Nandar Online Shop

Nandar Online Shop

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nandar Online Shop, Shopping & retail, .

01/12/2023

Visa အတွက် Hotel Booking
Freight Booking ဝန်ဆောင်မှုပေးပါတယ်ရှင့်
ဝန်ဆောင်ခ -30000 MMK
Only Kpay -09440182187
Contact No:09440182187 (Viber) ဖြင့် ဆတ်သွယ် မေးမြန်းနိုင်ပါသည်
မှတ်ချက် Booking ရမှသာ ငွေချေရန်
BKK Visa အတွက်စာရွတ်စာတမ်းပြင်ဆင်ပေးပါသည်ရှင့်
ငွေကြိုလွဲရန်မလိုပါ
passport QR ဖြတ်ပေးပါသည်
BKK ကားအငှား Hotel စီစဥ်ပေးပါသည်
BKK Ph No: 0943169597

27/12/2021

vzsdfgvaefdgsdf

17/12/2021
Photos from Amazing Jupiter Trading's post 02/12/2021
15/11/2021

👏👏👏ပြည်ပဝင်ငွေတိုးဖို့ ဝဥ စိုက်ကြစို့👏👏👏

✨✨ဝဥ၏ မူရင်းဒေသသည် အရှေ့တောင် အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသများ တွင် သဘာဝအလျောက် ပေါက်ရောက်သည်။ အဆိုပါ ဝဥ မျိုးရင်း Areceae မျိုးစုသည် Amorphophallus ဖြစ်ပြီး ရုက္ခဗေဒအမည်မှာAmorphophallus Companuatus ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ Elephant Foot Yam (or) White Yam (or) Telingo ဟုခေါ်သည်။ ကမ္ဘာ ပေါ်တွင် ဝဥ မျိုးစေ့ပေါင်း ၁၃၀ ခန့်ရှိသည့်အနက် ၁၂ မျိုးခန့် ဖော်ထုတ်သုံးစွဲလျက် ရှိကြောင်း လေ့လာသိရှိရသည်။

✨✨ဝဥကို မြန်မာနိုင်ငံတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်၊ ချင်းပြည်နယ်တို့တွင် စီးပွားဖြစ်စိုက်ပျိုး ကြောင်း သိရပြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင်လည်း သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ကြောင်း သိရှိရသည်။

✨✨မြန်မာပြည်ဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်နေသော ဝဥအမျိုးအစားမှာ သုံးမျိုးခန့် ရှိပြီး အနီ၊ အဝါနှင့် အဖြူရောင်တို့ဖြစ်ပြီး အနီရောင်မှာ ပထမတန်းစား၊ အဝါရောင်မှာ ဒုတိယ တန်းစား၊ အဖြူရောင်မှာ တတိယတန်းစားတို့ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ကလေး၊ ဖောင်းပြင်မြို့နယ်များရှိ တောတောင် များတွင် အဖြူရောင်မျိုးစိတ်များအား သဘာ၀ ပေါက်ပင်အဖြစ် တွေ့ရှိရသည်။

✨✨ဝဥသည် အပူပိုင်းဒေသ မိုးများ၊ မြေနိမ့် လွင်ပြင် သစ်တောဒေသများကို ကြိုက်နှစ်သက်ပြီး အပူချိန်နိမ့်ပြီး ပေ ၅၀၀၀ ခန့်မြင့်မားသော မိုးများ သည့် ကုန်းမြင့်ဒေသများတွင် ဖြစ်ထွန်းသည်ဟု ဆိုပါသည်။ ဝဥ အား စိုက်ပျိုးမည်ဆိုပါက မြေပြင် ခြင်းအပိုင်းတွင် အခြားသီးနှံများစိုက်သကဲ့သို့ စိုက်ပျိုးရန် ရွေးချယ်ထားသည့် မြေပေါ်မှသစ်ပင် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းပြီး ထယ်တစ်လွှာ၊ ထွန်နှစ်လွှာဝင်ပြီး မြေပြုပြင်ရ သည်။ ထို့နောက် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင် ပေးရပါသည်။ ပင်ကြား၊ တန်းကြားနှင့် တစ်ဧက အပင်အရေအတွက်အနေဖြင့် တန်းကြား လေးပေ၊ ပင်ကြားနှစ်ပေ စိုက်ပျိုးပြီး တစ်ဧက ၅၄၅၅ ပင် အနည်းဆုံးဝင်ဆံ့နိုင်အောင် စိုက်ပျိုးသင့်သည်ဟု ဆိုပါသည်။

✨✨ဝဥကို စနစ်တကျစိုက်ခင်းများအဖြစ် ဧက များစွာ စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးဥများ လုံလောက်စွာရရှိအောင် စနစ်တကျစီမံဆောင် ရွက်ရန် လိုအပ်ပါသည်။ ဝဥမျိုးပွားနည်း လေးမျိုး ရှိရာ ပထမနည်းမှာ ၃၀ ကျပ်သားအရွယ်ရှိ ဝဥကို တိုက်ရိုက်ချပြီး စိုက်ပျိုးနိုင်ပါသည်။ အနည်းဆုံး ၃၀ ကျပ်သားအရွယ်ရှိသည့် ဥများကို မျိုးဥအဖြစ် အသုံးပြုစိုက်ပျိုးမှသာ နှစ်ချင်းအသုံး ပြုနိုင်သည့် ရောင်းတန်းဝင် ဥကြီးများကို ရရှိနိုင်မည်ဖြစ်သည်။

