Marine Insurance and Claims Advisor, Life Insurance Advisor

Marine Insurance and Claims Advisor, Life Insurance Advisor

Marine Insurance & Claims Advisor /
Life Insurance Advisor

13/10/2022

မိသားစုရဲ့ဝန်ထုပ်ဝန်ပိုးတွေကို တစ်ဖက်တစ်လမ်းက လျှော့ချနိုင်ဖို့ Manulife ရဲ့ အသက်အာမခံနှင့်အတူ ပြင်းထန်ရောဂါအာမခံကို နှစ်ရှည်အစီအစဥ်၊ သက်သာသောနှုန်းထားဖြင့် online ကနေ ဝယ်ယူရရှိနိုင်ပါပြီ...
နေပြည်တော်၊ ပျဥ်းမနားဆိုလျင်တော့ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးနေပါပြီ... :)

အသေးစိတ်သိလိုပါက...
မြသီတာလင်း
Insurance Advisor
IA(N)LI-04839
E: [email protected]
M: 09977251893 (viber/whatsapp)
ကို ဆက်သွယ်နိုင်ပါတယ်...

07/09/2022

ကနေဒါနိုင်ငံအခြေစိုက် Manulife Myanmar Life Insurance Company Limited တွင် လက်တွဲလုပ်ကိုင်ရန် အသက်အာမခံအကြံပေး (Freelance Insurance Advisor) လျှောက်ထားလိုသူများအတွက်....
* ဘွဲ့ရ သို့ နောက်ဆုံးနှစ်ရောက်ရှိနေသူများ
* Sales and Marketing အတွေ့အကြုံရှိသူ
* လူအများနှင့် ပြေပြစ်စွာပြောဆိုနိုင်သူ
* အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ပညာရေးအာမခံ နှင့် ပက်သက်ရျ် စိတ်ဝင်စားမှုရှိသူ မည်သူမဆို လျှောက်ထားနိုငိပါသည်။
* အရောင်းပေါ်မူတည်ရျ် ကော်မရှင်နှင့် အကျိုးခံစားခွင့်ရှိသည်။
* အချိန်ပြည့် သို့ အချိန်ပိုင်းအလုပ်နှင့်တွဲရျ် work from home လုပ်ကိုင်နိုင်ပါသည်။ (အိမ်ရှင်မများအတွက်လည်း မိမိအချိန်ကို စိမံခန့်ခွဲရျ် လျှောက်ထားနိုငိပါသည်။)
* အသက်အာမခံကိုယ်စားလှယ်လိုင်စင်ရရှိရန် ကုမ္ပဏီ မှonline ဖြင့် တိုက်ရိုက်သင်ကြားပေးခြင်းနှင့် အဖွဲ့ဝင်များမှလည်း စာမေးပွဲအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးပါမည်။ (နယ်သမားများမှ လိုင်စင်စာမေးပွဲအတွက် ရန်ကုန်တွင် သွားရောက်ဖြေဆိုနိုင်ရန်လည်း ကူညီပေးပါမည်။ )
* လျှောက်ထားလိုပါက CV Form နှင့် ဓာတ်ပုံ တွဲရျ် အပြည့်အစုံကို [email protected] သို့ E-mail မှ လည်းကောင်း၊ Viber ဖုန်းနံပါတ် - 09977251893 သို့လည်းကောင်း ပေးပို့ လျှောက်ထားနိုင်ပါသည်။
* အသေးစိတ်သိရှိလိုပါက 09977251893 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

02/09/2022

July, August, September (၃) လအတွင်း mariners တွေရဲ့ -
Su***de - 1 Case
Total Permanent Disability - 1 Case
Missing @ sea - 1 Case and
Marine accidental death- 2 cases စုစုပေါင်း Case (၅ ) ခု ဖြေရှင်းရပါတယ်...
Lessons learnt အနေနဲ့ကတော့ လူ့ဘဝက ဘာမှ အစိုးမရဘူးဆိုတာပါပဲ. တချို့သောသူတွေက မိသားစုကို တမင်ထားသွားပြီး အချို့ကတော့ မမျှော်လင့်တဲ့ဖြစ်ရပ်တွေကြောင့် အသက်ဆုံးရှုံးရတာပါ. ရသင့်ရထိုက်တဲ့ လျော်ကြေးနဲ့ အခြားကုန်ကျစရိတ်တွေကိုတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအတွက် PNI Club နဲ့ညှိပြီး အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာပါ...
အသက်ရှင်စဥ် ချစ်ချစ်ခင်ခင် ရှင်သန်နေထိုင်သွားဖို့နဲ့ လူအချင်းချင်းလှည့်စားခြင်း ကင်းဝေးကြပါစေ... 🙏

