Aratani Japanese Language Centre

Aratani Japanese Language Centre

Japanese Language Centre

21/04/2023

Japanese Language School နဲ့ COE
ရထားတဲ့သူများအတွက် ပြင်ဆင်ရန်အချက်များ✨

🌟 ရက်ချိန်းယူခြင်း။
COE လက်ထဲရောက်လာတာနဲ့ ဗီဇာလျှောက်ဖို့
Japan သံရုံးကို ဖုန်းဆက်ပြီး ရက်ချိန်းကြို
ယူရပါတယ်။
mm.emb-japan.go.jp/itprtop_en/index.html
ကနေ Email နဲ့ ရက်ချိန်းယူလည်းရပေမဲ့
ဖုန်းနဲ့က ပိုမြန်ပါတယ်။
ရက်ချိန်းပေးတဲ့ အချိန်နဲ့နေ့ကို သေချာမှတ်ထားပြီး အတိအကျသွားရပါမယ်။

🌟 စာရွက်စာတမ်း စုစည်းခြင်း။

ဂျပန် သံရုံးကို သွားရင် ယူသွားရမယ့်
စာရွက်စာတမ်းတွေက -
✅ Passport
✅ ဗီဇာလျှောက်လွှာ
✅ ဓာတ်ပုံ (၄၅ မီလီမီတာ × ၄၅ မီလီမီတာ၊
၆လအတွင်း ရိုက်ကူးထားသောပုံ၊
နောက်ခံအဖြူနဲ့ ရိုက်ရင် ပိုအဆင်ပြေ။)
✅ COE မူရင်းနှင့် မိတ္တူ။

🔶 ဗီဇာ လျှောက်လွှာကို
https://www.mm.emb-japan.go.jp/itpr_my/consular_my.html ထဲက
(လျှောက်ထားရာတွင်လိုအပ်သည့်FORMပုံစံများ) အောက်ကနေ Download လုပ်ပြီး
ရယူနိုင်ပါတယ်။ သတိပြုရန် - Print ထုတ်ပြီး
Form ဖြည့်သွားရမည်။ ဖောင်ဖြည့်တဲ့အခါ
မှင်အနက်ဖြင့် ဖြည့်တာ ပိုကောင်းပါတယ်။
ဖောင်ဖြည့်ရန် နမူနာကိုလည်း အထက်ပါ
Download link မှာပဲ ရယူနိုင်ပါတယ်။

🔶နယ်ကနေ သွားမယ့်သူတွေကတော့ မှတ်ပုံတင်ပါယူသွားရင် ပိုကောင်းပါတယ်။

🔶သံရုံးထဲ ဝင်ဖို့ Mask မဖြစ်မနေ လိုပါတယ်။
Mask မပါရင် အဝင်မခံပါ။

🔶 သံရုံးအဝင်မှာ ဖုန်းတွေ၊ အိတ်တွေကို လုံခြုံရေး နေရာမှာပဲ ထားခဲ့ရတာဖြစ်ပြီး
အထဲကို စာရွက်စာတမ်းနှင့် အိတ်အကြည်သာ ယူလို့ရပါတယ်။

🔶 ပုံမှန်အားဖြင့် ငွေက ဗီဇာအထုတ်ကျမှ
ငွေသွင်းရတာဖြစ်ပါတယ်။ ဗီဇာအလျှောက်ကတည်းက လိုရမယ်ရ ယူသွားချင်ရင်လည်း
၆သောင်းလောက်ဆို လောက်ပါတယ်။

❗ လိုအပ်သည်များကို -
https://www.mm.emb-japan.go.jp/itpr_my/consular_my.html ထဲက

✅ ကာလရှည်နေထိုင်ခွင့်ကဒ်ရရှိထားသူများ(ကာလရှည်နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း စသည်)
👉 ကာလရှည်နေထိုင်ခွင့်ကဒ် (COE) ရရှိထားသူများတင်ပြရမည့်စာရွက်စာတမ်း (PDF)
ကို Download လုပ်ပြီးလည်း ကြည့်ရှုနိုင်ပါတယ်။❗

စာရွက်စာတမ်း စုံလင်သွားပါက
ရက်ချိန်းယူထားတဲ့ ရက်/အချိန်မှာ
( အမှတ် ၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ +95-(0)1-549644~8 ) က
ဂျပန်သံရုံးမှာ ဗီဇာအတွက် လာတာပါဆိုပြီး
ပြောလိုက်ရုံပါပဲ။
၉နာရီ ၁၅ လောက်ဆို သံရုံး စဖွင့်ပါပြီ။

