KMT Electronic Projector sales & service

KMT Electronic  Projector sales & service

အမှတ် (104) မြေညီထပ်
(51)လမ်း အလယ်ဘလောက်

Photos from KMT Electronic  Projector sales & service's post 17/02/2024

Venus ကာရာအိုကေ မှ လာရောက်အပ်နှံတဲ့ NEC VE281 model လေး စက်နှိုးလိုက်ရင် မီးစိမ်းလေးပြပြီး မီးနီကလေး မှိတ်တုပ် မှိတ်တုပ် ဖြစ်နေတဲ့ အလုံးလေး ဖွင့်စစ်ကြည့်လိုက်တော့
colour wheel ကျိုးပဲ့နေတာတွေ့တာနဲ့ colour wheel လဲ ပြီးတော့ စက်နှီုးကြည့်တော့ အလင်းမထွက်သေး ဒါနဲ့ lamp power card လေးပါ လဲပေးလိုက် မှ အလင်းထွက် ရုပ်ထွက်ကလေး နည်းနည်းမှိန်နေတာနဲ့ DLP အပိုင်းနဲ့ မှန်ဘီလူးအပိုင်းပါ ဆေးကြောသန့်ရှင်းပေးလိုက်တော့ ရုပ်ထွက်ကလေးလည်း အတော်အသင့် ကောင်းလာ မီးလုံးနည်းနည်း ကျနေပေမယ့် သုံးလို့ရနေသေးတာနဲ့ ကုန်ကျစာရိတ် သက်သာအောင် လဲမပေးတော့ဘူး
KMT ELECTRONIC မှာကတော့
All.....OK...Done ....ပဲ
Projector များ ပြုပြင်လို့ပါက
အမှတ် (၁၀၄)မြေညီထပ်
(၅၁)လမ်း အလယ်ဘလောက်
မဟာဗန္ဓုလလမ်းနှင့်အနော်ရထာလမ်းကြား
အမှတ်(၁)ရပ်ကွက်
ပုဇွန်တောင်မြို့နယ်
ရန်ကုန်
ဖုန်း-09759767773

Photos from KMT Electronic  Projector sales & service's post 13/02/2024

မြဝတီက လာအပ်တဲ့
VieeSonic PJD 5155 No power error လေး
power ပိုင်းပြုပြင် ရုပ်ထွက်လာတော့
DLP sport error တွေ့ရ
DLP 08606439B လေးအသစ်လဲပေးလိုက်တော့မှ ရုပ်ထွက်လေး ကြည်တောက်ရှင်းဖြစ်သွား
KMT electronic မှာဆို All OK Done ပဲ
မြဝတီမှ ယုံကြည်စွာ လာရောက်အားပေးတဲ့ boss မိသားစု စီးပွားဥစ္စာ ဒီရေအလား တိုးတက်အောင်မြင်ပါစေ

31/01/2024

(Via - ဇေယျာစံ Min )

တိုက်တန်းနစ် မှာ လူမသိ သူမသိ ပျောက်ကွယ်နေတဲ့ ဖြစ်ရပ်ကလေးတွေ ရှိတယ်။ .
တိုက်တန်းနစ် ကို ကြည့်တော့..အားလုံးက ဂျက် ..၊ ကျန်တစ်ဝက် က ရိုစီ ဖြစ်ခဲ့ကြဖူးတာ အပြစ်မဆိုသာပေဘူး။ ဇာတ်လမ်းသွားနဲ့ရော၊ ခမ်းနားမှုနဲ့ရော တည်ဆောက်ခဲ့တာမို့ တခြားဇာတ်ရုပ်တွေနဲ့ ပျောက်ကွယ်နေတာလေးတွေကို မျက်စိမှောက်ခဲ့ဖူးတယ်။

🔸 🔸 ဖြစ်ရပ် (၁)
တစ်ယောက်လက်မောင်း ကို တစ်ယောက်တွယ်ဖက်ပြီး
နူးညံ့တဲ့ ချစ်ခြင်းတရား တွေနဲ့အတူတူ ငြိမ်းချမ်းတဲ့ သေဆုံးခြင်းကိုသာ ရွေးချယ်သွားခဲ့တဲ့ ဇနီးမောင်နှံ
နှစ်ယောက် ရှိတယ်။

ဂျူးသူဌေးတွေပါ၊
တော်တော့်ကိုချမ်းသာတဲ့ အထဲ မှာ ပါတယ်။
အဖိုးကြိး က Isidor ၊ အဖွားကြီး က Ida တဲ့။

တိုက်တန်းနစ်မြုပ်ခါနီး အချိန််မှ အသက်အရွယ်ကြီးမြင့်တဲ့အတွက် နှစ်ဦးစလုံးအသက်ကယ်လှေပေါ်မှာ နေရာပေးခံရပါတယ်။

ဒါပေမယ့် သူဌေးကြီး Isidor ဟာ သူတို့နေရာ ကို
ကလေးတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ကို
ပေးပြီး စွန့်လွှတ်ခဲ့ပါတယ်။

တစ်ယောက်လက်မောင်းကို တစ်ယောက်ဆုပ်ကိုင်ထားတဲ့ သူတို့ နှစ်ယောက်ကို အဖြူအမည်း မြင်ကွင်းဓါတ်ပုံ နဲ့အတူ တိုက်တန်းနစ်အကြောင်းတွေတိုင်းမှာ တွေ့ဖူးကြပါလိမ့်မယ်။( ရုပ်ရှင် ဇာတ်ကားထဲမှာလည်း သူတို့နှစ်ဦးရဲ့ တကယ့်ဖြစ်ရပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်)

🔸 🔸 ဖြစ်ရပ် (၂)

သင်္ဘောနစ်မြုပ်နေတဲ့အချိန်မှာ အပျော်စီးသင်္ဘောကြီးတွေ မှာ ပါတတ်တဲ့ သင်္ဘောရဲ့ သံစုံတီးဝိုင်းက တယော၊ နှဲစတဲ့ ဂီတပညာရှင်တွေဟာ သင်္ဘောနစ်မြုပ်နေစဥ် မှာပဲ ဆောက်တည်ရာမရ ဖြစ်နေကြတဲ့ ခရီးသည်တွေကို နောက်ဆုံးချိန်အထိ ဖျော်ဖြေခဲ့ကြတယ်။
𝗦𝗼𝗻𝗴𝗲 𝗱’𝗔𝘂𝘁𝗼𝗺𝗻𝗲 ဆိုတဲ့သီချင်းက သူတို့နောက်ဆုံးတီးခတ်သွားတဲ့သီချင်းပါ။
(ယူကျူမှာ .. Titanic orchestra လို့ ရှာရင် ရှိပါတယ်။)

🔸 🔸 ဖြစ်ရပ် (၄)

ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ အသက်ကယ်လှေပေါ်ကိုတက်ဖို့ အခွင့်အရေး (၂) ကြိမ်ရခဲ့တယ် တဲ့။
ဒါပေမယ့် အဲဒိ (၂) ကြိမ်စလုံးငြင်းဆန်ခဲ့ကာ သင်္ဘောပေါ်မှာပဲ ဆုတောင်းရင်း လူ့ကျင့်ဝတ်နဲ့ အညီ ငြိမ်းချမ်းရာ ကို လိုက်သွားရှာသတဲ့။

- တိုက်တန်းနစ် နစ်မြုပ်မှုကနေ အသက်ရှင်ကျန်ခဲ့သူကတော့ (၇၀၆) ဦးရှိပါသတဲ့။ ဒါပေမယ့် အဲဒီအထဲမှာ သင်္ဘောအင်ဂျင်နီယာတွေ တစ်ယောက်မှမပါခဲ့ဘူးတဲ့

- သူတို့ဟာ သင်္ဘောကို ချက်ချင်းမနစ်မြုပ်စေဖို့ သူတို့ရဲ့ တတ်စွမ်းသမျှ အလုပ်တွေကို နောက်ဆုံးထွက်သက်အထိ လုပ်ဆောင်သွားကြတယ်။

- သင်္ဘောကပ္ပတိန် Edward John Smith ကလည်း
နောက်ဆုံးချိန်ထိ သင်္ဘောပေါ်မှာပဲ ကျန်ရစ်ခဲ့တယ်။
သူ့ရဲ့ရုပ်အလောင်းကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘူး။

🔸 🔸 ဖြစ်ရပ် (၅)
jack နဲ့ ရိုစီ ဟာ တကယ်တော့ မရှိပါဘူး။
နောက်ပြီးတော့ အပြင်လောက ရဲ့ တည်ဆောက်မှုအရ
ဆိုရင် တတိယတန်းခရီးသည် နဲ့ ပထမတန်းခရီးသည် ဟာ တွေ့ဆုံခွင့် မရှိအောင် ပိုင်းခြားထားတဲ့ သင်္ဘောပါ။

🔸 🔸 ဖြစ်ရပ် (၆)
တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တော့
အနီးအနားမှာ သင်္ဘော ၃စီး ရှိနေခဲ့ပါတယ်။

