Aung ကားရောင်းဝယ်ရေး တာချီလိတ်

Aung ကားရောင်းဝယ်ရေး တာချီလိတ်

Car Sell Center

Photos from Aung ကားရောင်းဝယ်ရေး တာချီလိတ်'s post 02/08/2022

တာယာဘယ်အချိန်လဲရမလားမေးရင် (၄) ချက်ကိုစစ်ပါတယ်

၁။ Manufacture Date
ပေးထားတဲ့ Service life သက်တမ်းကျော်မကျော်၊ ဥပမာ ၅နှစ်ပေးထားတဲ့တာယာဆို ၅နှစ်၊ ၁၀နှစ်ပေးတဲ့တာယာဆို ၁၀နှစ် စသည်ဖြင့်..

၂။ User / Usage အသုံးပြုမှုကြောင့်ဖြစ်သော Error
ခဲထိုးခြင်း၊ Alignment မကောင်းသဖြင့်စားခြင်း၊ User fault ဖြစ်ခြင်း

၃။ TWI Bars
Tread Wear Indicator Bars - ပန်းလိုင်းထဲမှာရှိပြီး ဥပဒေအရ ကားများကို 1.6mm ထက်မပါးစေရသတ်မှတ်ထားပါတယ်။ ဒီအတုံး Bar လေးတွေထိတာနဲ့လဲရပါမယ်။ (မြန်မာပြည်မှာတော့ပန်းထိုးပြီးအတုံးပါထပ်ဖော်ပါသေးတယ်)

၄။ TWI indicators
တာယာဘေးစောင်းမှာရှိပြီးဥပဒေအရအနည်းဆုံး ၆နေရာမှာဖော်ပြထားပါတယ်။ တြိဂံပုံ သို့မဟုတ် TWI ဆိုပြီးရေးထားပါတယ်။ Tyre Side shoulder region မှာရှိတဲ့ TWI marking ကအရေးကြီးပါတယ်။ လူအများစုကအလယ်ပန်းပဲကြည့်ပြီးလဲကျပါတယ်။ ဘေးသားပါးသွားရင်တောင် အတွင်းအပြင်လဲ ကြပါတယ်။ အမှန်မလုပ်သင့်ပါ။ တာယာဘေးဘက်အစွန်းတွေဟာ High Speed Turn တွေမှာ Force သက်ရောက်စေပါတယ်။ အပူချိန် Pressure ပါတက်စေပါတယ်။ ဒါကြောင့်ဒီနေရာတွေကိုလိုအပ်လို့ TWI mark ပေးထားတာပါ။ အရှိန်နဲ့ကွဲရင်ဒီနေရာက Force ကြောင့်ပါ။ ဒီ Marking ပါးပြီ ထိပြီဆိုတာနဲ့ လဲသင့်ပါတယ်။ နိုင်ငံခြားမှာဆိုရင်တော့ဖမ်းပြီး ဒဏ်ငွေဆောင်ရပါတယ်။ မြန်မာပြည် ရဲ့ မော်တော်ယာဥ် ဥပဒေမှာအသေးစိတ်ဖော်ပြသင့်ပါတယ်။ စံနှုန်းကို International စံနှုန်းအတိုင်းယူသင့်ပါတယ်။

ကားတစ်စီးရဲ့ Safety က တာယာမှာရှိပါတယ်။

Credit – Original Uploader

10/06/2022

Honda Fit အဖြူ
Model 2012 2013
ဝယ်လိုပါသည်။
Phone 095216373
Tachileik မြို့တွင်းသာ

Photos from Aung ကားရောင်းဝယ်ရေး တာချီလိတ်'s post 14/04/2022

Toyota Crown ကား Gradeခွဲနည်း🔥🔥🔥
▪▪▪▪▪▪▪▪▪▪▪▪▪▪
တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရင်ထဲမှာတော့ ဂျပန် မာစီးဒီးလို့ တောင် ပြေးမြင်မိမယ်ထင်မိပါတယ်။ 1955 ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့တဲ့ ဒီမော်ဒယ်ဟာ နှစ်ပေါင်း ၆၀ တိုင်ရှိခဲ့ပါပြီ။ စတင်ထုတ်လုပ်စဉ် ကတော့ Mid size luxury မော်ဒယ်အဖြစ် အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့ပေမဲ့ 1995 ရဲ့နောက်ပိုင်းမှာတော့ ပိုမို ကောင်းမွန် ပြီးသက်တောင့်သက်သာ ရှိတဲ့ Luxury ကားလိုမျိုး ဖန်တီးလာပါတယ်။
Crown ဆိုတဲ့ မျိုးရိုးနာမည်ဟာ စတင်ထုတ်လုပ်စဉ်ကတည်းက ပြောင်းလဲခဲ့ခြင်း လုံးဝ မရှိသေးတဲ့ နာမည်ရင်း ဖြစ်ပါတယ်။ တိုယိုတာမှာ မျိုးဆက်တစ်ခု နာမည် တစ်လုံးတည်း ကမ္ဘာအနှံ ဖြန့်ချိတာ ဆိုလို့ ဒီ Crown လေးပဲရှိပါတော့တယ်။

1955 မှာ Toyopet Master ဆိုတဲ့ concept ကားကို ထုတ်ပြခဲ့အပြီး လေးလ အကြာမှာ ဒီဇိုင်း အနည်းငယ်သာ ပြောင်းလဲထားတဲ့ Crown ကို စတင်ရောင်းချခဲ့ပါတယ်။ RS series Toyopet Crown ရဲ့ first generation ပါပဲ။

