Dee Dee Second Fashion

Dee Dee Second Fashion
29/11/2022

“ဦးနှောက်ရဲ့ ဘက်လိုက်မှုအကြောင်း”

◾️ခန္ဓာကိုယ် ကြံ့ခိုင်မှုနဲ့ ပတ်သက်ရင် ပြောကြတဲ့ စကားတစ်ခွန်းရှိတယ်။ You are what you eat. မင်းစားသောက်နေတဲ့အတိုင်း မင်းခန္ဓာကိုယ်က ဖြစ်လာမှာပဲတဲ့။ အစားများရင် ဝမယ်။ နည်းရင် ပိန်မယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ စားရင် ကျန်းမာမယ်ပေါ့။

အဲ့လိုပဲ၊ စိတ်နဲ့ ပတ်သက်ရင်လည်း ပြောလို့ရတယ်။ You are what you experience. ကိုယ်တွေ့ကြုံဖြတ်သန်းခဲ့ရတာတွေပေါ် မူတည်ပြီး ကျွန်တော်တို့ရဲ့ စိတ်ဆိုတာ ဖြစ်လာတာပဲ။

ပတ်ဝန်းကျင်မှာ လိုက်ကြည့်ကြည့်။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။

တချို့က အချစ်ခံချင်တယ်။ ငယ်ငယ်ကတည်းက မိဘ သို့မဟုတ် အနီးကပ်အုပ်ထိန်းသူရဲ့ ချစ်ခြင်းမေတ္တာကို မရခဲ့လို့။

တချို့က မာနကြီးတယ်။ ကြွားကြွားဝါဝါ၊ ပပလွှားလွှား နေချင်တယ်။ ဒါတွေက ငယ်ဘဝမှာ ဆင်းရဲခဲ့၊ အထင်သေး အနှိမ်ခံခဲ့ရတော့ အငုံ့စိတ်တွေ ဖြစ်လာတာကြောင့်ပဲ။

တချို့ကတော့ လူတွေကို မယုံဘူး။ သစ္စာအဖောက်ခံခဲ့ရလို့။

တချို့က ကိုယ့်ကိုယ်ကိုယ် အထင်သေးတယ်။ မင်းက အသုံးကိုမကျဘူး၊ ညံ့လိုက်တာ ဆိုတဲ့ စကားတွေကို ငယ်ငယ်ကတည်းက ကြားခဲ့ရလို့။

တချို့ကျ အရာရာမှာ Perfect ဖြစ်ချင်တယ်။ ငါ သန်မာတယ်၊ လဲကျသွားလို့ မဖြစ်ဘူး ဆိုပြီး အမြဲ Strong ဖြစ်ပြနေတယ်။ လူတွေကို စိတ်ကျေနပ်အောင် အမျိုးမျိုး လုပ်ပေးနေတယ်။

ဒါတွေ ဘာကြောင့် ဖြစ်ရတာလဲဆို ကျွန်တော်တို့ မွေးကတည်းကနေ ခုထိ ကြုံတွေ့လာခဲ့ရတာတွေပေါ် မူတည်ပြီး ကွဲပြားသွားကြတာပဲ။

◾️ဒီလိုစိတ်အခံချင်း မတူတဲ့အခါ လက်ရှိအဖြစ်အပျက်တွေပေါ် ရှုမြင်ပုံ၊ တုံ့ပြန်ပုံတွေကလည်း မတူတော့ဘူး ဖြစ်လာတယ်။ အကောင်းမြင်တတ်သူ ရှိတယ်။ တချို့က အမြဲတမ်း အပျက်ဘက်ကနေပဲ ပြောတယ်။ တွေးတယ်။ တချို့က ဖော်ဖော်ရွေရွေ၊ တချို့က အမြဲတမ်း ဆဲဆိုပေါက်ကွဲ။ တချို့က ဘယ်သူ့မှ သိပ်ဂရုမစိုက်ဘူး။ တချို့ကျတော့ တစ်ယောက်ယောက် Unfriend လုပ်သွားရင်တောင် ငါ ဘာများ မှားသွားလို့လဲ မသိဘူးဆိုပြီး တနေကုန် ထိုင်စိတ်ညစ်နေတတ်ကြတယ်။