1️⃣ "ဆမ်ဆွန်" ဆိုတဲ့ သင်္ဘေ က ၇ မိုင်အကွာ၊
- တိုက်တန်းနစ် ဆီ က ပစ်လွှတ်တဲ့ အန္တရာယ်အချက်ပေး
မီးကျည်တွေ တွေ့ခဲ့တယ်။
- မကယ်ခဲ့ဘူး။
- ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် က ပင်လယ်ဖျံတွေကို တရားမဝင် ခိုးဖမ်းတဲ့ သင်္ဘော၊ သွား ကူလိုက်မှ ကွိုင်တွေ ရှုပ်လာမှ တိုင်ပတ်ကုန်မယ် လို့ သူတို့တွေးတယ်။

2️⃣ "ကယ်လီဖော်နီးယန်း"ဆိုတဲ့သင်္ဘော က
၁၄ မိုင် အကွာမှာပါ
- အချက်ပြမီးကျည်တွေကို မြင်ပေမယ့် ကပ္ပတိန်နဲ့ သင်္ဘောသားတွေ က
- "ဘာမှ မဖြစ်နိုင်ပါဘူးလေ" ဟု ဆုံးဖြတ်တယ်။

3️⃣ "ကာပါသီယာ" ဆိုတဲ့ သင်္ဘော က မိုင် ၆၀ အကွာ၊
- သူက ပြန်လှည့်လာပြီး ခရီးသည် ၇၀၅ ယောက်
ကယ်ခဲ့တယ်။ ..
ဖြစ်ရပ်တွေ ကို ပြောပြပြီးခဲ့တဲ့နောက်မှာ
ကျွန်တော် မေးစရာ ရှိတာ က ...
တွေးကြည့်ဖူးသလား ....

🔹 ကျွန်တော်နိုင်ငံဟာ
🔹 ကျွန်တော်တို့တွေ ဟာ တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်မှုကြီး နဲ့ တူနေတယ် လို့ တွေးကြည့်ဖူးသလား ???

- တွေးကြည့်လိုက်ရအောင် ..
ခင်ဗျား က ဘယ်သူများလဲ ... ???.
ကျွန်တော်ကတော့
အမှတ် (၂) က Entertaining Author တစ်ယောက်ပါ အခက်အခဲတွေဖြစ် ဒုက္ခတွေများမြောင်နေတဲ့အချိန်မှာ
ကျွန်တော့် ရဲ့ စာတိုလေးတွေ နဲ့ ဖြစ်ဖြစ်
ခေတ္တခဏလေး အေးချမ်း သွားပါစေ
အမှတ်တမဲ့လေး ဖြစ်ဖြစ် ပျော်ရွှင်သွားပါစေ

ပျောက်နေတဲ့လမ်းကလေးတွေ ပြန်လည်ရှာတွေ့ပါစေ ...ဆိုတဲ့ အိပ်မက်တွေ တပုံကြီး ကို
နူးညံ့စွာ တည်ဆောက်ချင်သူပါ။

ကျွန်တော်တို့ Entertainer လောကမှာပဲ လူမသိ၊ သူမသိ ဖျော်ဖြေပေးဆပ်နေရင်း နဲ့ နောက်ဆုံးအချိန်အထိ ပေးဆပ်သွားမယ့်လူတွေ အများကြီး ရှိမှာပါ။

သင်္ဘောနစ်မြုပ်နေစဉ်မှာ နောက်ဆုံးအချိန်အထိ မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်တွေကို အားကိုးပြီး သင်္ဘောပေါက်ပြဲ၊ ပျက်စီးမှုတွေကို ဖာထေးခဲ့တဲ့ အင်ဂျင်နီယာတွေ ရှိသလိုမျိုးပဲ

နိုင်ငံ၀ရုန်းသုန်းကား ဖြစ်နေချိန်မှာ နိုင်ငံကို ကျရာနေရာကနေ ကူညီထောက်မပေးနေတဲ့ လူငယ်တွေလည်း
ရှိနေမှာပါပဲ။

သူတပါးအတွက် နိုင်ငံတော်အသစ်အတွက် အနာဂတ်အတွက် စွန့်လွှတ်တတ်သော ရင်ခုန်သံတွေလည်း အများကြီး ရှိနေမှာပါပဲ

ချစ်သူကို ရဲဝင့်စွာချစ်ပြသွားတဲ့ ဂျက်လိုမျိုး လူငယ်တွေလည်း အများကြီး ရှိနေမှာပါပဲ။

အဲဒီအထဲမယ် ...
အမှတ် (၆) ထဲက သင်္ဘော ၂ စီးကတော့ ...
တံခါးပိတ်လိုက်၊ ဖွင့်လိုက် လုပ်ရင်း အချိန်တွေ ကုန်နေရှာတဲ့ NATO လိုလို၊ UN လိုလို
တူတယ် လို့ မထင်မိဘူးလား .
ကျွန်တော် စိတ်ဝင်စားမိတဲ့ ကာရိုက်တာ က ....
အောက်မှာပါ။

🔸 🔸 ဖြစ်ရပ် (၃)
တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင်ပါတယ် အဲဒီ ရှားရှားပါးပါး ဂျပန်လူမျိုးက
သင်္ဘောနစ်မြုပ်မှုကနေ လွတ်သွားပါတယ်
သူ့အမည် က မဆဘူရီဟိုဆိုနို ဆိုပါတော့

အဲဒီ ဟိုဆိုနို က လွတ်မြောက်သွားပါတယ်
လွတ်မြောက်မှု က မဖြူစင်ခဲ့

သင်္ဘောနစ်မြုပ်မှုဖြစ်တော့ ၀ရုန်းသုန်းကားတွေ ဖြစ်နေရင်းမှ အသက်ကယ်လှေတစ်ခုဆီ က လူ ၂ ယောက်စာ လွတ်သေးတာကို လှမ်းအော်ပြောသံကြားတယ်

ဒါပေမယ့် စည်းမျဉ်း နဲ့ ကျင့်ဝတ်အရ အမျိုးသမီးနဲ့ ကလေးတွေကိုပဲ ဦးစားပေးမှာ ဖြစ်ပေမယ့်
ဟိုဆိုနို က မိန်မယောင်ဆောင်လိုက်တယ်

သေရေးရှင်ရေးကိစ္စတွေလည်းဖြစ်နေ မှောင်ကြီးမည်းမည်းမှာ ခက်ခဲတဲ့အခြေအနေလည်း ဖြစ်နေပြန်တော့ သူ့ကို ဘယ်သူမှ သတိမထားလိုက်မိဘူး။

ဒါပေမယ့် ဒီ ကိစ္စ ကို သတိထားမိတဲ့ စာရေးဆရာတစ်ယောက် က သင်္ဘောဖြစ်စဉ်ကို စာရေးလိုက်တော့ ဟိုဆိုနို ဟာ မိန်းကလေး လို အစားထိုးပြီး ကိုယ်လွတ်ရုန်းပြေးလာသူဆိုတာ အားလုံးသိသွားပါတယ်။

- ဂျပန်အစိုးရက သူ့ကို အလုပ်ဖြုတ်ခဲ့တယ်။

- ဂျပန်ဆာမှုရိုင်းအဖွဲ့အစည်းကလည်း သူ့လုပ်ရပ်ကို ရှုံ့ချပြိး ရိုးရာဓလေ့အတိုင်း လုပ်ဆောင်ဖို့ တောင်းဆိုတယ်။

- ဟိုဆိုနို ရဲ့ မိသားစု ဝန်းကျင် က လူတွေကလည်း သူ့ကို အပေါင်းအသင်းအဖြစ် မဆက်ဆံဘူး။

- ဂျပန်ရဲ့ မူလတန်းသင်ရိုးထဲမှာ အခုထိတောင် သူ့အကြောင်း ကို တခုတ်တရသင်ပြီးနောက်လာနောက်သားတွေအတွက် သူရဲဘောကြောင်သူ၊ အတုမယူသင့်တဲ့ အကြောင်းအရာအဖြစ် သင်ရိုးရှိတယ် လို့ ပြောကြတယ်။

- သူ ဟာ သင်္ဘောစိးချိန်မှာ အသက် ၄၂ နှစ် ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် အရွယ် ဆိုတော့ ကျန်ရှိတဲ့ ရှင်သန်ခဲ့တဲ့ ၂၆ နှစ်တာလုံးလုံး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နဲ့ နေသွားခဲ့ရတာ

အားလုံးရဲ့ အပယ်ခံ
လူမျိုးရဲ့ မျိုးရိုးဂုဏ်ကို ဖျက်ဆီပစ်ခဲ့သူ
နိုင်ငံရဲ့ သိက္ခာကို ကျဆင်းစေသူ

ဘယ်လောက်တောင် အထီးကျန်သွားရှာမလဲ .. 💔
တွေးရင်းတောင် မြင်နိုင်တယ်။

ခင်ဗျား ဘယ်သူနဲ့ တူတူ တူလို့ ရပါသေးတယ်။
ဒါပေမယ့် အမှတ် (၃) က လူတော့ မဖြစ်ပါစေနဲ့။

