Solo Myanmar Traveller

Solo Myanmar Traveller

Who Like Solo Traveling
You can Follow solo Myanamr Traveller

Photos from Solo Myanmar Traveller's post 04/07/2023

🇱🇦ဆူဆူညံညံမကြိုက်တဲ့သူမို့
ဒီမြို့လေးကတော့ တကယ့် Heaven အစစ်လေးပါ

🌍ဒီမြို့မှာ ဥရောပက နဲ့ အာရှက Backpacker Solo ခရီးသွားတွေလာလည်ကြတာ
ပိုများကြတယ်။

ပုံတွေ စာတွေ မတင်ဖြစ်တာကြာပြီမ်ို့
Sorry ပါနော်
အချိန်ရတာနဲ့ အားလုံးနဲ့ Keep in Touch ဖြစ်အောင်
ပြန်တင်ပါမယ်✍️

Photos from Solo Myanmar Traveller's post 02/02/2023

🌅ရန်ကုန်မြို့ရဲ့နေဝင်ချိန်အလှကိုကြည့်မလား
ရေကူးမလား
၂ဦးစာ မနက်စာအပါမှ တစ်ည - ၅၅၀၀၀ကျပ်ပါ

🏙️ဟိုတယ်က ဗဟိုလမ်း အာရှတော်ဝင်ဆေးရုံ
အနီးစမ်းချောင်းမြို့နယ်မှာ

❤️ဒီဟိုတယ်ကို အကြိုက်ဆုံးက Location ရယ်
ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်က Rooftop Bar နဲ့
ရေကူးကန်လေးရယ်ပါ။

🏙️တစ်ည ၅၅၀၀၀ကျပ်နဲ့ Roof Top Bar နဲ့ ရေကူးကန်အပါ ဒီစျေးနဲ့ရတဲ့
ဟိုတယ်လေးတွေက လက်ချိုးရေလို့တော့ရတယ်။

🏙️ဒီဟိုတယ်ရဲ့ အားသာချက်က Roof Top Bar ကကျယ်တယ် ရွေတိဂုံဘုရားကိုလည်းဖူးမျှော်နိုင်သလို
ကိုးထပ်ကြီးဘုရားနဲ့ ရန်ကုန်မြစ်ရဲ့ နေဝင်ချိန်ကိကြည့်ရတာနဲ့ ကို စိတ်ကျေနပ်စရာကောင်းပါတယ်။

🏊‍♂️Swimming Pool ကတော့ Hotel Guest Onlyပါ။

🏊🏻RoofTop Bar ကတော့ Hotel မှာမတည်းလို့
အပြင်ဧည့်သည်တွေ လာရောက်န်ိုင်တယ်
ည၁၁ထိလောက်ဖွင့်တယ်။

🧳နယ်ကလာမဲ့ ခရီးသွားများ ရန်ကုန်မှာ တည်းခိုဖို့
နေရာ ရှာနေရင် တော့ စမ်းချောင်းမြို့နယ်က
Hotel Sanchaung ကို Fully Recommend ပါ။

☕️ဟိုတယ်မနက်စာလေးလည်းကောင်းတယ်။
အခန်းလည်း သန့်ရှင်းသပ်ရပ်ပြီးကျယ်တယ်။
မိသားစုအခန်းလေးတွေလည်းရှိတယ်။

✔️Hotel က Sponsor လည်းမပေးထားပါဘူး
ကိုယ်တိုင် ဒီ Rooftop ကို အမြဲလာဖြစ်သလ်ို
ကိုယ်အစီစဉ်နဲကိုယ်တည်းရင်း ကြိုက်နှစ်သက်တာမို့
အားလုံးတွက် ပြန် Sharing လုပ်ပေးတာပါ။

✍️Solo Myanmar Traveller🎒

27/01/2023

❤️Bali is Calling 🎒✈️

Photos from Solo Myanmar Traveller's post 26/01/2023

❤️နေကောင်းကြလား အသဲတို့ရေ
Solo ကတော့ ဘန်ကောက် ၅ည/အိပ် ၆ရက် Free & Easy Trip လေး နဲ့ လည်ပတ်ခဲ့တာ အားလုံးအဆင်ပြေခဲ့တယ်။

✈️ဧပြီလကျရင်တော့ တစ်ခေါက်ထပ်သွားဖို့ရှိတယ်။

🙏Post မတင်တာလည်း အတော်ကြာပြီ။

❤️အားလုံးကို Solo က မမေ့ပါဘူးဗျ

🎒Solo Myanmar Traveller✈️

11/09/2022

သားကြီးရေ သွားကြမယ်🍺🍺🍺🤩🤩🤩

New Sky Bar in Sanchaung❤️

Photos from Solo Myanmar Traveller's post 14/08/2022

Sorry for late posting Travel Blog Here🙏
Page မှာ Blog တွေတင်ဖို့ ပျက်ကွက်နေ့လို့တောင်းပန်ပါတယ်🙏

Solo Myanmar Traveller in Koh Samui,Thailand.