✨✨ဒုတိယမျိုးပွားနည်းမှာ ဝဥပန်းခိုင်မှ ထုတ် လုပ်ရရှိသည့် မျိုးစေ့ငယ်များကို ပထမနှစ်အနေ ဖြင့်စတင်၍ ပျိုးပေါင်တွင် စိုက်ပျိုးရပါသည်။ အဆိုပါမျိုးပင်လေးများမှ ပထမနှစ်အတွင်း မျိုးဥ အငယ်လေးများကို ရရှိပြီးမှ ဒုတိယနှစ်တွင် ဆက်လက်ပြီး ပျိုးပေါင်နှင့် စိုက်ပျိုးမှသာ ဥပိုကြီး လာအောင် ပျိုးထောင်စိုက်ပျိုးထားခြင်းဖြင့် ၃၀ ကျပ်သားအရွယ် မျိုးဥများကို ရလာနိုင်ပြီး နောင် နှစ်တွင် မျိုးဥအဖြစ် အသုံးပြုနိုင်မည်ဖြစ်သည်။

✨✨တတိယအဆင့်မျိုးပွားနည်းမှာ မြေအောက် မှရရှိသည့် ဝဥ၏ ဥပွားများကို ခွဲယူပြီး မျိုးအဖြစ် လည်းစိုက်ပျိုးနိုင်ပါသည်။ စတုတ္ထမျိုးပွားနည်းမှာ အရွက်မှအသီး (အရွက်သီး)များကို စိုက်ပျိုးခြင်း ဖြင့်လည်း ဝဥပျိုးပင်ကို ရရှိနိုင်ပါသည်။
ဝဥကို စိုက်ခင်းတွင် မြေချစိုက်ပျိုးခြင်းမှာ နည်းလမ်းအမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိရာ ကျေးလက် ဒေသမှ စိုက်ပျိုးသည့်နည်းတစ်နည်းကို ဖော်ပြရ မည်ဆိုပါက ဝဥမျိုးဥများကို စိုက်ပျိုးရန် စိုက်ကျင်း ပြင်ရာမှ (၆ဓ ထ ၆ဓ )အကျယ်အဝန်းမှ (၆ဓ)အနက် ခန့် ကျင်းပြင်(မြေမွ၊ ပေါင်းမြက်ကောက်) အပေါ်ယံ (၂ဓ)ခန့်မှ ဝဥကို မြေဖုံးမိရုံဖုံးပြီး စိုက်ပျိုးရပါသည်။ မြေတွင်လွန်စွာနက်အောင်မြှုပ်၍ မစိုက်ပျိုးသင့် ပါ။ မြေချစိုက်ပျိုးခြင်းကို မြန်မာနိုင်ငံ ရာသီဥတု အရ မိုးဦးရာသီ၊ မေလမှစတင်၍ စိုက်ပျိုးသင့် ပါသည်။

✨✨ဝဥအား အပင်ပြုစုခြင်းမှာ စိုက်ပျိုးထား သည့် ဝဥအညွှန့်ထွက်ကာ မြေပေါ်အပင်ပိုင်း ကြီးထွားလာပြီး အမြစ်များပေါ်လာသည့်အခါ ပေါင်းသင်၊ မြေဆွ၊ ပေါင်လုံး၊ မြေဖုံးပေးရသည်။ ရေမဝပ်ရန်အတွက် အထူးဂရုစိုက်ရန် လိုအပ်ပါ သည်။ စိုက်ခင်းတွင် အရိပ်များမရှိပါက ၆၀ ရာခိုင် နှုန်း အရိပ်ရအောင် ပြုလုပ်ပေးသင့်ပါသည်။

✨✨ဝဥသည် ပိုးမွှားရောဂါကျရောက်မှုကြောင့် ပျက်စီးမှုနည်းပါးပါသည်။ သို့သော်လည်း တစ်ခါ တရံ ရွက်စားပိုးများ ကျရောက်တတ်ပါသည်။
ဝဥကို ဒဏ်ရာထိခိုက်မှုရှိပါက ပုပ်ရိရောဂါ ဝင်နိုင် သဖြင့် အပင်ပြုစုနေစဉ် ဝဥကို မထိခိုက်မိအောင် သတိထားဖို့လိုပါသည်။ တစ်ခါတရံ ဝဥပင် စည်များ ထိခိုက်မိသည့် ဒဏ်ရာအပေါက်မှ အစေး များထွက်ပြီး အပင်နာနိုင်ပါသည်။ သို့ဖြစ်၍ ပင်စည်များကို ဒဏ်ရာမရအောင် ဂရုစိုက်သင့်ပါ သည်။ ဥများဒဏ်ရာရ၍ ပုပ်စပြုချိန်တွင် ပုပ်သီး အပိုင်းငယ်ကလေးကို ဇွန်းနှင့် အပုပ်ပိုင်းကုန် အောင် ခြစ်ပစ်ပြီး မြေနှင့်လူးနယ်ဖုံးပေးလျှင် ဆက်ပြီးပုပ်ရိပျက်စီး ခြင်းမှ တားဆီးနိုင်မည် ဖြစ် ပါသည်။