အဲဒီလို လူ သာ ဖြစ်ခဲ့မယ်ဆိုရင်
ခင်ဗျား အသက်တော့ ရှင်နေမှာပါ ဒါပေမယ့်
ခင်ဗျားဘ၀ ကတော့ သေဆုံးသွားပါလိမ့်မယ်။

ခက်ခဲတယ်ဆိုတာ နားလည်ပေမယ့်
ဟိုဆိုနို လိုတော့ မလွတ်မြောက်စေချင်ဘူး

အနာဂတ် မှာ လိပ်ပြာလုံလုံ
အိပ်စေချင်ပါတယ်

လိပ်ပြာလုံခြင်းလောက် နူးညံ့တဲ့ခေါင်းအုံးမျိုး ဟာ
လောကမှာ မရှိပါဘူး။......
ဇေယျာစံ @ Zaw Min
၁၁-၅.၂၀၂၂

Photo - Internet

Photos from KMT Electronic  Projector sales & service's post 24/01/2024

ပစၥည္းသန္႔ပစၥည္းမှန် ေဈးတန်တန်လေးတွေ ရမယ်နော်

22/01/2024

လူကြီးမင်းတို့ရဲ့ အသုံးမလိုတော့တဲ့ projector အဟောင်းအ​ပျက် များကို ဈေးကောင်းပေး၍ ဝယ်ယူပါသည်
ရောင်းချလိုပါက
09759767773 သို့ ဆက်သွယ်နိုင်ပါသည်
KMT Electronic Projector sales & service

18/12/2023

ဒီလိုမျိုး မြန်မာနိုင်ငံမှာပဲ လူပါး၀လို့ရမယ် အဲ့ဒီလို ဆိုင်းဘုတ်တွေရေးထားတဲ့ ဆိုင်တွေရဲ့ ဇာတ်သိမ်း မကြာခင်လာတော့မယ်ဗျ

ဒီနေ့ ကျွန်တော် ဆိုင်တစ်ဆိုင်မှာ နွားနို့ထွက်ဝယ်တယ်။
နွားနို့ တစ်ပိဿာပေါ့။ ၅၀ သားနှစ်ထုပ် ပါပဲ။
ဒါပေမဲ့ ဝယ်ပြီးတော့မှ သတိရတယ်။

၂၅ သား နှစ်ထုပ်တွဲယူရင် ကောင်းမလားလို့။

ဒါနဲ့ အရောင်းကောင်တာက မိန်းကလေးကို ပြောတယ်။ ဈေးဝယ်သူတွေလည်း ရှင်းနေတာကိုး။

“ဟိုနှစ်ထုပ်နဲ့ ဒီတစ်ထုပ် အတူတူပဲဆိုတော့ လဲလိုက်မယ်နော်”

“လဲလို့ မရဘူး”

“အတူတူပဲ မဟုတ်လား”

“ဟိုမှာ ရေးထားတယ်”

သူပြတဲ့ စာကို ဖတ်ကြည့်တော့

“ဝယ်ပြီးပစ္စည်း ပြန်မလဲပေးပါ”တဲ့။

ဆိုင်ထဲကလည်းမထွက်ရသေးဘူး။ ပိုက်ဆံပေးပြီးရုံပဲ ရှိသေးတယ်။ အမျိုးအစားတူ၊ဈေးနှုန်းတူကိုပဲ လဲတာ။

သူ့အနေနဲ့ အဆင်မပြေတာ ရှိချင်ရှိမှာပါ။ ဒါပေမဲ့ Customer ရဲ့ လိုအပ်ချက်တွေကို ဘာလို့ မဖြည့်ဆည်းပေးနိုင်ရမှာလဲ။

ရောင်းသူနဲ့ ဝယ်သူ ဘယ်သူက အရေးပါလဲ။ မေးခွန်းတွေအများကြီး ပေါ်လာပါတယ်။

▪️ ▪️ ▪️

ဖတ်ဖူးတဲ့ တစ်ခါက အကြောင်းအရာတစ်ခုကို တင်ပြလိုပါတယ်။

သူရေးထားတဲ့အတိုင်း တင်ပြပါမယ်။

“ကျွန်တော်ငယ်ငယ်က ကျောင်းအားရက်တွေမှာ အဖေ့ကို ကူညီတဲ့အနေနဲ့ ဆိုင်ထိုင်ပေးရပါတယ်။

အဖေကလည်း ကျွန်တော့်ကို အလုပ်သင်အနေနဲ့ လုပ်ခပေးပါတယ်။

အဖေ့ဆိုင်က ပရိဘောဂတွေ ရောင်းတဲ့ဆိုင်ပါ။

တစ်ခါမှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ဆိုင်ရှေ့မှာ သူ့ရဲ့ကားကို ရပ်ပြီး ဆိုဖာတစ်လုံးကို ကျွန်တော့်ကို ချစေတယ်။

ကျွန်တော်က ဆိုဖာကို ဆိုင်ထဲသွင်းလိုက်ပါတယ်။

“ဘာမှ မကြာသေးဘူး ပျက်ပြီ။ ဘောက်ချာတော့
မပါဘူး။ ပြင်ပေးလို့ရလား”

“ရပါတယ်”

အဖေက ဆိုဖာကုလားထိုင်ကို စစ်ဆေးပြီး “နက်ဖြန်လာယူပါ”လို့ မှာလိုက်တယ်။
အဖေက ပြင်ပေးတယ်။

ကျွန်တော်က ကုလားထိုင်ကို ကြည့်လိုက်တော့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် ဆိုင်ကဖြစ်နေတာကို တွေ့ရတယ်။

“အဖေ။ ဟိုဘက်ဆိုင်က ကုလားထိုင်ပဲ”

“ဟုတ်တယ်လေ။ ငါသိပါတယ်"

“ဒါဆို အဖေဘာလို့ ပြင်ပေးတာလဲ”

“ငါက ဒါလောက်တော့ ပြင်တတ်တာကိုး”

“အဖေအမျိုးသမီးကြီးကို ပိုက်ဆံတောင်းဦးမှာလား”

“မတောင်းပါဘူး။ သူဝယ်သွားတာတစ်နှစ်တောင် မပြည့်သေးဘူး ပြောတယ်။
ဒီမှာကြည့်။

အသစ်ကြီး။ တစ်ခုခုကြောင့် ဒီလို ပျက်သွားတာ”

အဖေက စိတ်ရှည်လက်ရှည် ပြင်ပေးလိုက်တယ်။ နောက်တစ်နေ့မှာအမျိုးသမီးကြီးက သူ့ခုံသူ လာယူသွားတယ်။

တစ်ပတ်လောက်ကြာတော့ အမျိုးသမီးကြီး ပြန်လာတယ်။

“ဆောရီးပဲ။ ကျွန်မ ဆိုင်မှားပြီး ပြင်ခိုင်းလိုက်တာ။ တကယ်တော့ကျွန်မ မသိလိုက်ဘူး။

ကျွန်မယောက်ျား ခရီးက ပြန်ရောက်တော့ သူပြောပြမှ သိတယ်။

သူက ကျွန်မကို အပြစ်တင်တယ်”
အဖေက ပြုံးနေတယ်။

“ရှင် ဆိုင်မှားနေတာကိုသိမှာပေါ့”

“သိပါတယ်။ အောက်ဘက်မှာ ဆိုင်တံဆိပ် ပါတာပဲ”

“ကဲပါ။ ကျွန်မဘယ်လောက် ပေးရမလဲ”

“မလိုပါဘူး”

“ဘာဖြစ်လို့လဲ”

“အသေးအမွှားတွေပဲလေ။ ဒီလိုပြင်ပေးဖို့ ကျွန်တော်တို့ ပရိဘောဂသမားတွေမှာ တာဝန်ရှိပါတယ်။

နောက်ပြီး ခင်ဗျားအနေနဲ့လည်း ဒီခုံကို ဟိုသယ်ဒီသယ်လုပ်ရတာ အဆင်မှ မပြေတာပဲ”

အဖေပြောတော့ အမျိုးသမီးသဘောပေါက်ပြီး ပြန်သွားတယ်။

နှစ်တွေကြာသွားတော့ ကျွန်တော်လည်း အဆောင်ကို ပြောင်းနေခဲ့တယ်။

ကျောင်းကဘွဲ့ရပြီး အိမ်ကိုပြန်ရောက်တော့ ကျွန်တော် ကိုယ်ပိုင်အလုပ်ကို မလုပ်မီ အဖေ့ဆိုင်မှာ ထိုင်ပေးပါတယ်။

တစ်ရက်မှာ သူရဲ့ဆိုဖာခုံကို ဆိုင်မှားပြင်ခိုင်းတဲ့ အမျိုးသမီးသမီးကြီးရောက်လာတယ်။

အဖေ့ကို ပြုံးပြီး နှုတ်ဆက်တယ်။ သူတစ်ယောက်ထဲ မဟုတ်ဘူး။

နောက်မှာ လူအချို့လည်း ပါလာတယ်။

“ဒါက ကျွန်မမြေးတွေ။

သူတို့ မင်္ဂလာဆောင်ပြီး အိမ်သစ်အတွက် ပရိဘောဂလိုချင်လို့ပါ”
သူတို့ ကက်တလောက်တွေကို ကြည့်ပြီး ပစ္စည်းတွေ မှာသွားတယ်။