First Generation S30(1955-1962)
1.5 L R I4 အင်ဂျင်တပ်ဆင်ထားတဲ့ Crown ကို စျေးကွက်တင်ရောင်းချ ခဲ့ပေမဲ့ ဝယ်ယူစီးနင်းသူ သိပ်မများလှပါဘူး။ နောက်ထပ် ၅ လ အကြာမှာတော့ 1.8 L 3R I4 အင်ဂျင်တပ် Crown အမျိုးအစားကိုတော့ တက္ကစီ အဖြစ် ထုတ်လုပ်ရောင်းချ ရင်းစတင်လူကြိုက်များလာပါတယ်။ ထူးထူး ခြ ားခြ ား Suspension ပြောင်းလဲလိုက်တဲ့ အတွက် ပိုမိုငြိမ့်ညောင်းမှု ရှိလာလို့ဖြစ်ပါတယ်။ ထိုစဉ်က Toyopet Crown ကို 4 door sedan, 4 door Station Wagon နဲ့ 2 door Station wagon ဆိုပြီးခွဲခြားထုတ်ပေမယ့် sedan အမျိုးအစားသာ popular ဖြစ်ခဲ့ပါတယ်။

Second Generation S40(1962-1967)
လက်ရှိ ချိန်မှာ တော့ ဒီ second generation crown တွေကို classic car အဖြစ်သတ်မှတ် ပြီး အမြတ်တနိုး သိမ်းဆည်း နေကြပါပြီ။ ဒီ S40 မျိုးဆက်မှာတော့ ကား ဆိုဒ်ဟာ တော်တော်ကြီးလာပြီး ပိုပြီး ငြိမ့်ညောင်းမှု ရှိလာပါတယ်။ Sedan , Station wagon , Coupe ဆိုပြီး ၃ ပုံစံ ထုတ်ခဲ့ပြီး 1.8L 3R I4 အင်ဂျင်နဲ့ 2.0L M I6 တို့ကို စိတ်တိုင်းကျ တပ်ဆင်ခွင့် ပြုထားသလို Deluxe နဲ့ Super Deluxe ဆိုပြီး မော်ဒယ် ကွဲဂရိတ် ကွဲ တွေနဲ့ စတင်ရောင်းချတာပါ။
ဂီယာ အနေနဲ့ မန်နူရယ် ၃ ချက် အပြင် အော်တို ၂ ချက်ပါ ရွေးချယ်လို့ရပါသေးတယ်။ 1964 မှာတော့ Crown eight လို့ ခေါ်တဲ့ V8 အင်ဂျင်တပ် sedan အမျိုးအစားကို အရေအတွက် ကန့်သတ်ပြီးထုတ်ခဲ့ပါသေးတယ်။ ထိုအချိန်က အရမ်းကြီးမားတဲ့ အင်ဂျင် အဖြစ် အမွန်းတင်ခံခဲ့ရတဲ့ 2.6L V V8 အင်ဂျင် ဟာ လက်ရှိ Crown Majesta ရဲ့ ဘိုးအေ ကြီး လို့ သတ်မှတ်နိုင်ပါတယ်။

Third Generation S50(1967-1971)
ဒီမျိုးဆက်မှာတော့ ရှေ့မျိုးဆက်နဲ့ ကွာခြားတာက ရုပ်ထွက် အနည်းငယ် သာရှိပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ အရွယ်အစား ကြီးမားတဲ့ 2.0L နဲ့ 2.3L အင်ဂျက်များသာ တပ်ဆင်ထားတဲ့ အတွက်လည်း အင်ဂျင်ပါဝါ အသေး လိုအပ်သူများ အတွက် Mid-Size luxury မျိုးဆက်မှာ Mark II အမျိုးအစား ကို ထပ်ပေါင်း ပြီး Crown ကိုတော့ Full-Size Luxury series ဖြစ်ဖို့ အတွက် ဆွဲတင်ထားခဲ့ပါတယ်။ O/D over drive ဆိုတဲ့ စနစ်တပ်ဆင်ခဲ့သလို transmission ပိုင်းမှာ 3/4 speed Manual, 2/3 speed auto ဆိုပြီး ရွေးချယ်စရာများလှပါတယ်။
Super saloon ဆိုတဲ့ဂရိတ်တစ်မျိုးလည်း ရောင်းချခဲ့သလို , အတွင်းခန်း ပစ္စည်း အားလုံး နီးပါး လည်သာ နဲ့ တပ်ဆင်ထုတ်လုပ်ပေးတဲ့ ဂရိတ်ပါ။

Fourth Generation S60&70(1971-1974)
ဒီမျိုးဆက်မှာတော့ Super saloon မော်ဒယ်တွေထဲက Deluxe နဲ့ Super Deluxe ဂရိတ် တွေအပြင် Super Limousine ဆိုတဲ့ ဇိမ်ခံကား အမျိုးအစား ကိုပါ စတင်ထုတ်လုပ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ ယခင် 2.0L , 2.3L တွေ အပြင် 2.6L 4M I6 အင်ဂျင် ထိပါ တပ်ဆင်ထုတ်လုပ်လာတာ တွေ့ရပါတယ်။
Hardtop coupe လို့ ခေါ်တဲ့ တံခါး ၂ ပေါက် ကို ပွဲထုတ်လာပြီး in-line six cylinder အမျိုးအစား 2.0L MI6 ကို chassis MS70, 2.6L 4M I6 ကို MS75 ဆိုပြီး ခွဲထုတ်ပေးပေမယ့် ရုပ်ကတော့ အတူတူပဲဖြစ်ပါတယ်။
Rectangular halogen light လို့ ခေါ်တဲ့ မီးခွက် လေးထောင့် နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ အမျိုးအစား လည်း ထွက်ပါတယ်( ရှေ့မော်ဒယ်တွေမှာ မီးခွက် အဝိုင်းသာ ပါပါတယ်)။

Fifth Generation S80,90&100(1974-1979)
Sedan နဲ့ Wagon မော်ဒယ်တွေကို S80 chassis, 2door နဲ့ 4 door hardtop coupe တွေကိုတော့ S90 ပေးခဲ့ပေမယ့် ဂျပန် ပြည်တွင်း သုံး Crown မော်ဒယ်အားလုံး ကတော့ S100 ဆိုတဲ့ Chassis သာ ရိုက်နှိပ်ပါတယ်။ TTC-C လို့ခေါ်တဲ့ catalytic converter စနစ်စတင်တပ်ဆင်ပေးခဲ့ပါသေးတယ်။ အင်ဂျင်အနေနဲ့ အရင် မော်ဒယ်တွေ အတိုင်းသာရှိပေမယ့် ဂရိတ်ခွဲ ၄ မျိုး ဖြစ်လာပါတယ်။ Standard, Deluxe, Super Saloon နဲ့ Royal Saloon တို့ဖြစ်ပြီး Royal Saloon က အမြင့်ဆုံး ဂရိတ် အင်ဂျင်ပါဝါ 2.6L နဲ့ အပြင် အခြား ဂရိတ်တွေထက် ကားအရှည်နဲ့ အကျယ် ပိုပါတယ်။

