Mg Harry
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mg Harry, Pet Supplies, .
Wheatgrass & SoftTimothy အသစ်
အခုရက် ပြန်ဝင်မယ်နော် 😌😌
အရေအတွက် အများကြီးမရလို့
လက်သွက်မှရပါမယ် ( Order လာတင်လို့ရပါပီ )
Comment ထဲ Order မတင်ပဲ Messenger မှာသာ
Order တင်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံပါသည် 🙏🙏
Hay Brand အသစ်တွေနဲ့ Snacks Brand အသစ်တွေ ဝယ်ထားပီးပီနော် 🤭
ပိုစ့်တော့မတင်ရဲသေးဘူး Ethic မရှိကြတာများလို့
Brand အသစ်လေးတွေဆို ဆိုင်မှာလာဝယ်ဖို့ ဖိတ်ခေါ်ပါတယ်....Brand အသစ်လေးတွေကို ဖောက်ပီး 2/ 3 လကြာမှ Page မှာ တင်ပါ့မယ် 🩷🤍
24 to 28
ပိတ်ပါတယ်ရှင့်
🙏🩷
ဒီတမနက်လုံး ဥလေးက Baho Vet မှာရှိနေမှာမို့
Admin မနက်ပိုင်းအရောင်းနားပါတယ်....
Ph call & Messenger လဲ Reply ပြန်နိုင်မှာ မဟုတ်လို့ပါ 💚
ရသလောက်လေး.... ဝယ်ပေးထားပါတယ်
Fresh Hay တွေ ဝယ်မရလို့ပါ အခုရက် 🙏
လိုချင်တဲ့ အရေတွက်လဲ ဝယ်မရဘူးကွယ် 😔
Edit
Carrot leaves ( sold out )
Oxbow Western Timothy ( sold out )
Marukan Timothy ( sold out )
Old pic
အစာခြောက်ရတာလေးတွေ....
Old pic
Today ကုန်အဝင်....
ဆေး နဲ့ Healthy Treats 💚💙
(Made in Thailand ဝဲဖျန်းဆေးတွေလိုချင်ရင် ပုံလေးပြပီး လာမှာလို့ရပါတယ်....မင်မင်ဝယ်ပေးပါတယ်....ဒါပေမဲ့ ဆရာဝန် ညွှန်ကြားချက်အရသာ သုံးစွဲပေးပါရန် မေတ္တာရပ်ခံပါတယ် )
Old pic
မြက်စိမ်းတိုင်း အဖူးပါတိုင်း မြက်အကောင်းစားမဟုတ်ဘူး....အနံ့တွေ အရိုးပါဝင်မှုပမာဏ အရွက်ပါဝင်မှုပမာဏတွေကြည့်ပီး မြက်ရဲ့ Grade ကို သတ်မှတ်ထားတာ.... အရောင် မစိမ်းတိုင်း မကောင်းဘူးထင်ရင် Oxbow Company ပြုတ်သွားတာကြာပီပေါ့.... Oxbow ကထုတ်တဲ့ မြက်တွေထဲ စိမ်းတာတစ်ခုမှမရှိဘူး 😐 မြက်နဲ့ပက်သက်ရင် နှစ်တွေဘယ်လောက်ကြာကြာ အခုထိရှင်းပြမရတာ ဒို့နိုင်ငံကလူတွေပါပဲ .....
အောက်က ပုံနှစ်ပုံက Timothy အထုံးတွေ
မင်မင် နှစ်မျိုးလုံးသွင်းပေးမယ် စျေးကွာတယ်
ကလေးကိုကောင်းကောင်းကျွေးချင်တယ် အလေလွင့်နဲစေချင်တယ်ဆိုရင်တော့ ထုံးစံတိုင်း မင်မင်ရောင်းနေကျမြက်ကိုယူ.... အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ အခုထပ်သွင်းတဲ့ မြက်ကိုယူ .....