သူတို့ပြန်သွားတော့ အဖေ့ကို မေးတယ်။

“မိတ်ဆွေတွေ ဖြစ်သွားလား”

“ဟုတ်တယ်။ ဒီအမျိုးသမီးကြီးက လူမှုကွန်ရက်မှာ အရေးပါတဲ့ တစ်ယောက်ပဲ။

သူက ဖောက်သည်တွေ အများကြီး ရှာပေးတယ်”

“အဖေ့ ပစ္စည်းတွေလည်း ကောင်းတာကိုး”

“ပစ္စည်းကောင်းရုံနဲ့ မရဘူးသား။

စိတ်ထားလည်း ကောင်းရတယ်။ တို့ဈေးရောင်းတယ်ဆိုတာ အခြားသူတွေကို ကူညီနေတာပဲမဟုတ်လား “

အဖေ့ဟာ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဆရာအစစ်အမှန် ဖြစ်လာပါတယ်။

ဒီနေ့မှာ ကျွန်တော်ဟာ သန်းကြွယ်သူဌေးကြီး ဖြစ်နေပါပြီ။
ပိုက်ဆံရှိတာထက် လူမှုအသိုင်းအဝိုင်းထဲမှာ ပျော်ရွှင်မှုတွေနဲ့ နေတတ်ဖို့ အဖေသင်ပေးတာပါပဲ"တဲ့။

▪️ ▪️ ▪️

ကျွန်တော်တို့ ကမ္ဘာကြီးမှာ တစ်နေရာနဲ့တစ်နေရာ၊ တစ်ယောက်နဲ့တစ်ယောက် နီးကပ်လာပါပြီ။ နယ်စည်းမခြားဆိုတာ တကယ့်ကို ဖြစ်လာပြီပဲ။

ဒါကို Globalization လို့ ခေါ်ကြတယ်။ ကမ္ဘာလုံးခြုံ ဖြစ်ထွန်းမှုပေါ့။

တစ်နေရာက လိုတဲ့ပစ္စည်းကို နောက်တစ်နေရာက ပို့ဆောင်ရောင်းဝယ်တာပါပဲ။ အဓိကကတော့ ဈေးကွက်ပေါ့။

၂၁ ရာစု ဈေးကွက်ဆိုတာ အကောင်းဆုံးကို လိုချင်တဲ့ ဈေးကွက်ပါပဲ။

လူတွေဟာ ပစ္စည်းကောင်းကို သုံးချင်တယ်။ ရွေးချယ်ခွင့်ကို ရချင်တယ်။ မိမိကိုလေးစားတဲ့ သူတွေနဲ့သာ ဆက်ဆံလိုတယ်။
၁၉၆၀ ပြည့်နှစ်လောက်က ထိုင်းမှာ စီးပွားရေးပြုပြင်ရေးတွေ လုပ်တယ်။

ထိုင်းအစိုးရက နိုင်ငံတကာကလူတွေကို ဖိတ်ခေါ်ပြီး ထိုင်းမှာ ဆိုင်တွေဖွင့်ဖို့ အားပေးအားမြှောက် ပြုတယ်။

ကုန်တိုက်ကြီးတွေ နေ့ချင်းညချင်း ပေါ်လာပါတယ်။
ဒါပေမဲ့ တစ်နှစ်မပြည့်မီ အနောက်တိုင်းရင်းနှီးမြှုပ်နှံသူတွေက ပြန်ထွက်ဖို့ ပြင်ဆင်ကြတယ်။

ဒီတော့ ထိုင်းတာဝန်ရှိသူတွေက ရင်းနှီးမြှုပ်နှံသူတွေကို မေးတယ်။

“ဘာလို့ ထွက်မှာလဲ”

“ဝန်ထမ်းတွေပါပဲ။ သူတို့နဲ့ အလုပ်လုပ်ရတာ အဆင်မပြေဘူး”

“ဝန်ထမ်းတွေကို ခိုင်းလေဗျာ”

“ခိုင်းပါတယ်။ သူတို့ဟာ စကား စုပြောတယ်။ ဖောက်သည်သည်တွေလာရင်လည်း ချေချေငံငံ မဆက်ဆံဘူး”

“ဘယ်လိုမျိုးလဲ”

“ပစ္စည်းတစ်ခုပြခိုင်းရင် ဈေးကြီးတယ်နော်၊ ဝယ်နိုင်လို့လား ဆိုတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတယ်”

“သူတို့ကို သဘော‌ပေါက်အောင် ပြောလို့မရဘူးလား”

“မရဘူး။ တစ်ခါတစ်ခါ သူတို့အချင်းချင်း စကားပြောနေတယ်။ ဖောက်သည်တွေကိုလည်း ပြန်ငြင်းတာ ရှိတယ်”

“သူတို့က ရှင်းပြတာ နေမှာပေါ့”

“ဟုတ်မှာပါ။ ဒါပေမဲ့ဖောက်သည်က ဘာမှမသိဘူးဆိုတာ မလုပ်ရဘူးလေ။

Customer is always right ဆိုတဲ့စကား ရှိတယ်”

“ဖောက်သည်က မှားနေရင်ကော”

“မှားတာတွေ ရှိမှာပါ။ ဒါပေမဲ့ ဈေးရောင်းတဲ့သူတွေက ဒါကို ထောက်ပြစရာ မလိုဘူးလေ။ သူ့တာဝန်က ဝန်ဆောင်မှုပေးဖို့ပဲ”

“ခင်ဗျားပြောတာ တော်တော်ကောင်းတာပဲ။ ခင်ဗျားတို့ ဘာလုပ်ပေးလို့ရလဲ”

“အင်း၊ ကျွန်တော်တို့ သူတို့ကို တစ်လနှစ်လလောက် သင်တန်းပေးဖို့ လိုတယ်”

“အဲဒီအချိန်မှာ ကုန်တိုက်ကို ဘာလုပ်ရမှာလဲ”

“ပိတ်ထားလိုက်ပေါ့”
“ခင်ဗျာ”

“တစ်သက်လုံး အဆင်ပြေမဲ့ကိစ္စ တစ်လနှစ်လလောက်တော့ ရင်းနှီးရမှာပေါ့”

▪️ ▪️ ▪️

အဲဒီနောက်တော့ ထိုင်းကုန်တိုက်တွေဟာ ကမ္ဘာ့အဆင့် မီလာတယ်။

နောက်ပြီးစားသောက်ဆိုင်က ဝန်ထမ်းတွေကိုလည်း သင်တန်းတွေပေးတယ်။ အချို့ ကို နိုင်ငံခြားလွှတ် သင်တန်းတွေတက်ခိုင်းတယ်။
ဆက်ဆံရေးတွေကောင်းပြီး ဂရုစိုက်မှုတွေနဲ့ စာသုံးသူတွေကို အဆင်ပြေအောင် လုပ်ဖို့ဆိုတာတွေကို သင်တန်းတွေမှာ သင်ပေးတယ်။

မန်နေဂျာသင်တန်းတွေ၊ စီအီးအိုသင်တန်းတွေတောင် ရှိပါတယ်။ ဒါတွေက အင်မတန် အရေးကြီးတယ်။

ဘာကြောင့် ဒါတွေ လိုအပ်လဲ။

စောစောက ကျွန်တော်ပြောသလို Globalization ဆိုတာ ကျွန်တော်တို့ဆီ ရောက်လာနေပြီ။ ငွေအား၊ လူအားနဲ့ ဝင်လာတဲ့ လုပ်ငန်းတွေကို ကျွန်တော်တို့ ပြိုင်ရမှာပဲ။
ဒီအတိုင်း ဆက်နေရင်တော့ မြန်မာတွေဟာ အလုပ်သမားတွေပဲ ဖြစ်လာမှာပေါ့။

ဘဏ်လုပ်ငန်းတွေ၊ ဓာတ်ဆီဆိုင်လုပ်ငန်းတွေမှာ အစိုးရက သူတို့ဝင်မတိုးနိုင်အောင် ကာကွယ်ထားတာတွေ ရှိတယ်။
ဒါပေမဲ့ ရေရှည်မှာ သူတို့ကို ဖွင့်ပေးရမှာပဲ။ ဒီအခါ ခက်ခဲတဲ့ယှဉ်ပြိုင်မှုတွေကို တွေ့ရမှာပါပဲ။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မလွဲမသွေ လမ်းဖွင့်ပေးရမှာ ဖြစ်တယ်။

ဒီတော့အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကိုယ် မိမိတို့ ပြင်ဆင်ထားကြဖို့ လိုတယ်။
နိုင်ငံခြားမှာ မိမိမကြိုက်ရင် ဝယ်ပြီးပစ္စည်းတွေကို တစ်ပတ်အတွင်း ပြန်လဲလို့ ရတယ်။
မြန်မာပြည်မှာ ဆိုင်ထဲကနေ မထွက်ရသေးတာတောင် လဲလို့မရဘူး။

