Reduce Trash
Help keep our planet clean for future generations.
Plasticsအကြောင်းသင်ဘယ်လောက်သိထားပါသလဲ🤔
ဒီvideoလေးကိုအချိန်ခနလေးပေးပြီး ကြည့်လိုက်ပါ။
video
ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုသန့်ရှင်းစွာထိန်းသိမ်းထားခြင်းဟာ ကျန်းမာရေးနဲ့သက်သောင့်သက်သာရှိတဲ့ ဘဝနေထိုင်မှုအတွက်မရှိမဖြစ်လိုအပ်ပါတယ်။ လူတွေ၊ စက်ရုံတွေ၊ လုပ်ငန်းစဥ်တွေနဲ့ တိရစ္ဆာန်တွေဟာ စွန့်ပစ်ပစ္စည်းတွေကို နေ့စဥ်ထုတ်လုပ်ကြပါတယ်။
စွန့်ပစ်ပစ္စည်းအမျိုးအစားငါးမျိုးရှိတယ်ဆိုတာ မိတ်ဆွေတို့သိကြပါသလား။ 🤔
၁။ အရည်စွန့်ပစ်ပစ္စည်း
အရည်စွန့်ပစ်ပစ္စည်းဆိုတာ ဆီ၊ ရွှံ့နွံများ၊ ရေဆေး၊ နဲ့အခြားသောအစည်တွေပဲဖြစ်ပါတယ်။ ၎င်းတို့ဟာ
ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ အဆိပ်အတောက်ဖြစ်စေပြီးစက်မှုလုပ်ငန်းတွေနဲ့ အိမ်ထောင်စုများမှာတွေ့ ရှိရပါတယ်။ အရည်ပုံစံရှိတဲ့
စွန့်ပစ်ပစ္စည်းတွေကို အရည်စွန့်ပစ်ပစ္စည်းလို့ သတ်မှတ်ပါတယ်။
အရည်စွန့်ပစ်ပစ္စည်းကိုဘယ်လိုစွန့်ပစ်ကြမလဲ။
• ထိန်းသိမ်းခြင်း - ပတ်ဝန်းကျင်မညစ်ညမ်းစေဖို့ စည်ပိုင်းတွေ၊ တိုင်ကီ🛢တွေထဲထည့်သွင်းသိုလှောင်ပြီး အရည်စွန့်ပစ်ပစ္စည်းတွေကို ထိန်းသိမ်းထားနိုင်ပါတယ်။
• ပြန်လည်အသုံးချခြင်း - အရည်စွန့်ပစ်ပစ္စည်းအားလုံးကိုစွန့်ပစ်ရန်မလိုအပ်ပါဘူး။ ၎င်တို့ကိုပြန်လည်အသုံးချနိုင်ပါသေးတယ်။ ဥပမာအားဖြင့် အော်ဂဲနစ်စွန့်ပစ်ပစ္စည်းတွေကို မြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ပါတယ်။
• စွန့်ပစ်ခြင်း - အရည်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးမချနိုင်တော့ပါက စွန့်ပစ်သင့်ပါတယ်။
၂။ အစိုင်အခဲစွန့်ပစ်ပစ္စည်း
အစိုင်အခဲစွန့်ပစ်ပစ္စည်းဟာ စက်မှုနှင့်စီးပွားဖြစ်နေရာများမှာရှိတဲ့ အမှိုက်သရိုက်များ၊ ရွှံ့နွံများနဲ့ အမှိုက်များဖြစ်ပါတယ်။ အစိုင်အခဲအမှိုက် ၅ မျိုးမှာ-
ဖန်ထည်နှင့်ကြွေထည် - ကြွေထည်နဲ့ဖန်ထည်များကိုအလွယ်တကူပြန်လည်အသုံးပြုနိုင်ပါတယ်။ ၎င်းတို့ကိုစွန့်ပစ်ရာမှာ စနစ်တကျလွှင့်ပစ်ရန်တော့ လိုအပ်ပါတယ်။
ပလပ်စတစ်စွန့်ပစ်ပစ္စည်း - ပလပ်စတစ်စွန့်ပစ်ပစ္စည်းဆိုတာ ကုမ္ပဏီများနဲ့အိမ်များမှာတွေ့ရတဲ့ ဘူးခွံ၊ ပုလင်းခွံနဲ့ အိတ်တွေပဲဖြစ်ပါတယ်။ ပလတ်စတစ်များဟာဆွေးမြေ့ပျက်စီးဖို့ခက်ခဲပြီးအများစုမှာ ပြန်လည်အသုံးပြု၍ မရနိုင်ပါ။ ပလပ်စတစ်အမှိုက်များကိုပုံမှန်စွန့်ပစ်ပစ္စည်းများနဲ့မရောပါနဲ့။ အဲဒီအစားသူတို့ကိုမပစ်ခင်သူတို့ကိုခွဲထုတ်ပါ။