Photos from Solo Myanmar Traveller's post 03/07/2022

Solo Myanmar Traveller Page ကို
Follower ထားတဲ့ ခရီးသွားထဲက
တင်တဲ့Post လေးတွေကို Like ပေးထားတဲ့
၂ဦးပဲရှိတာ ၂ဦးလုံးအတွက် မေတ္တာလက်ဆောင် အမှတ်တရလေး လုပ်ချင်လို့
မနေ့က Page မှာတင်ထားတာ

ဒီနေ့ ၂ဦးလုံးကို ဖုန်းဘီ၁၀၀၀၀ကျပ်ဆီ
ဖြည့်ပေးပြီးပါပြီ။

Congratulation Pyae Phyo & Aung San U

Photos from Solo Myanmar Traveller's post 02/07/2022

Post ကို Like ပေးထားတဲ့ ၂ယောက်အတွက်
အမှတ်တရအနေနဲ့ Phone Bill ၁၀၀၀၀ကျပ်စီ
ဖြည့်ပေးဖို့ Ko Pyae Phyo & Ko Aung San U
CB မှာ Top Up ဖြည့်ချင်တဲ့ဖုန်းနံပတ်လေးပို့ထားပေးပါ။

နောက်ပိုင်းလည်း Page ရဲ့ Follower များအတွက်
Surprise Gift လေးတွေ လာပါအုံးမယ်။

ခရီးထွက်လို့ရတဲ့ Supriseလေးတွေလေး လာပါမယ်။

Solo Myanmar Traveller

02/07/2022

🧳ဒူဘိုင်းကို လည်ပတ်လို့ ကောင်းတဲ့ အချိန်ကတော့
နိုဝင်ဘာလကနေ ဖေဖော်ဝါရီလပါ။

✔️ဗီဇာလျှောက်ရတာ မလေးရှားလောက်တောင်
အလုပ်မရူပ်တာမို့ ၄ညအိပ်/၅ရက် ခရီးလောက်
လည်ပတ်မယ်ဆို နေရာအနှံရောက်ပါတယ်။

🎒Solo Myanmar Traveller လည်း ဒူဘိုင်းကို
၂၀၁၉ ကိုဗစ်မတိုင်မီက ၅ညအိပ်/၆ရက်
ဘန်ကောက်ကနေ တစ်ဆင့်
Million Holiday ရဲ့ Free & Easy Package နဲ့
လည်ပတ်ခဲ့တာ အားလုံးအဆင်ပြေပါတယ်။

✈️၂၀၂၂ကိုဗစ်ငြိမ်ရင်တော့ဒူဘိုင်းကို
နောက်တစ်ခေါက်ထပ်မံလည်ပတ်ဖို့ ကြိုးစားပါအုံးမယ်။

Solo Myanmar Traveller🎒

🧳Travel with Million Holiday ✈️

Photos from Solo Myanmar Traveller's post 25/06/2022

Solo Myanmar Traveller Page လေးကို Follow ထားတဲ့ လူငယ်ခရီးသွား ဝါသနာရှင်များအားလုံး
မင်္ဂလာပါခင်ဗျာ။

အရင်က ကိုဗစ်ကြောင့် ပြည်တွင်းရော
ပြည်ပ ခရီးတွေ မထွက်ဖြစ်လို့
ခရီးသွား Post တွေ မတင်ဖြစ်ခဲ့လို့
Page ကို Folllow ထားတဲ့ ခရီးသွားများကို
အားနာပါတယ်။

အခုတော့ ကိုဗစ်လည်း နည်းနည်းငြိမ်နေတာမို့
ခရီးသွားနဲ့ ပတ်သတ်တာလေးတွေ အချိန်ရတာနဲ့
Up to Date တင်ပေးသွားပါမယ်။

ဒီတစ်ပတ်တော့ ငွေဆောင်မှာ ပထမဆုံးအကြိမ်ဖွင့်လှစ်တဲ့ Surfing Class ခရီးသွားပုံလေးတွေ မျှဝေရင်း Solo Myanmar Traveller Page က ခရီးသွား
ဝါသနာရှင်များကို နုတ်ခွန်းဆက်သပါတယ်။

Solo Myanmar Traveller🎒

Photos from Solo Myanmar Traveller's post 28/08/2021

ဗီယက်နမ် ဟနွိုင်းမြို့ကနေ ဆာပါမြို့
အသွားကိုကားအကြာကြီးစီးရတော့
ပျင်းတာနဲ့ ကားပေါ်မှာ ဘိုဖြူရဲ့ လမ်းခေးမြို့အဝင် နဲ့ ဆုန်သင်းပါရဲ့ချယ်ရီမြို့
သီချင်းလေးကားပေါ်မှာ ဖွင့်ပြီး ခရီးသွားခဲ့
ရတာအမှတ်တရပါပဲ။

ဆာပါတောင်ပေါ်မြို့ကိုသွားတဲ့လမ်းဘေးဝဲယာကစိမ်းစိမ်းစိုစို ယာခင်းတွေ မြစ်ချောင်းတွေ ရေတံခွန်နဲ့
တောင်တန်းမြင့်မြင့်တွေဖြတ်ရတော့

မြန်မာပြည်က ရှမ်းတောင်တန်းတွေနဲ့
တောင်ဇလပ်ပန်းတွေ
ပွင့်တဲ့ ချင်းတောင်တန်း နဲ့ ရှမ်းပြည်တောင်ပိုင်းက တောင်ပေါ်မြို့လေးကိုလည်းလွမ်းရပါတယ်။