အားလုံးပြီးပါက သံရုံးက Passport နဲ့ COE မူရင်းကို ခဏ ယူထားမှာဖြစ်ပြီး စလစ်စာရွက်လေး ပေးလိုက်မှာဖြစ်ပါတယ်။
အဲ့ဒီစာရွက်လေးမှာ ဗီဇာအထုတ်ကျ ပေးသွင်းရမယ့်ငွေနဲ့ ရက်ချိန်းအချိန်တွေ ပါပါတယ်။

ဗီဇာက ပုံမှန်အားဖြင့် တစ်ပတ်-နှစ်ပတ်လောက်ပဲ ကြာပါတယ်။မြန်ရင် ၅ရက်လောက်ပါပဲ။

ဗီဇာအထုတ်ကိုလည်း ရက်ချိန်းအတိုင်းလာပြီး
ငွေသွင်းလိုက်ရုံပါပဲ။ဒါဆို အားလုံး ပြီးပါပြီ။

🔶 ဗီဇာ မလျှောက်ခင် လေယာဉ်လက်မှတ်
ကြိုဖြတ်ထားတဲ့သူတွေက ဗီဇာလျှောက်လွှာထဲမှာ လေယာဉ်ပျံ နံပါတ်ထည့်ပေးရပါမယ်။
မဝယ်ရသေးရင် မထည့်လည်းရပါတယ်။

🔶 ဂျပန်ကျရင် ကိုယ်နေရမယ့် အဆောင် (သို့) အိမ်ရဲ့ လိပ်စာ သိရင်လည်း ဗီဇာထဲမှာ
ဖြည့်ရမယ်။ မသိသေးရင်တော့ ဂျပန်
ကျောင်းလိပ်စာထည့်လည်း ရပါတယ်။
ဒါကြောင့် ဂျပန်ကျောင်းလိပ်စာတော့
မဖြစ်မနေ သိထားရပါမယ်။

ဗီဇာရပြီဆိုတာနဲ့ လေယာဉ်တက်ဖို့အတွက်
လိုအပ်တာတွေကို ပြင်ဆင်ထားရုံပါပဲ။

🌟 လေယာဉ်တက်ဖို့ ပြင်ဆင်ခြင်း။
လေယာဉ်တက်ဖို့အတွက် လိုအပ်တာတွေကတော့-
✅ လေယာဉ် လက်မှတ်
✅ Covid ဆေးထိုးထားကြောင်း စာရွက်
(English လို နိုတြီပြန်ထားဖို့ လိုပါတယ်။)
✅ Fast Track / Fast Pass ဖောင်။
✅ Passport/ Visa/ COE

⭐ Fast Track ဆိုတာ ဘာလဲ ?
Fast Track ဆိုတာ ဂျပန်အဝင်မှာ
ကွာရန်တင်း စစ်တဲ့ လုပ်ငန်းစဉ်
(quarantine procedures)ကနု
မြန်မြန် ကျော်နိုင်ဖို့အတွက် ကြိုဖြည့်ထားရတဲ့ ဖောင်ဖြစ်ပါတယ်။

Fast Track ဖောင် ဖြည့်ထားရင်
ဂျပန် လေဆိပ်က ကွာရန်တင်း ကောင်တာကို
ခဏလေးနဲ့ ဖြတ်နိုင်မှာ ဖြစ်ပြီး Immigration
ကျရင်လည်း အတော်မြန်ပါတယ်။

Fast Track ဖောင်အကြောင်းကို
https://www.hco.mhlw.go.jp/en/ မှာ
ဖတ်ကြည့်ပါ။

Fast Track Register ကိုတော့
https://www.vjw.digital.go.jp/ မှာ
Email ဖြင့် Sign In လုပ်ပြီး လျှောက်ထား
ရပါမယ်။
Fast Track Registration လုပ်ဖို့ 72 နာရီလောက် စောင့်ရမှာ ဖြစ်လို့
မသွားခင် 4ရက်လောက်ကတည်းက ကြိုလုပ်ထားရပါမယ်။

Fast Track ဖောင်ဖြည့်ပြီး 72 နာရီပြည့်ရင်
👉 Immigration QR code ရယ်၊
👉 Declaration QR Code ရယ်၊
👉 Pre-registration for quarantine procedures ဆိုတဲ့ ပန်းရောင်ပုံလေး‌ရယ်
ရရှိလာပါမယ်။ အဲဒါတွေ အားလုံးကို
Screenshot ရိုက်ပြီး သိမ်းထားပါ။

