
Can we make it up on Friday?

(တောင်းပန်ပါတယ် ဆရာ
ကျွန်တော့်မနေ့က ဆရာ့အတန်းမတက်ခဲ့ဘူး
ကျွန်တော်တို့သောကြာနေ့ ပြန်စလို့ရနိုင်မလား)

"Combine something bigger"

(တစ်ခုခုကိုပိုကြီးမားအောင်ပေါင်းစည်း
တဲ့အခါမှာလည်းသုံးကြပါသေးတယ််)

The workforce is made up of women and men.
(အလုပ်သမားအင်အားက အမျိုးသမီးတွေ​ရော
အမျိူးသားတွေရော ပေါင်းစည်းထားတာ)

Men make up 60% of the workforce.
(အလုပ်သမားအင်အား 60%က ယောကျာ်းတွေ)

Women make up 40% of the workforce.
(အလုပ်သမားအင်အား 40% ကတော့မိန်းမတွေ)

"To compensate for a bad thing "

(နောက် တစ်ခုခုကိုပြန်အစားထိုးပေးမယ်လို့ပြောတဲ့အခါမှာလည်းသုံးပါသေးရဲ့)

You told your wife that you will give a diamond ring as a birthday present. But you did not buy.

In this situation, you should say "don't worry Darling I will make it up to you."

(မင်းရဲမိန်းမကို စိန်လက်စွပ်တစ်ကွင်းမွေးနေ့လက်ဆောင်အနေနဲ့ပေးမယ်လို့ ပြောခဲ့တယ်ဒါပေမယ့်မင်း မဝယ်ခဲ့ဘူး။ ဒီလိုအခြေအနေဆို မင်းပြောသင့်တာက "စိတ်မပူပါနဲ့ကွာ ကိုယ်ပြန်ပြီးသွားဝယ်ပေးပါ့မယ် " )

If you understand it, please leave a comment.

Phone Khant

06/11/2021

✅ ဒီနေ့အတွက် phrasal verb က​တော့" take off"ပါ။

"Take + off+ something "
"Take+something+off "

"use to remove something "
(တစ်စုံတစ်ခုကိုဖယ်ရှားတဲ့အခါမှာသုံးကြပါတယ်)

Eg(1) The weather is really hot today.
I'm going to take off my T-shirt.
(or)
I'm going to take my T-shirt off.

(ဒီနေ့ ရာသီဥတု တကယ်ပူတာပဲ
ငါ ငါ့တီရှပ်ကို ချွတ်လိုက်တော့မယ်)

Eg(2) Take your hand off my shoulder!
(ငါ့ပုခုံးပေါ်က နင့်လက်ကိုဖယ်လိုက်စမ်း)

" Use to describe something becoming successful "
အောင်မြင်လာတော့မယ့်အရာရာတစ်ခုခုကိုဖော်ပြတဲ့အခါမှာလည်းသုံးကြ​ပါသေးရဲ့

Eg(3) I'm going to be rich. So, my business has taken off.

(ငါချမ်းသာတော့မယ် ဒီတော့ဒီအလုပ်လုပ်စရာမလိုတော့ဘူး)

" Use to take a rest "
အနားယူဖို့ ပြောတဲ့အခါမှာလည်းသုံးတယ်

Eg(4) I am really tired today.
I need to take a day off work tommorrow.

(ငါဒီနေ့တကယ် ပင်ပန်းတာပဲ ငါ မနက်ဖြန်အလုပ်တစ်ရက်နားဖို့လို​နေပြီ)

Thanks for reading.

Phone Khant

06/11/2021

(Phrasal verbတော့မဟုတ်ပေမယ့်မေးထားတဲ့သူအတွက်)

Should & should have အသုံးကွဲပုံ✅

" should" ကတော့
အကြံညဏ်ပေးတဲ့အခါမျိုးမှာသုံးပါတယ်
"Used to give an advice, an idea "

For examples,
You look weak. You should see a doctor.

(မင်းကြည့်ရတာအားနည်းနေတဲ့ပုံပဲ မင်းဆရာဝန်ပြကြည့်သင့်တယ်)

You should learn IPA to improve your pronounciation very fast in an advance way.

