Kyaw khit
ဗဟုသာတရစေရန်
အပင်း အပိုင်း(၁)
လူတွေရဲ့ လောဘ နဲ့ အမုန်း တွေဟာအရမ်းကြောက်ဖို့ကောင်းပါတယ်။
ဗဟုသုတ အနေနဲ့ တင်ပေးလိုက်ပါတယ်။
▪️အမေဒေါ်အောင်ဆန်းစုကြည် (၇၆)နှစ်မြောက်မွေးနေ့
••••••••••••••••••••••⬇️⬇️⬇️⬇️
▪️Norway နိုင်ငံ Froland မြို့ရှိ
Aung San Suu Kyi Park Committee မှ
ဒေါ်အောင်ဆန်းစုကြည်၏
(၇၆)နှစ် မြောက်မွေးနေ့ အထိမ်းအမှတ်ပွဲကို
လေလှိုင်းပေါ်မှတဆင့်
မွေးနေ့အကြို ၃ ရက်အလို ဇွန်လ ၁၆ ရက်နေ့မှာ
ကျင်းပရန် စီစဉ်ထားပါသဖြင့်
မိတ်ဆွေပြည်သူအပေါင်းတို့ကို တက်ရောက်ကြပါရန် မေတ္တာဖြင့် ပန်ကြားအပ်ပါသည်
▪️ယခုပွဲမှတဆင့်
စစ်အကြမ်းဖက်အဖွဲ့အစည်း၏
မတရားချုပ်နှောင်ဖမ်းဆီးခံထားရသော
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ
အဖမ်းအဆီးခံရသူများအားလုံး
အမြန်ဆုံးလွတ်မြောက်ရေးကို
တကမ္ဘာလုံးမှ စာနာထောက်ထားမှုဖြင့်
ပြင်းထန်စွာ အလေးအနက် တောင်းဆိုမှုကို
ရရှိရန် ရည်ရွယ်ပါသည်
▪️မြန်မာ့နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမည်
▪️Contact Person
အရှင်ထာဝရ ( နော်ဝေ🇳🇴 )
ဆလိုင်းဂျွန်မန်း ( နော်ဝေ🇳🇴 )
နေလင်းထွန်း ( နယူးယောက် 🇺🇸 )
ဇွန်လ ၁၆ရက်နေ့ ဗုဒ္ဓဟူးနေ့
မြန်မာပြည်အချိန် ည ၇း၃၀နာရီ
နော်ဝေအချိန် ညနေ ၃ နာရီ
နယူးယောက်အချိန် နံနက် ၉ နာရီ
မလေးရှား အချိန် ည 9နာရီ
'' ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့
AK မှာ ကျည်ဖြည့်လိုက်ပြီ "
* မင်းကိုနိုင် *
____________________________
"တောမှာပျော်လို့ တောခိုတာ မဟုတ်သလို
သွေးဆာလို့ လက်နက်ကို ဆွဲကိုင်တာလဲ မဟုတ်ဘူး။
"ခရီးကြုံလို့ လှေကြုံလိုက်တာ မဟုတ်သလို
ပေါ်တဲ့လှေကို တက်စီးတာလဲ မဟုတ်ဘူး.....။
"အောက်ခြေမခိုင်သေးလို့ ခဏတာ မှေးအိပ်နေခဲ့တာ
ငယ်နိုင်လို့တော့ မသတ်မှတ်လိုက်နဲ့လေ.....။
"အရေးကြုံရင် သက်လုံကောင်းစေဖို့
အင်ဂျင်တွေကို ပါဝါဖြည့်လိုက်ပြီ....။
