Ocha Bubble Tea

Ocha Bubble Tea

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ocha Bubble Tea, Bubble Tea Shop, .

07/04/2024

နွေဆိုတာ အသီးဖျော်ရည်လေးနဲ့မှ ပြီးပြည့်စုံတာရယ် 🥹

Ocha မှာ အသီးဖျော်ရည်နဲ့ ပတ်သတ်ပြီး နာမည်ကြီးတွေထဲကဆိုရင် ဒီကောင်လေးတွေရှိတယ်။ အားလုံးက အရသာလေးလည်းမိုက်၊ ကျန်းမာရေးနဲ့လည်းကိုက်ဆိုတော့ တော်တော်များများ တစ်ခုမဟုတ် တစ်ခုတော့ သောက်ဖူးမယ်ထင်တယ်နော်။ ဆိုတော့ ဒီထဲမှာ ကိုယ့်အတွက် Summer Essential Favorite Drink လေးတစ်ခွက်ဆို ဘာလေးများဖြစ်မလဲဆိုတာ Reaction လေးနဲ့Vote ပေးခဲ့ပါဦး...😉

နောက်ပြီး ဒီထဲမှာ John Lemon တို့ Man-Gohh တို့လိုနာမည်လေးတွေနဲ့ ပျော်စရာကောင်းအောင် ပေးထားတာဆိုတော့ ကိုယ့်မှာ အခြား Idea လေးတွေရှိတယ်ဆိုရင်လည်း Comment မှာ Ment သွားပေးခဲ့နော်😂 ။ ဥပမာ- 🍉 Watermeowlon Cheese 🧀 တို့ ဘာတို့...

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

06/04/2024

Summer menu

06/04/2024

KBZPay ရဲ့ Ocha Mini App နဲ့အအေးဝယ်သောက်မယ်📱👈🏻

☀️နွေနေပူပူမှာ ရင်အေးအောင် အအေးဝယ်သောက်ဖို့စဉ်းစားနေတယ်ဆိုရင် KBZPay မှာ Ocha Mini App ရှိနေပါပြီ..
ကြိုက်နှစ်သက်ရာ Bubble Tea တွေအပြင် အခြားသော အအေးအမျိုးအစားအစုံအလင်ကို KBZPay ရဲ့ Ocha Mini App မှာအလွယ်တကူရွေးချယ်ဝယ်ယူသောက်သုံးနိုင်ပြီဆိုတော့ နွေနေပူပူမှာ အိုအေစစ်လေးရှာတွေ့ပြီလေ😎❤️

ယခုလင့် (https://bit.ly/ocha_mini_app) မှတဆင့် KBZPay ရဲ့ Ocha Mini App မှာ ကိုယ်တိုင်ယူစနစ်ဖြင့် စတင်မှာယူသောက်သုံးပြီး KBZPay နဲ့ ရှင်းလိုက်ပါ။

ငွေပေးချေပြီးသား အော်ဒါများကိုလည်း KBZPay ရဲ့ Ocha Mini App ထဲမှာ အလွယ်တကူပြန်လည် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

မှာယူနိုင်သောဆိုင်ခွဲများ - (https://kbzpay.co/4cE00iV)

05/04/2024

လိပ်ပြာလေးနဲ့ ပန်းလေး လို လှပတဲ့ပေါင်းစပ်မှု 🦋

နုပျိုမှု၊ လန်းဆန်းခြင်း၊ ကျန်းမားရေး အပြင် အရသာကအစ သောက်လို့ သိပ်ကောင်းတဲ့ Yuzu Butterfly လေးကို မ Try ရသေးရင် Try ကြည့်စေချင်တယ်။ အောင်မဲညိုလို့ ခေါ်တဲ့ Butterfly Pea နဲ့ 🍋 ဂျပန်ပျားလိမ္နော် Yuzu သီးတို့ရဲ့ ပေါင်းစပ်ခြင်းက သူမတူအောင် ထူးခြားပြီး အဘက်ဘက်က အပြစ်ပြောရက်မရှိလောက်အောင်ပဲရယ်။ အရသာလည်းမိုက်၊ ကျန်းမာလှပဖို့အတွက်လည်း အထောက်အကူဖြစ်တဲ့အပြင် နောက်တစ်ခုက ဓာတ်ဖမ်းတဲ့ နှစ်ရောင်စပ်လေးကလည်း So Perfect ပဲ😉

ဒီ Drink လေးက Yuzu Serie ထဲမှာ အသစ်ဖြစ်သလို Ocha ဆိုင်ခွဲတိုင်းမှာလည်း ရနေပြီဖြစ် ဒီတစ်ခေါက် ဆိုင်ရောက်ရင် ဒါ ‌လေးသောက်ကြည့်ဦးနော်❗

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

04/04/2024

မန်ဘာကတ်ပြပြီး အထူးခံစားခွင့် ရယူလိုက်ပါ❗😱

မက်ခရိုရဲ့ ၄ နှစ်ပြည့် Anniversary လေးမှာ မက်ခရိုမန်ဘာကတ်ရှိရုံနဲ့ Ocha Makro ဆိုင်ခွဲမှာ ၁သောင်းဖိုးနှင့်အထက် ဝယ်ယူပြီး 20% discount ရယူနိုင်ပါပြီနော်။

Promotion လေးက ဧပြီလ ၃ ရက်နေ့ကနေ ၉ ရက်နေ့ အထိရှိတာဆိုတော့

Makro မှာဈေးဝယ်ရင်း အမောပြေ Ocha ဆီကိုသာအပြေးလေးလာခဲ့လိုက်တော့❤️🫶🏻

❗Show your Member Card & Enjoy ❗

03/04/2024

မက်ခရိုရဲ့ ၄ နှစ်ပြည့် anniversary မှာ Ocha Makro ဆိုင်ခွဲမှာ မက်ခရိုမန်ဘာကဒ်ပြရုံနဲ့ 20% discount အထူးခံစားခွင့် ရနေပါပြီနော်

