Peace - Naypyidaw
ကလေး/လူကြီးများအားလုံးအတွက် USA Vitamin Supplements
🌈🌈🌈နေပြည်တော်တွင် ကလေးနှင့်လူကြီးများ အတွက် USA ဖြည့်စွက်စာမျိုးစုံ ဝယ်ယူနိုင်ပါတယ်ရှင်။
🌹အလုံးပြေများခွဲ၍လည်း ဝယ်ယူနိုင်ပါသည်။
🚗Customer တို့အိမ်အရောက် Delivery ဖြင့်ပို့ဆောင်ပေးပါတယ်ရှင်။
🌼King Island Organic Virgin Coconut Oil
🌻Apple Cider Vinegar with Mother
🌺COQ10
🌈KL Vitamin C(500mg,chewable)
🌴Acetyl L-Carnitine
🌵NAC
🍀Selenium
🪴D3(1000iu,5000iu,10000iu)
☘️Super Digestive Enzymes
🌳Youtheory Collagen
🍄Neocell collagen
🦚K2/Super K
🌱D Ribose Powder
🌾Probiotic (30billion)
🥀Fish Oil
🌺Mega EPA/DHA
☘️B12(5000mcg)
🍀B Complex
🍁Melatonin (5mg)
🪴Magnesium Citrate/Malate /
Magnesium Caps
🌴DHEA
🌷Cordyceps (750mg)
🌸KL Vitamin E(400iu)
🍤Zinc
🌻Folate
🍁Magnesium Ascorbate
🌱Milk Thistle
🌵Thyroid Natural Glandular
နှင့် အခြား USA ဖြည့်စွက်စာမျိုးစုံ ရရှိနိုင်ပါသည်။
တလစာ အလုံးပြေများလည်း ရရှိနိုင်ပါသည်။
မြို့နယ်အလိုက်deliveryခပေးဆောင်ရပါမည်။
နယ်မြို့များလည်း အမြန်ချော/ ကားဂိတ်တို့မှ အရောက်ပို့ပေးပါသည်။
Messenger & Phone/Viber 09-43198852
ကျွန်မ..တစ်ညကဖတ်တဲ့..စာလေးတစ်ပုဒ်မှာ
အမျိုးသမီးတစ်ယောက်ဟာ..သူ့ယောက်ျားဆုံးတဲ့အကြောင်း
ရေးထားတာလေးပါ..ပါတယ်
စာကသိပ်အရှည်ကြီးတော့မဟုတ်ပါဘူး နှစ်ပိုဒ်လောက်ပါပဲ..ဒါပေမယ့် အဲဒီစာလေးကိုဖတ်ပြီး ရင်ထဲမှာထိရှပြီး ကျန်ရစ်ခဲ့ရတယ်
သူတို့ လင်မယားက တောဘက်မှာ
အိမ်ကလေးတစ်လုံးပိုင်တယ်.. သူတို့ထမင်းစားခန်းကကြည့်လို့ရှိရင်..ရေကန်ကလေးကိုမြင်နေရတယ်.. သူ့အမျိုးသားက နာတာရှည်ရောဂါတစ်ခုဖြစ်နေပါတယ် ..
မဆုံးခင်တစ်နေ့မှာသူတို့ကအဲဒီ တောဘက်ကအိမ်ကလေးမှာရှိနေခဲ့ကြတယ် ..အဲဒီနေ့ကသူတို့ ထမင်းတူတူစားကြတယ်.. လေထဲမှာတစ်လှုပ်လှုပ်
လွင့်နေတဲ့ ဇာခန်းဆီးကလေးရဲ..အပြင်ဘက်ကမြင်ကွင်းကိုကြည့်ရင်း သူအမျိုးသားက ကြည့်စမ်း..သိပ်လှတာပဲ
Look, Nice!..လို့ ပြောပါသတဲ့..
နေရောင်ကလည်းရေပေါ်ကိုဖြာကျနေ.. ရေကန်ဘေးမှာလည်း..ပန်းတွေပွင့်နေတဲ့ ..ချယ်ရီပင်တစ်ပင်ရှိနေပါတယ် ဒီမြင်ကွင်းကိုသူလည်းသတိထားမိခဲ့ပါတယ် ..
ညနေစောင်းတော့သူတို့လည်း
တောအိမ်ကလေးရဲ့ တံခါးကိုသော့ခတ်ပြီး မြို့ဘက်ကိုပြန်လာခဲ့ကြတယ်..
ဝမ်းနည်းစရာ ကောင်းလိုက်တာ..
သူ့အမျိုးသားကနောက်တစ်နေ့မှာဆုံးပါးသွားပါသတဲ့ သူ့ရဲ့အမျိုးသားက..အပြုသဘောဆောင်တဲ့ အတွေးအမြင်
Positive Thinking
ရှိတဲ့သူ တစ်ယောက်ဖြစ်ပါတယ်
ဘဝထဲက အသေးငယ်
ဆုံးသော အချင်းအရာလေးတွေကိုတောင်မှ လေးစားတတ်တဲ့..ကျေးဇူးတင်တတ်တဲ့စိတ်ရှိတယ်လို့ သူကရေးထားခဲ့ပါတယ်
He had a respectful appreciation for the smallest things in life.
ရောဂါ ကိုကုနေရတဲ့ အခြေအနေမှာတောင်
စိတ်ဓာတ်ကျမသွားဘဲ သူလုပ်စရာအလုပ်တွေ ..ရေးရမဲ့
စာတမ်းတွေ.. သူ့ရဲ့အတန်းချိန်တွေ
အားလုံးကို ပီးပြတ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့သူပါပဲ
His respect for life now carries me further.
သူချစ်ခင်ပွန်းကိုဆုံးရှုံးခဲ့ရပေမဲ့လို့
သူ့ခင်ပွန်းရဲ့ စိတ်ထားဟာ..စံနမူနာအနေနဲ့
သူ့ကိုရှေ့ဆက်ပီး ဘဝခရီးကိုလျှောက်လှမ်းနိုင်ဖို့
သယ်ဆောင်သွားပေးနေတုန်းပါပဲ
ခွန်အားပေးနေတုန်းပါပဲ..
ခင်ပွန်းဆုံးသွားပြီးမကြာခင်မှာ ..သူဟာတစ်ယောက်တည်း မြို့ထဲမှာလမ်းလျှောက်နေခဲ့တယ်.. မြို့သဘာဝ တိုက်ကြီးတာကြီးတွေကိုမြင်ရတယ် ပြတင်းပေါက်တွေမှာလည်း မီးလေးတွေလင်းနေကြတယ်.. ဒီတိုက်တွေအခန်းတွေထဲမှာလူတွေ..လူတွေနေထိုင်ကြတယ် ..သူ့.. ခင်ပွန်းတော့ပါမနေခဲ့တော့ဘူးပေါ့..
သူ..ဝမ်းနည်းသွားတယ်..
ဒါပေမယ့်ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တိုင်းမှာ သူ့ဘဝထဲမှာရရှိနေဆဲ..အရာတွေ
ကိုပ ရေတွက်သွားကြည့်ဖို့သူဆုံးဖြတ်ခဲ့တယ်..
သူ့မှာ
သူစိတ်ပျော်တဲ့အလုပ်တစ်ခုရှိတယ် သူ့ကျန်းမာရေးကောင်းနေသေးတယ် စားဝတ်နေရေးမပူပင်ရဘူး မိတ်ဆွေသူငယ်ချင်းတွေရှိတယ် တောဘက်မှာ အိမ်ကလေးတစ်လုံး ပိုင်ဆိုင်တယ်.. သိပ်လှတဲ့ မြို့ကြီးမှာ သူနေတယ် လမ်းမှာပန်းရောင်းတဲ့ပန်းသည်လေးကသူ့ကိုပြုံးပြတယ်..
