Success Land Academy
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Success Land Academy, Education, .
၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်
တာမွေမြို့နယ်တွင် မြို့နယ်အဆင့်ဘာသာရပ်ထူးချွန်နှင့်လူရည်ချွန်တွင်ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူများ
မောင်ရဲသူရကျော် (လူရည်ချွန် ဒုတိယဆု)
မဇူးဇူးအောင် (လူရည်ချွန် ဒုတိယဆု)
မောင်ဒါလ်ထွန်းပေါင် (သင်္ချာစွမ်းရည် ဒုတိယ)
မလင်းလက်မိုး (သင်္ချာစွမ်းရည် တတိယ)
မမေဝသုန်ဦး (သင်္ချာစွမ်းရည် တတိယ)
မဇူးဇူးအောင် (သင်္ချာစွမ်းရည် ဒုတိယ)
တို့အား
Success Land Academy ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဝမ်းမြောက်စွာဖြင့်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
လွပ်လပ်ရေးနေ့ အထိမ်းအမှတ်
အားကစားပြိုင် ပွဲများကို
Success Land Academy
Campus (3)
A.5 ဓမ္မဒါနလမ်း
မေတ္တာရိပ်မွန် အဆင့်မြင့်အိမ်ယာဝင်း
နတ်ချောင်းရပ်ကွက် တာမွေမြို့နယ်။
ဖုန်း 09 88 17 999 11
09 88 17 999 22
တွင် ကျင်းပပေးပြီးး
ဆုအရေအတွက် ၅၀၀ နီးပါး
ဆုများချီးမြှင့်ပေးခဲ့ပါတယ်။
SLA ၏ ရင်သွေးငယ်များအားလုံး
လွပ်လပ်ပျော်ရွှင်စွာ ဆော့ကစားနေတာ
မြင်ရတော့ ကျေနပ်ပီတိဖြစ်ရပါတယ်။
အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပင်ပန်းခဲ့ကြသော
ဆရာ ဆရာမများ ဝန်ထမ်းများအားလုံး ကိုလည်း
ကျေးဇူးတင်ရှိပါတယ်။
ဦးစောရန်နောင်
တည်ထောင်အုပ်ချုပ်သူ
Success Land Academy
ကိုယ်ပိုင်အထက်တန်းကျောင်းများ
လွပ်လပ်ရေးနေ့ အထိမ်းအမှတ်
အားကစားပြိုင်ပွဲများကို
Success Land Academy
Campus (3)တွင် ပျော်ရွှင်စွာ ကျင်းပနေပုံ ဖြစ်ပါတယ်။
Success Land Academy ၏
လွပ်လပ်ရေးနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့်
ပြေး ခုန် ပစ် အားကစားပြိုင်ပွဲများကို
၁.၁.၂၀၂၄ မှ ၄.၁.၂၀၂၄ အထိ
Success Land Academy
Campus (3)
Sport Complex (အားကစားကွင်း)
တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
ကစားနည်းအမျိုးအစားများသိရှိရန်နှင့်
ပါဝင်ယှဥ်ပြိုင်လို၍ စာရင်းပေးလိုပါက
မိမိတို့ သက်ဆိုင်ရာအတန်းပိုင်များ နှင့်
ရုံးအဖွဲ့ထံတွင် ဆကိသွယ်နိုင်ပါသည်။
Campus (3)
A.5 ဓမ္မဒါနလမ်း
မေတ္တာရိပ်မွန် အဆင့်မြင့်အိမ်ယာဝင်း
နတ်ချောင်းရပ်ကွက် တာမွေမြို့နယ်။
ဖုန်း 09 88 17 999 11
09 88 17 999 22
အများသိစေရန် ကြေညာခြင်း
၂၈.၁၂.၂၀၂၃ ကြေးမုံသတင်းစာပါ ကြေညာချက် ဖြစ်ပါသည်။
Success Land Academy အား
မဟုတ်မမှန် ဂုဏ်သိက္ခာကျဆင်းအောင် တိုက်ခိုက်မှုများကို
SLA ၏ ဥပဒေအဖွဲ့ကသာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ကျောင်းအပ်နိုင်ပြီဖြစ်ပါကြောင်း ကြေငြာချက်