Promotion လေးက ဒီနေ့ကစပြီး Apr 9 ရက်နေ့အထိတောင်ရှိနေမှာဆိုတော့ ယူတို့ စိတ်ကြိုက်ပဲပေါ့ကွာ🤪❤️❤️

🎉 မက်ခရို ၄ နှစ်ပြည့်တော့မှာဆိုတော့ 📲 မက်ခရိုမန်ဘာကဒ်ပြရုံနဲ့ မက်ခရိုရဲ့ Partners တွေစီက အထူးခံစားခွင့်ရယူလိုက်ပါ 🥳❤️

🏷️ အထူးပရိုမိုးရှင်းတွေကတော့
၁) D&C - 30% OFF
၂) Ocha - 20% OFF
၃) Mango Mania - 20% OFF
၄) Ripples - 10% OFF
၅) Thae Lay Coffee - 10% OFF
၆) Mala King, Sushi King & Hotpot Paradise - 10% OFF
၇) BSC - Buy 1, Get 1 on Selected items (ဘယ်ပစ္စည်းလဲဆိုတာ အောက်က မှာကြည့်လိုက်တော့ 😉👇🏼)
၈) Next Generation
၉) Potato Corner - 10% OFF
၁၀) My Page - Upto 25% OFF

📆 ပရိုမိုးရှင်းကာလ - ဧပြီလ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ ‼️
•••••••••••••••••••••••••••
🎉 Makro’s 4th Year Anniversary is coming soon 📲 So, just show your member card & enjoy these promotions from our Partners JUST FOR YOU 🥳❤️

The Special Promotions includes:
1) D&C - 30% OFF
2) Ocha - 20% OFF
3) Mango Mania - 20% OFF
4) Ripples - 10% OFF
5) Thae Lay Coffee - 10% OFF
6) Mala King, Sushi King & Hotpot Paradise - 10% OFF
7) BSC - Buy 1, Get 1 on Selected items (check the items in the comment below 😉👇🏼)
8 ) Next Generation
9) Potato Corner - 10% OFF
10) My Page - Upto 25% OFF

📆 Promotion Period - 3rd to 9th April ‼️

02/04/2024

❗Ocha x Yoma Bank ❗

Weekend တိုင်း 15% OFF + Extra Cash Back ရနိုင်မယ့် အခွင့်အရေး🫨

Ocha ချစ်သူ ပန်ကာလေးတို့အတွက် ဒီနေ့မှစပြီး မေလကုန်တဲ့အထိ လျှော့့ဈေးရရှိနိုင်မယ့် အစီအစဉ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်❤️

အဲ့တာကတော့ Ocha ဆိုင်ခွဲတိုင်း မှာ အနည်းဆုံး ၁၀,၀၀၀ ကျပ်ဖိုး နှင့်အထက်ဝယ်ယူလိုက်တာနဲ့ လက်ငင်းလျော့စျေး 15 % OFF ရရှိမှာဖြစ်တဲ့အပြင် Cash Back ၂,၀၀၀ ကျပ်လည်း ထပ်မံရရှိနိုင်မယ့် Double Promotion အစီစဉ်လေးပဲ ဖြစ်ပါတယ်🫢

E-money Cash back ပြန်ရမယ့်အစီစဉ်လေးကတော့ 15% လျော့ပြီးသားကိုမှ ၁၀၀၀၀ဖိုးပြည့်တယ်ဆိုတာနဲ့ cash back ပြန်ရမှာဖြစ်ပြီး ဆိုင်မှာ ပထမဆုံး လာဝယ်တဲ့ Customer အယောက် ၅၀၀ သာ သတ်မှတ်ထားပေမယ့် တစ်ရက်၊ တစ်ခါဆိုတော့ Chance ကတော့ အမြဲတမ်းရှိနေမှာမို့ ဒီပရိုမိုရှင်းကတော့ တန်ပြီးရင်းကို တန်ပဲနော်..❗❗

နောက်ပြီး လစဉ် Lucky Draw အစီစဉ်ကြီးလဲရှိသေးတော့ စားမယ်၊ဝယ်မယ်၊ cash back နဲ့ လက်ဆောင်တွေ ယူဖို့ ready ပဲလားဟေ့.....🎉🎁

စည်းကမ်းချက်များ
- Yoma Bank Next Mobile Application ကိုအသုံးပြုပြီး Wave QR ကို Scan ဖတ်ကာ ငွေပေးချေရပါမည်
- စနေ၊တနင်္ဂနွေပိတ်ရက်များတွင်သာ 15% discount ခံစားခွင့်ရရှိမည်ဖြစ်ပြီး E-Money Cash back ကိုတော့ တစ်ရက်လျှင် အယောက် 500သာ ရရှိနိုင်ပါမည်
- ပြန်အမ်းငွေကို Yoma Bank Account ထဲသို့ ဘဏ်ဖွင့်ရက် (၃) ရက်အတွင်းထည့်သွင်းပေးပါမည်
- အငြင်းပွားဖွယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက Admin Team ရဲ့ ဆုံးဖြတ်ချက်သာ အတည်ယူသွားပါမည်

𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ကို ဒီလင့်ခ် (ymbank.co/next) မှာ Download ပြုလုပ်နိုင်ပါတယ်။

01/04/2024

🐟 ငပိ Wombo Combo အတွဲအဖက်အသစ်

သမရိုးကျ ချိုကျကျ အရသာမဟုတ်တဲ့ မွှေးမွှေးလေးနဲ့ ရှုးရှဲစေမယ့် ငံပြာရည် Milk Tea နဲ့ အတူ ငါးပိထောင်း Waffle Combo အသစ်တွေထွက်တယ်ဗျို့... တစ်ငုံသောက်၊ တစ်ကိုက်စား လိုက်တာနဲ့ တနေ့တာအတွက် လုံလောက်သလို၊ တစ်လလောက်ထိ အထားလည်း ခံတာဆိုတော့ သတိရရင် ပြေးသောက်၊ ပြေးစားရုံပဲ😉 တမူထူခြားအရသာလေးနဲ့အတူ အခုပုံကြည့်လိုက်တာနဲ့တင် ရီဝေဝေလေးဖြစ်မိသွားမှာကိုက သူ့ရဲ့အသက်ဆိုတော့ Limited Edition အနေနဲ့ ထွက်ရှိမယ့် ဒီ Combo လေးက မြန်မာမှန်ရင် လုံးဝကို Must Try ပဲ❗

