VVIP Beauty Studio

VVIP Beauty Studio

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from VVIP Beauty Studio, Beauty Salon, အမှတ်၄၃/၁၅၇လမ်း/တာမွေမြို့နယ်, .

04/02/2024

❤️❤️ ကြိုက်တဲ့ ‌ကောက်/ ‌ဖြောင့်/‌ဆေးဆိုးလေးတွေကို စိတ်တိုင်းကျ ပြု‌လုပ်ပေးနေပါပြီရှင်

#ခေါင်းလျှော်
#ဆံပင်ညှပ်
#ဆံပင်ပုံသွင်း
#ဆံပင်ဖြောင့်
#ဆံပင်ကောက်
#ဆံပင်ဆေးဆိုး
ေးဆိုး
ေးဆိုး
#ဆံပင်ပေါင်းတင်
#ဆံပင်လေဆာပစ်
#မျက်နှာချေးချွတ်
#မျက်နှာအဆိပ်ထုတ်
#ပေါင်းတင်
#ဆံပင်ဆက်ခြင်းဖြုတ်ခြင်း
#တစ်ကိုယ်လုံးSPAWaxing
#လက်သည်းခြေသည်းCleansing
ိုးခြင်းပန်းချီဆိုးခြင်း

31/12/2023

(၁)သိန်းရတဲ့ ဝန်ထမ်းကို
အလုပ်ရှင်ကမေးတယ် လစာကို
ကျေနပ်လားလို့

ဝန်ထမ်းက မကျေနပ်ဘူးပြောတယ် 😏😏😏

အလုပ်ရှင်ကလဲပြောတယ်
သူလဲမကျေနပ်ဘူးတဲ့

ဘာကြောင့်လဲဆိုတော့
သူ့ဝန်ထမ်းကို (၁)သိန်းလေးဘဲပေးရလို့တဲ့😒
အလုပ်ရှင်က(၃)သိန်းပေးချင်ပေမယ့် 😏
ဝန်ထမ်းက (၃)သိန်းနဲ့တန်ဖိုးညီတဲ့
လုပ်အားမှ ပြန်မထွက်လာတာ😒😒😒

ဘယ်အလုပ်ရှင်မဆို ကိုယ့်ဆီလုပ်နေတဲ့ ဝန်ထမ်းကို လစာများများပေးပီး ခန့်ထားချင်တာက (၁၀၀)မှာ(၉၀)ကျော်က ဒီအတိုင်းပါဘဲ 😧😧😧

ဒါကြောင့် ဝန်ထမ်းများအနေနဲ့ salary များများလိုချင်ရင် ကိုယ့်ရဲ့ ability ကို မြင့်သထက်မြင့်အောင် ကြိုးစားကြပါ ။

လစာ များများရတဲ့ အလုပ်ကိုပြောင်းဖို့ ကြိုးစားဖို့ထက် ကိုယ့်ရဲ့ ability ကိုမြင့်အောင် ကြိုးစားကြပါ။