တာမွေမြို့နယ်တွင်သာမက
သင်္ဃန်းကျွန်းခရိုင်တွင်ပင် ကျောင်းသားအများဆုံး
တက်ရောက်နေသော
Success Land Academy မှ
၂၀၂၄ -၂၅ခုနှစ် ပညာသင်နှစ်အတွက်
အသစ်ဖွင့်လိုက်သည့်
SLA Campus 3 သည် တာမွေမြို့နယ်၏ အချက်အခြာကျသည့်နေရာတွင် တည်ရှိပြီး
ရန်ကုန်မြို့တွင်း တွင်
အကြီးဆုံးကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်ပါသည်။
🟢၅၅ ပေ x ၉၅ ပေကျယ်ဝန်းသည့်
ဘောလုံး ၊ဘောလီဘော ၊ဘက်စကက်ဘော ၊ခြင်းလုံး တင်းနစ် အစရှိသည့် အားကစားမျိုးစုံ ကစားနိုင်သည့်
အားကစားကွင်း (Sport Complex)
🟢၉၀ ပေ x ၄၅ ပေ ကျယ်ဝန်းသည့်
ဒန်း စင် နှင့် လျှောစီးစင် များ ပါဝင်သော
ကလေးကစားကွင်း(Playground)
🟢ထိုင်၍စားသုံးနိုင်သည့်
ကျောင်း ကင်တင်း(Canteen)
🟢သဘာဝအတိုင်းထွက်ရှိလာသောအသံများကို တီးခတ်နိုင်သည့်အပြင် Musical Instruments များပါဝင်သည့် ( Musical garden)
🟢ကျောင်းတခု၏ဂုဏ်ကို ပေါ်လွင်စေသော
SLA Hall ခန်းမ
🟢 ကျောင်းစုဝေးကွင်း (Assembly Ground)
🟢ပညာရေးဝန်ကြီးဋ္ဌာန၏ ပြောင်းလဲလိုက်သော
ပုဂ္ငလိကပညာရေးဥပဒေသစ်နှင့် ကိုက်ညီသော
ကျယ်ဝန်း ပြီး လေအေးပေးစက် တပ်ဆင်ထားသည့်
စာသင်ခန်းများ
🟢 စနေ ရက်များတွင် ထပ်ဆောင်သင်ဲကြားသည့်
အားကစား၊ ဂီတ နှင့် ဘာသာစကားများကို ထိရောက်စွာ လေ့ကျင့်သင်ကြားပေးမှုများ ကို
အသက်သာဆုံးကျောင်းလခ ၊အမြင့်မားဆုံးသောဝန်ဆောင်မှုများဖြင့် SLA Campus(3) တွင် ရရှိနိုင်ပါပြီ။
Success Land Academy
Campus (3)
A.5 ဓမ္မဒါနလမ်း
မေတ္တာရိပ်မွန် အဆင့်မြင့်အိမ်ယာဝင်း
နတ်ချောင်းရပ်ကွက် တာမွေမြို့နယ်။
ဖုန်း 09881799911 /09881799922
SLA ၏ အစဥ်အလာအတိုင်း
အလျင်အမြန်အပ်နှံမှသာ နေရာသေချာပါမည်။
၂၂.၁၂.၂၀၂၃(သောကြာနေ့)မှစတင်၍
ကျောင်းစတင်အပ်နှံနိုင်ပါပြီ။၂၂.၁၂.၂၃ မှ ၁၅.၁.၂၄ အတွင်း ကျောင်းအပ်နှံသူများအတွက် ကျောင်းလခ ၁၀% နှင့် ၅% ကင်းလွတ်နိုင်သော အခွင့်အရေးများလည်း ရှိပါသည်။
⭕️Campus (2) သည် လာမည့် ပညာသင်နှစ်မှ စတင်၍
Campus (3) ၌သာပူးတွဲ၍ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ Campus (2) တွင် တက်ရောက်နေသော ကျောင်းသား ကျောင်းသူများသည် အနီးရှိ Campus(1) တွင်သော်လည်းကောင်း (သို့မဟုတ် )
Campus (3) တွင်သော်လည်းကောင်း မိမိစိတ်ကြိုက်
အပ်နှံနိုင်ပြီဖြစ်ပါသည်။)
♦️ယခင်နှစ်များအတိုင်း အပ်နှံလိုပါက
Success Land Academy
Campus (1)
ခြံအမှတ် (၉) ကံကော်လမ်း ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက် တာမွေမြို့နယ် ။
ဖုန်း 09420969995/ 09942685836
အသက်ကြီးလာတဲ့ခါမှာ
ငယ်ဘဝဆိုတာ
ပြန်လည်တမ်းတတတ်တဲ့အရာပါပဲ။
ဒီနှစ် ဒီကျောင်း
ဒီနေရာ ဒီအတန်းမာ
ဒီသူငယ်ချင်းတွေနဲ့ အတူတူရှိခဲ့တဲ့ဆိုတာ
နောက်နှစ်ပေါင်းများစွာကြာလည်း
အမှတ်တရအဖြစ်..
(၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင်
Success Land Academy
Campus( 2)
ခြံအမှတ် (၁/၁၁၉)စံပယ်လမ်းသွယ် (၃)
ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက် ၌
တက်ရောက်နေကြသော
KG မူလတန်း အလယ်တန်း အထက်တန်းကျောင်းသား ကျောင်းသူများအား မှတ်တမ်းတင်အပ်ပါသည်။)
အသက်ကြီးလာတဲ့ခါမှာ
ငယ်ဘဝဆိုတာ
ပြန်လည်တမ်းတတတ်တဲ့အရာပါပဲ။
ဒီနှစ် ဒီကျောင်း
ဒီနေရာ ဒီအတန်းမာ
ဒီသူငယ်ချင်းတွေနဲ့ အတူတူရှိခဲ့တဲ့ဆိုတာ
နောက်နှစ်ပေါင်းများစွာကြာလည်း
အမှတ်တရအဖြစ်..
(၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင်
Success Land Academy
Campus( 1)
ခြံအမှတ် (၉) ကံကော်လမ်း
ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက် ၌
တက်ရောက်နေကြသော
Pre KG, KG မူလတန်း အလယ်တန်း အထက်တန်းကျောင်းသား ကျောင်းသူများအား မှတ်တမ်းတင်အပ်ပါသည်။)
ဒီဇင်ဘာကျောင်းပိတ်ရက်ကြေညာခြင်း
(22.12.2023 - 26.12.2023)အထိ ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်ပြီး (27.12.2023)တွင်ကျောင်းပြန်ဖွင့်မည်ဖြစ်ကြောင်း မိဘများသို့အသိပေးကြေညာအပ်ပါသည်။
(21.12.2023)တွင် စာမေးပွဲ မရှိသော တန်းခွဲများ(မူလတန်း၊အလယ်တန်း) ကျောင်းတက်ရန်မလိုကြောင်းအသိပေးအပ်ပါသည်။
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၂-၂၃ ခုနှစ်ပညာသင်နှစ် အဋ္ဌမတန်း ၌
ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ဧည့်သည်တော် ဆရာကြီးဒေါက်တာတင်မောင်ဝင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်-ငြိမ်း) မှ
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ..
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၂-၂၃ ခုနှစ်ပညာသင်နှစ် သတ္တမတန်း ၌
ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ဧည့်သည်တော် ဆရာကြီးဒေါက်တာဇီဝ(Edu ကိုယ်ပိုင်ကျောင်း) မှ
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ..
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၂-၂၃ ခုနှစ်ပညာသင်နှစ် စတုတ္ထတန်း ၌
ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ဧည့်သည်တော် ဆရာမကြီးဒေါ်နန်းသဥ္ဇာအောင်(MA & MD ကိုယ်ပိုင်အထက်တန်းကျောင်း) မှ
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ..
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၂-၂၃ ခုနှစ်ပညာသင်နှစ် ဒုတိယတန်း ၌
ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ကျောင်းအုပ် ဆရာမကြီးဒေါ်ရွှေရွှေတင့် မှ
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ..
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၂-၂၃ ခုနှစ်ပညာသင်နှစ် ဒုတိယတန်း ၌
ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ဧည့်သည်တော် ဆရာမကြီးဒေါက်တာမြင့်မြင့်ခင် မှ
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ..
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၂-၂၃ ခုနှစ်ပညာသင်နှစ် ဒုတိယတန်း ၌
ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ဧည့်သည်တော် ဆရာဒေါက်တာဝင်းကို (ထူးထက်ကျော် ကိုယ်ပိုင်အလယ်တန်းကျောင်း) မှ
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ..