"ရိုင်ဖယ်ဟာ မိုင်နှစ်ဆယ်ပြေးသလား ? လာခဲ့
ယှဉ်ပြိုင်ရင် စင်ပြိုင်တိုက်ဖို့
Ak မှာ ကျည်ဖြည့်ထားတယ်...။
စစ်တလင်းမှာ
မင်းတို့ အလောင်းထပ်သွားစေရမယ်...။
ကောက်ကျစ်တဲ့ လှည့်ကွက်အောက်မှာ လက်ဝါးဖြန့် ဒူးထောက်ရအောင်
ငါတို့က နိုင်ငံရေးသူတောင်းစား မဟုတ်ဘူး......ကွ..။
"တောင်ဘယ်လောက်ကြီးကြီး ခြေဖဝါးအောက်မှာပဲ
လှိုင်းဘယ်လောက်ကြီးကြီး လှေအောက်မှာ နေရမြဲပဲ....။
အင်အားကြီးလို့ အနိုင်ရစတမ်းသာဆိုရင်
ဆင်စွယ်ကို ဘယ်သူက ဝယ်ယူခွင့်ရှိဦးမှာလဲ။
"အနာဂတ်ကို ရုပ်လုံးဖော် ထုဆစ်ဖို့
ပေဖြစ်တုန်းက ခံခဲ့ရတဲ့တူတစ်လက်ဟာ
အရင်းနှီးများစွားနဲ့ စောင့်နေလေရဲ့ ......။
*မင်းကိုနိုင်*
တော်လှန်ရေး
#အရေးတော်ပုံအောင်ရမည်
Thiha Naing
တပူပေါ နှစ်ပူဆင့် ကိုယ့်ဘာသာဘဲ ရုန်ထွက်မှရမယ်။
ကမ္ဘာ စစ်ပွဲတွေ အလား ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်နေတော့တာ😟😢😢
ချင်းပြည်နယ် မင်းတပ်..😓
ဖုန်းကိုင်ထားတဲ့ လူမှန်သမျှ အားလုံးရှယ်ပေးကြပါလို့🙏🙏🙏
ကိုယ့်အမျိုးတွေဒုက္ခရောက်နေကြတဲ့ပုံတွေကို ကမ္ဘာကသိအောင်တင်ပေးရှယ်ပေးကျပါတောင်းဆိုပါတယ်🙏🙏 🙏
ကျေးဇူးအထူးတင်ပါတယ်🙏🙏🙏
"မဆိုင်သူတွေ မထိစေချင်ပါဘူး
ဒါပေမယ့် အမြစ်ကဆွဲနှုတ်နေရလို့
ဒဏ်ရာတော့ကြီးမှာပါပဲ"
#မင်းကိုနိင်
အရေးတော်ပုံ မုချ အောင်ရမည်
ဘာဖြစ်လာမည်ဆိုတာ ရှင်းရှင်းကြီးမြင်ရပြီမို့
နောက် Step တစ်ခု Chapter ကို လှမ်းကာ
စာရေးတာ ရပ်ရမည့် အချိန်ရောက်ပြီလို့ နားလည်ခဲ့သည်။
••••••••••••••••••••••••••••••••••••••••••••
တစ်ခုပဲပြောခဲ့ချင်သည်။
••••••••••••••••••••••••••••••••••••••••••••
R 2 P ၂မျိုးရှိသည်။
Level 1 (တိုက်ရိုက်) နှင့်
Level 2 (သွယ်ဝိုက်) တို့ဖြစ်သည်။
ယင်း Level 2 ကစတင်နေပြီ။
လူထု Level 2 ကို ရွေးချယ်သင့်သည်ဟု
နောက်ဆုံး အကြံပေးခဲ့ပါရစေ။
စစ်အာဏာရှင် အမြစ်ပါပြုတ်ဖို့ဆိုရင်ပေါ့။
••••••••••••••••••••••••••••••••••••••••••••
