Than Than Win Store
Hello ! Our Store sell Right Goods with Right Prices. Pls come and buy something.
ပိုမိုကောင်းမွန်တဲ့ ၇၂နာရီကြာချွေးနံ့ထိန်းနည်းပညာနဲ့အတူ ဘူးပုံစံဒီဇိုင်းအသစ်နဲ့မိတ်ဆက်ထားတဲ့ Rexona Roll-on အသစ်ကို စမ်းသုံးကြည့်ဖို့ အသင့်ပဲလား။ Roll-on တစ်မျိုးတည်းကနေ
✔ ချွေးနံ့ဆိုးမှ ၇၂နာရီကြာကာကွယ်ပေးတယ်။
✔ သင်းပျံ့သောမွှေးရနံ့ဖြင့် တစ်နေကုန်လန်းဆန်းစေတယ်။
✔ ချိုင်းသားကိုလည်း ဖြူဝင်းတောက်ပစေပါတယ်။
# Crd Rexona
═══════════
ဆေးပေါင်းခတဲ့ ည
═══════════
တန်ဆောင်မုန်း လပြည့်နေ့ သည် ဗုဒ္ဓဘုရားရှင် လက်ထက်
ကပင် ကြယ်တာရာ အစုံအညီ ထွန်းလင်း တောင်ပသောကြောင့်
နက္ခတ ်ပွဲသဘင်များ ကျင်းပလေ့ ရှိပြီး ထို လပြည့်ည ၌ ဆေးပေါင်းခ သည်ဟု ယုံကြည် ကြကာ မဲဇလီဖူးကို သုပ်စားလေ့ ရှိကြသည်။
တန်ဆောင်မုန်း လပြည့် ည ၁၂ နာရီ တိတိ အချိန်ကို ဆေးပေါင်းခ သည့် ည၏ အမြင့်ဆုံး ၊ အစွမ်း အထက်ဆုံး အချိန်အဖြစ် သတ်မှတ်၍ မြန်မာ တိုင်းရင်းဆေး ဆရာကြီး များသည် ဆေးဝါး မျိုးစုံ ဖော်စပ်လေ့ ရှိကြသည်။
တန်ဆောင်မုန်း လပြည့်ည တွင် ဗုဒ္ဓမြတ်စွာ ဘုရားရှင် သည်
အဇာတသတ် မင်းအား သာမညဖလ သုတ္တန် ဒေသနာတော်
( ရဟန်းပြုခြင်း အကျိုး ) ဟောကြား တော်မူ ခဲ့သည်။
ရာဇဂြိုဟ် ပြည့်ရှင် အဇာတသတ် မင်းသည် သာမညဖလ သုတ္တန်
ဒေသနာတော် ကို ကြားနာပြီး အဆုံးတွင် ရတနာ သုံးပါးကို
ကိုးကွယ် ဆည်းကပ်သည့် ဥပသကာ အဖြစ်သို့ ရောက်ခဲ့သည်။
ထိုအခါတွင် အဇာတသတ် မင်း၏ အိပ်မပျော်သည့် ရောဂါ ဝေဒနာ
ငြိမ်းအေး သွားခြင်း ၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင် ၏ သာသနာတော် ၌
အသက်ပေး ၍ ကြည်ညိုသူ ဖြစ်လာခြင်း ၊ မဟာ အဝီစိ ငရဲသို့
မကျရောက် တော့ဘဲ လောဟကုမ္ဘီ ငရဲ၌သာ ကျရောက်ခြင်း ၊
နောင်အခါ ဝိဇိတာဝီ အမည်ဖြင့် ပစ္စေကဗုဒ္ဓ ဖြစ်ပြီး နိဗ္ဗာန်ကို
မျက်မှောက် ပြုရမည့် ပုဂ္ဂိုလ်ဖြစ်ခြင်း စသည့် အကျိုးတရား များကို ခံစားရသည် ကို အကြောင်း ပြု၍ တန်ဆောင်မုန်း လပြည့်နေ့ ကို သာမညဖလ အခါတော်နေ့ ဟု သတ်မှတ် ဖြစ်ပေါ် လာသည်။
တန်ဆောင်မုန်း လပြည့်ည တွင် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သား တို့သည် တာဝတိံသာ နတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကို အာရုံပြု၍ ဗုဒ္ဓါ နုဿတိ ပွားကာ ဆီမီးများဖြင့် ပူဇော် ကန်တော့ ကြ၏။
သာမညဖလ သုတ္တန်ကို ရွတ်ဖတ် ပူဇော်ကြ၏။
ဘုရားရှင်အား ရည်မှန်း၍ မသိုးသင်္ကန်း ရက်လုပ် ပူဇော်
လှူဒါန်းကြ၏။
ကထိန် သင်္ကန်းများကို သံဃာတော် များအား လှူဒါန်း၍
