Brang Tung

Brang Tung

IT Knowledge

21/03/2023

Npyaw na re chye nga ning len, manang jan hpe wa,
" Ngwi Pyaw Ai Hkristan Dinghku Rai U Ga Yaw Ah Ning Seng" wa da... 🤔🧐😁

01/03/2023

Dum tim N'dum ai ☺️

14/02/2023

Tsawra ai yaw...🤎🤎🤎

07/01/2023

Asak kaba wa ai gaw manghkang nnga law
Hpyi nywi wa ai she grai nri nngai...🙃🙃

08/07/2022

Jinghpaw hku post ka na ngu yang followers gaw myen hkrai hkrai 😁😁

08/07/2022

IT hte seng ai lam ni hpe Jinghpaw hku ka yang hti kam na ni nga na kun?

24/04/2022

Motherboard ဆိုတာ Computer တလုံးရဲ့ အခြေခံ လိုအပ်ချက်တှေထဲမှာ
အရေးကြီးဆုံး ကဏ္ဍတခု အနနေဲ့ ပါဝင်
ပါတယ်။

Motherboard သည် Computer မှာ ရှိသည့် မတူကှဲပွားတဲ့ အစိတ်အပိုင်းတှေဖြစ်ကြသော CPU (Central Processing Unit), RAM (Random Access Memory), ROM (Read-only Memory) နှင့် GPU (Graphic Processing Unit) စသည်တို့ကို တခုနှင့်တခု အပေးအယူမျှမျှ ချိတ်ဆက်ပြီး ဆက်သွယ် ပေးပါသည်။ Motherboard ကို အမျိုးမျိုး ချေါဆိုကြပါသည်။ Main Circuit Board, System Board, Based Board စသည်ဖြင့် ခေါ်ဆိုကြပါသည်။ Motherboard တွင် အဓိက ပါဝင် ‌သော Connectors များနှင့် Slots များကို
အောက်ပါအတိုင်း ဖော်ပြပေးသွားပါ့မယ်။

၁။ 20/24 Pin Power Connector: Motherboard ကို Power ပေးတဲ့ အခါမှာ အသုံးပြုရန် ဖြစ်ပါတယ်။ Board အမျိုးအစားပျေါ မူတည်ပြီး Pin Number ကွဲလဲမူရှိနိုင်ပါတယ်။

၂။ 4 pin power connector: CPU ကို Power ရရှိစေဖို့ အတွက် 4 pin power connector မှ ထောက်ပံ့ပေးပါတယ်။ CPU ကို တနည်းအားဖြင့် The Heart of the Computer လို့လည်း ခေါ်ပါတယ်။

၃။ IDE Connector: Hard Disk (HDD) ဆီသို့ Data သယ်ဆောင်တဲ့ အခါမှာ အသုံးပြုပါသည်။ ယနေ့ခေတ်မှတော့ IDE cable ကို
အသုံးနည်းသွားပါပြီ။

၎။ SATA Connector: Hard disk (HDD) ဆီသို့ Data သယ်ဆောင်တဲ့ အခါမှာ သုံးပါတယ်။ IDE အစား SATA ကြိုးများကို ယနေ့ ‌ခေတျတှငျ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ SATA Cable များသည် IDE Cable များထက် ပိုပီး ကျစ်လစ်ပီး တပ်ဆင်ရလွယ်ကူပါတယ်။

၅။ CMOS Backup Battery: CMOS battery ကတော့ NVRAM နှင့် Real Time Clock (RTC) ကို ထောက်ပံ့ပေးပါတယ်။

၆။ Integrated Graphic Processor:၎င်းငျး သည် Motherboard မှာ Build-in ပါလာတဲ့ GPU တခုဖြစ်ပါတယ်။ သာမန်ကြည့် မယ်ဆိုရင် မမြင်ရပါဘူး။ ဘာကြောင့်လဲ ဆိုလျှင် Heat Sink ကာထားလို့ဖြစ်ပါတယ်။

၇။ PCI slot: ယင်း slot မှာ အဓိကအားဖြင့် video card, sound card and network card အစရှိသဖွငျ့ အသုံးပြုနိုင်ပါသည်။ Slot ပေါက်ပါတဲ့ပေါ်မူတည်ပြီး ထပ်တိုးစိုကျလို့ ရပါတယ်။

၈။ Connect for integrated peripheral: USB port တွေ network port တွေ VGA Port တှေ နှင့် PS2 Port တွေ အစရှိသဖွငျ့ ပါဝင်ပါ တယ်။

၉။ CPU Socket: ၎င်းငျး Socket တွင် CPU တပ် ဆင်အသုံးပြုရန် ဖြစ်ပါတယ်။ CPU တခုမှာ ပါဝင်တဲ့ Pin အရအေတွက်ပေါ် မူတည်ပီး Motherboard ကို လည်း CPU Pin အရအေတွက်နှငျ့ ကိုက်ညီအောင် ရွေးခယျြရပါမယ်။ ဒါ့အပြင် ကိုယ် အသုံးပြု
မယ့် cpu chipset ကို Motherboard က support လုပ် မလုပ် ကြည့်ပီး ရွေးချယ်
အသုံးပြုရန် လိုအပျပါတယ်။

၁၀။ CPU Fan Connector: ၎င်းငျးက ‌တော့ CPU Fan ကို ပါဝါပေးရန်အတွက် အသုံးပြုရန် ဖွဈပါတယ်။ CPU သည် Computer ရဲ့ Brain
တဈခုပဲဖြစ်ပါတယ်။ ထို့ကြောင့် အလွန်ပူ‌
‌သောကြောင့် သူ့ကို အေး‌နစေဖေို့ လိုအပျပါ
တယ်။

၁၁။ DIMM Memory Slot: ယင်းကတော့ RAM စိုက်ဖို့အတွက် အသုံးပြုရန် ဖြစ်ပါတယ်။ ၎င်းကတော့ Motherboard အမျိုးအစားပေါ်မူတည်ပီး slot အနေအထားပြောင်းလဲနိုင်ပါတယ်။ DDR, DDR2, DDR3, DDR4 အစရှိသဖြင့် DDR အမျိုးအစားပေါ် မူတည်ပြီး Slot Type လည်း ပြောင်းလဲသွားနိုင်ပါတယ်။

Crd

24/04/2022

Computer အကြောင်းသိကောင်းစရာ
👉Central processing unit(CPU)

CPU က တွက်ချက်မှု အပိုင်းကို တာဝန်ယူရပါတယ်။ကျန်တာတွေ ဘယ်လောက် မြင့်မြင့် CPU Performance နိမ့်ရင် အသုံးမဝင်ပါဘူး။
CPU ကို (6) မျိုးနဲ့ ခွဲခြားလို့ ရပါတယ်။
Brand, Generation, Numeric Digit, Series, Speed, Turbo Speed ဆိုပြီး ရှိပါတယ်။တစ်ခု မတူတာနဲ့ Performance မတူပါဘူး။