အင်မတန် ထိတ်လန့်စရာကောင်းတဲ့ ပြစ်မှုမျိုးတွေ ကျူးလွန်ခဲ့ကြသူတွေကို လေ့လာကြည့်မယ် ဆိုလည်း ဆိုးရွားတဲ့ ငယ်ဘ၀ အတွေ့အကြုံတွေ ရှိနေခဲ့တာကို တွေ့ရလိမ့်မယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရတာ၊ ငယ်စဉ်မှာ မိဘရဲ့ စွန့်ပစ်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်း၊ လူမှုပတ်ဝန်းကျင်ရဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရတာ စသဖြင့်ပေါ့။

ဒါကြောင့် You are what you experience လို့ ပြောတာ။

◾️ဒီနေရာမှာ စကားလုံး ၂ ခုကို မိတ်ဆက်ပေးလိုတယ်။

ပထမတစ်ခုက Implicit memory.

တကူးတကကြီး မှတ်သားထားတာ မဟုတ်ဘဲ ကျွန်တော်တို့ စိတ်ထဲကို သူ့အလိုလို စိမ့်ဝင်နေတဲ့ မှတ်ဉာဏ်တွေလို့ နားလည်နိုင်တယ်။ တစ်သက်လုံးမှာ တွေ့ကြုံခဲ့သမျှ ကိစ္စရပ်တွေကို မသိစိတ်ကနေ မှတ်သားလာတယ်။ အဲဒီမှတ်ဉာဏ် (ခန္ဓာ ၅ ပါးနဲ့ ပြောရင် သညာ) တွေက တဖြည်းဖြည်း စုပုံလာပြီး ကျွန်တော်တို့ရဲ့ အတွင်းစိတ် (Mindset) ဆိုတာကြီးကို ပုံဖော်ပေးလိုက်တယ်။

နောက်တစ်ခုကတော့ Negativity bias.

ကျွန်တော်တို့ ဦးနှောက်က သူ့သဘာဝအရကို အကောင်းနဲ့ အဆိုးယှဉ်လာရင် အဆိုးကို ပိုပြီး မှတ်မိနေတတ်တာမျိုးကို ခေါ်တာ။ ဘာကြောင့် အဲ့လိုဖြစ်တာလဲဆိုတော့ ဟိုးကျောက်ခေတ် လူသားတွေမှာ သူတို့ရှင်သန်ရတဲ့ အခြေအနေအရ အသက်ရှင်ဖို့၊ လူသားမျိုးနွယ် တည်တံ့ဖို့ကို မနည်းကြိုးစားရတယ်။ အရာရာ သတိထားနေရတယ်။ ကျွန်တော်တို့ အပြင်သွားတဲ့အခါ မိုးမရွာလောက်ပါဘူးကွာ ဆိုပြီး ထီးထားခဲ့လို့ တကယ်မိုးရွာလာရင်တောင် မိုးစိုတာအပြင် ကြီးကြီးမားမား ပြဿနာ မဖြစ်ပေမဲ့ ရှေးခေတ်လူသားတွေကတော့ လက်နက်တစ်ခုခု မပါဘဲ တစ်နေရာ သွားလိုက်ရင် အခန့်မသင့်တဲ့အခါ ကျားစာ ဖြစ်သွားနိုင်တယ်။

(လိင်မှုကိစ္စ လုပ်ရင် ဦးနှောက်ကနေ ပျော်စေတဲ့ ဒိုပါမင်းဟော်မုန်းတွေ ထုတ်ပေးတယ် ဆိုတာကလည်း ဆင့်ကဲတိုးတက်မှု Evolution နဲ့ ဆက်စပ်တယ်လို့ ဆိုတယ်။ လူသားမျိုးနွယ် တည်တံ့ဖို့ မျိုးဆက်ပွားရမယ်။ ပွားဖို့က လိင်ဆက်ဆံဖို့ လိုတယ်။ အဲ့တော့ လိင်ဆက်ဆံခြင်းဟာ ပျော်စရာကောင်းနေမှ ဖြစ်မယ်။ ဒါကြောင့် ဦးနှောက်က ဒိုပါမင်း ထုတ်ပေးတာ။ သူကသာ ထုတ်မပေးလို့ နှစ်သက်တဲ့ ခံစားမှု မရဘူးဆိုရင် လိင်ဆက်ဆံကြမှာ မဟုတ်ဘူး။ တာဝန်အရလို ဖြစ်သွားမယ်။ ဒါဆို မျိုးဆက်ပွားဖို့ ခက်သွားနိုင်တယ်ပေါ့။ ဒီလောက်ဆို Negativity bias ဟာ ကျွန်တော်တို့မှာ ဘာကြောင့် ရှိနေသလဲဆိုတာ သဘောပေါက်သွားမယ် ထင်တယ်။)