စက္ကူအမှိုက် - သတင်းစာများ🗞၊ ထုပ်ပိုးပစ္စည်းများ📦၊ ကတ်ထူပြားများနဲ့ အခြားစက္ကူထုတ်ကုန်အားလုံးကိုရည်ညွှန်းပါတယ်။ စက္ကူဟာပြန်လည်အသုံးပြုနိုင်ပါတယ်။♻️♻️♻️
Metals and Tins - အများစုသောအိမ်သုံးပစ္စည်းတွေနဲ့ စည်သွပ်ဘူးတွေကို သတ္တုများနဲ့ပြုလုပ်ထားတာမို့ သံဖြူနဲ့ သတ္တုကို အိမ်မှာတွေ့ နိုင်ပါတယ်။ သတ္တုအများစုကိုပြန်လည်အသုံးပြုနိုင်ပါတယ်။ ထို့ကြောင့်၎င်းတို့ကို အသုံးပြုပြီးပါက အဟောင်းဆိုင်များသို့ရောင်းချနိုင်ပါတယ်။
၃။ အော်ဂဲနစ်စွန့်ပစ်ပစ္စည်း
ပုပ်နေတဲ့အသားများ၊ ဥယျာဥ်ခြံမှထွက်တဲ့အမှိုက်များနဲ့ အစားအစာအကြွင်းအကျန်များကို အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများအဖြစ်သတ်မှတ်ပါတယ်။ ဤအမှိုက်အမျိုးအစားကိုများသောအားဖြင့်အိမ်များမှာတွေ့ ရှိရပါတယ်။ ၎င်းတို့ဟာ ဆွေးမြေ့လွယ်ပြီး မြေသြဇာအဖြစ်အသုံးပြုနိုင်ပါတယ်။ သို့သော် နေရာတကာစွန့်ပစ်ရန်တော့ မသင့်လျော်ပါဘူး။ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းတွေဟာ ဆွေးမြေ့ပျက်စီးသွားတဲ့အခါမှာ မီးလောင်လွယ်တဲ့ မီသိန်းဓါတ်ငွေ့ ထွက်လာတာမို့ အခြားသောစွန့်ပစ်ပစ္စည်းတွေနဲ့ရောနှောပြီးအတူစွန့်မပစ်သင့်ပါဘူး။
၄။ ပြန်လည်အသုံးပြုနိုင်သောစွန့်ပစ်ပစ္စည်း
သတ္တုပစ္စည်းများ၊ ပရိဘောဂ၊ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများဟာ ပြန်လည်အသုံးပြုနိုင်တဲ့စွန့်ပစ်ပစ္စည်းတွေထဲမှာပါဝင်ကြပါတယ်။ သို့ရာတွင် အမျိုးအစားအကုန်လုံးကိုတော့ recycleပြုလုပ်လို့မရပါဘူး။ recycle ပြုလုပ်လို့ရမရသိစေဖို့ ပစ္စည်းရဲ့ ပါကင်ထုပ်ကို စစ်ဆေးကြည့်နိုင်ပါတယ်။
၅။ အန္တရယ်များသောစွန့်ပစ်ပစ္စည်းများ
အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းများမှာ မီးလောင်လွယ်သောပစ္စည်းများ၊ အဆိပ်အတောက်ဖြစ်စေသောပစ္စည်းများနဲ့ ဓာတ်ပြုလွယ်သောပစ္စည်းများပါဝင်ပါတယ်။ အတိုချုပ်အနေနဲ့ ၎င်းတို့ဟာပတ်ဝန်းကျင်ကို အန္တရယ်ဖြစ်စေနိုင်တဲ့ စွန့်ပစ်ပစ္စည်းတွေဖြစ်ကြပါတယ်။
အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းများကိုစွန့်ပစ်ရန်နည်းလမ်း(၄)မျိုးရှိပါတယ်။