ကထိန်ခင်း ကြ၏။
ကထိန် သင်္ကန်းသည် တစ်နှစ်တွင် တစ်လ ၊ တစ်လတွင်
တစ်ကြိမ်သာ ပြုရသည့် ကာလဒါန ဖြစ်ပြီး ကထိန်သင်္ကန်း
လှူဒါန်း နိုင်သော ကာလမှ သီတင်းကျွတ် လပြည့်ကျော်
(၁) ရက်မှ တန်ဆောင်မုန်း လပြည့်နေ့ အထိသာ ဖြစ်သည်။
တန်ဆောင်မုန်း လပြည့်ည တွင် ပံ့သကူပစ်ပွဲ အလှူဒါန များကို
အထူးပြု လုပ်ကြ၏။ ပံ့သကူ ဟူသည်မှာ ပါဠိဘာသာ ပံ့သကူလ မှ
ဖြစ်ပေါ် လာသည့် ဝေါဟာရ စကား ဖြစ်သည်။
အဓိပ္ပာယ်မှာ ပိုင်ရှင်မဲ့ ပစ္စည်း ဖြစ်၍ တွေ့ရှိသူက အလိုရှိသလို
အသုံးပြု နိုင်သည့် ပစ္စည်းဟူ၍ လွယ်လွယ် အဓိပ္ပာယ် ကောက်ယူ
နိုင်သည်။
ပံ့သကူ ပစ်ခြင်းသည် အလိုရှိသူတို့ အတွက် ပြည့်စုံသူ တို့က
ပုဂ္ဂိုလ်စွဲ မထားဘဲ သုံးစွဲနိုင် စေရန် ပစ်ထားသည်ကို ခေါ်သည်။
မြတ်သော တန်ဆောင်မုန်း လပြည့် အခါသမယ သည် သာယာ
တင့်မောဖွယ် ရာသီဥတု အခြေအနေ၌ တည်ရှိပြီး သာသနာတော်
ရောင်ဝါ ထွန်းလင်း တောက်ပ၍ မြတ်သော ဒါနအစုစု ပြုရာ
ချစ်စရာ မြန်မာ့ရိုးရာ ဓလေ့ထုံးစံ တို့ဖြင့် ထုံမွမ်း ထားသည်။
ထိုသို့သော မြန်မာ့ ရာသီပွဲတော် တန်ဆောင်တိုင် ပွဲတော်တွင်
ဗုဒ္ဓဘာသာ ဝင် မြန်မာ ပြည်သူများ အနေဖြင့် သီလ ၊ သမာဓိ ၊
ပညာ ၊ သိက္ခာ သုံးရပ်ဖြင့် ဒါနပြုကာ လောကီ ၊ လောကုတ္တရာ
နှစ်ဖြာသော ချမ်းသာများ ရရှိနိုင်သည့် ဆေးစွမ်းအား ၊
ရိုးရာ အစဉ်အလာကို ဖော်ဆောင်၍ အမျိုးဂုဏ် ထိန်းသိမ်းသည့်
ဆေးစွမ်းများ ခလျက် ရှိသည်။
သို့ဖြစ်ရာ တန်ဆောင်မုန်း လပြည့်ည သည် လောကီ ၊
လောကုတ္တရာ ဆေးပေါင်းခ သည့်ည ဖြစ်သည်။
ထိုသို့ ဆေးပေါင်းခ သည့်ညတွင် ဆေးအစွမ်း ကောင်းများ
ရရှိစေရေး မျိုးဆက်သစ် လူငယ်များ သို့ မိဘ ဘိုးဘွား တို့က
လက်ဆင့်ကမ်း ပေးနိုင် ကြစေရေး တိုက်တွန်း ရေးသား
လိုက်ရပေသည်။ ။
{ပဋ္ဌာန်း ပူဇော်ကြသူများ}
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com/
ရောင်စုံလေးပြန်ရနေပါပီ
🧴🧴တနေကုန် ရနံ့လန်းလန်းလေးနဲ့မှ ဖြတ်သန်းချင်တဲ့ အမျိုးသားများအတွက် ZAKI ရဲ့ Gentle Light ရေမွှေး 🖤
🧴🧴အေးမြလန်းဆန်းပီး သင်းပျံ့တဲ့ ရနံ့ကို ခံစားရစေမယ့် Zakiရဲ့ Blue Seaရေမွှေး🩵
🧴🧴ချိုချဉ်ရနံ့ သင်းသင်းလေးနဲ့ မအီပဲ မွှေးတဲ့ အမျိုးသမီးများအကြိုက် Sweet Dream 🩷
🧴🧴လန်းဆန်းတက်ကြွမှုအပြည့်နဲ့ယုံ
ကြည်မှုပိုရှိစေတဲ့ Bachelor Night 💙
🧴🧴ပေါ့ပါးလန်းဆန်းပီးသင်းပျံ့သောရနံ့ချိုချိုလေးနဲ့ Secret Love ❤️
🧴🧴ချိုမြိန်သော သင်းရနံ့လေးနဲ့ လန်းဆန်းစေတာ My Fair Lady 💚
🧴🧴လာဗင်ဒါပန်းရနံ့လေးနဲ့ ယုံကြည်မှု ပိုရှိစေတာ White Lavender 💜