Success Land Academy တွင်
တက်ရောက်နေသော တန်းခွဲများအနက်မှ
အသက်အငယ်ဆုံး တန်းခွဲဖြစ်ပေမယ့်
လက်တွေ့အများဆုံးလုပ်ရသော တန်းခွဲ
Pre Kg က ရင်သွေးငယ်များ။
မိဘရင်ခွင်မှ
ပထမဆုံးခွဲခွါ၍
စာသင်ကျောင်းသို့
ပထမဆုံးရောက်ရှိချိန်
အိမ်လွမ်း၍ ခဏတာ ငိုခဲ့ဖူးပေမယ့်
ခုတော့
သင်ခန်းစာတခုပြီးတိုင်း
လက်တွေ့လုပ်ငန်းတွေကို
ပျော်ရွှင်စွာ တက်တက်ကြွကြွ
လုပ်နေကြပြီ။
ဒီတပတ်မှာတော့
ခရစ်စမတ် ဦးထုပ် နှင့် ခရစ်စမတ်အပင်လေးတွေကို
လက်တွေ့ပျော်ရွှင်စွာ ပြုလုပ်ကြရင်း
သားငယ် သမိးငယ်လေးများမှ
နှုတ်ဆက်လိုက်ပါသည်။
''Merry Christmas ''ပါ
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၂-၂၃ ခုနှစ်ပညာသင်နှစ် ပထမတန်း ၌
ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ဧည့်သည်တော် ဆရာဦးကျော်ဇေယျာအေး မှ
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ..
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၂-၂၃ ခုနှစ်ပညာသင်နှစ် သူငယ်တန်း နှင့် ပထမတန်း ၌
ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ဧည့်သည်တော် ဆရာကြီးဦးမျိုးဆန်း(Bio Myo San ကိုယ်ပိုင်အထက်တန်းကျောင်း) မှ
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ...
Success Land Academy တွင် တက်ရောက်ခဲ့ကြပြီး
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌
ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများကို
SLAတည်ထောင်အုပ်ချုပ်သူ ဆရာကြီးဦးစောရန်နောင် မှ
SLA နှစ်ပတ်လည်အခမ်းအနားနှင့် ဆုပေးပွဲ အခမ်းအနားတွင်
ဆုချီးမြှင့်ပေးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ..
.
ရန်ကုန်မြို့ Novotel Hotel တွင် ကျင်းပခဲ့သော
SLA နှစ်ပတ်လည် အခမ်းအနား၌
SLA Campus-1 Grade(1) မှ
သားငယ် သမီးငယ်လေးများ၏
ဖျော်ဖြေရေး အစီအစဥ်ဖြစ်ပါတယ်။
(ရက်အနည်းငယ်သာ လေ့ကျင့်ချိန်ရသည့်အတွက်
အမှားအယွင်းတစုံတရာ ရှိပါက ချစ်တဲ့မျက်စိနှင့်
ကြည့်ပြိး ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။)
ရန်ကုန်မြို့ Novotel Hotel တွင် ကျင်းပခဲ့သော
SLA နှစ်ပတ်လည် အခမ်းအနား၌
SLA Campus-2 Grade(2) မှ
သားငယ် သမီးငယ်လေးများ၏
ဖျော်ဖြေရေး အစီအစဥ်ဖြစ်ပါတယ်။
(ရက်အနည်းငယ်သာ လေ့ကျင့်ချိန်ရသည့်အတွက်
အမှားအယွင်းတစုံတရာ ရှိပါက ချစ်တဲ့မျက်စိနှင့်
ကြည့်ပြိး ခွင့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။)
Success Land Academy
ကိုယ်ပိုင်အထက်တန်းကျောင်း
Campus (3)
A-5 ,ဓမ္မဒါနလမ်း