◾️ဒါကြောင့် သတိထားပြီး ကြည့်ကြည့်။ ကျွန်တော်တို့ဟာ မကောင်းတာကိုပဲ ပိုပြီး သတိရကြ၊ ပြောမိနေကြတာကို တွေ့ရလိမ့်မယ်။

၁၀ ခါ ချီးကျူးခံရတာကို သတိမရဘူး။ တစ်ခါလေး ဝေဖန်ခံရတာကိုပဲ ပြိုလဲလို့ မဆုံးတော့ဘူး။ ကိုယ့်မှာ ကောင်းတဲ့၊ တော်တဲ့အချက်တွေ ရှိနေပါလျက်နဲ့ အသုံးမကျဘူး ထင်တယ်။ မိဘက ဘယ်လိုတွေ ကောင်းခဲ့တာ သတိမရဘူး။ သူတို့ပြောဖူးတဲ့ စကားတစ်ခွန်းလောက်ကိုပဲ တနုံ့နုံ့နဲ့ ခံပြင်းနေတယ်။ ဒီလောက် ချောမောနေလည်း ဝက်ခြံလေးတစ်ဖုလောက် ရှိတာကို စိတ်ပျက်နေတယ်။ အစိုးရတစ်ရပ်နဲ့ ပတ်သက်လာရင်လည်း ကောင်းတာထက် တလွဲလုပ်တာကို ပိုသတိရကြတာ များတယ်။

◾️အဲ့လိုဦးနှောက်က အဆိုးဘက်ကို ဘက်လိုက်တာ သဘာဝလို ဖြစ်နေတဲ့အခါမှာ အကောင်းဘက်ကို ပိုသတိရအောင်၊ တွေးမိအောင် လုပ်ပေးဖို့က ကိုယ့်တာဝန်ဖြစ်လာတယ်။ ဘာလို့ဆိုတော့ ဘဝဆိုတာ အကောင်းရော၊ အဆိုးရော ရောထွေးနေတာပဲ။ အကောင်းနည်းနည်း၊ အဆိုးများများလား၊ အဆိုးနည်းနည်း၊ အကောင်းများများလား၊ ဒါပဲ ကွာမယ်။

အဆိုးဘက်ကိုပဲ ကိုယ့်စိတ်က သတိရနေရင် ဘယ်လိုလုပ်ပြီး ဒီလူတစ်ယောက်ဟာ ပျော်နိုင်ပါတော့မလဲ။ အမြဲမပြတ် စိတ်ညစ်နေရတော့မှာပေါ့။ အဲ့လို Negativity bias တအားများတဲ့သူတွေလည်း တွေ့ဖူးပါလိမ့်မယ်။ သူတို့လောက်တောင် အဆင်ပြေမနေတဲ့သူက သူတို့ကို ပြန်ပြီး နှစ်သိမ့်အားပေးနေရတာမျိုးပေါ့။

◾️ဟုတ်ပြီ။ ဒါဆို ကျွန်တော်တို့စိတ်ကို အကောင်းဘက် များများတွေးမိအောင် ဘယ်လိုလေ့ကျင့်မလဲ။

📌 ၁။ ကိုယ့်ကိုယ်ကိုယ် သိထားဖို့

ဘယ်လိုအခြေအနေမျိုးမှာ ကိုယ့်ဦးနှောက်ရဲ့ Negativity bias က အလုပ်ထလုပ်တတ်သလဲ ဆိုတာကို သိထားဖို့ လိုတယ်။ ဖြစ်နိုင်ရင် စာရင်းလေးပါ လုပ်ထားလို့ ရတယ်။ ဒါမှ ဒီအခြေအနေ ဖြစ်လာရင် ကြိုပြီး သတိထားမိနေမှာ။ ဥပမာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုနည်းတဲ့သူ၊ အသုံးမကျဘူး မြင်နေတဲ့သူဆို တစ်ယောက်ယောက်က ဝေဖန်တဲ့စကား ပြောလိုက်တာနဲ့ စိတ်တွေ ဖိစီးသွားတတ်တယ်။ ဒါကို သိထားရင် အဝေဖန်ခံရတော့မယ် ဆိုတာနဲ့ စိတ်ကို ကြိုပြင်ဆင်ထားလို့ ရတယ်။