ဥပမာ Core i5 3340M 2.7GHz up to 3.4GHz
Brand - Core i5
Generation - 3
Numeric Digit - 3
Series - M
Speed - 2.7GHz
Turbo Speed - 3.4GHz
1. Brand ဆိုတာ Celeron, Pentium, Dual Core, Core 2 Duo, i3, i5, i7, i9 ဆိုပြီး ရှိပါတယ်။
Celeron က အနိမ့်ဆုံး ဖြစ်ပြီး i9 က အမြင့်ဆုံးပါ။
2. Series
CPU မှာ Series ရှိပါတယ်။
U, Y Series - Ultra Low Performance
M Series - Medium Performance
H, HK, HQ, QM, MQ, MX - High Performance
(ဈေးကွက်မှာ အများဆုံး တွေ့ရမှာက U Series ပါ။)

3. Speed
ကွန်ပြုတာ တစ်လုံးရဲ့ မြန်နှုန်းကို Speed နဲ့ တိုင်းတာပါတယ်။
Software အမြင့်တွေ သုံးတဲ့ အခါ Speed မြင့်မြင့် တောင်းတက်ပါတယ်။
Speed မြင့်လေ ပိုမြန်လေပါ။
Speed အနေနဲ့ အနိမ့်ဆုံး 1GHz မှ အမြင့်ဆုံး 2.9GHz အထိ ရှိပါတယ်။

4. Turbo Speed
Turbo Speed ဆိုတာ Software အကြီးတွေ အသုံးပြုတဲ့ အခါ စွမ်းဆောင်ရည် မြင့်တက်ပေးတာပါ။
သာမှန် Celeron, Pentium တွေမှာ Turbo Speed မပါဝင်ပါဘူး။
i3 1st Gen ကနေ 7th Gen အထိ Turbo Speed ပါဝင်ခြင်း မရှိပါဘူး။ i3 8th Gen ကနေ လက်ရှိ 10th Gen အထိ Turbo Speed ပါဝင်လာပါတယ်။ i5, i7, i9 တွေမှာ 1st Gen ကနေ လက်ရှိ 10th Gen အထိ Turbo Speed ပါဝင်ပါတယ်။Speed တူသော်လည်း Turbo Speed မတူရင် မြန်နှုန်း ကွာပါတယ်။

5. Generation
Generation အရ လက်ရှိ အချိန်မှာ 1st Gen ကနေ 10th Gen အထိ ရှိလာပါပြီ။ Generation တစ်ခု မြင့်လာလေ Performance အနည်းငယ် မြင့်လာပါတယ်။အပေါ်မှာ ပြောခဲ့သလို Series ကွာရင် Performance အရမ်းကွာပါတယ်။

6. Numeric Digit
Numeric Digit ကို Software တစ်ခု installation ပြုလုပ်ဖို့ System Requirement တောင်းတဲ့ အခါ မြင်တွေ့ရမှာပါ။

ဥပမာ - PES 2016 Game ကို ပြောပြပါ့မယ်။
PES 2016 မှာ System Requirement အရ
Core i3 530 (or) Equivalent Processor လို့ ရေးထားပါတယ်။
530 က Numeric Digit ကို အတိအကျ ဖော်ပြပေးထားတာပါ။
Numeric Digit မတူရင် Performance တူညီမှု မရှိတာကြောင့် Numeric Digit ကွာရင် Performance ကွာပါတယ်။

👉 HDD (or) SSD
SSD အကြောင်း လူမေးများလို့ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။
SSD အသုံးပြုတဲ့ အခါ
1. Windows အဖွင့်၊ အပိတ် မြန်လာမယ်။
2. Software ဖွင့်တဲ့အခါ loading မြန်လာမယ်။
3. Data အကူး၊ အပြောင်း မြန်လာမယ်။

Celeron သုံးပြီး SSD သုံးရင်ရော Engineering Software, Graphics Design Software အသုံးပြုနိုင်လား။အပေါ်က SSD ကို ရှင်းပြတဲ့ အတိုင်း (3) မျိုး မြန်လာပါလိမ့်မယ်။

SSD က Read/Write ပိုင်းကို တာဝန်ယူတာဖြစ်လို့ Loading နဲ့ ပတ်သတ်တာ မြန်ပါမယ်။

Celeron နဲ့ SSD အသုံးပြုတဲ့ အခါ
Engineering Software, Graphics Design Software အသုံးပြုတဲ့ အခါ Loading မှာပဲ မြန်ပါလိမ့်မယ်။ ကျန်တဲ့ Processing အပိုင်းမှာ မြန်ဆန်မှု မရှိပါဘူး။

Engineering Software, Graphics Design Software တွေက Processing အပိုင်းကို အသုံးပြုတာ ဖြစ်လို့ CPU, Graphics မြင့်မှ ကောင်းကောင်း အသုံးပြုနိုင်တာပါ။

org

24/04/2022

Memory Stick, Hard Drive, External Drive တွေ ဝယ်တဲ့ အခါမှာ ဘာကြောင့် ဝယ်ယူတဲ့ ပမာဏထက် လျော့နည်း နေရတာလဲ?
========================================
Hard Disk တစ်ခုခု သွားဝယ်တဲ့ အခါမှာ ကိုယ်ဝယ်လာတာကတော့ 500GB။
Properties မှာ ဝင်စစ်ကြည့်လိုက်တော့ 500GB ထက် နည်းနေတာကို ကြုံဖူးကြမယ် ထင်ပါတယ်။ Memory Stick ဝယ်ယူတဲ့ အခါမှာလည်း ထိုနည်းတူပါပဲ။

ဒါဘာကြောင့်ပါလဲ? ။ အကြောင်းရင်းကတော့ ကွန်ပျူတာက တန်ဖိုး တွက်ချက်ပုံနဲ့ Memory Stick, Hard Drive, External Driveတွေ ထုတ်တဲ့ စက်ရုံက တန်ဖိုး တွက်ချက်ပုံ မတူလို့ပါပဲ။

ကွန်ပျူတာရဲ့ တန်ဖိုး တွက်ချက်ပုံကို ကြည့်လိုက်ရအောင်ပါ။ Microsoft က သတ်မှတ်ထားတဲ့ Base 2 စနစ်အရ ကွန်ပျူတာမှာ ကျွန်တော်တို့ Keyboard ကနေ “A” ဆိုတဲ့ စာလုံးတစ်လုံး စရိုက်ပြီ ဆိုပါတော့။

ကွန်ပျူတာကြီးက “A” ကို “A” လို့ မသိပါဘူး။ ကျွန်တော်တို့ ကွန်ပျူတာထဲကို “A” ဆိုတဲ့ Input တစ်ခု ရိုက်လိုက်ရင် 01000001 ဆိုတဲ့ Electronic Code (on/off signals) or Binary Code လို့ခေါ်တဲ့ Code 8 လုံးပါ အတွဲ တစ်တွဲက Memory ထဲမှာ ဝင်ရောက်နေရာယူ သွားပါတယ်။

ထို Code (or) Digit 8 လုံးပါ အတွဲ တစ်တွဲကို 8 Bit လို့ခေါ်ပါတယ်။ 8 Bit က 1 Byte နဲ့ ညီမျှပါတယ်။ 1024 Bytes က 1 KB နဲ့ ညီမျှပါတယ်။ 1024 KB က 1 MB နဲ့ ညီမျှပါတယ်။ 1024 MB က 1 GB နဲ့ ညီမျှပါတယ်။ 1024 GB က 1TB နဲ့ ညီမျှပါတယ်။