29/08/2022

သတိပြုဖွယ်ရာ နှလုံးရောဂါအကြောင်းကို ဗဟုသုတရဖွယ် ဆွေးနွေးတင်ပြသွားမှာဖြစ်လို့ လာရောက်နားထောင်ဖို့ ဖိတ်ခေါ်ပါတယ်... 😘

28/08/2022

အသက်အာမခံလို့ ပြောလိုက်တာနဲ့ လူ့သဘာဝအရ တွန့်သွားတတ်ကြပါတယ်. အာမခံထားမှ တခုခုဖြစ်သွားမလား၊ အသက်ဆုံးရှူံးမှရမယ်ဆိုတဲ့ အတွေးတွေလည်း ဝင်တတ်ကြပါတယ်...
အမှန်တော့ ကိုယ့်ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ကားတွေ၊ အိမ်တွေ ကိုသာ ဆုံးရှူံးရင်လျော်ကြေးပြန်ရအောင် အာမခံထားကြပေမယ့် ဘဝတစ်ခုလုံး (မွေးဖွားချိန်မှသေဆုံးသည်အထိ) နှစ်ပေါင်း ၄၀ ကျော် ဝင်ငွေရှာပေးနေတဲ့ Income generating asset ကြီးဖြစ်တဲ့ လူ ကိုတော့ အာမခံထားဖို့ မေ့နေကြပါတယ်... ဖြစ်မှပဲ ကုတာပေါ့၊ မိသားစုလည်း သူရှာလို့ကျန်ခဲ့သလောက်ပဲပေါ့ဆိုတဲ့ စိတ်နဲ့ပဲ နေကြတာမို့ တွက်ချက်လို့မရနိုင်တဲ့ ဆုံးရှူံးမှုအတွက် အာမခံပေးသွင်းငွေ တစ်ရက်ကို ငွေလေး ၈၀၀ ကနေ နိုင်သလောက်စပြီး မိမိနှင့် ချစ်ရတဲ့မိသားစုဘဝအတွက် အာမခံထားသင့်ပါတယ်... စုငွေအဖြစ်လည်း ဖြစ်တာမို့ ကိုယ်ထားတဲ့ပမာဏအတိုင်းကို ထုတ်ယူပြီး လှူဒါန်းငွေအဖြစ်နဲ့ သုံးမလား၊ မိသားစုနဲ့ ခရီးထွက်မလားဆိုတဲ့ ပေါ့ပါးတဲ့စိတ်နဲ့ပဲထားဖို့ အကြံပြုပါတယ်...

အ​သေးစိတ်ဆွေးနွေးချင်တယ်ဆိုရင်တော့...

HP: 09977251893
Email: [email protected]

ကို ဆက်သွယ်လို့ ရပါတယ်... 😘

Is it true that getting insurance is more beneficial than saving? 14/08/2022

Getting Insurance for Life Changes or unforeseen difficulties... :)

Is it true that getting insurance is more beneficial than saving? Life insurance means a financial plan that takes an accountable for unforeseen future on behalf of yourself and your lovely ones.

12/08/2022

Beneficiary (အကျိုးခံစားခွင့်ရှိသူ) နဲ့ပက်သက်တဲ့ Claims Experience လေးတစ်ခုကို sharing လုပ်ချင်လို့ပါ... 😁
အရင်အာမခံကုမ္ပဏီတစ်ခုမှာလုပ်တုန်းက ပျောက်ဆုံးလို့ယူဆရတဲ့ အင်ဒိုနီးရှားသဘေ်ာသားတစ်ယောက်အတွက် လျော်ကြေးတောင်းခံရာမှာ တရားဝင်လက်ထပ်ထားသော အမျိုးသမီးတစ်ယောက်ပဲ ရမှာဖြစ်ပေမယ့် လာတင်တဲ့အခါ တရားဝင် ၃ ယောက်ထက်မကဖြစ်နေလို့ Claims Team က အကြပ်ရိုက်သွားတာလေးပါ. အင်ဒိုရဲ့ စောင့်ဆိုင်းကာလက ၇ နှစ်ပါ. အချို့ဆို မိသားစုကို လျော်ကြေးပေးချင်လို့ ဆက်သွယ်လို့တောင်မရခဲ့ပါ. အခုကတော့ စာချုပ်ထဲက
အကျိုးခံစားခွင့်ရှိသူ အမျိုးသမီးမဟုတ်ဘဲ တရားဝင်လက်ထပ်စာချုပ်ပြနိုင်တဲ့ အမျိုးသမီး ၃ ယောက်တောင်ဆိုတော့ ဘယ်လိုဖြေရှင်းရင် ကောင်းမလဲတွေးကြည့်ပေးပါဦး... 😁😁😁