ability မြင့်လာရင် salary ဆိုတာ နောက်က လိုက်လာမှာပါ။😊😊😊

ငွေကြေးကို အရင်မရှာပါနဲ့။

စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုကို အရင်ရှာပါ။
😊😊😊

ငွေကြေးဆိုတာ နောက်ကလိုက်လာပါလိမ့်မယ်။

Photos from VVIP Beauty Studio's post 25/12/2023

မိတ်ကပ် လိမ်းနည်း အဆင့်ဆင့်ပါရှင် အဆင်ပြေကြပါစေ👱‍♀️

Photos from VVIP Beauty Studio's post 25/12/2023

နောက်တွဲဆံထုံးလေးများ ဝင်ရောက်လေ့လာကြည့်ရှူ့နိုင်ပါသည်

photo Credit

Photos from VVIP Beauty Studio's post 24/12/2023

အရောင်တောက်မှ ကြ်ုက်တဲ့ သဲလေးတွေအတွက်🙆

Photos from VVIP Beauty Studio's post 24/12/2023

ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာခြေသဲပုံလေးများ👣

Photos from VVIP Beauty Studio's post 21/12/2023

ဆံပင်ကာလာလေးများ လေ့လာကြည့်ရှူ့ဖန်တီးနိုင်ကြပါစေရှင်💇💇💇

Photos from VVIP Beauty Studio's post 21/12/2023

NailArt💅💅

14/12/2023

မိတ်ကပ်ဆရာတွေ ကြုံတွေ့ရမယ့် Customer များ ....
1. မိတ်ကပ်ကို အလှဆုံး လိမ်းချင်တယ် မိတ်ကပ်လိမ်းခကြတော့ ဈေးနဲနဲနဲ့လိုချင်တယ် ...

2. မိတ်ကပ်ဆရာက customer တွေ အလှဆုံးဖြစ်အောင် မရှိရှိတဲ့ကြားက brand လေးတွေ ဝယ်စုပြီး ဈေးကိုနဲနဲပဲ ယူရင် ဒီမိတ်ကပ်ဆရာက အပေါစား သုံးတာလား လို့ ထင်ပြန်တယ် ..

3. ရှင်ပြုလိုမျိူး ပွဲအကြီးကြီးလုပ်ပြီဆိုရင် ဘီယာဖိုးတော့ အကုန်ခံနိုင်တယ် မိတ်ကပ်ကို ကြတော့ ၂သိန်းလောက်ပေးပြီး ပွဲတခုလုံးစာ ပြင်ချင်တယ် အလှူ့အမ ရှင်လောင်း ကွမ်းတောင်ကိုင်အပြင် ဘေးက မျက်ခုံးလေး နဲနဲဆွဲပေးပါအုံး နှုတ်ခမ်းနီ နဲနဲဆိူးပေးပါအုံး နဲ့ ဂုန်းဆင်းချင်တဲ့ သူတွေနဲ့လဲ တွေ့ရတတ်တယ် ...

4. ပြင်ချင်တာက နိုင်ငံခြား မင်းသမီးလို ပုံတွေပြပြီး အသားအရည်ထိန်းသိမ်းမှုကြတော့လဲ မရှိ ပုံစံမတူရင် ( ငါက ဒီလိုလေးပြင်ချင်တာ ခုတော့ ငါ့ရုပ်က ဒီလ်ိုကြီးဆိုတာမျိူး ) ပင်ကိုယ်ရုပ်ရှိသလောက်တော့ အကောင်းဆုံး ပြင်ကြပါတယ် ..

5. အစွဲ အမျိူးမျိူး ချွတ်မရတာလဲ ကြုံရနိုင်တယ် မိတ်ကပ်ဆိုရင်ဖြူမှ နှုတ်ခမ်းကို n**e colar လေး ခေတ်နဲ့ အညီ ဆိုးပေးရင် လူမမာလို့ ထင်နေတာမျိုး...eye liner လိုသလောက်ဆွဲပေးရင် အမြဲ အမဲကြီးနဲ့ နေနေကြမို့လို့ အတင်းပြန်မဲခိုင်းတာမျိုး ...

6. ဘာ ကတော် ,ညာကတော်ဆိုပြီး ဂုဏ်ဆာနေသော်လဲ ပိုက်ဆံပေးခါနီးကြရင် လစာ နဲနဲပဲ ရလို့ မပေးနိုင်တော့တာမျိူး (မပေးခင် အရမ်းဂျီးလေ့ ရှိခြင်း )

7. Skin Care အကောင်းစားသုံးတာကျမက ဆိုပြီး မိတ်ကပ်ဆရာ လိမ်းတဲ့အခါ မယုံသကာ်ဖြစ်နေတာမျိုး ( သူတို့လိမ်းချင်အောင် မိတ်ကပ်ဆရာတွေ စုပေတော့ )