ဗီယက်နမ်နိုင်ငံ ဆာပါမြို့ကို ၂၀၁၉မှာလေ့လာရေးခရီးသွားခဲ့တုန်းက
ဆာပါရောက်အမှတ်တရ

Photos from Solo Myanmar Traveller's post 27/08/2021

🇻🇳ဗီယက်နမ်နိုင်ငံ ဆာပါတောင်ပေါ်ခရီးသွား
မြို့လေးကို ပထမဆုံးအကြိမ့်လေ့လာရေးခရီး
သွားခဲ့စဉ်ကပါ 🎒

🌸🌺တောင်ပေါ်မြို့သေးသေးလေးပေမဲ့
မြို့လယ်ခေါင်မှာ ဖွင့်လှစ်ထားတဲ့ ကြယ်ငါးပွင့်ဟိုတယ်ရဲ့ ခမ်းနားလှပမူကတော့အံမခန်းပါ။

ဟိုတယ်ရဲ့နောက်မှာတောင်တန်း
တွေပတ်လည်ဝိုင်းနေပြီး
ဟိုတယိရဲ့ ရှေ့မှာ မြိုလယ်ခေါင်ရဲ့ အလှအပတွေပါမြင့်ရတဲ့ အချက်အခြာကျတဲ့ နေရာမှာတည်ဆောက်ထားတဲ့ ဟိုတယ်ဖြစ်ပါတယ်။

🙏အားလုံးကိုယ်ရောစိတ်ပါကျန်းမာ၍
လိုရာဆန္ဒများအားလုံးအမြန်ဆုံးပြည့်စုံပါစေ။

Solo Myanmar Traveller🎒

15/08/2021

ရှိခိုးဦးချကန့်တော့ပါသည်🙏🙏🙏

Solo Myanmar Traveller🎒

Photos from Solo Myanmar Traveller's post 27/01/2021

💙 #ဒီအချိန်ကိုဗစ်စစ်ပြီးလည်လို့အကောင်းဆုံးကငပလီပဲ

ကိုဗစ်စစ်လို့ စိတ်ရှင်းပြီးသားဖြစ်သလို့
ကမ်းခြေမို့အေးဆေးအနားယူလို့လည်းကောင်းတယ်။

ကိုဗစ်စစ်ခကလည်း လေယာဉ်နဲ့ခရီးသွားသူဆို၁၅၀၀၀ကျပ်ဆိုတော့မဆိုးဘူး။

ငပလီကပြန်လာရင်ကိုဗစ်စစ်ဖို့ဟိုတယ်တွေက
ကြို/ပို့ လုပ်ပေးတာဆိုတော့အဆင်ပြေတယ်။

ငပလီသွားတစ်ပတ်လောက်နေရင်ရှယ်ပဲ😍🌅⛱

Photos from Solo Myanmar Traveller's post 17/01/2021

လမ်းတွေလည်းမဖွင့်သေးဘူး
ရန်ကုန်မှာပဲ အေးဆေးအနားယူမယ်ဆို
ဒီဟိုတယ်လေးကမဆိုးဘူး

၂ယောက်ခန်း မနက်စာဘူဖေးပါ
အခန်းတစ်ညကို ၆၀၀၀၀ကျပ်နဲ့ စျေးချပေးထားတာ သွားရေးလာရေးလည်းအဆင်ပြေတယ်။

ဗဟန်းမြို့နယ် ရွေတောင်ကြားလမ်းမှာပဲ
နာမည်က Prestige Residence ။
ရေကူးကန်လည်းပါလ်ို့ ဟိုတယ်မှာရေကူးအနားယူရင်း ဘီယာ ဝိုင်လေးသောက် အနားယူရုံပဲ။

ရန်ကုန်နဲ့အဝေးကြီးတောထဲမှာ ရွက်ဖျင်တဲနဲ့
နေရတာစာရင် ဒီစျေးနဲ့ ဒီဟိုတယ်က
အားလုံးလက်လှမ်းမှီအဆင်ပြေနိုင်တာမို့
Solo myanamr traveller ရဲ့
ခရီးသွားဝါသနာရှင်များအတွက်
Sharing လုပ်ပေးလိုက်ပါတယ်ဗျာ

Photos from Solo Myanmar Traveller's post 17/01/2021

မနေ့ညကပြင့်သစ်နိုင်ငံကမြို့လေးနှင်းတွေကျ

It is snowing heavier and heavier ❄️❄️

Photo - Malik Plivard

Photos from Solo Myanmar Traveller's post 13/01/2021

Happy Kayin New Year💙
ကရင်နှစ်သစ်ကူးနေ့မှာကရင်ပြည်သူများအားလုံး ကျန်းမာပျော်ရွင်ကျပါစေ။