ဂျပန် လေဆိပ် ရောက်တာနဲ့ အဝင်ဝမှာ
Fast Track ဆိုပြီးPre-registration for quarantine ဆိုတဲ့ Screenshot လေး
ပြလိုက်ရုံပါပဲ။

ပြီးတာနဲ့ Immigration မှာ တန်းစီပြီး
Immigration QR code နဲ့ Passport/ ဗီဇာ/ COE ကို ‌ပြပေးရပါမည်။

COE ကို ဂျပန်လဝကမှ ယူထားလိုက်ပြီး
(ဇိုင်းလယူးကတ် - Residence ("Zairyu Card")ကို ပေးလိုက်ပါမယ်။
သတိပြုရန် - ကျောင်းသားတွေအနေနဲ့
Part Time Job လုပ်ဖို့ ZaiRyu ကဒ်မှာ
တံဆိပ်တုံး နှိပ်ခိုင်းခဲ့ရပါမယ်။

ZaiRyu Card ရရင်တော့ အကုန်လုံး
အောင်မြင်သွားပါပြီ။
ZaiRyu Card က မှတ်ပုံတင်လို အရေးကြီးတာ ဖြစ်လို့ ဘယ်သွားသွား ယူသွားရမယ့်အပြင်
မပျောက်စေဖို့လည်း သတိပြုပါ။
ပျောက်ဆုံးပါကလည်း ချက်ချင်း အကြောင်းကြားရမည်။

မြန်မာကနေ ယူလာသင့်တဲ့ ပစ္စည်းများ။
✅ ဖုန်းနဲ့ ဆင်းကဒ်။
(ထိုင်းလေဆိပ် Transit သမားတွေ
ထိုင်းကနေ ဗမာကို ဖုန်းလှမ်းခေါ်လို့ရပါတယ်။
ဂျပန်မှာလည်း မြန်မာဆင်းကဒ်က ဖုန်းခေါ်လို့
မရပေမဲ့ မက်ဆေ့ ဝင်ပါတယ်။
ဒါကြောင့် Kpay တွေ၊ Email တွေ၊ Facebookအကောင့်တွေအတွက် code တောင်းလို့ ရပါတယ်။)
✅ မြန်မာ မှတ်ပုံတင်။
✅ မြန်မာ ပိုက်ဆံ ၁သောင်းခန့်။

✅ ရုတ်တရက် ရှာဝယ်ရမလွယ်တဲ့
နေ့စဉ်သုံးပစ္စည်းများ။
✅ (ကီလို ပိုပါက ခေါက်ထီး)
✅ အဝတ်အစား လိုအပ်သလောက်နဲ့
အတွင်းခံများများ၊ ခြေအိတ်အပါး/အထူများများ။
✅ ပိုက်ဆံအိတ် ကောင်းကောင်း
(အကြွေစေ့နဲ့ ကဒ်မျိုးစုံ ထည့်ရ အဆင်ပြေတဲ့
အိတ်ဝယ်ပါ။)



#ဗီဇာ #ဂျပန်ဗီဇာ
#ဂျပန်ဗီဇာလျှောက်နည်း

01/01/2023

あけましておめでとうございます🎍🌅⛩

31/12/2022

今日は大晦日です。
皆さんはいかがお過ごしでしょうか。
私は今年このFacebookのページでたくさんの方と交流することができました。そこから、皆さんの日本語学習に対する積極的な意欲やミャンマーの文化や習慣なども知ることができました。ありがとうございました。
来年こそはミャンマーへ行こうと考えています。
また何かあればページでお知らせします。

皆様どうぞ良いお年をお迎えください。⛩🎍

Photos from Aratani Japanese Language Centre's post 26/09/2022

#鴨川シーワールド

水族館に行って来ました🐠🐟🐡🦭
きれいでかわいくて、不思議な魚たちを見ることが出来ました。おすすめの場所です😊

ချိဘ ခရိုင်ထဲမှာရှ်ိတဲ့ ခမိုဂဝ ငါးပြတိုက်ဆီ သွားလည်ခဲ့ပါတယ်
ဒီနေရာလေးက ငါးအမျိုးပေါင်း စုံလင်စွာ
လေ့လာခွင့်ရနိူင်မယ့် နေရာလေးမို့
Recommend ပေးပါတယ် 🥰🥰

06/09/2022

いくら ဘယ်လောက် ??
いくつ ဘယ်နှစ်ခု??