“ဝယ်ပြီးပစ္စည်း မလဲပေးပါ။ ကျန်ရှိပစ္စည်း တာဝန်မယူ” ဆိုတာတွေနဲ့ နိုင်ငံတကာဈေးကွက်ကို တိုးဖို့မလွယ်လှကြောင်း တင်ပြလိုက်ရပါတယ်။

အလုပ်အကိုင်လုပ်ငန်းများ ​တိုးတက်​အောင်မြင်ကြပါစေ။

Credit

#ဒေါက်တာခင်မောင်ညို
(ဒီဇင်ဘာ ၆ရက်၊ ၂၀၂၀)
®PNCS

Photos from KMT Electronic  Projector sales & service's post 30/11/2023

KMT Electronic Projector sales & service မှာ အသစ်ရောက်တဲ့ projector အသန့်လေးတွေပါဗျာ Lamp hour 100 အောက် Japan use လေးတွေလည်းပါပါတယ်ဗျာ ဈေးနှုံးလေးတွေကတော့ အနည်းဆုံး ၄သိန်းခွဲလောက်ကစပြီး အမြင့်အသန့်ဆို ၇သိန်းခွဲအထိ အစားစား ရှိပါမယ်ဗျာ ဆက်သွယ်ဝယ်ယူလိုပါက
09759767773
ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်ဗျာ

Photos from KMT Electronic  Projector sales & service's post 19/11/2023

NEC

Photos from KMT Electronic  Projector sales & service's post 17/10/2023

ဝိုးးးး.😲..KMT electronic မှာ projector တစ်လုံးကို ကျပ်တစ်သိန်းတိတိ သီတင်းကျွတ်ပရိုမိုးရှင်းအနေနဲ့ special discount ချပေး သွားမှာပဲဖြစ်ပါတယ်နော်

မည်သည့်အမျိုးအစားကိုပဲဝယ်ဝယ် ယခင်ဈေးနှုံးထက် ကျပ်တစ်သိန်း💲 လျှော့ပြီးရောင်းချပေးသွားမှာဖြစ်လို့ ရုပ်ရှင်ကြည့် ရုံးသုံး ကျောင်းသုံး သင်တန်းသုံး projector ဝယ်ဖို့စိတ်ကူးနေတယ်ဆိုတော့🤔

KMT Electronic Projector sales & service ကိုသာ 📞ဆက်သွယ်လိုက်တော့နော်

အထူးလက်ဆောင်အနေနဲ့ကတော့ KMT မှ ဝယ်ယူထားတဲ့ projector များကို တစ်သက်တာ လက်ခမဲ့🛠️ ပြုပြင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်နော်
ဈေးနံှုးလေးတွေကတော့ 👇

Epson
EB-S02 ယခင် ၆သိန်းခွဲ ယခု ၅သိန်းခွဲ
EB-S03 ယခင် ၇သိန်းခွဲ ယခု ၆သိန်းခွဲ
EB-S04 ယခင် ၈သိန်းခွဲ ယခု ၇သိန်းခွဲ
EB-S05 ယခင် ၉သိန်းခွဲ ယခု ၈သိန်းခွဲ
နှင့် တခြား DLP projector အမျိုးအစားစုံလင်စွာ စိတ်တိုင်းကြ ရွေးချယ် ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ

🏢ဆိုင်လိပ်စာ 👉 အမှတ် (104)မြေညီထပ် (51)လမ်း အလည်ဘလောက်
မဟာဗန္ဓုလလမ်း နှင့် အနော်ရထာလမ်းကြား အမှတ် (1) ရပ်ကွက်
ပုဇွန်တောင်မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး

☎️ 09759767773
မှတ်ချက် = =ဆိုင်ခွဲမရှိပါ

20/09/2023

“နာရီလက်တံ” ⏱️

နာရီမှာ လက်တံ ၃ ခုရှိတယ်။
အဲ့ထဲကတစ်ခုကတော့
စက္ကန့်တံဆိုပြီး ကျော်ကြားတယ်။
ဒီစက္ကန့်တံက ရှိတော့ရှိတယ်
ဒါပေမယ့် သူ့ကို စကားထဲသိပ် ထည့်မပြောကြဘူး။

လူတွေ ပြောကြတာက
"ငါးနာရီ ဆယ်မိနစ်ရှိပြီ”
“ဆယ်နာရီရှိပြီ”
“ကိုးနာရီ ဆယ့်ငါးမိနစ်ရှိပြီ” လို့ပဲ
ပြောကြတယ်။ ဘယ်သူကမှ
"ကိုး နာရီ ဆယ်ငါးမိနစ် လေးစက္ကန့်"
“ခြောက်နာရီ သုံးမိနစ် ဆယ်စက္ကန့်” ဆိုပြီး
ထည့်မပြောကြဘူး။
တကယ်တော့ ဒီစက္ကန့်တံဟာ ကျန်လက်တံ
နှစ်ခုထက် ပိုပြီးအလုပ်တွေ လုပ်သလို
ကျန်လက်တံနှစ်ခု ရှေ့ရောက်ဖို့လဲ
ကူညီ​ပေးတယ်။

ဒီလိုဘဲ

ဖူးတို့ဘဝထဲမှာလဲ အဲ့ဒီလို စက္ကန့်တံနဲ့ တူတဲ့တန်ဖိုးထားရတဲ့

သူတွေ ရှိတတ်ကြပါတယ်။

မိဘ၊ ဆရာသမား၊ မိတ်ဆွေ၊သူငယ်ချင်းကောင်း

တစ်ဦးဦးရှိနေတတ်တယ် ဒီတော့ သူတို့ကို

စကားထဲမှာထည့် မပြောပေမယ့် ဖူး တို့ တိုးတက်ဖို့

သူတို့ရဲ့ကြိုးစားမှု့တွေ မုချပါပါတယ်။

ဒီတော့သင့်ဘဝမှာစက္ကန့်တံလိုအရေးပါတဲ့သူရှိရင်

လျစ်လျူမရှုဘဲ တန်ဖိုးထားလေးစားတတ်ဖို့တိုက်တွန်းခွန်အားပေးရင်း……..

Credit ✍🏻

Photos from KMT Electronic  Projector sales & service's post 18/09/2023

KMT Electronic Projector sales & service မှ Epson 3LCD Model EB S03/4/5 and DLP projector
acer/ViewSonic/Misubishi /ViVitek/
Infocus shot throe long throe အစရှိတဲ့ good second projector များကို
​ေဈးႏႈးမှန္ကန္စြာဖြင့် ဝယ်ယူရရှိန်ုင်ပါတယ်ခင်ဗျာ KMT မှ ရောင်းချပေးသော projector များကို KMT LOGO ပါ စည်းတိတ်များဖြင့် ကပ်ပေးပြီးစည်းဖောက်ထားခြင်းမရှိသော projector များကို မည့်သည့်အချိန်ထိမဆို လက်ခ အခမဲ့ဖြင့် ပြုပြင်ပေးမှာဖြစ်ပါတယ်ခင်ဗျာ ပစ္စည်းများလဲလှည်ရသည်ရှိသော် ပစ္စည်းတန်ဖိုး၏ ၂၅% သော်လည်းကောင်း ၃၀%သော်လည်းကောင်း special discoant အနေနဲ့ လျှော့ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ

ဆင်သွယ်စုံစမ်းရန် ဖုန်း 09759767773

Photos from KMT Electronic  Projector sales & service's post 17/09/2023

မြန်မာစာလုံးတွင် ပညာ ဟု တစ်လုံးတည်း သုံးသော်လည်း
အင်္ဂလိပ် ဘာသာတွင်မူ Education နှင့် Wisdom
ဟူ၍ နှစ်မျိုးကွဲလေသည်

Education ဆိုတာက ကျောင်းကနေသော် လည်းကောင်း
မိဘ ဆီကနေသော် လည်ကောင်း သင်ယူတတ်မြောက်
ဘွဲ့ရလာတာကို ဆိုလိုတာပါ

အဲ့တာကို ပညာတတ် educated person လို့ခေါ်ပါတယ်

နောက်ပညာတစ်ခုက
အမှားအမှန်ကိုကောင်းကောင်း ဝေဖန် ပိုင်းခြားနိုင်တဲ့ပညာပါ
ဘယ်လို မနေ သင့်ဘူး ဘယ်လိုနေသင့်တယ်
ဘယ်လိုမပြောသင့်ဘူး ဘယ်လိုပြောသင့်တယ်
ဘယ်လိုမယူဆ သင့်ဘူး ဘယ်လို ယူဆသင့်တယ်
စသည့် အမှားအမှန်ဝေဖန်နိုင်တာ ကိုတော့
Wisdom ဆိုတဲ့ စာလုံးသုံးပါတယ်
Wise ဆိုတဲ့စာလုံးက လာတာပါ
................................
လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ကျွန်တော် စကိုင်းနက်မီဒီယာ
မှာ ဘာသာပြန်လုပ်တာ ၁ သိန်းရပါတယ်လခ

ကျွှန်တော့အတွက် ဖူလုံ ပါတယ်
ဒါပေမယ့် ကျွှန်တော် ဆက်တက်ချင်တဲ့ ဗြိတိ ကောင်စယ်က
၈ ပတ် ကို ၃ သိန်းသွင်းရမယ်

IELTS ဖြေရင်လည်း ၁၄၅ ဒေါ်လာ သွင်းရမယ်ဆိုတော့
ကျွှနိတော့ လက်ထဲမှာက ၁၀ သိန်းလောက်ပဲရှိတယ်
မလုံလောက်ပါဘူး

အဲ့ဒါနဲ့ စကိုင်းနက် ကနေ အလုပ်ထွကိ လိုက်ပြီး
မထသ ၆၂ လိုင်းက ၅ခ /၆၈၀၃ကို isuzu ကားကြီး
ကို တစ်လ ၆ သိန်းနဲ့ ကန်ထရိုက်ယူလိုက်ပါတယ်
...............................