📌 ၂။ ကျေးဇူးတင်တတ်တဲ့စိတ် မွေးပါ။

လောကကြီးကို Give & Take အပေးအယူလို့ မမြင်နဲ့။ ကျေးဇူးတင်တတ်တဲ့ စိတ်ကလေး ထားပေး။ ဒါမှ သေးသေးကလေးတွေကအစ နှစ်သက်တတ်လာမယ်။ ဝမ်းမြောက်တတ်လာမယ်။ ကျေနပ်တတ်လာမယ်။

ကိုယ့်ရဲ့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်တွေ၊ Customer တွေ၊ အားပေးနေတဲ့ ပရိသတ်တွေ၊ ဆရာဝန်၊ ဘတ်စ်ကားစပါယ်ယာ၊ စတိုးဆိုင်က အရောင်းဝန်ထမ်း စသဖြင့် ကိုယ်အဆင်ပြေအောင် ဝန်ဆောင်မှု ပေးနေသူတွေ စသဖြင့် ကျေးဇူးတင်တဲ့ စိတ်ကလေး ထားကြည့်။ မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားကို အမြဲပြောကြည့်။

ဒီနေ့ ရာသီဥတု သာယာတာ၊ အစားကောင်းကောင်းလေး စားရတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာ၊ အနှစ်သာရရှိတဲ့ စာတစ်ပုဒ် ဖတ်ခွင့်ရတာ၊ ဒီလိုကိစ္စသေးသေးလေးတွေကို သတိရပေး။ ညအိပ်ခါနီးတိုင်း တနေကုန် အဆင်ပြေခဲ့တာလေးတွေကို ပြန်ဆင်ခြင်ပေး။ ဝမ်းမြောက်ပေး။ ဖြစ်နိုင်ရင် Gratitude Journal ပါ ရေးလို့ရတယ်။

📌 ၃။ အပြုသဘောဆောင်တဲ့ လူတွေနဲ့ ပေါင်းသင်းပါ။

ငယ်ဘဝမှာတော့ မိဘအုပ်ထိန်းသူတို့၊ ဆရာ ဆရာမတို့ကို ရွေးချယ်ဖို့ ခက်ပေမဲ့ ခုအသက်အရွယ်မှာတော့ ကိုယ့်အတွက် Toxic ဖြစ်စေတဲ့သူတွေကို ရှောင်လို့ လွယ်သွားပါပြီ။ မိဘက အဲ့လိုဖြစ်နေတယ်ဆိုတောင် အိမ်ခွဲနေလို့ ရသွားပြီပေါ့။ အပြစ်တင်စကား အမြဲပြောနေတာ၊ မယုံကြည်ရတာ၊ လိမ်တတ်တာ၊ မနာလိုစိတ် ကြီးတာ၊ ညည်းညူနေတာ၊ ဘယ်တော့မဆို အဆိုးဘက်ကနေပဲ မြင်တတ်တာ၊ ဒီလိုအချက်တွေ ရှိနေသူနဲ့ ပေါင်းသင်းနေရင်တော့ ကိုယ့်စိတ်တွေကလည်း Positive ဖြစ်လာဖို့ မလွယ်ပါဘူး။

📌 ၄။ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့စကားတွေ ပြောပါ။

Positive affirmation လို့ ခေါ်တယ်။ မရှိတာတွေ လျှောက်ပြောခိုင်းတာ မဟုတ်ဘူး။ ကိုယ့်မှာ တကယ်ရှိပြီး ကိုယ့်စိတ်က သတိထားမိမနေတဲ့ အချက်တွေကို ဆိုလိုတယ်။

📌 ၅။ သတိ (Mindfulness)