Memory Stick, Hard Drive, External Drive တေထုတ်တဲ့ စက်ရုံတေရဲ့ တန်ဖိုးတွက်ချက်ပုံက Base 10 စနစ်ကို အခြေခံပါတယ်။ 1000 Bytes က 1 KB နဲ့ ညီမျှပါတယ်။ 1000 KB က 1 MB နဲ့ ညီမျှပါတယ်။ 1000 MB က 1 GB နဲ့ ညီမျှပါတယ်။ 1000 GB က 1 TB နဲ့ ညီမျှပါတယ်။

စက်ရုံက တွက်ချက်ပုံကလည်း မမှားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ Base 10 စနစ်အရ Kilo = 1000, Mega = 1000000 ဆိုတာ မှန်ကန်လို့ပါ။

Microsoft က သတ်မှတ်တဲ့ Base 2 စနစ် အရဆိုရင် 1 MB = 1024 KB, 1 GB = 1024 MB, 1 TB = 1024 GB ဆိုပြီး 24 Values ပိုသွားပါတယ်။

မြင်သာ ထင်သာ ရှိအောင် ဥပမာတစ်ခု အနေနဲ့ Hard Drive 500 GB တစ်လုံးကို ကွန်ပျူတာမှာ တပ်ဆင် သုံးမယ်ဆိုရင် Missing Space ဘယ်လောက်ရှိမယ် ဆိုတာ တွက်ကြည့်ရအောင်ပါ ။

စက်ရုံမှ တွက်ချက်မှု
500 GB Hard Drive (500 x 103 x 103 x 103 = 500000000000 Bytes)

ကွန်ပျူတာမှ တွက်ချက်မှု
500 GB Hard Drive (500 x 210 x 210 x 210 = 536870912000 Bytes)

တွက်ချက်မှု နှစ်ခု ခြားနားချက်
536870912000 Bytes - 500000000000 Bytes = 36870912000 Bytes (34.34 GB)

စာဖတ်သူတို့ တွေ့ရတဲ့ အတိုင်းပါပဲ။ Missing Space 34.34 GB တောင်ရှိပါတယ်။
ဒါကြောင့် 500 GB ပမာဏရှိတဲ့ Hard Drive တစ်လုံးကို ကွန်ပျူတာမှာ တပ်ဆင် သုံးမယ်ဆိုရင် 465.66 GB သာ
ရှိကြောင်း မြင်တွေ့ရပါမယ်။ ဒီလောက်ဆို Storage ဘာလို့ မပြည့်လဲဆိုတာ အသေးစိတ် နားလည်ပြီ ထင်ပါတယ်။

မူရင်းရေးသားသူများကိုလေးစားလျှက် credit ပေးပါသည်။

Tsanlun Brang

15/10/2021

.
မိဘပြည်သူများ အားလုံးဘေးရန်ကင်းဝေးစွာဖြင့် လိုအင်ဆန္ဒများပြည့်ဝကြပါစေ🙏🙏🙏
ကျွန်တော်တို့က USB stick တွေကို များသောအားဖြင့် file တွေ save ဖို့၊ Computer တစ်လုံးကနေတစ်လုံး file တွေ ရွေ့ပြောင်းဖို့နဲ့ file တွေ backup လုပ်ဖို့သုံးကြပါတယ်။
ဒါပေမယ့် USB Stick တွေကို အထာကျကျ သုံးလို့ရ‌တဲ့ နည်းလမ်းတွေလည်းရှိပါတယ်။

---------------------------------------------------------------------------------
၁။ PC ကို USB stick သုံးပြီး lock/unlock ပြုလုပ်နိုင်ခြင်း

PREDATOR ဆိုတဲ့ software ကိုသုံးပြီးတော့ USB Stick တွေကို PC ရဲ့ security key အနေနဲ့ အသုံးပြုလို့ရပါတယ်။ အသုံးပြုပုံကတော့ရိုးရှင်းပါတယ်။ PC မှာတပ်ထားတဲ့ USB stick ကိုဖြုတ်လိုက်တာနဲ့တပြိုင်နက် သင့် PC lock ကျသွားမှာဖြစ်ပါတယ်။ Keyboard နဲ့ Mouse ပါအလုပ်မလုပ်တော့မယ့်အပြင် screen ကလဲ black screen ဖြစ်သွားမှာမို့ PC အနားမှာ သင်မရှိတုန်း တခြားလူသုံးမှာကို စိတ်ပူစရာမလိုတော့ပါဘူး။ USB Stick ကိုနောက်တကြိမ်ပြန်တပ်မှသာလျှင် unlock ဖြစ်ပြီး ပြန်သုံးလို့ရမှာဖြစ်ပါတယ်။
www.predator-usb.com သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်။
၂။ USB stick ထဲမှာ portable application တွေထည့်ထားပြီး ဘယ် PC မှာ ဖြစ်ဖြစ်အသုံးပြုနိုင်ခြင်း

Portable application တွေရဲ့ အားသာချက်ကတော့ software တွေကို install လုပ်စရာမလိုပဲ အသုံးပြုနိုင်ခြင်းဖြစ်ပါတယ်။ သင်အသုံးများတဲ့ software တွေရဲ့ portable version တွေကို USB Stick ထဲထည့်ထားပြီး PC တိုင်းလိုလိုမှာ အသုံးပြုလို့ရပါတယ်။
Portable application တွေကို download ဆွဲလိုပါက www.portableapps.com မှာဝင်ရောက်ရှာဖွေနိုင်ပါတယ်။
၃။ ReadyBoost feature ကိုသုံးပြီး PC ရဲ့ performance ကို မြှင့်တင်နိုင်ခြင်း

PC တစ်လုံးမှာ speed နှေးတဲ့ hard disk သာရှိနေခဲ့မယ်ဆိုရင် ReadyBoost feature ကို သုံးပြီး performance ကို မြှင့်တင်နိုင်ပါတယ်။ အကျဉ်းချုပ်နဲ့လွယ်လွယ်ပြောရရင် ReadyBoost က hard disk ရဲ့ cache memory အနေနဲ့ လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် PC ရဲ့ read/write performance ကိုပုံမှန်ထက် ပိုကောင်းပိုမြန်လာမှာဖြစ်ပါတယ်။ အကယ်၍ PC ရဲ့ hard disk က 7200 RPM (သို့) အဲ့ဒီထက်မြန်တဲ့ hard disk ဖြစ်ဖြစ်၊ PC မှာ Solid State Drive(SSD) ကိုဖြစ်ဖြစ် တပ်ထားမယ်ဆိုရင်တော့ ReadyBoost ကို သုံးလို့ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ReadyBoost ရဲ့ cache ထပ် SSD က ပိုမြန်နေလို့ပဲဖြစ်ပါတယ်။
၄။ Win32 Disk Imager ကိုသုံးပြီး backup ပြုလုပ်နိုင်ခြင်း