ဒုတိယပုံထဲကမြက်ကတော့ အထုံးလိုက်တွေ သွင်းပေးပါ့မယ်ရှင့် 💚
Ou လေးကို စခန်းချတဲ့ လွင်ပြင်မှာ လွှတ်မထားပါဘူး...လမ်းပြအာဝုလေးတွေ ရှိတာမို့လို့ပါ....ဝုလေးတွေက ဘာမှမလုပ်ပေနဲ့ တိလေးတွေဆိုတာ အချိန်မရွေးစိတ်ဖော/-က်ပြန်နိုင်တာမို့ပါ....အာဝုလေးတွေက မင်မင်တို့သားအမိကိုအရမ်းချစ်ပီး စောင့်ရှောက်ပေးပါတယ်....မင်မင်က သူတို့ကို ကြက်သားဘီစကွတ်တွေကျွေးကျွေးပီး မိတ်ဖွဲ့ထားတာမို့ပါ 🩷
Tent ထဲကနေ အပြင်ရှုခင်းတွေကြည့်ရင်လဲ ဇကာပါတဲ့တစ်လွှာကို မဖွင့်ပါဘူး....အပြင်လွှာကိုပဲဖွင့်တာပါ။ ဘုရားရင်ပြင်လိုနေရာမျိုးမှာ နေ့လယ်နေ့ခင်းအိပ်ရင်လဲ Ou ကို ကိုယ့်ရင်ဘက်ထဲထဲ့ပီးပဲ ဖက်သိပ်ပါတယ်.... သားကလေးကလဲ ငြိမ်ငြိမ်လေး အမေရင်ဘက်ထဲအိပ်နေကျမို့ ပြသနာမရှိပါဘူး, သူကပိုတောင်သဘောကျပီး ပျော်တဲ့ကလေးပါ 🩷
စားသောက်ဖို့ လူစုတဲ့အခါမျိုးဖြစ်" မီးပုံပွဲလုပ်တာမျိုးဖြစ်" toiletသွားတဲ့အခါမျိုးဖြစ်ဖြစ် Ou ကို Tent ထဲ မထားခဲ့ပါဘူး... သွားလေရာခေါ်သွားပါတယ်။
ကံအကောင်းဆုံးအချက်ကတော့ မင်မင်တို့ Adventure & Hiking team တစ်ခုလုံးက Ou ကို အရမ်းချစ်ပီး အရမ်းဂရုစိုက်ပေးကြတာပါ.... Ou လေးအတွက် အချိန်တိုင်း တစ်ယောက်မဟုတ်တစ်ယောက်က စိတ်ပူပေး မေးပေး ချစ်ပေးနေကြတာပါပဲ.... ထင်တာထက်ပိုပီး ချစ်ပေးကြတဲ့အတွက် နောက်ထပ် တောင်တွေတက်တဲ့အခါမှာလဲ Ou လေးကို ထပ်ခေါ်သွားပါ့မယ်.... 🩷
Adventure by Bunny Ou Ou ( Mg Harry ) 🐰
ယုန် Gp တွေထဲ မကြည့်ဖြစ်တာကြာပါပီ အခုမှဥရဲ့ ပိုစ့်လေး Share ရင်းကြည့်မိတာ....ဒေါသလဲထွက် အံ့လဲသြ စိတ်တွေလဲတိုလိုက်တာနော် 😤😤
ယုန်လေးတွေ tayတဲ့ ပိုစ့်တွေကလဲ တန်းစီနေတာပဲ
နေမကောင်းတဲ့ယုန်တွေကို ပေါက်ကရ ဆေးနည်းတွေ ညွှန်နေကြတာလဲ ဝက်ဝက်ကွဲ
မဟုတ်ကဟုတ်က နည်းလမ်းအစုံနဲ့ အစာကျွေးနည်းညွှန်ကြားချက်တွေကတမျိုး
အဲ့ကြားထဲ ထိခိုက်ဒဏ်ရာရတာတွေကော အနှစ်နှစ်အလလ ပ/-စ်ထားသလားအောက်မေ့ရတဲ့ ဝဲစွဲသန်းထူနေတာတွေကတမျိုး