• ပြန်လည်အသုံးပြုခြင်း - အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းအနည်းငယ်ကိုအခြားထုတ်ကုန်များထုတ်လုပ်ရန်ပြန်လည်အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့်ဆားကစ်ဘုတ်များနဲ့ ခဲအက်ဆစ်ဘက်ထရီများကိုအခြားစွန့်ပစ်ပစ္စည်းများနဲ့ပေါင်းစပ်ပြီး ကျောက်ပြားခင်းရာမှာအသုံးပြုနိုင်ပါတယ်။ အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းများကိုထုတ်ကုန်အသစ်များသို့ပြောင်းလဲလိုက်တဲ့အခါ အန္တရယ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတွေလျော့နည်းသွားပါတယ်။
• မီးရှို့ ခြင်းနှင့်ဖျက်ဆီးခြင်း - အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းများကိုစွန့်ပစ်ခြင်းနောက်တစ်နည်းမှာ၎င်းတို့ကိုဖျက်ဆီးရန်ဒါမှမဟုတ် မီးရှို့ 🔥ရန်ဖြစ်ပါတယ်။ မီးရှို့🔥ဖျက်ဆီးခြင်းဟာ အန္တရာယ်ရှိသောစွန့်ပစ်ပစ္စည်းပမာဏကိုလျော့နည်းစေပြီးလုပ်ငန်းစဉ်တွင်အသုံးပြုရန်အတွက်စွမ်းအင်ကိုလည်းထုတ်လုပ်နိုင်ပါတယ်။
• Pyrolysis - အန္တရယ်ရှိသောစွန့်ပစ်ပစ္စည်းများကို စွန့်ပစ်ရန် အကောင်းဆုံးနည်းလမ်းမှာ Pyrolysis(မြင့်မားသောအပူချိန်တွင် oxygenမဲ့ ဓါတုပြိုကွဲစေသောဖြစ်စဥ်)အသုံးပြုခြင်းပဲဖြစ်ပါတယ်။ Combustion (Oxygenနှင့်ပေါင်းစပ်ကာလောင်ကျွမ်းခြင်း🔥)အန္တရယ်ကိုရှောင်ရှားရန် Printed circuit boards(PCBs)များ၊ အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများနှင့် ပိုးသတ်ဆေးများကဲ့သို့သော ပစ္စည်းများကို ဤနည်းလမ်းဖြင့် အသုံးပြုကာ ဖျက်စီးကြပါတယ်။
• အမှိုက်ပုံ၌စွန့်ပစ်ခြင်း - အမှိုက်ပစ်ရန်သတ်မှတ်ထားသောမြေနေရာ အမှိုက်၌လည်း စနစ်တကျစွန့်ပစ်နိုင်ပါတယ်။ 🚮🚮🚮
နိဂုံးချုပ်အနေနဲ့
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အမှိုက်အမျိုးအစားတွေကိုသိထားရင် အမှိုက်တွေကိုဖြေရှင်းဖို့ နည်းလမ်းကိုသိနိုင်ပါလိမ့်မယ်။ ဤဆောင်းပါးမှာဆွေးနွေးထားတဲ့အတိုင်း အမှိုက်များကို စနစ်တကျစွန့်ပစ်ကာပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချနိုင်ကြပါတယ်။
Be a part of the solution not part of the pollution ✌💪❤
Photo Crd.
ကျွန်တော်တို့ရဲ့ နေ့စဥ်လူမှုဘဝထဲမှာ Plasticများကို မကင်းရာမကင်းကြောင်းသုံးစွဲနေရပါတယ်။ Television📺 တွေ radio📻 တွေမှာ Plasticရဲ့ ဆိုးကျိုးတွေကို အသိပညာပေးတွေပေးနေသော်ငြား မသုံးပဲနေရန်ကလည်း ခက်ခဲတာမို့ ဆက်လက် သုံးစွဲနေကြရတယ်။😞 Plasticရဲ့ဆိုးကျိုးတွေကိုလတ်တလောအတွက်ဖြေရှင်းဖို့ရန်အကောင်းဆုံးနည်းကတော့ ❤3R ပါပဲ။ 3 Rဆိုတာကတော့ လူတိုင်းကြားဖူးကြတဲ့ "REDUCE, REUSE & RECYCLE"ပါပဲ။ 3Rကို အကြမ်းဖျင်းအားဖြင့်အဓိပ္ပါယ်ဖော်ပါက...
