သစ္စာလေးပါး မဂ်လေးပါး Online ဓမ္မာရုံ

သစ္စာလေးပါး မဂ်လေးပါး Online ဓမ္မာရုံ

အနန္တကျေးဇူးတော်ရှင် ဆရာတော်အရှင်ပုညသေဋ္ ၏ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးတရားများ ပွါးများရာ ဓမ္မာရုံကလေး

Photos from သစ္စာလေးပါး မဂ်လေးပါး Online ဓမ္မာရုံ's post 29/02/2024

အနန္တကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) ၏

နေပြည်တော်တွင် ပြုလုပ်သော

သစ္စာလေးပါး ၅-ရက်တရားစခန်း
ပထမနေ့ … ကုသိုလ်တော်ပုံရိပ်များ

29/02/2024

🎖️ သစ္စာလေးပါးကို မသိခဲ့လို့ 🎖️
သစ္စာလေးပါးကို ထိုးထွင်းပြီးတော့
မသိခဲ့တဲ့ အတွက်ကြောင့်
ရှည်လျားလှတဲ့ သံသရာကြီးကို
ကျဉ်လည်ခဲ့ရပါတယ်။
ဘယ်လောက်တောင်
ရှည်လျားခဲ့သလဲဆိုရင်
လည်ပင်းအဖြတ်ခံရလို့
ကျခဲ့တဲ့သွေးတွေဟာ
သမုဒ္ဒရာလေးစင်းမကကို
များပြားခဲ့တော့တာ။
အဲဒီလောက်တောင်
ရှည်လျားလှတဲ့ဘဝတွေကို
သစ္စာလေးပါးကို မသိခဲ့လို့
ဒို့တတွေ … ကျဉ်လည်ခဲ့ရတော့တာ။
ဒီအချိန် … ဒီကာလဟာ သစ္စာလေးပါး
နေလို - လလို ... ထွန်းတောက်နေတဲ့
အချိန်ကာလ ဖြစ်ပါတယ်။
ဒီအချိန် ... ဒီကာလမှာ
သစ္စာလေးပါး ရှိနေတယ်။
ရှိနေတဲ့အချိန်မှာ
ကိုယ်က ... ကျင့်နိုင်ရင် ရနိုင်ပါတယ်။
ဒါကြောင့်လေ … ဒို့များရဲ့ မြတ်ဗုဒ္ဓက
ရင်ဝမှာ … လှံ စူးနေပါစေ
ဦးခေါင်း … မီးလောင်နေပါစေ
လှံကိုလည်း … ဆွဲမနှုတ်နဲ့။
လောင်နေတဲ့ မီးကိုလည်း … ငြှိမ်းမနေနဲ့တဲ့။
သစ္စာလေးပါး … သိဖို့ကိုပဲ
အရေးတကြီး ရှာရမှာလို့ မိန့်ပါတယ်။
သစ္စာလေးပါးကိုသိဖို့က
အရေးအကြီးဆုံး ဖြစ်တယ်နော်။
ဒါ့ကြောင့် … ဒို့ အမေအို … အဖေအိုဟာ
တရားထိုင်စဉ်အချိန်မှာတင်မက ပဲ
အချိန်တိုင်း … အချိန်တိုင်းမှာ
နေစဉ်တိုင်း … နေစဉ်တိုင်းမှာ
ဒီ သစ္စာလေးပါး တရားတွေကိုပဲ
တွေးတယ် … ဆင်ခြင်တယ်
မရပ်မနား … မရပ်မနား
ပွါးများနေတော့တာ။
လျောင်း ... ထိုင် ... ရပ် ... သွား
အချိန်တိုင်းမှာ
သစ္စာလေးပါးနဲ့ပဲ နေမယ်နော်။
အချိန်တိုင်း မှာ
ပျင်းတာရယ် ... အိပ်ချင်တာရယ်
မအားတာရယ် ... ဖယ်ပြီးတော့
ပွါးများ နေမယ်နော်။
နေစဉ်မှာလည်း
သစ္စာလေးပါးနဲ့ နေတာ။
သေတဲ့အခါမှာလည်း
သစ္စာလေးပါးနဲ့ … သေကြတော့မှာ။
အဲဒီလို လုပ်တဲ့အတွက်ကြောင့်
သူတို့ရဲ့ အိန္ဒြေတွေဟာ
လုံခြုံပြီးသား … ပိတ်ဆို့ပြီးသား
ဖြစ်နေတော့တာ။
မသင့် မတင့်တဲ့ နှလုံးသွင်းမှုတွေကြောင့်
နမိတ်တွေစွဲပြီး ဖြစ်လာတဲ့
အဘိစ္ဆာတွေ … ဒေါမနဿတွေကို
လုံခြုံအောင် စောင့်ရှောက်ပြီးသား
ပိတ်ဆို့ပြီးသား ဖြစ်နေတော့တာ။
အဲလို … အချိန်တိုင်း … နေစဉ်တိုင်း
ပွါးများနေတဲ့အတွက်ကြောင့်
ဒီတရားကပဲ … ဒီ အမေအို … အဖေအိုကို
စောင့်ရှောက်သွားတော့တာ။
မျှတရုံပဲ
နေထိုင် … စားသောက် … အိပ်စက်တတ်လို့
ပေါ့ပါးနေတော့တာ။
နိုးကြားနေတော့တာ။
သစ္စာလေးပါးနော်
သစ္စာလေးပါး ဖြစ်ပါတယ်။
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
ဓမ္မဒါန မေတ္တာဖြင့်
သစ္စာလေးပါး မဂ်လေးပါး
Zoom ဓမ္မာရုံ မိသားစု