ကလေးတွေလဲ ငရဲပဲကွယ်..... ဆရာတင်ထားတဲ့သူတွေကိုလဲမေးကြည့်ပါဦး, ယုန်တကောင်ကို ဘယ်နှနှစ်သက်တမ်းအထိမွေးဖူးကြသလဲလို့ 😔😔
(ကလေးတွေကိုယ်စား စိတ်ညစ်လိုက်တာ)
ပုံကတော့ မြန်မာပြည်အလယ်ပိုင်းရဲ့ 4981 ပေအမြင့်ရှိတဲ့တောင်ထိပ်မှာတောင် မြက်ဝါးမပျက် အီးပါမပျက်တဲ့ OuOu 😁😁 ကိုယ်တွေလဲ သူများဆေးနည်းတွေ အစာကျွေးနည်းတွေနဲ့သာ Harry ကိုမွေးရင် ခုလို 6 နှစ်မပြောနဲ့ 3 နှစ်အထိခံရင်တောင် ကံကောင်း 🥹🥹
နှင်းတွေအရမ်းကျပီး အေးခဲနေလို့ Sleeping Bag ထဲ ထဲ့သိပ်တာကိုမရဘူး....15 မိနစ်ထက်ပိုမနေဘူး။
ပြန်ထွက်ပီး Tentထဲ ဒီတိုင်းခြေပစ်လစ်ပစ်အိပ်တာ။
တော်တော်အအေးကြိုက်တဲ့ကောင် ဖုန်ကန်ရာဇီလိုက်ဖို့ အခုထဲက သူပါလေ့ကျင့်နေလားမသိဘူး။
Adventure by Bunny Ou Ou ( Mg Harry ) 🐰
အသက် 6 နှစ်ရှိပီဖြစ်တဲ့ ယုန်တစ်ကောင်
တော/တောင်ထဲလဲ နေနိုင်တယ်...လျှိုမြောင်ချိုင့်ဝှမ်းထဲလဲ ခေါ်သွားလို့ရတယ်...အညာနေပူပူကိုလဲမမှုသလို တောင်ပေါ်နှင်းဖွေးဖွေးကြားလဲ ဂရုမစိုက်ဘူး...ရိုးမအသွယ်သွယ်လဲရောက်ဖူးပီးပီ... ပင်လယ်ကမ်းခြေတွေမှာလဲ ပြေးဆော့ဖူးခဲ
အိမ်မှာရေသန့်သောက်ရပေမဲ့ တောထဲတောင်ထဲ စမ်းရေသောက်ပီးလဲ အသက်ရှင်တယ်...အိမ်မှာ luxury အိပ်ယာနဲ့ အိပ်ရပေမဲ့ တောထဲက tent ထဲလဲ သူ့မှာပျော်ရွှင်ကျန်းမာစွာ အိပ်စက်နိုင်တယ်
6 နှစ်လုံး ဝမ်းမလျောဖူးဘူး, မဖျားနာဖူးဘူး, ဝဲမဖြစ်ဖူးဘူး, သွားတွေမရှည်ဖူးဘူး, လက်သည်း ခြေသည်းတွေ မကျိုးဖူးဘူး,..... အမေကို အမြဲစိတ်ချမ်းသာအောင် နေကောင်းကျန်းမာစွာနေပေးတဲ့ကလေးလေး 🩷
ကျေးဇူးတင်ပါတယ်သားရယ်.....
ယုန်စာ ကုန်ဝင်ထားတာတွေ
ဒီနေ့ ရသလောက်လဲ Deli အပ်ပေးလိုက်ပါပီ
ပစ္စည်းတွေလဲ ကုန်လုနီးပါးဖြစ်သွားပီမို့
လိုတာရှိရင် cb မှာပဲ လာမေးပါနော်
ပုံတွေ မတင်နိုင်တော့ပါဘူး 🙏😵
ဒီညဝင်မှာတွေကို ထပ်စောင့်မဲ့သူတွေလဲ စောင့်ပေးတဲ့အတွက် ကျေးဇူးအထူးပါ....
