Sun & Moon

Sun & Moon

"Shine"☀️ & "Nan"🌙

❤️9 / 12 / 2023 ❤️

06/02/2024

အချစ်ခံခဲ့ရပြီ ထင်ခဲ့တာ ....,

တကယ်တော့
လိုသုံးအဖြစ် ငါ့ရဲ့ စစ်မှန်ခြင်းအားလုံးကို ဆက်သခဲ့ရတာပဲ ။

🖤🌙

06/02/2024

"ကျတော်တို့ကို နာကျင်အောင် လုပ်တဲ့သူဟာ ကျတော်တို့ သိပ်ချစ်ရတဲ့သူပါ"တဲ့

တစ်လောကလုံးက အပြစ်မြင်နေရင်တောင် တစ်စုံတစ်ယောက်ဆီမှာတော့ ငါဟာ ဘာလုပ်လုပ် အပြစ်ကင်းနေချင်တယ်။

ဖြစ်တည်မှုတိုင်းကို လက်ခံပေးပြီး ကိုယ့်ရဲ့ကောင်းကွက်တွေအပြင် ကိုယ့်ရဲ့ဆိုးမိုက်ခြင်းတွေကိုပါ မငြိုငြင်မယ့် သူမျိုးပေါ့ ။

တစ်ခါတစ်လေ ကျတော်တို့ လူရွေးမှားတက်တယ် ။ တစ်လောကလုံးနဲ့ တစ်ယောက် ရွေးချယ်ခဲ့ပေမယ့် တစ်လောကလုံးကိုသာ ဆုံးရှုံးသွားရတဲ့ အခိုက်တန့်မျိုးလေ ။

မျက်ရည်တွေနဲ့လဲ တောင်းဆိုဖူးတယ် ... သတိလစ်မတက်လဲ ငိုကြွေးဖူးတယ် ကြည့်နေရက်သူက ကြည့်ပဲနေမှာ ... နာကျင်အောင်လုပ်တဲ့သူက ထပ်ပြီးပဲ နာကျင်ဖို့ အကြောင်းတွေဖန်တီးမှာ ... ဒါတွေကို မေ့နေခဲ့တယ် ... ဆက်ချစ်ဖို့ပဲ ရွေးချယ်နေမိကြတယ် 💔

ပေးဆပ်ခဲ့ရတာတွေအတွက် ပြီးခဲ့တဲ့ အချိန်တွေဟာ လုံလောက်မယ်ထင်ပါတယ် ။ တော်သင့်ပြီလေ 🚫

တစ်စုံတစ်ယောက်အတွက် စျေးပေါဖူးကြတယ်မို့လားး အဲ့တစ်ယောက်ကပဲ မင်းဘဝကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် နင်းချေသွားလိုက်မယ်။ အဲ့ဒါကိုယုံကြည်ပါ ။

ချခင်းထားတဲ့ မာနလေးတွေ ပြန်ကောက်ပြီး မုန်းပစ်လိုက်ချင်ပြီ ။ ရာစရာမရှိတဲ့ သိက္ခာလေးတွေ အဖက်ဆယ်ပြီး နောက်ဆုံးထွက်သက်လေးမှာတော့ သိက္ခာရှိရှိ သေဆုံးလိုက်ချင်တယ် ။

ရှင်နေရက်နဲ့ အသက်ရှူရပ်နေရတယ် ...,

အကောင်းဆုံးနေပြခဲ့တယ် အကောင်းဆုံးဆိုတာတွေပဲ အတက်နိုင်ဆုံး ဖန်တီးခဲ့လဲ ငါဟာ အဆုံးသတ်မှာ အမှားလုပ်ထားသူလို အပြစ်တင်ခံရတယ်

ငါ့ကို နာကျင်စေသူဟာ ငါချစ်ရတဲ့သူသာ ဖြစ်နေခဲ့တယ်။

💔

27/01/2024

တစ်စုံတစ်ခုကို မျှော်လင့်မိတိုင်း အနည်းနဲ့အများ ကိုယ်တို့ နာကျင်ကြရတာပဲ မဟုက်လားး ၊

ချစ်မိရင် ချစ်မိသလောက် မျှော်လင့်မိရင် မျှော်လင့်မိသလောက်ပေါ့ ။

ကိုယ်တို့ သတိမထားမိတာက မျှော်လင့်ချက်တွေမှာလဲ expired date ရှိတာကိုလေ...,

မျှော်လင့်မိတဲ့ အရာရာတိုင်းအတွက် မျှော်လင့်သလို ဖြစ်မလာတဲ့အခါ မလိုတော့ပါဘူးလေဆိုတဲ့ နေ့တစ်နေ့ဟာလဲ သေချာပေါက် ရှိလာအုံးမှာပါ ။

☀️❤️🌙 ။ ။ 27 / 1 / 2024 💭

19/01/2024

မောနင်းပါ ... ကိုယ့်ရဲ့ နေရောင်ခြည်လေးရေ ⛅

ဟေမာန်ဆောင်းရဲ့ မနက်ခင်းကို ကိုယ့်မေတ္တာလေး ရောဖျော်ပေးမယ်
သွားခြင်း လာခြင်းကစ နွေးထွေးပါစေနော်...😘