🧴🧴အမျိုးသားများအတွက် Classic ဆန်သော စွဲမက်ဖွယ်ရနံ့လေးနဲ့ Powerful Fresh 💛
🧴🧴 Zaki ရေမွှေးရဲ့ အဓိကအချက်ကတော့ 24 နာရီ ပတ်လုံး လုံးဝရနံ့မပျက်ပျယ်သွားပဲ မွှေးရနံ့သင်းပျံ့နေစေမှာ ဖြစ်ပါတယ်။💯
🧴🧴ရနံ့လေးက သင်းသင်းလေးနဲ့မို့ သုံးဖူးသူတိုင်းကြိုက်ကြပါတယ်နော်👌
Vaseline နဲ့♥️အလှပရေးရာ
🖤မျက်တောင်✨☔
ညအိပ်ယာ ဝင်ခါနီးတိုင်း အုန်းဆီနဲ့ Vaseline ကိုရောစပ်ပြီး မျက်တောင်လေးတွေအပေါ် အသာအယာလိမ်းပေးပါ။မျက်တောင်ရှည်ပြီးကော့စေပါတယ်
🖤မျက်ခုံးမွေး☔
မျက်ခုံးလေးတွေကို တစ်နေ့တာလုံး သပ်သပ်ရပ်ရပ် အကြာကြီးခံချင်တယ်ဆို Vaseline လေး နည်းနည်းလောက်လိမ်းပြီးမှ ပုံသွင်းပါ။
🖤လက်သည်းအိမ်☔
Vaseline လေးတွေကို လက်သည်းအိမ်လေးပေါ်တင်၊ အသာအယာလေးလိမ်းပြီး နှိပ်နယ်ပေးသွားရင် နူးညံ့ပျော့ပျောင်းပြီး လှပတဲ့လက်ချောင်းလေးတွေရရှိစေပါတယ်။
🖤မိတ်ကပ်ဖျက်ခြင်း☔
Eye Liner, Eye Shadow နဲ့ နှုတ်ခမ်းနီတွေ ပေကပ်ကပ်နဲ့ မျက်နှာပေါ်က မခွာချင် ဖြစ်နေပြန်ပြီလား? Vaseline ကို Cotton Pad လေးပေါ် တင်ပြီးသုတ်ပေးလိုက်ရင်ရပါပီ။
🖤နှုတ်ခမ်း☔
စိုစိုအိအိနဲ့ စွဲမက်စရာနှုတ်ခမ်းလေးရဖို့ကလည်း Vaseline နဲ့ သကြားပဲလိုတာပါ။
၂ ခုကို ဆတူရောပြီး ၂ မိနစ်လောက် နှုတ်ခမ်းပေါ်မှာ ပွတ်ပေးလိုက်ရင် စိုစိုအိအိနှုတ်ခမ်းလေးရပါပီ။
🖤ရေမွှေး☔
အနံ့ကြိုက်တဲ့ ရေမွှေးလေးမို့ ကြာကြာခံအောင်သုံးချင်ရင် Vaseline လေးကို အပူပေး၊ ရေမွှေးလေးကို Vaseline ပမာဏအလိုက် သင့်လျော်သလိုရောပြီး ပြန်အအေးခံထားလိုက်ရင် ဘယ်အချိန်မဆို အလွယ်တကူလိမ်းထားလို့ရတဲ့ စိတ်ကြိုက်အနံ့နဲ့ Cream လေးဖြစ်လာမှာပါ😇
🖤တင်ပါး☔
ဆန်မှုန့်ညက်ညက်နဲ့ Vaseline ကို နှံ့စပ်အောင်နယ်ပြီးတော့လည်း တင်ပါးအတွက် Scrub အဖြစ်သုံးလို့ရပါသေးတယ်။
ရလဒ်ကတော့ အကြောပြတ်ရာတွေသက်သာပြီး အသားအရေကိုချောမွေ့ပြေပြစ်စေကာ၊ တင်ပါးမှာ ဖြစ်တတ်တဲ့ အဖုတွေဒဏ်ကနေ ကာကွယ်ပေးမှာပါ
🖤ခြေဖနောင့်☔
ခြေဖနောင့် အသားမာတက်တဲ့အခါ Vaselineလိမ်းပြီး နူးညံ့တဲ့ခြေဖဝါးလေးကို ပြန်လည်ရယူနိုင်ပါတယ်
Crd:
🌷 Promina Ginseng Facial Foam (120g)
ဝက်ခြံဖြစ်စေတဲ့ မျက်နှာပေါ်ကအဆီတွေ အညစ်အကြေးတွေကိုဖယ်ရှားပေးတဲ့
မျက်နှာသစ်ဆေးလေးပါ။😊
ဂျင်ဆင်းပါဝင်တာကြောင့်မျက်နှာသစ်ပြီးတဲ့အခါမှာမျက်နှာကိုစိုပြေစေပြီးရေဓာတ်ထိန်းသိမ်းပေးသလို အရေးကြောင်းတွေကိုလည်းဖယ်ရှားပေးပါတယ်။
တင်းတိပ် ၊ မှဲ့ခြောက်ရှိသူများလည်းသုံးနိုင်ပါတယ်ရှင်
🍓 🥰🥰🥰🥰🥰🥰 🍓
မမင်းတုတ် ဆေးဆိုင်လေးဖွင့်ထားသည်