( မင်းရဲ့အသံထွက် မှန်မှန်ကန်ကန်မြန်မြန်တိုးတက်စေဖို့ မင်းIPA လေ့လာသင်ယူသင့်တယ်)

"Should have"ကတော့
အတိတ်မှာ ကိုယ်လုပ်ခဲ့တဲ့ အရာတစ်ချို့ကို ပြောင်းလဲပြုပြင်ချင်တဲ့အခါ မှာသုံးပါတယ်။ နောင်တရကြောင်းပြတဲ့အခါမှာလည်းသုံးပါသေးရဲ့

"Used to recommend a different action in the past (or) used to express a regret "

For examples,
I failed my test, I should have studied for it.

(ငါစာမေးပွဲကျပြီ ငါစာမေးပွဲအတွက်လေ့လာထားခဲ့သင့်တာကွာ)

I am really sorry, I should not have yelled at you yesterday.

(ငါ တကယ်တောင်းပန်ပါတယ် ငါမနေ့ကနင့်ကိုမအော်ခဲ့သင့်ဘူး)

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Could and could have အသုံးကွဲပုံ✅

"could" ကတော့
ဖြစ်နိုင်ဖွယ်၊လုပ်နိုင်ဖွယ် အရာတွေကိုပြောတဲ့အခါမှာသုံးပါတယ်။
"Used to talk about possibilities"

For examples,
I could go shopping with you if I have time tommorow.

(မနက်ဖြန်ငါအချိန်ရရင်​တော့ မင်းနဲ့စျေးဝယ်ထွက်ပေးနိုင်မယ်)

Please drive the car more carefully.
Otherwise, you could kill us.

(ကားကို ကျေးဇူးပြုပြီး သေသေချာချာလေး ဂရုစိုက်မောင်းပေးပါ။ မဟုတ်ရင် ငါတို့ သေသွားနိုင်တယ်)

"Could have"ကတော့
အတိတ်မှာဖြစ်ခဲ့တဲ့ မတူညီတဲ့ ဖြစ်နိုင်ဖွယ်အရာတွေကို ဖော်ပြတဲ့အခါသုံးသလို အတိတ်ကစိတ်ကူးယဥ်ဆန်ဆန် ဖြစ်နိုင်ဖွယ်အရာတွေကိုဖော်ပြတဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်

" Used to talk about alternative possibilities in the past (or) used to talk about imaginary possibilities in the past "

For examples,
If I woke up earlier yesterday, I could have been on time.

(ငါသာမနေ့ကစောစောထခဲ့ရင် ငါအချိန်မှီရောက်မှာပဲ)

You could have been a doctor If you had studied harder in the past.

(မင်းအရင်က ကြိုးကြိုးစားစားသာလေ့လာခဲ့ရင် မင်းဆရာဝန်တောင်ဖြစ်နိုင်လောက်တယ်)

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

Would & would have အသုံးကွဲပုံ✅

"Would" ကတော့
စိတ်ကူးယဥ်တဲ့ဖြစ်နိုင်ဖွယ်ရလဒ် တွေကိုပြောချင်တဲ့အခါသုံးပါတယ်

Could နဲ့ဆင်ပေမယ့် "could"ထက်ပိုသေချာတာက would ပါ

"Used to imagine results "

For examples,
If I were taller, I would be better at sports.

(ငါသာအရပ်ပိုရှည်ခဲ့ရင် အားကစားတွေမှာ ငါပိုတော်မှာ)

If I were a bird, I would fly to you.

(ငါသာ ငှက်တစ်ကောင်ဖြစ်ခဲ့ရင် မင်းဆီပျံသန်းပြီးလာမှာ)

"Would have" ကတော့
အတိတ်မှာ တစ်ခုခုကြောင့် မတူညီတဲ့အရာတွေကိုဖြစ်နိုင်တယ်ဆိုတာပြောတဲ့အခါသုံးသလို "could have" ထက်ပိုပြီးလေးနက်သေချာတဲ့အသုံးပါ

"Used to imagine results if things were different"

For examples,
She would have gotten wet if she had not taken her umbrella.

(သူမသာ ထီးမယူလာခဲ့ရင် သူမရေစိုသွားနိုင်တယ်)

If I had gotten one more question correct,
I would have passed the text.