USB Stick ကို backup လုပ်ဖို့အတွက် အသုံးပြုမယ်ဆိုရင်တော့ Win32 Disk Imager က သင့်အတွက်ဖြစ်မှာပါ။ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနဲ့ backup ပြုလုပ်နိုင်ပါတယ်။
www.sourceforge.net/projects/win32diskimager သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်။
၅။ USB Stick ကိုသုံးပြီး Operating System တိုင်းနီးပါးကို install ပြုလုပ်နိုင်ခြင်း

USB stick ကို bootable disk image တွေထည့်သွင်းပြီး အခွေမလိုပဲ PC မှာ OS အသစ်တွေထည့်သွင်းနိုင်ပါတယ်။ Universal USB Installer ကိုသုံးပြီး Windows OS၊ Linux OS တွေကိုပါ USB stick နဲ့ install လုပ်နိုင်ပါတယ်။
www.pendrivelinux.com/universal-usb-installer-easy-as-1-2-3/ သို့ဝင်ရောက် download ဆွဲယူနိုင်ပါတယ်။
၆။ Tails Live Operating System ကိုသုံးပြီး security နဲ့ privacy ရှိရှိ online အသုံးပြုနိုင်ခြင်း

Online သုံးတဲ့အခါမှာ လုံလုံခြုံခြုံ security ရှိရှိနဲ့အသုံးပြုချင်ကြတာ လူတိုင်းရဲ့ ဆန္ဒပါပဲ။ Tails က သင်တို့ online သုံးတဲ့အချိန်မှာ security ကောင်းဖို့အတွက်နဲ့privacy လုံခြုံစေဖို့အတွက်ပါလုပ်ဆောင်ပေးမှာပါ။ Tails မှာပါတဲ့ Tor ဆိုတဲ့ software ကနေတဆင့် သင်တို့ရဲ့ file တွေ၊ email တွေ၊ chat message တွေကို encryption ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ Tails OS ကို USB stick ထဲ bootable အနေနဲ့ထည့်ထားပြီး အသုံးပြုရုံပါပဲ။
www.tails.boum.org သို့ဝင်ရောက် download ဆွဲနိုင်ပါတယ်။


အားလုံးကို ချစ်ခင်လေးစားစွာဖြင့်🙏🙏🙏
(နည်းပညာဒါန)❤️

Laptop ဝယ်တော့မယ်ဆို သိထားရမယ့် အချက်များ - Myanmar End User 23/08/2021

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Computer ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် Laptop ဖြစ်ဖြစ် Desktop ဖြစ်ဖြစ် PC တစ်လုံးပဲ ဖြစ်ပါတယ်။ Laptop ဝယ်တာနဲ့ Desktop ဝယ်တာနဲ့ သိပ်တော့ ကွာဟချက်မရှိပါဘူး။
PC ဝယ်မယ်ဆိုရင် PC အကြောင်းလေးတော့ သိထားသင့်ပါတယ်။ ဒါမှ ကိုယ်စီးတဲ့မြင်း အထီးလား အမလား ခွဲခြားနိုင်မှာပါ။ ဒါကြောင့် Laptop ဝယ်တော့မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲဆိုတာ တင်ပြလိုက်ရပါတယ်။

Brands အမှတ်တံဆိပ်များ

Laptop ထုတ်လုပ် တပ်ဆင်ရောင်းချတဲ့ ကုပ္မဏီအမှတ်တံဆိပ်တွေကတော့ အများကြီးပါ။ ဒါပေမယ့် ပြည်တွင်းမှာတော့ Dell, Lenovo, Acer, MSI, Asus, hp, Toshiba နဲ့ Samsung တို့သာ ရရှိနိုင်ပါတယ်။ အခြား Brand တွေကိုတော့ အနည်းအကျဉ်းသာ ရရှိနိုင်ပါတယ်။ Brand တွေတိုင်းမှာ Series တွေ ရှိပါတယ်။ အဲဒီ Series တွေက Brand တစ်ခုတည်းမှာကိုပဲ အရည်အသွေးတွေ ကွာခြားသွားပါတယ်။
ဥပမာ – Dell မှာဆိုရင် Inspiron series တွေဟာ ဘတ်ဂျတ်သက်သာလိုသူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းနဲ့ အကြမ်းခံမှုတွေမှာ အရမ်းကို အားနည်းတာတွေ့ရပါတယ်။ အခြား Brand တွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် Brand ကို ရွေးချယ်တဲ့အခါမှာ Series အလိုက် ကြည့်ရှု ဝယ်ယူဖို့ လိုအပ်ပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်ဆိုပြီး ပုံအပ်ပြီး ဝယ်ယူလို့ မရနိုင်ပါဘူး။

Processor (CPU)

CPU ဆိုတာ Central Process Unit ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ Computer ဝယ်တော့မယ်ဆိုရင် Desktop ဖြစ်ဖြစ် Laptop ဖြစ်ဖြစ် Processor ကို အဓိကထားပြီး ရွေးချယ်ရပါတယ်။ လက်ရှိမှာ အများဆုံး အသုံးပြုနေတဲ့ Computer CPU တွေကတော့ Intel CPU နဲ့ AMD CPU ဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီ CPU နှစ်မျိုးမှာ Intel ကို အသုံးပိုများပြီး AMD ကိုလည်း သုံးကြပါတယ်။ Intel နဲ့ AMD နဲ့ ဘာကွာသလဲဆိုရင် Intel က ပါဝါစားသုံးမှု AMD ထက်ပိုနည်းပါတယ်။

ဒါပေမယ့် ဈေးနှုန်းအရဆိုရင် Intel က AMD ထက်ပိုများပါတယ်။ CPU တွေမှာ Core ဘယ်လောက်ပါတယ်ဆိုပြီး ရွေးချယ်နိုင်ပါသေးတယ်။ Core များရင် ပိုကောင်းပါတယ်။ နောက်တစ်ခုက Clock speed ပါ။ Clock speed များရင် ပိုကောင်းပါတယ်။ Clock speed ကို Hertz နဲ့ ဖော်ပြတာ ဖြစ်ပြီး ယူနစ်အနေနဲ့ Hz ဆိုပြီး တွေ့နိုင်ပါတယ်။ နောက်တစ်ခုက Generation ပါ။ 1 generation ကနေ 7 generation အထိ ရှိပါတယ်။ 7 Generation ကတော့ အကောင်းဆုံးပါပဲ။

Memory (RAM)

Memory ဆို Computer ရဲ့ ဒုတိယ အသက်ပဲ ဖြစ်ပါတယ်။ လုပ်ငန်းတစ်ခု CPU ဆီကိုရောက်ဖို့ Memory ပေါ်ကနေ ဖြတ်သန်းလုပ်ဆောင်ရပါတယ်။ CPU လိုအပ်တာတွေကို Storage ကနေပြီး Memory ပေါ်ကို တင်ပြီး အလုပ်လုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် Memory ပမာဏနဲ့ Memory speed များလေ CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ အသုံးချနိုင်လေ ဖြစ်ပါတယ်။ CPU များပြီး Memory နည်းနေမယ်ဆိုရင် CPU ရဲ့ လုပ်ဆောင်ချက်ကို အပြည့်အဝ ခံစားရနိုင်မှာ မဟုတ်ပါဘူး။ Memory များလေ ကောင်းလေပဲ ဖြစ်ပါတယ်။ Memory အနည်းဆုံး 4 GB ရှိသင့်ပါတယ်။