အဲဒီလိုနဲ့ ရေတွက်လာလိုက်တာ
အိမ်ရောက်တဲ့အခါ သူ့စိတ်နှလုံးဟာ အတော်ကြီး ပေါ့ပါးသွားခဲ့ပါတယ်..တဲ့
ကျွန်မ ဖခင်ဆုံးတဲ့ ညက ဒီလို ခပ်ဆင်ဆင် ခံစားမှုနဲ့ အိမ်ပြန်လာခဲ့တာကို မှတ်မိသေးတယ်..
စာလည်း ရေးခဲ့ဖူးပါသေးတယ်..
Count and Recount your blessing.
ဦးနှောက်ရဲ့ သဘာဝအရကျမတို့ဟာ ကိုယ့်မှာရှိတာထက်စာရင် မရှိတာကိုပဲ ပိုပြီး မြင်နေတတ်ကြတယ်
မရှိတော့တာဟာ..တစ်ခုပဲ..
ဒါပေမယ့် ဒါဟာဘဝတခုလုံးဖြစ်သွားတယ် ရှိနေသေးတာတွေက..တကယ်တော့ အနားမှာ
အများကြီးကျန်သေးတယ်
ဒါကြောင့် ရှိနေတာတွေကို ရေတွက်ကြည့်ပါ..
ထပ်ခါ ထပ်ခါ မြင်အောင်ကြည့်ပေးပါလို့..ဆိုလိုရင်းပဲ ဖြစ်ပါတယ်..
တကယ်တော့နေမကောင်းဖြစ်နေတဲ့အချိန် ..စိတ်ဓာတ်ကျနေတဲ့အချိန် ..ချစ်ရသူတွေ
နဲ့ခွဲခွာရတော့မယ်ဆိုတဲ့အချိန်မှာတောင်မှ သဘာဝတရားရဲ့အလှပတွေကို ကျေးဇူးတင်တတ်ခဲ့တဲ့သူဟာ.. သူ့ရဲ့စိတ်အတွင်းထဲကကို ငြိမ်းချမ်းနေခဲ့လို့ဖြစ်ပါလိမ့်မယ်
Happiness ပျော်ရွှင်မှုဆိုတာ ကမ္ဘာလောကကြီးမှာရှိတဲ့လူသားတိုင်းတောင့်တမျှော်လင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ် ပျော်ရွှင်မှုဆိုတာငွေနဲ့ပေးဝယ်လို့မရဘူး..လက်နဲ့ကိုင်ကြည့်လို့မရဘူး..ဒြပ် ..အရာဝထု ပုံစံနဲ့မလာတတ်ဘူး
အဲလို ဝယ်လို့ရ ထိလို့ရ ကိုင်လို့ရတယ်ဆိုရင်လည်း ဒါဟာ
ကြာရှည်ခံတဲ့
ပျော်ရွှင်မှု အစစ်အမှန်မဟုတ်ပြန်ဘူး
ဒါပေမယ့်သူ့မှာက.. စိတ်နဲ့ပဲခံစားလို့ရတဲ့..enjoy လုပ်လို့ရတဲ့.. သန့်ရှင်းတဲ့အသွင်သဏ္ဍာန်တစ်ခု
pure form တစ်ခုတော့
ရှိနေတတ်ပါတယ်
အဲဒီအချက်ကိုကျွန်မတို့ကမေ့နေတတ်ကြပါတယ်
ဒါကြောင့်ဘယ်လိုပျော်ရမလဲ..
ပျော်ရွှင်မှုကိုဘယ်လိုလုပ်ယူလို့ရမလဲ ဆိုတာကို တသီးတသန့်ကြီးတွေးပြီး
လိုက်ရှာနေတာမျိုး လုပ်နေမိတတ်ကြပါတယ်
တကယ်ကိုပျော်ရွှင်နေတဲ့သူဟာ ပျော်ရွှင်မှုကိုသက်သက်ကြီးလိုက်ရှာနေစရာလည်းမလိုအပ်တော့ပါဘူး
ပျော်ရွှင်မှုဆိုတာဟာကျွန်မတို့အနားမှာပဲရှိနေတတ်ကြတယ် သူကသိပ်ကိုရိုးရှင်းပါတယ်.. ဒါပေမယ့် သူရှိနေတယ်ဆိုတာမေ့သွားဖို့လည်း ကျွန်မတို့အတွက်သိပ်ကိုလွယ်ကူနေတတ်ကြပြန်တယ်
Something so simple..
but so easy to forget.
ဘဝမှာရှိခဲ့တဲ့ ကောင်းသော အရာတွေကို ကျေးဇူးတင်လက်ခံပြီး
ပျော်ရွှင်တတ်တယ်ဆိုတဲ့ အဓိပါယ်ဟာ ဘဝရဲ့ခက်ခဲကြမ်းတမ်းတဲ့ ..မကောင်းတဲ့ ဝမ်းနည်းစရာအဖြစ်အပျက်တွေကို မျက်စိမှိတ် ငြင်းပယ်လိုက်ရမယ်ဆိုတဲ့သဘော..မဟုတ်ပါဘူး
ပျော်ရွှင်ခြင်းဆိုတာရဲ့
သော့ချက်ကတော့ ကျွန်မတို့ရဲ့ စိတ်အာရုံကို မည်သည့်အရာပေါ်မှာစူးစိုက်ပေးမလဲဆိုတဲ့ ရွေးချယ်မှုမျိုးပဲဖြစ်ပါတယ်
ဘဝရဲ့ဘယ်နေရာမျိုးမှာမဆို ရောက်နေနေ ဘဝမှာရှိတဲ့ ..ပတ်ဝန်းကျင်မှာရှိတဲ့ကောင်းသောအရာတွေကို ကျေးဇူးတင်စိတ်နဲ့ ကြည့်နိုင်ခဲ့မယ်ဆိုရင် ပိုပြီး ပျော်ရွှင်ရမှာ အမှန်ပဲဖြစ်ပါတယ် ..
Whetever we are in our lives we can choose to practice gratitude and be happier.