“いく”နဲ့ စတဲ့ ဒီလို စကားလုံးတွေမှာလည်း ခန်းဂျီးရှိပါတယ်

★★★数量が不明、不定の意味

အရေတွက်မသေချာ,မသတ်မှတ်ရသေးတဲ့အခါမှာ
ဒီလို စကားလုံးလေးတွေကို အသုံးပြုပါတယ်

①幾つ → いくつ
②幾ら → いくら
③幾人 → いくにん
④幾日 → いくじつ、いくにち
⑤幾分 → いくぶん

★★★数量が多い意味、または年月の長い意味

ပမာဏတော့များပီး, အကြိမ် အရေအတွက် သတ်သတ်မှတ်မှတ်မသိနိူင်တဲ့ အခါတွေမှာ
ဒီလို စကားလုံးလေးတွေကို အသုံးပြုပါတယ်

①幾度 →いくど
②幾重 →いくえ
③幾多 →いくた
④幾千万 →いくせんまん
⑤幾千代 →いくせんだい

#ဂျပန်စာလေ့လာနေသူအတွက် အထောက်ကူဖြစ်မယ်ဆိုရင် ဝမ်းသာမိပါတယ်😍😍

04/09/2022

Hello.
Do you know how to type Japanese on your smartphone?
Today, I would like to introduce the input method most commonly used by Japanese people.

First, please go to your smartphone's settings and add a keyboard. There are two types of Japanese keywords: "Japanese- Kana" and "Japanese - Romaji". We will use "Japanese- Kana" in this case.

If a keyboard with hiragana appears, you have succeeded.

The "あ" button contains" あいうえお"
the "か" button contains "かきくけこ".
the "さ" button contains "さしすせそ".You know the rest of the buttons, don't you?

From here, tap and flick to type.

Example: To input "あ", tap the "あ" button.
To input "イ", tap the "あ" button and flick it to the left.

If you press and hold the button for a long time, the character will be displayed clearly. Until you get used to it, it is a good idea to input while pressing and holding the button.

Kanji and Katakana are converted at the top of the keyboard.

How was it?
Please Like and Comment if you like.

Thank you 😊

04/09/2022

こんにちは。
みなさんはスマートフォンで日本語を入力する方法は知っていますか?
今日は日本人が1番よく使う入力方法を紹介します。

まず、スマートフォンの設定からキーボードを追加してください。日本語のキーワードには「Japanese- Kana」と「Japanese - Romaji」の2種類あります。今回は「Japanese- Kana」を使います。

ひらがなが書かれたキーボードが出てくれば成功です。

「あ」のボタンには「あいうえお」
「か」のボタンには「かきくけこ」
「さ」のボタンには「さしすせそ」が入っています。残りのボタンはわかりますね?

ここからタップとフリックすることで入力していきます。

例: 「あ」を入力するときは、「あ」のボタンをタップする。
「い」を入力するときは、「あ」のボタンをタップして、左にフリックする。

ボタンを長押しすると、文字がわかりやすく表示されます。慣れるまでは長押ししながら入力すると良いでしょう。

漢字とカタカナの入力はキーボードの上のところで変換します。

いかがでしたか?
よければLikeとCommentして下さい。

ありがとうございました😊

Photos from Myanmar Association of Japan Alumni (MAJA)'s post 28/07/2022
Photos from Aratani Japanese Language Centre's post 23/07/2022

ဂျပန်မှာရှိတဲ့ Yokohama China Town

#横浜中華街

Photos from Aratani Japanese Language Centre's post 08/07/2022

御冥福をお祈りします

မြန်မာပြည်သူတွေအပေါ်မှာ များစွာ ကူညီပေးခဲ့ပြီး
မြန်မာနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့တဲ့
ဂျပန်၀န်ကြီးချုပ်ဟောင်း (ရှင်ဇိုအာဘေး)ဟာ
ဒီိနေ့ ၂၀၂၂ ဇူလိုင် ၈ ရက် မိန့်ခွန်းပြောနေစဉ်
ပစ်ခတ်လုပ်ကြံခံရပီး ညနေပိုင်းတွင်
ကွယ်လွန်သွားခဲ့ပါတယ်။

ကြီးမားတဲ့ ဆုံးရှုံးမှုအတွက် ဂျပန်ပြည်သူများနဲ့
ထပ်တူ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါတယ်။ 💔😢