(ငါမေးခွန်းတစ်ခုလောက်သာပိုမှန်ခဲ့ရင် ငါစာမေးပွဲအောင်မှာကွာ)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

If you understand it, please leave a comment.

Thanks for reading.

Phone Khant 💙

05/11/2021

✅ဒီနေ့အတွက်phrasal verbက​တော့ "ချစ်သူ/ရည်းစားတွေလမ်းခွဲတဲ့အခါသုံးတဲ့ phrasal verbs သုံးမျိုး "

The three useful terms, the three phrasal verbs, to use in order to end a relationship.

(1)"Break up"

John!
You almost made me feel sad in the past. So, I think I should break up with you.

(ဂျွန် နင့်ကြောင့် ငါအမြဲတမ်းလိုလို စိတ်ဆင်းရဲခဲ့ရတယ် ဒါကြောင့် ငါနင်နဲ့လမ်းခွဲသင့်တယ်လို့ငါထင်တယ်)

(2)"Break+sth+off"

I decided to break things off with you.
(Or)
I decided to break off our relationship.

(ငါမင်းနဲ့ အရာရာရပ်တန်ဖို့ ဆုံးဖြတ်လိုက်ပြီ)

(3)"Split up "

Henry and I split up awhile ago.

(ဟင်နရီနဲ့ငါ စောနလေးကပဲ လမ်းခွဲလိုက်ပြီ)

Thanks for reading.

Phone Khant

04/11/2021

✅ဒီနေ့အတွက်phrasal verbကတော့ "speak up" ပါ။

Speak up means " sby to talk more loudly / to speak louder "

(အသံတိုးနေတဲ့သူတစ်ယောက်ကို စကားကျယ်ကျယ်ပြောခိုင်းဖို့ တိုက်တွန်းတဲ့အခါမှာသုံးလေ့ရှိကြပါတယ်)

For examples,

Eg(1) Could you speak up?
I cannot hear your voice.
(မင်းစကားကို ကျယ်ကျယ်လေး ပြောပေးလို့မရဘူးလား ငါမင်းအသံကို မကြားရလို့ပါ)

Eg(2) The new student was shy and had a weak voice, so the teacher told him to speak up.
(ကျောင်းသားအသစ်ကရှက်ပြီး အသံတိုးနေတဲ့အတွက် ဆရာမက သူ့ကိုကျယ်ကျယ်ပြောခိုင်းခဲ့တယ်)

Eg(3) The boss asked me to speak up a bit during my presentation.
(ကျွန်တော်ရဲ့တင်ပြမူအပိုင်းမှာ နည်းနည်းကျယ်ကျယ်
လေးပြောပေးဖို့ အကြီးအကဲကကျွန်တော့်ကိုပြောခဲ့တယ်)

If you understand it, please leave a comment.

Phone Khant

04/11/2021

ကျွန်တော့်pageနဲ့တော့မဆိုင်ပေမယ့်မေးထားတဲ့သူရှိလို့ပါ

✅To those who confuse "will and would",
"will and would " မသဲကွဲသူတို့အတွက်

✅(နှစ်ခုလုံးဟာ "modal verbs"တွေဖြစ်ကြသလိုအဓိပ္ပါယ်ကလည်းဆင်တူဟန်ရှိတော့ တော်တော်များများဟာ ဒီနှစ်ခုကိုconfuseဖြစ်ကြပါတယ်)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Let's take a look with some examples,

Will your birthday party be fun?
(မင်းနဲ့မွေးနေ့က ပျော်စရာကောင်းမှာလား)

အဲ့လိုတစ်ယောက်​ယောက်ကမေးခဲ့ရင်
It will be fun.✅
It would be fun.✅

နှစ်ခုလုံးဖြေလို့ရတယ်။ သို့သော် "will" ကတော့ when we talk about "will", it means something certain, something that is certainly going to happen "

It is definite!
ဆိုတော့ လုံးဝလုံးဝ ဖြစ်ပျက်ဖို့သေချာတယ်တိကျတယ်ဆို" will"ကိုသုံးပါမယ်။