8. ဟိုမိတ်ကပ်ဆရာတောင် ဒီလောက်ပဲ ယူတယ် နင်က ဘာလို့ အဲ့လောက်ယူတာလဲဆိူပြီး နှိုင်းယှဉ်ပြောလေ့ရှိပြီး အဲ့ဘက်မှာကြတော့ သွားမပြင်ပဲ ကိုယ်နဲ့လာလိမ်းတဲ့အခါ ဈေးမပေးချင်တာမျိုး

9. ပွဲချိန်တော့ မှီချင်တယ် သမီးက မနက်အစောကြီး မထနိုင်ဘူး ဆိုပြီး အချိန်ဈေးစစ် ပွဲနီးခါမှ မိတ်ကပ်ဆရာက လက်ကိုစက်တပ်ပြီး ပြင်ပေးရတာမျိုး ..

10. ဆောင်မှာက မင်္ဂလာပွဲ မိတ်ကပ်လာငှား ရင် ပွဲတက် ဆိုပြီး အတင်းဈေးဆစ်ပြီး ပြင်တဲ့အခါ သတိူ့သမီး အသုံးဆောင် ပြင်ဆင်မှု အားလုံး အသုံးပြုချင်တာမျိူး ......

11.လူရင်းဆိုပြီး စရံ မယူထားရင် လာပြင်တဲ့နေ့မှာ မိတ်ကပ်ဆရာက မနက်အစောကြီး ထစောင့် သူတိူ့က သတို့သားဘက်က စီစဉ်လိုက်တာတို့ အဒေါ်က သူငယ်ချင်းကနဲ့ အကြောင်းအမျိူးမျိူး ပြပြီး လွယ်လွယ်လေး ပြောလိုက်တာက ရှိပါသေးတယ် 

12. မိတ်ကပ်ဆရာ မှန်သမျှကို ဈေးလိုက်စုံစမ်း မိတ်ကပ်ဆရာတိုင်းကို အိမ်မက်တွေ ပေးပြီး ဟိုလူနဲ့ ပြင်မယ်လိုလို ဒီလူနဲ့ ပြင်မယ်လိုလိုနဲ့ မိတ်ကပ်ဆရာ အချင်းချင်း အမုန်းပွားကြတာလဲ ရှိသေးပြန်တယ်

ခုမှ တက်သစ်စ မိတ်ကပ်ဆရာတွေအတွက် ရှောင်ရန် ဆောင်ရန်နဲ့ ဘယ်လို customer မျိုး လာလာ အကောင်းဆုံးပြင်နိုင်အောင် ပညာဝမ်းစာဖြည့်ထား ပါ ..ရတဲ့ ပိုက်ဆံနဲ့ ပစ္စည်းကောင်းလေးတွေကို တတ်နိုင်သမျှ စုဆောင်းပါ ..ကိုယ်တွေနယ်မှာက ဈေးမရလို့ ဆိုပြီး ဒါပဲသုံးမယ် မလုပ်ပါနဲ့ ပညာလဲ ဖြည့်မယ် ပစ္စည်းကောင်းလဲ သုံးမယ်ဆိုရင် ယုံကြည်မှုရှိ ဧည့်သည်တွေရဲ့ Problem တွေကို အကောင်းဆုံးဖြေရှင်းနိုင်မှာပါ

အောင်မြင်ချင်ရင် ကြိုးစားပါ စိတ်ရှည်ပါ သည်းခံပါ ....
ကောင်းသောစေတနာဖြင့် မိတ်ကပ်ဆရာ သက်တမ်း ၁၃နှစ်မှာ ကြုံခဲ့ ဖူးတာတွေ တချို့က်ို ဆင်ချင်သတိထားနိုင်အောင် မျှဝေပေးလိုက်ပါတယ်ဗျ အဆင်ပြေကြပါစေ ...🙏🙏🙏

Ko Pan (Loikaw) 😍😍😍

Photos from VVIP Beauty Studio's post 13/12/2023

ဆံပင်ညှပ်ပုံ ဒီဇိုင်း လေးများ💇

05/11/2022

အလကား စာသင်ပေးလိုက်တဲ့ တပည့်က ဂုဏ်ထူးတွေပါတာတောင် ကိုယ်နဲ့သင်ခဲ့မှန်း လူသိမခံဘူး။