နေ့လည်ဘက်မှာ ယဉ်မောင်းနဲ့စပယ်ယာက လိုင်းဆွဲခိုင်းပါ
တယ်
ကျွှန်တော်က တော့ သင်တန်းတွေ လိုက်တက်ပါတယ်

ညနေ ပြန်လာတော့ တောင်ဒဂုံက SGI ဆိုတဲ့အထည်ချူပ်
ဖယ်ရီ ယူ ထားပါတယ်

တောင်ဒဂုံ စက်မူ့ဇုန်ကနေ ရေလည် ကျောက်တန်းဘုရား
ရှေ့ထိပါ ကျွှန်တော် ကိုယ်တိုင်မောင်းပါတယ်
ကျောက်တန်းရေ လည် ဘုရားရှေ့မှာ ည အိပ်ပါတယ်
မနက်ကျရင် အလုပ်သမားတွေ ပြန်ကြိုပြီး စက်ရုံပို့ပေါ့်
တစ်နေ့ ၄ သောင်း ရပါတယ်
...................................................................

" Wisdom ရဲ့ အရေးကြီးပုံ''

ကျွှန်တော့တို့ကား ဂိတ်က တောင်ဒဂုံ မြို့စွန်မှာ ဂိတ်ဆုံးတယ်

ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ '' အငယ်လေး '' ဆိုတဲ့
လူငယ် တစ်ယောက်ရှိတယ်
အတန်းပညာ ၂ တန်းလောက်တက်ဖူးတယ်

ညနေ မှာ ပြန်ခါနီး သူက ပိုနေတဲ့ ရေ ခဲရေ ကို
လိုင်းဆွဲပြီး ပြန်လာတဲ့ကားသမားတွေ လိုက်လိုက်တိုက်တယ်

ညနေဘက် သူအလုပ်အားရင် ဂိတ်မှာ ပြင်နေတဲ့ကားတွေလိုက် ကူညီတယ်
စကားပြော အလွန်ညက်ပြီး
လူကြီးတွေနဲ့လည်းအဆင်ပြေအောင်ပေါင်းသင်းတက်လို့
လူ ချစ်ခံရတယ်

ကျွှန်တော်က ကိုယ့်ကား ကို ကိုယ်တိုင်ပြင်တော့
သူက လာလာကူရင်းနဲ့ ရင်းနှီးလာတယ်

သူနေ့တိုင် လာလာပြင်ပေးတယ်
ကျွှန်တော်လည်း ကားပြင်ရင်းသင်ပေးတယ်

ပြီးရင် CNG gas သွားထည့်ရင် သူလိုက်လာတယ်
ကျွှန်တော် ကားမောင်း ဆက်သင်ပေးတယ် ကားကြီးတွေရဲ့
စီယာတိုင် ယူဆ ပုံ ကို သူကျွှမ်းကျင်လာတော့
ကားတစ်စီးပြီးတစ်စီး gas ထည့်ရင် သူကားရွှေ့့ပေးတယ်
ကျွှန်တော်က ကားပေါ်မီးဖွင့်ပြီး အင်္ဂလိပ် စာအုပ်ဖတ်နေတာ
ပေါ့

လိုရင်းပြော ရရင် သူ ကားကြီး မောင်းနိုင်သွားတယ်

နောက်တော့ ကျွှန်တော်ကို စပယ်ယာ လိုင်စင် လုပ်ပေးဖို့
ပူဆာ တယ်

ကျွှန်တော်က ကားလောက မှ ခဏ ပဲ နေမှာ ဒါကြောင့်မို့
ကူညီ နိုင်သလောက် ကူညီမယ် စိတ်ကူးထားတော့
ဘယ်သူကပဲ လိုင်စင်လုပ်ပေးပါ ကားမောင်းသင်ပေးပါ
လာပြောရင် ကွှန်တော်အဆငိပြေအောင်လုပ်ပေးတာချည်းပဲ

နောက်တော့ အငယ်လေး စပယ်ယာ လိုက်တယ် တခြားကား
မှာ ကားပိုင်ရှင်ရဲ့ ယုံကြည်မှူ့ ရသွားတော့
Owner casher ဖြစ်လာတယ် ငွေသိမ်းပေါ့

အဲ့ဒီ အချိန်မှာ ကျွှန်တော် IELTS စာမေးပွဲမှာ6.7
ရသွားတော့ ကားလောက ကနေ
ကျွှန်တော် ထွက်သွားတယ်

၃၅ လမ်းမှာ Global link နာမည်နဲ့ အင်္ဂလိပ်စကားပြော
သင်တန်းဖွင့်လိုက်ပါတယ်

ဒီနေ့ အချိန် ထိ
အဲကွန်းအောက်မှာ ဘာသာပြန်ရတဲ့ဘဝ
ကားသမားဘဝ နဲ့
အင်္ဂလိပ်စာဆရာ ဘဝ
ဘယ်ဟာ သဘောကျလဲမေးရင်
ကားသမားဘဝ ကို ကျွှန်တော်ပျော်တယ်
ယောင်္ကျားဆန်ဆန် ရုံးကန် ရတာကို
ကျွှန်တော်နှစ်သက်ပါတယ်...................................................................

၂၀၁၆မှာ YBS မပြောင်း ခင်လေးမှာ
ကျွှန်တော် မြို့တော်ခန်းမ ရှေ့မှာ
ဗီယက်နာမ် တစ်ယောက်ကို
မြို့တော်ခန်းမ အကြောင်းရှင်းပြနေတုန်း
လိုင်းကားတစ်စီး ကျွှန်တော့ ဘေးမှာ လာရပ် ပြီး
'' ကိုကျော် ကျွှန်တော့ မှတ်မိလား '' ကျွှန်တော် အငယ်လေး ပါ''
ဂိတ်ဘက်ရောက်ရင် ဝင် လာ ခဲ့ပါဦးဗျာ ကျေးဇူးဆပ် ချင်လို့
ကျွှန်တော် အခု ကားပိုင် ဖြစ်နေပြီဗျ''

ကျွှန်တော် ပြုံး မိ တယ်
တစ်ချိန်က ကားဂိတ်မှာ ရေခဲရေ ရောင်းနေတဲ့ခလေး
အခု လိုင်းကားတစ်စီး ပိုင်သွားတယ်
သူ့မှာ education မရှိခဲ့ဘူး
ဒါပေမယ့် Wisdom တော့ရှိတယ်
ဘဝ မှာ ဘယ်လိုနေသင့်တယ် ဘယ်လိုမနေသင့်ဘူး
ဘယ်သူကို ချဉ်းကပ်သင့်တယ် ဘယ်သူ့ကိုရှောင်သင့်တယ်
ဘယ်လိုစကားမပြော သင့်ဘူး ဘယ်လို ပြောသင့်တယ်
အမှား အမှန်ကို ကောင်းကောင်း ခွဲနိုင်ခဲ့တယ်

သူက ဘဝ ကို Education မရှိပေမယ်
Wisdom နဲ့ ဘဝ ကို ဖြတ်သန်းသွားတယ်
...................................................................

" Education '' ရဲ့ အရေးပါ ပုံ

Education ကလည်း အရမ်းအရေးပါ ပါတယ်

တစ်ချို့ ရဟန်းပညာရှိ လူပညာရှိတွေက ကျောင်းပညာရေး
ကို '' သင်ညာ '' တွေ ဆို ပြီး wisdom လောက် အရေးမပါ
ဘူး လို့ ဆိုတာလည်း မကြာခဏ ဖတ်ရ ပါတယ်

ကျွှနိတော် ယဉ်ကျေးစွာ ငြင်းဆိုပါတယ်

Wisdom လိုပဲ Education ကလည်း အရေးကြီးပါတယ်

ဆရာတစ်ယောက်က ပညာဆိုတာ
'' ကျောင်းကသင်လာတာမဟုတ်ဘူး ဆယ်တန်း
အောင်ဖို့ထက် လူ လိုနားလည် ဖို့ လိုတယ် လို့
ဆိုတယ် ''

သူပြော ချင်တာက. လူ့ဘဝ နေတက် ဖို့ ကို အပြု
သဘောဆို ချင်တာ။

ဒါပေမယ့် အဲ့ဒီ စကားကို
ဆယ်တန်း တဖုတ်ဖုတ် ကျနေတဲ့ကောင်က
ယူ သုံးရော

" ဆယ်တန်းအောင် ဖို့ ထက် လူလိုသိဖို့ လိုတယ်တဲ့ ''

အမှန်က မိဘ ကျောင်းထားပါ လျှက်
ဆယ်တန်းတောင် အဖြစ်ရှိအောင်မဖြေ နိုင်တဲ့ ကောင်က
ယူသုံး လိုက်ပြီး သူ့ရဲ့ ဆယ်တန်းမအောင်တာကို
ကာဘာလုပ်သွားတယ်
..................................................................