ဆိုင်မှာလဲ ဒီနေ့ကစပြီး အမြည်း Sample ပေး Try မှာဆိုတော့ ဒီနေ့ ဆိုင်ရောက်ရင် မေးကြည့်ခဲ့အုံးနော်။ စျေးနှုန်းကတော့ သတ်မှတ်ထားခြင်းရှိမှာမဟုတ်ဘဲ Customers တွေကိုယ်တိုင်
တန်ဖိုးဖြတ်ပြီး ကြိုက်နှစ်သလောက် ပေးခဲ့ရုံပဲဆိုတော့ ရှယ်တန်တန်ပဲဗျို့..❤️

29/03/2024

စိတ်ကူးကြည့်ဖူးလား❓

Ocha Drinks တစ်ခွက်ချင်းစီတိုင်းမှာ မတူညီတဲ့ ခံစားချက် တွေရနိုင်တယ်ဆိုတာ။ ဥပမာ-

🍵 Marcha Yuzu Ice Blended ဆိုရင်ကွာ လေတဖြူးဖြူး တိုက်နေတဲ့ တောင်ပေါ်ဒေသက ယာခင်း စိမ်းစိမ်းတွေဆီ ခဏတာ ရောက်သွားသလို သဘာဝရဲ့ အထိအတွေ့ နဲ့ အေးမြလန်းဆန်းခြင်းကိုပါ ခံစားရစေနိုင်တယ်။

🍋 အယ် Yuzu Cold Brew လေး ကျတော့ တမျိုးလေး။ ကန္တာရထဲ ရောက်နေရသလို ပူပြင်းတဲ့ ရာသီဥတု မျိုးမှာ Yuzu Cold Brew လေးသာဘေးနားမှာရှိကြည့် အိုအေစစ် လေး တစ်ခုကိုရှာတွေ့လိုက်ရသလိုမျိုး ပျော်ရလိမ့်မယ်။

🍉 Watermelon Cheese 🧀 ကျပြန်တော့ ကမ်းခြေ Vibe နဲ့ အနီးစပ်ဆုံးပဲ။ လတ်ဆတ်တယ် ၊ အမောပြေတယ်၊ မသိရင် ကမ်းခြေမှာ အပန်းဖြေနေရသလိုပဲ🏖️

🦋 နောက်ဆုံး တစ်ခွက် Yuzu Cloudy လေးကို ရိုးရိုးလေးစိတ်ကူးရရင် လိပ်ပြာလေးတစ်ကောင် ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပြန်သန်းနေသလို၊ တိမ်တွေလို လေပေါ်မှာ လွင့်နေသလို ခံစားမှုမျိုး So Chillပဲ။

ဆိုတော့ ဒီ (၄) ခွက်ထဲမှာ ကိုယ့်အတွက် အကြိုက်ဆုံး တစ်ခွက်ကို Reaction လေးနဲ့ Vote ပေးခဲ့နော်။ မတူညီတဲ့ အခြားခံစားချက်တွေရှိရင်လည်း တို့ကို Comment မှာ ပြောပြ ပေးလို့ရပါတယ်❤️

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

27/03/2024

🍋 Yuzu Cloudy အသစ်နဲ့ တိမ်တွေလိုလွင့် ☁️

Butterfly Peas လို့ခေါ်တဲ့ အောင်မဲညို ကို ဂျပန်ပျားလိမ္မော် Yuzu သီးနဲ့ Perfect Blend ထားတာလေးက အေးအေးလေး နဲ့ Chill လို့ကောင်းသလို၊ အရသာ ချဉ်ပြုံးပြုံးလေးကြောင့်လည်း တနေ့တာလုံး ကြည်ကြည်လင်လင် နဲ့ လေဟုန်မှာ ဆန်နေသလို ခံစားရမယ်။ နောက်ပြီး နွေနေပူပူနဲ့လည်း သိပ်လိုက်ဖက်တဲ့အပြင် သောက်လို့လည်း အရမ်း အရမ်း ကောင်း။ ဆိုင်ခွဲတိုင်းမှာလည်း ဝယ်ယူလို့ရနိုင်ပြီဖြစ်ကြောင်းကို သတင်းကောင်းပေးလိုက်ပါတယ်ဗျို....📢

ဒါနဲ့ Yuzu Cloudy သောက်ပြီးလို့ ဓာတ်ပုံရိုက်ထားမိရင် Comment မှာ တို့ကိုပြပါဦး၊ အဲ့ Drink လေးက ဓာတ်ပုံရိုက်လို့ သိပ်လှနော် သဘာဝ Purple အရောင်လေးကအသက်ပဲရယ်💜

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

24/03/2024

Happy Full Moon Day of Tabaung!