မွန်ဟော်စီ
၂၀၂၀ ဇွန်
Photo
Pinterest
ကျနော်မှတ်မိသမျှ 28.3.18 ဟောပြောပွဲ
၁။ သိုင်းရွိုက် စစ်ရင် free t3, free t4, tsh နဲ့ antibody ၃ ခု anti tpo, anti tshr, anti thyroglobulin စစ်ပါ
၂။ antibody တွေ များနေရင် hashimoto thyroiditis ဖြစ်နေတာ
၃။ Hashimoto ပထမအဆင့်မှာ ခုခံအားတွေက သိုင်းရွိုက်ကို ဖျက်ဆီးလို့ သိုင်းရွိုက်ဟော်မုန်းတွေ များနေတယ် ရင်တုန်မယ် မျက်လုံးပြူးမယ်
အဲဒီအချိန်မှာ metabolic advantage , thyroid glandular တွေ မသောက်ရပါ
betaine pepsin, acv, digestive enzyme, ox bile, probiotic, l glutamine, zinc, selenium, nac, d3, k2, magnesium, coq10, b1(thiamine, megabenfotiamine), dhea, milk thistle တွေ သောက်ရပါမယ်
၄။ Hashimoto ဒုတိယအဆင့်မှာ သိုင်းရွိုက်ဂလန်း ပျက်စီးသွားလို့ ဟော်မုန်း မထုတ်နိုင်တော့ပဲ သိုင်းရွိက်ဟော်မုန်း နည်းသွားပါပြီ ဝိတ်တက်မယ် ချမ်းမယ် နုံးမယ် အဲဒါဆို ပထမအဆင့်က သောက်တဲ့ ဆေးတွေအပြင် Metabolic Advantage (or) Thyroid Glandular ပါ သောက်ရပါမယ်
၅။ Iodoral များရင် hashimoto ဖြစ်နိုင် အူလမ်းကြောင်း ကောင်းနေရင်တော့ မဖြစ်ပါ
၆။ ဆီးချိုရောဂါကြောင့် ခြေ လက် ကျင်ရင် B1(thiamine) 600mg သောက်
၇။ အမျိုးသားများ အသက်ကြီးရင် ဆီးကြိတ်ကြီးလာတာကို ကာကွယ်ဖို့ Ultra Natural Prostate (L.E) သောက်ထားပါ
၈။ Probiotic ကို ထမင်းစားပြီးမှ သောက်၊ ရောဂါပြင်းရင် 60 billion ထိ သောက်
၉။ အူလမ်းကြောင်း ကောင်းချင်ရင် နွားနို့ မသောက်ပါနဲ့ (မြက်စားတဲ့ နွားရဲ့ နို့လဲ မသောက်ပါနဲ့)
၁၀။ TB ပိုးနဲ့ အနာကြီးပိုးဟာ D3 နည်းတဲ့သူကိုပဲ ကူးတာပါ D3 level မြှင့်ထားကြပါ။
Credit:U Aung Ko
ကျန်းမာရေးဗဟုသုတကဏ္ဍ
မေး
ကျွန်မ ခြေသလုံး နေ့လည်ရော ညဖက်ပါကြွက်တက်ပါတယ်။
တစ်ခါတက်ရင် မိနစ်၂၀ ကြပါတယ်။
လောလောဆယ်ဒီဖြည့်စွက်စာသောက်နေပါတယ်။
ဖြေ
သောက်နေတဲ့ ဖြည့်စွက်စာမှာဘာတွေပါနေသလဲလို့ ကြည့်လိုက်ပါတယ်။
ကြွက်တက်တဲ့အခါ အဓိက လိုနေတာ Magmesium ဖြစ်ပါတယ်။
ဒီမိတ်ဆွေ သောက်နေတဲ့ Magnesium က Magnesium oxide ဖြစ်နေပါတယ်။
ပမာဏက ၂လုံးသောက်မှ 80mg ဖြစ်ပါတယ်။
Serving size ဆိုတာကို ကြည့်ရပါတယ်။
Magnesium oxide ဟာ အူမှာစုတ်ယူအားမကောင်းပါ။ ဝမ်းလျောတတ်ပါတယ်။
ရွေးချယ်သင့်တာက Magnesium malate or glycinate / citrate ဖြစ်ပါတယ်။
သောက်သင့်တဲ့ ပမာဏ က စုစုပေါင်း400mg ပြည့်ရအောင် မနက်တစ်ခါ /
ညအိပ်ယာဝင်တစ်ခါ ဖြစ်ပါတယ်။
ကျွန်မ မကြာခဏ ပြောပြပြီးပါပြီ။
Magnesium ဖြစ်ရင်ပြီးရော ဆိုပြီး သောက်လို့အကျိုးသက်ရောက်မှု ရှိသင့်
သလောက်မရှိနိုင်ပါ။
*** ကင်ဆာ ( Cancer )***
ကင်ဆာ ဖြစ်နေတဲ့လူတွေ
ကင်ဆာ ကုသနေဆဲ လူတွေ
ကင်ဆာကုသပြီးဖြစ်တဲ့လူတွေ
ကိုယ့်ရဲ့ အစားအသောက်အနေအထိုင်ကို
လုံးဝပြောင်းပစ်သင့်တယ်လို့ ကျွန်မယူဆပါတယ်
ကျွန်မရဲ့ ယူဆချက်တွေကို တင်ပြခြင်းသာဖြစ်ပါတယ်။
၁/ အချိုလုံးဝမစားခြင်း
၂/ ထမင်း၊ခေါက်ဆွဲ၊မုန့်ဟင်းခါး စသည့် ကစီဓါတ်တွေ
အကုန်လုံးဖြတ်ပစ်ရပါမယ်၊
၃/ အဆီကို အဓိကစားပြီး အသားအနည်းငယ်သာစားပါ
၄/ အသီးတွေကိုလုံးဝမစားသင့်ပါ၊
၅/ အိပ်ရေးဝအောင်အိပ်၊
၆/ စိတ်ဖိစိးမှု့နည်းနိုင်သမျှနည်းအောင်ထား၊
၇/နနွင်း လက်ဘက်ရည်ဇွန်းတစ်ဝက်ကို ဆီနဲ့ဖျော်ပြီးသောက်ပါ၊
၈/ Antioxidants မျိုးစုံသောက်ပါ
တစ်နေ့လျင်
* CoQ10 200 mg.
* Vit C ascorbate form 200mg.
*Unique E 400-800 mg
* R lipoic acid. 240 mg
* Magnesium malate (or)Citrate 600mg
စသည်ဖြင့်ဖြစ်ပါတယ်။
၉/ Iodoral 12.5 mg
၁၀/ Lugol's Iodine အရည် ၂စက်ချပြီးလိမ်းပေးပါ
၁၁/ Metabolic advantage မနက် ၃လုံး၊နေ့လည်၃လုံးသောက်ပါ၊
၁၂/ Super selenium complex 200 mcg၊
၁၃/ အရွက် ၁၀ မျိုးကြိတ်သောက်ပါ၊ ၄ ကြိမ်လောက်သောက်နိုင်ရင် ပိုကောင်းပါတယ်
၁၄/ ချွေးထုတ်ပါ
၁၅/ ဝမ်းမှန်မှန်သွားရပါမည်
၁၆/ ညအိပ်ယာဝင်သည့်ခါ melatonin 5 mgသောက်ပါ
(၁၄. ၁၅. ၁၆ က ခန္ဓာကိုယ်မှ အဆိပ်တွေထုတ်ပစ်တာဖြစ်ပါတယ်)
၁၇/ ကောင်းမှုကုသိုလ်တွေ များများလုပ်ပါ
၁၈/ အားမရှိရင် D Ribose သောက်ပါ၊ အခြားအာဟာရအရည်တွေက သကြားများပါတယ်။
အခုဖေါ်ပြထားတာတွေက ကျွန်မရဲ့ ယုံကြည်ချက်များတာ ဖြစ်ပါတယ်၊ လိုက်နာမယ် ၊ မလိုက်နာဘူးဆိုတာကတော့ မိမိကိုယ်ပိုင်ဥာဏ် နဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
Dr. Khin Nwe Win
To A Better Health. ( စာစုများ ၃ )