Storage

Storage မှာ နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ Hard Disk Drive (HDD) နဲ့ Solid State Drive (SSD) တို့ပဲ ဖြစ်ပါတယ်။ HDD နဲ့ SSD မှာ HDD က အစစ အရာရာမှာ အားနည်းတယ်လို့ ဆိုရမှာပါ။ အားသာချက်အနေနဲ့ ဈေးသက်သာတာ တစ်ခုပဲ ရှိပါတယ်။ HHD က Data input/output transfer လုပ်တဲ့အခါမှာ 200 MB/s ပဲ ရရှိပါတယ်။ SSD ကတော့ 200 MB/s ကနေ 2500 MB/s အထိ ရရှိနိုင်တဲ့အတွက် HHD ထက် ဆယ်ဆကျော် မြန်တယ်လို့ ဆိုရမှာပါ။

Power မရှိပဲ Data သိမ်းတဲ့အခါမှာတော့ HDD က SSD ထက်ပိုပြီး ကြာကြာသိမ်းနိုင်ပါတယ်။ SSD ကတော့ Power မရှိပဲ သိမ်းမယ်ဆိုရင် ၁ နှစ်ကနေ ၂ နှစ်အတွင်းပဲ သိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Power ရှိတယ်ဆိုရင်တော့ ၁၀ နှစ်အထိ သိမ်းဆည်းနိုင်ပါတယ်။ HHD ကတော့ တစ်နေရာတည်းမှာ Data တွေကို ဖျက်လိုက် သိမ်းလိုက် လုပ်တာ များလာတဲ့အခါမှာ Data ပျက်တတ်ပါတယ်။ SSD မှာတော့ အဲဒီ ပြဿနာမရှိပါဘူး။ ဒီတော့ ကိုယ့်လိုအပ်ချက်နဲ့ ဘတ်ဂျတ်အပေါ်မူတည်ပြီး အသုံးပြုနိုင်ပါတယ်။

Display

Display ဆိုရင် အရင်ဆုံး စဉ်းစားရမှာက ကြီးတာ သုံးမလား၊ သေးတာ သုံးမလား ဆိုတာပါပဲ။ များသောအားဖြင့် Display တွေက Full HD တွေ ပါပဲ။ နောက်တစ်ချက်က LED လား၊ LCD လား ဆိုတာ ရွေးချယ်ရမှာပါ။ LED ဆိုတာ Light Emitting Diodes ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပါတယ်။ LCD ဆိုတာ Liquid Crystal Display ကို အတိုကောက်ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ခုစလုံးကတော့ Liquid Crystal Display တွေပဲ ဖြစ်ပါတယ်။

LED နဲ့ LCD ဘာကွာသလဲဆိုတော့ LCD က Fluorescent lights ကို အသုံးပြုပြီး LED ကတော့ Light emitting diodes ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒါကြောင့် LED က LCD ထက် ပါဝါပိုသုံးပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကို ပေးပါတယ်။ နောက်တစ်ကတော့ Display ဟာ ရှေ့တည့်တည့်ကြည့်မှ မြင်ရတာလား ထောင့်စုံက ရှင်းရှင်းလင်းလင်း မြင်ရလားဆိုတာပါပဲ။

Graphic

Graphic ကတော့ ပိုကောင်းတဲ့ 3D ရုပ်ထွက်ကို ရရှိစေ ဖြစ်ပါတယ်။ Graphic card ပါတာနဲ့ Onboard graphic ပါတာကို ဒီဇိုင်းလုပ်တဲ့အခါ၊ ဂိမ်းကစားတဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါတွေမှသာ သိသိသာသာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ Graphic card သီးသန့်ထည့်ထားတာနဲ့ Onboard graphic နဲ့ ဘာကွာသလဲဆိုရင်တော့ Onboard graphic က Graphics Processing Unit (GPU) အတွက် PC ရဲ့ Memory (RAM) ကို အသုံးပြုရပါတယ်။

ဒီတော့ Memory ကို မျှသုံးရတဲ့အတွက် PC ရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းစေပါတယ်။ Graphics card သီးသန့်ထည့်သုံးတာကတော့ Graphics card မှာ GPU အတွက် သီးသန့် Memory ပါပြီးသား ဖြစ်တဲ့အတွက် GPU ကလည်း သီးသန့်၊ Memory ကလည်း သီးသန့်ဆိုတော့ PC ရဲ့ လုပ်ဆောင်ချက်ကို မထိခိုက်စေပဲ Graphics အတွက် သီးသန့် အလုပ်လုပ်ခိုင်းသလို ဖြစ်စေပါတယ်။ ဒါကို ဂိမ်းကြီးတွေနဲ့ ဒီဇိုင်းကြီးတွေ လုပ်တဲ့အခါမှာ သိသာစေပါတယ်။

Battery

Laptop ဝယ်တော့မယ်ဆိုရင် ဘက်ထရီကိုလည်း မေ့ထားလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ Laptop ဝယ်ပြီဆိုကတည်းက အလွယ်တကူ သယ်ယူပြီး ရောက်တဲ့နေရာ မီးရှိရှိ မရှိရှိ ပါဝါဖွင့် သုံးဖို့အတွက်ပါ။ ဒါကြောင့် Laptop ရဲ့ ဘက်ထရီ ဘယ်လောက်ကြာကြာခံတယ်ဆိုတာလည်း Laptop ဝယ်ယူရာမှာ အရေးပါတဲ့ အချက်ပဲ ဖြစ်ပါတယ်။ Laptop battery ရွေးချယ်တဲ့အခါမှာ Battery cell ဘယ်လောက်ပါလည်းဆိုတာ ကြည့်ပြီး ဝယ်ယူရမှာ ဖြစ်ပါတယ်။
ဥပမာ – Battery ဆိုတဲ့နေရာမှာ Li-ion 4 Cells သို့မဟုတ် 3 Cells battery ဆိုပြီး ဖော်ပြတတ်ကြပါတယ်။ Cell များလေ ကြာကြာအသုံးခံလေ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ထရီရဲ့ အမျိုးအစားနဲ့ mAh အပေါ်လည်း မူတည်ပါသေးတယ်။ ဘက်ထရီမှာ mAh များများပါတာက ပိုပြီးကြာကြာ အသုံးခံပါတယ်။ ဒါကြောင့် mAh များပြီး Cell များများပါတာကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Network

Network မှာ Wireless နဲ့ Cable ဆိုပြီး နှစ်မျိုး ရှိပါတယ်။ Wireless မှာတော့ Laptop တော်တော်များများ အတူတူပါပဲ။ Cable မှာဆိုရင်တော့ Data transfer rate နှစ်မျိုးကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ Gigabyte LAN နဲ့ 100 Megabyte LAN ဆိုပြီး ဖြစ်ပါတယ်။ သာမန်အသုံးပြုဖို့လောက်ဆို 100 Megabyte LAN နဲ့ အဆင်ပြေပေမယ့် Network မှာ အလုပ်ကြီးကြီးမားမား ခိုင်းဖို့ဆိုရင် Gigabyte LAN ကို ရွေးချယ် ဝယ်ယူရမှာ ဖြစ်ပါတယ်။