ချစ်ခင်ရတဲ့သူတွေနဲ့အတူ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏 အခုလို ပိတ်ရက်လေးမှာ အချိုဓာတ်လေးလိုအပ်နေပြီဆိုရင်လည်း Ocha ကို မေ့မထားနဲ့အုံးနော် ❤️

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

22/03/2024

နောက်ဆုံးသုံးခဲ့တဲ့ Emoji လေးကို Ocha ဖြစ်ခွင့်ပေးပါ🥺

☀️ တစ်ရက်တစ်ရက် ပူရ၊ အိုက်ရတဲ့ထဲ Ocha ရောက်ရင် ဘယ် Drink လေး ရွေးလို့ရွေးရမှန်းမသိဖြစ်တာ အမြဲလိုလိုပဲမလား❓ ဒီတစ်ခါကြရင် အဲ့လိုမျိုး ခေါင်းမခြောက်ရအောင် တို့ပြောတဲ့ Challenge လေးလုပ်ကြည့်ကြည့်။ လွယ်တယ်၊ ပျော်ဖို့ကောင်းတယ်၊ Ocha Drinks တွေရဲ့အရသာအစုံကိုလည်း မြည့်စမ်းခွင့်ရမယ်။ လုပ်နည်းလေးကလည်းရှင်းတယ် ကိုယ်နောက်ဆုံးသုံးခဲ့တဲ့ Emoji ကို မှတ်ထားပြီး ပုံထဲက Drinks တွေနဲ့ တိုက်ကြည့်၊ တူတယ်ဆိုရင် အဲ့ Drink လေးဝယ်သောက်ရုံပဲ...

သုံးနေကြ Emoji လေး မပါဘူးဆိုရင်တော့လည်း မှာနေကြလေးပဲ မှာနော်၊ တို့ဝင်မစွက်ဖက်တော့ဘူးရယ်🥺 ဒီ Challenge လေးလုပ်ဖြစ်ခဲ့ရင်တော့ Comment မှာ တို့ကိုလာပြပါအုံး၊ တူတူကြူးကြတာပေါ့....❤️

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

21/03/2024

မနက်ဖြန်ဆို သောကြာရောက်ပြန်ပြီဟေ့😂

မရောက်ခင်လေး Thursday Thirsty အတွက် အချေးလေး တဖြတ်မယ်ဆို အခုလိုရာသီဥတုနဲ့ သိပ်လိုက်ဖက်တဲ့ Yuzu ထဲက အသစ်လေးတွေရွေးနော်။ အရသာလေးကလည်း မိုက်၊ မျက်ဝန်းလေးတွေလည်း တနေကုန် ဖလပ် ဖလပ် ဖြစ်အောင်ကူညီပေးနိုင်တာကြောင့် ဒီပို့စ်လေးတွေလိုက်လို့ သတိရသွားရင် အရသာလေးတွေအကြောင်း အောက်မှာဖတ်ကြည့်ပြီး နှစ်သက်ရာ ကို မှာပစ်လိုက်ပေတော့... အပိုမပြောဘူး တကယ်ကောင်းတယ်၊ သောက်ကြည့်ကြည့်... 🧡

1️⃣ Yuzu Butterfly Tea 🍋- Yuzu နဲ့​ Te​a ပေါင်းစပ်ထားတဲ့ Tea Base Drink တစ်ခုဖြစ်ပြီး အောင်မဲညိုရဲ့ လှပတဲ့ပေါင်းစပ်မှုကြောင့် လန်းဆန်းမှုပေးတဲ့အပြင် ဓာတ်ဖမ်းလို့လဲ ရှယ်လှပဲ။

2️⃣ Matcha Yuzu Ice Blended🍵 - ဒီဟာလေးက Matcha အနံ့မွှေးမွှေးလေးနဲ့ Yuzu ချဉ်ပြုံးပြုံးအရသာလေးကို တစ်ပြိုင်နက်ခံစားရမှာ။ Matcha ကြိုက်တတ်တဲ့သူတွေအတွက် Summer Drink တစ်ခွက်ပဲဆိုပါတော့ လေ။

3️⃣ Yuzu Cloudy☁️🦋 - ဒါကတော့ အောင်မဲညိုရယ် Yuzu ရယ် ပေါင်းစပ်ထားပြီး ချဉ်ချဉ်လေးနဲ့ Fresh ဖြစ်တယ်။ Yuzu Butterfly Tea နဲ့ကွာတာက သူက Ice Blended Drink ပုံစံမျိုးသွားတယ်။

4️⃣ Yuzu Cold Brew Coffee🧊☕ - ကော်ဖီခရေဇီတွေအတွက်ဆို ဒီ Drink လေးက သင့်တော်မယ်။ Cold Brew ရဲ့ ခါးသက်သက် Yuzu ရဲ့ အချဉ်ဓာတ် ပေါင်းစပ်ထားတာလေးက တစ်ငုံချင်းစီတိုင်းမှာကို ထိထိမိမိနဲ့ so so Fresh...

ဒီ Menu Item အသစ်တွေအားလုံးက Ocha ဆိုင်ခွဲတိုင်းမှာ ရတယ်နော်။ မှာ မရခဲ့ဘူးဆိုရင်လည်း တို့ကို လာပြောပြဦး 😉

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

19/03/2024

အေးမြ၊ လတ်ဆတ်၊ လန်းဆန်း Yuzu Cold Brew 3 in 1 ❗

တင်စားရရင်ကွာ ဘေးနားမှာ ဖြတ်လျှောက်သွားတဲ့ အလန်းလေးတွေ့လိုက်ရရင် မျက်ဝန်းလေးတွေ ဖျက်ခနဲ တောက်ပသွားသလို Yuzu Cold Brew လေး တစ်ခွက်သာဘေးနာမှာရှိကြည့် တနေ့တာလုံး လုံးဝ လန်းလန်းဆန်းဆန်းကံ့ကော်ပန်းပဲ😉

အရသာလေးကလည်း ကော်ဖီရဲ့ခါးသက်သက်နဲ့အတူ ဂျပန်ပျားလိမ္မော်လို့ ခေါ်တဲ့ Japanese Yuzu သီး နဲ့ Blend လုပ်ထားတာဖြစ်လို့ ချဉ်ပြုံးပြုံးအရသာလေးကိုမှ ကော်ဖီအနံ့သင်းသင်းလေးနဲ့ ရှယ်။ မြင်အောင်ပြောရရင် ငယ်ငယ်က ကော်ဖီကို သံပုရာသီများများ နဲ့သောက်ဖူးတယ်ဆိုရင် ဒီ Drinks လေးက အဲ့ထက် နှစ်ဆ ပိုသောက်လို့ကောင်းတယ်။