28/02/2024
Photos from သစ္စာလေးပါး မဂ်လေးပါး Online ဓမ္မာရုံ's post 28/02/2024

အနန္တကျေးဇူးတော်ရှင်ဆရာတော်ဘုရား
နေပြည်တော် စံကျောင်းတွင် 🙏🙏🙏

28/02/2024

🎖️ လောကဓံတရားတွေဟာ 🎖️
လောကဓံ တရား​တွေဟာ
ပျက်​စီး ​နေတဲ့ … အမှုန်အမွှား​တွေ။
​လောကဓမ္မဆိုတဲ့​ ​
လောကဓံ​တရား​တွေဟာ
ဒို့​တွေ​ရဲ့နောက်​ကို
အရိပ်​လို လိုက်​​ပါ​နေ​တော့တာ။
​လောကကလဲ​ ​
လောကဓံ​နောက်​ကို … လိုက်​သလို
​လောကဓံ ကလဲ​ ​
လောက​နောက်​ကို … လိုက်​​တော့တာ။
​ကောင်းတဲ့​ … လောကဓံ​ရော
ဆိုးတဲ့​ … လောကဓံ​တွေ​ရော
သဲမုန်​တိုင်းတွေ တိုက်​ခတ်​​နေသလို
ပျက်​စီး ​နေတဲ့ … အမှုန်အမွှား​တွေ။
လောကဓံတရားတွေဟာ
ကိုယ်လုပ်ခဲ့တဲ့ ... ဝဋ်ကြွေးတွေ
ကိုယ်ပြုခဲ့တဲ့ ... ဝဋ်ကြွေးတွေ
လောကဓံတရားတွေဟာ
ပျက်စီးနေတဲ့ ... ဝဋ်ကြွေးတွေ
မမြဲတဲ့ ... ဝဋ်ကြွေးတွေ
ဆင်းရဲတဲ့ ... ဝဋ်ကြွေးတွေ
ဝဋ်ကြွေးတွေ ... ဝဋ်ကြွေးတွေ
လောကဓံတရားတွေဟာ
အခါခါဆပ်နေရတဲ့ ... ဝဋ်ကြွေးတွေ
ကြေအောင်ဆပ်နေရတဲ့ ... ဝဋ်ကြွေးတွေ
အမှုန်အမွှား သဏ္ဍန်
အချိန်တိုင်းပျက်စီးနေတဲ့ ... ဝဋ်ကြွေးတွေ
လောကဓံတရားတွေဟာ
အတိတ် မရှိတဲ့ ... ဝဋ်ကြွေးတွေ
အနာဂတ်မရှိတဲ့ ... ဝဋ်ကြွေးတွေ
စွဲလမ်းစရာ မလိုတဲ့ ... ဝဋ်ကြွေးတွေ
တွယ်တာစရာ မလိုတဲ့ ... ဝဋ်ကြွေးတွေ
ငါမပိုင်တဲ့ ... ဝဋ်ကြွေးတွေ
အတ္တမရှိတဲ့ ... ဝဋ်ကြွေးတွေ
အနတ္တဖြစ်နေတဲ့ ... ဝဋ်ကြွေးတွေ
လောကဓံတရားတွေဟာ
ဝဋ်ကြွေးပဲ ... ဝဋ်ကြွေးပဲ ... ဝဋ်ကြွေးပဲ
အခြွေအရံတွေများတဲ့ လောကဓံတွေရော
အခြွေအရံတွေနည်းတဲ့ လောကဓံတွေရော
ချီးမွှမ်းတာတွေရော … ကဲ့ရဲ့တာတွေရော
လောကဓံ ရှစ်ပါးလုံးဟာ
ကိုယ်ကပ်ဗုံးတွေ တဝုန်းဝုန်း
ပေါက်ကွဲ ပျက်စီး နေသလိုမျိုး.
လောကဓံတရားတွေဟာ
ပစ္စုပ္ပန်တိုင်း ... ပစ္စုပ္ပန်တိုင်းမှာ