Level 1 ကို လုပ်ပေးခဲ့လျှင်လည်း
လူထု ဘယ်လိုမှ ကြိုမသိနိုင်ပါ။
Level 2 ကရင်ပြည်နယ်မှာ စတင်ဆောင်ရွက်နေပြီ။
••••••••••••••••••••••••••••••••••••••••••••
Gen Z နှင့် လူထုကို တစ်ခု အားပေးချင်သည်။
••••••••••••••
တစ်ကမ္ဘာလုံး Gen Z တို့ တိုက်ပွဲကိုကြည့်ပြီး
'ဘယ်လိုတောင် ရဲရင့်ကြတဲ့ လူငယ်တွေလဲ' ဆိုပြီး
အံ့ဩ အားကျ မျက်ရည်များဖြင့်
နိုင်ငံတကာက Gen Z များဂုဏ်ယူနေကြသည်။
သားတို့ သမီးတို့ကို ဆရာဦးညွှတ်ပါသည်။
••••••••••••••••••••••••••••••••••••••••••••
သူပုန်တပ်ကို တစ်ခုပြောခဲ့ချင်တယ်။
••••••••••
အာဏာသိမ်းပြီး တစ်လအတွင်း
လူထုတစ်ရပ်လုံးကို မင်းတို့ရန်သူဖြစ်အောင်
အံ့ဩဖို့ကောင်းစွာ ညံ့ဖျင်းလွန်းစွာ လုပ်ခဲ့ကြတဲ့ မင်းတို့လုပ်ရပ်
သမိုင်းဝင်ခဲ့ပါပြီ။
••••••••••••••••••••••••••••••••••••••••••••
ဒေါက်တာ ဆာဆာ
•••••••••••••••
မြန်မာပြည်မှာ
ဗိုလ်ချုပ်ဖွဲ့စည်းခဲ့တဲ့ ခုပျက်ဆီးသွားတဲ့ တပ်အစား
'Fedral Army' ကြီးတစ်ခုအဖြစ်
ကြိုးစားနေမှုအား
တစ်ကမ္ဘာလုံး လေးစားရလောက်အောင် ကြိုးစားနိုင်ခဲ့တယ်။
ခု
သူပုန်တပ်ကို အစိုးရတပ်အဖြစ်ကနေအကုန်ထုတ်ပစ်လိုက်ပြီ။
ဇာတ်သိမ်းရောက်ရင်
ဒေါက်တာ ဆာဆာဟာ မြန်မာ့ ဒုတိယ လူထုတပ်မတော်ကြီးကို
စတင် လက်တွေ့တည်ထောင်နိုင်ခဲ့တဲ့
ဒုတိယ ပြည်သူ့တပ်မတော်ခေါင်းဆောင်တစ်ယောက်အဖြစ်
မြန်မာ့သမိုင်းမှာ ကျန်ခဲ့မယ်လို့ အတိအကျယုံကြည်ပါတယ်။
ဒေါက်တာဆာဆာဟာ
EU စစ်ဘက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊
ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean ကိုတောင်
သူလိုချင်တာရအောင်စည်းရုံးနိုင်ခဲ့သူပါ။
••••••••••••••••••••••••••••••••••••••••••••
လူထု အန္တရာယ် ကင်းကြပါစေ။
ညီညီလွင် (ဓာတုဗေဒ)
Nyi Lwin
ပြန်လည်မျှ ဝေပါတယ်
လေးစားလျှက်
Nyi Nyi
ကျောင်းဖွင့်တာ သားတို့အတွက်ဆို
😢😢😢😢
ညတုန်းက ၁၂နာရီကျော်