👉"REDUCE" = လျှော့ချသုံးစွဲမယ်
Plasticအိတ်မဖြစ်မနေမလိုအပ်ရင် Plastic အိတ်ကို ''Refuse = ငြင်းဆိုပါ''။
👉"REUSE" = ပြန်လည်အသုံးပြုမယ်
Plasticအိတ်များ၊ Plasticဖြင့် ပြုလုပ်ထားသောအသုံးအဆောင်ပစ္စည်းများကို ဆေးကြောပြီး ပြန်လည်အသုံးပြုပါ။
👉"RECYCLE" = ပြုပြင်ဖန်တီးကာ ပြန်လည်အသုံးချမယ်
Plasticဖြင့်ပြုလုပ်ထားသောပစ္စည်းများကို ကိုယ်ပိုင်
ဥာဏ်ဖြင့်တစ်ဖန်ပြန်လည်တီထွင်ဖန်တီးကာ အသုံးပြုပါ။
ကျွန်တော်တို့နဲ့နီးနီးကပ်ကပ်ရှိနေတဲ့ Plasticတွေရဲ့အကြောင်းကို ကျွန်တော်တို့သေသေချာချာ ဂဃနဏသိကြပါရဲ့လား။ Plasticအိတ်တွေဟာ ဆွေးမြေ့ပျက်စီးသွားဖို့နှစ်ပေါင်း ၅၀၀ မှ ၁၀၀၀ခန့်အထိ😯 အချိန်လိုအပ်ပါတယ်။ ပင်လယ်ထဲကို စွန့်ပစ်ရင်လည်း ရေနေသတ္တဝါများကို အန္တရာယ်ဖြစ်စေပါတယ်။ မီးရှို့ဖျက်စီးပစ်ရင်လည်း အဆိပ်ရှိဓာတ်ငွေ့များ ထွက်ရှိလာပြီး လေထုညစ်ညမ်းမှုကို ဖြစ်စေပြန်တယ်။ မြေကြီးပေါ်ကို စွန့်ပစ်ရင်လည်း မြေဆီလွှာပျက်စီးလို့ အပင်စိုက်ပျိုးဖို့ ခက်ခဲစေပြန်တယ်။
Plasticကိုအမျိုးအစား(၇)မျိုးရှိတယ်ဆိုတာ သင်ပါသလား??? 🤔🤔
1: Polyethylene Terephthalate (PET or PETE)
2: High-Density Polyethylene (HDPE)
3: Polyvinyl Chloride (PVC)
4: Low-Density Polyethylene (LDPE)
5: Polypropylene (PP)
6: Polystyrene (PS)
7: Other
1. Polyethylene Terephthalate (PET or PETE)ကို ရေသန့်ဘူး၊ အအေးဘူး၊ ခေါင်းလျှော်ရည်ဘူး နှင့်အခြားသော Plasticအသုံးအဆောင်များမှာအသုံးပြုပါတယ်။
2. High-Density Polyethylene (HDPE)ကို နွားနို့ဘူး၊ ရေဘူး၊ ဒိန်ချဥ်ဘူး၊ ဆပ်ပြာဘူး၊ ရေပုံး နှင့် အခြားသော Plasticပစ္စည်းများတွင်တွေ့ နိုင်ပါတယ်။
3. Polyvinyl Chloride (PVC) ကို ရေပိုက်၊ ပြတင်းပေါက်နှင့် တံခါးဘောင်၊ ရေသလျှောက်နှင့်အခြားသောပစ္စည်းများတွင် ပြုလုပ်ကြပါတယ်။
4. Low-Density Polyethylene (LDPE) ကိုပလတ်စတစ်အိတ်တွေမှာ အဓိက အသုံးပြုပါတယ်။
5. Polypropylene (PP)ကိုဒိန်ချဥ်၊ မာဂျရင်းဘူး၊ အအေးပိုက်၊ အပူခံခွက် နှင့်အခြားသော Plasticများပြုလုပ်ရာတွင်အသုံးပြုပါတယ်။
6. Polystyrene (PS)ကို ဖော့ဘူးများ ပြုလုပ်ရန် အသုံးပြုကြပါတယ်။
7. Other - ဤPlasticအမျိုးအစားမှာတော့ အပေါ်မှာဖော်ပြထားတဲ့ Plasticအမျိုးအစားတွေပါဝင်ခြင်းမရှိခြင်း ဒါမှမဟုတ် အပေါ်မှာဖော်ပြထားတဲ့ Plasticအမျိုးအစားတွေပေါင်းစပ်ဖွဲ့စည်းထားခြင်းမျိုးဖြစ်ပါတယ်။ ကလေးနို့ဘူး၊ ဂါလံနှင့်ဆန့်သောရေဘူးကြီး၊ CDsနှင့် DVDs၊ မျက်မှန်နှင့် အခြားသောPlasticအသုံးအဆောင်များတွင်အသုံးပြုလုပ်ကြပါတယ်။
Plastic အမျိုးအစား(၇)မျိုးအနက် Polyethylene Terephthalate (PET or PETE)၊ High-Density Polyethylene (HDPE)၊Polypropylene (PP) တို့(၃)မျိုးသာ recycleပြန်လည်ပြုလုပ်နိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့တွေဟာ တတ်နိုင်သမျှ Plasticအသုံးပြုမှုကို တစ်ဦးချင်းစီ လျှော့ချမယ်ဆို Plasticကြောင့် ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
Be a part of the solution not part of the pollution ✌💪❤
Like & share လေးဖြင့် ကူညီပေးကြပါဗျ 🤗🤗