ပျက်စီးနေတဲ့ အမှုန်အမွှားတွေ
အမှုန်အမွှားပဲ ... အမှုန်အမွှားပဲ
အမှုန်အမွှားပဲ
ဆင်းရဲတဲ့ လောကဓံတွေရော
ချမ်းသာတဲ့ လောကဓံတွေရော
အနုမြူဗုံးတွေ ပေါက်ကွဲနေသလိုမျိုး
အချိန်တိုင်း … အချိန်တိုင်း
ပေါက်ကွဲ ပျက်စီး နေကြတာ။
လောကဓံတရားတွေဟာ
တွယ်တာစရာ ဘာဆိုဘာမျှ မရှိအောင် ပေါက်ကွဲ ပျက်စီး နေကြတာ။
စုံမက်စရာ မရှိအောင်
ပေါက်ကွဲ ပျက်စီး နေကြတာ။
အချိန်တိုင်း .. စက္ကန့်တိုင်း
တခြိမ်းခြိမ်း ပေါက်ကွဲ ပျက်စီးနေတဲ့
ဒီလောကဓံတရားတွေဟာ
သုခရယ်လို့ … တစ်ခုမှ မရှိပါဘူး။
လောကဓံတရားတွေဟာ
လောကဓံတရားတွေဟာ
ဒုက္ခသစ္စာကြီး … ဒုက္ခသစ္စာကြီး
လောကဓံတရားတွေဟာ
လောကဓံတရားတွေဟာ
စွဲလမ်းစရာ … မလိုဘူး
စွဲလမ်းစရာ … မလိုဘူး
ငါ မပိုင်ဘူး ... ငါမပိုင်ဘူး
လောကဓံတရားတွေဟာ
လောကဓံတရားတွေဟာ
ငါနဲ့ ဘာမှ မဆိုင်တဲ့အတွက်ကြောင့်
ငြိမ်းအေးလိုက်တာ ... ငြိမ်းအေးလိုက်တာ
လောကဓံတရားတွေဟာ
ငါ့ပစ္စည်း မဟုတ်တဲ့ အတွက်ကြောင့်
ချမ်းသာလိုက်တာ ... ချမ်းသာလိုက်တာ
လွတ်မြောက်ပြီ ... လွတ်မြောက်ပြီ။
လောကဓံကလဲ
ဒို့အမေအို … ဒို့အဖေအိုတွေကို
ကြိတ်မှာဘဲ။
ကိလေသာတွေ ကလဲ … ကြိတ်မှာဘဲ။
အဲဒီတော့ ...သူကြိတ် … ကိုယ်ကြိတ်။
သစ္စာလေးပါးကို မပွါးများတဲ့သူဟာ
လောကဓံရဲ့ တိုက်ခိုက်တာကို
တကယ် ခံလာရတဲ့ အခါမှာ
ထွက်ပေါက် မရှိကြဘူးနော်။
မမေ့ဘူး … မမေ့ဘူး။
ပွါးမယ် … ပွါးမယ် … ပွါးမယ်။
တကယ့်ကို ရ ကြမှာ။
မြင်​​နေတဲ့ပုဂ္ဂိုလ်​က​ … ပြောပြီဆိုရင်​
ယုံကြည်​တဲ့စိတ်​နဲ့​
နောက်​က လိုက်​ခဲ့​တော့​နော်​။
မယုံကြည်​ရင်​​တော့
ဒို့လဲ … ဘာမှ မတတ်​နိုင်​ဘူး။
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
ဓမ္မဒါန မေတ္တာဖြင့်
သစ္စာလေးပါး မဂ်လေးပါး
Zoom ဓမ္မာရုံ မိသားစု