☀️❤️🌙 ။ ။ 20 / 1 / 2024 💭

15/01/2024

ဒဏ်ရာတွေကလဲ ဆေးဖြစ်ဝါးဖြစ်ပေါ့ 😌

☀️❤️🌙 ။ ။ 15 / 1 / 2024 💭

13/01/2024

တစ်ခါတစ်လေ ... ,
ဝဋ်ကြွေးတွေက အချစ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ရောက်လာတက်တယ်

ငိုလို့ဝပြီဆို ... မျက်ရည်တွေ သုတ်လိုက်တော့ ကလေးငယ်❤️

တစ်စုံတစ်ယောက်ဆီက မင်းလဲထွက်ပြေးဖူးသလို
မင်းဆီက တစ်စုံတစ်ယောက် ထွက်သွားရင်လဲ လက်ခံလိုက်ပါ

အချစ်လို့ ခေါင်းစဥ်တပ်လိုက်တဲ့ အချိန်
ပြန်ရလိုက်တာ နာကျင်မှုတွေချည်းဆိုရင် ဒါက

ပေးဆပ်ဖို့သက်သက်ပဲလေ

ကုန်ဆုံးသွားတဲ့ ဝဋ်ကြွေးတွေအတွက် မင်းပြုံးလိုက်ပါ ကလေးရေ

ပုံပြင်လေးတစ်ပုဒ် ကြားဖူးတယ်

အတိတ်မှာ ပန်းခူးပေးခဲ့ပေမယ့် ... ဘုရားမှာ ပန်လှူတဲ့အခါ တစ်ခြားတစ်ယောက်နဲ့မို့ ဖြစ်လေရာဘဝတိုင်း ပန်းခူးပေးတဲ့ ကောင်လေးဟာ ဗီလိန်ဖြစ်ရသတဲ့

သိပ်ချစ်ပြီး မပိုင်ဆိုင်ရတဲ့ အခါမျိုး ရှိခဲ့ရင်လဲ
ပန်းခူးပေးတဲ့ ကံလေးသာ ပြုခဲ့မိလို့ပေါ့ ကလေးရေ

ထွေထွေထူးထူး နာကျင်မနေပါနဲ့တော့

တစ်စုံတစ်ယောက် ကိုယ့်ပေါ် ချစ်ခြင်း / မုန်းခြင်းကို
တားမြစ် ပိတ်ပင်ပိုင်ခွင့်မှ မရှိပဲ ။

☀️❤️🌙 ။ ။ 13 / 1 / 2024 💭

🌙

23/12/2023

တစ်နေ့ကြရင် ... ဇီဇဝါတွေ ခြံဝန်းထဲအပြည့် စိုက်မယ်။

မင်းများ မတော်တဆ လမ်းမှားပြီး ရောက်လာခဲ့ရင်
ငါ့မေတ္တာတွေ မြင်ပါစေ ဆိုတဲ့အတွေးလေးနဲ့ ...,

မနက်ခင်းရဲ့ ရနံ့သင်းသင်းလေးတွေနဲ့အတူ
မင်းနဲ့ ပတ်သက်တဲ့ အတိတ်တွေကိုပဲ သီးသန့်ရွေးချယ်ပြီး
ကော်ဖီခါးခါးလေး တစ်ခွက်ဖျော်မယ်။

ကိုယ်ယုံကြည်တယ်
အဲ့အချိန် ကိုယ်ဟာ တစ်ယောက်ထဲဆိုရင်တောင်
မင်းစိတ်နဲ့ ပြုံးနေမယ်ဆိုတာ ...,💛

For you ☀️

☀️❤️🌙 ။ ။ 22 / 12 / 2022 💭 memorie ✍️

Photos from Sun & Moon's post 19/12/2023

💔

🌙

09/12/2023

ကမ္ဘာတည်သရွေ့ပေါ့ အချစ်ရယ် ...,

☀❤️🌙

08/12/2023

ကိုယ်မပျော်တဲ့ညတွေမှာ...နှစ်ခြိုက်စွာ အိပ်စက်နိုင်ပါစေ ချစ်ရေ ❤️

☀️❤️🌙 ။ ။ 8 / 12 / 2023 💭🖊️

22/11/2023

သိပ်လှတဲ့ ဆာကူရာပန်းလေးတွေက
သေခြင်းကို ကိုယ်စားပြုတော့ မဖြစ်သင့်ဘူး တဲ့

" ပန်းတွေရဲ့ ဥပဒေကို ဘယ်တရားသူကြီးက စီမံလို့လဲ "

နောက်ဆုံးမှာ အရိုးပြိုင်းပြိုင်း ကျန်ခဲ့ရင်တောင်မှ ပွင့်နိုင်တဲ့ အချိန်တိုလေး အတွင်းမှာ အစွမ်းကုန် အလှဆုံးဖြစ်အောင် ပွင့်ပေးခဲ့တဲ့ ဆာကူရာလို စိတ်မျိုးနဲ့ လူတစ်ယောက်ကို ချစ်ခဲ့ပါတယ်..။