လစာယူပြီးသင်ပေးလိုက်တဲ့ တပည့်ကတော့ နှစ်တိုင်းကန်တော့မပြတ်ဘူး။

ပြီးရင် အခမဲ့ဆေးကုပေးလိုက်တဲ့ လူနာက တပြားတစ်ချပ်မှ မကုန်ဘဲ နေကောင်းကျန်းမာသွားတာတောင် ကိုယ့်ကို သောက်ဖက်မလုပ်ဘူး။

ပိုက်ဆံယူပြီး ကုပေးလိုက်တဲ့လူနာကတော့ တသက်လုံး ကျေးဇူးတင်မဆုံးဘူး။

အဲလိုပဲ ...

အမျိုးတွေကို ကိုယ်ခက်ခဲတဲ့ကြားကနေပံ့ပိုးပေးရင်တောင် စကားပြန်တောင် ပြန်မကြားရဘူး။

သူစိမ်းတရံတွေကို ကူညီပေးရင်တော့ အသေးဖွဲလေးကအစ တဖွဖွပြော၊ ကြုံတိုင်း ကျေးဇူးဆပ်မဆုံးဘူး။

အဲဒါတွေနဲ့ပတ်သက်ပြီး ကိုယ့်ခံစားချက်ကို အမေ့ကိုတော့ ပြောပြဖူးပါတယ်။

ကိုယ်က သူတို့အဆင်ပြေစေချင်လို့ လုပ်ပေးတယ်ဆိုတာထက် 'ငါသူတို့ကို လုပ်ပေးလိုက်ရတယ်' ဆိုတဲ့ ခံစားချက်ကို ရချင်လို့ ၊ 'မလုပ်ပေးလိုက်ရလေခြင်း' ဆိုပြီး သောကတွေနဲ့ မကျန်ရစ်ချင်လို့ ... အဲလိုတွေလုပ်ပေးခဲ့တာ။

ဆိုတော့ကာ ...

"အသွား" ဆိုတာ "ကိုယ့်ရဲ့စေတနာ၊ မေတ္တာ" ဖြစ်တယ်ဆိုရင်

"အပြန်" ဆိုတာ "လုပ်ပေးလိုက်ရတဲ့အတွက် ကိုယ့်စိတ်မှာ ဖြစ်ပေါ်လာတဲ့ ကျေနပ်နှစ်သိမ့်ခြင်း" ပဲ နေပါလိမ့်မယ်။

စိမ့်စမ်းဖြူ (ဆေးတက္ကသိုလ်)

26/10/2022

ဆံပင်ပညာနဲ့အသက်မွေးတဲ့ "hair designer"လို့ခေါ်ထိုက်သူ ဆိုတာ~~~~~

-သည်းခံရတယ်

-စိတ်ရှည်ရတယ်

-လူတွေ (ဧည့်သည်)ရဲ့ အရိပ်အကဲကိုကြည့်တတ်ရတယ်

-မခံချင်စိတ်နဲ့ ပြိုင်ဆိုင်ရတယ်

-တခြားသူ‌ေတွရဲ့တိုက်ခိုက်မှုကို ခံနိုင်ရတယ်

-ကိုယ်တိုင် တိုက်ခိုက်လိုတဲ့စိတ်မမွေးရဘူး

-စိတ်ကောင်းထားရတယ်

-ဝါသနာတူအချင်းချင်း မှန် တစ်ချပ်လိုပဲဆက်ဆံရတယ်

-မြင်ဆရာ-သင်ဆရာ ကြောင့်တတ်ထားတဲ့ပညာကို ကိုယ်ပိုင်ညဏ်နဲ့ ကိုယ့်ပညာအဖြစ် ဆက်ပြီးတီထွင်နိုင်ရတယ်