It will be fun.(လုံးဝလုံးဝကိုပျော်စရာကောင်းမယ်)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒါပေမယ့်" would "ကတော့

" When we talk about " would ", it is not definite, it is conditional, based on conditions. "

ဆိုတော့ဖြစ်ပျက်ဖို့မသေချာဘူး မတိကျဘူး။
အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်တယ်။ ဒီလိုမသေချာမရေရာတဲ့ အခြေအနေဆို"would"သုံးပါမယ်။

It would be fun.(ပျော်စရာကောင်းမယ် ဒါပေမယ့်
conditional ဆိုတဲ့အတိုင်းအခြေအနေအရပဲ မသေချာဘူး)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အရိုးရှင်းဆုံးပြောရရင် စားစရာအသောက်စရာ အပြည့်နဲ့ပျော်စရာကောင်းမယ့်ပါတီပွဲဆို It will be great.

စားစရာသောက်စရာပါချင်မှလည်းပါမယ် မပါချင်မပါဘူးဆိုတဲ့ပါတီပွဲဆို It would be great.

ဆိုတော့နောက်ဆုံးအနေနဲ့ကတော့
Will(definite)
Would(conditional)လို့အလွယ်မှတ်ရပါမယ်။

"would & would have, could & could have, should & should have" ကွဲပြားပုံတို့ကိုလည်းတင်ပေးပါဦးမည်။

Phone Khant

04/11/2021

COMMON MISTAKES✖

03/11/2021

✅ဒီနေ့အတွက်phrasal verbကတော့ "rely on"ပါ။

The meaning of "rely on" is:

"To need something (money, help etc...)
in order to be able to survive on, continue operating or exist."

(ဆက်လက်အသက်ရှင်ဖို့ (သို့) တစ်စုံတစ်ခုကို ဆက်လက်လုပ်ဆောင်ဖို့/ဆက်လက်တည်ရှိဖို့
လိုအပ်တဲ့အရာကို ပြောပြတဲ့အခါသုံးလေ့ရှိကြပါတယ်)
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

For examples,

Eg(1) In order to keep feeding homeless people in the town, our organization rely on regular donations of food and money from the public.

(ဒီဥပမာကိုကြည့်မယ်ဆိုရင် "မြို့ထဲကအိမ်ခြေယာမဲ့တွေကို ဆက်ပြီးထမင်းကျွေးနိုင်ဖို့ ကျွန်တော်တို့အဖွဲ့အစည်းဟာ အများပြည်သူလှူဒါန်းနေကျ အစားအစာတွေ နဲ့ ငွေတွေကို လိုအပ်ပါတယ်")

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Eg(2) Please don't stop giving me my salary!
I rely on it to pay for the rent of my house.

(ကျွန်တော့်ကိုလစာမဖြတ်ပါနဲ့ဗျာ ကျွန်တော့် အိမ်လခပေးဖို့ လိုအပ်လို့ပါ)

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
✅နောက်အားကိုးအားထားပြုတယ်၊ယုံကြည်တယ်လို့​ပြောတဲ့အခါမှာလည်းသုံးကြပါသေးရဲ့

Eg(3) My car broke down again!
I cannot rely on it any longer to get to where I need to go.

(ငါ့ကားပျက်ပြန်ပြီ ငါသွားချင်တဲ့နေရာသွားနိုင်ဖို့ ငါဒီကားကိုထပ်ပြီးအားကိုးလို့မရတော့ဘူး)

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
နားလည်လောက်မယ်ထင်ပါတယ်ခင်ဗျာ

If you understand it, please leave a comment.

With love,
Phone Khant

02/11/2021

Is we necessary to learn phrasal verb?❓❓❓
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Absolutely!
လုံးဝကိုလိုအပ်ပါတယ် ✅✅✅

( Why❓)

The reason is:

English speakers တွေ နေ့စဥ်ပြောဆိုသုံးနှုန်းတဲ့အခါ phrasal verb တွေကို အမြဲထည့်သွင်းပြောဆိုကြခြင်းကြောင့်ပါ။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
Could you explain it more clearly?
My answer: Of course!