Photos from သစ္စာလေးပါး မဂ်လေးပါး Online ဓမ္မာရုံ's post 27/02/2024

အမြန်လမ်း ၁၅-မိုင် ၄-ဖာလုံ တရားစခန်း
ကုသိုလ်တော် ပုံရိပ်များ
🙏🙏🙏

27/02/2024

🎖️ အရိုးစု အသုဘတွေကို ဆောင်တာ 🎖️
ချောတယ် ... လှတယ်လို့
ယောက်ျား ... မိန်းမလို့
မြင်လို့ ... စွဲလမ်းကြတာ။
အရိုးစုတွေကို မြင်နေတဲ့ ပုဂ္ဂိုလ်ကျတော့
မစွဲလမ်းတော့ဘူး။
သူလည်း … အရိုးစု
ကိုယ်လည်း … အရိုးစုလေ။
သူလည်း … အသုဘ
ကိုယ်လည်း … အသုဘ တရားလေ။
သူလည်း … ပျက်ဆီးနေတဲ့ တရားတွေ
ကိုလ်လည်း … ပျက်ဆီးနေတဲ့တရားတွေ။
ဘရိတ်တွေက ... ကောင်းလာတော့တာ။
ဘရိတ်တွေက ... မိလာတော့တာ။
ရှေ့စိတ်က ... ချောတယ်ဆိုရင်
နောက်စိတ်က
အရိုးစုကြီး ဖြင်လာတော့တာ။
ဘရိတ်တွေက မိလာတာကို ... သိလာတာ။
ဒါကြောင့်
အမေရိကန်တိုင်းပြည်နဲ့ ... မလဲနိုင်ဘူး။
ဒါကြောင့် ... ဒါကြောင့်
ပုထုဇဉ်တွေက ... မင်္ဂလာကို ဆောင်တာ။
အရိယာတွေက … အသုဘကို ဆောင်တာ။
အသုဘကို ဆောင်ထားတာ ... မချဘူး။
ဟောဒီ ... အရိုးစု အသုဘတွေကို
ဆောင်ထားတာ ... မချတော့ဘူး။
ဟောဒီ တရားကို
ပွားများခြင်းကြောင့် ... လောကီမှာလည်း
ကျမ်းမာရေးတွေ ... စီးပွားရေးတွေ
မလိုချင်အောင် ... ရလာတာ။
ဟောဒီ ... လောကုတ္တရာရဲ့ ... ပါဝါတွေ။
မလိုချင်တော့လို့ ... ပိုပြီး ပြည့်စုံလာတာ။
ဟုတ်ပြီနော်။
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
ဓမ္မဒါန မေတ္တာဖြင့်
သစ္စာလေးပါး မဂ်လေးပါး
Zoom ဓမ္မာရုံ မိသားစု

26/02/2024

🎖️ ဘာဝိတာ ဗဟုလီကတာ 🎖️
အသံတွေ ကြားရင်လည်း
ဘာအသံပဲ ကြားကြား
ငြိမ်းအေးလိုက်တာ
ချမ်းသာလိုက်တာ
ငြိမ်သက်လိုက်တာ
အထင်လွဲတဲ့ စိတ်တွေလည်း
ငြိမ်းအေးလိုက်တာ
ချမ်းသာလိုက်တာ
ငြိမ်သက်လိုက်တာ
ဒေါသတွေလည်း
ငြိမ်းအေးလိုက်တာ
လောဘတွေလည်း
ငြိမ်းအေးလိုက်တာ
မာနတွေလည်း
ငြိမ်းအေးလိုက်တာ
သောကတွေလည်း
ငြိမ်းအေးလိုက်တာ
ချမ်းသာလိုက်တာ
ငြိမ်သက်လိုက်တာ
ငြူစူတဲ့ စိတ်တွေလည်း
ငြိမ်းအေးလိုက်တာ
မုန်းတဲ့စိတ်တွေလည်း
ငြိမ်းအေးလိုက်တာ
ကဲ့ရဲ့တဲ့ တရားတွေလည်း
ငြိမ်းအေးလိုက်တာ
အမြင့်ဆုံး … ဥပေက္ခာ
အမြင့်ဆုံး … ခန္တီ
နဲနဲမှ မပြစ်မှားဘူး။
စိတ်တွေကိုနော်
အပြန်ပြန် အလှန်လှန်
ဘာဝိတာ ဗဟုလီကတာ
သန္တိသုခကို ကိုယ်ပိုင် ဖြစ်လာအောင်လို့။
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
ဓမ္မဒါန မေတ္တာဖြင့်
သစ္စာလေးပါး မဂ်လေးပါး
Zoom ဓမ္မာရုံ မိသားစု