ကရင်ပြည်ကိုအလည်၃ခေါက်ရောက်ခဲ့ဖူးပါတယ်။

ဘားအံမြို့လေးဟာလည်း ကျွန်တော်ကြိုက်နှစ်သက်တဲ့ မြို့လေးပါ။
ပြည်တွင်း ပြည်ပ ခရိးသွားတွေကိုလည်း
ဇွဲကပင်တောင်ရှိရာ ကရင်ပြည်နယ်ကို
လည်ပတ်ဖို့လည်း အမြဲဖိတ်ခေါ်ဖြစ်ပါတယ်။

ကရင်သူငယ်ချင်းမိတ်ဆွေတွေလည်းရှိလို့
နှစ်သစ်ကူးနေ့မှာ ချစ်သောကရင်လူမျိုးများ
အတွက် ဆုမွန်ကောင်းတောင်းပေးရလို့
ပျော်ပါတယ်။

Solo Myanmar Traveller🎒

Photos from Solo Myanmar Traveller's post 02/01/2021

တိုးရွာလေးကိုမနက်ဖြန်ပြန်ပိတ်မယ်လို့
သတင်းကြားနေရလို့ပါနော်

ဖွင့်တယ်ထင်ပြီးလမ်းကျမှလှည့်ပြန်လာနေရမှာမို့ပါ။

ကျွန်တော်က နှစ်မကုန်ခင်က လည်ပတ်ခဲ့တာမို့
၂၀၂၁ ဇန်နဝါရီမှာ ပေးဝင်မယ် မဝင်ဘူး
မသေချာလို့ပါ။

ဝါသနာတူခရီးသွားလူငယ်များ ကိုယ်အစီစဥ်နဲ့ကိုယ်သွားရင်းလမ်းကနေလှည့်ပြန်လာရမှာစိတ်ပူလို့ပါဗျ🤝🤝

🎒ကျွန်တော်ချစ်သောတိုးရွာ💙

Photos from Solo Myanmar Traveller's post 02/01/2021

#သဘာဝနဲ့တွေ့ဆုံခြင်း🎒
ရန်ကုန်ကနေနေ့ချင်းပြန်လည်ပတ်ခဲ့တဲ့ရွာလေး

#ရွာနာမည်ကတိုးရွာတဲ့💙
ရန်ကုန်တိုင်းကွမ်းခြမ်းကုန်းမြို့နယ်ဆပ်အိမ်တန်းတစ်ဖက်ကမ်းကရွာလေး။

🚐ရန်ကုန်ကမနက် ၄နာရီခွဲလောက်ထွက်ခဲ့တာဆိုတော့ လိူင်သာယာ တွံတေးမြို့လေးတွေဖြတ်တဲ့အချိန်တော့ နည်းနည်းမှောင်သေးပေမဲ့
ကော့မူးမြို့ရောက်တဲ့အချိန်တော့နည်းနည်းလင်းလာပြီ။

🛻ကားတံခါးဖွင့်မောင်းပေးတာဆိုတော့
လယ်ကွင်းတွေက ဖြတ်တိုက်လာတဲ့
ဆောင်းလေအေးတွေကစိတ်ကို
အေးမြလန်းဆန်းစေတယ်။

🌴လက်ခုတ်ကုန်းရောက်ခါနီး လမ်းဘေးမြင်ကွင်းလေးတွေကလည်း မနက်ခင်းနေရောင်ခြည်လေးနဲ့ လယ်ကွင်းတွေ ကောက်ရိုးပုံတွေ
အုန်းပင်တန်းလေးတွေနဲ့ ဒီဒေသကို
အခုမှ ရောက်ဖူးတဲ့ ကျွန်တော့်အတွက်တော့
မြင်သမျှအရာတွေက အသစ်တွေကြည်းပါပဲ။

🏭ရန်ကုန်မှာနေတာကြာတာ ဒီဖက်တွေကို
တစ်ခါမှ မရောက်ဖူးခဲ့ဘူး။
လည်ပတ်စရာနေရာသိပ်မရှိပေမဲ့ အိမ်ထဲမှာနေရတာကြာလာတော့ ကိုယ်မရောက်ဖူးခဲ့တဲ့
ဒီတိုးရွာလေးကို ကြယ်နန်းတော်ခရီးသွားနဲ့အတူ လည်ပတ်ဖြစ်ခဲ့တယ်။

🛖ဒီတိုးရွာကိုလာလည်ဖြစ်မှပဲ
တွံတေးမြို့ ကော့မူးမြို့ လက်ခုတ်ကုန်း
ဆယ်အိမ်တန်းရွာတွေကို ရောက်ဖြစ်တော့တယ်။

🛣ရွာပေမဲ့ကားလမ်းတွေလည်း သိပ်မဆိုးလို့
သွားရေးလာရေးလည်းမဆိုးဘူး။

⚓️ကျွန်တော်က တိုးရွာလေးကို ကားနဲ့ တိုက်ရိုက်သွားတာမျိုးမဟုတ်ပဲ ချောင်းဝကျေးရွာမှာ
ကားကိုထားခဲ့ပြီး ချောင်းဝကျေးရွာကနေ
တိုးရွာကို ဇက်လှေနဲ့ ၁၅မိနစ်လောက်ထပ်စီးပြီးမှ ရွာကိုရောက်တာဆိုတော့ လှေ သင်္ဘောကြိုက်တဲ့ ကျွန်တော်အတွက်တော့
အတွေ့အကြုံအသစ်မို့ ကြိုက်တယ်။
တူးမြောင်းထဲကနေ ဇက်လှေကိုမောင်းပြီး
ပင်လယ်ဝထဲကိုဖြတ်မောင်းတာမို့
ဇက်လှေစီးရင်း လေကောင်းလေသန့်လေး
ရူရိုက်လို့ကောင်းတယ်။🌾🌾🌾