Sixth Generation S110 (1979-1983)
ထောင့်စပ်စပ် ရုပ်ကို ဆင့်ကဲပြောင်းလဲလာတဲ့ Crown ဟာ ဒီမျိုးဆက်မှာတော့ တိကျတဲ့ ထောင့်ဖောင်းလိုင်းတွေနဲ့ luxury ကား အမျိုးအစားထဲ တိတိပပ ဝင်ရောက်သွားပါပြီ။ ရှေ့မီးလုံးဟာ လေ့ထောင့် မီးကြီး တစ်လုံး တည်း ဖြစ်လာသလို တာဘို အင်ဂျင်တပ် မော်ဒယ်တွေပါ စျေးကွက်ဝင်လာပါတယ်။ ဂျပန် အစိုးရရဲ့ မူဝါဒ အရ အင်ဂျင်ပါဝါ အကြီးစားတွေ ထုတ်ဖို့ မဖြစ်နိုင်တာကြောင့် မူလ အင်ဂျင်ပါဝါ ကိုပဲ ထပ်တိုးထုတ်ပေးမယ် တာဘို အင်ဂျင်တွေ တပ်ဆင်လာရတာပါ။ ဒီမော်ဒယ်မှာတော့ Luxury ဆိုတဲ့ အတိုင်း Sunroof, Electronic compass, driver power seat, Cruise control, Stereo tuner, Auto climate control, fridge, rear seat air con စသဖြင့် မြောက်များစွာသော optional တွေ ကိုရွေးချယ်ခွင့်ပေးထား ပါတယ်။

Seventh Generation S120(1983-1987)
မြန်မာပြည်နဲ့ များစွာ မစိမ်းတဲ့ ဒီမျိုးဆက်မှာတော့ Base version super saloon မှာ 2.0L 1G-GE I6 ကို သုံးစွဲပေးထားပါတယ်။ အဓိက ဒီဇယ် အင်ဂျင်ခေတ်စားနေချိန် ဖြစ်တဲ့အတွက် 2.4L 2L I4 diesel အင်ဂျင်တပ် Crown တွေ အများအပြား ရောင်းချခဲ့ရသလို့ အင်ဂျင်ပိုင်းမှားများစွာ အပြောင်းအလဲ ရှိခဲ့ပါတယ်။ T-VIS လို့ခေါ်တဲ့ intake စနစ်တွေ တပ်ဆင်ခဲ့သလို TEMS လို့ခေါ်တဲ့ Electronic suspension စနစ်တွေ အပြင် ETC transmission တွေပါပါဝင်လာတဲ့ မော်ဒယ် မို့လို့ တခေတ်တခါက မြန်မာပြည်မှာ အရမ်း ခက်ခက်ခဲခဲ ပြုပြင်ထိန်းသိမ်းခဲ့ရတာ ကြားဖူးပါတယ်။ Cassette player, CD player တို့ အတူတွဲပါဝင်လာသလို အခြားသော ဇိမ်ခံပစ္စည်းပေါင်းမျယးစွာ ဖြည့်စွက်ပါဝင်ပါသေးတယ်။
သာမာန် Crown မော်ဒယ်မှာ Super selected model ဂရိတ် ဟာ သင့်တေည်သလို high luxury series မှာတော့ Royal saloon ဟာ အမြင့်ဆုံး ဇိမ်ခံကား အမျိုးအစားအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

Eighth Generation S130(1987-1991)
ဒီမျိုးဆက်မှာတော့ ထူးခြားမှု အထွေအထူး မရှိလှပါဘူး။ 4.0L 1UZ-FE V8 အင်ဂျင် တပ် Royal Saloon G အမျိုးအစား ထပ်မံ ထွက်ပေါ်လာခဲ့ သလို 2.4L 2L-TE turbo diesel နဲ့လည်း ရနိုင်ပါသေးတယ်။ CD-ROM base navigation system ဟာ အထူးအဆန်း ဖြစ်ခဲ့သလို့ TRC လို့ ခေါ်တဲ့ traction control ကလည်း အံ့မခန်း စွမ်းဆောင်ရည် ကိုပေးပါတယ်။

Ninth Generation S140(1991-1995)
Crown Majesta ဆိုတဲ့ မျိုးကွဲ luxurious တစ်ခု ကွဲထွက်လာသလို ယနေ့အချိန်ထိ လူကြိုက်များလှတဲ့ 1JZ-GE, 2JZ-GE အင်ဂျင်တွေ စတင် အသက်ဝင်လာတဲ့ မျိုးဆက်ပါပဲ။ ရုပ်ထွက်ကတော့ လုံးရာကနေ လေးထောင့် , ဒါကနေ တစ်ခါ ပြန်လုံးလာတဲ့ မျိုးဆက်မှာ sedan ကိုသာ အဓိက ထား ထုတ်ပါတော့တယ်။ Standard , Deluxe , Super Deluxe , Super Saloon, Royal Saloon, Royal Saloon G နဲ့ Majesta ဆိုပြီး ကွဲပြားပေမယ့် Royal Saloon G နဲ့ Majesta မှာသာ 4.0L အင်ဂျင်တပ် အမျိုးအစားနဲ့ အတွင်းဂရိတ် အမြင့်ဆုံး ရနိုင်ပါတယ်။