Photo Crd - Internet

07/07/2022

၇ ရက် ၇ လ ဖြစ်တဲ့ ဒီနေ့ဟာ ဂျပန်ရိုးရာ
ကြယ်ပွဲတော်နေ့ဖြစ်ပါတယ်။
ဂျပန်လို 七夕 ( Tanabata Festival) လို့
ခေါ်ကြပါတယ်။

Tanabata ပွဲတော်မှာ ဂျပန်လူမျိုးတွေဟာ
စက္ကူလေးတွေထဲမှာ ကိုယ်ဖြစ်ချင်တဲ့
ဆန္ဒလေးတွေ ရေးပြီး ဝါးပင်ကိုင်းလေးတွေပေါ်မှာ
ချိတ်ဆွဲကြလေ့ရှိပါတယ်။

စုံတွဲတွေအတွက်တော့ Tanabata ပွဲတော်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ နောက်ကြောင်း
ပုံပြင်လေးရှိသေးတယ်နော်။💔

ပွဲတော်အစားအစာအနေနဲ့ Soumen ခေါက်ဆွဲအေးကို စားကြလေ့ ရှိပါတယ်။

03/07/2022

子供たちと漢字の勉強をしています。
とても上手です😊

Blank Quiz 23/05/2022

#みんなの日本語の第14課から19課までのテスト

Blank Quiz

13/05/2022

Aratani ရဲ့ မင်းသမီးလေးတွေ
ကြိုးစားပီးပြောထားကြတာလေးတွေ
ချစ်လိုက်တာ 😘😘🥰🥰
ငယ်ရွယ်တဲ့အချိန်မှာ ဘာသာစကားသင်ယူစေခြင်းဟာ
ကလေးတွေ အတွက်အကောင်းဆုံးပါပဲ
ဂျပန်လူမျိုးဆရာကိုယ်တိုင်သင်ပေးတဲ့အတွက်
အသံထွက် မမှန်မှာတော့ စိတ်ပူစရာမလိုဘူး🧒🧒

02/05/2022

FYI

CALL FOR APPLICATIONS! JAPANESE GOVERNMENT SCHOLARSHIP FOR 2023
2 May 2022

The Government of Japan offers MEXT scholarship program, which is a governmental full scholarship program, to international students who wish to study in Japan. It covers tuition fee, monthly stipend and round-trip ticket from Myanmar to Japan. The Embassy of Japan is pleased to announce that applications for the MEXT Scholarship 2023 intake are now open until 16th May.
There are four types of the program, namely research students program, undergraduate students program, college of technology students program and specialized training college students program. Please check the following website for the guidelines, application forms and related documents of each program.

(Research Students Program/Graduate Level)
https://www.studyinjapan.go.jp/en/smap-stopj-applications-research.html
(Undergraduate)
https://www.studyinjapan.go.jp/en/smap-stopj-applications-undergraduate.html
(College of Technology)
https://www.studyinjapan.go.jp/en/smap-stopj-applications-technology.html
(Specialized Training College)
https://www.studyinjapan.go.jp/en/smap-stopj-applications-specialized.html

All applicants are required to submit the necessary documents to Myanmar Association of Japan Alumni (MAJA) and take the first screening conducted by it. For more details including recruiting process, please check MAJA’s Homepage and Facebook.
[Home Page]
http://www.ascoja-maja.org.mm/
[Facebook]
https://www.facebook.com/MyanmarAssociationOfJapanAlumniMAJA

MAJA Head Office (Yangon)
Address: 2B (4), Snow Garden Housing, Thumingalar Road, Hnin Si Gone (Ka) Ward, Thingangyun Township, Yangon.
Phone number: 09-428612151, 09-262602121
Email : [email protected]

Photos from Aratani Japanese Language Centre's post 30/04/2022

Speaking class လေး ဒီနေ့ပဲပြီးပါတယ်
အားလုံး လျှပ်စစ်မီးအခက်ခဲကြားထဲက
ကြိုစားပီး လာပေးကြလို့ အထူးပဲကျေးဇူးတင်ပါတယ်
ပျော်ပျော်ရွှင်ရွှင်နဲ့ အားလုံးနဲ့ စကားပြောခွင့်ရတဲ့အတွက်
တကယ်ပဲ ဝမ်းသာမိပါတယ် 😊😊😊