🌴တိုးရွာလေးကတော့ တကယ်ရွာစစ်စစ်လေး
ရွာအငွေ့အသက်လည်းရတယ်။
ရွာလယ်လမ်းလျှောက်ချိန်ဆို ငယ်ဘဝကိုတောင်သတိယမိသေးတယ်။
ကိုယ်တွေလည်းနယ်မှာပဲ ကြီးပြင်းကျောင်းတက်လာသူမို့ ဒီရွာလေးရောက်တော့ မွန်းကြပ်နေတဲ့စိတ်တွေနဲ့ ကိုဗစ်၁၉တောင် ခနမေ့သွားတယ်။

👨‍🌾👥ဒီနယ်ဖက်မှာနေတဲ့သူ သွားလာနေကျသူတွေအတွက် အထူးအဆန်းမဟုတ်ပေမဲ့
ဒီနယ်ဖက်ကိုအခုမှရောက်ဖူးတဲ့ကျွန်တော်အတွက် ရွာကလူတွေရဲ့ မျက်နှာတွေကြည့်ရတာကိုစိတ်ချမ်းသာနေမိတယ်။

🐟🐟ရွာရောက်တော့ ရွာခံရဲ့အိမ်မှာ ငါးသလောက်အိုးမှောက်လေးနဲ့ ရေနွေးကြမ်းလေးသောက် ခနနားပြီး ခရုအဖြူလေးတွေရှိတဲ့
ပင်လယ်ဖက်ကို ဆိုင်ကယ်နဲ့ ပတ်ကြည့်ပြီး
ပင်လယ်ကမ်းဖက်မှာ အနားယူရင်း
အမှတ်တရပုံလေးတွေရိုက်ဖြစ်ခဲ့တယ်။

🍚အပြန်တိုးရွာလေးထဲကိုပတ်ကြည့်ရင်း
နေ့လည်စာကိုရွာခံရဲ့အညာထမင်းဟင်းလေးတွေနဲ့ချက်ပြုတ်ကျွေးတာမို့
နယ်ကို၅နှစ်လောက်မပြန်ဖြစ်တဲ့ကျွန်တော်အတွက် ရွာအလွမ်းပြေလေးမို့
အလည်အပတ်ခရီးထွက်တာမျိုးမဟုတ်ပဲ
ကိုယ်ရွာကို အလည်ပြန်လာရသလိုပါပဲ။

❇️နေ့လည်စာစားပြီး ခနအနားယူ စကားလက်ဆုံကျပြီး ဇက်လှေဆိပ်ကနေ ကားရှိရာတစ်ဖက်ကမ်းကို စက်လှေစီးပြီးပြန်ခဲ့ကျတယ်။

နောက်ပိုင်း ဘုရားတွေဖွင့်ရင်တော့ တွံတေး နဲ့ကော့မူးမြို့က ဘုရားတွေဝင်ဖူးမြော်လို့ရတယ်။အခုတော့ဘုရားတွေပိတ်ထားဆဲပါ။

❇️ဒီနေ့ချင်းပြန်ခရီးစဥ်လေးလည်ပတ်ချင်တယ်ဆိုရင်
#ကြယ်နန်းတော်ခရီးသွား
ကိုတိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းကြည့်ပါနော်
သီးသန့် နေ့ချင်းပြန်ခရီးစဥ်လေးတွေ
စီစဥ်ပေးတယ်။
ဂိုက် ကားခ ဇက်လှေကူးခ နေ့လည်စာ မနက်စာ
အားလုံးအပြီးစီစဥ်ပေးတယ်။
လူဦးရေပေါ်မူတည်ပြီး စလွန်းကား
အန်စာတုံးကားလေးတွေနဲ့ ထွက်တယ်။
သီးသန့်ထွက်ပေးတာမို့ ကိုယ်ကြိုက်တဲ့ရက်
ရွေးပေါ့။
Kyal Nan Taw Travel
Phone - 09425339594
Viber - 09425339594

Ko Soe Lin✍
Solo Myanmar Traveller🎒

ခရီးသွားဝါသနာပါသူအချင်းချင်း
Post ကိုshareနိုင်ပါတယ်။
ခွင့်ပြုချက်မယူပဲဓတ်ပုံများကို
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမျိုးမပြုလုပ်ပါရန်မေတ္တာရပ်ခံပါတယ်။🤝🤝

Photos from Solo Myanmar Traveller's post 28/12/2020

ရန်ကုန်တိုင်းကျော်ပြီးခရီးထွက်မရတော့

မြို့နယ်ကျော်ပြီး လမ်းလျှောက်ထွက်တယ်😁

လမ်းလျှောက်ထွက်နေကျ အင်းလျားကန်နဲ့
အင်းလျားပန်းခြံလည်းပိတ်ထားလို့🌸

လိူင်မြို့နယ်က အမခြံကိုအလည်သွားရင်းလမ်းလျှောက်ထွက်ဓတ်ဖမ်းခဲ့တယ်။📷

🎒ဘယ်မှခရီးထွက်မရသေးမဲ့အတူတူ
ရောက်တဲ့နေရာ ဓတ်ပုံရိုက်မှတ်တမ်းတင်ရတာကိုဝါသနာလိုဖြစ်နေပါပြီ😁