Tenth Generation S150(1995-1999)
ဒီမျိုးဆက်မှာတော့ Royal Touring ဆိုတဲ့ 4WD မော်ဒယ်တိုးလာတာကလွဲလို့ အပြောင်းအလဲ အများကြီး မရှိပါဘူး။ Crown comfort လို့ ခေါ်တဲ့ တက္ကစီအများအပြားကိုတော့ တရုတ်, ဂျပန်, စင်ကာပူ, ဟောင်ကောင် နဲ့ အာရှ ဒေသ နေရာတော်တော်များများမှာ လုပ်ငန်းသုံးအဖြစ်ရောင်းချခဲ့ပါတယ်။

11th Generation S170(1999-2003)
အနည်းငယ် ကြွားထွက်လာတဲ့ ရုပ်ထွက်နဲ့ လက်ရှိ မြန်မာပြည်မှာ အတွေ့ရများတဲ့ Crown မော်ဒယ် ဖြစ်ပါတယ်။ ပုံစံ ကွဲ လေးမျိုး နဲ့ ပွဲထုတ်လာတဲ့ ဒီမော်ဒယ်မှာ Royal , Athlete , Majesta , Estate ဆိုပြီး ကွဲပြားပါတယ်။ ဒီအထဲက Royal Estate ကတော့ Wagon type ဖြစ်ပြီး ကျန် သုံးမျိုး ကတော့ luxury sedan တွေပါ ။ Majesta ကတော့ ရုပ်ထွက်တူပေမယ့် ပိုကြီး ပြီး ပိုရှည်သလို 3.0L အင်ဂျင်နဲ့သာ လာပါတယ်။ 2.0L 1G-FE ကိုတော့ Royal Saloon လို ဂရိတ်နိမ့်တွေမှာ သာ တပ်ဆင်ပေးပြီး ကြားဂရိတ်ဖြစ်တဲ့ Athlete V မှာတော့ 2.5 L 1JZ-FE အင်ဂျင်မှာ တာဘို ပါဝင်ပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ 2.5L နဲ့ 3.0L အင်ဂျင်တပ် မည့်သည့် ဂရိတ် မှာမဆို Mild Hybrid လို့ခေါ်တဲ့ HSD ( Hybrid synergy drive) စနစ်တပ်ဆင်နိုင်ပါတယ်။

12th Generation S180( 2003-2008)
1JZ/ 2JZ တို့လို ရုန်းအား အရမ်းကောင်းတဲ့ in-line 6 cylinder အင်ဂျင်တွေ ကို ဖယ်ထုတ်လိုက်ပြီး V6 အင်ဂျင်တွေသာ နေရာယူလာတဲ့ ဒီမျိုးဆက်မှာတော့ ထူးထူးခြားခြား ရုပ်ထွက်ပါပြောင်းလဲသွားပါတော့တယ်။ Full-Size luxury ကားလို့ ကြွေးကြော်ခဲ့ စဉ်ကတည်းက အပြောင်းအလဲညင်သာခဲ့တဲ့ ရုပ်ထွက်ဟာ ဒီမျိုးဆက် အရောက်မှာတော့ လုံးဝ ကွဲပြားထွက်လာခဲ့ပေမယ့် နာမည်ကတော့ မပြောင်းလဲခဲ့ပါဘူး။
Crown Majesta ကိုတော့ ထူးထူးခြားခြားခွဲထုတ် ခဲ့ပြီး 4.3L V8 အင်ဂျင်နဲ့ သာထုတ်ပေးခဲ့ပြီး 4WD ကိုတော့ optional အဖြစ်ထားခဲ့ပါတယ်။
Royal Saloon နဲ့ Athlete ဂရိတ်တွေမှာတော့ V6 အင်ဂျင် Hybrid စနစ်နဲ့ သုံးမျိုး ရွေးချယ်နိုင်ပါတယ်။
2.5L 4GR-FSE V6, 3.0L 3GR-FSE V6 နဲ့ 3.5L 2GR-FSE V6 အမျိုးအစား ၃ မျိုးမှာ G-book ဆိုတဲ့ Navigation system, push start, ကျွန်းကွက် အညို/အမည်း, Radar, Pre-collision system, High speed level control, e-CVT စသဖြင့် မြောက်များလှသော စနစ်တွေပါဝင်ပါတယ်။

13th Generation S200(2008-2012)
High end luxury အဖြစ်ပွဲခံလာတဲ့ Crown မှာတော့ ယခင် မျိုးဆက်ကနေ ဆက်ခံလာတဲ့ မျိုးရိုးအမည်အတိုင်း ပါပဲ။ Majesta မှာတော့ 4.3L အင်ဂျင်အစား 4.6L 1UR-FSE V8 ဖြစ်သွားပြီး , ကျန် Royal နဲ့ Athlete တွေမှာတော့ ယခင် အမျိုးအစားတွေ သာသုံးပါတယ်။ 3.5L အင်ဂျင်တပ် hybrid အမျိုအစား ကို မည်သည့် ဂရိတ်မှာမဆို ရနိုင်ပြီးတော့ 8 speed transmission နဲ့ တွဲသုံးပါတယ်။
ရနိုင်တဲ့ optional package တွေကတော့ NAVI/AI-AVS, 3D SNS, ANC noise control, PCS, GPS Navi, CCD camera , PDS pedestrian detection, DMS Driver Monitoring, Center airbag စသဖြင့် နောက်ဆုံးပေါ် ယာဉ်အကူ စနစ်တွေကို တပ်ဆင်ထားတဲ့ ယာဉ်တစ်စီးဖြစ်လာပါပြီ။

14th Generation (2012-present)
လက်ရှိ ထုတ်လုပ်နေတဲ့ နောက်ဆုံး အမျိုးအစား မှာတော့ ရုပ်ထွက်ထူးခြားစွာ ပြောင်းလဲခဲ့ ပြန်ပါပြီ။ Crown အနေနဲ့ အာရှမှာ သာရောင်းချ တော့သလို world wide မှာတော့ Lexus GS စီးရီးအနေနဲ့သာ ရောင်းချပါတော့တယ်။

ဒီလောက်ဆိုရင်တော့ Crown ရဲ့ မျိုးရိုးစဉ်ဆက် အကြောင်း လုံလောက်ပြီလို့ ထင်မိပါတယ်။

အမှားပါသွားခဲ့ရင် ခွင့်လွတ်ပေးပါ🙏


Credit:

06/04/2022

Toyota Wish ကို Name Plate ကြည့်ပြီး Grade ခွဲနည်း

အတွင်းအပြင်ပုံစံတွေ ပါဝင်ပစ္စည်းတွေ ကြည့်ပြီး ခွဲနည်းတွေကို တင်ပေးထားတဲ့ POST တွေ အများကြီးပါ။ ဒါကြောင့် အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ NAME PLATE လေးကြည့်ပြီး ခွဲနည်းပါ။

GRADE ကွာရင် စျေးကွာတဲ့အတွက် အပြင်ပန်းပုံတုပြီး ဖြတ်ညှပ်ဆက်လုပ်ထားတာတွေ မဝယ်မိစေဖိုအတွက်လဲ ရည်ရွယ်ပါတယ်။ အပြင်ပုံပန်းပုံတွေကို ဘယ်လိုပဲ တုပထားပါစေ NAME PLATE မှာရေးထားတဲ့ GRADE က အမှန်ပါပဲ။ TOYOTA ကို ကြိုက်ရတဲ့ အချက်တွေထဲမှာ အဲ့ဒါလည်း ပါတယ်။ NAME PLATE လေးမြင်ရရုံနဲ့ ကားရဲ့ GRADE ကို ခွဲလို့ရတယ်။

မြန်မာပြည်ရဲ့ ကားလောက ရှုပ်တယ် မရှုပ်တယ်ဘူးဆိုတာလည်း အားလုံးသိကြတဲ့အတိုင်းပါပဲ။ JAPAN က ကားထုတ်တဲ့လူတွေလာရင်တောင် ရူးခါပြီး ပြန်ပြေးရမဲ့လောကပါ။ Wish 2007 အထိ က စျေးကွက်ထဲမှာ အများဆုံးမလို့ 2007 အထိပဲ ခွဲနည်းတင်ပေးလိုက်တယ်ဗျ 2008 နဲ့ အထက်က စျေးကွက်ထဲမှာ နည်းပါသေးတယ်။ ကဲ…စလိုက်ကြရအောင်။

HPXGH ဆိုရင် G GRADE
HWXQH ဆိုရင် Z GRADE
HPPNK ဆိုရင် X GRADE
HPPNK – A ဆိုရင် X NEO { X LIMITED OR X NEO }
HPPNK – S ဆိုရင် XS GRADE (2006 အထက်ဆို XS မထုတ်တော့ပဲAEROSPORT ပြောင်းထုတ်တာပါ 2005 လမြင့်တချို့ မှာလဲတွေ့ရတတ်ပါတယ်)
X LIMITED နဲ့ X NEO က XPPNK – A ဆိုပြီးတူနေတယ် ဘယ်လိုခွဲမလဲဆိုရင်တော့ MODEL မှာ ကြည့်လိုက်ပါ။ DBA နဲ့စရင် X LIMITED CBA နဲ့ စရင် X NEOပါ။ ပြီးတော့ X LIMITED က AUTO/MANURAL DUAL MODE ပါပါတယ် X NEO က AUTO တစ်မျိုးတည်းပါ။ AEROSPORT မှာလဲ AUTO/MANUAL နှစ်မျိုးရပါတယ်။ X LIMITED ဆို DBA – ZNE 10 G, X NEO ဆို CBA – ZNE 10 G ပါ။

1800 CC မှာ CHASSIE NO ကို ကြည့်ပြီး 2 W/4 W ခွဲမယ်ဆိုရင် ZNE10 ဆို (2WD) ပါ ZNE14 ဆို (4WD) ပါ။ 2000 CC မှာ ဆိုရင် CHASSIE NO က G GRADE ဆိုရင် ANE 10 နဲ့စပါတယ် Z GRADE ဆိုရင် ANE 11 နဲ့စပါတယ်။

CHASSIC NO နဲ့ ကားရဲ့ MODEL ကို စစ်တဲ့ Website တွေ အများကြီးထဲက ကျွန်တော်ကတော့ အောက်မှာဖော်ပြထားတဲ့ နှစ်ခုကိုကြိုက်ပါတယ် စစ်ရတာလွယ်ကူသလို မိမိစစ်လိုက်တဲ့ ကားနဲ့ပါတ်သက်တဲ့ INFO ကို တော်တော်လေးးပြည့်ပြည့်စုံစုံ ဖော်ပြပါတယ်။

https://www.japan-partner.com/check-manufacture-year.php

http://www.toyodiy.com/parts/q?vin

COLOUR CODE မှန်မမှန် စစ်ချင်ရင်တော့ ဒီမှာစစ်ပါ >> http://members.iinet.com.au/~stepho/colour.htm

မူရင်းရေးသားမျှဝေသေါဆရာတို့အားလေးစားစွာဖြင့် credit ပေးပါတယ်

Photos from Aung ကားရောင်းဝယ်ရေး တာချီလိတ်'s post 16/07/2021

Good Luck Tea Shop ကဖေးနှင့်စားဖွယ်စုံမှပါဆယ်မှာယူနိုင်ပါပြီ။တာချီလိတ်မြို့တွင်းပို့ခ Free ပါရှင့်
နံနက်စာ
ကြာကွေ့
လက်ဖက်ရည်
မုန့်ဟင်းခါး
ပဲပြုတ်ထမင်းကြော်(ကြက်၊ဝက်၊ဆတ်သား၊ကြက်ဥကြော်)
ခေါက်ဆွဲ၊ဆီချက် မြီးရှည် (ကြက် ဝက်)
နေ့လည်စာ
အိမ်ကြက်ကြော်နဲ့ထမင်းသုတ်
မြန်မာထမင်းဟင်းစုံ
ကြက်/ဝက်သားဟင်း ငပိရည်အတို့အမြို့
ထိုင်း
ဖတ်ကဖောင်း/ဖတ်ထိုင်း/ဖတ်စအု/ပုဇွန်ထမင်းကြော်
ညစာ
အကင်မျိုးစုံ /ငါးကင်
တို့ကိုမှာယူနိုင်ပါပြီ။
Phone-095216373