今日で会話クラスは終了しました。このクラスを通じて、たくさんの生徒と話すことができて嬉しかったです。参加してくれた皆さんどうもありがとうございました。😊😊😊

Photos from Aratani Japanese Language Centre's post 29/04/2022

ဒီနေ့ကစပီး 5 ရက်နေ့ထိ
ဂျပန်မှာ Golden week ပိတ်ရက်ရှည်ကြီးစပါပီ
မင်မင်ကတော့ မနက်လှမ်းလျောက်ထွက်ရင်း
လမ်းဘေးမှာစိုက်ထားတဲ့ ပန်းလေးတွေ
ဓာတ်ပုံရိုက်ယူခဲ့တယ်
☘️☘️🌸🌸🍃🍃🌹🌹🪴🌼🌿🌿🌷🌷

17/04/2022

မြန်မာတို့ရဲ့ နှစ်သစ် မင်္ဂလာ နှစ်ဆန်းတစ်ရက်နေ့မှာ
ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြရင်း
ရွှင်လန်းချမ်းမြေ့သော နှစ်သစ်လေးကို
စတင်နိုင်ကြပါစေဗျာ။🙏🙏🙏

10/04/2022

ARATANI ရဲ့ N5 ကလေးတန်းလေး

ကလေးတွေ က လိမ္မာပီး စာကြိုးစားကြလို့

ကျေနပ်ပီတိဖြစ်မိပါတယ် 🥰🥰🥰

31/03/2022

Free Speaking Class မှာ စာရင်းပေးခဲ့တဲ့
သူတွေ အားလုံး Page Chat box မှာ
Zoom Link လာ ယူလို့ ရပြီနော်။

ဧပြီ ၂ ရက်နေ့၊ စနေနေ့မှာ သင်တန်း စတင်မှာ
ဖြစ်ပါတယ်။

{ အကြောင်းအမျိုးမျိုးကြောင့် မ Join ဖြစ်ဘူး
ဆိုရင်လည်း လာရောက် Cancel ပေးပါဦးနော်။
တက်ချင်တဲ့သူတွေ ထည့်ပေးနိုင်အောင်ပါ။ }

သင်တန်းချိန် - Gp A : နေ့လယ် 1 - 2 နာရီ
သင်တန်းချိန် - Gp B : နေ့လယ် 11-12 နာရီ

သင်တန်းကာလ - April တစ်လ
သင်တန်း ရက် - စနေ၊ တနင်္ဂနွေ နေ့တိုင်း။

Photos from Aratani Japanese Language Centre's post 28/03/2022

ဂျပန်စကားမှာလည်း မြန်မာစကားလိုပဲ
စကားပုံလေးတွေရှိပါတယ်။ 🇯🇵 🇯🇵
四文字熟語 (よんもじじゅくご) လို့ခေါ်တဲ့
Kanji (၄)လုံးပါတဲ့ စကားပုံလေးတွေပဲဖြစ်ပါတယ်။

ဒီလို ဂျပန်စကားပုံအတိုလေးတွေကို
သိထားခြင်းအားဖြင့် ဂျပန်စကားပြောတဲ့နေရာမှာ
သဘာဝကျကျ ဝေါဟာရ ကြွယ်ကြွယ်ဝဝနဲ့
ပြောနိူင်မှာဖြစ်ပါတယ်
မှတ်ရလည်း လွယ်တာမို့ ကျက်ထားလိုက်ဦးနော်။😉

21/03/2022

日本の電車はこのように運転してます🚃🚆🇯🇵

ရ ရထားကြီး ပျော်ပျော်စီး 😊

Photos from Aratani Japanese Language Centre's post 14/03/2022

Free Japanese Speaking Class အတွက်
အချိန်မီ စာရင်းပေးသွင်းနိုင်ခဲ့သူများ စာရင်း ❤️

သက်ဆိုင်ရာ Group မှာ ကိုယ့်နာမည်ပါရင်
March လ ၃၁ ရက်နေ့ကျရင် Page chatbox မှာ
Zoom Link လေး လာတောင်းပေးပါနော်။

အကြောင်းအမျိုးမျိုးကြောင့် လာမတက်
နိုင်ဘူးဆိုရင်လည်း Page မှာ လာပြောပေးပါ‌ဗျ။
တခြား တက်ချင်တဲ့သူတွေကို
ထည့်ပေးချင်လို့ပါနော်။❗

သင်တန်းစမည့်နေ့ - April 2
သင်တန်းကာလ - April တစ်လ
သင်တန်း ရက် - စနေ၊ တနင်္ဂနွေ နေ့တိုင်း။