သိန်း ၂၀၀ ဖိုး ရင်းထားသည် အမြတ် ၁၀% ယူပြီး တစ်ရာပေးရသော
ဆေးကို ၁၁၀ နှင့် ရောင်းသည်
ရောင်းကောင်းလှသည် တစ်ပတ်အကြာ အကုန်ထပ်ဝယ်ရသည်
ပထမ တစ်ပတ်မှာ သိန်း ၂၀မြတ်သည်
မမင်းတုတ် တစ်ပြုံးပြုံး
ဆေးအသစ်တွေလာပို့တော့
သိန်း ၂၅၀ ကျသည်ပြောသည်
စျေးတွေတက်သွားလို့ပါတဲ့
အဖေ့ဆီက သိန်း ၃၀ ချေးပြီး
ဝယ်ကာ စျေးဆက်ရောင်းသည် ၁၀ % အမြတ်ယူရောင်းမှာဘဲ အေးဆေးဟု
မမင်းတုတ်တွေးသည်
စျေးရောင်းကောင်းလို့ပျော်သည်
အရင်းများတော့ အမြတ်ပိုများလာသည်
ဒီဒုတိယအပတ် ၂၅ သိန်းမြတ်သည်
မမင်းတုတ် စိတ်ချမ်းသာသည်
အမြတ်ကြီးမစားတော့ ကုသိုလ်လည်းရ ဝမ်းလည်းဝ ဟုတွက်သည်
ဆေးတွေပြန်မှာတော့ သိန်း ၃၀၀ ဖိုး
ဝယ်ရသည် ဒေါ်လာစျေးတက်သွား
လို့ပါတဲ့ မမင်းတုတ် ခေါင်းကုတ်ရင်း
အဖေ့ဆီ ပိုက်ဆံချေးရပြန်သည်
အရင်းက သိန်း ၂၀၀ အမြတ် ၂ ပတ်စာက ၄၅ သိန်း အဖေ့ဆီက ၂၅ သိန်း ထပ်ချေး
မမင်းတုတ် ဆေးဆိုင်မှာ ဆေးဝယ်တွေ ကျိတ်ကျိတ်တိုး စျေးမှန်တယ်ဟေ့
ဆေးတွေကုန်တော့ သိန်း ၃၀ မြတ်သည်
အမြတ်တွေက တစ်ပတ်ပြီး တစ်ပတ်တိုးလာသည် မမင်းတုတ် ဘဝင်မြင့်ချင်ချင်
ဆေးတွေထပ်ဝယ်တော့ အရင်တုန်းက အမယ်အတိုင်းကို သိန်း ၃၆၀ ပါတယ့်
အယ် ဒီဒေါ်လာစျေးကလဲ တက်တက်နိုင်လွန်း ကဲလေ အရောင်းအဝယ်ကောင်းနေတာဘဲ အမြတ်နည်းနည်း ပိုယူတာပေါ့
အဖေရေ ချေးပါအုံး သိန်း ၃၀
မူလ အရင်း သိန်း ၂၀၀ ၃ ပတ် အမြတ် ၇၅သိန်း အဖေ ချေးငွေ စုစုပေါင်း ၈၅ သိန်း
စုစုပေါင်း သိန်း ၃၆၀ ဖိုး ဆေးများကို သဘောကောင်းသော မမင်းတုတ်
တစ်ပတ်အတွင်း အပြတ်ရောင်းကုန်
သိန်း ၄၀ မြတ် ငါကွ ဆေးကုမ္ပဏီကို
ဆေးတွေပြန်မှာတော့ စုစုပေါင်း
သိန်း ၄၅၀ ကျပါမယ်တဲ့
မမင်းတုတ် ခေါင်းကုတ်ရင်း
စာရင်းပြန်တွက်သည်
လေးပတ်ပေါင်း အမြတ်ငွေ ၂၀+၂၅+၃၀+၄၀ သိန်း
၁၁၅ သိန်း မြတ်ခဲ့သည်
ခုပြန်ဝယ်မလို့ လက်ထဲကြည့်တော့
သိန်း လေးရာ ဆေးတွေ မူလအတိုင်း
ပြန်တင်ဖို့ သိန်း ၅၀ လိုနေသည်
အဖေ့ဆီ မျက်နှာပူပူနဲ့ ချေးရဦးမည်
အဖေရေ သိန်း ၅၀ လှည့်ပါအုံး
အဖေက ပြောသည် နင်ယူတာ ဒါနဲ့ဆို ၃၀+၂၅+၃၀+၅၀ ၁၃၅ သိန်း ရှိပြီနော်တဲ့
မမင်းတုတ် မျက်စိလယ်ပြီ
၁၁၅သိန်း မြတ်တာတောင်
အဖေ့ကြွေး ၁၃၅သိန်းတင်နေပြီ
သိန်း ၂၀၀ ရင်းပြီး တစ်လအတွင်း ၁၁၅သိန်းမြတ်တာ စီးပွားရေး
လုပ်တတ်လို့ပေါ့ အကြွေး ၁၃၅သိန်း
က ဘယ်ကရောက်လာပါလိမ့်
အဖေများအမှတ်မှားတာလား
အိမ္ကလူ ယူသုံးတာလား
ဆေးဆိုင်ကလည်း သိန်း၄၅၀
ဖိုးဝယ်မှ အရင်လိုဆက်လည်ပတ်မယ်
ဟိုဖက်က မရောင်းရတဲ့ ဆေးဆိုင်က
သိန်း ၂၀၀ ဖိုး အရင်အတိုင်းဘဲတဲ့
ငါကမှ ရောင်းကောင်းလို့
၁၃၅သိန်း အကြွေးတင်တာ
????????????