ကျွှန်တော် ကားသမား ဘဝ မှာ
ယုဇန ဥယဉ်မြို့တော်က
ညီညီအောင် ဆိုတဲ့ စက်ဆရာသိပ်တော်တယ်
မျက်စိကို အဝတ်စည်းထားပြီး
ကားအင်ဂျင်က ဘယ်မူလီမဆို ဖြုတ်ယူလာခဲ့
သူလက်နဲ့ စမ်းကြည့်တာနဲ့တင်
ဘယ်နေရာက မူလီ ဆိုတာ အလွှတ်ပြောနိုင်အောင်
သူ့Subject ကို သူနိုင် နင်းတယ်
အပြောအဆိုလည်း ညက်တယ်

ကျွှန်တော် ရဲ့
မက်ကနီကယ် အင်ဂျင်နီယာ တက်နေတဲ့သူငယ်ချင်း
အမြဲတမ်း ကျောင်းပြေးပြီး ထန်းရည်သောက်တယ်

အချိန်တန်ဘွဲ့ရ လာတယ်
education certificate ရှိတယ်
စက်နဲ့ ပတ်သတ်တဲ့အင်ဂျင်နီယာပေမယ့်
ကားရဲ့ ပင်စတင် တောင် အပြင်မှာ မတွေ့ ဘူးဖူး

အဲ့တာ သူရယ် စက်ဆရာ ညီညီအောင်ရယ်
သဘောင်္တက်တော့
စက်ကို အရမ်းကျွှမ်းတဲ့ ညီညီ အောင်က
ဆီလောင်းအဆင့်နဲ့သင်္ဘော လိုက်ရတယ်
လခ ၇ သိန်း
စက်အကြောင်းတကယ်နားမလည်တဲ့
အင်ဂျင်နီယာကျောင်းဆင်းက
တတိယ အရာရှိ ဖြစ်သွားတယ်
လခ သိန်း၂၀
ဘာကွာသွားလဲ
Education ကွာသွားတာပဲ

ဒါကြောင့် Education ကလည်း
ဘဝ ရပ်တည်ရေးအတွကိ
သူ့နေရာနဲ့ သူ အသုံးဝင်ပါတယ်
သင်ညာ ပဲ ပြောပြော
ဘာပဲပြောပြော
ပြောချင်တာပြော အသုံးဝင်တယ်
...................................................................

တစ်ချို့ အရာ ရှိတွေ
သိပ်မောက်မာ ရိုင်းစိုင်းတယ်
လူကြီးကို လည်း ဆဲ ချင်ဆဲတယ်
Wisdomမရှိဘူးပေါ့
ဒါပေမယ့် Education က ရှိနေတော့
ဘဝ ရပ်တည်လို့ရနေတယ်

တစ်ချို့လည်း Education မရှိပေမယ့်
နေတက် ထိုင်တက် တော့
တဖြည်းဖြည်း အထက်ရောက်လာတယ်
အဲ့တာ ဘဝ ကို Wisdom နဲ့ရပ်တည်တာပေါ့

ဘဝ မှာ
Education
သို့မဟုတ်
Wisdomတစ္ခု
ကောင်းကောင်းရှိရင်
ဘဝ ရပ်တည်လို့ရတယ်

နှစ်ခု လုံး ရှိရင် Perfect ဖြစ်သွားပါတယ်

ဒါကြောင့်
ကိုယ့်မှာ လိုနေတာ
ကိုယ့် ကြိုးစားဖြည့်ပေါ့

အလားတူပဲ
Education ကသာ ကောင်းတယ်
Wisdom ကသာ မှန်တယ် လို့
ဇောင်းပေးပြီ မပြောအပ်ပါဘူး

ဘာလို့လဲ ဆိုတော့ နှစ်ခု စလုံး လိုအပ် လို့ပေါ့
...................................................................

ဗာဟု သစ္စဉ္စ သိပ္ပဉ္စ ဝိနယောစ သုသိက္ခိတော
သုဘာသိတာစ ယာဝါစာ ဧတံမင်္ဂလ မုတ္တမံ

အကြားအမြင်ဗဟုသုတ များခြင်း
အပြစ်ကင်းသော

စက်မူ့လက်မူ့အတတ်ကို တတ်ခြင်း
ကိုယ်ကျင့်တရားကောင်းခြင်း
အပြောအဆို ချိုသာခြင်း
ယဥ်ကျေးခြင်း

ဤလေးပါးသည် တိုးတက်ကြီးပွားချမ်းသာကြောင်း
ကောင်းမြတ်သော မင်္ဂလာမည်ပေ၏


#ရွှေမိတ်သစ်

15/08/2023

မြစ်ကြီးနားမှ projector ပို့ထားသူ ဆက်သွယ်ပေးပါ

Photos from KMT Electronic  Projector sales & service's post 18/07/2023

Projector များတွင် ဖြစ်လေ့ဖြစ်ထ,ရှိသော
ပါဝါမလာခြင်း
ပါဝါလာသော်လည်း စက္မနိုးခြင်း
စက်နိုးသော်လည်း အလင်းမထွက်ခြင်း
အလင်းထွက်သော်လည်း ကြည်လင်မှု မရှိခြင်း
ကြည်လင်မှုရှိသော်လည်း တခဏအတွင်း စက်ပိတ်သွားခြင်း တို့ တခုခုဖြစ်ပေါ်နေ၍ ပြုပြင်ဖို့ လိုအပ်လာပါက KMT Electronic Projector sales & service ကိုသတိရလိုက်ပါ projector service အတွေ့အကြုံ အနှစ်(၂၀)နီးပါးရှိ ဆရာကြီး KMT နှင့် လက်ရင်းတပည့် များမှ အကောင်းဆုံး ပြုပြင်ပေးလျှက်ရှိပါသည် အနယ်နယ် အရပ်ရပ်မှ projector များကိုလည်း ရန်ကုန်အောင်ဆန်းကွင်းအရောက် ပို့ဆောင်ပေးပါက သွားရောက်ယူဆောင်၍ ပြုပြင်ပြီး ပြန်လည်ပို့ဆောင်ပေးပါတယ်ခင်ဗျာ
ဈေးနှုံးသင့် good second projectorများကိုလည်း အရောင်း အဝယ် အလဲ အဆင်ပြေအောင် ဆောင်ရွက်ပေးပါတာ်ခင်ဗျာ
ယခုလက်ရှိ in store ရှိသော projectorများကို comment မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ

ဆက်သွယ်ရန် ဖုန်းနံပါတ်=☎09759767773

ဆိုင်လိပ်စာ= အမှတ်(104)မြေညီထပ်
(51)လမ်း အလယ်ဘလောက်
မဟာဗန္ဓုလလမ်း နှင့် အနော်ရထာလမ်းကြား
အမှတ်(၁)ရပ်ကွက် ပုဇွန်တောင်မြို့နယ်
ရန်ကုန်

#မှတ်ချက် LED mini projector များ ပြုပြင်ခြင်း ရောင်းဝယ်ခြင်း လုံးဝမပြုလုပ်ပါ

Photos from KMT Electronic  Projector sales & service's post 18/07/2023

Projector service မြန်မာပြည်မှာ
KMT ကလက်ဦးဆရာ

Photos from KMT Electronic  Projector sales & service's post 02/07/2023

Projector brand hight
သုံးစွဲသူတွေအရမ်းကြိုက်
Epson eb-SO 3/4/5/
ရုပ်ထွက်တွေကအရမ်းအရမ်းမိုက်
သုံးဖူးသူတွေ ကြိုက္မှ ကြိုက်
ပစ္စည်းကောင်းသုံးချင်ရင်
KMT ကို လှမ်းခဲ့လိုက်

26/06/2023

ကောင်းလိုက်တဲ့ ဥပမာပေးလေး
ဖတ်လိုက်ရတော့ ကောင်းလို့
ပြန်မျှဝေ လိုက်တယ်နော် .....

" ခွေးကျင့်ခွေးကြံ "
---------------
တနေ့တွင်
တောကစားထွက်လာသော ဘုရင်က
ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို
တွေ့လိုက်ရ သဖြင့်
သူနှင့်အတူ မြင်းစီးပြီးတော့
ဘေးချင်းယှဉ်လိုက်လာသော
ပညာရှိ အမတ်ကြီးကို
မေးလိုက်လေသည်.....

အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက်
သိုးတွေက အုပ်စုလိုက်တွေ့ရတယ်နော် "
" ခွေးတွေ ကိုတော့ ဘာဖြစ်လို့
အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ ?.

မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို
မနက်ဖြန်မှ ဖြေပါရစေဘုရား 🙏"

ကောင်းပြီလေ

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင်
အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်......

အခန်းတခန်းထဲတွင်
အသားပုံကြီးတစ်ပုံကို ချထားပြီး
ခွေး အကောင် ၂၀ ကိုထည့်ခါ
သော့ပိတ်ထား လိုက်သည်.....

အခြားအခန်းထဲတွင်
မြက်ထုံးများကို ချခါ
သိုးအကောင် ၂၀ ကို အခန်းအတွင်း
မောင်းသွင်းပြီး တံခါးပိတ်ထားလိုက်လေသည်.....

နောက်တနေ့ နံနက်တွင်
အမတ်ကြီးက
သူစီမံထားသည့် အကြောင်းအရာကို
မင်းကြီးအား လျှောက်တင်ခါ
အခန်းများဆီသို့ ခေါ်လာလေသည်......

ပထမ ခွေးတွေထည့်ထားသည့်
အခန်းကို ဖွင့်လိုက်သည်
ဘုရင်ကြီးက အံ့အားသင့်သွားသည်
ခွေးတွေ အားလုံး အသက်ပျောက်နေသည်
အခန်းအလယ်တွင် ချထားသည့်
အသားပုံကြီးကား နေရာမပျက် ရှိနေသည်
ခွေးတစ်ကောင်မျှ အသားပုံကို
စားသွားသည့်ပုံမပေါ်.....

နောက်တခန်းကို
ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည်
သိုးတွေအားလုံး လှဲလျောင်းကာ
အိပ်စက်နေ ကြသည်
အခန်းအလယ်တွင် ချပေးထားသည့်
မြက်တွေလည်း မရှိတော့ပေ.....

ထိုအဖြစ်အပျက်များကို
ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက်....

ခွေးတွေဟာသူတို့ကိုကျွေးထားတဲ့အသားတွေကိုတစ်စက်မျှမစားရဘဲသေကုန်ကြရခြင်းမှာတကောင်နှင့်တကောင်တိုက်ခိုက်ခါ
#တကိုယ်ကောင်းဆန်ခြင်းကြောင့်ပါဘုရား 🙏

သိုးတွေကတော့ #အေးချမ်းစွာမျှဝေစားသောက်တတ်သည့်
အလေ့အထကြောင့် အသက်ရှင်ကာ
နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား
ဟု လျှောက်တင်လေသည်....

ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ
နေထိုင်တတ်သော အလေ့အထနည်းလေသည်
အကောင်နည်းနည်း စုမိလျှင်ပင်
ပြဿနာရှာကာ မာန်ဖီတတ်သည်
အစားအစာ နှင့် ကာမ အတွက်ဆိုလျှင်
ခွေးများသည် တကောင်နှင့်တကောင်
မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်.....

#ရှေးလူကြီးများကခွေးလိုမနေနှင့်သိုးတွေလိုနေဟု
ဆုံးမကြခြင်းမှာ
တကောင်နှင့်တကောင်
မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့်
အတူတကြ မျှဝေတတ်သောစိတ်ရှိသည့်
လူ့ဘောင်အဖွဲ့အစည်းသည်သာ
တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို
ပြဆိုခြင်းဖြစ်သည်....

ခွေးတွေလို ငါ့တွက် ငါ့ဟာ
ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်......။
အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ်
မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည် ...။

သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်.....။
သူ့ဘက် ကိုယ့်ဘက် သူ့အတွက် ကိုယ်အတွက်
မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည် ....။

Credit to
#စာပေ #ဗဟုသုတ #မိတ်ဆွေ
#ခွန်အားဖြစ်စေသောစာများ

Photos from KMT Electronic  Projector sales & service's post 01/06/2023

ပါကင်မဟုတ်တဲ့ အသစ်
အသစ်​ေဈး မသုံးရပဲ အသစ်လိုသုံးရမယ်
အိတ် နှင့် ရီမု ပစ္စည်း အစုံပါမယ်
ဝယ်ထားပြီး မသုံးဖြစ်လို့ ပြန်ရောင်းတဲ့အလုံးလေး
ဝယ်ထားပြီး ၁၅ နာရီသာသုံးရသေးတဲ့အလုံးလေး

Epson EB S05
price 10,00000
PH = 09759767773

Photos from KMT Electronic  Projector sales & service's post 22/05/2023

EDIT SOLD OUT

BanQ DLP projector
MX535
HDMI 2
VGA in 2
VGA out 1
Brightness 3600 lumens
Normal lamp hour 5000hr
Eco lamp hour 10000hr
smart lamp hour 15000hr
used lamp hour 137hr
price 950000 mmk
KMT Electronic
PH 09759767773

Photos from KMT Electronic  Projector sales & service's post 18/05/2023

မဂ်လာပါ လူကြီးမင်းတို့ရဲ့ လုပ်ငန်းသုံး သင်တန်းသုံး ရုံးသုံး projector များတွင် ဖြစ်နေကြဖြစ်သော ပါဝါမလာခြင်း ပါဝါလာသော်လည်း စက်မနိုးခြင်း စက်နိုးသော်လည်း အလင်းမထွက်ခြင်း အလင်းထွက်သော်လည်း ရုပ်ထွက်ကြည်လင်တောက်ပမှုမရှိခြင်း ကြည်လင်တောက်ပမှုရှိသော်လည်း တခဏအတွင်း မှာပင်အလင်းပျောက်၍ စက်ပိတ်ခြင်း စတဲ့ (error)ပြစ်ချက်အမျိုးမျိုး ဖြစ်နေပြီဆိုပါက
KMT projector & android TV service ကိုဆက်သွယ်စုံစမ်း၍ ယုံကြည်စိတ်ချစွာ ပြုပြင်နိုင်ပါတယ်ခင်ဗျာ
လူကြီးမင်းတို့ရဲ့ တန်ဖိုးကြီးတဲ့ projector များကို
projector service အတွေ့အကြုံ ၁၅ နှစ်ကျော်ရှိ ဆရာကြီး ကိုယ်တိုင်အကောင်းဆုံး ပြုပြင်ပေးလျှက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ
မြန်မာတစ်နိုင်ငံလုံးမှ projector များကိုလည်း ရန်ကုန်အောင်ဆန်းကွင်းအထိ ပို့ဆောင်ပေးပါက သွားရောက်ယူ​ဆောင်ပြီး service ပြုလုပ်ပြီး ပြန်လည်ပို့ဆောင်ပေးပါတယ်ခင်ဗျာ
ဈေးနှုံးသင့်တင့်တဲ့ good second များကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်
အရောင်း၊အဝယ်၊အလဲ အဆင်ပြေအောင်ညှိနှိုင်းဆောင်ရွက်ပေးပါတယ်ခင်ဗျာ

ဆက်သွယ်မေးမြန်းလိုပါက

KMT facebook messnger
တွင်သော်လည်းကောင်း
ဖုန်းနံပါတ်
09759767773
ကိုသော်လည်းကောင်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Photos from KMT Electronic  Projector sales & service's post 17/05/2023

Projector တစ်လုံး ပုံမှန် အလုပ် လုပ်နေရင်လဲပဲ service ပြုလုပ်ပေးခြင်းဖြင့် ရည်ရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ် outdoors အသုံးပြု ထားတဲ့အလုံးတွေဆိုရင် service ပြုလုပ်ဖို့ ပိုမို လိုအပ်ပါတယ်
service ပြုလုပ်လိုပါက
electronic အမှတ် (၁၀၄) မြေညီထပ်
(၅၁)လမ်း အလည်ဘလောက်
မဟာဗန္ဓုလလမ်း နှင့် အနော်ရထာလမ်းကြား
အမှတ်(၁) ရပ်ကွက် ပုဇွန်တောင်မြို့နယ် ရန်ကုန် ကို သာလှမ်းလာခဲ့ပါလို့ ဖိတ်ခေါ်ပါတယိခင်ဗျာ ဆက်သွယ်မေးမြန်းလိုပါက ဖုန်း
09759767773 ကိုဆက်သွယ်မေးြမန်းနိုင်ပါတယ်ဗျာ

Videos (show all)

epson EB-S04 လေးထဲက တစ်လုံး ရောင်းထွက်သွားပါပြီ ဝယ်ယူအားပေးသွားတဲ့ တောင်ကြီးက ညီမလေး ရေ ကားတင်ပေးလိုက်ပြီနော် ဝယ်ယူအားပေ...
တောင်ငူက အကိုရေ ViweSonic projector လေး ပြုပြင်ပြီးပါပြီဗျာ ငွေလွှဲဝင်တာနဲ့ ကားဂိတ်တင်ပေးပါမယ်ဗျာ

Telephone

Website