အရိုးပြုတ်ရည်
အရိုးပြုတ်ရည်ဘာလို့သောက်သင့်သလဲ
အစာလမ်းကြောင်းဟာ ကျန်းမာရေးအတွက် အဓိကအရေးကြီးသော အကြောင်းတစ်ခုဖြစ်တယ်ဆိုတာ သိလာကြပါပြီ။
ရောဂါအတော်များများ ဖြစ်ကြတာကလဲ အစာလမ်းကြောင်းမှာရှိနေသည့် ပိုးတွေမမျှတမှုကြောင့် ဖြစ်ပါတယ်။
အစာလမ်းကြောင်း ပြဿ နာတွေ အဆစ်တွေနာနေသူတွေ ကျီးပေါင်း တက်နေသူတွေအားလုံးအတွက် အရိုးပြုတ်ရည်ဟာ အင်မတန်သင့်တော်ပါတယ်။
ဘာရောဂါပဲဖြစ်ဖြစ် အရိုးပြုတ်ရည်ဟာ ရောဂါတွေသက်သာလာစေရန် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။
ရောဂါ အတော်များများဟာ Leaky gut ခေါ် အူလမ်းကြောင်းမလုံခြင်းကြောင့် ဖြစ်လေ့ရှိကြပါတယ်။ အထူးသဖြင့် Allergies & Autoimmune Diseases တွေ အဖြစ်များပါတယ်။
အရိုးပြုတ်ရည်မှာပါနေတဲ့ Collagen ခေါ်ပရိုတင်းဓာတ် တစ်မျိုးဟာ အူရဲ့ Lining ကို ပြန်ပြီး ပြုပြင်ပေးနိုင်စွမ်းရှိလို့ ဖြစ်ပါတယ်။
အရိုးပြုတ်ရည်မှာပါသည့် အာဟာရ များဟာ ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင် ပြီး ခန္ဓာကိုယ်ကနေ ရောဂါများသက်သာစေနိုင်ရန် အသုံးချနိုင် ပါတယ်။
အရိုးပြုတ်ရည်မှာ ပါနေတဲ့ အဓိက အာဟာရ များကတော့ --------
1. Calcium, Phosphorus and Other Minerals သတ္တုဓာတ်များ
2. Glucosamine and Chondroitin sulfate အရိုးအဆစ်တွေ အတွက် အဓိက သဘာဝဓာတ်များ
3. အရိုးတွင်ပါဝင်နေသော ပရိုတင်း Collagen
4. ရိုးတွင်းချဉ်ဆီ
5. ခန္ဓာကိုယ် လို အပ် သော Amino acids များ ဖြစ် ကြ သည့် Glutamine ( အူလမ်းကြောင်း ပြန် ပြင် ရာ မှာ အဓိက လို အပ် သော ဓာတ် ) ၊ Pro line and Glycine တို့ ဖြစ် ပါ တယ်။
အရိုးပြုတ်ရည်၏ အကျိုးအာနိသင်များ
===================
၁. အရိုး၊ အဆစ် နှင့် ခန္ဓာကိုယ် ယောင်ကိုင်းခြင်းတို့မှ သက်သာစေပါသည်။
၂. နှာစေး၊ ချောင်းဆိုးကို ဖြစ်စေတတ် သော virus ပိုးများကို တားမြစ်နိုင်ပြီး
ခန္ဓာကိုယ်ခုခံအား ကောင်းစေပါသည်။
၃. ဆံပင် နှင့် လက်သည်း ခြေသည်းကျန်းမာရေးအတွက်လည်း ကောင်းပါသည်။
၎. ဥဏှောက် နဲ့ အာရုံကြောအတွက် လည်း အလွန်ကောင်းမွန်ပါသည်။
{Autism ကလေးများကိုတိုက်ပါ}
အခုဆိုရင် အရိုးပြုတ်ရည်ဟာ ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ်ဖြင့် အလွန်ပေါ်ပြူ လာ ဖြစ်လို့နေပါပြီ။
New York က အချို့ဆိုင်တွေမှာတောင် ရောင်းကုန်ကြပြီ ဖြစ်ပါတယ်။
အရိုးပြုတ်ရေလုပ်နည်း
============
၁။ အမဲရိုး/ဆိတ်ရိုး/ကြက်ရိုး ကြိုက်နှစ်သက်ရာ၁ပိဿာ ရင်ရိုး အဆစ်ရိုး နှင့် ချဉ်ဆီရိုးများ အကုန်ရပါတယ်။
၂။ ပန်းသီးရှာလကာရေ ၃ခွက်ထည့်ဖို့ အရေးကြီးပါတယ်။ အရိုးမှာရှိတဲ့ အာနိသင်တွေကို ဟင်းချိုထဲရောက်အောင် ၎င်းကလုပ်ပေးမှာဖြစ်ပါတယ်
၃။ တရုပ်နံနံ / ဗမာနံနံ ၃ချောင်းစီထည့်ပါ။ မုန်လာဥနီ ၃ခုနှင့် ကြက်သွန်နီ ၃ဥတို့ကိုလည်း လေးစိတ်စိတ်ပြီးထည့်ပါ။ ကြက်သွန်ဖြူ ဥ ၁လုံးနှင့် ဂျင်းအရွယ်တော်၁တက်လည်းထည့်ပါ။
*Rock salt or Sea salt ထည့်ပါ
*အချို မှုန့် လုံးဝ (လုံးဝ) မထည့်ရပါ
ပြုတ်နည်း
=====
ရှေးဦးစွာ အရိုးတွေကို သန့်စင်သွားစေရန် ရေထဲမှာ ရှာလကာရေထည့်ပြီး ဆေးပြစ်ပါ။ ပြီးရင် ရေနဲ့တစ်ခါထပ်ဆေးပါ။
ပန်းသီးရှာလကာရေထည့်ပါ ။ အရိုးမြုပ်သည်အထိရေထည့်ပါ။ တစ်နာရီခန့်စိမ်ထားလိုက်ရင် အရိုးထဲမှကိုယ်လိုချင်တဲ့ အကျိုးပြုမယ့်ဓာတ်တွေ အားလုံးစိမ့်ထွက်လာပါလိမ့်မယ်။
အခြားအမည်များအားလုံးကိုထည့်ပြီး ရေဆူအောင်တည်ပါ။ အပေါ်ကိုဝေ့တက်လာသော အမြှုပ်မဲမဲတွေကို ဇွန်း နဲ့ဖယ်ပစ်ပါ။ မသန့်တဲ့အဆီနဲ့အညစ်ကြေးတွေတက်လာတာဖြစ်ပါတယ်။
ဆူလာတဲ့အခါ မီးကိုလျော့ချလိုက်ပြီး မီးအေးအေးနဲ့ ဆက်တည်ထားလိုက်ပါ။ ကြာကြာတည်လေ ကောင်းလေ ဖြစ်ပါတယ်။ ၂၄နာရီလုံးပစ်တည်ထားနိုင်ရင် အရိုးထဲက အာနိသင်တွေအကုန်နီးပါးရရှိနိုင်ပါတယ်။
ချခါနီး ၁၀ မိနစ်လောက်အလိုမှာ နံနံပင်ထည့်လို့ရပါပြီ။ မွှေးပြီးအရသာလည်းရှိ အာနိသင်တွေလည်း အပြည့်ဖြစ်ပါတယ်။ အအေးခံထားပါ။ အရိုးတွေနဲ့ ဟင်းရွက်တွေကို ဇကာနဲ့စစ်ချလိုက်ပါ။ထွက်လာတဲ့ ချဉ်ဆီတွေကို အရိုးပြုပ်ရေထဲ ပြန်ထည့်ပေးပါ။
Sea salt or Rock salt ကို မိမိ နှစ်သက် သလောက် မြည်းကြည့်ပြီး ထည့်နိုင်ပါတယ်။
အဖိုး+အဖွား အဖေ+အမေ နှင့် ကလေးများ အကုန်လုံးကိုတိုက်ပါ။
ကလေးတွေဆိုရင် အရိုးပြုတ်ရည်ကို တစ်နေ့ ၃-၄ခါ လောက်တိုက်သင့်ပါတယ်။
အရိုးပြုတ်ရည်ထဲမှာ အိမ်လုပ်သန့်ရှင်းလတ်ဆတ်သော ချဉ်ဖတ်အရည် လ္ဘက်ရည်ဇွန် ၁ဇွန်းစာလောက်ထည့်ပြီး တိုက်မယ်ဆိုရင် အကျိုးပြုပိုးတွေပါ အများကြီးပါသွားမှာ ဖြစ်ပါတယ်။