13/11/2021

🙏🙏🙏မဂ်လာပါရှင့် Amazing Jupiter Trading မှ ပျော်ရွှင်စရာ Week End လေးကို စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာြဖင့် ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်
👏👏👏ဒီနေ့မှာတော့ အင်ဂျင်နီယာ နှင့် ပတ်သတ်တဲ့ အကြောင်းလေး တင်ပြပါရစေရှင့်
✨✨✨လူကြီးမင်းတို့အတွက် ဗဟုသုတ ရစရာ၊ အသိပညာရစေရန် ရည်ရွယ်၍ Amazing Jupiter မှတင်ပြ ပေးလိုက်ပါတယ်ရှင့်
အင်ဂျင်နီယာနည်းပညာဟူသည် စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ၊ အဆောက်အအုံများနှင့် ၎င်းတို့၏ ဗိသုကာ၊ ဒြပ်ဝတ္ထုပစ္စည်းနှင့် ၎င်းတို့၏ဖွဲ့စည်းတည်ဆောက်ပုံများ အစရှိသည်တို့ကို လူနေမှုဘဝ၊ သချင်္ာပညာ ၊ စီးပွားရေးအမြင်နှင့် အသုံးချသိပ္ပံပညာရပ်တို့ဖြင့် တွဲဖက်လျက် လူ့အဖွဲ့အစည်း၌ လစ်ဟာလျက်ရှိသော လိုအပ်ချက်များအပေါ် ဘေးကင်းလုံခြုံစွာ ဖန်တီးတည်ဆောက်ပေးနိုင်သည့် အနုပညာ၊ စည်းမျဉ်း ဥပဒေသနှင့် ကျွမ်းကျင်မှုတို့ ပေါင်းစပ်ဖွဲ့စည်းထားသော အသုံးချသိပ္ပံပညာရပ်ကို ခေါ်ဆိုသည်။
အမေရိကန် အင်ဂျင်နီယာများ အတိုင်ပင်ခံအဖွဲ့အစည်းက ဖွင့်ဆိုထားသည့် အင်ဂျင်နီယာနည်းပညာ၏ အဓိပ္ပာယ်မှာ “သိပ္ပံပညာ၏ အခြေခံနိယာမများအပေါ် အခြေခံ၍ ဖန်တီးပုံဖော်ထားသော သို့မဟုတ် တိုးတက်ပြောင်းလဲလာသော ဖွဲ့စည်းတည်ဆောက်ပုံများ၊ စက်ပစ္စည်းများ၊ စက်ပစ္စည်း ကိရိယာများ သို့မဟုတ် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ သို့မဟုတ် ၎င်းတို့အား တစ်ခုချင်းစီ သို့မဟုတ် ပေါင်းစပ်စုစည်း လုပ်ဆောင်မှုများ၊ သို့မဟုတ် တည်ဆောက်ရန်နှင့် လည်ပတ်လုပ်ဆောင်ရန် ပြည့်ဝစွာ သိရှိထားရမည့် ၎င်းတို့၏ တည်ဆောက်ပုံများ၊ သို့မဟုတ် လည်ပတ်လုပ်ဆောင်မှု အခြေအနေတစ်ခုအောက်၌ ဖြစ်ပေါ်သက်ရောက်နိုင်သည့် ၎င်းတို့၏ အပြုအမူများ၊ ရည်မှန်းချက်ပန်းတိုင်၊ စီးပွားရေးအကျိုးအမြတ်နှင့် လူမှုဘဝလုံခြုံရေး အစရှိသည်တို့အား ခန့်မှန်းလေ့လာသော ပညာရပ်” ဟူ၍ ဖြစ်သည်။
ဥပမာအားဖြင့် တာဘိုင်တစ်ခုအား ပုံစံထုတ်တည်ဆောက်ရာတွင် စက်မှု၊ လျှပ်စစ်-သံလိုက်၊ ဓာတု စသည့် လုပ်ငန်းစဉ်အားလုံးအတွက် သက်ဆိုင်ရာ အင်ဂျင်နီယာနည်းပညာ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ပေါင်းစပ် လုပ်ဆောင်ရသည်။ တာဘိုင်သွားများ၊ ဒလက်များနှင့် ရေနွေးငွေ့ပတ်လမ်း စသည်တို့မှာ တိကျစေ့စပ်စွာဖြင့် ပုံစံထုတ်တည်ဆောက်နိုင်ရန် လွန်စွာ အရေးကြီးသည်။ အင်ဂျင်နီယာများသည် ရူပဗေဒနှင့် သချင်္ာနည်းပညာရပ်များအား အသုံးချပြီး ပြဿနာရပ်များအတွက် သင့်တော်သော ဖြေရှင်းချက်အား ရှာဖွေရသကဲ့သို့ ရည်မှန်းချက် ပြည့်မီနိုင်စေမည့် တိုးချဲ့လုပ်ဆောင်မှုများကို လည်း ဖန်တီးကြရသည်။ ထို့အပြင် မျက်မှောက်ခေတ် အင်ဂျင်နီယာများသည် သက်ဆိုင်ရာ သိပ္ပံဘာသာရပ်များ၌ ပြည့်ဝစွာ နားလည်သိရှိထားရန် လိုအပ်သကဲ့သို့ မိမိ လေ့လာမှုအတွက် ပံ့ပိုးမှုပေးမည့် အသစ်အသစ်သော လေ့လာဖွယ်ရာများကိုလည်း မျက်ခြည်မပြတ် လေ့လာထားကြရန် လိုအပ်သည်။
အကယ်၍ ရွေးချယ်စရာများ များပြားလာပါက အင်ဂျင်နီယာများအနေဖြင့် လိုလားချက်နှင့် အနီးစပ်ဆုံး ထပ်တူကျမည့် အရာအား ရွေးချယ်ရန်နှင့် ရလဒ်ကောင်းမည့် ရွေးချယ်မှုအား စဉ်းစားချင့်ချိန်နိုင်ရန် လိုအပ်သည်။ အမှားအယွင်း အတိမ်းအစောင်း မခံသော လုပ်ငန်းဆောင်တာများ၌ အင်ဂျင်နီယာတစ်ဦးသည် ရလဒ်ကောင်းမည့် ပြင်ဆင်မှုအား တိကျစွာ ရွေးချယ်နိုင်ရန် လွန်စွာအရေးကြီးသည်။ အကယ်၍ လိုလားချက်မှာ နည်းပညာပိုင်းအရ ကြည့်လျှင် ရလဒ်ကောင်းမည့် ထုတ်ကုန်တစ်ခု မရရှိနိုင်ဟု နားလည်ထားသည့်တိုင် လိုအပ်ချက်နှင့် နီးစပ်မည့် ရလဒ်တစ်ခု ဖြစ်နိုင်စေရေး စီမံနိုင်ရန် လိုအပ်သည်။
အင်ဂျင်နီယာတစ်ဦး စဉ်းစားချင့်ချိန်ရမည့် ကန့်သတ်ချက်များထဲတွင် ငွေ၊ လူနှင့် ရုပ်ဝတ္ထုပစ္စည်း စသည့် အင်အားရင်းမြစ်များ၊ အကြမ်းခံနိုင်မှု၊ စိတ်ကူးဉာဏ်၊ သို့မဟုတ် နည်းပညာ ကန့်သတ်ချက်များ၊ အနာဂတ်ကာလ အဆင့်မြှင့်တင်ရေးအတွက် ပြောင်းလွယ်ပြင်လွယ်ရှိမှု၊ အခြားအကြောင်းအရာများဖြစ်သော လိုအပ်ချက်အတွက် ကုန်ကျစရိတ်၊ လုံခြုံရေး၊ စီပွားရေးစျေးကွက်၊ ထုတ်လုပ်နိုင်မှုစွမ်းရည်နှင့် ပံ့ပိုးကူညီပေးနိုင်မှု စသည့် အကြောင်းအရာများ ပါဝင်သည်။ ဖော်ပြပါကန့်သတ်ချက်များအား နားလည် သိရှိထားခြင်းဖြင့် အင်ဂျင်နီယာတစ်ဦးအနေဖြင့် မိမိရည်မှန်းထားသော လုပ်ငန်းဆောင်တာအတွက် အလားအလာရှိနိုင်မည့် ရလဒ်ကောင်းများအား စီမံပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။
# Credit
(သြဂုတ် ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)