-လောဘကြီးဖို့မလိုသလို ဒေါသကြီးဖို့လဲမလိုဘူး

-အမှားဆိုတာ ဘယ်လောက်တော်တဲ့လူမဆိုအမှားရှိတယ် အမှားတစ်ခုကြောင့် စိတ်ဓာတ်မကျရဘူး နောက်ဆိုမှန်သွားလိမ့်မယ်

-ခေါင်းဆောင်လိုစိတ်ရှိရမယ်

-အပြောအဆို ညင်သာရမယ်

-လူအချို့ရဲ့အထင်သေးခြင်းကင်းအောင် ‌အနေအထိုင်ဆင်ခြင် ရတယ်

-ဝန်ဆောင်မှုပေးတတ်ရတယ်

-တတ်တဲ့ ပညာကို မကြွားပဲ မတတ်သူကို အတတ်သင်မပေးတောင်ဖေးမကူညီစိတ်ရှိရတယ်

-ဝန်ထမ်းအချင်းချင်းလိုက်လျောညီထွေပေါင်းတတ်ရတယ်

-မကောင်းတဲ့စကားကို ‌ရှေမှာရော ကွယ်ရာမှာ‌ရော (အတင်း) မပြောနဲ့

-လိုတာထက်ပို မလိမ်နဲ့ မခိုးနဲ့

"ဒီအချက်တွေသာ စိတ်ကလက်ခံမယ်လုပ်နိုင်မယ်ဆိုရင် မင်းဝါသနာပါတဲ့ ဆံပင်ပညာက မင်းကို တန်းဖိုးထားပါလိမ့်မယ်"
____________________________
✅(ကူးယူပါက မူရင်းကို crd ပေးဖို့ပြောချင်ပါတယ်)✅

🖌️🖌️

11/10/2022

ောက်ရဲ့_တန်ဖိုး

အလှပြင်တဲ့အလုပ်ကို အတန်းပညာမရှိ /စာမတက်တဲ့သူတွေ /ဘဝအာမခံချက်ကောင်းကောင်းမရှိတဲ့သူတွေအတွက် စာဝတ်နေရေး အဆင်ပြေစေတဲ့ အသက်မွေးဝမ်းကြောင်းအလုပ် လို့နားလည်ပီး အထင်သေး/နှိမ်ချင်တဲ့သူတွေကို တွေးပြပေးချင်တာပါ။

Hair Salon အလှပြင်တဲ့အလုပ်ဆိုတာ ~ ~ ~

''''' #ဆံပင်ညှပ်တာများဘာခက်လို့လဲ ! ကတ်ကြေးတလက်၊ဘီတချောင်းရှိရင်ညှပ်လို့တယ် ပီးရင် ပိုက်ဆံ ၃၊၄၊၅ထောင် အလကားရတာလို့ထင်နေတဲ့သူတွေ '''''
-----------------------------------------------------------------

>> ဟုတ်ပါတယ် ဆံပင်ညှပ်တာလွယ်ပါတယ် ကတ်ကြေးရှိ ကလေးတောင်ညှပ်တတ်တယ် ။ဒါပေမယ့် လူတကိုယ်စိတ်တမျိုးနဲ့ လူပေါင်းများစွာရဲ့ စိတ်ကျေနပ်မှုရှိတဲ့ ဆံပင်ပုံရဖို့ ရှုပ်ထွေးလှတဲ့ ညှပ်နည်း Degree / Graturation / Layer / Point Cut / Short Cut တွေလေ့လာဖို့အသာထားအုံး နည်းစနစ်ကျတဲ့ ကတ်ကြေးကိုင် / ဘီးကိုင် / စည်းခွဲ /ကိုယ်နေဟန်ထား ရဖို့ လေ့ကျင့်ရတာကိုဘယ်လောက်ခက်ခဲလဲသူတို့နားလည်အောင်ရှင်းပြလို့မရဘူး

''''' #ဆေးဆိုးတာများဘာခက်လို့လဲ ဆိုးဆေးဘူးထဲပါတဲ့ ဆိုးဆေး နဲ့ ချုပ်ဆေး ရောမွှေ ခေါင်းမှာသုတ် အရောင်ထွက် ပီးပီလို့ထင်နေတဲ့သူတွေ ''''
------------------------------------------------------------------