ပိုနေတာကို ရေခဲသေတ္တာထဲမှာထည့်ထားရင် ၅ - ၇ ရက်ခံပါတယ်။ Freezer ဆိုရင် ၆ လ ခံပါတယ်။
မိတ်ဆွေများအားလုံး အရိုးပြုတ်ရေများသောက်ကြပြီး ကျန်းမာလာကြပါစေ။
ဆရာမကြီးဒေါ်ခင်နွယ်ဝင်း၏အရိုးပြုတ်ရည်အကြောင်းဆောင်းပါးများမှကောက်နှုတ်ထားခြင်းဖြစ်ပါသည်။
Credit...To A Better Health
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
📍၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။
📍၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။
📍၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)
📍၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။
📍၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။
📍၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။
📍၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)
📍၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။
📍၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။
📍၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။
📍၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။
📍၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။
📍၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။
📍၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )
📍၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။
📍၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။
Crd
All credit to Dr.Phyo Maung Maung
နေရာင်ခံခြင်း
၂၀၀၈ မှာပြုလုပ်ထားတဲ့ လေ့လာမှုတစ်ခုအရ ရေကူးဝတ်စုံနှင့် မိနစ် ၃၀ နေရောင်ခံတဲ့အခါ အသားဖြူတဲ့သူတွေက ဗိုက်တာမင် D ( 50,000 international units or IUs) ရပါတယ်။ အသားညိုတဲ့သူတွေက ဗိုက်တာမင် D ( 20,000 IUs ကနေ 30,000 IUs ) အထိရနိုင်ပါတယ်။ အသားမည်းတဲ့သူတွေက ဗိုက်တာမင် D ( 8,000 IUs ကနေ 10,000 IUs ) အထိရနိုင်တယ်။ နေရောင်မခံချင်လို့ ဗိုက်တာမင် D သောက်လို့ရပါတယ်။ ဒါပေမယ့် နေခြည်ခံခြင်းက ဗိုက်တာမင် D ရရှိခြင်းထက် ပိုသောအကျိုးရလဒ်တွေရှိပါတယ်။
အလင်းရောင် နှင့် အမှောင်က ဦးနှောက်အတွင်းဟိုမုန်းထုတ်လုပ်မှုကို စီမံပါတယ်။ ညအမှောင်က ဦးနှောက်အတွင်း မယ်လတိုနင် ( melatonin ) ဟိုမုန်းထွက်ပေါ်လာစေပြီး အိပ်ပျော်အောင်ကူညီပေးပါတယ်။ မျက်လုံးအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ နေရောင်ခြည်က မြင်လွှာပေါ်က အထူးအစိတ်အပိုင်းတွေကို အချက်ပြလိုက်ပြီး ဦးနှောက်အတွင်း ဟိုမုန်းဆီလိုတိုနင် ( serotonin ) ကိုထွက်ပေါ်လာစေပါတယ်။ ဆီလိုတိုနင်က အာရုံစူးစိုက်မှုကောင်းမွန်လာစေတယ်။ စိတ်ဓာတ်ခွန်အားမြင့်တက်လာစေပါတယ်။ နေရောင်ခြည်လုံလောက်အောင်မရတဲ့အခါ ဆီလိုတိုနင် ဟိုမုန်းကျဆင်းလာပြီး စိတ်ဓာတ်ကျတတ်ပါတယ်။ ဒါကြောင့် စိတ်မပျော်ဘူးဆိုတဲ့အခါ ၁၀ မိနစ်လောက် မနက်ခင်းနေရောင်နှင့် ထိတွေ့ကြည့်ပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) ရဲ့ အဆိုအရ နေရောင်ခံခြင်းဖြင့် နှင်းခူရောဂါ၊ ဆိုရေးရီးစစ်၊ အသားဝါခြင်း နှင့် ဝက်ခြံကဲ့သို့သော အရေပြားရောဂါတွေကို သက်သာစေတယ်ပြောပါတယ်။
ဒါပေမယ့် အရေပြားရောဂါသည်တွေအနေနှင့် နေရောင်ခံသင့်၊ မခံသင့် အရေပြားအထူးကုကိုမေးပါ။ နေရောင်ခြည်ကထွက်ပေါ်လာတဲ့ ခရမ်းလွန်ရောင်ခြည်ကအရေပြားကို ဖောက်ဝင်နိုင်ပြီး DNA ကို ပျက်ဆီးစေနိုင်တာကြောင့် အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။
နေရောင်ခြည်ရဲ့အကျိုးအကုန်အစင်ရဖို့ နေရောင်ခံချိန် ဘယ်လောက်ယူရမလဲဆိုတာ သုသေတနပညာရှင်တွေအပါအဝင် မည်သူမှ သေချာမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ နေရောင်ခံတဲ့အခါ ၅မိနစ် နှင့် ၁၅ မိနစ်ကြားဆိုလုံလောက်ပါတယ်။ တစ်ပတ် ၂ ကြိမ်ကနေ ၃ ကြိမ် နေရောင်ခံပေးလို့ရပါတယ်။ နေရောင်ခံလိမ်းဆေးလိမ်းပြီး နေရောင်ခံလျှင်တော့ ဗိုက်တာမင် D မရနိုင်ပါ။ ဆီလိုတိုနင်တော့ ရနိုင်ပါတယ်။ အိမ်ထဲမှာနေ ဗိုက်တာမင် D သောက်နေရုံနှင့် နေရောင်ရဲ့ အနှစ်သာရကိုမရနိုင်ပါ။ ဒါကြောင့် မနက်နေရောင်ခံပါလို့ ပြောပါရစေ။
ဒေါက်တာဖြိုးမောင်မောင်
🌈🌈🌈နေပြည်တော်တွင် ကလေးနှင့်လူကြီးများ အတွက် USA ဖြည့်စွက်စာမျိုးစုံ ဝယ်ယူနိုင်ပါတယ်ရှင်။
🌹အလုံးပြေများခွဲ၍လည်း ဝယ်ယူနိုင်ပါသည်။
🚗Customer တို့အိမ်အရောက် Delivery ဖြင့်ပို့ဆောင်ပေးပါတယ်ရှင်။