Photos from Aung ကားရောင်းဝယ်ရေး တာချီလိတ်'s post 06/12/2020

Cherry Restaurant တွင် ဒံပေါက်/ထောပတ်ထမင်း/အုန်းထမင်းများကို အော်ဒါမှာယူနိုင်ပါပြီ။

Photos from Taunggyi FAN's post 03/11/2020
Photos from Aung ကားရောင်းဝယ်ရေး တာချီလိတ်'s post 15/10/2020

ကျိုင်းတုံခေါက်ဆွဲကင် ကောင်းကောင်းစားချင်သူများအတွက် မှာနိုင်ပြီနော်
09266699614

Photos from Aung ကားရောင်းဝယ်ရေး တာချီလိတ်'s post 13/10/2020

Cherry စားသောက်ဆိုင်မှ
ဖတ်ကဖောင်း ကြက်/ဝက်
ပုစွန်ထမင်းကြော်
ဖတ်စeiw
Pad Thai
တို့ကိုမှာယူနိုင်ပါပြီ။
တာချီလိတ်မြို့တွင်း ရုံးများ /အိမ်များ/ဘဏ်များတို့ကိုအခမဲ့ပို့ဆောင်ပေးပါသည်။
Phone 095216373

Photos from Traveller Chan's post 29/08/2020
Photos from ရှမ်းပြည်မြင်ကွင်းစုံ's post 24/05/2020
Photos from International Air Transport Association (IATA)'s post 20/05/2020
Photos from Travel by Naw Htike's post 10/05/2020
07/05/2020

[UPDATE]:

Travel Advisory & Travel Declaration Form
=============================

Here’s the latest COVID-19 Travel Advisory for domestic flights and Travel Declaration Form (as shown) for our guests, in line with the requirement of the local health authority guidelines.

We strongly suggest that our guests COMPLETE THE FORM BEFORE FLIGHT, FOLLOW CURFEW TIMINGS & QUARANTINE REQUIREMENTS and PRACTICE INDIVIDUAL TRAVEL ETIQUETTES AT ALL TIMES.

Guests can also check the latest travel advisory updates at: [https://www.airkbz.com/news/53]

We appreciate your kind understanding and cooperation with the airline staff, health workers and the authorities. Thank you!






ပြည်တွင်းခရီးသွားလာခြင်းအတွက် အကြုံပြုချက်နှင့် ခရီးသည်များဖြည့်စွက်ရမည့် ခရီးသွားရာဇဝင်ပုံစံ
=============================

COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များမှ နောက်ဆုံးထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန် လိုအပ်ချက်များနှင့်အညီ ပြည်တွင်းခရီးသွားလာခြင်းအတွက် အကြံပြုချက်များနှင့် ခရီးသည်များဖြည့်စွက်ရမည့် ဖော်ပြပါ ခရီးသွားရာဇဝင်ပုံစံကို အသိပေးအပ်ပါသည်။

ခရီးသည်များအနေဖြင့် လေယာဉ်မထွက်ခွာမီ ၎င်းဖောင်ပုံစံကို မဖြစ်မနေဖြည့်စွက်ရမည်ဖြစ်ပြီး မိမိသွားရောက်မည့်ဒေသ၏ သက်ဆိုင်ရာအာဏာပိုင်များမှ ချမှတ်ထားသည့် ညမထွက်ရအမိန့်များ၊ ကန့်သတ်နေထိုင်ခြင်းဆိုင်ရာညွှန်ကြားချက်များနှင့် ခရီးသွားလာနိုင်ရေးအတွက် လိုအပ်သည့်အချက်အလက်တစ်ခုခြင်းစီကို တိတိကျကျ လိုက်နာကျင့်သုံးကြပါရန် လေးနက်စွာတိုက်တွန်းအကြံပြုအပ်ပါသည်။

ခရီးသည်များသည် ယခု Link မှတဆင့်လည်း Website တွင်ဖော်ပြထားသည့် ပြည်တွင်းခရီးသွားလာခြင်းအတွက် နောက်ဆုံးထုတ်ပြန်ထားသော အကြံပြုချက်များကို အသေးစိတ် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ခရီးသည်များအနေဖြင့် ချမှတ်ထားသော ဆောင်ရန်ရှောင်ရန်လမ်းညွှန်ချက်များကို ကောင်းစွာနားလည်သဘောပေါက်၍ ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာအာဏာပိုင်များအပြင် မိမိတို့လေကြောင်းဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးမှုများအတွက် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။

Photos from Myanmar Tourism Update News's post 30/04/2020
24/04/2020

• ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲဲခွင့် ရပ်ဆိုင်းခြင်းကာလကိုထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ ကို မေလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးမြှင့် လိုက်ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေယာဉ်များ ပျံသန်းပြေးဆွဲခွင့်ရပ်ဆိုင်းခြင်းကာလကို ၂၀၂၀ ခုနှစ်၊ မေလ ၁၅ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံတိုးချဲ့ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ ဆုံးဖြတ်လိုက်ကြောင်း ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါသည်။

အသေးစိတ်သိရှိလိုပါက https://bit.ly/2xV1y9z တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ယခင်ထုတ်ပြန်ခဲ့သော ကြေငြာချက်များအား သိရှိလိုပါက အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၁. https://bit.ly/3bDs8m4 (၂၀၂၀ ခုနှစ် မတ်လ ၂၉ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)
၂. https://bit.ly/2VVQHUF (၂၀၂၀ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ ထုတ်ပြန်ကြေငြာချက်)

• Further Extension of Temporary Measures at Yangon International Airport

According to the notice from the Department of Civil Aviation, the restrictions for all airlines operating international air services to and from Yangon International Airport has further extended up to 15 May 2020 2359 Hours MST.

In order to continue to contain the spread of COVID-19 in Myanmar effectively, the National Central Committee for Prevention, Control, and Treatment of COVID-19 has decided to further extend the effective period of the Temporary Measures up to 15 May 2020 2359 Hours MST by the notification issued on 24 April 2020.