ခွေးတွေ တအားဟောင်လို့ အိမ်တံခါးလေး အသာဟ ph screen မီးလေး ဖွင့်ပြီး လမ်းထဲကို ဘယ်သူဝင်လို့လဲ
ဘာများဖြစ်လို့လဲ အသာလေး ချောင်းပြီး ခြံထဲ ဆင်းပြီး လမ်းကိုချောင်းကြည့်ရင်း
လမ်းမပေါ်မှာ mask လေးအုပ်ထားပြီး ကျောပိုးအိတ် လေးလွယ် ဂျင်းဘောင်းဘီနဲ့ shoe လေးစီး ထားတဲ့
ညီလေးတစ်ယောက် သုတ်သုတ်နဲ့ လျောက်လာတာ မြင်ရတယ်
ကိုယ်လည်း ဘယ်သူဘယ်ဝါလဲ မီးကွင်းပစ်မဲ့သူလား
ဒလံ လား ခွေးတွေ ယူနီဖောင်းလဲထားတာလား သေချာကြည့်ပြီး အကဲခပ်တော့ ကောင်လေးကလဲ ဟိုကြည်ဲ့ဒီကြည့်နဲ့ လက်ထဲကြည့်တော့ လက်ဗလာ လွယ်အိတ်ဘေးအိတ်ထဲကြည့်တော့ Royal D ဘူးလေး ထိုးထည့်ထားတယ် သူက တော့ ကိုယ့်မမြင် ကိုယ်ကသာ သူ့ကို သေချာချောင်းကြည့်နေမိတာ
သေချာကြည့်တော့မှ G Z မှ G Z ကလေး ဗျ
ဒါနဲ့ကိုယ်လည်းစိုးရိမ်ပြီး မထူးပါဘူး ဆိုပြီး ခြံတံခါးအကွယ်က ခေါင်းပြူ ပြီး ညီလေး ညီလေး ဆိုပြီး အသံခပ်အုပ်အုပ်လေး နဲ့ အော်ခေါ်တော့ ဗျာ ဆိုပြီး ထူးသံနဲ့အတူ လှည့်လာတယ်
ဒါနဲ့ ကိုယ်လည်း ဟျောင့် ဒီချိန်ကြီး မင်းဘာလုပ်ဖို့လဲ ဆိုတော့ အကို ဆန္ဒထုတ်ဖော်ဖို့လေတဲ့ ကျွန်တော် ဘော်ဒါတွေလည်း ထွက်မှာ ဆိုတော့ ဘာလည်း Night strike လားဆိုတော့ ကြောင်ကြည့်နေလေရဲ့
မင်းကွာ မလည်မဝယ်နဲ့ ဒီချိန်ကြီးထွက်လာပြီး ဘာလုပ်ရမှန်းမသိကြောင်တောင်တောင်နဲ့ ဟိုသွားဒီသွား မလုပ်နဲ့
ခွေးဆွဲ ခံရမယ်ဟ
အခြေနေမကောင်းရင် အပစ်ခံရမယ် ဒီချိန်ဒီနား ဆန္ဒထုတ်ဖော်သူ မရှိဘူး မနက်ပိုင်းတောင် ဆန္ဒထွက်မပြတော့ဘူးလေ ဆိုတော့
တွေဝေပြီး ပြန်မေးတယ် အကို ကျွန်တော်တို့ နိုင်သွားပြီလားတဲ့
အာ လက်ရှိအခြေနေက ၅၀ / ၅၀ ပဲလို့ အကိုထင်တယ်ကွာ
CRPH ကလည်း သူ့အလုပ်သူလုပ်တယ် ကမ္ဘာကလည်း သိနေပြီ UN က လည်း ဆောင်ရွက်နေပါတယ် ဆိုပြီး ကိုယ် သိသလောက်ပြောတော့ သူက အာ့ဆို ဆန္ဒ ပြသူ လှုပ်ရှားသူမရှိတော့ဘူးလား သံပုံးတွေရော တီးသေးရဲ့လားတဲ့ မေးခွန်းထုတ်လေရဲ့