နောက်ပြီး ဝိတ်ကျချင်တဲ့သူတွေအတွက်လည်း သင့်တော်၊ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့အပြင် အခုလို ပူအိုက်အိုက် ရာသီအတွက်လည်း Perfect ပဲ❤️

ဒီ Yuzu Cold Brew Drink လေးက Ocha ရဲ့ Menu Item အသစ်ဖြစ်သလို ဆိုင်ခွဲတိုင်းမှာ ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။ သောက်ပြီးတဲ့သူရှိရင်လည်း အရသာလေး အကြောင်း Comment မှာ ပြောပြေပေးသွားခဲ့ဦးနော်👇

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

15/03/2024

စာမေးပွဲစစ်မယ်ဟေ့ 🤔

နွေနေပူပူအတွက် အသစ်ထွက်ထားတဲ့ အမောပြေ၊လန်းဆန်း Ocha Summer Drinks တွေထဲ အနည်းဆုံး ဘယ်တစ်ခုသောက်ပြီးကြပြီလဲဆိုတာ Reaction လေးနဲ့ ရွေးပေးခဲ့ပါအုံး။ တစ်ခုထက် ပိုသောက်ပြီးပြီဆိုရင်လည်း Comment မှာပြောပြပေးခဲ့လို့ရသလို၊ ဘယ်လိုအရသာလေးတွေရှိတယ် ဆိုတာကိုပါ သူငယ်ချင်းတွေသိရအောင် မျှဝေချင်ရင်လည်း အတိုင်းအဆမရှိပါပဲနော်..❤️

အားလုံးသောက်ဖူးပြီးပြီဆိုတဲ့ Ocha Fan လေးတွေရှိရင်လည်း တို့သတိထားမိအောင် Comment မှာ ကိုယ်ထင်ပြပေးခဲ့ပါဦး 👀

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

13/03/2024

အနီးလေးမှာလည်းရှိတယ်၊ အပြုံးချိုချိုလေးတွေနဲ့လည်းကြိုဆိုမယ်၊ Drinks အသစ်လေးတွေလည်း ထွက်ထားတယ်ဆိုတော့ လိုနေတာ လာ ဝယ်သောက်ဖို့ပဲရယ်🥺

ဒါနဲ့လေ Ocha ရဲ့ ဘယ်ဆိုင်ခွဲနဲ့ အနီးဆုံးမှာရှိနေလဲ❓ နောက်ပြီး ရန်ကုန်မြို့ရဲ့ ဘယ်နေရာတွေမှာ ထပ်ဖွင့်စေချင်လဲဆိုတာ အောက်မှာ👇ကူညီပြောပေးသွားပါအုံး။

Ocha ရန်ကုန်ဆိုင်ခွဲ တွေရဲ့ လိပ်စာ နဲ့ ဖုန်းနံပါတ် အပြည့်စုံကိုလည်း Comment မှာ မန့်ထားပေးမယ်နော်။ လိုလိုမယ် သတိရရင်ပြေးသွားလို့ရအောင်..❤️

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

11/03/2024

uabpay နဲ့ဆို အပျော်ဆုံးပဲဟေ့‼️

20% Discount နဲ့ စိတ်ကြိုက်မှာဖို့ Promotion ရက်‌လေး ထပ်တိုးပေးထားတယ်နော်🫢❤️

အတန်ဆုံးဈေးနဲ့သောက်ဖို့ uabpay နဲ့ လွယ်လွယ်ကူကူ ငွေပေးချေလိုက်တော့🫶🏻

🏠 ရန်ကုန်ဆိုင်ခွဲများ(မြောက်ဒဂုံဆိုင်ခွဲမှလွဲ၍)နှင့် ပဲခူးဆိုင်ခွဲတွင်သာ
🗓️ until 31st March 2024
🧋 ၅,၀၀၀ ကျပ်နှင့်အထက် ပေးချေမှုတိုင်းအတွက် 20% လျှော့စျေး (အများဆုံး ၃,၀၀၀ ကျပ်အထိ)
📱 uabpay အကောင့်တစ်ခုလျှင် တစ်ကြိမ်ရရှိနိုင်မှာဖြစ်ပါတယ်။

09/03/2024

☀️⛱️ နွေအမောပြေ Yuzu Drinks လေးတွေ အသစ်ရောက်တယ်ဝေ့😋❗

ချဉ်ပြုံးပြုံးအရသာလေးကြောင့် အာရုံတွေစူးရှပြီး တနေ့တာလုံး အေမြခြင်း၊ လန်းဆန်းခြင်း၊ အမောပြေခြင်းတွေကို တစ်ခွက်တည်း နဲ့ ရမယ်လို့ပြောရင်ယုံ။ နောက်ပြီး အသုံးပြုထားတဲ့🍋 Yuzu အသီးလေးတွေက အရည်အသွေးပိုင်းဆိုင်ရာလည်း ကောင်းမွန်သလို၊ အရသာပိုင်းမှာလည်း ပြောစရာမလို ချိုချဉ်ပြုံးပြီး လုံးဝ Fresh ပဲ။

Yuzu Series နဲ့ ပတ်သတ်ပြီးရွေးချယ်စရာအနေနဲ့ အမျိုးအစား ပေါင်း (၉) မျိုးအထိ ရွေးချယ်နိုင်သလို ဒီနှစ် နွေအတွက်လည်း Menu Item (၄) မျိုးထိ ထပ်တိုးပေးထားပါတယ်။ အဲ့တာတွေကတော့

1️⃣ Yuzu Butterfly Tea 🍋- Yuzu နဲ့​ Te​a ပေါင်းစပ်ထားတဲ့ Tea Base Drink တစ်ခုဖြစ်ပြီး အောင်မဲညိုရဲ့ လှပတဲ့ပေါင်းစပ်မှုကြောင့် လန်းဆန်းမှုပေးတဲ့အပြင် ဓာတ်ဖမ်းလို့လဲ ရှယ်လှပဲ။