မေတ္တာရိပ်မွန်အဆင့်မြင့်အိမ်ယာဝင်း
နတ်ချောင်းရပ်ကွက် တာမွေမြို့နယ် ။
ကျောင်းအသစ် အန္တာရာယ်ကင်းရွှတ်ဖတ်ပူဇော်ပွဲကို
ရွှေကြက်ယက်ဆရာတော်ဘုရားကြီးဦးဆောင်သော
သံဃာတော်များမှ
Success Land Academy Hallတွင်
ယနေ့ နံနက် ၆နာရီခွဲ၌
အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပါသည်။
Succes Land Academy
ကျောင်းများတွင် တက်ရောက်သင်ကြားနေသော
ကျောင်းသား ကျောင်းသူများ၏ မိဘများသို့
လေးစားစွာဖြင့် အသိပေးကြေညာခြင်း။
Success Land Academy ကျောင်းများဖွင့်လှစ်ထားခြင်း၏ အဓိက ရည်ရွယ်ချက်သည် အနာဂတ်ရင်သွေးငယ်များ၏ ပညာရေးကို အကောင်းမွန်ဆုံးပေးနိုင်ရန်ဖြစ်ဖြစ်ပြိး လူတိုင်းသင်ယူနိုင်ရေးအတွက် အသက်သာဆုံးကျောင်းလခဖြင့် အကောင်းမွန်ဆုံးပညာရေးဝန်ဆောင်မှုကို ပေးနိုင်ရန် ဖြစ်ပါသည်။ မိဘများအား အပိုကုန်ကျစားရိတ်များ မရှိစေရန်အတွက် ကျောင်းအပ်နှံစဥ်က ကျောင်းမှလုပ်ဆောင်ပေးမည်ကျောင်း၏ လုပ်ဆောင်ချက်များအပြင်
တခြားအရာများကို ကျောင်းမှပဲ အများဆုံးစိုက်ထုတ်၍ ဆောင်ရွက်ပေးခဲ့ပါသည်။
ကျောင်းမှ ရှိသင့်ရှိထိုက်သော မဖြစ်မနေလုပ်ဆောင်ရမည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားခဲ့ပြိး ကြီကြပ်ဆောင်ရွက်မှုများ ကို အမြဲတစေဆောင်ရွက်ခဲ့ပြိးဖြစ်ပါသည်။ထပ်မံ၍ စည်းကမ်းထန်းသိမ်းရေးတာဝန်ခံများတိုးမြင့် ခန့်အပ်သွားမည် ဖြစ်ပါသည်။
ဆရာ ဆရာမ များကို ရွေးခြယ်ခန့်ထား၍ အလုပ်စဝင်သည့်အချိန်မှစ၍ မိဘများအတွက် အပိုကုန်ကျစားရိတ်များမရှိစေရေးအတွက် နှင့် မညီမျှသောအခြေအနေများ မဖြစ်ပေါ်လာစေရေးအတွက် ကျောင်းမှကျောင်းသားကျောင်းသူများကို အခကြေးငွေဖြင့် ကျူရှင်မသင်ရ ဟူသောစည်းကမ်းချက်များကို ခံဝန်လက်မှတ်ရေးထိုးထားပြိးဖြစ်ပါသည်။ တိုင်ကြားမှူတစုံတရာ ရရှိပါက ချက်ခြင်းအလုပ်ထုတ်မည် ဆိုတာကိုလည်း အသိပေးထားပြိးဖြစ်ပါသည်။
ကျောင်းတွင်း၌ မူလတန်းကလေးငယ်များ မွေးနေ့တွင် သူငယ်ချင်းများဖြင့် ပျော်ရွှင်စွာပွဲကျင်းပခြင်းကိုတော့ ကလေးများ၏ စိတ်ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ခြင်းသာ ဖြစ်ပြိး ယနေ့မှစ၍ ကျင်းပခွင့်ကို လုံးဝပြုလုပ်ခွင့်မပြုပါ။
ကျောင်းတွင် တာဝန်ထမ်းဆောင်နေသော မည်သည့် ဆရာ ဆရာမများ ဝန်ထမ်းများကို လက်ဆောင်ပေးခြင်းကိုလည်း လုံးဝခွင့်မပြုပါကြောင်းနှင့် မိဘများမှ ပူးပေါင်းဆောင်ရွက်ပေးပါရန် ပြောကြားလိုပါသည်။
ကျောင်းတည်ထောင်သူ၏ ချမှတ်ထားသောမူဝါဒမျသည် မိဘများ၏ ဆန္ဒနှင့်တထပ်တည်းသာဖြစ်ပြီး
အသက်သာဆုံးနှင့် အကောင်းဆုံးကိုသာ ပေးရန်ဖြစ်ပါသည်။