26/02/2024

🎖️ သစ္စာကမ္မဋ္ဌာန်းနော် 🎖️
ဒုက္ခသစ္စာကို ... ပွါးများလိုက်
သမုဒယပယ်တာကို ... ပွါးများလိုက်
နိယောဓသစ္စာကို ... ပွါးများလိုက်
ဒုက္ခသစ္စာ + မဂ္ဂသစ္စာ
သမုဒယပယ်တာ + မဂ္ဂသစ္စာ
နိယောဓသစ္စာ + မဂ္ဂသစ္စာ
သစ္စာလေးပါးနဲ့ ... ပွါးများနေတာ
အနာဂါမ်များဟာ
ကာယထဲ ဝင်ပြီးတော့လည်း
အချိန်တိုင်း … စက္ကန့်တိုင်း
သေကျေပျက်စီးနေတဲ့
ဒီခန္ဓာကိုယ်ကြီးဟာ … အမှုန်အမွှားပဲ။
ဝေဒနာထဲ ဝင်ပြီးတော့လည်း
အချိန်တိုင်း … စက္ကန့်တိုင်း
ဖေါက်ပြန်ချုပ်ပျောက်နေတဲ့
ဒီဝေဒနာတွေဟာ … အမှုန်အမွှားပဲ။
စိတ်တွေထဲ ဝင်ပြီးတော့လည်း
အချိန်တိုင်း … စက္ကန့်တိုင်းမှာ
ခံစားပြီးပျက်နေတဲ့
ဒီစိတ်တွေဟာ … အမှုန်အမွှားပဲ။
သေနေတဲ့ … ကျေနေတဲ့ … အမှုန်အမွှားတွေ။
အချိန်တိုင်း ပျက်စီးနေတဲ့ … အမှုန်အမွှားတွေ။
ဘုရားရှင်က … ဟောဒီစိတ်တွေက
ကုဋေပေါင်း တစ်သိန်းတောင်
ပျက်နေတယ်လို့ မိန့်ခဲ့တာ။
မျက်စိတစ်မှိတ်
လျှပ်တစ်ပျက်ကလေးအတွင်းမှာ
အမှုန်အမွှားသဏ္ဍာန်
ပျက်စီးနေတယ်လို့ ... မိန့်ခဲ့တာ။
စိတ်တွေထဲ ဝင်ပြီးတော့လည်း
ခံစားပြီးပျက်နေတဲ့ ဒီစိတ်တွေဟာ
အမှုန်အမွှားပဲ။
သိကာမျှ သိကာမျှ … သိကာမျှ
ဟောဒီ … ဓမ္မထဲ
နိဝရဏတရားတွေရော
ခန္ဓာငါးပါးတရားတွေရော
အာယတနတရားတွေရော
အဲဒီ ဓမ္မထဲ ဝင်ပြီးတော့လည်း
သစ္စာလေးပါးနဲ့ ပွါးများနေတယ်။
အမှုန်အမွှားပဲ
အချိန်တိုင်း ပျက်စီးနေတဲ့ … အမှုန်အမွှားတွေ။
သေကျေနေတဲ့ … အမှုန်အမွှားပဲ။
သဲတောင်တွေ ပြိုကျနေသလို
သဲမုန်တိုင်းတွေ တိုက်ခတ်နေသလို
အနုမြူဗုံးတွေ ပေါက်ကွဲနေသလို
မီးတောင်တွေ ပေါက်ကွဲနေသလို
နှင်းမုန်တိုင်းတွေ တိုက်ခတ်နေသလို
မီးရှူး မီးပန်းတွေ ဖေါက်ခွဲနေသလို
နှင်းမှုန်တွေ ပိန်းပိတ်အောင် ကျနေသလို
အဲလို ပုံရိပ်တွေ ပြောင်း ပြောင်း ပြီးတော့
ထည့်တာဟာ … မြင်စေချင်လို့။
အဲဒီလို ပွါးများနေတာက
အနာဂါမ်များရဲ့
ဒုက္ခသစ္စာကို ပွါးများနေတာ။
သစ္စာကမ္မဋ္ဌာန်းနော် … ဟုတ်ပြီနော်။
ဟောဒီ
ငါ မပိုင်ဘူး … စွဲလမ်းစရာ မလိုဘူး
နှောင်ဖွဲ့စရာမလိုဘူး
အတိတ် ပစ္စုပ္ပန် အနာဂါတ် မရှိဘူး
အချိန်တိုင်း ဘာမှသုံးမရအောင်
ပျက်စီးနေလို့
ဟုတ်ပြီနော်
စွဲလမ်းစရာ ... မဟုတ်ဘူး
ချစ်စရာ … မုန်းစရာ ... မလိုဘူး
သညာတွေ ပညတ်တွေ
ပေးလို့ မရတော့ဘူး
သံယောဇဉ် ထားစရာ ... မလိုဘူး
အဲဒါက … သမုဒယသစ္စာပယ်တာကို
ပွါးများနေတာ။
ဒီဖက်က
ငြိမ်းအေးလိုက်တာ … ချမ်းသာလိုက်တာ
ငြိမ်သက်လိုက်တာ … သည်းခံပါတယ်
ခွင့်လွှတ်ပါတယ် … မတုန်လှုပ်ပါဘူး
မြင် … မြင်ကာမျှ … သိ … သိကာမျှ
ကြား … ကြားကာမျှ
ပျော်လိုက်တာ … ကြည်နူးလိုက်တာ
ဝမ်းသာလိုက်တာ … ပေါ့ပါးလိုက်တာ
ငြိမ်သက်လိုက်တာ
အဲဒါက
နိရောဓသစ္စာကို ပွါးများနေတာ။
သုံးမျိုးထဲနော်။
သို့သော် … မဂ္ဂသစ္စာက … ပါပြီးသားနော်။
အဲဒီလို … ဒီအမေအို … အဖေအိုဟာ
အနာဂါမ်များရဲ့ သစ္စာလေးပါးနဲ့
မရပ်မနား ပွါးများနေတာ။
သစ္စာလေးပါးပါတဲ့
မဂ္ဂင်ရှစ်ပါး ... လမ်းအို … လမ်းဟောင်းကို
လျောက်နေတယ်။
မနားဘူး … မနားဘူး … မနားဘူး။
လျောင်း … ထိုင် … ရပ် … သွား
ဣရိယာပုဒ်တိုင်း … နေစဉ်တိုင်းမှာ
ဒီ သစ္စာလေးပါးနဲ့ပဲ .... ပွါးများနေတယ်။
ဟုတ်ပြီနော်။
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
ဓမ္မဒါန မေတ္တာဖြင့်
သစ္စာလေးပါး မဂ်လေးပါး
Zoom ဓမ္မာရုံ မိသားစု