Crd
သူများဟာ
အသစ်
အသစ်
အသစ်တွေ ရောက်ပြီဗျို့
ရောက်ရှိနေပါပြီ
09 784 7777 49
အိုမီကရွန် ဘယ်လိုကုရမလဲ
**************************
သင် အခုအချိန် နေမကောင်းလို့ ကိုဗစ်သံသယ လို့ ယူဆပါက high risk person (ပြင်းထန်ကိုဗစ် ဖြစ်နိုင်ခြေ ရှိသူ) မဟုတ်ခဲ့လျှင် အောက်ပါဆေးများ သောက်ပါ။
(၁) ဖျားပါက
- ပါရာစီတမော ၅၀၀ မီလီဂရမ် သောက်
(၂) နှာစေးပါက
- စီထရင်း/ ဘာမီတွန်/ အလာဒေး သောက်
(၃) နှာခေါင်းပိတ် + အဖျားတက် + နှာမွှန်ပါက
- ဒီကိုဂျင်/ ဖလူဇာ/ မစ်ဆာဂရစ် သောက်
(၄) လည်ချောင်းနာ၊ အသံဝင်ပါက
- ဆားရည် အာလုပ်ကျင်း
- မိုင်ဘေစင် ငုံဆေးပြား ငုံ
(၅) ချောင်းဆိုးပါက
- ချောင်းဆိုးပျောက်ဆေး တခုခုသာသောက်
❌ amoxil (အမောက်ဆေး) စသည့် antibiotics ပိုးသတ်ဆေးများ ကိုဗစ်ရောဂါအတွက် လုံးဝ (လုံးဝ) မလိုအပ်ပါ။
လူနုန်း၊ ဝမ်းပျက်ရုံသာ ဖြစ်ပြီး အကျိုးမရှိပါ။🚨အရေးကြီး လက္ခဏာများ 🚨
- မောလျှင်
- အသက်ရှူမြန်လျှင်
- သွေး အောက်စီဂျင်ကျလျှင်
- နာတာရှည်ရောဂါ တစ်ခုခုရှိလျှင်
- ဆီးချို အရမ်းတက်လျှင်
- သွေးပေါင်ကျလျှင်
- အဖျား အရမ်းတက်လျှင်
မှတ်ရန်
👉 အခုချိန်ခါ ဖျားနာပါက “ကိုဗစ် သံသယ” သဘောထားပါ။
👉 နှာခေါင်းတို့ဖတ် စစ်နိုင်က စစ်ပါ။ မစစ်နိုင်ပါက မိမိဘာသာ ကူးစက်ထားပြီ ယူဆပြီး တစ်ပါးသူ မကူးနိုင်အောင် ကာကွယ်ပါ။
👉 ဒယ်လ်တာ ဆိုလျှင် ပြင်းထန်နိုင်ပြီး အိုမီကရွန် ဆိုလျှင် သိပ်မပြင်းပါ။ (ခွဲခြားဖို့ ခက်ခဲပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။)
👉 အိုမီကရွန် ကိုဗစ် သည် ၅-၇ ရက်မျှ ကြာတတ်ပြီး ပြန်ကောင်းပါတယ်။
👉 အခြား ဖျားနာ ရောဂါများ ရှိသဖြင့် ၅ ရက်ကျော် အဖျားမကျက၊ အထက်ပါ လက္ခဏာများ အပြင် တခြားလက္ခဏာများရှိက ဆရာဝန်နှင့်ပြသပါ။
လုပ်ဆောင်ရန်
🌐 အောက်စီဂျင် ၉၅% အောက်မကျလျှင် ရေချိုးလို့ရပါသည်။ အဖျားကျရန် ရေချိုးပါ။
တစ်ရက်ကို ရေ ၂-၃ လီတာ (ရေသန့်ပုလင်း ၂-၃ လုံး) ခန့် ကုန်အောင်သောက်ပါ။
🌐 အစားအစာ အာဟာရပြည့်အောင် အကုန်စားပါ။ အသားဓာတ်များများစားပါ။ သီးသန့်ရှောင်ရန် အစာ မရှိပါ။
လည်ချောင်းနာနေပါက ဆီပြန် ဆီကြော် ရှောင်ပါ။
အဖတ် မစားနိုင်က အရည်သောက်ပါ။
အိပ်ရေးဝ အောင်အိပ်ပါ။
🌐 လှုပ်ရှားမှု အရမ်းမလုပ်ပါနဲ့။ နားနားနေနေ နေပါ။
❌ အလေးအပင်မ မရ။
❌ အထပ်မြင့်ကို အလျင်စလို မတက်ရ။
❌ ဝမ်းချုပ်မခံရ။
🌐 နာတာရှည်ရောဂါ ရှိသူများ မိမိသောက်လက်စဆေးကို ဆက်သောက်ပါ။
ဆရာဝန်နှင့် ပြသပြီး ဆေးများ နားရန် လို/ မလို မေးပါ။