12/11/2021

🙏🙏🙏မဂ်လာပါရှင် Amazing Jupiter Company Limited မွ မမဂ်လာရှိသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်

ိုးနဲ့သွပ်မိုးနဲ့ဘာလို့ဈေးကွာလဲ

1. Slab ပြင်တစ်ခုရဲ့ Weight နှင့် သွပ်မိုးတစ်ခုရဲ့ Weight မတူပါ။ ဒါကြောင့် ကျွန်တော်တို့ Structure စတွက်ကတည်းက သေချာစဉ်းစားပြီး တွက်ထုတ်ရတဲ့အတွက် တိုင်အရွယ်အစား၊ ဖောင်ဒေးရှင်း အနက်နှင့် အကျယ်၊ Beam တွေရဲ အရွယ်အစားကအစ အကုန်လုံးကို လိုက်ညှိပေးရပါတယ်။ Slab တပြင်ကြောင့် အောက်ခြေတွေမှာ ထပ်တိုးလာရတဲ့ ကုန်ကျစရိတ်တွေလည်းရှိပါတယ်။ သွပ်မိုးမှာ အဲ့ဒီအတွက် ကုန်ကျစရိတ် က သက်သာပါတယ်။
2. Slab တပြင်လောင်းဖို့အတါက် ပြင်ဆင်မှုတွေလုပ်ရင် အချိန်ပေးရပါတယ်။ Formwork လုပ်ငန်း၊ သံချီသံကွေးလုပ်ငန်း၊ ရေပိုက်မီးပိုက် မြုပ်ခြင်းလုပ်ငန်းတွေ အဆင့်ဆင့် ဆောင်ရွက်ပြီးမှ တနေ့ထဲအပြီး ကွန်ကရစ်လောင်းရပါတယ်။ Formwork အတွက် သစ်သားနှင့် အထပ်သားကုန်ကျစရိတ်တွေရှိပါတယ်။ T တိုင်ငှါးခနှင့် အလုပ်သမားစရိတ်တွေလည်းရှိပါတယ်။ သံချည်သံကွေးအတွက် သံချောင်းဖိုးနှင့် အလုပ်သမားခရှိပါတယ်။ ကွန်ကရစ်ဖိုးနှင့် လောင်းခအပြင် အမိုးSlab ဖြစ်ပါက် Water Proofing အတွက်ကုန်ကျစရိတ်တွေလည်းရှိပါတယ်။ M&E အတွက်လည်းနောက်ဆက်တွဲ ကုန်ကျစရိတ်တွေရှိလာပါတယ်။ သွပ်မိုးအတွက် ကြာချိန်က ၁၀ ရက်ဝန်းကျင်ဖြစ်ပေမဲ့ SLab အတွက် ကြာချိန်က ၁ လ ဝန်းကျင်လောက်ပေးရပါတယ်။ ဒီလိုအချက်တွေကြောင့် Slab တပြင်နှင့် သွပ်မိုးကုန်ကျစရိတ်က ကွားခြားရခြင်းဖြစ်ပါတယ်။
PAE တွက်တဲ့အခါ Slab အတွက် မယူတဲ့ ကုမ္ပဏီ အများစုက အရှုံးပေါ်ကြရပါတယ်။
8ft x45ft - 2ထပ်အတွက်ဆိုပါက
18x45x2 - Main Building
18x45x0.5 -Slab
18x45x0.5-Foundation
အကြမ်းအားဖြင့် ယူကြရပါတယ်ရှင့်

11/11/2021

🙏🙏🙏မဂ်လာပါရှင် Amazing Jupiter Company Limited မှ မဂ်လာရှိသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်

✨✨ဒီနေ့မှာတော့ ပန္နက်ရိုက်ခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးကို မျှဝေပေးလိုက်ပါတယ်ရှင့်

✨✨တနင်္ဂနွေသား အိမ်ဆောက်လျှင် ကြာသာပတေးသား ကြိုးရင်းကိုင်၊ သောကြာသား ကြိုးဖျားကိုင်၊ စနေသား ပန္နက်ရိုက်ရမည်။

✨✨တနင်္လာသား အိမ်ဆောက်လျှင် သောက်ကြာသား ကြိုးရင်းကိုင်၊ စနေသား ကြိုးဖျားကိုင်၊ တနင်္ဂနွေသား ပန္နက်ရိုက်ရမည်။