25/02/2024

🎖️ ငါမရှိတဲ့ ဆွေမျိုးတွေ 🎖️
အခုလို
ငါ မရှိတဲ့တရား တွေနဲ့
ပွါးများပြီးနေတာဟာ
ကိုယ့်ကိုကိုယ် ... စောင့်ရှောက်နေတာ။
အတ္တမရှိတဲ့
ဒီ အနတ္တ တရားတွေကို
အခါခါ ကိန်းဝပ် နေတာဟာ
ကိုယ့်ကိုကိုယ် ... စောင့်ရှောက်နေတာ။
ကိုယ့်ကိုကိုယ်
စောင့်ရှောက်နေတာဟာ
တခြားသူတွေကိုလဲ
စောင့်ရှောက်ပြီးသား ဖြစ်သွားတော့တာ။
အချိန်တိုင်း ... ပစ္စုပ္ပန်းတိုင်းမှာ
ငါမရှိတဲ့ ဆွေမျိုးတွေနဲ့ ... နေရမှာ။
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
ဓမ္မဒါန မေတ္တာဖြင့်
သစ္စာလေးပါး မဂ်လေးပါး
Zoom ဓမ္မာရုံ မိသားစု

24/02/2024

🎖️ စိတ်တွေ ပြောင်းသွားတာ 🎖️
အဝတ်ဟာ
အဆုံးအဖြတ်မဟုတ်ပါဘူး။
အကျင့်ဟာ … အဆုံးအဖြတ်ပါ။
သောတာပန် … သကဒါဂမ်
အနာဂမ် … ရဟန္ထာ စတဲ့
သညာတွေ … ပညတ်တွေ … မရှိပါဘူး။
တကယ်ရှိတာက … ဒီ စိတ်တွေပါ။
ပထမ အရိယာတွေက
ပစ္စုပ္ပန်တိုင်း ပစ္စုပ္ပန်တိုင်းမှာ
ဓါတ်ကြီးလေးပါး
ဖေါက်ပြန်ပျက်စီးတာကို သိသွားကြတာ။
ငါမရှိဘူးဆိုတဲ့ စိတ်တွေ ပြောင်းသွားတာ။
ဒုတိယ အရိယာတွေက
အချိန်တိုင်းအချိန်တိုင်းမှာ
အသုဘပုံသဏ္ဍာန်အတိုင်း
ဖေါက်ပြန်ပျက်စီးတာကို သိသွားကြတာ။
အသုဘတရားတွေ
မတင့်တယ်တဲ့ တရားတွေ
အသုဘပုံစံအတိုင်း
ပျက်စီးနေတဲ့ တရားတွေ
စိတ်တွေ ပြောင်းသွားတာ။
အဲ … တတိယ အရိယာတွေကျတော့
အမှုန်အမွှားသဏ္ဍာန်
ပျက်စီးနေတယ်လို့ မြင်နေကြတာ။
လူရယ် … နတ်ရယ် … ဗြဟ္မာရယ်
ရေမြေတွေ … တောတောင်တွေ
သက်ရှိ သက်မဲ့တွေ
အတုံးအခဲတွေ … အဆိုင်အခဲကြီးတွေ
အဲဒီစိတ် မရှိတော့ဘဲ
အမှုန်အမွှား တွေ
စွဲလမ်းစရာ ဘာဆို ဘာမှ မရှိတော့တဲ့
အမှုန်အမွှား တွေ။
သညာတွေ … ပညတ်တွေ
ဘာဆို ဘာမှ မရှိတော့အောင်
အမှုန်အမွှားသဏ္ဍာန် ကုဋေပေါင်းများစွာ
ပျက်စီးနေတာ။
အဲဒီစိတ် … ပြောင်းသွား … ပိုင်သွားတာ။
စတုတ္ထအရိယာ တွေကြတော့
ဒီ သန္တိသုခဆိုတဲ့စိတ်ကို ပိုင်ဆိုင်သွားတာ။
မြင် … မြင်ကာမျှ
သိ … သိကာမျှ
ကြား … ကြားကာမျှ
စား … စားကာမျှ
ရပ်ကုန်ပြီ … အေးကုန်ပြီ … ငြိမ်းကုန်ပြီ။
တစ်လောကလုံးဟာ
နှစ်သက်မြတ်နိုး … စွဲလမ်းစရာ
တွယ်တာစရာ … စုံမက်စရာ
သံယောဇဉ်ထားစရာ လုံးဝမရှိတော့ဘူး။
သမုစ္ဆေဒ … အကြွင်းမဲ့ ပယ်သတ်နိုင်ပြီ။
ကိုယ် ပိုင်သွားပြီ။
အဲဒီလို စိတ်တွေပြောင်းပြီး
ပိုင်ဆိုင်သွားတာ။
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
ဓမ္မဒါန မေတ္တာဖြင့်
သစ္စာလေးပါး မဂ်လေးပါး
Zoom ဓမ္မာရုံ မိသားစု