💊 Virus ပိုးသတ်ဆေးများ (molnupiravir, remdisavir) စသည်တို့ကို ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်ပါ။
Health & &Knowledge
LACOSTE Slipper
Made by Thailand
💐New Skin နဲ့ Skin Care မယ်
🎼 နို့ရည်မလိုဘူး
🎼 Moisturizer မလိုဘူး
🎼 Foundation မလိုဘူး
🎼 Day Cream မလိုဘူး
🎼 Night Cream မလိုဘူး
🎼 အချိန်လဲမပေးချင်သူများနဲ့မျက်နှာပေါ်မိတ်ကပ်အများကြီးမတင်ချင်သူတွေအတွက်က New Skin (All In One Tone Up Cream) ကိုသုံးကြည့်ဖို့တော့လိုပါတယ်
🎼 New Skiin - ၃၅၀၀ ကျပ်
🎼 Snail Wish - ၃၁၀၀၀ ကျပ်
အားပေးသူ
မိဘပြည်သူများ ခင်ဗျာ
နက်ဖြန် 10-11-2021နေ့တွင် ဆိုင်တစ်ရက်
ပိတ်ပါသည် ခင်ဗျာ။
ခုတလော ဆေးခန်းတွေမှာ ဖျားနာတာလေးတွေ၊ အနံ့ပျောက်တာလေးတွေ ပြန်လာတဲ့အတွက် ကိုဗစ်ကို နည်းနည်း စိတ်ပူလာပါပြီ။ ဆေးဆိုင်မှာလည်း ဖျားလို့၊ ချောင်းဆိုးလို့ ဆိုပြီး ဆေးလာဝယ်တဲ့ သူတွေ များလာတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ခေါင်းထဲကို ကိုဗစ်စတုတ္ထလှိုင်း အကြောင်း ရောက်လာပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်စတုတ္ထလှိုင်းများ ထပ်လာနိုင်သလား။ ဘာတွေ ပြင်ဆင်ထားကြမလဲ။
ကမ္ဘာ့နိုင်ငံများနဲ့ ကိုဗစ်စတုတ္ထလှိုင်း
ရှာဖတ်ကြည့်မယ်ဆိုရင် အနောက်နိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပြီးသားပါ။ တချို့ကလည်း ဖြစ်နေဆဲပါ။ ကြည့်ရတာ ကိုဗစ်က နိုင်ငံတိုင်းမှာ လှိုင်းအလိုက် တက်လိုက် ကျလိုက် ဖြစ်နေတဲ့ ပုံပါပဲ။ မြန်မာနိုင်ငံမှာတောင် တတိယလှိုင်းအထိ ရောက်လာခဲ့ပြီလေ။
လက်ရှိ အိမ်နီးချင်းနိုင်ငံ စင်ကာပူမှာလည်း ကိုဗစ်လူနာတွေ ပြန်မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒါတောင် သူတို့က အရှေ့ဆောင်အာရှမှာ ကာကွယ်ဆေး လွှမ်းခြုံမှုအားကောင်းပြီး ကာကွယ်ဆေးတွေကို တတိယအကြိမ်အထိ ထပ်ဆောင်း ထိုးပေးထားတဲ့ နိုင်ငံပါ။
မြန်မာနိုင်ငံမှာရော ကိုဗစ်စတုတ္ထလှိုင်း ဖြစ်လာနိုင်သလား။
အကောင်းဆုံးကတော့ ကြိုတင်ပြင်ဆင်ထားတာပါပဲ။ လူနာခပ်စိတ်စိတ် တွေ့လာရတယ်ဆိုပေမယ့် လှိုင်းတစ်ခုလို များနေတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် ခုချိန်မှာ ကာကွယ်စရာရှိတာ ကာကွယ်ထားမယ်ဆိုရင် အထိအခိုက် နည်းမှာပါ။
ကိုဗစ်လှိုင်းတွေ ပြန်ပြန်လာနေရတဲ့ အကြောင်းရင်း
တတိယလှိုင်းမှာ လူတော်တော်များများ ကူးပြီးသွားပြီလေ။ ကူးစရာလူရော ကျန်သေးလို့ရောလို့ မေးစရာ ရှိပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ကတော့ သူကူးလို့ရနေသရွေ့ လိုက်ကူးနေဦးမှာပါပဲ။ ကူးလို့ရအောင်လို့လည်း သူ့ကိုယ်သူ အမြဲ အဆင့်မြှင့်နေမှာပါ။ ဥပမာ ဗီဇပြောင်းပစ်တာမျိုးပေါ့။