နောက်လကျရင်တော့ ခရီးစဥ်အသစ်တွေ
တင်ပေးပါမယ်နော်🎒🇲🇲

Myanmar Traveller🎒🇲🇲🌍

Photos from Solo Myanmar Traveller's post 22/12/2020

We wish you a merry Christmas🎄🎄🎄

✍Solo Myanmar Traveller🎒💙

Photos from Solo Myanmar Traveller's post 21/12/2020

#ယနေ့စတင်ပိတ်လိုက်တဲ့ပြည်လမ်းအင်းယား

အင်းလျားကန်ဘောင်နဲ့ ပန်းခြံအပါ
ဒီဇင်ဘာ၂၁ကနေ ဒီဇင်ဘာ ၃၁ နယူးရီးယားနေ့အထိပိတ်ထားလိုက်ပါပြီ။

Photo📷Solo Myanmar Traveller
21.Dec.2020

Photos from Solo Myanmar Traveller's post 18/12/2020

#ရန်ကုန်တိုင်းထဲမှာရှိသမျှTentတွေ
အကုန်ပြည့်ဆိုတော့soloတို့ဘယ်သွားရမလဲ😎

🛳သင်္ဘောစီးပြီး ဒလကို ဘီယာသွားသောက်
စက်လှေစင်းလုံးငှားပြန်လာတာပဲ
ကောင်းမယ်ထင်တယ်နော်🍻😁

ကဲသွားကျစို့⛴🚤🍻

✍solo myanmar traveller🎒

Photos from Solo Myanmar Traveller's post 17/12/2020

ွက်ဖျင်တဲ့⛺️⛺️⛺️
စွန့်စားခရီးသွားရင် တောထဲမှာဖြစ်သလိုနေ ဖြစ်သလိုအိပ် ဖြစ်သလိုစားရင်း မီးမရှိ အင်တာနက်မရှိတဲ့နေရာမျိုးမှ တကယ် Tent Traveling အရသာစစ်စစ်ခံစားပါ။

📷ဖေ့ဘုတ်တင်ပြန်လာလောက်နဲ့သွား
ရင်တော့Tent ရဲ့အတွေ့ကြုံ Tent ခရီးသွား
အရသာစစ်စစ်မရနိုင်ပါဘူးလို့ယုံပါတယ်⛺️

❌Lock down ကာလ နယ်ကျော်ခရီးထွက်
မရသေးတဲ့အချိန်လည်းဖြစ်တော့
ဖေဘုတ်အစွမ်းနဲ့ blog အညွန်းတွေများလာတော့ သူထက်ငါ အပြိုင်သွားရင်း
ယင်ကောင်တွေပေါတာတို့ ထင်းဝယ်ရတာတို့
အိမ်သာကိုဘုံသုံးရတာတို့ ဆို့တဲ့ Reviewတွေ
ထွက်လာတာ ကြားရတော့ မဆန်းပါဘူး။
💵ကိုယ်ပေးရတဲ့ငွေကြေးနဲ့ ကောင်းမွန်တဲ့
ဝန်ဆောင်မူကို မျှော်လင့်ထားကျတာပါ။

🦟🐀ယင်ကောင်မရှိ ခြင်မရှိ နေရာမျိုးဆို
ဟိုတယ်မှာပဲ အနားယူတာပိုကောင်းမယ်ထင်ပါတယ်။

❗️ဖေ့ဘုတ်မှာလူသိများနာမည်ကြီးတဲနေရာမျိုးဆို အတတ်နိုင်ဆုံးရှောင်တာအကောင်းဆုံးပါပဲ။ကိုဗစ်ကာလမှာနာမည်ကြီးနေရာတွေ
ရှောင်တာက ကိုယ်အတွက် မိသားစုအတွက်
အန္တာရာယ်ကင်းပါတယ်🦠🦠🦠

💉Tent ကို package နဲ့ရောင်းတာကြီးကို
သိပ်သဘာဝမကျသလိုပါခံစားရပါတယ်။

⛺️Tent နဲ့တော့ထဲမှာနေရင်းအတွေ့အကြုံရှာဖွေတာကိုနားလည်ပေမဲ့
ကိုယ်သွားမဲ့ တည်နေရာက လူများလည်း
Privacy ရှိလား တကယ်တောထဲမှာနေရသလိုမျိုး သဘာဝနဲ့ ထိတွေ့နိုင်လားဆိုတာ စူးစမ်းလေ့လာပြီးမှ သွားရောက်လည်ပတ်တာပို
ပြီးကောင်းမယ်ထင်ပါတယ်။🏕