✨✨အင်္ဂါသား အိမ်ဆောက်လျှင် စနေသား ကြိုးရင်းကိုင် တနင်္ဂနွေသား ကြိုးဖျားကိုင်၊ တနင်္လာသား ပန္နက်ရိုက်ရမည်။

✨✨ဗုဒ္ဓဟူးသား အိမ်ဆောက်လျှင် တနင်္ဂနွေသား ကြိုးရင်းကိုင် တနင်္လာသား ကြိုးဖျားကိုင်၊ အင်္ဂါသား ပန္နက်ရိုက်ရမည်။

✨✨ကြာသာပတေးသား အိမ်ဆောက်လျှင် တနင်္လာသား ကြိုးရင်းကိုင်၊ အင်္ဂါသား ကြိုးဖျားကိုင်၊ ဗုဒ္ဓဟူးသား ပန္နက်ရိုက်ရမည်။

✨✨သောက်ကြာသား အိမ်ဆောက်လျှင် အင်္ဂါသားကြိုးရင်းကိုင် ဗုဒ္ဓဟူးသား ကြိုးဖျားကိုင်၊ ကြာသပတေးသား ပန္နက်ရိုက်ရမည်။

✨✨စနေသား အိမ်ဆောက်လျှင် ဗုဒ္ဓဟူးသား ကြိုးရင်းကိုင် ကြာသာပတေးသား ကြိုးဖျားကိုင် သောကြာသား ပန္နက်ရိုက်ရမည်။

🙏🙏မဂ်လာရှိသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်လိုက်ပါတယ်ရှင့်🙏🙏

06/11/2021

👏👏"ဓားတိုနေရင်​ ဓားရှည်​ မတောင့်​တနဲ့ ရှေ့တစ်​လှမ်းတိုးခုတ်​ပါ"👏👏

✨✨အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ..............
ဆင်တွေထဲမှာ အစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်
ဟိုင်းဆင်ကအစွယ်မပါတော့
ဘာလုပ်ရလဲဆိုတော့❓

✨✨နှာမောင်းကိုသန်အောင်လုပ်ရတယ်
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး
တောထဲမှာစွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကို အစွယ်နဲ့ပြေးထိုးတယ်
အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်
သစ်လုပ်သားတွေကပြောဖူးတယ်
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့
ပြေးတာမလွတ်လို့ အရိုက်ခံရရင် အရိုးတောင်ထင်တယ်တဲ့
ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်
ဆိုလိုချင်တာက.......................
မင်းတို့မှာ ဘာချို့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့
တစ်ဖက်မှာအားနည်းရင် တစ်ဖက်ဖက်မှာအားသာလာအောင်ကြိုးစားကြပါ။

အထက်ပါစကားသည် ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

💡💡 မီးသီးကိုစတင်တီထွင်ခဲ့တဲ့ေ သာမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်..........
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်
နောက်ဆုံးမှာစာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမတတ်ချင်တာနဲ့ထွက်လိုက်တယ်...
အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်
ဒါပေမယ့် သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..

👩‍🎓👩‍🎓နီကိုလပ်စ်ဂျိမ်းဗျူဂျက်ဆစ်
သူကမွေးကတည်းက
ခြေလက်လေးဘက်စလုံးမပါဘူး
လူစင်မမှီတဲ့ခြေထောက်အတိုလေးပါတယ်
အဲ့ခြေထောက်နဲ့ ကွန်ပြူတာကိုင်တယ်
စာရေးတယ် သူအသက် ၂၁မှာ
စီးပွားရေးကုန်သွယ်ဘွဲ့ကိုရတယ်
စာအုပ် ၇အုပ်တိတိလည်းရေးသားထုတ်ဝေခဲ့တယ်
လူငယ်တွေအတွက်လည်း
ဟောပြောပွဲတွေမှာ ဟောပြောမှုတွေလုပ်ခဲ့တယ်...

👨‍⚖️👨‍⚖️ဘုရားဇီးသမ္မတဟောင်း
လူလာဒါဆီလ်ဗား
သူများဖိနပ်ကိုအငှါးတိုက်ပေးတဲ့ကလေးဘဝကနေ
သမ္မတဖြစ်ခဲ့တယ်...

👮‍♀️👮‍♀️အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...
သိပ္ပံဘွဲ့ရတယ် အံ့အားသင့်စရာအကောင်းဆုံးက
လေယဉ်မှုးဖြစ်သွားတာပဲ လက်မပါတဲ့လေယဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

✨✨ပြေတီဦးစကားငှါးပြောရရင်
ရူးတောင်သွားဦးမယ်...
လွယ်လွယ်နဲ့တော့ စံပါယ်မပွင့်နိုင်ဘူး
လူတွေရဲ့တံတွေးခွက်ထဲကနေ
သူတို့တွေကြိုးစားခဲ့ရပုံတွေကတော့
သူတို့တွေရဲ့ အထုပ္ပတ္တိသာဖတ်ကြည့်ပါ...

✨✨ကျွန်တော်ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...
လွယ်လွယ်နဲ့မရပါဘူး

🏃‍♀️🏃‍♀️သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်
အားနည်းချက်၊ ချို့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ...........

အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို
ခင်ဗျား အားနည်းချက်ဆိုတာမေ့ထားပြီး
ကြိုးစားကြည့်ပါ............