>> Hair Stylist တယောက်အနေနဲ့သိထားသင့်တဲ့ အခြေခံဆေးဆိုးနည်း Step by Step / ချုပ်ဆေး % peroxide ခွဲခြားနည်း / ဆိုးချင်တာဆိုးပီး မညီတဲ့ကာလာတွေလာရင်ညှိဖို့ / အရောင်ဆန်းတွေကြိုက်တဲ့ Customer တွေအတွက် Crazy Colour ဆိုးနည်း / hight light ဖောက်နည်းတွေ / အနက်ဆေး ၊ အနီတို့လို့ ကာလာသတ်ရခက်တဲ့အရောင်တွေပြောင်းလဲဖို့ အာ့တွေအသာထားအုံး Colour Theory နဲ့ အခြေခံဆေးစပ်နည်းပဲ stylist တွေကိုယ်စား ဝင်လေ့လာကြည့် ရူးတောင်သွားအုံးမယ်

''''' #ဆံပင်ကောက်တာများ ဘာခက်လို့လဲ ဆံပင်စည်းခွဲ / လိပ်တံလိပ် / ဆေးထည့်ရပီလို့ထင်နေတဲ့သူတွေ '''''
----------------------------------------------------------------

>> ဆံပင် service ပေးတဲ့အထဲမှာ customer နဲ့ အများဆုံး အဆင်မပြေတာဖြစ်တတ်တာအကောက်ပါ။ လိုင်းကြီး / လိုင်းသေး / စပရိန်ကောက် / အကြေကောက် / ဖော့ကောက် /ရေလှိုင်းကောက် / C ကောက် / L ကောက် / S ကောက် . . . . . . စသဖြင့် တိုးတက်လာတဲ့ခေတ်နဲ့အညီ အမျိုးစုံသောကောက်နည်းတွေ / ကောက်တဲ့ကောက်သားလှဖို့ /ဆံသားမပျက်စီးအောင်/ ကြာရှည်ခံအောင် ထိန်းသိမ်းနည်းတွေ Customer ကိုမှာဖို့ အာ့တွေ အသာထားအုံး ဆံပင်ကောက်ပီး ပုံသွင်းဖို့ Blow dry လုပ်ဖို့တောင် သေချင်စော်နံအောင်ကျင့်ရတာ သူတို့မသိဘူး??

''''' #ဆံပင်ဖြောင့်တာများဘာခက်လို့လဲ ဆေးထည့် / စက်ဆွဲ / ချုပ်ဆေးထည့်ပီးပီလို့ထင်နေတဲ့သူတွေ '''''
-----------------------------------------------------------

>> ဟုတ်ပါတယ် ဆံပင်ဖြောင့်ရတာမခက်ပါဘူး / ဒါပေမယ့် ဖြောင့်လိုက်တဲ့ဖြောင့်သားလှပီး တုန်နေဖို့ / ဆံပင်ပါးတဲ့သူတွေဘယ်လိုဖြောင့်မလဲ /ဆံသားသေးတာ၊မျှင်တာ၊တုတ်တာ၊ပုံမှန်/ပင်ဂိုအရမ်းကောက်တဲ့ဆံသားတွေ အဲ့လိုမျိုးမတူညီတဲ့ဆံသားတွေအတွက် ဆေးစပ်ဖို့ / ပျက်စီးနေတဲ့ဆံသားတွေကို အဆင်ပြေဖို့ /ဆံသားရဲ့ခံနိုင်ရေရှိတဲ့ ဖြောင့်စက်အပူချိန်ထားဖို့ အာ့တွေအသာထားအုံး ဖြောင့်စက်ဆွဲဖို့ကျင့်ရတာတောင် ဘယ်လောက်ခက်ခဲလဲဆိုတာ လက်အရေကြည်ဖုထအောင်ဆွဲဖူးတဲ့သူတွေပဲသိတယ်