Optional

ရွေးချယ်စရာ သိပ်မလိုတာတွေလည်း ရှိပါတယ်။ Bluetooth, DVD Drive, Card Reader စသည်တို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဘာလို့ရွေးချယ်စရာမလိုဘူးလည်းဆိုရင် သိပ်ပြီး အသုံးမတည့်တော့လို့ပါပဲ။ Bluetooth မှာ 3.0, နဲ့ အထက် ရှိပါတယ်။ မြင့်တာ ပိုကောင်းတာပေါ့။ Bluetooth ကိုပဲ မြင့်တာကိုလိုက်ရွေးဝယ်နေမှာ မဟုတ်ပါဘူး။ DVD Drive ဆိုရင်လည်း ပါတာ မပါတာကိုပဲ ရွေးချယ်စရာလိုပါတော့တယ်။ DVD Drive ပါတယ်ဆိုရင် Super Multi Read/Write ရပြီးသားပါ။ Card Reader ကလည်း အရေးကြီးတဲ့ ရွေးချယ်စရာမဟုတ်ပါဘူး။ မပါရင် External ဝယ်သုံးလို့ရနိုင်ပါတယ်။

အချုပ်အားဖြင့် Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင် ဘတ်ဂျတ် ဘယ်လောက်သုံးမှာလဲ။ ကိုယ်သုံးမယ့် ဘတ်ဂျက်နဲ့ ကိုယ်လုပ်ခိုင်းရမယ့် အလုပ်နဲ့ ကိုက်ညီမလားဆိုတာ ချိန်ဆကြည့်ရမှာ ဖြစ်ပါတယ်။ ငွေရှင်းကောင်တာမှာ သုံးဖို့၊ အင်တာနက် သုံးဖို့လောက်ဆိုရင် Celeron, Pentium 2.4 GHz မြန်နှုန်းလောက်ဆိုရင် အဆင်ပြေပါတယ်။

ရုံးသုံးဖို့ဆိုရင်တော့ အနည်းဆုံး Pentium 2.4 GHz ကနေ Core i3 2.4 လောက်ကို သုံးသင့်ပါတယ်။ ရုံးသုံးက Excel တွေ သုံးမှာ ဖြစ်တဲ့အတွက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိဖို့လိုအပ်ပါတယ်။ ရုံးသုံးကိုမှ ဖိုင်တွေအများအပြားဖွင့်ပြီး အလုပ်လုပ်ဖို့လိုတယ်ဆိုရင်တော့ Memory ကို 8 GB ထားရှိပြီး OS ကို 64 bit အသုံးပြုဖို့ လိုအပ်မှာပါ။

IT သမားတစ်ယောက်အနေနဲ့ Network တွေ စမ်းဖို့ Programming တွေ ရေးဖို့ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz လောက်ကို Gigabyte LAN နဲ့ သုံးသင့်ပါတယ်။ Laptop ကို ရွေးချယ်ရာမှာလည်း OS တစ်ခုတည်းအတွက် ဒီဇိုင်းလုပ်ထားတဲ့ အမျိုးအစားတွေကို မရွေးချယ်သင့်ပါဘူး။ Lenovo မှာ Windows အတွက် သီးသန့် ဒီဇိုင်းလုပ်ထားတဲ့ အမျိုးအစားတွေ ရှိပါတယ်။ အဲဒါမျိုး ဝယ်မိလို့ Linux ကို သုံးချင်တဲ့အခါ Driver ပြဿနာတွေ ရှိပါတယ်။ ဒါကြောင့် Computer နဲ့ အရင်းနှီးဆုံးနေရမယ့် IT သမားတစ်ယောက်အတွက် Computer ဟာ အရာအားလုံးအတွက် Free ဖြစ်နေဖို့ လိုအပ်ပါတယ်။

ဒီဇိုင်းသမားတွေအတွက်ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz ကို Graphics card နဲ့ အနည်းဆုံး Memory 8 GB သုံးနိုင်ရင် အဆင်ပြေပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီဇိုင်းက ရုပ်ပိုင်းကိုသာ အဓိက အလုပ်လုပ်ရမှာ ဖြစ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ Storage ကို SSD သုံးမယ်ဆိုရင် ဒီဇိုင်းဖိုင်တွေ ဖွင့်တဲ့အခါမှာ စောင့်ဆိုင်းချိန်ကို လျော့ချပေးမှာ အသေအချာပါပဲ။

ဂိမ်းမာတွေအတွက်ဆိုရင်တော့ အနည်းဆုံး Core i3 2.4 GHz ကနေ အမြင့်ဆုံးတွေကိုပဲ ညွှန်းလိုပါတယ်။ ဘာကြောင့်လည်းဆိုရင် ဂိမ်းအသစ်အသစ်တွေက ပိုမိုကောင်းမွန်အောင် ဖန်တီးလာကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဂိမ်းတွေကို ပိုမိုကောင်းမွန်အောင် ဖန်တီးလာသလို အဲဒီ ဂိမ်းတွေကို ပံ့ပိုးပေးတဲ့ Device တွေကိုလည်း ပိုမိုစွမ်းဆောင်ရည်ရှိအောင် ဖန်တီးလာကြပါတယ်။ ဒါကြောင့် ဂိမ်းကစားဖို့ဆိုရင်တော့ အမြင့်ဆုံးတွေသာ သုံးရမှာပါ။ အနည်းဆုံးအနေနဲ့ ပြောရရင်တော့ Core i3 2.4 GHz, Graphic 2 GB card, Memory 8 GB, Storage 1 TB (HDD), Gigabyte Network တို့ကို သုံးနိုင်ပါတယ်။

မူလ အရင်းအမြစ် -

https://www.myanmarenduser.com/tips-for-buying-laptop/

Laptop ဝယ်တော့မယ်ဆို သိထားရမယ့် အချက်များ - Myanmar End User Laptop PC တစ်လုံး ဝယ်တော့မယ်ဆို Laptop ဆိုတာ PC တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားသလား?? PC ဆိုတာ Personal Computer ကို အတို.....

16/08/2021

မိုးရာသီရောက်ပြီဆိုတော့ ခုလိုစိုထိုင်းထိုင်းရာသီကြောင့် computer ပစ္စည်းတွေမှာဖြစ်တတ်တဲ့ သတိထားသင့်တဲ့ သန့်ရှင်းရေး ပြုလုပ်သင့်တဲ့အကြောင်းကို နည်းနည်းပြောပြပေးချင်ပါတယ်။