🌼King Island Organic Virgin Coconut Oil
🌻Apple Cider Vinegar with Mother
🌺COQ10
🌈KL Vitamin C(500mg,chewable)
🌴Acetyl L-Carnitine
🌵NAC
🍀Selenium
🪴D3(1000iu,5000iu,50000iu)
☘️Super Digestive Enzymes
🌳Youtheory/Zint Collagen Powder
🍄Neocell
🦚K2/Super K
🌱D Ribose Powder
🌾Probiotic (20billion/30billion)
🥀Fish Oil
🌺Mega EPA/DHA
🌻Kids Zinc/Vitamin C
☘️B12(2500mcg/5000mcg)
🍀B Complex
🍁Melatonin (5mg)
🪴Magnesium Citrate/Malate /
Magnesium Caps
🌴DHEA
🌷Cordyceps (750mg)
🌸KL Vitamin E(400iu)
🍤Zinc
🌻Folate
🌴Chlorophyll
🍁Magnesium Ascorbate
🌱Milk Thistle
🌵Antioxidant Network
နှင့် အခြား USA ဖြည့်စွက်စာမျိုးစုံ ရရှိနိုင်ပါသည်။
တလစာ အလုံးပြေများလည်း ရရှိနိုင်ပါသည်။
မြို့နယ်အလိုက်deliveryခပေးဆောင်ရပါမည်။
နယ်မြို့များလည်း အမြန်ချော/ ကားဂိတ်တို့မှ အရောက်ပို့ပေးပါသည်။
Messenger & Phone/Viber 09-43198852
Probiotics
💊 ဗီတာမင်ဆိုသည်မှာ-
သြဂဲနစ်ဒြပ်ပေါင်းတွေ ဖြစ်ကြပါတယ်။ ကာဘွန်၊ ဟိုက်ဒြိုဂျင်၊အောက်ဆီဂျင် သို့မဟုတ်
နိုက်တြိုဂျင်တွေနဲ့ ဖွဲ့စည်းထားတဲ့ဓာတ် အစုဖြစ်ပါတယ်။ ကလာပ်စည်းတွေ ရှင်သန်ကြီးထွားဖို့နဲ့ သြဇာဓာတ်အဖြစ် ခန္ဓာကိုယ်ထဲမှာလိုအပ်တဲ့ micronutrients တွေ ဖြစ်ကြပါတယ်။
ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပေးနိုင်ခြင်း မရှိပါ။
💊 Supplements ဆိုတာကတော့-
သူ့ကိုထည့်ပေးလိုက်ရင် လိုအပ်တဲ့ကိစ္စ ပြီးစီးပြည့်စုံသွားစေ တဲ့ဓာတ်များ ဖြစ်ကြပါတယ်။
💊 Minerals တွေ ဆိုတာကတော့-
သတ္တုဓာတ်တွေ ဖြစ်ကြပါတယ်။
လူတစ်ဦးအသက်ရှင်နေဖို့ ကျန်းမာရေးကောင်းစေဖို့ရာ ခန္ဓာကိုယ်ထဲမှာ ဓာတုဖြစ်စဉ်တွေဟာ စက္ကန့်တိုင်းမှာ ကုဋေပေါင်းများစွာ
ဖြစ်နေကြရပါတယ်။ ဒီဓာတုဖြစ်စဉ်အပေါင်းဟာပဲ ဘဝရှင်သန်ရေးအတွက် ဖြစ်နေကြတာကြောင့် သိပ္ပံပညာရှင်များက ဒီဓာတုဖြစ်စဉ်
အပေါင်းအစုကို အသက်လို့ ခေါ်လေ့ ရှိကြပါတယ်။ သိပ္ပံနည်းအရ
ပြောတာနော်။
ဓာတုဖြစ်စဉ်တွေဖြစ်ဖို့ ဘယ်လောက်အချိန်ယူရမယ် ဆိုတာကတော့ ခန္ဓာကိုယ်အပူချိန်ပေါ်မှာသွားတည်ပြန်ပါတယ်။ အပူချိန်တက်လာရင် ဝါယောဓာတ်တွေဖြစ်တဲ့လှုပ်ရှားနေကြတဲ့ atoms တွေ molecules တွေမှာ မြန်မြန်လှုပ်ရှားကြပါတယ်။လိုအပ်တဲ့ အပူချိန် (ယေဘုယျအားဖြင့် ၃၇ ဒီဂရီ စင်တီဂရိတ်/ ၉၈.၆ ဒီဂရီ ဖာရင်ဟိုက်) မှာ အကောင်းဆုံး အလုပ်လုပ်နိုင်ကြပါတယ်။
(အဲဒီအလုပ်တွေကတော့ -
> ကလာပ်စည်းအသစ်တွေဖြစ်ခြင်း၊
> ဗီဇတွေ ပြန်လည်ပြုပြင်ရေး၊
> ပရိုတင်းဓာတ်တွေနဲ့ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ရေး၊
> စွမ်းအင်ထုတ်လုပ်ရေး၊
> အဆိပ်များကိုပြန်လည်သယ်ထုတ်သွားရေး၊
> ဟော်မုန်းဓာတ်များ ထုတ်လုပ်ရေးစသည်ဖြင့်
အမျိုးစုံဖြစ်ပါတယ်။
ကျွန်မတို့ တဖြည်းဖြည်း အသက်ရလာကြတဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ဒီသြဇာဓာတ်မျိုးစုံ၊ သတ္တုဓာတ်မျိုးစုံ၊ ဖြည့်စွက်စာဓာတ်မျိုးစုံဟာ လျော့ပါးလာကြပါတယ်။ အချို့လူတွေမှာ ခန္ဓာကိုယ်အပူချိန်တွေပါ လျော့ပါးလာကြပါတယ်။(hypothyroid patients)
ဒီလိုမျိုးဖြစ်တဲ့အခါ ခန္ဓာကိုယ်ဟာ လုပ်နေကျအလုပ်တွေကို ကောင်းမွန်စွာ မလုပ်နိုင်တော့တာကြောင့် ရောဂါလက္ခဏာအမျိုးမျိုး
ပြလာကြပါတယ်။ ဒါကြောင့်လည်း ဗီတာမင်ဓာတ်၊ ဖြည့်စွက်စာဓာတ်၊သတ္တုဓာတ်တွေ နဲ့ပြန်လည်ဖြည့်ပေးနေရခြင်း ဖြစ်ပါတယ်။
ဒီဓာတ်တွေက ခန္ဓာကိုယ်ထဲမှာ ဓာတုဖြစ်စဉ်တွေကို ကူဖော်လောင်ဖက်အနေနဲ့ ကူညီရေးအဖွဲ့ဖြစ်ပါတယ်။
တစ်စက္ကန့်မှာ ကုဋေပေါင်းများစွာ ချီပြီးဖြစ်နေတဲ့ဓာတုဖြစ်စဉ်တွေမှာ အကူအညီပေးဖို့ တစ်နေ့ကို လိုအပ်တာတွေ အနည်းငယ်စီ သောက်ပေးတာ သဘာဝကျတယ်လို့ ထင်ပါတယ်။
ကျွန်မတို့တွေသောက်တာ အလွန်ဆုံး ၁၀-မျိုး ၁၂-မျိုးပဲ ထားပါဦးစို့။ ခန္ဓာကိုယ်ထဲမှာ ဖြစ်နေတဲ့ ဓာတုဖြစ်စဉ်တွေက တစ်စက္ကန့်မှာ ကုဋေနဲ့ချီပြီး ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြန်စဉ်စားကြည့်မယ်ဆိုရင် သင့်တော်တယ်လို့ထင်ပါတယ်။
ပြောနေကျစကားကို ထပ်ပြီးပြောလိုက်ပါဦးမယ်၊ ကိုယ်သောက်ချင်မှသောက်ပါ၊ အယုံအကြည်မရှိလည်း မသောက်ရုံဘဲ ဖြစ်ပါတယ်၊ မှန်မှန်သောက်နေသူနဲ့ လုံးဝမသောက်တဲ့သူတွေကိုကြည့်လိုက်မယ်ဆိုရင် အသက်ကြီးလာလေ ကျန်းမာရေးအခြေအနေက ကွာခြားလာလေဆိုတာကိုတော့ အမြဲသတိပြုမိပါတယ်။
Cread # To A Better Health စာစု(1)