Travelers are advised to check with respective airlines or travel agents for travel plans.

For more details, please read at https://bit.ly/2xV1y9z.

For the earlier announcements, please refer the following links..

1. https://bit.ly/3bDs8m4 (Announcement on March 29, 2020)
2. https://bit.ly/2VVQHUF (Announcement on April 12, 2020)

Credit_Yangon Airport Page

09/04/2020

*Travel Advice Update*

Domestic Flight Information
**********************************
⭕️✈️Air KBZ လေကြောင်းလိုင်းသည်လက်ရှိပျံသန်းပြေးဆွဲနေသောပြည်တွင်းခရီးစဉ်များအား ၂၀၂၀ ဧပြီလ ၁၁ ရက်နေ့မှ ဧပြီလ ၁၈ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားပါမည်။

⭕️✈️Air Thanlwin လေကြောင်းလိုင်း၏ ပုံမှန်ပျံသန်းပြေးဆွဲလျှက်ရှိသော ခရီးစဥ◌်များအား ၂၀၂၀ ဧပြီလ ၁၀ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး၊ ၂၀၂၀ မေလ ၁ ရက်နေ့တွင်ခရီးစဥ◌်များကိုပုံမှန်ြန်လည်ပြေးဆွဲသွားပါမည်။

⭕️✈️Myanmar National Airlines ၏ ပုံမှန်ပျံသန်းပြေးဆွဲလျှက်ရှိသော ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များအား ၂၀၂၀ ခုနှစ် ဧပြီလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားပါမည်။

⭕️✈️ မန်းရတနာပုံလေကြောင်းလိုင်း ၏ ပုံမှန်ပျံသန်းပြေးဆွဲလျှက်ရှိသော ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များအား ၂၀၂၀ ဧပြီလ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး၊ ၂၀၂၀ ဧပြီလ ၂၀ ရက်နေ့တွင် ခရီးစဥ◌်များအားပြန်လည်ပြေးဆွဲသွားပါမည်။

⭕️✈️Golden Myanmar Airlines ၏ ပုံမှန်ပျံသန်းပြေးဆွဲလျှက်ရှိသော ပြည်တွင်းလေယာဉ်ခရီးစဉ်များအား ၂၀၂၀ ဧပြီလ (၁၂) ရက်နေ့မှ (၁၉) ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး၊ ဧပြီလ (၂၀) ရက်နေ့တွင် ပုံမှန်ခရီးစဉ်များကိုပြန်လည်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပါသည်။
crd.

စုံစမ်းရန်-
095216373
09266149223

06/04/2020

IMPORTANT ANNOUNCEMENT:
==========================

In view of the recently released restricted movement order guideline by Myanmar authorities to contain and control the ongoing COVID-19 situation, Air KBZ will suspend its operations for 08 days effective from 11 Apr to 18 Apr 2020.

This suspension is applicable for all of Air KBZ’s schedule flights. Air KBZ will offer the following options for passengers with travel dates during this period:

1. One time date change free
- To the earliest available flight before / on 10 Apr 2020 or the next available flight on / after 19 Apr 2020

2. Full refund

*For bookings made through Travel Agents including Online Travel Agents (OTA), date change and refund requests are to be made via the respective Travel Agents accordingly.

လက်ရှိဖြစ်ပွားနေသော COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ တရားဝင်ထုတ်ပြန်ကြေညာချက်အရ Air KBZ အနေဖြင့် လက်ရှိပျံသန်းပြေးဆွဲနေသော ပြည်တွင်းခရီးစဉ်များအား ၂၀၂၀ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှစ၍ ၂၀၂၀ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့အထိ ပျံသန်းပြေးဆွဲခြင်း ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

အဆိုပါ ကန့်သတ်ကာလအတွင်းခရီးစဉ်များအတွက် လက်မှတ်ဝယ်ယူထားသောခရီးသည်များအား အောက်ပါရွေးချယ်ခွင့်များ ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၁။ ဧပြီလ ၁၁ ရက်နေ့၏ အစောပိုင်းရက် (သို့မဟုတ်) ဧပြီလ ၁၈ ရက်နေ့၏ နောက်ပိုင်းရက်များသို့ ထိုင်ခုံနေရာရရှိမှုပေါ်မူတည်၍ အခမဲ့တစ်ကြိမ် ရက်အပြောင်းအလဲပြုလုပ်ပေးပါမည်။

၂။ ခရီးသည် လက်မှတ်ဝယ်ယူစဉ် လေကြောင်းလိုင်းမှ လက်ခံရရှိထားသော တန်ဖိုးငွေအတိုင်း ငွေအပြည့်ပြန်အမ်းပေးပါမည်။

*Online Travel Agents (OTA) အပါအဝင် Travel Agents (အရောင်းကိုယ်စားလှယ်များ) မှတဆင့် လက်မှတ်ဝယ်ယူထားသည့် ခရီးသည်များအနေဖြင့် ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ပြန်အမ်းငွေလျှောက်ထားခြင်းများကို သက်ဆိုင်ရာအရောင်းကိုယ်စားလှယ်များမှတဆင့် လျှောက်ထားနိုင်ပါသည်။

01/04/2020

COVID-19 ကာလအတွင်းတွင် မြန်မာအမျိုးသားလေကြောင်းမှ ပြည်ပခရီးစဉ်များအား အခြေအနေအရ ရပ်ဆိုင်းခဲ့ရပါသည်။ သို့ရာတွင် နိုင်ငံအတွင်း လူသုံးကုန်ပစ္စည်းများ မပြတ်လပ်စေရေးနှင့် တင်ပို့ရမည့်ကုန်စည်များ တင်ပို့နိုင်ရေးအတွက် Cargo စင်းလုံးငှား ခရီးစဉ်များကိုဆောင်ရွက်ပေးလျက်ရှိပါသည်။
Cargo စင်းလုံးငှား ခရီးစဉ်တွင် ကုန်စည်များသာတင်ပို့နိုင်မည်ဖြစ်ပြီး ခရီးသည်များ လိုက်ပါနိုင်မည်မဟုတ်ပါ။
ယခု ဧပြီလ ၃၊ ၈၊ ၁၁၊ ၂၂၊ ၂၅၊ ၂၉ ရက်နေ့များတွင် ရန်ကုန် - ဘန်ကောက် - ရန်ကုန် Cargo စင်းလုံးငှား ခရီးစဉ်များအား ပြေးဆွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။
DEPT ARR
UB-017 RGN 17:25 BKK 19:20
UB-018 BKK 21:20 RGN 22:15