20/02/2024

၂၀-၂-၂၀၂၄
နေ့လည် ၃:၃၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

20/02/2024

၂၀-၂-၂၀၂၄
နေ့လည် ၁:၀၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

20/02/2024

၂၀-၂-၂၀၂၄
နံနက် ၇:၃၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

20/02/2024

၂၀-၂-၂၀၂၄
နံနက် ၅:၀၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

19/02/2024

၁၉-၂-၂၀၂၄
နေ့လည် ၃:၃၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

19/02/2024

၁၉-၂-၂၀၂၄
နေ့လည် ၁:၀၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

19/02/2024

၁၉-၂-၂၀၂၄
နံနက် ၇:၃၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

19/02/2024

၁၉-၂-၂၀၂၄
နံနက် ၅:၀၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

18/02/2024

၁၈-၂-၂၀၂၄
နံနက် ၇:၃၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

18/02/2024

၁၈-၂-၂၀၂၄
နံနက် ၅:၀၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

18/02/2024
17/02/2024

၁၇-၂-၂၀၂၄
နေ့လည် ၃:၃၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

17/02/2024

၁၇-၂-၂၀၂၄
နေ့လည် ၁:၀၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

17/02/2024

၁၇-၂-၂၀၂၄
နံနက် ၇:၃၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

17/02/2024

၁၇-၂-၂၀၂၄
နံနက် ၅:၀၀ နာရီ
အနန္တကျေးဇူးတော်ရှင်
ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ)
၂၀၂၄ ခုနှစ်၊
မင်းကျောင်းသာသနာ့ရိပ်သာ (အိမ်မဲ)
ဒုတိယအကြိမ် (၅) ရက် အဓိဋ္ဌာန်
သဲအင်းဂူဝိပဿနာ
ဓုတင်တရားစခန်းတွင်ဟောကြားသော
အလုပ်ပေးတရားတော်