ဒါနဲ့ပဲ သူ့ကို စိတ်ပေါက်ပေါက်နဲ့ မင်းလည်းလုပ်နေတာ မသိဘူးလား ဆိုပြီး ဒေါသစိတ် ဂရုဏာစိတ် စိုးရိမ်စိတ် ပေါင်းပြီး အသံမာမာနဲ့ မေးလိုက်ပြီး မျက်နှာကို စေ့စေ့ကြည့်လိုက်မှ နဖူးမှာ ကျည်ပေါက်ရာက ဟောင်းလောင်းနဲ့ Mask လေးက သွေးရောင်လွှမ်းလို့
အော် GZ ရယ်
မင်းတို့တွေ ကို အမျှမဝေပေးပဲ
အရေးတော်ပုံအောင်ရမည်
အရေးတော်ပုံအောင်ရမည်
အရေးတော်ပုံအောင်ရမည်
လို့သာပြောလိုက်မိပါတယ်ကွာ
အကို့စိတ်ကူးထဲကလို ညီလေး/ညီမလေးများ ရှိနေမလား
ရသလိုလေး အချိန်ပိုင်း ဆန္ဒထုတ်ဖော်စေချင်မလား
သံပုံး သံလေးရော နားစွင့်နေလေမလား
ညဘက်ကြီးရော လမ်းပေါ်မှာ ရှိနေမလားကွာ
အောင်မြင်လိုစိတ်ရှိသော ကျွန်ုပ်တို့ မုချ အောင်မြင်ရပါမည်
အားမတန်သော်ငြား လက်မလျော့ပါ
ဆက်လက်ဆောင်ရွက်ပါမည်
သံတိုင်ခြားနှင့် ကျည်ဆန် ဝေးရန် ဥာဏ်သုံး၍
တော်လှန်ပါမည်
#အရေးတော်ပုံအောင်ကိုအောင်ရမည်
M W 🇲🇲
အသက်ကြီးလာရင်
နေရာတကာ ဝင်မပါနဲ့တော့ဗျ။
"ဒကာကြီး
အသက် ဘယ်လောက်ရှိပြီလဲ"
"တပည့်တော် (၇၁)နှစ်ပါဘုရား"
"နောက်ထပ်
ဘယ်နှယ်နှစ် နေရဦးမယ် ထင်လဲ"
"ဘာနေရတော့မှာလဲဘုရား။
ဒါကြောင့်မို့ နောက်လူငယ်တွေကို
အမြင်မတော်တိုင်း ပြောပြောနေရတာ။
ပြောမရတဲ့အခါ စိတ်တို။
စိတ်တိုတော့ ပြောမိ။
ပြောမရ ဆိုမရတော့ လက်ပါမိတာပေါ့ဘုရား"
"စိတ်တို လက်ပါတာ အကုသိုလ် ဒကာကြီးရဲ့။
သူတို့နဲ့ ဒကာကြီးက
အသက် ဘယ်သူက ပိုကြီးသလဲ"
"တပည့်တော်က ကြီးတာပေါ့ဘုရား"
"ဒါဆို ဒကာကြီးက သေခါနီး
သူတို့က သေခါဝေးပေါ့။
ဒီတော့ သေခါနီးနေတဲ့ ဒကာကြီးက
သေခါဝေးတဲ့ သူတို့နဲ့ တုပြီး
အကုသိုလ်တွေ ဖြစ်တယ်ဆိုရင် ကောင်းပါ့မလား"
"မကောင်းပါဘုရား"
"ကိုယ့်အသက်က နေချိန် နည်းလာပြီဆိုတော့
အကုသိုလ်တွေ စိစစ်ဖို့ မကောင်းဘူးလား"
"ကောင်းပါတယ်ဘုရား"
"ဒကာကြီး ငယ်ငယ်တုန်းကရော
ကုသိုလ်မှန်းမသိ အကုသိုလ်မှန်းမသိ
ပြုခဲ့ ပြောခဲ့ ကြံခဲ့တာတွေ မရှိဘူးလား"
"ရှိခဲ့ပါတယ်ဘုရား"
"သူ့ဘဝ ကိုယ့်ဘဝဆိုတဲ့ ဘဝတွေ-ဘဝတွေဆိုတာ
ကိုယ်ဖြစ်ချင်သလို ဖြစ်နေလား