2️⃣ Matcha Yuzu Ice Blended🍵 - ဒီဟာလေးက Matcha အနံ့မွှေးမွှေးလေးနဲ့ Yuzu ချဉ်ပြုံးပြုံးအရသာလေးကို တစ်ပြိုင်နက်ခံစားရမှာ။ Matcha ကြိုက်တတ်တဲ့သူတွေအတွက် Summer Drink တစ်ခွက်ပဲဆိုပါတော့ လေ။

3️⃣ Yuzu Cloudy☁️🦋 - ဒါကတော့ အောင်မဲညိုရယ် Yuzu ရယ် ပေါင်းစပ်ထားပြီး ချဉ်ချဉ်လေးနဲ့ Fresh ဖြစ်တယ်။ Yuzu Butterfly Tea နဲ့ကွာတာက သူက Ice Blended Drink ပုံစံမျိုးသွားတယ်။

4️⃣ Yuzu Cold Brew Coffee🧊☕ - ကော်ဖီခရေဇီတွေအတွက်ဆို ဒီ Drink လေးက သင့်တော်မယ်။ Cold Brew ရဲ့ ခါးသက်သက် Yuzu ရဲ့ အချဉ်ဓာတ် ပေါင်းစပ်ထားတာလေးက တစ်ငုံချင်းစီတိုင်းမှာကို ထိထိမိမိနဲ့ so so Fresh...

ဒီ Menu Item အသစ်တွေအားလုံးက Ocha ဆိုင်ခွဲတိုင်းမှာ ရနိုင်ပြီဖြစ်လို့ အခုလို နွေနေပူပူမှာ စူးရှအေးမြပြီး တနေကုန် Fresh ချင်ရင် စဉ်းစားမနေဘဲ ဒါလေးတွေသာရွေးပလိုက် ရှယ်မိုက်ပဲရယ်...💛

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

08/03/2024

👩 အမျိုးသမီးတွေ မရှိတဲ့ ကမ္ဘာဟာ မလှပနိုင်ပါ💜

မိသားစု နှင့် လုပ်ငန်းခွင်ဆိုင်ရာများ တွင်သာမက ကမ္ဘာကြီးအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ အမျိုးသမီးများအားလုံး ယနေ့ကျရောက်တဲ့ International Women's Day မှာ ပျော်ရွှင်စရာနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေ။ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှာလည်း အောင်မြင်ထက်မြက်တဲ့ စွမ်းဆောင်သူများဖြစ်ကြပါစေလို့ Ocha မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

05/03/2024

🍉 ဟီးရိုးတောင် ရိုးရိုးမဟုတ်ဘူး စူပါနော်❗

ငယ်ငယ်တုန်းကဆို အခုလို ☀️ နွေရာသီ နေ့လည်နေ့ခင်း ရောက်ရင် ဖရဲချိုချိုလေးကို "ဂွက်ဂွက်ဂွက်" နဲ့ စားလိုက်ရတဲ့အခိုက်အတံ့တွေကို မှတ်မိအုံးမယ်ထင်ပါတယ်။ ငယ်ငယ်တုန်းကတော့ ချိုတယ်၊ မွှေးတယ်၊ အမောပြေ တယ်ဆိုရင် ပြီးပြီးရော စားလိုက်တတ်ပေမယ့် အဲ့ဒီတုန်းကတည်းက ဖရဲသီးဆိုတာ ယူတို့ဘေးမှာ နွေနေပူပူကို ကူညီအံတုပေးနေခဲ့တာပါ❤️။ တနည်းအားဖြင့် ကိုယ်သတိမထားမိပေမယ့် ဘေးနားမှာ ကိုယ့်အတွက် အစွမ်းကုန်ကြိုးစားကာကွယ်ပေးနေတဲ့ သူရဲကောင်းကြီးပေါ့လေ😉

ဆိုတော့ လိုရင်းကို၊ တိုရှင်းရရင် အခုလိုနွေရာသီမှာ မောပန်းလို့ အအေးတစ်ခွက် သောက်မယ် စိတ်ကူးထားရင် သဘာဝအတိုင်း ရင်အေး အမောပြေမယ့် Ocha ရဲ့ ဖရဲချိုချို Drink လေးတွေကို သတိရပေးနော်။ သောက်လို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်း ညီညွတ်၊ နောက်တစ်ချက်က ဖရဲသီးစားတိုင်း စိတ်ရှုပ်ရတတ်တဲ့ အစေ့ ပြဿနာလည်းမရှိဆိုတတော့ အားလုံးအတွက် ဂွတ်ပဲ...🥰

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

03/03/2024

ကိုယ်ရဲ့ ချစ်သူလေးဆီကနေ
အချစ်တွေတိုးလာစေမယ့် လှို့ဝှက်ချက်...😜❤️

02/03/2024

နွေရာသီပူပူမှာ ဖရဲသီးမစားတဲ့သူရှိပါ့မလား?🤔

အရသာလဲရှိ ရေငတ်လဲပြေစေတဲ့ လူတွေ ရွေးချယ်တဲ့ အကောင်းဆုံး ရာသီစာ ဖရဲသီး လေးကို မစားခင် ဒါလေးတွေ သိထားသင့်တယ်နော်👇

📌 ရေဓာတ်ပါဝင်မှု မြင့်မားတဲ့ အစားအစာတွေက ခန္ဓာကိုယ် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ရေဓာတ်ပမာဏကို ပေးစွမ်းနိုင်ပါတယ်။

🍉 အရည်ရွှမ်းတဲ့အသီးအနှံတွေထဲ ဆရာတစ်ဆူဖြစ်တဲ့ ဖရဲသီးကတော့ ရေ ၉၂% ပါဝင်လို့ ပူအိုက်တဲ့ နွေရာသီမှာ နေ့စဉ်ရေဓာတ်ဖြည့်တင်းဖို့အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခုဖြစ်ပါတယ်။

💁🏻‍♂️ ဖရဲသီးက body function ကို အထောက်အကူပြုတယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ် မှာရှိတဲ့ ဘယ်အရာ‌တွေအတွက် ကောင်းနိုင်မလဲ ?
🍉 ဖရဲသီးတစ်လုံးဟာ
- ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိခြင်း
- ပုံမှန်ကိုယ်တွင်းလုပ်ဆောင်မှုတွေ တိုးမြှင့်ပေးခြင်း နဲ့
- ဆဲလ်များကို အာဟာ‌ရပေးခြင်းနဲ့ နိုးကြားမှုပေးခြင်း
စတဲ့ လုံလောက်တဲ့ရေဓာတ်အပေါ် မှီခိုတဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုတွေကို တိုးမြှင့်ပေးပါတယ်။

🧏သူ့ချည်းပဲလား?