💥 လိပ်ခေါင်းရောဂါ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းများ 💥
♦️ ဝမ်းချုပ်လို့ ဝမ်းကိုညှစ်ပြီးသွားရတာ (ဆန့်ကျင်ဘက်အနေနှင့် ဝမ်းလျှောလျှင်လည်း လိပ်ခေါင်း ထွက်တတ်ပါသည်)
♦️ အချိန်ကြာကြာ ထိုင်နေရခြင်း (အိမ်သာခွက်ပေါ်တွင် ကြာကြာထိုင်ခြင်းလည်း အပါအဝင် ဖြစ်သည်)
♦️ ကိုယ်လက်လှုပ်ရှား အားကစားမလုပ်ခြင်း
♦️ အမျှင်ဓာတ် အစားနည်းခြင်း
♦️ ကိုယ်အလေးချိန်များခြင်း/ ဝခြင်း
♦️ ကိုယ်ဝန်ဆောင်ခြင်း
♦️ အူမကြီးနှင့် စအိုကင်ဆာ
♦️ အသည်းရောဂါ (အသည်းခြောက်ခြင်း)
♦️ အူရောင်ရောဂါ (Inflammatory bowel disease)
♦️ စအိုနှင့် လိင်ဆက်ဆံခြင်း
♦️ ခါးရိုးအတွင်းရှိ အာရုံကြောမကြီး ထိခိုက်ခြင်းတို့ ဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါကို ဘယ်လို ကြိုတင်ကာကွယ်မလဲ❓❓
လိပ်ခေါင်းရောဂါ မဖြစ်စေရန် လိုက်နာရမည့်အချက်များမှာ…
1⃣ ဝမ်းမချုပ်ပါစေနှင့်။ ဝမ်းမချုပ်စေရန် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ပါ။
🔹 ဝမ်းချုပ်စာများကို ရှောင်ကြဉ်ပါ။ (ဥပမာ - ကောက်ညှင်းဆန်နှင့် ပြုလုပ်ထားသော အစားအစာများ)
🔹 အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို ပုံမှန်စားပါ။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများ၊ ပဲအမျိုးမျိုး၊ ဆန်လုံးညို၊ အုတ်ဂျုံ (Oat)၊ ပေါက်ပေါက်ဆုပ်၊ အမျှင်ဓာတ်ပါဝင်သော ဆေးများ (ဥပမာ - Vegeplex®) ကိုလည်း ပုံမှန်မှီဝဲပေးနိုင်ပါသည်။
🔹 ရေများများသောက်ပါ။ သဘာဝ သစ်သီးဖျော်ရည်များလည်း သောက်သုံးနိုင်သည်။ (ဥပမာ မန်ကျည်းဖျော်ရည်)
🔹 ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်လုပ်ပါ။
🔹 ဝမ်းသွားချင်စိတ်ဖြစ်လာလျှင် အောင့်မထားဘဲ ချက်ချင်းသွားပါ။
2⃣ ဝမ်းကို အားစိုက်ပြီး မညှစ်ပါနှင့်။
3⃣ အချိန်ကြာကြာ ထိုင်နေခြင်းကို ရှောင်ကြဉ်ပါ။ (ဝမ်းသွားစဉ် အိမ်သာခွက်ပေါ်တွင် ကြာကြာထိုင်မနေရ)
လိပ်ခေါင်းရောဂါ ဖြစ်လာခဲ့ရင် မည်သို့ပြုမူနေထိုင်ရမလဲ❓❓
လိပ်ခေါင်းရောဂါဖြစ်လာလျှင် စအိုတစ်ဝိုက် နာကျင်ခြင်းနှင့် ယားယံခြင်းတို့ ဖြစ်လာတတ်ပါသည်။ လိပ်ခေါင်းရောဂါကို အောက်ပါနည်းလမ်းများနှင့် ကုသနိုင်ပါသည်။
(၁) ရေနွေးထိုင်ခြင်း (Warm Sitz Baths) - ဇလုံခပ်ကြီးကြီးထဲသို့ ရေနွေးထည့်ပြီး ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ကြာအောင် ထိုင်နေပေးရပါမည်။ တစ်ရက်လျှင် ၃ ကြိမ်ထိုင်ပေးပါ။ ဆားအနည်းငယ်ထည့်ရင် ပိုကောင်းပါသည်။
(၂) ရေများများသောက်ပါ။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ (ဥပမာ - ဟင်းသီးဟင်းရွက်များ) ကို ပုံမှန်စားပါ။ အကယ်၍ မစားဖြစ်ပါက အမျှင်ဓာတ်ပါဝင်သော ဆေးများ (ဥပမာ - Vegeplex®) ကိုလည်း ပုံမှန်မှီဝဲပေးနိုင်ပါသည်။
(၃) ဝမ်းပျော့ဆေးများ မှီဝဲပါ။ လိပ်ခေါင်းလိမ်းဆေး ခရင်မ်များ၊ ချောဆီများနှင့် စအိုထဲထည့်ရသော ဆေးတောင့် (Suppository/ ဒုံးကျည်) များကိုလည်း သုံးနိုင်ပါသည်။ Chitobit® ကဲ့သို့သော အဆီကျဆေးများသည် ဝမ်းအတွင်းအဆီများကို စွန့်ထုတ်ပေးသဖြင့် ဝမ်းကိုပျော့စေပါသည်။ ဒိန်ချဉ်/ ပရိုဘိုင်အိုတစ် (ဥပမာ - Biogurt®) ဖြည့်စွက်စာများကိုလည်း မှီဝဲနိုင်ပါသည်။ ဝမ်းမချုပ်စေရန် ဂရုပြုရသလို ဝမ်းလည်း မလျှောပါစေနှင့်။
(၄) ကိုယ်လက်လှုပ်ရှား အားကစားပုံမှန်လုပ်ပါ။
(၅) အချိန်ကြာကြာ ထိုင်နေခြင်းကို ရှောင်ကြဉ်ပါ။ ထိုင်ရလျှင်လည်း တင်ပါးအောက်တွင် မုန့်လက်ကောက်/ Donut ပုံစံ လေထိုးခေါင်းအုံးကို အသုံးပြုပါ။
(၆) ဝမ်းသွားချင်စိတ်ပေါ်လာသည်နှင့် ချက်ချင်းသွားပါ။ ဝမ်းသွားစဉ် အိမ်သာခွက်ပေါ်တွင် ကြာကြာထိုင်မနေရပါ။
(၇) စအိုသန့်ရှင်းရေး ဂရုပြုပါ။
(၈) လိပ်ခေါင်းကြောင့် စအိုနာကျင်နေပါက အကိုက်အခဲပျောက်ဆေးများကို အသုံးပြုနိုင်သလို Lignocaine gel ကဲ့သို့သော ထုံဆေးဂျယ်များကို စအိုတစ်ဝိုက်တွင် လိမ်းပေးနိုင်ပါသည်။
(၉) လိပ်ခေါင်း ပြန်မဝင်တော့ခြင်း၊ နာကျင်ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်း စသည်တို့ဖြစ်လာပါက ဆရာဝန်နှင့် အလျင်အမြန် သွားရောက်ပြသပါ။
ဒေါက်တာခင်မောင်လွင် (FAME)
Photo Credit
★ ဖျားနာခြင်းနှင့် ပတ်သက်လို့ -
လူအတော်များများဟာ မကြာခဏ ဆိုသလို ဖျားနာတတ်ကြပါတယ် ၊၊ အထူးသဖြင့် ရာသီဥတု အပြောင်းလဲချိန်မှာ ဖျားတတ်ကြပါတယ် ၊၊
လည်ချောင်းနာမယ် ၊၊ ချောင်းဆိုးမယ် ၊၊ ကိုယ်လက်ကိုက်ခဲမယ် ၊၊ နှာစေးမယ် ၊၊ ကိုယ်ပူမယ် ၊၊ ခေါင်းကိုက်မယ် ၊၊ စသည်ဖြင့်ပေါ့ ၊၊