သင်တန်းချိန် - Gp A : နေ့လယ် 1 - 2 နာရီ
သင်တန်းချိန် - Gp B : နေ့လယ် 11-12 နာရီ

Photos from Aratani Japanese Language Centre's post 05/03/2022

ဂျပန်မှာတော့ ဒီလိုချိန် ၃ လပိုင်း လောက်မှာ

梅 うめပန်းလေးတွေ ပွင့်ပါတယ်

ဆာကူရာပန်းလေးတွေနဲ့ ဆင်ပေမယ့်

၄ လပိုင်းလောက်မှ ဆာကူရာ က ပွင့်တာပါ

💗💗💗

25/02/2022

ဂျပန်လူမျိုးနဲ့ ဂျပန်စကားပြော လေ့ကျင့်ဖို့
“ပညာဒါန Japanese Speaking Class ”🗣️🇯🇵
ဂျပန်စာလေ့လာနေတဲ့သူတွေဆီ Share
ပေးလိုက်ပါဦး။❤️

ဂျပန်စကားပြောဖို့ ယုံကြည်ချက် မရှိသေးရင်
ဒီ အခမဲ့ ပညာဒါနအတန်းလေးမှာ ဂျပန်လူမျိုး
ဆရာနဲ့အတူတူ လေ့ကျင့်လိုက်ပါနော်။😉

ဆရာနဲ့အတူ စီနီယာတွေလည်း ပါမှာဆိုတော့
ဂျပန်စကား ပြောပါများရင်း ကျွမ်းကျင်လာမှာ
သေချာပါတယ်။💯

ဂျပန်သွားဖို့ဆိုရင် စကားပြောကျွမ်းကျင်နေဖို့
လိုအပ်ပြီး ဒီ Class က အဲဒီ လိုအပ်ချက်ကို
အခမဲ့ ဖြည့်ဆည်းပေးမယ့် အတန်းပါ။⭐

100% FREE Japanese Speaking
(Zoom Class)

သင်တန်းအချိန် - စနေ၊ တနင်္ဂနွေ။
သင်တန်းစမည့် ကာလ - မတ်လကုန်

အုပ်စု A (N1+ N2 ) - လက်ခံမည့်
သင်တန်းသား ၁၀ ဦး

အုပ်စု B (N3+N4) - လက်ခံမည့်
သင်တန်းသား ၁၀ ဦး

❗အုပ်စုတစ်ခုစီမှာ သင်တန်းသား (၁၀)ဦးသာ
လက်ခံသွားမှာမို့ အချိန်မီ အပ်ထားဖို့လိုပါမယ်။❗

လူဦးရေ အကန့်အသတ် ကျော်သွားလည်း
Aratani ရဲ့ တခြားသင်တန်းသားတွေကတော့
ဝင် join ခွင့်ရှိပါတယ်။

⚠️ တစ်ခုတည်းသော စည်းကမ်းကတော့
Free ဆိုပြီး တန်ဖိုးမထားတာမျိုး မလုပ်ဘဲ
အတန်းချိန်မှန် ရပါမယ်နော်။ ⚠️

သင်တန်းအပ်နှံရန် -
ဖုန်း ☎️ 09951033075, 09774077087
Page Chat box တွင်လည်း လာရောက်
အပ်နှံနိုင်ပါသည်။

25/02/2022

အားလုံး ကံကောင်းကြပါစေ

N4 Level (Mandalay) အတွက် လျှောက်ထားရမည့် Google Application Form Link မှာအောက်ပါအတိုင်းဖြစ်ပါသည်။

(Mandalay စာဖြေဌာနတွင် ဖြေဆိုမည်သူများသာ ၀င်ရောက်လျှောက်ထားရန်ဖြစ်ပါသည်။)

တစ်ကြိမ်ထက်ပို၍ ပေးပို့လာသော လျှောက်လွှာများကို လက်ခံမည် မဟုတ်ပါသောကြောင့် တစ်ဉီးလျှင် တစ်ကြိမ်သာလျှင် လျှောက်ထားရန် အထူးသတိပေးအပ်ပါသည်။ လူတစ်ဦးတည်းမှ (၂) ကြိမ်နှင့်အထက် လျှောက်လွှာဝင်ရောက်လာခြင်း၊ ရန်ကုန်နှင့်မန္တလေး စာဖြေဌာနနှစ်နေရာလုံးတွင် လျှောက်ထားသူများအား လျှောက်လွှာလက်ခံခြင်းပြုမည် မဟုတ်ပါ။