အရေးကြီးဆုံး ဖြစ်လို့ နောက်ဆုံးမှာ ထားထားတာပါ။ ကိုယ့်ရဲ့ စိတ်က မကောင်းတာတွေ တွေးမိလာတဲ့အခါတိုင်း သတိထားမိဖို့ လိုပါတယ်။ အပေါ်က အချက်တွေ ဘယ်လောက်ပဲ ပြင်ဆင်ထား ပြင်ဆင်ထား၊ မကောင်းတဲ့ အတွေးဆိုတာ ဝင်လာမှာပါပဲ။ အဲ့လိုဝင်လာတိုင်းမှာ ကိုယ့်စိတ်က သတိထားမိမှ အဆင်ပြေပါလိမ့်မယ်။ မဟုတ်ရင် စိတ်ခံစားချက်တွေ လွန်ကဲလာပြီး ပြောမှားဆိုမှား လုပ်မှားကိုင်မှားတွေ ဖြစ်တတ်လို့ပါ။

တခြားအချက်တွေ ရှိပါလိမ့်ဦးမယ်။ စာလည်း အတော်ရှည်နေပြီမို့ ၅ ခုပဲ ရေးလိုက်ပါတယ်။

◾️အနှစ်ပြန်ချုပ်ရရင်တော့ ကျွန်တော်တို့ တွေ့ကြုံခဲ့ရတာတွေပေါ် မူတည်ပြီး အတွင်းစိတ်ဆိုတာ ဖြစ်လာတယ်။ အဲဒီမှာမှ ဦးနှောက်က အဆိုးတွေကို ဘက်လိုက်ပြီး မှတ်မိနေတာများလို့ အကောင်းဘက်ကို များများတွေးမိအောင် ကိုယ့်စိတ်ကို လေ့ကျင့်ပေးဖို့ အရေးကြီးတယ်။

Positive mind ရှိဖို့အတွက် Positive Experience တွေ လိုပါတယ်။ ဘာတွေလဲဆိုတော့ အဓိက ၄ ခုပါ။

• ကိုယ်တစ်နေ့တစ်နေ့ ဆက်ဆံတဲ့လူတွေ (Positive people)
• တစ်နေ့တစ်နေ့ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့စကား (Positive affirmation)
• တစ်နေ့တစ်နေ့ ကိုယ်ဘာတွေ လုပ်သလဲ (Positive action) နဲ့
• တစ်နေ့တစ်နေ့ ကြုံရသမျှကို ဘယ်လိုသဘောထားသလဲ (Positive attitude) တို့ပဲ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၀.၁၁.၂၀၂၂

Ref: Buddha’s Brain – Rich Handson with Richard Mendius

Photo credit - pixabay

Photos from Dee Dee Second Fashion's post 02/08/2021

✅ဈေးလဲရောင်းရင်း မဲလေးလဲ ဖောက်ပေးမယ်ဗျာ 😁
✅page လေးကို like & share လေးတော့လုပ်ပေးနော် ❣️
✅တွံတေးမြို့ထဲက ရက်ကွက်တစ်ခုနာမည်လေး ဖွက်ထားတယ်😈
✅မှန်အောင်ဖြေနိုင်တဲ့သူ ကံထူးပြီလေ အိမ်မှာနေရင်း 🎉

💥5,000💥5,000💥5,000💥
💥5,000💥5,000💥5,000💥

✅ဆိုင်မှာလာရောက်၀ယ်ယူအားပေးလို့ရသလို 💯
✅Online ကနေတစ်ဆင့်လည်း၀ယ်ယူအားပေးလို့ရပါတယ် 📣
✅တွံတေးမြို့တွင်းဆို မင်မင်ကိုယ်တိုင်လာပို့ပေးမှာပါ 🛵🛵
✅Order to cb 📧 or 📲 09953539765
✅အခုလိုချိန်မှာ အရောင်းပို့တင်ရတာ နားလည်ပေးကျပါ ခဗျာ 🥺
⚠️ အဆုံးထိ လိုက်ပါကြည့်ရှုပေးကြပါ ⚠️

Photos from Dee Dee Second Fashion's post 01/08/2021

✅Hello 👋 အားလုံးဘဲ မဂ်လာပါ ခဗျာ 🙏
✅Dee Dee Second Fashion Page လေးကနေပြန်လည်ကြိုဆိုပါတယ် 🎉

✅ Vintage အထည်တွေနဲ့ အထှာကျကျဂေါ်ချင်တဲ့ ချစ်ကို ချစ်မတွေအတွက် ဂျင်းဘီရှည်လေးတွေကို တစ်ထည် 5,000 ကျပ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ် 📣