ကံအကျိုးပေးအတိုင်း ဖြစ်နေတာလား"
"ကံ ကံ၏အကျိုးအတိုင်း ဖြစ်နေတာပါဘုရား"
"ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်နေတာလား
ကိုယ်ပြုတဲ့ကံအတိုင်း ဖြစ်နေတာလား"
"ကိုယ်ပြုတဲ့ ကံအတိုင်း ဖြစ်နေရတာပါဘုရား"
"အေးဗျ- လူငယ်တွေဆိုတာ
ကိုယ်ငယ်ငယ်တုန်းကလိုပဲလို့ အောင့်မေ့။
ကုသိုလ်မရှောင် အကုသိုလ်မရှောင်
ပြုနေ ပြောနေ ကြံနေကြဦးမှာပဲ။
အသက်ကြီးလာရင် နေရာတကာ ဝင်မပါတော့နဲ့ဗျ။
မျက်လုံး-နှစ်လုံးရှိတာ နှစ်လုံး-လုံး မကြည့်တော့နဲ့။
တစ်လုံးကို မမြင်ချင်ယောင်ဆောင်ထား။
ကျန်တဲ့တစ်လုံးက ကိုယ့်ခန္ဓာကိုယ်ပဲ ကြည့်နေတော့။
နားနှစ်ဖက်ရှိတာ နှစ်ဖက်လုံး နားမထောင်တော့နဲ့။
တစ်ဖက်ကို မကြားချင်ယောင်ဆောင်ထား
ကျန်တဲ့တစ်ဖက်က တရားသံပဲ နားထောင်တော့။
အချိန် သိပ်နည်းနေပြီ ဒကာကြီးရဲ့"
"မှန်လှပါဘုရား။
တပည့်တော် နောက်ဆို ရှောင်ပါ့မယ်"
"သာဓု သာဓု သာဓု"
ဦးဓမ္မသာရ(ဆေးသဲ့တောင်)
#ကြိုက်လို့ကူးလာသည်😊
" အသုဘတရား " 😁
ဆရာတော်။ ။ ဟဲ့...ဒကာ,ဒကာမတွေ
ဒို့ရထားတဲ့ခန္ဓာကိုယ်ကြီးက
သုဘလား.... အ,သုဘလားဟဲ့
ပရိတ်သတ်။ ။ အ,သုဘပါဘုရား
ဆရာတော်။ ။ သုဘဆိုတာ တင့်တယ်တာ..
အ,သုဘဆိုတာ..မတင့်တယ်တာ..
ဟုတ်သလား...ဟေ့....
ပရိတ်သတ်။ ။ ဟုတ်ပါတယ်ဘုရား....
ဆရာတော်။ ။ မြဲသလား..မမြဲလားဟေ့....
ပရိတ်သတ်။ ။ မမြဲပါဘုရား....
ဆရာတော်။ ။ သာယာဘွယ်လား...
မသာယာဘွယ်လား...?..
ပရိတ်သတ်။ ။ မသာယာဘွယ်ပါဘုရား...
ဆရာတော်။ ။ ဒါဆို... မသာမ,လို့ပြောရင်
နာကြအုံးမှာလား..?...
ပရိတ်သတ်။ ။ မနာ..ပါဘုရား...
ဆရာတော်။ ။ အေး...မနာကြနဲ့....
မသာမ,ဆိုတာကို တချို့က,
ဆဲတယ်ထင်နေကြတာ...
အမှန်က,..
တရားသဘောနဲ့ ခေါ်နေတာ...
မှန်ရဲ့လား..?.. မသာမတွေ.....
ပရိတ်သတ်။ ။ မှန်ပါတယ်...
မသာဘုန်းကြီးဘုရား....
ဆရာတော်။ ။ ......''ဘာ''......
😁😁😁😂😂
" လူစိတ်နဲ့ ဘီလူးစိတ် "
ပန်းတွေကို
ချိုးဖျတ်ခြွေနင်း
ကြတဲ့ လူတွေကို
မြင်နေရရင်..