🎒လူငယ်ခရီးသွား
ဝါသနာရှင်တွေကို recommend
လုပ်ချင်တာကကူးစက်ရောဂါထိန်းချုပ်နိုင်တဲ့အချိန်ရောက်မှ ဝါသနာတူ စိတ်တူ
ဘော်ဒါတွေစုTent ကိုယ်တိုင်ဝယ်သွား
ကရင်ပြည်နယ် ရှမ်းပြည်နယ် တနင်္သာရီတို့
ဖက်ကို သွား တောင်တက် trekking တွေလုပ်
စွန့််စားခရီးထွက်ပြီး တကယ်တောတောင်ထဲမှာ သဘာဝနဲ့ ထိတွေ့ပါ tent အတွေ့အကြုံတွေယူကြည့်ပါလို့💪⛺️🗻⛰🏔🇲🇲

ကိုယ်တိုင်Tent ဝယ်ပြီးသယ်ယူရမှာအလုပ်ရူပ်ရင် ဒေသခံတွေဖွင့်လှစ်ထားတဲ့ Tent Camp တွေမှာတည်းခိုကြည့်ပါ🏕

ကျွန်တော်ကိုယ်တိုင်လည်း Tent Travel
အတွေ့အကြုံမရှိသေးလို့ lock down ပြီးရင်
ရန်ကုန်နဲ့ အဝေးဆုံး တစ်ခြားပြည်နယ်တွေမှာ
Tent Experince ရှာဖွေကြည့်ဖို့ စဥ်းစားနေပါတယ်။

Solo Myanmar Traveller🎒

Photos from Solo Myanmar Traveller's post 16/12/2020

World’s tallest indoor waterfall at Changi Airport,Singapore
#ကမ္ဘာအမြင့်ဆုံးမိုးလုံလေလုံရေတံခွန်ချန်ဂီလေဆိပ်,စင်္ကာပူ✍

📷Solo Myanmar Traveller🎒

Photos from Solo Myanmar Traveller's post 11/12/2020

#ရန်ကုန်နဲ့မြစ်တစ်ဖက်ကမ်းကဒလမြို့လေး

⛴သင်္ဘောလည်းစီးလို့ရမယ် လမ်းလည်းလျှောက်ချင်တယ် ရန်ကုန်တိုင်းလည်း
ကျော်လို့မရသေးတော့ ဘယ်သွားမလဲစဥ်း
စားရင်း နီးရက်နဲ့ သိပ်မရောက်ဖြစ်တဲ့
ဒလမြို့ကို ရောက်ခဲ့တယ်။

#ရန်ကုန်_ပန်းဆိုးတန်းလမ်းမကြီးနဲ့
ကမ်းနားလမ်းက သင်္ဘောဆိပ်ကနေ
ဂျပန်နိုင်ငံက လူဒါန်းထားတဲ့ ချယ်ရီ ၂ထပ်သင်္ဘောလေးက၁နာရီခြားတစ်ခါထွက်
ပေးနေပါတယ်။

🔷လတ်မှတ်ကြိုတင်ဝယ်ထားစရာမလိုပဲ
ပန်းဆိုးတန်း ဆိပ်ကမ်း အဝင်ဝမှာပဲ ငွေ၂၀၀ကျပ်ပေးပြီး ချယ်ရီသင်္ဘောပေါ်ကို တန်းတက်နိုင်ပါတယ်။

⏰နေ့လည်၁၂နာရီလောက်သင်္ဘောထွက်ပါတယ်။တစ်နာရီခြား တစ်စီးထွက်တာဆိုတော့
နေက်တစ်စီးက နေ့လည်၁နာရီထွက်ပါမယ်။

⛴သင်္ဘောက အသစ်လည်းဖြစ်တော့
သွားနေမှန်းတောင်မသိသာပါဘူး
ငြိမ်ပါတယ်။ အန္တာရာယ်လည်းကင်းတယ်။သင်္ဘောပေါ်မှာ သန့်ရှင်းရေးသေချာလေး လုပ်ထား။ နေရာတိုင်းမှာ ပလပ်စတစ်ထိုင်ခုံလေးတွေချထားပေးတယ်။ ကိုယ်ကြိုက်တဲ့နေရာမှာသွားထိုင်လို့ရတယ်။

💵သင်္ဘောခုံမဟုတ်ပဲ ပလပ်စတစ်ခုံမှာထိုင်ရင်တော့ ၅၀ကျပ်ထပ်ပေးရတယ်။
ကျွန်တော်က မသိပဲ ထိုင်မိလို့ ငွေလာ
ကောက်မှ ၅၀ကျပ်ပေးရမှန်းသိလို့ အကြွေမပါလာတော့ ကျွန်တော်ထိုင်တဲ့ ခုံခကို
ဘေးက ဒလမြို့ခံတစ်ယောက်က
စိုက်ပေးသွားလို့ ကျေးဇူးတင်
လေးစားမိပါတယ်။🤝🤝

🧔ကူညီ ရိုင်းပင်းတဲ့ စိတ်စေတနာလေးကို
ရိုသေလေးစားခဲ့မိပါတယ်။💙🙏

☀️နေ့လည်ခင်းပေမဲ့ရန်ကုန်မြစ်ဖြတ်မောင်း
ချိန် လေအေးလေးတွေတိုက်သလို့
သင်္ဘောစထွက်တဲ့ အချိန်တည်းက
သင်္ဘောနဲ့အတူ လိုက်ပါပျံသန်းလာတဲ့ ဇင်ယော်ငှက်ကလေးတွေက
ချစ်စရာကောင်းတယ်။