ကိုဗစ်လှိုင်းတွေ ပြန်ပြန်လာနေရတဲ့ အကြောင်းရင်းက
ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတာ
အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ချမ်းသာတဲ့ နိုင်ငံကြီးတွေရဲ့ ကာကွယ်ဆေး လှူဒါန်းမှုတွေ၊ WHOလို အဖွဲ့ကြီးတွေရဲ့ ကာကွယ်ဆေး ဖြန့်ဝေမှုတွေကို မှီခိုနေရတာပါ။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတော်တော်များများမှာ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းနေပါသေးတယ်။
ကပ်ရောဂါရဲ့ သဘောတရားက လူအများစုကို ကာကွယ်ဆေး ထိုးပေးနိုင်မှ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်မှာပါ။ လက်ရှိအချိန်မှာတော့ ကပ်ရောဂါကို ရပ်တန့်နိုင်လောက်အောင် ကာကွယ်ဆေး အလုံအလောက် မထိုးရသေးပါဘူး။
ကာကွယ်ဆေးတွေရဲ့ အာနိသင်
ကာကွယ်ဆေးသမိုင်းမှာ ကိုဗစ်ကာကွယ်ဆေးက အမြန်ဆုံးထွက်လာတဲ့ ကာကွယ်ဆေးလို့တောင် ပြောလို့ရပါတယ်။ ကာကွယ်ဆေးကို အရင်လို စိတ်ရှည်လက်ရှည် ထွင်နေရင် လူမျိုးတုံးတဲ့အထိ ဖြစ်သွားနိုင်လို့ ကာကွယ်နိုင်စွမ်း အတိုင်းအတာတစ်ခုအထိရမယ်။ စိတ်ချရလောက်မယ်ဆိုရင် အရေးပေါ်အသုံးပြုခွင့်တွေ ချပေးရတာပါ။
မြန်မြန်ထွက်လာပေမယ့် ကာကွယ်ဆေးတွေရဲ့ အာနိသင်က စိတ်ချရတဲ့ အနေအထားမှာ ရှိပါတယ်။ ဆေးတိုင်းက ၅၀ ရာခိုင်နှုန်း ကာကွယ်နိုင်စွမ်းနဲ့ အထက်မှာ ရှိနေပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေက ကိုဗစ်ကြောင့် ရောဂါပြင်းထန်နှုန်း၊ ဆေးရုံတက်ရနှုန်းနဲ့ သေနှုန်းကိုပဲ ထိထိရောက်ရောက် ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆေးထိုးပြီး ရောဂါပြန်ကူးတဲ့ သူတွေ ရှိနေတာပါ။
ပြန်ကူးပေမယ့် သူတို့က ပြောခဲ့သလို ပြင်းထန်တာမျိုးတော့ မရှိသလောက်ပါပဲ။ ဒါပေမယ့် ကာကွယ်ဆေး လွှမ်းခြုံမှု မကောင်းတဲ့အခါကျတော့ ထိုးပြီးသားလူဆီက ပိုးက မထိုးရသေးတဲ့သူဆီ ရောက်သွားတဲ့အခါ လှိုင်းတစ်လှိုင်းရဲ့ အစဖြစ်သွားပါတယ်။
ကိုဗစ်ရဲ့ ဗီဇပြောင်းနိုင်စွမ်း
WHOရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ စိုးရိမ်စရာကောင်းတဲ့ ဗီဇပြောင်းပိုး Variants of Concern (VOC) ၄မျိုး (အယ်ဖာ၊ ဘီတာ၊ ဂမ်မာ၊ ဒယ်တာ)နဲ့ စောင့်ကြည့်နေရတဲ့ ဗီဇပြောင်းပိုး Variants of Interest (VOI) ၂မျိုး (လမ်ဒါ၊ မျူ) ရှိပါတယ်။