ပန်းတွေပျိုးခဲ့တဲ့
လက်တစ်စုံရဲ့
ကျေးဇူးကို
သတိရမိတယ် ။
ဒေါသကြီးကြတဲ့
သူယုတ်တွေကို
မြင်ရတိုင်း
မေတ္တာအပြည့်နဲ့
နှလုံးသားပိုင်ရှင် ကို
တမ်းတမိတယ် ။
အတ္တကြီးကြတဲ့
သူတွေရဲ့လုပ်ရပ်တွေကို
မြင်ရတိုင်း
စွန့်လွတ်အနစ်နာခံခြင်းတွေ
ပြည့်နေ တဲ့ မျက်ဝန်းတစ်စုံကို
လွမ်းမိတယ် ။
လောဘတကြီးနဲ့ကိုယ်ကျိုးရှာ
နေကြတဲ့ လူတစ်စုကို တွေ့နေရတိုင်း
ရယူလိုခြင်း ကင်းမဲ့စွာနဲ့
ပေးဆပ်ပြနေတာတောင်
စေတနာကို အစော်ကားခံရတဲ့
အမျိုးသမီးကြီးကို
အားနားမိတယ်။
မပေးချင်တာကို
အရှက်မရှိပဲ ဇွတ်ယူ
နေကြတဲ့သူတွေနဲ့
ပေးနေတာတောင်
ယူရမှာ ရှက်တဲ့
စိတ်ထားပိုင်ရှင်နဲ့တော့
သိက္ခာ ချင်းကလည်း
မိုးနဲ့မြေ ဆိုတော.. ။
တန်ဖိုးထား
လေးစားရပုံချင်းကလည်း
နိဗ္ဗာန် နဲ့ ငရဲပြည်လို
အကွာကြီး ကွာတယ် ။ ။
( ကျန်းမာပါစေ အမေ )
AKKT..ကို လေးစားလျက်။
နှလုံးသားဖြင့်ခံစားပါ...🚩
သွေးအေးမယ်လို့ စဉ်းစားတိုင်း
နေသာသလို နေမယ်လို့
တွေးမိလေတိုင်း
ကိုယ့်ပါးကို ပြန်ရိုက်ပါ။
ကောက်ရိုးမီးတွေ ဖြစ်လို့မရဘူး
ရေပေါ်စီတွေ လုပ်လို့မရဘူး
နှလုံးသားထဲက တောင့်တခြင်းကို
ဦးနှောက်နဲ့ ဆင်ခြင်လို့
မှန်ကန်တဲ့ လုပ်ရပ်ကို ရွေးပြီးတော့မှ
ခင်ဗျား ဘာကြောင့် နောက်ဆုတ်မှာလဲ။
လျှောက်ခဲ့တဲ့ ခရီးတွေ
တစ်ဝက်မက ရောက်ပြီးတော့မှ
ဝေးလံလွန်းတဲ့ နောက်ကြောင်းကို
ပြန်ခေါက်ချင်နေတာလား
ဒါမှမဟုတ် ရောက်တဲ့နေရာမှာ ရပ်နေချင်တာလား။
လိုချင်တဲ့ ပန်းတိုင်က စျေးကြီးတယ်နော်
အသက်တွေလည်း ရင်းခဲ့ရတယ်
ဘဝတွေလည်း စတေးခဲ့ရတယ်
ဘာမှ မဖြစ်သေးတဲ့ ခင်ဗျားတို့က
တွေဝေ စိတ်ဓါတ်ကျနေပြီဆိုရင်
ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို အားနာပါ
အကျဉ်းကျခံ ဘဝတွေကို စာနာပါ
ယနေ့အချိန်ထိ ကျုပ်တို့သာ
လှုပ်ရှား ရုန်းကန်ရင်းနဲ့
မဆိုသလောက် ဒုက္ခလေးတွေ ရင်ဆိုင်နေရတာ
သူပုန်ဖမ်းထားတဲ့ ပြည်သူတွေဘဝ
အဘယ်မျှ ခါးနေလိမ့်မလဲ ဆိုတာ
မျက်လုံးထဲ မြင်ယောင်ကြည့်ပါ
နှလုံးသားနဲ့ နားထောင်ကြည့်ပါ