🦅နောက်တစ်ခါ ထပ်သွားရင် ငှက်ကြွေးဖို့ ပန်းဆိုးတန်းမှာ ငှက်အစာပါ တစ်ခါတည်းဝယ်သွားဖို့ စိတ်ကူးရခဲ့တယ်။🍟🍞

🥤ဒလဖက်ကမ်းရောက်တော့ ကမ်းနားလမ်းမှာဖွင့်ထားတဲ့ အအေးဆိုင် ခနဝင်ထိုင်ပြီး
ဒလမြို့ထဲ လမ်းတွေကိုလမ်းလျှောက်ရင်း လှည်ပတ်ကြည့်ဖြစ်တယ်။

🛺လမ်းမလျှောက်ချင်ရင် သုံးဘီး ဆိုက်ကား
ကား ဆိုင်ကယ် ကိုယ်ကြိုက်တာကို ငှားရမ်းပြီးလည်ပတ်ကြည်ရူနိုင်တယ်။

🤵ကမ္ဘာလှည့်ခရီးသွားတွေ ဒလကိုလာရင်
ဆိုက်ကားစီးပြိး လေ့လာကျတာတွေ့ဖူးတယ်😁

☕️🫖ဒလမြိုထဲမှာ အအေးဆိုင်
လက်ဖက်ရည်ဆိုင်လေးတွေတော့ဖွင့်တယ် ။လူလည်းမရူပ်ဘူး,ဆိုင်ထိုင်ရတယ်။

⛩လက်ရှိအချိန် ဒလမြို့လေးနဲ့ ရန်ကုန်က မြစ်တစ်ခု ခြားနေပေမဲ့ ဆောက်လုပ်နေတဲ့
ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားသာပြီးသွားရင် ဒလမြို့က ယခုချိန်ထက် ပိုပြီး
ဖွံဖြိုးတိုးတက်လာမယ်ဆိုတာယုံကြည်တယ်။

🛣တံတားအသစ်ပြီးသွားရင် ရန်ကုန်မြို့
ဖက်အဘုန်ကြီးလမ်း စံပြဖက်အခြမ်းကို
ကားနဲ့ အချိန်အတိုအတွင်းရောက်ရှိနိုင်တော့မှာပါ။ဆောက်လုပ်နေတဲ့ တံတားမှာလူသွား
လမ်းနဲ့ ရေပိုက်လိုင်းပါ ပါဝယ်ပါတယ်တဲ့။

#ဒလမြို့ကို လမ်းလျှောက်လေ့လာပြီး
အပြန်မှာ ချယ်ရီသင်္ဘော မစီးတော့ပဲ
ငှက်လှေ အသေးလေး စင်လုံးငှားစီးပြီး
ရန်ကုန်ပြန်ခဲ့တယ်။⛴

🚤စင်လုံးငှားခ ၁၂၀၀ကျပ်ပေးရတယ်
တစ်ယောက်တည်းစီးရတယ်။

⚓️ရန်ကုန် ကမ်းနားလမ်း လမ်း၂၀ဖက်ဆိပ်ကမ်းထိ ပို့ပေးတယ်။
စီးရတာ အဆင်ပြေတယ် အန္တာရာယ်ကင်းတယ်။💯

✅သင်္ဘောမစီးချင်တဲ့သူတွေက ဒီငှက်လှေ အသေးလေးတွေ စင်းလုံးငှားပြီး
ရန်ကုန်မြစ်ထဲမှာ နေဝင်ချိန် နေထွက်ချိန်အလှကို ကြည့်ရူ့သင့်တယ်။
လူ ၅ယောက်လောက်ဆို စင်းလုံးငှားပြီး လည်ပတ်ရင် အဆင်ပြေသလို စျေးလည်းမများလောက်ဘူး။

🍱ကိုယ်စားချင်တဲ့ အစားသောက်လေးတွေ အိမ်ကတစ်ခါတည်းထည့်သွားပေါ့။

🥂🍾ဝိုင်တို့ ဘီယာတို့ယူသွားရင်လည်းကောင်းတာပဲ😁

✍️နောက်တစ်ခါ ထပ်သွားရင် တွံတေးမြို့ နဲ့ အနီးနား ရွာလေးတွေအကြောင်းပါ
ရေးပေးပါမယ်ဗျ။

❇️ရန်ကုန် ဒလ လမ်းစားရိတ်ကုန်ကျငွေကတော့သင်္ဘော + စက်လှေ ၁၅၀၀ကျပ်ပဲ
ကုန်ပါတယ်ခင်ဗျာ။

🎒အိမ်မှာနေရတာ ကြာလို့ငြီးငွေ့လာရင်
အတွေ့ကြုံလေးရအောင် သင်္ဘောလေးစီး
လမ်းလျှောက်ရင်း ဒလမြို့လေးကို
သွားရောက်လေ့လာကြည့်ပါနော်📷🛺🌍

✍Solo Myanmar traveller🎒

Telephone

Website