Today ညနေကုန်ဝင်ပါမယ်
ညနေမိုးချုပ်မှ ဝင်မှာမို့
မင်မင်မနက်ဖန်မှ ပစ္စည်းတွေစစ်ပီး
Order ထဲ့ပေးပါ့မယ်နော်
9 to 13 မင်မင် Hiking သွားမှာမို့ ပိတ်ပါတယ်ရှင့်
တောင်တက်စဥ်ကာလအတွင်း ဖုန်း/ internet ယာယီပြတ်တောက်မှုများရှိတာမို့ နားလည်ပေးကြပါနော် 🙏🥺
Attention Please 🍁
ကိုယ့်ကလေးက အစာချေးများရင်
စားတတ်တာလေးတွေ ကြိုဝယ်ထားပါနော်
ကြိုက်တဲ့ဆိုင် ကြိုက်တဲ့နေရာကဝယ်ပါ
ကိုယ်တိုင်လဲ တိလေးတွေလက်ရှိ မွေးတဲ့သူမို့
(**မေတ္တာဖြင့် သတိပေးခြင်းသာ ဖြစ်ပါသည်**)
ဒီ့ထက်ပိုပီး မင်မင့်ကို ဘာမှထပ်မမေးပါနဲ့နော် 🙏
မှတ်ချက်....ကလေးဆိုတာ ယုန်မှမဟုတ်ပါဘူး , ဘာကောင်မွေးထားထားပါ။ ထမင်းနဲ့ဟင်း နယ်ဖတ်ကျွေးလို့ရတဲ့ တိအမျိုးအစားဆိုရင်တော့ မပြောပါဘူးနော်။
မင်မင်ကတော့ ရှင်းစရာ ဂိုထောင်မရှိပါ 😂😂
6 yrs old baby ရဲ့ နေ့လည်စာ (အစာစိုတွေကို
မင်မင်ကတော့ 4PM နောက်ပိုင်း မကျွေးပါဘူး)
Strawberry, Orange, Marshmallow mix,
Berry Stick, Criticalcare & Hairball Relief 🩷
ဒါလေးတွေ ရသေးတယ်နော် 🩷
အခုရက်ထဲ ကုန်တွေထပ်ဝင်ပါ့မယ်နော်။
9 to 13 ကတော့ မင်မင်Hiking သွားမှာမို့ ပိတ်ပါတယ်🙏
ဥကလေးက အားလုံးကြိုက်ပီးသားဖြစ်တဲ့
Super Premium Timothy လေးတွေ ရောင်းပေးပါဦးမယ်...Monday ကျ ပုံလေးတွေတင်ပေးပါ့မယ်နော် 💚
Super Premium Timothy စစ်စစ်ဖြစ်တာမို့
စျေးလေးကတော့ မြင့်ပါတယ် 🙏
စျေးကြီးတဲ့မြက်နဲ့ စျေးသက်သာတဲ့မြက် ဘာကွာလို့လဲဆိုပီးမေးကြလို့ ....လွှတ်ပစ်ရတဲ့ပမာဏကွာသွားပါတယ် 😌
စျေးသက်သာတဲ့မြက်မှာ အရိုးအရင့်အမာတွေများလေ ပစ်ရတဲ့ပမာဏများလေပါ.....မြက်တွေက စျေးကြီးလေ လွှတ်ပစ်ရတဲ့ အလေလွင့်ဖြစ်တဲ့ ပမာဏနဲလေပါနော်.....မြက်ကောင်းကောင်းလေးစားရတဲ့ကလေးရဲ့ ရင်ထဲကပို့သတဲ့ မေတ္တာလဲ ကွာချင်ကွာပါလိမ့်မယ် 🥰
ဥပုံတွေ ပုံအသစ်လေးတွေသိပ်မတင်ဖြစ်ဘူးနော်ဆိုပီး ဥကိုချစ်တဲ့သူတွေကမေးနေလို့ 😔
ဥလေးကအသက်ကြီးလာပီမို့ ဆော့တာမျိုးမရှိသလောက်ပါပဲ.... မင်မင်က အားဆေးနဲ့ အစာတွေကို စုံပလုံစိအောင်ကျွေးတော့ သူကအစာစားနှုန်း တနေ့ထက်တနေ့ပိုများလာပီး လှုပ်ရှားမှုကျတော်တော်လေးနဲတော့ ပိုပီးဝလာပါတယ် 🥲