နားလည်လွယ်အောင်ပြောပါဆိုလျှင်

"သူ့ဦးလေး မနေ့ကဆုံးသွားတယ်" ဆိုတာကို
His uncle was died yesterday. လို့ပြောတာဟာ
သဒ္ဒါစည်းမျဥ်းစည်းကမ်းအရ မမှားဘူးဆိုပေမယ့်အများစုသောnative speakersတွေဟာ ပြောဆိုလေ့မရှိကြပါဘူး။❌

"His uncle passed away yesterday." လို့သာသုံးနှုန်းကြမှာဖြစ်ပါတယ်။✅

အလားတူစွာပဲ
"မင်းဟာ တော်တော်ပြဿနာရှာတယ်" ဆိုတာကို
"You are just causing trouble." လို့သုံးလို့ရပေမယ့် အဆင့်မြင့်မြင့်၊ အထက်တန်းကျကျ ပြောဆိုချင်တဲ့အခါ "You are just acting up." လို့ပြောကြမှာပဲဖြစ်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
So, what is " phrasal verb "❓
Definition: Phrasal verb is the combination of verb and adverb, preposition.✅✅✅✅✅✅

သာမန်verbတစ်ခုနဲ့ preposition, adverb စတာတွေကိုပြန်လည်အထူး​ပြုထားတဲ့ representative verb တွေကို phrasal verb လို့ခေါ်ပါတယ်။

You can't translate at the specific meanings.
(ဒါကြောင့် ​တိုက်ရိုက်ဘာသာပြန်ရင်👍 လုံးဝမှားသွားမယ်နော်🤦‍♂️)

For examples,
Eg(1) He (came at) me with the knife.
Directly translate ရင် " သူငါ့ဆီကို ဓားနဲ့လာခဲ့တယ် " ပဲဖြစ်ပါတယ်။

But that's not the connotation!❌
So, try to find out what this means!

Came at means " attacked " ✅
"ငါ့ကိုဓားနဲ့တိုက်ခိုက်ခဲ့တယ်"လို့ ဘာသာပြန်မှမှန်ပါမယ်။

Eg(2) Hey kids!

Do not (mess around) with electricity!

✅ Mess around means "play"

"mess around" ရဲ့ connotation ကိုမသိသေးတဲ့သူတွေက "ဟေ့ ကလေးတို့ လျှပ်စစ်မီးနဲ့ သွားမရှုပ်မိစေနဲ့" လို့အဓိပ္ပါယ်ကောက်မိမှာဖြစ်ပြီး

လေ့လာထားတဲ့သူတစ်ယောက်ကတော့ " ဟေးကလေးတို့ "လျှပ်စစ်မီးနဲ့ သွားမဆော့မိစေနဲ့"လို့တန်းသိမှာဖြစ်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
အလားတူအရိုးရှင်းဆုံး simplest sentence တစ်ခုပြရရင်
Eg(3) Mother looks after her children.

Look after means " take care of sth "

✅ တိုက်ရိုက်သွားပြန်ရင် "ကလေးတွေနောက်ကနေ
ကြည့်​နေတယ်" လို့ဆိုရမှာဖြစ်ပြီး သူ့ရဲ့အဓိပ္ပါယ်အမှန်က​တော့ "အမေက သူ့ကလေးတွေကိုကြည့်ရှုစောင့်ရှောက်တယ်" ပဲဖြစ်ပါတယ်။

✅ဒါတွေကိုကြည့်ခြင်းအားဖြင့်
phrasal verbတွေမှာ အဓိပ္ပာယ်သီးသန့်ရှိနေ
တဲ့အတွက် သူ့ရဲ့အနက်အဓိပ္ပာယ်တစ်ခုလုံးကိုကိုယ်ကသိထားမှသာလျှင် နားလည်နိုင်မှာဖြစ်ပါတယ်။

✅ ဒါကြောင့် English phrasal verb လေ့လာလိုသူ knowledge seeker တွေအတွက်ရည်ရွယ်ပြီး ဒီpageကနေ တစ်နေ့ကို "phrasal verbတစ်ခုစီ" ဥပမာနှင့်တကွ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။

(ဒါကြောင့်စိတ်ဝင်စားရင် ဒီpageမှာလေ့လာနိုင်မှာဖြစ်ပါတယ်)

With love,💛
Phone Khant Htet

Telephone

Website