✅ဒါ့အပြင် 10,000 ဖိုးနှင့်အထက် ၀ယ်ယူသူတိုင်းကိုလဲ 10 % cash back ပေးသွားဦးမှာပါ 😱

✅ဆိုင်မှာကိုယ်တိုင်လာ၀ယ်ချင်သူတွေအတွက်လဲ ကြိုဆိုပါတယ်ခဗျာ 🎊

✅တွံတေးမြို့တွင်းမှာယူသူတွေအတွက် မင်မင်ကိုယ်တိုင်လာပို့ပေးမှာပါ 🛵🛵

✅အခုလိုချိန်မှာ အရောင်းပိုစ့်တင်ရတာ နားလည်ပေးကြပါခဗျာ🥰

✅ like& share လုပ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ် 💯❣️

✅အားလုံးဘဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေခဗျာ 🙏

⚠️တစ်ထည်ချင်းစီရဲ့ အသေးစိတ်အချက်လတ်ကို com မှာ၀င်ရောက်ကြည့်ရှုနိုင်ပါတယ် ⚠️

31/07/2021

✅Hello 👋 အားလုံးဘဲ မဂ်လာပါ ခဗျာ 🙏
✅Dee Dee Second Fashion Page လေးကနေကြိုဆိုပါ တယ် 🎉

✅ဒီတစ်ပတ် Super Sunday ရဲ့ Fashion Week လေးမှာ Classic Denim jeans လေးတွေနဲ့ အားလုံးကို မိတ်ဆတ်ပေးချင်ပါတယ် 🎊

✅အသက်သာဆုံး ဈေးလေးတွေနဲ့ ရောင်းချပေးမယ့်အပြင် 10,000 ဖိုးနှင့်အထက်၀ယ်ယူသူတိုင်းကို 10% cash back ပေးသွားမှာမို့လို့ page လေးကို like & share လုပ်ပေးပါဦးခဗျာ 📣

✅ like & share လုပ်ပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ် 💯❣️

✅လိုအပ်တာရှိရင်လည်း CB ကနေတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ခ‌ဗျာ 🥰

Photos from Dee Dee Second Fashion's post 30/07/2021

✅ Hello 👋 အားလုံးဘဲ မဂ်လာပါ ခဗျာ 🙏

✅Dee Dee Second Fashion Page လေးကနေပြန်လည် ကြိုဆိုပါတယ် 🎉

✅ဒီနေ့ ‌page လေးကိုစပြီး မိတ်ဆတ်တဲ့အနေတဲ့ ဖိနပ်လေးတစ်ရံမဲဖောက်ပေးချင်ပါတယ် 🎊

✅ကျွန်တော်ရဲ့ အခုလက်ရှိ page လေးကို like & share ပြုလုပ်ပေးပြီး ss နှင့်အတူ com မှာ ၀င်ရောက်ဖြေဆိုပေးရုံပါဘဲ 🗣️

✅page ထဲမှာရှိကြတဲ့ သူငယ်ချင်းမိတ်ဆွေများအားလုံး ၀င်ရောက် ကံစမ်းကြဖို့ ဖိတ်ခေါ်ပါတယ် ခဗျာ 📣

✅ဖိနပ်မှာပါတဲ့ နောက်ဆုံးကုဒ်လေး သုံးလုံးကို မှန်အောင်ဖြေဆိုပေးယုံပါဘဲ first com မှာ ပြထားပေးပါတယ် 🤩

✅အားလုံးဘဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ ခဗျာ 🥰

✅ Adidas 3 Stripes 💯 % Authentic 👻

27/07/2021

🎉

✅မဂ်လာပါခဗျာ ကနေကြိုဆိုပါတယ် 🙏

✅Page ထဲမှာရှိကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေခဗျာ အားလုံးဘဲ ဂရုစိုက်ကြပါ ❣️

✅အခုလိုချိန်မျိုးမှာ တစ်ဦးကိုတစ်ဦး အပြန်လှန်မေတ္တာထားခြင်းဖြင့် ကပ်ဆိုးကြီးကို အ‌မြန်ဆုံးကျော်လွှားကြရအောင် 🤗

😷

🤲

👥

🫂

💪

Telephone

Website