Computer ဆိုတော့ Desktop ပဲဖြစ်ဖြစ်၊ Laptop ပဲဖြစ်ဖြစ်အသုံးပြုသူ အတော်များများဟာ သန့်ရှင်းပြုလုပ်ဖို့ မေ့တာ မလုပ်ချင်တာ များကြပါတယ်။ ခြောက်သွေ့တဲ့ ၄,၅,၆လ အတွင်းဝင်ထားတဲ့ဖုန်တွေဟာ ခုလိုစိုထိုင်းတဲ့ မိုးရာသီရောက်ပြီဆိုရင် ခဲပြီးတော့ အအေးဓာတ်ကိုစုပ်ယူထားပါတယ်။ သူတည်ရှိရာ circuit ပတ်လမ်းကြောင်းက capacitor နဲ့ chip တိုင်ခြေ မှာကပ်တယ်ပြီး သံချေးလို အညှိတွေဖြစ်လာပါတော့တယ်။ အဲ့ဒါကိုမှထပ်ပြီး သန့်ရှင်းရေးမလုပ်ဖြစ်တဲ့အခါ ကိုယ့်ရဲ့ computer motherboard မှာသံချေးတက်မယ် အစိတ်အပိုင်းလေးတွေ ပျက်စီးတာမျိုးဖြစ်လာပါတယ်။ Desktop တွေမှာ ဆိုရင် CPU Fan အနီးတဝိုက် နဲ့ RAM ,Graphic Card တွေကို အဓိကဖြုတ်ပြီး သန့်ရှင်းရှေးလုပ်သင့်ပါတယ်။ သန့်ရှင်းရေးလုပ်တဲ့အခါ ဖုန်မှုတ်ကိရိယာ၊ နူးညံ့တဲ့ ဆေးသုတ်တံလို brush မျိုး သုံးသင့်ပါတယ်။ Laptop အသုံးပြုသူတွေကတော့ ကိုယ်တိုင် ဖြုတ်/တပ်လုပ်ဖို့ ခဲယဉ်းတာကြောင့် ဖုန်အရမ်းတက်တဲ့နေရာမှာ အသုံးများသူတွေအတွက် တစ်နှစ် တစ်ခါလောက် laptop ပြင်ဆိုင်တွေမှာ အတွင်းပိုင်းသန့်ရှင်းရေးလုပ်သင့်ပါတယ်။ နောက်ပိုင်း laptop တွေကတော့ CPU Fan တွေ အစား အပူထုတ်ဖို့ heatsink အသုံးပြုလာတာမို့ ဖုန်ဝင်ဖို့ ခက်ခဲတာကြောင့် သန့်ရှင်းရေးလုပ်စရာမလိုတာမျိုးတွေလည်း ရှိပါတယ်။

ဖုန်အရမ်းမများတဲ့ တိုက်ခန်းလို နေရာမျိုးတွေ အလုံပိတ်အခန်းတွေမှာသုံးတဲ့သူတွေအတွက်တော့ သိပ်စိတ်ပူစရာမလိုပါဘူး။

ကိုယ့်အနေနဲ့ CPU Fan ပါတဲ့ laptop လည်းသုံးတယ်၊ ဖုန်းအရမ်းများတဲ့နေရာမှာလည်းသုံးတယ်၊ လေမထွက်ပဲပူနေတယ် သန့်ရှင်းရေးမလုပ်တာလည်း ကြာပြီဆိုရင်တော့ ဆိုင်မှာသန့်ရှင်းသွားလုပ်ဖို့ အကြံပေးချင်ပါတယ်ခင်ဗျာ။

Crd # Myanmar Pyi

15/08/2021

E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ
======================================
မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting. Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အများအပြားဝင်ရောက်လာသလို ပြည်တွင်းနဲ့ပြည်ပအခြေစိုက်ကုမ္ပဏီအများစုမှာ နိုင်ငံတကာကကျွမ်းကျင်သူတွေကို ငှားရမ်းခန့်အပ်လာတာကိုတွေ့ရပါတယ်။ နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်းအသုံးပြုတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသုံးပြုရပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ရတဲ့အခါမှာ သူ့နဲ့ပြောဆိုနိုင်ဖို့လည်းအရေးကြီးသလို သူပြောသမျှနဲ့ရေးသမျှအကြောင်းအရာတွေကိုလည်း နားလည်နိုင်ဖို့လိုပါတယ်။
နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ ကုမ္ပဏီအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာလည်း အချိန်တိုတိုအတွင်းမှာလျင်လျင်မြန်မြန်ပေးပို့နိုင်တဲ့ အီးမေးလ်နဲ့ စာတိုပေးပို့စနစ်တွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ တကယ်လို့မြန်း ကိုယ့်ရဲ့နိုင်ငံခြားသားအထက်လူကြီးက သူ့ရဲ့မက်ဆေ့ခ်ျတွေနဲ့ အီးမေးတွေထဲမှာ အတိုကောက်စာလုံးတွေကိုထည့်ပြီး သုံးလာခဲ့လျှင် သူပြောချင်တဲ့အကြောင်းအရာတွေကို အပြည့်အဝနားလည်ဖို့ အဲဒီစကားလုံးတွေကိုနားလည်ဖို့လိုပါတယ်။ မဟုတ်လျှင် တချို့အရေးကြီးတဲ့အချက်တွေကို ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး အတိုကောက်စကားလုံးတွေကို အသုံးပြုတဲ့အခါမှာ လျင်မြန်တဲ့ဆက်သွယ်ရေးသားမှုတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။
1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)
2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)
3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)
4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)
5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)
6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)
7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")
8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)
9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)
10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)
11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to # # # as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)
12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)
13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)
14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)
15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)
16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)
17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)
18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)
19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)
20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)
21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)
22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)
အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။

Credit - မှုရင်းရေးသားပြုစုသူထံမှပြန်လည်ကူးယူမျှဝေပေးသည်။

Photos from Brang Tung's post 13/08/2021

Computer အချက်လက်များ စစ်ဆေးနည်း
🖥🖥🖥🖥

ကွန်ပျူတာစလေ့လာနေသူတွေအနေဖြင့် မိမိအသုံးပြုမယ့် ကွန်ပျူတာက အထီးလား၊ အမလား သေသေချာချာကွဲပြားစွာ သိရှိဖို့ လိုအပ်ပါတယ်။ ကွန်ပျူတာအသစ်၊ Second ဝယ်မယ့် သူတွေလည်း သူများအလိမ်မခံရအောင် ကွန်ပျူတာအခြေခံ အကြောင်းတွေကို သိထားသင့်ပါတယ်။ ကွန်ပျူတာ System Information တွေကို အလွယ်တကူကြည့်လို့ရတဲ့ နည်းတွေ များစွာရှိပါတယ်။
ဒါပေမယ့် အဲ့ဒီလို အလွယ်တကူကြည့်လို့
ရတဲ့နည်းတွေက Registry မှာ ပြင်ထားနိုင်လို့မမှန်နိုင်ပါဘူး။
Registry ထဲမှာ စက်မော်ဒယ်၊BIOS စတာတွေကို ကြိုက်သလို လူရှိန်သွားအောင် ပြင်ဆင်ထားရတယ်။ တစ်ချို့လူလိမ်တွေ
ဒီလိုမဟုတ်တာတွေ ပြင်ဆင်ပြီး လိမ်ရောင်းတဲ့သူတွေရှိတယ်နော်။ အဲ့ဒီတော့ စက်ရဲ့မှုရင်း System Information တွေကို Cmd သုံးပြီး စစ်ကြည့်ရင် System Info အမှန်တွေကို သိရှိနိုင်ပါတယ်။ CPU-Z ဆိုတဲ့ ဆော့ဝဲလ်သုံးရင်လည်း အမှန်တွေ သိနိုင်ပါတယ်။ ကွန်ပျူတာအခြေခံ System Information အကြောင်းတွေလေးကို သိရှိစေနိုင်ဖို့
Command Prompt (CMD) နဲ့စစ်ဆေးတဲ့ နည်းကို ဖော်ပြပေးလိုက်ပါတယ်။