ဒီလို စိုးရိမ်ရတဲ့၊ စောင့်ကြည့်ရတဲ့ စာရင်းထဲပါလာတယ်ဆိုတာက သူတို့တွေက အရင်ကထက် ကူးစက်နှုန်း ပိုမြန်သလား၊ ပိုပြီး ပြင်းထန်သလား။ကာကွယ်ဆေးတွေကို ပိုပြီး ခံနိုင်ရည်ရှိနေသလားဆိုတာ စောင့်ကြည့်ဖို့ အတွက်ပါ။
ကူးစက်နှုန်းတွေကတော့ အရင်ပိုးအဟောင်းတွေထက် မြန်လာတယ်လို့ ဆိုကြပါတယ်။ ကံကောင်းတာက ကာကွယ်ဆေးတွေက ဒီပိုးတွေကို ဆက်ပြီး ကာကွယ်နေနိုင်သေးတာပါပဲ။ ဒါပေမယ့် ဆေးမထိုးထားတဲ့သူတွေဆီရောက်တဲ့အခါ ဆက်ကာ ဆက်ကာ ကူးသွားပြီး လှိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
လူသားတွေရဲ့ စည်းကမ်းလိုက်နာနိုင်စွမ်း
ကာကွယ်ဆေးတွေက နောက်တစ်ကြိမ် ပြန်မကူးအောင် လုံးဝမကာကွယ်ပေးနိုင်တဲ့အတွက် လူသားတွေဘက်က ကိုယ့်ကိုယ်ထဲကို ပိုးမဝင်အောင် ကာကွယ်ဖို့ လိုလာပါပြီ။ လူစုလူဝေး ရှောင်တာ၊ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာ စတာတွေကို ဆက်ပြီး လုပ်နေဖို့ လိုပါတယ်။ ဒါပေမယ့် ဒါက လှိုင်း ဖြစ်လာတုန်း ခဏပဲ၊ ပြီးရင် ပုံမှန်လို ပြန်နေကြတဲ့အတွက် တစ်ယောက်ကနေစပြီး လူအများကို ဆင့်ကာဆင့်ကာ အလွယ်လေး ကူးသွားနိုင်ပါတယ်။
ကိုဗစ်စတုတ္ထလှိုင်း ကို ဘယ်လိုကာကွယ်ကြမလဲ။
လူနာတွေ ခပ်စိတ်စိတ် တွေ့လာရတယ်ဆိုပေမယ့် လှိုင်းတစ်ခုလိုတော့ မများသေးပါဘူး။ ဒီအချိန်မှာ အားလုံးက ကိုယ့်အသိစိတ်ဓာတ်ကိုယ် ကာကွယ်မယ်ဆိုရင် တတိယလှိုင်းလို အခြေအနေမဆိုးအောင် ကာကွယ်နိုင်မှာပါ။ ဒါကြောင့်
ကာကွယ်ဆေးတွေ ထိုးပါ။ စိတ်ချရတဲ့ နေရာက စိတ်ချရတဲ့ ဆေးဆို တရုတ်တွေ၊ အိန္ဒိယတွေ ခွဲမနေဘဲ ထိုးထားလိုက်ပါ။ ဘာမှမထိုးထားတာထက်စာရင် အတိုင်းအတာတစ်ခုတော့ ကာကွယ်ပေးနိုင်မှာပါ။ ထိုးထားလည်း ပြန်ဖြစ်တာပဲ ဆိုပေမယ့် ပြင်းထန်တဲ့အဆင့်၊ သေဆုံးတဲ့အဆင့် မရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကိုဗစ် ဖြစ်ပြီးတဲ့သူရော၊ မဖြစ်သေးတဲ့သူရော ထိုးထားပါ။ မဖြစ်သေးတဲ့သူကို ဦးစားပေးထိုးပေးပါ။
ကာကွယ်ဆေးထိုးပြီးတဲ့သူတွေလည်း စည်းကမ်းရှိပါ။ အပြင်သွားတိုင်း နှာခေါင်းစည်းတပ်ပါ။ ကိုယ်က ဆေးထိုးပြီးလို့ ကူးနိုင်ခြေ နည်းပေမယ့် ဆေးမထိုးရသေးတဲ့သူဆီရောက်သွားရင် ကူးစက်မြန် ဗီဇပြောင်းပိုး ဖြစ်နေမယ်ဆိုရင် လှိုင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။
မလိုအပ်ဘဲ လူစုလူဝေး ရှိတဲ့နေရာတွေကို မသွားပါနဲ့။
အပြင်သွားတိုင်း လက်ဆေး၊ နှာခေါင်းစည်းတပ်တာကို မမေ့မလျော့လုပ်ပေးပါ။
လူတိုင်း ကိုယ့်အသိစိတ်နဲ့ ကိုယ်ကာကွယ်မယ်ဆိုရင် ကိုဗစ်စတုတ္ထလှိုင်း ကို ခေါင်းမထောင်နိုင်အောင် တားဆီးနိုင်မှာပါ။
Wow !
Adidas Slipper
Take Care !
ရောက်ရှိ သတင်းပို့