Google Application Form လျှောက်ထားပြီးဆုံးပါက လျှောက်ထားသည့် Email အကောင့်သို့ လက်ခံရရှိကြောင်း Email ဝင်ရောက်လာမည် ဖြစ်ပါသည်။

N4 Mandalay Test Site
https://docs.google.com/forms/d/e/1FAIpQLSfEbf5L_2-dCGxNsbC6s-xRsvZyRE4VwyidSDtNvplMwpJfbA/viewform?usp=sf_link

လျှောက်ထားပြီးသော စာဖြေသူများ၏ လျှောက်လွှာများအား စီစစ်၍ စာမေးပွဲကြေး ပေးသွင်းရမည့်သူ စာရင်းအား N4 Level (Mandalay) အတွက် (15.3.2022) ရက်နေ့မတိုင်မှီ ကြေငြာပေးသွားမည်ဖြစ်ပြီး၊ ယင်းနောက်တွင် စာမေးပွဲကြေးပေးသွင်း ရမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

Photos from Aratani Japanese Language Centre's post 21/02/2022

N4 ဖြေမယ့်သူတွေ..လာမယ့် JLPT Test အတွက်
အဆင်သင့်ဖြစ်ပြီလား ???
JLPT ဖြေဖို့ N4စာ‌တွေ ပြန်နွှေးချင်တာပဲဖြစ်ဖြစ်၊
အခုမှ စသင်မှာပဲ ဖြစ်ဖြစ် အချိန်ကိုက် တက်လို့
ရတဲ့ ARATANI ရဲ့ N4 Online Class ရှိတယ်နော်။

ဂျပန်စာကို တကယ်ကျွမ်းကျင် တတ်မြောက်ချင်ရင်
ဂျပန်လူမျိုး ဆရာကိုယ်တိုင် သင်ကြားပေးမယ့်
N4 အတန်းကို အခုပဲ လာတက်လိုက်ပါ။✅

သင်တန်းစမည့်ရက် - Feb 28 2022
သင်တန်းချိန် - ည ၇နာရီ မှ ၉ နာရီ
သင်တန်းရက် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ။
သင်တန်းကာလ - ၃ လ။
သင်တန်းကြေး - ၁၆၀,၀၀၀ ကျပ်
( ၂ဦးနဲ့အထက် အတူတူ အပ်လျှင်
၁သောင်းကျပ်စီ Discount )

သင်တန်းအပ်နှံရန် -
ဖုန်း ☎️ 09951033075, 09774077087
Page Chat box တွင်လည်း လာရောက်
အပ်နှံနိုင်ပါသည်။

Photos from Aratani Japanese Language Centre's post 15/02/2022

ဂျပန်စာမှာ အလွယ်ဆုံး ခန်းဂျိ က “1” ရေးနည်းဖြစ်ပါတယ်

တချက်တည်းပဲ ဆွဲပီးရေးလိုက်ရုံပါပဲ✍️

ဒါဆိုရင် အခက်ဆုံး ခန်းဂျိကရော

ဘယ်နှစ်ချက် ဆွဲရမယ် ထင်ပါသလဲ ⁉️

ပုံမှာ ဝင်ကြည့်လို့ ရပါတယ် 😉😉

အထူးသဖြင့် ဂျပန်လူမျိုးတွေ မသုံးတဲ့ ခန်းဂျိ ဆိုရင်တော့ အချက် ၁၀၀ လောက်မနည်း ဆွဲရင် ဆွဲရလိမ့်မယ် ထင်ပါတယ်

日本語で一番簡単な漢字は「一」です。これは一回で書くことができます。では、一番難しい漢字は何回で書けるでしょうか?

正解は29回で「鬱」です。
ちなみに、普段日本人が使わない漢字だと書くのに100回以上必要なものもあるそうです。

Videos (show all)

Hello.Do you know how to type Japanese on your smartphone?Today, I would like to introduce the input method most commonl...
こんにちは。みなさんはスマートフォンで日本語を入力する方法は知っていますか?今日は日本人が1番よく使う入力方法を紹介します。まず、スマートフォンの設定からキーボードを追加してください。日本語のキーワードには「Japanese- Kana」と...
日本の電車はこのように運転してます🚃🚆🇯🇵ရ ရထားကြီး ပျော်ပျော်စီး 😊
雪降ってるよ❄️☃️နှင်းကျနေပါတယ်

Telephone

Website