16/02/2024

🎖️ ငါ ပါရင် … ငါ ခံရတော့မှာ 🎖️
သူများ အကြောင်း
ကိုယ့် အကြောင်း … မလုပ်ပါနဲ့။
ဟောဒီ ရုပ်-နာမ်တွေဟာလည်းပဲ
သူများ အကြောင်းတွေ
ကိုယ့် အကြောင်း တစ်ခုမျှမပါဘူး။
အမြဲတမ်း
ငါမပိုင်တဲ့ တရားတွေ။
ငါမရှိတဲ့ တရားတွေ။
ဒီ ရုပ်-နာမ် တွေဟာ
ငါနဲ့ ဘာမှ မပါတ်သက်တဲ့ တရားတွေ။
ရုပ်တရား တွေဟာလည်း
အချိန်တိုင်း … ဖေါက်ပြန်နေတာ။
ဓါတ်ကြီးလေးပါးဟာ
အမြဲတမ်း … ဖေါက်ပြန်နေတာ။
တော်ကြာ ပူလာလိုက်
တော်ကြာ အေးလာလိုက်
ချွေးတွေထွက်လာလိုက်
ခေါင်းတွေမူးလိုက်
ရင်ထဲမှာ ဆို့ကျပ်လိုက် ... မောလိုက်
ထုံလိုက် ... ကျင်လိုက်
ကိုက်လိုက် ... ခဲလိုက်
အဲသလို ... ရုပ်တရားတွေဟာလည်းပဲ
အချိန်တိုင်း … အချိန်တိုင်း
စက္ကန့်တိုင်း … စက္ကန့်တိုင်း
ဖေါက်ပြန် နေကြတာ။
နာမ်တရားဟာလည်း
အချိန်တိုင်း … အချိန်တိုင်း
စက္ကန့်တိုင်း … စက္ကန့်တိုင်း
ခံစား နေတာလေ။
မြင်တဲ့ အပေါ်မှာလည်း ... ခံစားတာပဲ။
ကြားတဲ့အပေါ် ... နံတဲ့အပေါ်
စားတဲ့အပေါ် ... ထိတဲ့အပေါ်
သိတဲ့အပေါ်မှာလည်းပဲ ... ခံစား နေတာ။
ဟောဒီ ... ဖေါက်ပြန်တဲ့ တရားနဲ့
ခံစားနေတဲ့ တရားဟာ
သူ့အလုပ် … သူ လုပ်နေကြတာ။
သူ့အလုပ် … သူ လုပ်နေကြတာတွေ။
ဒီအထဲမှာ … ငါမပါနဲ့။
ဟောဒီ … ဖေါက်ပြန်နေတဲ့ တရား
ခံစားနေတဲ့ တရားဟာ
သူများ အကြောင်းတွေ။
ကိုယ့်အကြောင်း တစ်ခုမျှမပါဘူး။
အချိန်တိုင်း
ဖေါက်ပြန်နေတဲ့ တရားကလည်း
သူ့အလုပ် … သူ လုပ်နေသလို
နာမ်တရားက
အချိန်တိုင်း ခံစားနေတဲ့ တရားကလည်း
သူ့အလုပ် … သူ လုပ်နေတာ။
သူများ အကြောင်းတွေ
ကိုယ့်အကြောင်း … မဟုတ်ဘူး။
ကိုယ် မပိုင်တဲ့ သူများအကြောင်းတွေ။
ကိုယ်နဲ့ ဘာမျှ မပက်သက်တဲ့
သူများ အကြောင်းတွေ။
တကယ့်ကို ဓါတ်ကြီးလေးပါး
ဖေါက်ပြန်ပြီး ပျက်စီးနေတဲ့
သူများ အကြောင်းတွေ
ခံစားပြီး ပျက်နေတဲ့
သူများ အကြောင်းတွေ။
ဦးဇင်းတို့ရဲ့ ဒီရုပ်ကြီးထဲမှာ
ဖေါက်ပြန်ပြီး ပျက်နေတဲ့ … ရုပ်တရား နဲ့
ခံစားပြီး ပျက်နေတဲ့ … နာမ်တရား
ဒါတွေပဲ ရှိပါတယ်။
ရုပ်တရား နဲ့ နာမ်တရားမျက်နှာချင်းဆိုင်ပြီး
စစ်တုရင် ထိုးနေကြတဲ့ အထဲမှာ
သူများအကြောင်း ကို
ကိုယ့် အကြောင်း သွား မလုပ်ကြပါနဲ့။
ငါ … ဝင် မပါစေနဲ့နော်။
ငါ ပါရင် … ငါ ခံရတော့မှာ။
ဟုတ်ပြီနော်
ငါ ပါရင် … ငါ ခံရတော့မှာ။
အနန္တကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး
အရှင်ပုညသေဋ္ဌ
သဲအင်းဂူ
ဓမ္မဒါန မေတ္တာဖြင့်
သစ္စာလေးပါး မဂ်လေးပါး
Zoom ဓမ္မာရုံ မိသားစု

Videos (show all)

၂၀-၂-၂၀၂၄ နေ့လည်  ၃:၃၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ ...
၂၀-၂-၂၀၂၄ နေ့လည်  ၁:၀၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ ...
၂၀-၂-၂၀၂၄ နံနက် ၇:၃၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ (အ...
၂၀-၂-၂၀၂၄ နံနက် ၅:၀၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ (အ...
၁၉-၂-၂၀၂၄ နေ့လည်  ၃:၃၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ ...
၁၉-၂-၂၀၂၄ နေ့လည်  ၁:၀၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ ...
၁၉-၂-၂၀၂၄ နံနက် ၇:၃၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ (အ...
၁၉-၂-၂၀၂၄ နံနက် ၅:၀၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ (အ...
၁၈-၂-၂၀၂၄ နံနက် ၇:၃၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ (အ...
၁၈-၂-၂၀၂၄ နံနက် ၅:၀၀ နာရီ.အနန္တကျေးဇူးတော်ရှင် ဆရာတော် အရှင်ပုညသေဋ္ဌ (သဲအင်းဂူ) .၂၀၂၄ ခုနှစ်၊ မင်းကျောင်းသာသနာ့ရိပ်သာ (အ...
မဂ်လေးပါး Zoom ဓမ္မာရုံ's Personal Meeting Room
မဂ်လေးပါး Zoom ဓမ္မာရုံ's Personal Meeting Room

Telephone

Website