ကျောင်းတည်ထောင်သူထံရောက်ရှိလာသော အဆင်မပြေမှုများအားလုံးကို ချက်ခြင်း ဖြေရှင်းပေးခဲ့သည်မှာ
ကြုံခဲ့ဖူးသောမိဘများ အားလုံး အသိဖြစ်ပါသည်။
သို့ရာတွင် ကျောင်းသားဥိးရေ များပြားခြင်းနှင့် ဆရာ ဆရာမ ဝန်ထမ်းများ များပြားခြင်းကြောင့် တချို့သော အရာများကို တင်ပြလာခြင်းမရှိသည့်အတွက် မသိရှိခဲ့ခြင်းအပေါ် တွင် အနူးအညွတ်တောင်းပန်အပ်ပါသည်။
ယနေ့မှစ၍ Succes Land Academy တွင်တက်ရောက်နေသော ကျောင်းသားကျောင်းသူများ၏ မိဘများအနေဖြင့် အဆင်မပြေမှုတစုံတရာရှိပါက
Viber ဖုန်းနံပါတ် -09680743948 သို့
တက်ရောက်နေသော ကျောင်းခွဲ-
အတန်း-
ကျောင်းသားအမည် -
ကို ပြည့်စုံစွာဖော်ပြ၍
မိမိ ၏ အဆင်မပြေမှုများကို ရေးသား၍
တိုက်ရိုက် ပေးပို့နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
ပေးပို့လာသောအကြောင်းအရာများကို သေချာစွာ စိစစ်၍ အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
နှစ်စဥ်နှစ်တိုင်း ပိုမိုကောင်းမွန်အောင် ကြိုးစားပေးနေသည်မှာလည်း မျက်မြင်ပင်ဖြစ်ပါသည်။
မိဘများအားလုံး ပူးပေါင်းပါဝင်ပေးပါရန်လည်း အထူးပင်မေတ္တာရပ်ခံအပ်ပါသည်။
(ဖော်ပြထားသောဖုန်းနံပါတ်သည် Viber စာပို့ရန်သာဖြစ်ပြီး ဖုန်းခေါ်ဆို၍ မရပါ)
ဦးစောရန်နောင်
တည်ထောင်အုပ်ချုပ်သူ
ယှဥ်ပြိုင်ခြင်းသည် အဓိက💪💪💪
SLAကိုယ်ပိုင်အထက်တန်းကျောင်း(တာမွေ)
SLAကိုယ်ပိုင်အထက်တန်းကျောင်းဟာGroup-Bတွင်
လက်ရှိချန်ပီယံ Wisdom Eye(လှိုင်သာယာ), SHIN(လှိုင်) ၊ စေတနာရောင်ပြန် (မြောက်ဥက္ကလာ) နှင့် ILMC (လှိုင်သာယာအရှေ့) အသင်းများနဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ နောက်တစ်ဆင့်တက်ရေးအတွက်ခက်ခဲဖွယ်ရှိနေပါတယ်။
Success Land Academy
ကိုယ်ပိုင်အထက်တန်းကျောင်းများ
ဒုတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်
ရွှေကြက်ယက်ကျောင်းတိုက်သို့
ပို့ဆောင်လှူဒါန်းခဲ့ပါသည်။
ဆရာတော်မှလည်း နံနက်ခင်းတွင်
ဒေါ်ချို မုန့်ဟင်းခါးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့၍
ရွှေကြက်ယက်ကျောင်းတိုက် ဆရာတော်အမှူးထား၍
ဆရာတော် သံဃာတော်များကို နေ့ဆွမ်း ဆပ်ကပ်လှူဒါန်း
ပြီး လူပုဂ္ဂိုလ်များ ကို နေ့လည်စာ ကျွေးမွေးခဲ့ပါသည်။
မဟာဘုံကထိန် အလှူဖြစ်မြောက်ရေးအတွက်
အဖက်ဖက်မှ ကူညီကြသော
ဆရာတော် သံဃာတော်များ ဆရာ/မ များ ကျောင်းသားမိဘများ ကျောင်းသား ကျောင်းသူများ ကျောင်း ဖယ်ရီအဖွဲ့များ SLA မိသားစုဝင်များကို အထူးကျေးဇူးတင်ရှိပါသည်။
ယနေ့ပြုသသောကုသိုလ်အားလုံးကို
နတ်လှူ သာဓု ခေါ်ပါစေသော်။