Windows Search box မှာ Cmd လို့ရိုက်ရှာပြီး ပေါ်လာရင် cmd ကို Right Click နှိပ်၊ Run As Admin နဲ့ဖွင့်ပါ။ ပထမဆုံး အနေဖြင့် System Information အကုန်လုံးကို ကြည့်ဖို့Prompt မှာ systeminfo ကိုရိုက်ထည့်ကြည့်လိုက်ပါ။အောက်ကပုံမှာပြထားသလိုပဲ ကွန်ပျူတာ System Information အကုန်လုံးကို တွေ့ရပါမယ်။ ဒီနည်းနဲ့System Info တွေကို ကြည့်လို့ရတယ်
ဆိုပေမယ့် Registry မှာ ပြင်ဆင်ထားတယ်ဆိုရင်တော့ ပြင်ဆင်ထားတဲ့အတိုင်းပဲ
ပေါ်မှာပါ။ မယုံရင်တော့ Registry မှာ System Information တွေကို
RAM 32 GB, i7th,8 Gen, HDD 2TB, Graphic 32 GB စသည်ဖြင့် ပြင်ဆင်ထားကြည့်ပြီး Cmd မှာ ပြန်စစ်ကြည့်ပါ။

အဲ့ဒါကြောင့် မိမိကွန်ပျူတာ System Information တွေကိုအမှန်ကန်သိလို့ရအောင် အောက်ဖော်ပြပါနည်းတွေနဲ့ တစ်ခုချင်း
ပြန်စစ်ဆေးကြည့်ရအောင်။

ကွန်ပျူတာ Operation Systemနဲ့
ပတ်သက်တဲ့ အချက်လက်တွေကို စစ်ဆေးချင်တယ်ဆိုရင် အောက်ပါ Command ကို သေချာရိုက်ထည့်ပေးပါ။

systeminfo | findstr “OS Name”

Windows OS နဲ့ပတ်သက်တဲ့ အချက်လက်တွေကို တွေ့ရပါမယ်။ နောက်ပြီးတော့ အသုံးပြုနေတဲ့ OS က တရားဝင်လိုင်စင်နဲ့သုံးတာလား၊ ခိုးသုံး(Crack)လုပ်ပြီး သုံးတာလား သိဖို့အောက်ပါ command ရိုက်ထည့်ပေးပါ။

slmgr -dli

တကယ်လို့ Windows Script ကို Disable လုပ်ထားတယ်

ပြလာရင် Anti-Virus ဆော့ဝဲလ်မှာ Script ကို Enable ပေး၊

Services မှာလည်း Enable ပေးထားပြီး slmgr –dli ကို ပြန်ရိုက်ထည့်ကြည့်ပါ။ Windows OS Activation နဲ့ ပတ်သက်တာတွေ တွေ့ရပါမယ်။

Windows Operation System ကို စစ်ဆေးပြီးသွားပြီဆိုရင် CPU ကို စစ်ကြည့်ပါမယ်။ အောက်ပါ command ကို ရိုက်ထည့်ပါ။

wmic cpu list full | findstr “Name”

အဲ့ဒါဆိုရင် CPU ကို ဘယ်ကုမ္မဏီကထုတ်ထားတယ်။
ဘယ်မော်ဒယ် ဖြစ်တယ်ဆိုတာတွေကို တွေ့ရပါမယ်။
အခုအသုံးပြုနေရင်း CPU ဘယ်လောက် အမြန်နှုန်းနဲ့ အလုပ်လုပ်နေသလဲကြည့်ဖို့အောက်ပါ command ကို ရိုက်ထည့်ပါ။

Wmic cpu get loadpercentage /format:value

Hard Disk ကို စစ်ဆေးချင်ရင် အောက်က command ကို ရိုက်ထည့်ပါ။

wmic diskdrive get size

ဒီ command က HDD ရဲ့ ပမာဏ GB ကို ဖော်ပြပါမယ်။

cmd မှာတော့ Size ကို Byte နဲ့ပဲပြပါတယ်။ Hard Disk မှာ

Partition ဘယ်နှစ်ခုရှိလဲ စစ်ဆေးဖို့အောက်က command ကို ရိုက်ထည့်ပါ။

wmic diskdrive get Partitions

Partitions ဘယ်နှစ်ပိုင်း ရှိမှန်းတော့သိသွားပြီး ဒါပေမယ့် Drive Letter တွေကို မသိသေးဘူးဆိုရင် အောက်က command ရိုက်ထည့်ပါ။

fsutil fsinfo drives

အခု Partitions တွေ့ရဲ့ Drive Letter တွေကို သိသွားပြီဆိုတော့ ဒီ partitions တွေ ဘယ်လောက် Size လဲ၊ Free Space ဘယ်လောက် ကျန်သေးလဲ စတာတွေကို သိရှိဖို့အောက်က command ကိုရိုက်ထည့်ပါ။

Fsutil volume diskfree

Hard Disk ကို စစ်ဆေးပြီးသွားရင် RAM ကို စစ်ဆေးပါမယ်။
RAM အချက်လက်တွေအကြောင်းစုံကို
သိချင်ရင် အောက်က Command တွေကို တစ်ခုပြီး တစ်ခုရိုက်ထည့်စစ်ကြည့်ပါ။

Wmic memorychip list full | findstr “Manufacture”

Wmic memorychip list full | findstr “Capacity”

Wmic memorychip list full | findstr “Speed”

Wmic os get freephysicalmemory /format:value

Graphic ကို စစ်ဆေးဖို့အောက်ပါ command တွေကို ရိုက်ထည့်ပါ။

Wmic PATH Win32_videocontroller GET description

Wmic PATH Win32_videocontroller GET adapterRAM

BIOS Info တွေကို စစ်ဆေးချင်ရင် အောက်ပါ command ကိုထည့်ပါ။

Systeminfo | findstr “BIOS”

Motherboard ကို စစ်ဆေးဖို့အောက်ပါ command ကို ရိုက်ထည့်ပါ။

Wmic baseboard list full | findstr “Manufacture”

Wmic baseboard list full | findstr “Product”

ကွန်ပျူတာမှာ Install လုပ်ထားတဲ့ Drive Drivers တွေ ဘယ်နှစ်ခုရှိလဲ၊ဘာတွေလဲ၊ Update လုပ်ဖို့လိုအပ်သလား စတာတွေကို စစ်ဆေးဖို့ အောက်ပါ command ကို ရိုက်ထည့်ပါ။

driverquery /fo “table”

driverquery /fo “list”

driverquery /fo csv

အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေနဲ့ အခုလောက်ဆိုရင်

System Information တွေကို သေချာစစ်ဆေးနိုင်ပါပြီ။

Cmd နဲ့စစ်ဆေးလို့ရတဲ့ တစ်ခြားနည်းလမ်းများစွာရှိပါသေးတယ်။

Credit # မူရင်း

Telephone

Website