✨✨ခြေင်ဗျားအတွက်နေရာကောင်းတစ်ခုရှိပါတယ်...
"အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ"
✨✨ပြဿနာကပြဿနာမဟုတ်ဘူး
ပြဿနာကိုမဖြေရှင်းတတ်တာ
ဖြေရှင်းနိုင်မယ့်နည်းလမ်းမရှာတာက
ပြဿနာအစစ်ပါ"
✨✨ထိပ်တန်းကိုရောက်နေသူတိုင်းဟာ
ဥုံဖွဆိုပြီးဖြစ်လာတာမဟုတ်ဘူး
သူတို့လည်းအခက်အခဲတွေကြားက
ကုန်းရုန်းထခဲ့တဲ့သူတွေချည်းပါပဲ
✨✨ဘဝမှာအောင်မြင်သူဖြစ်ချင်ရင်
ရိုးရိုးကန်မရရင် ရုန်း၍သာကန်ပစ်လိုက်ပါ
ခင်ဗျားအောင်မြင်မှာပါ..။
✨✨ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး
🙏🙏ပွဲတစ်ပွဲရဲ့အဖြေဟာ
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။
စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
" ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ "🙏🙏


source အတွေးအမြင်​အယူအဆ
ခရီးသည်

02/11/2021

🙏🙏🙏မင်္ဂလာပါရှင် Amazing Jupiter Trading မှ မင်္ဂလာရှိ‌သော နေ့ရက်များကို ပိုင်ဆိုင်နိုင် ကြပါစေလို့ ဆုမွန်ကောင်း‌တောင်းပေးလိုက်ပါတယ်ရှင့်......
မိုးကြိုးလွှဲတပ်ဆင်ခြင်းဆိုင်ရာ သိထားရမည့်အခြေခံအကြောင်းရာများ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
မိုးကြိုးလွှဲစနစ်မှာပါဝင်သော အခြေခံအစိတ်အပိုင်းများမှာ...
~ ဖြစ်ပေါ်လာသော မိုးကြိုးကို ဖမ်းယူနိုင်သော မိုးကြိုးလွှဲ (Air Terminal)
~ မိုးကြိုးလွှဲ (Air Terminal) မှ ဖမ်းယူရရှိထားသော မိုးကြိုးလျှပ်စီးကို အဆောက်အဦးနှင့်သက်ရှိသတ္တဝါများကို မထိခိုက်စေဘဲ မြေကြီးစီသို့ ဆွဲချပေးသော ကြေးကြိုး (Down Conductor) များ
~ ကြေးကြိုး (Down Conductor) မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေသော မြေဓါတ်ချခြင်း (Earthing System) စနစ်များ
~ မိုးကြိုးလျှပ်စီးကြောင့် တစ်ဆင့်ခံဖြစ်လာသော ရှော့လျှပ်စီးများ (Over Voltage, Surge Voltage) ကို အကာအကွယ်ပေးသော မိုးကြိုးလွှဲ ဘရိတ်ကာ ( internal surge protector ) တွေ အဓိကပါဝင်ပါတယ်။...ဖော်ပြပါ အချက်ထဲက တခုခု မကောင်းရင် အချိတ်အဆက်မမိရင် မိုးကြိုးဒဏ်ကို ခံရမှာက အသေအချာပါ။
♦️ လိုအပ်သောတပ်ဆင်မှုအချို့ကို လုပ်ကိုင်ဖူးသမျှ လေ့လာမိသမျှကို ဖော်ပြပေးလိုက်ပါတယ်။
တပ်ဆင်မည့်အမျိုးအစားပေါ်မူတည်၍ မူကွဲသတ်မှတ်ချက်တွေ ရှိနိုင်ပါတယ်...
♦️ မိုးကြိုးလွှဲ (Air Terminal) ကိုတပ်ဆင်မည့် မည်သည့် အဆောက်အဦးထက်မဆို(၂)မီတာပိုမြင့်၍တပ်ဆင်ရမည်။
♦️ မိုးကြိုးလျှပ်စီးကို သယ်ဆောင်ပေးမည့် ကြေးကြိုး (Down Conductor) သည် ဧရိယာ အနေဖြစ် အနဲဆုံး 50 mm square ရှိရမည်။လုံးပတ်‌‌ကြေးကြိုး Round Conductor)နဲ့ တိတ်ကြေးပြား (Flat Conductor) တွင် ဧရိယာချင်းတူပါက မျက်နှာပြင်ဧရိယာပိုမိုကျယ်ပြန့်သော တိတ်ကြေးပြား (Flat Conductor) ကိုပိုမိုရွေးချယ်အသုံးပြုကြပါသည်။ အထူးသဖြစ် Tin Coated Copper Flat Wire ကို အသုံးပြုရန်လိုအပ်ပါသည်။
♦️ Down Conductor ကို ဖြစ်နိုင်သမျှ တစ်ဖြောင့်တည်းတပ်ဆင်ရမည်ဖြစ်ပြီး ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေနိုင်ရန် Earthing Point ဆီသို့ အတိုဆုံး အဖြောင့်ဆုံးလမ်းကြောင်းအတိုင်းတပ်ဆင်ရမည်။ သတိပြုရန်မှာ Down Conductor ဖြတ်သန်းရာလမ်းကြောင်းတွင် လျှပ်စစ်နည်းလမ်းအရ ညို့ဝင်နိုင်သော အခြားမည်သည့် Electrical Cable များမရှိစေရပါ။
♦️ အကယ်၍ Down Coductor ကို အဆောက်အဦးပြင်ပမှ သွယ်တန်းယူခြင်း မဖြစ်နိုင်ပါက Down Conductor ဝင်ဆန့်သောအရွယ်ဖြစ်သည့် ကာဗာ( Insulation, Non Flammable Duct ) ဖြစ် သွယ်တန်းနိုင်ပါသည်။ ဒီနေရာမှာ အဆောက်အဦးအတွင်းမှ သွယ်တန်းခြင်းသည် အဆောက်အဦးအပြင်မှ Down Conductor သွယ်တန်းယူခြင်းထက် နီးဆက်ရာ Electrical Wire အတွင်းသို့ လျှော့လျှပ်စီး (Voltage Surge) များဝင်ရောက်နိုင်ခြေပိုများလာနိုင်ပါသည်။
♦️ Down Conductor ကို အဆောက်အဦး တွင်တပ်ဆင်ပါက လမ်းတလျှောက် ၁ မီတာ အကွာအဝေးတိုင်းတွင် ကလစ် (Fixing Clamp) ဖြစ်သေချာစွာ တပ်ဆင်ရမည်။
♦️ Down Conductor ၏ အရှည်သည် ၂၀ မီတထက်ပိုရှည်ပါက ၂၀မီတာအရှည်တိုင်းတွင် ဂျိုင်းဘောက်စ် (Expension Joint ) ကိုတပ်ဆင်ရမည် ဖြစ်သည်။
♦️ Down Conductor ကို တပ်ဆင်ရာတွင် မြေပြင်နှင့်နီးကပ်လာချိန် မြေပြင်အထက် ၂မီတာကိုကာဗာပြွန် (Insulated Guard Tube) နှင့်အကာအကွယ်ပြုတပ်ဆင်ရမည်။ ထိုမှသာ မိုးကြိုးလျှပ်စီး စီးဆင်းချိန်၌ လူနှင့်သက်ရှိတို့ မတော်တဆထိမိခြင်းမှ ကာကွယ်နိုင်မည်။
♦️Down Conductor မှ ဆွဲချစီးဆင်းလာသော မိုးကြိုးလျှပ်စီးကို မြေကြီးထဲသို့ ခွဲဖြာစီးဆင်းစေနိုင်ရန် Earthing Point ၏ Earthing Resistance ကိုတိုင်းတာနိုင်ရန် အတွက် Earth Test Link Box ကို မြေပြင်အထက် ၁.၅ မီတာတွင်တပ်ဆင်ထားခြင်းဖြစ် ESE စနစ်၏ Earthing Resistance ကို လိုအပ်သလို ခွဲခြားတိုင်းတာနိုင်မည်ဖြစ်ပြီး သီးခြားသတ်မှတ်ချက် မရှိပါက ၎င်း Earthing Resistance သည် 10 Ohm အနည်းဆုံးရှိရမည်။ သီးခြားသတ်မှတ်ချက် ( ဥပမာ 2 Ohm) ဆိုပါက ထို OHM ရရှိသည်အထိ Earthing စနစ်ကို ပြုလုပ်ရမည်။
♦️ Earth Conductor ကို မြေပြင်အောက် ( - 500 mm ) အောက်တွင်အနိမ့်ဆုံးမြုပ်နှံတပ်ဆင်ရမည်။ Under Ground တွင်မြုပ်နှံတပ်ဆင်ထားသော Electrical Wire လမ်းကြောင်းများဖြစ် အနည်းဆုံး ၁ မီတာ အကွာတွင်ထားရှိရမည်ဖြစ်ပြီး Gas Pipe Line များပါဝင်ပါက ထိုလမ်းကြောင်းမှ အနည်းဆုံး ၃ မီတာအကွာတွင် ထားရှိရမည်ဖြစ်သည်။
ပစ္စည်းအစိတ်အပိုင်းများကို comment တွင်
ကြည့်ရှု့နိုင်ပါသည်။