🍉 အလေးချိန်အားဖြင့် စီးပိုင်‌နေတဲ့ ဖရဲသီးတစ်လုံး ရဲ့ 100 g မှာ 30 calories ပဲပါတာမို့ ကိုယ်အလေးချိန်ထိန်းဖို့အတွက် အထောက်အကူ ဖြစ်‌စေပြီး ရေဓာတ်ပေါများမှုကြောင့် တစ်စိတ်ဆို တစ်စိတ် ဗိုက်ပြည့်သလို ခံစားရမှာပါ။

🙆‍♂️ အစာခြေဖို့အတွက် လုံလောက်တဲ့ အမျှင်ဓာတ်ပါတာကြောင့် ထမင်းစားပြီး စားရင် အသင့်တော်ဆုံးပါ။ ထမင်းမစားခင်တော့ ဖရဲသီး မစားပါနဲ့🙅🏽‍♂️။ ဘာလို့လဲဆိုတော့ ဖရဲသီးက အစာအိမ်ကို အေးမြစေပြီး ဝမ်းမီးငြိမ်းစေတဲ့အတွက် ထမင်းစားတဲ့အခါ အစာမကြေဖြစ်တတ်လို့ပါပဲ။

❤️💆‍♀️ ဒါပဲလားဆိုတော့ အသည်းကျန်းမာရေးကို ကောင်းမွန်စေတဲ့ Potassium , Magnesium အပြင် အရေးအကြောင်းနဲ့ အသားအရည် ခြောက်သွေ့ခြင်းကို ကာကွယ်ပေးတဲ့ vitamin C နဲ့ ဆဲလ်‌တွေကို ပြန်လည်ပြုပြင်ပေးတဲ့ vitamin A ပါဝင်တာကြောင့် အသားအရည် ကျန်းမာရေးအတွက်လဲ အထောက်အကူပြု ပေးပါတယ်။

🏋️🏃🤸‍♂️ လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် လေ့ကျင့်ခန်း စွမ်း‌ဆောင်ရည်မြင့်မား‌စေပြီး ကြွက်သားနာကျင်မှုကိုသက်‌သာ စေတဲ့ Amino Acid ,Citrulline က healing process ကို တာဝန်ယူပေးပါလိမ့်မယ်။

📌 အာဟာရဓာတ်တွေအပြင်ကိုမှ မေ့လို့မရတဲ့ lycopene လို့ခေါ်တဲ့ anti-oxidant တစ်မျိုးက cancer ဖြစ်နိုင်ချေကို နည်းပါးစေပြီး နှလုံးရောဂါ နဲ့ (Inflammation) ရောင်ရမ်းခြင်းကြောင့် ဖြစ်တဲ့ နာတာရှည်ရောဂါ ဖြစ်နိုင်‌ချေကို လျော့ချတဲ့နေရာမှာ တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေပါသေးတယ်။

ကဲ ခုဆို ဖရဲသီးကို ရေငတ်လို့ စားတာထက် ကိုယ်စားတဲ့ထဲ ဘာတွေပါဝင်လဲ သိသွားလောက်ပြီ ထင်ပါတယ်။🤗

🌞ခုလို ပူအိုက်တဲ့ ရာသီမှာ ဖရဲသီးချိုချို‌လေး စားပြီး ‌‌နွေပူပူမှာ ရွှေရင်အေး‌စေဖို့ Ocha မှ ဆုတောင်းပေးလိုက်ပါတယ်နော် ။🍉❤️

02/03/2024

🌾 ယနေ့ မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ ကိုOcha မှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ် 🎉

Ocha ရဲ့ 🍉"ဖရဲတောင်သူ ဝိုင်းကူကြစို့"🍉ဆိုတဲ့ အစီအစဉ် လေးကိုလွန်ခဲ့တာ (၂) နှစ်ကအခုလိုချိန်မှာ စတင်ဖြစ်ခဲ့တာ အားလုံးသတိထားမိမှာပါ။ ဒီအစီအစဉ်လေး ဖြစ်မြောက်ဖို့အတွက်ဆိုတာ နှစ်ဦးနှစ်ဖက် "ကိုင်းကျွန်းမီ၊ကျွန်းကိုင်းမီ" ဖြစ်မှ လုပ်ဆောင်အောင်မြင်နိုင်မှာဖြစ်တာကြောင့် အဓိကကူညီပေးခဲ့တဲ့ တောင်သူလယ်သမားဦးကြီးများ၏ ကြိုးပမ်းအားထုတ်မှုများ ကိုရော၊ အားပေးခဲ့ကြတဲ့ Customers တစ်ယောက်ချင်းစီတိုင်းကိုပါ Ocha မိသားစုမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်🙏

ဒီနှစ်မှာလည်း ဖရဲသီးနဲ့ပတ်သတ်တဲ့ Summer Special Drink တွေနဲ့ အတူ "ဖရဲတောင်သူ ဝိုင်းကူကြစို့" ဆိုတဲ့ အစီအစဉ်လေးကို ပြန်လည်အသက်သွင်းထားတာကြောင့် Customers များအနေနဲ့ အားပေးနိုင်ပြီဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်📢