ထိုနည်းတူ #ခေါင်းလျှော် / #မျက်နှာပေါင်းတင်/ #ဖယောင်းသွင်း / / #ခြေသည်းပန်းချီ အခြားသော Salon Service ဝန်ဆောင်မှု တွေမှာလည်း အခက်အခဲတွေ/ အဆင်မပြေမှုတွေ အများကြီးပါ။

ဒီအလုပ်လုပ်ဖို့အတွက် ဆံပင်နဲ့ပတ်သတ်တဲ့ပညာတွေ သိအောင် အရင်လေ့လာရတယ်/သိပီးရင်တတ်အောင်သင်ရတယ် / တတ်တဲ့ပညာကို ကျွမ်းအောင်ကျင့်ရတယ်/ကျွမ်းသွားရင်တော်အောင်ကြိုးစားရတယ် ဒီလိုလုပ်နိုင်ဖို့ဆိုတာလည်း တော်ရုံဝါသနာနဲ့အဆင်မပြေနိုင်ပါဘူး။

တချို့သောအလုပ်တွေကမှ အတန်းပညာ ဘွဲ့လက်မှတ်တခုကိုင်ပီး အဆင်ပြေမယ့် နေရာတနေရာမှာ အပေါ်ယံဟန်ပြလုပ် အချိန်တန်လစာထုတ်လို့ရချင်ရမယ် !!

အလှပြင်တဲ့အလုပ်က အပေါ်ယံဟန်ဆောင်လုပ်လို့မရသလို့ နေစဉ်နဲ့အမျှ ကိုယ်တတ်တဲ့ ပညာကို လက်တွေ့ကျကျ ထုတ်ပြပီး ဝန်ဆောင်မှုပေး စာမေးပွဲစစ်နေတာဖြစ်တဲ့အတွက် ဒီအလုပ်က အများထင်သလို လွယ်လွယ်နဲ့ လုပ်လို့ရတဲ့အလုပ်မဟုတ်သလို့ ပညာကလဲသင်လို့မကုန်နိုင်ဘူးဆိုတာ ဒီအလုပ်ကိုလုပ်ဖူးတဲ့သူတိုင်းသိပါတယ်။

ကျွန်မကိုယ်တိုင်လဲလက်ရှိ ပညာသင်တယောက်ဖြစ်သလို့ ကျွန်မထက် စီနီယာကျတဲ့ ဆရာတွေ / ဆရာမတွေလည်း ခုအချိန်ထိ လေ့လာနေဆဲပါ။

#ကြုံတုန်းအသိပေးချင်တာတခုက !!
အခုမှစပီး အလှပြင်တဲ့လုပ်ငန်း စလုပ်မယ့်သူတွေအနေနဲ့
ဒီအလုပ်ကို
ငွေတခုတည်းအတွက်ဆိုမလုပ်ပါနဲ့
ဝါသနာမပါရင်မလုပ်ပါနဲ့
စေတနာမပါရင်မလုပ်ပါနဲ့
အပင်ပန်းမခံနိုင်ရင်မလုပ်ပါနဲ့
လူအများအပေါ်စိတ်ရှည်သီးခံနိင်မှုမရှိရင်မလုပ်ပါနဲ့
တကိုယ်ကောင်းဆန်တတ်ရင်မလုပ်ပါနဲ့ အခက်အခဲတွေနဲ့ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုသက်သေချင်စိတ်ပေါက်သွားလိမ့်မယ်။

🙏🙏🙏🙏🙏🙏
ယခု post လေးက မိတ်ဆွေအတွက် အကျိုးရှိတယ်ဆိုရင်
အရမ်းကိုဝမ်းသာမိမှာပါ
ဆံပင် ချစ်သူ မိတ်ဆွေ အားလုံးအတွက် အကျိုးရှိနိုင်မယ့် post လေးတွေရှာ တင်နိုင်အောင် အမြဲကြိုးစားနေပါတယ် 🙏🙏ကျေးဇူးရှင့်😊😊
Crd.

Photos from VVIP Beauty Studio's post 11/10/2022

Telephone

Website