စားလိုက်အိပ်လိုက်ခရီးထွက်လိုက်နဲ့ အဆီယစ်နေတဲ့ ယုန်ဘောလုံးကြီးဖြစ်နေတာမို့ ပုံမတင်တာပါ....သူ့ပုံလေးတွေတင်ရင် မလိုသူတွေရဲ့ မကောင်းတဲ့အမြင်နဲ့ကြည့်တဲ့အခါ ကလေးကျန်းမာရေးထိခိုက်မှာစိုးလို့ မင်မင်ပုံဟောင်းလေးတွေပဲ ပြန်ပြန်တင်နေတာပါ 🙏 ဥက ဖိုးဖိုးကြီးဖြစ်လာပေမဲ့ ကျန်းမာပီး ဝတုပ်ဂွတိုလေးဖြစ်နေပါတယ်လို့ 🥰 အခုလဲ ဥရဲ့ ညီမလေးနဲ့အတူတူ ရှိနေပါတယ်....မောင်နှမနှစ်ယောက်စလုံး ကျန်းမာပါတယ်ရှင့်....ညီမလေးကလဲ ယုန်ဖွားဖွားအပျိုကြီးပေမဲ့ နုပျိုသွက်လက်တုန်းပါရှင့် ❤️
တစ်မျိုးလျှင် 4 ဘူးထက် ပိုရောင်းမပေးပါ 🙏
Price.....Cb 👈
အင်မတန်စျေးကြီးသော ယုန်စာဆိုင်ရဲ့ပိုင်ရှင်
သထိန်းအားတွေ့ရပုံ 🤭
(Harry တို့များ ရုပ်ကလေးနဲ့လုပ်စားတာ သူများစီမှာ 5000 လောက်ဆို သူ့စီ 10000 ပဲ....သွားမဝယ်နဲ့ဦး ချစ်တို့ရေ) 🤌
မနေ့က မနက်နဲ့ညနေ ယုန်စာတွေ 2 ကြိမ်ခွဲပီးဝင်တာ
ဒီနေ့ အကုန်ပြောင်ပဲ 🤣🤣
ပိုပီးဝယ်လာလဲ ယုန်စာတွေက နေ့မကူးဘူး
ဒီနေ့ရောက် မနက်ဖန် အကုန်ကုန်တဲ့ဆိုင်မို့
ဟောင်းလားသစ်လား လတ်ဆတ်လားဘာလားညာလားတွေလာမမေးပါနဲ့...စိတ်ထဲမရှင်းရင် မဝယ်ပါနဲ့
ပီးတော့ စျေးမစစ်ပါနဲ့နော်...ပစ္စည်းအသစ်ကို အမြဲလိုချင်တဲ့ Cus တွေကအများစုမို့ သူတို့က ဘတ်စျေးဘယ်လောက်တက်တက်ဝယ်ပေးဆိုတဲ့သူတွေချည်းပါပဲ...စျေးမကြည့်ပဲ အစာတွေကိုပဲ Update လိုချင်တဲ့ Cus တွေရဲ့ စိတ်တိုင်းကျအောင်မင်မင်က ဝယ်ပေးရတာမို့ မင်မင့်စီမှာစျေးဝယ်ရင် သူတို့လို စျေးကြီးကြီးနဲ့ လတ်ဆတ်တာတွေပဲရပါတယ်....ပေါပေါပဲပဲ ဘာမှမရပါဘူး....ယုန် 2/3 ကောင်ကို တစ်လ 5သိန်းကနေ 10သိန်းကြားကျွေးနေဝယ်နေတဲ့သူတွေလိုမျိုး မင်မင့်အပေါ် ယုံကြည်မှုရှိမှ အားပေးပါနော်....အလုအယက် စျေးရောင်းတဲ့အထဲလဲ မင်မင်မပါ, ပါဘူး 🙏🙏
ရောက်တာနဲ့ ချက်ချင်းအိမ်တိုင်ရာရောက် လာယူကြတဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Cusတွေကိုလဲ ကျေးဇူးအထူးပါ...နှစ်ရှည်လများ ယုံကြည်ပေးတဲ့သူတွေကိုလဲ ကျေးဇူးမမေ့ပါဘူး ❤️🙏
နောက်တသုတ်ထပ်သွင်းပေးမှာမို့ Order လေးတွေ ပြန်တင်လို့ရပါပီ ......
Attention please 🙏
မင်မင့်စီက ဝယ်ယူအားပေးတဲ့အခါ အဆင်မပြေတာလေးတွေရှိရင် ပြန်ပြောပေးကြပါနော် 🙏
အားမနာတမ်း Messenger လေးမှာ လာပြောလို့ ရပါတယ် 🙏
Order တင်လိုက် ပီးရင် Cancel လိုက်လုပ်တဲ့သူတွေကိုလဲ မင်မင် စျေးရောင်းပေးမည်မဟုတ်ကြောင်း တဆက်တည်း အသိပေးပါရစေ 😌
ပိုက်ဆံပေးတိုင်း Bkk ဘက်မှာ လိုချင်တဲ့အရေအတွက် လိုချင်တဲ့ပစ္စည်းမရပါဘူး...ဒါကို အမျိုးစုံကြိုးခုန်နေရင် တကယ်လိုအပ်တဲ့ Cus တွေ နစ်နာပါတယ်....ကျေးဇူးပြု၍ အာရုံလာမနှောက်ကြပါရန် မေတ္တာရပ်ခံပါတယ် 🙏