ကျုပ်တို့အနာဂတ် အတွက် ၊သားတို့သမီးတို့ အနာဂတ်အတွက် ၊နိုင်ငံအနာဂတ်အတွက် အာဏာရှင် မျိုးဖြုတ်မဲ့တော်လှန်ရေးမှာ ကျရာနေရာက တာဝန်ယူ နိုင်ငံနဲ့ ပြည်သူ့အတွက် အလုပ် လုပ်ကြရအောင်၊
တိုက်ပွဲခေါ်သံ နားစွင့်ရင်း အားမွေးထားပါ ၊
နိုင်ငံအတွက် ခွေးလောက်မှ စောက်သုံးမကျ ရာဇပုလင် တက်ထိုင်ချင်တဲ့ အာဏာရူး မင်းအောင်လှိုင် နဲ့ စစ်ခွေးတစ်သိုက်ကို မောင်းထုတ်တဲ့ပွဲမှာ ခင်များအမည် ရေးထိုးလိုက်ပါ၊ခင်များနှလုံးသားက သွေးနဲ့ပေါ့၊
ဒါပေမဲ့ ခင်ဗျားသွေး နီမှတော့ ဖြစ်လိမ့်မယ်။
အရေးတော်ပုံအောင်ရမည်။🚩🚩🚩
TakeKh ဖန်တီးသူ
အ.ထ.က ၃ ကျောင်းဝန်းအတွင်းမှအရပ်ဝတ်ဖြင့်ထွက်လာသော စခ
တစ်ကောင် ဒိုင်း
သေဆုံး။
အနုပညာတွေ ကန်းသွားတဲ့ အချိန်.....
ကျားပေါက်က သီချင်းတွေ မရေးတော့ဘူးလို့ official တောင်းပန်သွားတယ်
မျိုးကျော့မြိုင်က သူ့ဖန်တီးမှုတွေ ရပ်လိုက်ရမဲ့ ကာလတစ်ခု ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးတဲ့
ရသစာပေရဲ့မြစ်ဖျားဖြစ်တဲ့ ရွှေအမြုတေပိတ်သိမ်းလိုက်ရတယ်
Social Media တွေမှာ နေ့စဉ်နဲ့အမျှနီးပါး ထွက်ရှိခဲ့တဲ့ သီချင်းအသစ်တွေ music creation တွေ ဘာမှ မရှိတော့ဘူး
အဆိုတော်တွေက သီချင်းမဆိုကြတော့ဘူး
သရုပ်ဆောင်တွေ ထောင်ထဲမှာ
ပန်းချီဆရာတွေ ပန်းချီမဆွဲတော့ဘူး
Street Art တွေ မမြင်ရတော့ဘူး ...
အနုပညာကန်းသွားတဲ့နိုင်ငံ....
Soft Power တွေ သေသွားတဲ့ နိုင်ငံ ....
မင်းတို့ကတော့ တစ်မနက်တည်း ကြေငြာလိုက်တာပါပဲ
ငါတို့မွာသာ
နေရာပေါင်းစုံ ဆွံ့အမှောင်မည်းသွားခဲ့ရတာ .......
ဒီလိုတွေဖြစ်အောင်လုပ်ခဲ့တဲ့ အာဏာရူးကိုတော်လှန်တဲ့နေရာမှာ မြှောက်ပေးလို့ တော်လှန်ရေးလုပ်နေတဲ့သူတွေ တစ်ယောက်မှမရှိဘူး...
အာဏာရူးကို တော်လှန်တာ မြှောက်ပေးစရာကိုမလိုတဲ့အရာ...
ငါတို့ကို မြှောက်လို့လည်းမရဘူး...ခြောက်လို့လည်းမရဘူး...
ငါတို့ပြည်သူတွေ အချင်းချင်း ခွန်အားရှိအောင်တော့ အားပေးရမှာပဲ...
အညာမြေရဲ့ အမှတ်တရ ထန်းသီး။