"Our passion is your satisfaction."
Ocha Outlets Locations 🏠
Yangon/ Mandalay/ Naypyidaw/Lashio/ Taunggyi

01/03/2024

Ocha ဆိုတော့ကြိုက်ပီလေ

🤯 ဟယ် M-coin ၅ ခုရှိရုံနဲ့လဲနိုင်မှာလား 😱
👉🏼 လူနှစ်ယောက်သောက်တောင်မကုန်နိုင်မယ့် 🥤Ocha က 🍋🍑Yuzu Peach Soda ခွက်ကြီး
(သို့မဟုတ်)
👉🏼 လူတိုင်းကြိုက်ကြတဲ့ 🍟Potato Corner က Jumbo Fries🍟 ကို m-coin ၅ ခုရှိတာနဲ့လဲလှယ်နိုင်မှာနော် 🤩❤️

📆 သတ်မှတ်ထားတဲ့ menus လေးတွေကို လဲလှယ်နိုင်မယ့်ကာလကတော့ : 1st Mar to 30th Apr 📌
🎟️ကူပွန်ကိုတော့ မက်ခရိုစက်ဆန်းဆိုင်မှ Premium Counter တွင်လာရောက်လဲလှယ်နိုင်ပါတယ်နော် ‼️

📌 m-coin ရဖို့ကတော့ ၅၀,၀၀၀ ကျပ်ဖိုးဝယ်ရုံနဲ့ m-coin တစ်ခုရမှာနော် 📌
📰 m-coin နဲ့အခြားဘာလဲလှယ်နိုင်လည်းဆိုတာ ယခုလင့်ခ်နှိပ် >>> http://bit.ly/41XgVIc ဖတ်ကြည့်ပြီး မက်ခရိုမှာစျေးဝယ်လိုက်တော့ 😉

📲 mcoin လေးတွေစုဖို့ မက်ခရိုမန်ဘာ မဖြစ်သေးဘူးလား❓
ယခုလင့်ခ် >>> https://bit.ly/48vnhk4 မှလည်း Makro Myanmar application ကိုအလွဲတကူ download လုပ်ပြီး မက်ခရိုမန်ဘာဖြစ်ဖို့ FREE မှတ်ပုံတင်နိုင်တယ်နော်။ ✨
————————————
😱 OMG with just 5 coins, you can get this? 🤯

With just 5 coins, you will be able to redeem either
👉🏼🥤one BIG cup of Ocha refreshing 🍋Yuzu Peach Soda🍑
(OR)
👉🏼🍟one classic Jumbo Fries from Potato Corner🍟 with any choice of flavors 🤩❤️

📆 These menus can be redeemed on: 1st Mar to 30th Apr 📌
🎟️ The physical coupon can be redeemed at Premium Counter at Makro Sat San store‼️
📌 To get m-coin, just spend 50,000 Ks & earn ONE COIN 📌
📰 Want to know what more you can get with m-coin❓
Click here >>> http://bit.ly/41XgVIc to find out more & shop now to get m-coin 😉

No member yet❓
📲Just Download Makro Myanmar application >> https://bit.ly/48vnhk4 & register to become Makro member NOW ‼️

01/03/2024

နွေရာသီရဲ့ အပူဒဏ်ကိုအံတုနိုင်ဖို့
သောက်လိုက်တိုင်းရင်ထဲအေးစေမဲ့

Summer Menu အသစ်လေး ဆိုင်ခွဲတိုင်းမှာ ရနေပြီနော်❤️🍉🍉

01/03/2024

အကြိုက်တွေ့စေမယ့် Reward အသစ်လေးတွေ Pocket မှာဖန်တီးပေးထားတယ်နော်❤️

Bubble Tea လို့ကြားလိုက်တာနဲ့ မသောက်ရမနေနိုင်တဲ့သူတွေ လက်ညှိုးထောင် 🧋!

Ocha Bubble Tea ဆို မငြင်းရက်တဲ့ pocket ချစ်သူတွေအတွက် ဝယ်ယူမှုတိုင်းမှာ (၁၀၀) ကျပ်ကနေစတင်ပြီး Coins တွေ စုဆောင်းခဲ့နိုင်ပါပြီနော်🥳

pocket app ထဲကိုဝင်ပြီး Collect/Pay ထဲက My QR ကို သက်ဆိုင်ရာငွေရှင်းကောင်တာတွေမှာ ပြသရင်း Coins တွေ စုဆောင်းလိုက်ပါ။

For iOS App Download: https://apple.co/3lM0TQe
For Android App Install: https://bit.ly/3W4l1Kv
For Huawei App Gallery Install: https://bit.ly/3Ky4E6g
Pocket Viber Community Group: https://bit.ly/3SUgKXR

Customer Service Hotline: 09 777 400 444, 09 777 440 909

ွေစုပြီးသုံးPocketနဲ့ဆိုအပျော်ဆုံး

01/03/2024

20% Discount နဲ့ စိတ်ကြိုက်မှာမယ်😍💓

အတန်ဆုံးဈေးနဲ့သောက်ဖို့ uabpay နဲ့ လွယ်လွယ်ကူကူ ငွေပေးချေလိုက်တော့နော်🫶🏻

🏠 ရန်ကုန်ဆိုင်ခွဲများ(မြောက်ဒဂုံဆိုင်ခွဲမှလွဲ၍)နှင့် ပဲခူးဆိုင်ခွဲတွင်သာ
🗓️ 1st to 10th March 2024
🧋 ၅,၀၀၀ ကျပ်နှင့်အထက် ပေးချေမှုတိုင်းအတွက် 20% လျှော့စျေး (အများဆုံး ၃,၀၀၀ ကျပ်အထိ)
📱 uabpay အကောင့်တစ်ခုလျှင် တစ်ကြိမ်ရရှိနိုင်မှာဖြစ်ပါတယ်။

Telephone

Website

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00