#မကြွေပါနဲ့ဆာကူရာ🖤

21/11/2023

🌸
လိမ္မော်သီး စားချင်တာကို
လိမ္မော်ရည် လာတိုက်တာမျိုး မကြိုက်ဘူးး

ပထမဆု ရရင်မရ
မရရင် ဘယ်နှစ်သိမ့်ဆုကိုမှ မက်မော မနေတက်ဘူးး

အဲ့လို $တလွဲ မာနတွေနဲ့လဲ ရှင်သန်တယ် ။

🌸
ရွေးချယ်လိုက်တဲ့ အရာတိုင်းအတွက်
ဘယ်ပတ်ဝန်းကျင်မှလဲ ဂရုမစိုက်တက်တဲ့ လူငယ်

ကိုယ့်အမှားနဲ့ကိုယ် / ကိုယ့်တရားနဲ့ကိုယ်ပဲ ။

🌸
နောင်တဆိုတာ ဘာလဲ "လို့ လောကကြီးကို
မေးခွန်းထုတ်ရင်း .. ပျော်ချင်ပျော်မယ် ၊ သေချင်သေမယ်

ဒါဟာ ဒီလူငယ်ရဲ့ အဘိဓာန် ။🖤

☀️❤️🌙 ။ ။ 21 / 11 / 2023 💭

17/11/2023

(၁)
ကမ္ဘာကြီးရေ ...,

အကောင်းဆုံးး ရှင်သန်ခဲ့သလို
အလှဆုံးလဲ စွမ်းသလောက် ပွင့်ပြခဲ့တယ်

တာဝန်ကျေပြီ မဟုက်လားးး ?

(၂)
ခွန်အားရှိသ၍ ပေးသော ချစ်ခြင်းတွေ
မြူတစ်မှုန်တောင် မသက်ရောက်သော အခါ

မေတ္တာကို ဘယ်အဘိဓာန်မှာ ရိုက်ရှာရမည်နည်း ...?

(၃)
ဝေပြရအောင်ဆိုတော့ကားး
ဘယ်အမြင့်ထိရောက်မှာမို့လဲ

သူ့နှလုံးသားရဲ့ မည်မျှအနက်ထိ
ပြန်ခုန်ချနိုင်မှာ မို့လို့လဲ ...?

(၄)
နာကျင်ခြင်းကို ဘာနဲ့ တိုင်းတာလဲ ကမ္ဘာကြီးရေ ,

အပ်ဖျားလောက် ဒဏ်ရာဟာ
ပူဖောင်းလေးအတွက်တော့ သေမိန့်ကျခြင်းဖြစ်၏ ။

(၅)
"ဇီဇဝါ" ပန်းလေးကို မေးဖြစ်တယ်

"မင်း ... ဘယ်တော့ 'ဝါ' မလဲ
ဖြူစင်ခြင်းက မင်းအမည်နာမနဲ့ မလိုက်ဖက်ဘူးလေ" ဆိုတော့

"နောက်တစ်နေ့ ရောင်နီပျိုးရင်ပေါ့" တဲ့

အလိုက်ဖက်ဆုံး နာမ်စားလေးတစ်ခု ရှာတွေ့ချိန်
ကိုယ်ဟာ ကြွေခဲ့ရပြီ ... 'ဝါ'

..............,,,

☀️❤️🌙 ။ ။ 17 / 11 / 2023 💭

11 : 25 PM 🖊️

16/11/2023

စိတ်ရှိ လက်ရှိ ငိုချပစ်လို့ မရတဲ့အခါ ... ပက်ပက်စက်စက် အော်ရယ်ပစ်လိုက်ရတဲ့ နေ့စွဲတွေ ...,💭

☀️❤️🌙 ။ ။ 16 / 11 / 2023 🖊️

05/11/2023

ကိုယ် မငိုတက်တော့တဲ့ ... တစ်နေ့

မင်း သေချာပေါက် ဝမ်းနည်းရလိမ့်မယ် "Daisy" 😌

☀️❤️🌙 ။ ။ 5 / 11 / 2023 💭🖊️

31/10/2023

တစ်စုံတစ်ယောက်ကို ပြောင်းလဲဖို့ မကြိုးစားနဲ့

မင်းကို တကယ်ချစ်တဲ့သူက

မင်းပြောစရာမလိုအောင် သူ့လိုလို ပြုပြင်ပြောင်းလဲလာလိမ့်မယ်။

(အချစ်ခံရဖို့ ဂရုစိုက်ခံရဖို့ အတွက်နဲ့တော့
မင်းဘာမှထပ်မလုပ်နဲ့ အပင်ပန်းမခံတော့နဲ့ )

☀️❤️🌙 ။ ။ 31 / 10 / 2023 💭🖊️

30/10/2023

ဒီဘဝမှာ တစ်ကြိမ်တစ်ခါသော

တုနှိုင်းမယ့် နာကျင်ခြင်းများတွင်

အသက် ဝိညာဉ်ခိုတွဲပါစေ ။🙏

☀️❤️🌙 ။ ။ 30 / 10 / 2023 💭🖊️

Telephone

Website