28/07/2022

https://m.facebook.com/story.php?story_fbid=10225081797926980&id=1079444867

"စစချင်း ဘယ်တော့မှ မရောင်းပါနဲ့"

"သင့်အနေနဲ့ တကယ့် စိတ်ရင်းစေတနာနဲ့ Customer ရဲ့ပြဿနာကို စဉ်းစားဖြေရှင်းပေးလို့မှ အဲဒီ Customer သင့်ကုန်ပစ္စည်းကို စိတ်မဝင်စားဘဲပြန်သွားရင် ပြန်ပါစေ။"

သင့်အနေနဲ့ ကုမ္ပဏီတစ်ခုမှာ အရောင်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်နေတယ်ဆိုပါစို့။

တစ်နေ့ သင့်ရဲ့ ကုန်ပစ္စည်းကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ Customer တစ်ယောက်က သင့်ဆီကို လာပြီး သိချင်တာတွေကို စုံစမ်းတယ်။

ဒီအခါ သင့်အနေနဲ့ သင့်ကုန်ပစ္စည်းက ဘာတွေပါဝင်ကြောင်း၊ သုံးစွဲမယ်ဆိုရင် ဘယ်လိုအကျိုးရှိကြောင်း စပြီး ပြောမယ့်အစား

သင့်ကုန်ပစ္စည်းအကြောင်း ခဏမေ့ထားပြီး

၁။ Customer ရဲ့ လက်ရှိကြုံနေရတဲ့အခြေအနေကို စပြီး နားလည်အောင်ကြိုးစားကြည့်ပါ။

ကနဦးမှာ သင်ရောင်းချင်တဲ့ကုန်ပစ္စည်းအကြောင်း၊ သင့်ကုန်ပစ္စည်းကောင်းကြောင်းတွေပြောဖို့ ခဏမေ့ထားပြီး Customer အနေနဲ့ ဘာကို ကြုံတွေ့နေရလို့၊ ဘယ်ပြဿနာကို ဖြေရှင်းချင်နေတာလဲဆိုတာကို အရင်ဆုံးသိအောင် ကြိုးစားကြည့်ပါ။

၂။ သင့်အနေနဲ့ Customer ရဲ့ ပြဿနာ၊ အကြောင်းအရာကို သိသွားပြီးနောက်မှာ စပြီး အတင်းရောင်းဖို့ မကြိုးစားပါနဲ့ဦး။

သင့်ဆီမှာ ရှိတဲ့ ဘယ် ကုန်ပစ္စည်း၊ ဘယ် ဝန်ဆောင်မှုဟာဖြင့် Customer ရဲ့ လက်ရှိ ကြုံနေရတဲ့ပြဿနာကို ဖြေရှင်းပေးနိုင်လောက်တယ်ဆိုပြီး အကြံပေးကြည့်ပါ။

ဒီအဆင့်ဟာ အရေးကြီးပါတယ်။ Customer ကို သင့်ကုန်ပစ္စည်း အတင်းမရောင်းစေတာ ဘာလို့လဲဆိုရင် သင်ဟာ Customer ရဲ့ ပြဿနာကို ပြေလည်စေဖို့ မိတ်ဆွေတစ်ယောက်လို ကူညီစဉ်းစား ဖြေရှင်းပေးနေတယ်ဆိုတဲ့ ခံစားချက်ကို Customer ရဲ့စိတ်ထဲ ခံစားမိစေချင်လို့ပါ။

ဒီလို ခံစားမိဖို့အတွက်လည်း သင့်အနေနဲ့ ကုန်ပစ္စည်းရောင်းရရင်ပြီးရောမဟုတ်ဘဲ ရောင်းရသည်ဖြစ်စေ၊ မရောင်းရသည်ဖြစ်စေ Customer ရဲ့ပြဿနာကို သင့်ဆီမှာရှိတဲ့ ကုန်ပစ္စည်းနဲ့ အတတ်နိုင်ဆုံး ဖြေရှင်းပေးချင်တယ်ဆိုတဲ့ စိတ်ရင်းစေတနာပါဖို့ လိုပါတယ်။