ဒီလိုဖြစ်လာပြီဆိုရင် လူအတော်များများဟာ နီးရာဆေးခန်းကို ပြေးလေ့ရှိပါတယ် ၊၊ ဆေးထိုးမယ် ၊၊ ဘာဆေးထိုးတယ်တော့ အတိအကျမသိ ၊၊ ပါရာစိတမော့ နဲ့ ပိုးသတ်ဆေး တစ်ခုခု ပေးလေ့ရှိပါတယ် ၊၊ အခုနောက်ပိုင်း ပိုးသတ်ဆေးပေးလာတာ ကြမ်းလာတာကို တွေ့ရလေ့ရှိပါတယ် ၊၊
ဖျားနာခြင်းရဲ့အကြောင်းကို ကြည့်မယ်ဆိုရင် -
အများအားဖြင့် ဗိုင်းရပ်စ်ပိုး တွေကြောင့်ဖြစ်ပါတယ် သူတို့ကို ပိုးသတ်ဆေးနဲ့ ကုလို့မရပါ ၊၊ တကယ် bacterial infection က ရှိတော့ရှိတယ် ၊၊ သို့သော် ရှားပါတယ် ၊၊
ပိုး မျိုးစုံက ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေပါသော်လည်း ခန္ဓာကိုယ်ခုခံအားကျသွားတဲ့အခါ သူတို့တွေက ပွားလာပြီးဖျားတတ်ပါတယ် ၊၊
ပိုးသတ်ဆေးတွေ သောက်မဲ့အစား ခန္ဓာကိုယ်ခုခံအား ကောင်းရအောင် လုပ်ရင်ထိရောက်ပါလိမ့်မယ်၊၊
ပိုးသတ်ဆေးတွေဟာ အူထဲမှာရှိတဲ့ အကျိုးပြုပိုးတွေကို သေစေပါတယ် ၊၊ ပိုးသတ်ဆေးတွေဟာ အခန့်မသင့်ရင် ဝမ်းလျောပြီး အထူးသဖြင့် အသက်ကြီးသူတွေမှာဆိုရင် သေတောင်သေနိူင်ပါတယ် ၊၊
ခုခံအားကျစေတဲ့ အကြောင်းတွေထဲမှ ၁ ချက်ကတော့- Vitamin D3 ဓာတ် အလွန်နည်းနေခြင်းဖြစ်ပါတယ် ၊၊
လူအတော်များများမှာတိုင်းကြည့်လျင် 15-20 ng/ml လောက်ရှိတာကို တွေ့ရပါတယ် ၊၊ အသက်ကြီးတဲ့ လူတွေဆိုရင် ပိုဆိုးတာပေါ့ ၊ အိမ်အပြင်မထွက်ကြတော့တာ ၊၊ နေလည်းမထိ ဘာမှလည်းမသောက်ဆိုတော့ ပိုဆိုးတာပေါ့ ၊၊
အချို့တွေက မြန်မာပြည်မှာ အလွန်ပေါ်ပြူလာဖြစ်လာတဲ့ ဗီတာမင်အားဆေးကို မှီဝဲကြပါတယ် ၊၊ ပြန်ကြည့်လိုက်တော့ အလွန်အရေးကြီးတဲ့ Vitamin D3. က 200 iu ပဲ ပါပါတယ် ၊၊ သိပ်ကိုနည်းလွန်းပါတယ် ၊၊ မြန်မာပြည်ကလူတွေမှာ ဗီတာမင် D ဓာတ် အလွန်နည်းကြတာကြောင့် အနည်းဆုံး 5000 iu လောက် သောက်သင့်ပါတယ် ၊၊ သွေးထဲမှာ Vitamin D level ကိုလည်း စစ်ကြည့်လို့ရပါတယ် ၊၊
အသက်ရွယ်ကြီးသူတွေအတွက် အရမ်းလိုအပ်တဲ့ B12 ဆိုရင် နာမည်ကြီးဗီတာမင်ထဲမှာ 1 mcg ပဲ ပါတာတွေ့ရလို့ ကျွန်မအလွန်အံ့သြသွားမိပါတယ် ၊၊
အခြားအရေးကြီးတဲ့ Zinc ဆိုရင် 5 mg ၊၊ နည်းလွန်းပါတယ် ၊၊ လူတွေက ဒါကိုပဲ ကောင်းလှပါတယ်ဆိုပြီး ဝယ်သောက်နေကြပါတယ် ၊၊ ကြော်ငြာကောင်းတာဖြစ်မှာပါ ၊၊
မဖျားမနာရအောင် အကြံပေးချင်ပါတယ် ၊၊ အကြံပေးခြင်းသာ ဖြစ်ပါတယ် ၊၊ တစ်သွေမတိမ်းလိုက်နာရမယ် မဆိုလိုပါ ၊၊ ကိုယ်ကြိုက်ရာ အားသန်ရာ လုပ်နိူင်ပါတယ် ၊၊
ဖျားချင်လာပြီဆိုရင်များသောအားဖြင့် ကြိုတင်သိနိူင်ပါတယ် ၊၊
* အိပ်ရေးဝအောင်အိပ်ပါ ၊၊
* ရေများများသောက်ပါ ၊၊
* vitamin D3. 30000 iu ( 5000 iu 6 လုံး ) တစ်ခါတည်းသောက်ပါ ၊၊ super K နှစ်လုံးနှင့် တွဲသောက်ပါ ၊၊ ထို ပမာဏကို ၅ ရက်လောက် အထိ သောက်လိုက်ပါ ၊၊ ၂ - ၃ ရက်အတွင်း သက်သာလာတာကို တွေ့ရပါလိမ့်မယ် ၊၊ သက်သာလာရင် လျော့လို့ရပါပြီ နေ့စဥ်သောက်နေတဲ့ ပမာဏ ကတော့ 5000 iu ဖြစ်ပါတယ် ၊၊ super k တစ်လုံးနှင့်တွဲသောက်ရမှာ ဖြစ်ပါတယ် ၊၊
* Vitamin C alkaline form .
( Calcium ascorbate or Magnesium ascorbate ) ကို 2000-3000 mg. နေ့စဥ်သောက်ပါ ၊၊
* Probiotic နေ့စဥ်သောက်ပါ ၊၊
* Zinc 50 mg တစ်နေ့ တစ်လုံး ၊၊
* သကြားလျှော့ပါ ၊၊
* စိတ်ဖိစည်းမှုတွေ ချနိူင်သမျှချပါ ၊၊
* ကိုယ်အနည်းငယ်ပူတိုင်း ပါရာစိတမော့ မသောက်သင့်ပါ ၊၊
ကိုယ်ပူတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ခန္ဓာကိုယ်က ပိုးမွှားတွေကိုသတ်သည့်အခါ ကိုယ်အပူချိန်တက်နေရင် ပိုထိရောက်လို့ ပါပဲ ၊၊ သန္တပ္ပန တေဇောဓာတ်လို့ ခေါ်ပါတယ် ၊၊ ( ဝိသုဒ္ဓိမဂ် )
ကိုယ်အပူချိန် 104/105 သိပ်များနေပြီး မနေသာ မထိုင်သာ ဖြစ်ရင်သောက်ပါ ၊၊ ဗိုက်ထဲမှာ အစာရှိရင် Ibuprofen ( Advil , or Aleve ) က ပိုပြီးကောင်းတယ်လို့ ထင်ပါတယ် ၊၊ အစာအိမ်ရောဂါရှိသူ မသောက်သင့်ပါ
လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးပေးပါ ၊၊
သိသိသာသာကြီး သက်သာလာပါလိမ့်မယ် ၊၊ ဆေးခန်း သွားပြတာထက် ပိုကောင်းပါတယ် ၊၊ အခုပြောသလို လုပ်ကြည့်လို့မှ မရရင်တော့ ဆေးခန်းသွားပြတာပေါ့ ၊၊
အခုဖေါ်ပြပါနည်းဟာ ကျွန်မကိုယ်တွေ့လည်း ဖြစ်ရုံမက လူအတော်များများမှာလည်း စမ်းသပ်ကြည့်တာ အတော်အောင်မြင်တာကို တွေ့ရပါတယ် ၊၊ သို့ပါသော်လည်း ကျွန်မက အကြံပေးရုံသာ ဖြစ်ပါတယ် ၊၊ မိမိသဘောအတိုင်း ဆုံးဖြတ်ပြီး မိမိနဲ့ သင့်တော်မယ် ထင်တာကို လုပ်နိူင်ပါတယ် ၊၊
Dr. Daw Khin Nwe Win.
To A Better Health.
🌈🌴🌻နေပြည်တော်တွင်ဖြည့်စွက်စာမျိုးစုံ ဝယ်ယူရရှိနိုင်ပါသည်။
☎️ 09-43198852/ 09-767013940