အထက်ပါခရီးစဉ်များအတွက်ဆက်သွယ်ရန်။ ။

ရန်ကုန်မြို့ (Yangon Contact)
U Aung Myint
Head of Sales (Logi)
095101591
[email protected]

ဘန်ကောက်မြို့ (Bangkok Contact)
Appian Logistics (Thailand) Co., Ltd.
72 Soi Romklao 58, Romklao Rd.,Klongsamprawet,
Ladkrabang, Bangkok 10520. Thailand
Contact Person : Palakorn (Joe)
Cell Phone : 66 81 836 2456
Tel : 66 2 369 6065
Fax : 66 2 369 6061
[email protected],
[email protected]

Asia Region တွင် Cargo Charter ငှားရမ်းလိုပါက သက်သာသော နှုန်းထားများဖြင့် စီစဉ်ပေးသွားမည်ဖြစ်ပါသည်။
ဆက်သွယ်ရန် -
Email: [email protected]
Phone: +951 378603 – 04 – 06 – 07 – 08 | +951 377840 – 41 – 42

31/03/2020
29/03/2020

မြန်မာနိုင်ငံသို့ ခရီးသည်တင် လေယာဉ်
(International Flight ) ဆင်းသက်ခွင့် ယာယီပိတ်



မတ်လ ၃၀ ရက် မြန်မာစံတော်ချိန် 23 59 မှစ၍ ဧပြီ
၁၃ ရက် အထိ မြန်မာနိုင်ငံသို့ ခရီးသည်တင်
လေယာဉ်(International Flight) ဆင်းသက်ခွင့်ကို
ယာယီပိတ်လိုက်ကြောင်း သက်ဆိုင်ရာမှ ထုတ်ပြန်
ကြေညာထားသည်။

28/03/2020

*Travel Advice Update*

ဝေဘာဂီ ဆေးရုံကြီး အလုပ်ရှုပ်သက်သာ စေရန် ဒီ post ကို ရေးပါတယ်။ တရက်တရက် နိုင်ငံခြား မသွားမဖြစ်သွားရမယ့်သူတွေက ဝေဘာဂီ ဆေးရုံကြီး မှာ COVID-19 ရောဂါ ကင်းရှင်းကြောင်း ထောက်ခံစာ လာယူနေကြပါတယ်။ တောင်းတဲ့သူကလဲတောင်း၊ travel agent တွေကလဲ COVID ဆိုတာနဲ့ ကြားဖူးနားဝ ဝေဘာဂီ ကို သွားတောင်းလို့ အလွယ်ပြော လိုက်တော့ ရောက်လာကြတာပေါ့။ အစိုးရ/ဝန်ကြီးဌာန ဘက်ကလဲ ဒီကိစ္စ ဘယ်လိုလုပ်ရမယ် ဆိုတာကို public ကို တရားဝင်ချပြတာ မရှိသေးဘူးထင်ပါတယ်။ ကိုယ့်ဆီကို သိလောက်မယ်ထင်ပြီး သူငယ်ချင်းမိတ်ဆွေ ဆရာသမားတွေဆီက ဖုန်းcall ၃ ခါ လောက် ရအပြီးမှာ ဝေဘာဂီနဲ့ NHL ကို စုံစမ်းပြီး သိသလောက် ရေးတင်လိုက်ပါတယ်။

၁) ဝေဘာဂီက ပြောတာကတော့ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန တွေမှာ တောင်းယူဖို့ တိုင်းကျန်းမာနဲ့ ညှိနှိုင်းထားတယ်ပြောပါတယ်။ အပေါ်ကပြောတာပါ။ (အောက်က ဘယ်လောက် အဆင်သင့်ဖြစ်ပြီလဲ ၊ တကယ်ပေးနိုင်လား၊ စာရွက်ပဲလား၊ ဆေးစစ်ဖို့ NHL နဲ့ ချိတ်ပေးမှာလား အစရှိတာတွေ မသိရသေးပါ)

၂) NHL ကိုမေးကြည့်ရာမှာတော့ (ခရီးသွားဖို့ကိစ္စ သီးသန့် အတွက်) rapid Antigen test နဲ့ စစ်ပေးပါမယ်။ ရုံးဖွင့်ရက် မနက် ၁၀ နာရီမှ ၁၂ နာရီ အတွင်း
-ကိုယ်သွားမယ့်နိုင်ငံ သံရုံးက COVID ကင်းရှင်းကြောင်း လိုပါတယ်ဆိုတဲ့document
-လေယာဥ် လက်မှတ်
- passport မိတ္တူ ဖြင့် လာရောက် စစ်ဆေးနိုင်ပါတယ် လို့ သိရပါတယ်။ Chargeable ပါ၊ ကျပ်တသိန်းခွဲ ကျသင့်မယ် လို့ သိရပါတယ်။
Credit. Sayar KyawswarLin

27/03/2020

ဖုန်းဖြစ်ဆက်သွယ် (သို့ )မက်ဆေ့ပို့၍ဖြစ်စေ လက်မှတ်များဖြတ်ယူနိင်ပါပြီ။
E Ticket များကို ဖုန်းများ မက်ဆေ့များမှတဆင့်ပို့ပေးပါမည်။
လူကိုယ်တိုင်လာရန်မလိုပါ။
ငွေပေးချေရန် KBZ Pay,CB Pay,Wave Money တို့မှတဆင့်ပေးချေနိုင်ပါသည်။
ဖုန်း -09266149223
095216373
“Wash your hands
Be safe “

Telephone

Website

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00