Customer တွေဟာ စေတနာကို ခံစားတတ်ပါတယ်။ သင်ဟာ သင့်ကုန်ပစ္စည်းကို အတင်းထိုးရောင်းနေတာမဟုတ်ဘဲ သူဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ စိတ်ရင်းနဲ့ သူ့ပြဿနာကိုပြေလည်စေချင်တယ်ဆိုတဲ့ စေတနာကို ခံစားမိပါစေ။

၃။ တကယ်ဝယ်ယူဖို့ ဆန္ဒရှိလို့ လာစုံစမ်းတဲ့ Customer ဟာ သင် သူ့ကို စိတ်ရင်းနဲ့ ကူညီအကြံပေးပြီးနောက်မှာ သင့်ကုန်ပစ္စည်းကို သေချာပေါက် စိတ်ဝင်စားမှုရှိလာမှာပါ။

ဘာလို့လဲဆိုရင် သင်က ရောင်းနေတာသက်သက်မဟုတ်ဘဲ သူ့ရဲ့ ပြဿနာကို ဖြေရှင်းပေးနေတာမလို့ပါ။ လူတိုင်း ကိုယ့်ကိုစေတနာထားတဲ့သူကို သဘောကျကြပါတယ်။

Customer က သင့်ကုန်ပစ္စည်းကို စိတ်ဝင်စားမှုရှိလာပြီး သင်ညွှန်းတဲ့ကုန်ပစ္စည်းအကြောင်း မေးလာပြီဆိုတာနဲ့ သင့်ကုန်ပစ္စည်းရဲ့ အားသာချက်တွေကို စပြီး ရှင်းပြနိုင်ပါပြီ။

ဒီအဆင့်ရောက်တဲ့အခါမှာ ရောင်းဖို့ ကြိုးစားနိုင်ပါပြီ။ သင့်ကုန်ပစ္စည်းရဲ့ အားသာချက်တွေ၊ Discount ရှိရင်လည်း ပေးထားတဲ့ Discount စသဖြင့် သင်ရဲ့ အရောင်းစွမ်းရည်တွေကို ပြပြီး Customer ကို ရောင်းနိုင်ပါပြီ။

ဒီလိုမျိုး "Customer ရဲ့ ပြဿနာကို ဖြေရှင်းပေးချင်လိုက်တာ" ဆိုတဲ့ စိတ်နဲ့ ကုန်ပစ္စည်းတစ်ခုကို ရောင်းတဲ့အခါ Customer အနေနဲ့ သင့်ကိုရော၊ သင့်ရဲ့ ကုန်ပစ္စည်းကိုရော ပိုပြီးယုံကြည်မှုရှိပြီး၊ ပိုပြီး ဝယ်ယူချင်စိတ်ရှိလာမှာပါ။

တစ်ခုမေးစရာရှိတာက ကိုယ်က Customer ဝယ်ဝယ်၊ မဝယ်ဝယ်ဆိုပြီး သူ့ပြဿနာကိုပဲ ဖြေရှင်းပေးဖို့ ကြိုးစားလိုက်တာမှာ Customer က မဝယ်ဘဲပြန်သွားရင် ဘယ်လိုလုပ်မလဲ ?

တစ်ခုပဲ ဖြေချင်ပါတယ်။ "ပြန်ပါစေ"

ဒီလိုမျိုး Customer ရဲ့ ပြဿနာကို စိတ်ရင်းနဲ့ဖြေရှင်းပေးပြီးတာမှ အဲဒီ Customer က သင့်ကုန်ပစ္စည်းကို ဝယ်ဖို့စိတ်ဝင်စားမှုမရှိဘူးဆိုရင် သေချာပါတယ် သူ အစထဲက အမှန်တကယ်ဝယ်ဖို့ ဆန္ဒမရှိသေးလို့ပါ။ သင် အတင်းထိုးရောင်းလည်း မတတ်နိုင်လို့တော့ တစ်ခါတော့ ဝယ်လိုက်မယ်။ နောက်တခါ ထပ်ဝယ်တော့မှာ မဟုတ်ပါဘူး။