22/10/2021

🕵️‍♀️ အိပ်နေတဲ့အချိန်မှာတောင် ပိုက်ဆံရမဲ့နည်းလမ်းကို မရှာဘူးဆိုရင်၊
မင်းတော့ သေတဲ့အချိန်ထိ အလုပ်လုပ်ရလိမ့်မယ်‼

22/10/2021

📢📢ဘိလပ်မြေကို Class Type အလိုက်ခွဲခြားစို့‼️

🌟🌟ဘိလပ်မြေကို Class Type အနေနဲ့ 3 မျိုးခွဲခြားထားပါတယ်။
👉32.5 ဘိလပ်မြေ
👉42.5 ဘိလပ်မြေ
👉52.5 ဘိလပ်မြေ တို့ ဖြစ်ပါတယ်။

👉32.5 ဘိလပ်မြေ
32.5 Class ဘိလပ်မြေဆိုသည်မှာ ကွန်ကရစ်လောင်းပြီး (၂၈) ရက်ကြာသောအခါ Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက 32.5 MPa (Grade 32.5 =4712.5 psi) ရရှိသော ဘိလပ်မြေ အရည်အသွေးဖြစ်ပါသည်။
32.5 class ဘိလပ်မြေအုတ်စီလုပ်ငန်း၊ နံရံအချောကိုင်လုပ်ငန်းများ အသုံးပြုရာတွင် အသင့်တော်ဆုံးဖြစ်သည်။ 32.5 Class ဘိလပ်မြေ၏ ခံနိုင်ဝန်အားသည် သတ်မှတ်သောစံချိန် စံညွှန်းအရ စတင်မာခဲချိန်နှင့် နောက်ဆုံးမာခဲချိန်သည် နှေးတတ်သည့် သဘာဝရှိသည်။
32.5 Class ဘိလပ်မြေကို ကျွမ်းကျင်အတတ်ပညာရှင်အင်ဂျင်နီယာများ၏ သတ်မှတ် ညွှန်ကြားထားသည့်အတိုင်း အချိုးကျ ရောစပ် အသုံးပြုသင့်ပါသည်။ ရာသီဥတု အခြေအနေအလိုက် 4°C မှ 38°C အတွင်းနေရာဒေသအလိုက် လုပ်ငန်းအမျိးအစားအလိုက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

👉42.5 ဘိလပ်မြေ

42.5 Class ဘိလပ်မြေဆိုသည်မှာ ကွန်ကရစ်လောင်းပြီး (၂၈) ရက်ကြာသောအခါ Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက 42.5 MPa (Grade 42.5 =6162.5 psi) ရရှိသော ဘိလပ်မြေ အရည်အသွေးဖြစ်ပါသည်။
42.5 class ဘိလပ်မြေအုတ်စီလုပ်ငန်း၊ နံရံအချောကိုင်လုပ်ငန်းများ အသုံးပြုရာတွင် အသင့်တော်ဆုံးဖြစ်သည်။ ရိုးရိုးအုတ်တိုက် နံကပ်တိုက်များ၊ အထပ်အမြင့် (၄) ထပ်အောက် ဆောက်လုပ်မည့် အဆောက်အဦးများတွင် 42.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။ 42.5 Class ဘိလပ်မြေ၏ ခံနိုင်ဝန်အားသည် သတ်မှတ်သောစံချိန် စံညွှန်းအရ စတင်မာခဲချိန်နှင့် နောက်ဆုံးမာခဲချိန်သည် နှေးတတ်သည့် သဘာဝရှိသည်။
42.5 Class ဘိလပ်မြေကို ကျွမ်းကျင်အတတ်ပညာရှင်အင်ဂျင်နီယာများ၏ သတ်မှတ် ညွှန်ကြားထားသည့်အတိုင်း အချိုးကျ ရောစပ် အသုံးပြုသင့်ပါသည်။ ရာသီဥတု အခြေအနေအလိုက် 4°C မှ 38°C အတွင်းနေရာဒေသအလိုက် လုပ်ငန်းအမျိးအစားအလိုက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

👉52.5 ဘိလပ်မြေ

52.5 Class ဘိလပ်မြေဆိုသည်မှာ ကွန်ကရစ်လောင်းပြီး (28) ရက်ကြာသောအခါ Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက 52.5 Mpa (Grade 52.5=7612.5 psi) ရရှိသော ဘိလပ်မြေ အရည်အသွေးဖြစ်ပါသည်။
လမ်းတံတားများ၊ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများနှင့် အထပ်အမြင့် (၄) ထပ်ကျော် ဆောက်လုပ်သော အဆောက်အဦးများတွင် အသုံးပြုနိုင်သည်။ ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေသည့်အတွက် ထုထည်ကြီးမားသော တိုက်တာအဆောက်အဦးများ၊ လမ်းတံတားများတည်ဆောက်ရာတွင် 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်သည်။
စတင်မာခဲချိန်တွင် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိသည့်အတွက် ရေနှင့်အမြဲထိတွေ့နေသော နေရာများ၊ အစိုဓာတ်များသော နေရာများ၊ ငလျင်ဒဏ်သဘာဝဘေးအန္တာရာယ်တို့နှင့် အနီးကပ်ဆုံး ဒေသများတွင် 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်သည်။
ကျွမ်းကျင်အတတ်ပညာရှင် အင်ဂျင်နီယာများ၏ သတ်မှတ်ညွှန်ကြားထားသည့်အတိုင်း အချိုးကျ ရောစပ်အသုံးပြုသင့်ပါသည်။ ရာသီဥတု အခြအနေအလိုက် ရာသီဥတု အခြေအနေအလိုက် 4°C မှ 38°C အတွင်းနေရာဒေသအလိုက် လုပ်ငန်းအမျိုးအစားအလိုက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

✨✨မဂ်လာရှိသော နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Amazing Jupiter Trading မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်✨✨

🥰🥰 လက်တွဲတူညီ ရှေ့သို့ချီ
Jupiter ရဲ့အကူအညီ🥰🥰

21/10/2021

👏👏၁တန်မှာရှိတဲ့ သံချောင်းအရေအတွက်ကို တွက်ကြည့်ကြရအောင်❓❓❓

✨✨များသောအားဖြင့် သံချောင်းတွေက ဆိုဒ်ထဲကို 12 m အလျားအဖြစ်ရောက်လာတတ်ကြပါတယ်။
✨✨လူတော်တော်များများက ၁တန်မှာ ဘယ်နှစ်ချောင်းရှိလဲဆိုတာကို အလွတ်ကျက် မှတ်ထားပြီးသားကြပါ။
✨✨လူကြီးမင်းတို့အတွက် အသုံးများတဲ့ ဆိုဒ်တွေကို မှတ်မိဖို့ လွယ်ပေမဲ့ အသုံးမများတဲ့ဆိုဒ်တွေအတွက် မှတ်မိဖို့ မလွယ်ကူကြပါဘူး။
✨✨ဒီအခက်အခဲတွေကို ပြေလည်ဖို့ အတွက် Amazing Jupiter Trading က ဖြေရှင်းပေးပါရစေ။
👉ပုံသေနည်းလေးကတော့ 1 ton = 13500/ အချင်းနှစ်ထပ် 👈
ဥပမာ 10 mm= 13500/10^2 =135 = 135 ချောင်း
12 mm= 13500/12^2 =93.75 = 93 or 94 ချောင်း
📔📔မှတ်ချက်အနေနဲ့ကတော့ အဖြေကို or သုံးရခြင်းသည် ဂဏန်းတွေ အတိအကျမဟုတ်တဲ့အခါ တိုးယူ/လျေ့ာ့ယူ ကြလို့ ကွာတတ်ကြပါတယ်။📔

🥰🥰လက်တွဲတူညီ ရှေ့သို့ ချီ

Jupiterရဲ့ အကူအညီ🥰🥰
🙏🙏မဂ်လာရှိသောနေ့သစ်လေးမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာတဲ့ နေသစ်လေးပိုင်ဆိုင်နိုင်ကြပါစေလို့ Amazing Jupiter Trading မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🙏🙏

19/10/2021

👉ပိုက်ဆံ တစ်ခုတည်းအတွက် ဘယ်တော့မှကုန်မသွယ်ပါနှင့်

19/10/2021

🙏🙏🙏 မဂႅလာရှိသော သီတင်းကျွတ်နေ့လေးမှာ ချစ်ရပါသော မိဘ၊ ဆေမျိုး၊ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်စရာနေရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Amazing Jupiter Trading မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏

Telephone

Website