သင့်အနေနဲ့ ရောင်းဖို့ပဲ အရင်ဆုံး မစဉ်းစားဘဲ Customer ရဲ့ ပြဿနာကို ဖြေရှင်းပေးချင်တဲ့စိတ်ကိုပဲ ဦးစားပေးကြည့်ပါ။ အဲဒီ Customer သင့်ဆီကို အကြိမ်ကြိမ်ပြန်လာပြီး ဝယ်ယူမှာပါ။

တစ်ခုပဲ။ သင်ရောင်းလိုက်တဲ့ ကုန်ပစ္စည်းက သင်ပြောခဲ့တဲ့အတိုင်း သူ့အတွက် တကယ်အကျိုးရှိခဲ့မယ်ဆိုရင်ပေါ့။

Sapwar Marketing
မားကတ်တင်းသမားစစ်စစ်ဖြစ်ဖို့ အိမ်စာလုပ်ပါ။

21/07/2022

2nd Time... Marine and Life Insurance Awareness Virtual Event...
In total of (18) participants...
Many thanks to all Mariners and Trainers for your kind attendance... 😍
Mariners များအတွက် PNI cover and Marine benefits များအပြင် long term benefits ရနိုင်မယ့် အာမခံအမျိုးအစားများအကြောင်းကိုလည်း ဆွေးနွေးပေးခဲ့ပါတယ်. လိုအပ်တာများရှိရင် အောက်ပါလိပ်စာအတိုင်းဆက်သွယ်လို့ရပါတယ်.... 🙂

For more info:
Email: [email protected]
HP: 09977251893

17/06/2022

Opportunity never comes TWICE...

အာမခံပညာရပ်ဆိုတာ နိုင်ငံတကာနဲ့ယှဥ်ပြီး လုပ်ရတဲ့အလုပ်တစ်ခုပါ. Professionalism and ethics နဲ့ဆိုင်ပါတယ်. Insurance Advisor တစ်ယောက်ဖြစ်ဖို့က Loss Prevention, Underwriting, Claims Process တွေ အားလုံးကို နားလည်ဖို့အပြင် လူတွေကို အကူအညီပေးရင်း မိမိအတွက်ပါ အကျိုးခံစားခွင့်ရှိတဲ့ အလုပ်တစ်ခုပါ. နိုငိငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေကြပေမယ့် မြန်မာနိုင်ငံမှာတော့

17/06/2022

Plan Vs Fortune

ဖြစ်ပေါ်လာနိုင်တဲ့ ပျက်ဆီးဆုံးရှူံးမှုတွေကို ကုစားရတဲ့စနစ်အပေါ်မှာ မူတည်ပြီးတော့မှ အာမခံပညာရပ်အမျိုးမျိုး ပေါ်ပေါက်လာတာဖြစ်ပါတယ်...
မိမိကတော့ plan ချထားပေမယ့် မမြင်ရနိုင်တဲ့ကံတရားတွေကြောင့် ဖြစ်လာနိုင်တဲ့ ဆုံးရှုူးမှုတွေကို ဘယ်လိုကာကွယ်မလဲ၊ ကုစားကြမလဲ စဥ်းစားကြည့်ရအောင်...
ဆုံးရှူံးမှုဖြစ်လာရင်...
ငွေချေးမလား၊
သူငယ်ချင်း၊ဆွေမျိုးသားချင်းတွေဆီက ထောက်ပံ့မှုယူမလား၊
ရှိတဲ့ပိုင်ဆိုင်မှုထုတ်ရောင်းမလား၊
နောက်ထပ်ဝင်ငွေပိုရအောင်လုပ်မလား ...
နိုင်ငံတကာမှာတော့ အာမခံမရှိဘဲ ဘယ်မှမသွားရဲ၊ ဘာမှမလုပ်ရဲကြဘူးလို့ပြောပါတယ်...
အဲ့ဒီတော့ အာမခံထားခြင်းဟာ
ချမ်းသာအောင်မလုပ်နိုင်ပေမယ့်၊ စီးပွားရေးတိုးတက်အောင်မလုပ်ပေးနိုင်ပေမယ့် နဂိုရှိတဲ့အနေအထား၊ အဆင့်ထက်ကျဆင်းမသွားအောင်တော့ လုပ်နိုင်ပါတယ်...
အသေးစိတ်သိချင်ရင်တော့ Manulife က ပွဲလေးကို တက်ရောက်ဖို့ ခုပဲ စာရင်းပေးလိုက်ပါနော်...

Email: [email protected]
HP: 09977251893

အာမခံထားခြင်းဖြင့် ကာကွယ်နိုင်ကြပါစေ... 😘