Akr's EBL

Akr's EBL

English for Burmese Learners

05/11/2022

Z library က သုံးလို့ရနေပါသေးတယ်။ 🥳

Zlibrary ရဲ့ domain ကို ကနေ့ အမေရိကန်တရားရုံးအမိန့်နဲ့ ပိတ်ချလိုက်လို့ ကျွန်တော်တို့ အားထားရတဲ့ စာကြည့်တိုက် ဆိုက်ကလေး ပိတ်သွားရပါတယ်။

ဒါပေမယ့် အစိုးရတွေနဲ့ ဂူးဂဲ တို့လို အင်တာနက် ကုမ္ပဏီကြီးတွေက အင်တာနက်ကို ဗိုလ်ကျလွန်းလို့ ‌‌ဗိုလ်ကျလို့မရအောင် ထောင်ထားတဲ့ Dark Web တွေလည်း ရှိပါတယ်။ အရင်တည်းက သာမန် Zlibrary မှာ ဒေါင်းလို့မရတဲ့ စာအုပ်တွေဆို Dark Web မှာ သွားဒေါင်းရပါတယ်။

အခု သာမန် domain နဲ့ server ကို အမေရိကန် အစိုးရဘက်က ပိတ်လိုက်ပေမယ့် server နေရာ ရှာမရတဲ့ Dark Web ကတော့ ကျန်ပါသေးတယ်။

လုပ်ရတာ မခက်ပါဘူး။ TOR project ကနေ ဖန်တီးထားတဲ့ tor browser ကနေ Zlibrary ရဲ့ onion link ကနေ ဝင်ရမှာပါ။

သိချင်တဲ့သူများအတွက် ကောမန့်မှာ ဘယ်လိုလုပ်ရမလဲ ပြထားပါ့မယ်။

16/09/2022

Reading Aloud Practice

This is from the book 'For and Against' by L.G.Alexander.

You can also watch this video on Youtube.
https://youtu.be/9uLhbFeiaFI

14/09/2022

English Exposure for Speaking and Listening: Free Online Class

English Exposure for Speaking and Listening အတန်းက

* ဘာသာစကားနဲ့ ပိုပြီး အကျွမ်းတဝင်ရှိချင်တဲ့သူတွေ၊

* ကိုယ်တိုင်ဆိုရင် Listening တွေ၊ Speaking တွေ မလုပ်ဖြစ်ဘူး၊ Deadline တစ်ခုရှိမှ လုပ်ဖြစ်တယ် ဆိုသူတွေအတွက် ရည်ရွယ်ပါတယ်။

--အတန်းအကြောင်း--

ဒီအတန်းက self-pace နဲ့ သွားနိုင်တဲ့အတန်း ဖြစ်ပါတယ်။ public class ဖြစ်ပြီး free class ဖြစ်ပါတယ်။ Google Classroom ထဲမှာ အပတ်စဉ် ပေးထားတဲ့ assignment တွေကို အားလပ်တဲ့အချိန်မှာ လုပ်သွားရုံပါပဲ။ ဒီအတန်းထဲမှာ အင်တာနက်ပေါ်က များပြားလှတဲ့ အင်္ဂလိပ်စာ အရင်းအမြစ်တွေထဲက တစ်ချို့ကို စုပြီး အပတ်စဉ်နားထောင်ဖြစ်အောင်၊ အပတ်စဉ် စကားပြောဖြစ်အောင် စီစဉ်ထားပါတယ်။

🟠အတန်းမှာ ဘာတွေပါမှာလဲ။

များများ နားထောင်ဖြစ်ဖို့ Google Podcast လိုမျိုးက podcast တွေကို ကျနော် လင့် ချိတ်ပြီး နားထောင်ခိုင်းမှာ ဖြစ်ပါတယ်။ နားထောင်တဲ့အခါ သဘာဝအတိုင်းပဲ၊ နားလည်လည် မလည်လည် တစ်ပုဒ်တည်းကို အကြိမ်ကြိမ်နားထောင်ပြီး ကိုယ်ဖမ်းမိလိုက်တဲ့စကားလုံးတွေကတစ်ဆင့် အဓိပ္ပါယ်ရအောင်ခန့်မှန်း ပုံဖော်ယူဖို့ဖြစ်ပါတယ်။ အမှားအမှန်ကို ကျွန်တော်က စစ်ပေးမှာ မဟုတ်သလို၊ အဖြေမှန်ကိုလည်း ပြောပြမှာ မဟုတ်ပါဘူး။

စကားပြောတဲ့အခါ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်တာမျိုးလို၊ ကိုယ်အကြိုက်ဆုံးပစ္စည်းကို ဖော်ပြတာမျိုးလို နေ့စဉ်ပြောနေကျ စကားတွေကို ပြောကျင့်ဖို assignment ပေးထားမှာဖြစ်ပြီး ကိုယ့်ဘာသာ ပြင်ဆင်၊ အသံသွင်းပြီး အတန်းမှာ ထပ်ရမှာဖြစ်ပါတယ်။ ဒီမှာလည်း စကားပြောတဲ့အခါ usage အမှားတွေ၊ အသံထွက်အမှားတွေ၊ ပြောပုံဆိုပုံ အမှားတွေကို စစ်ပေးမှာ မဟုတ်သလို၊ ဘယ်လို ပြောရမယ်ဆိုတာကိုလည်း ပြောပြမှာ မဟုတ်ပါဘူး။

(အင်္ဂလိပ်စကားပြောကို သင်ရိုးစာအုပ်နဲ့ သင်တဲ့ ကျွန်တော်ရဲ့ Let's Talk 1 အတန်းကို လေ့လာချင်ရင် ဒီလင့်ကို နှိပ်ပါ။ https://sites.google.com/view/eblbyakr/speaking-class?authuser=0)

ဒါဆို ဒီအတန်းက ဘာလုပ်ဖို့လဲ ဆိုရင် လက်တွေ့မှာသုံးနေတဲ့ ဘာသာစကားကို အမှားအမှန် ပဓာနမထားဘဲ များများထိတွေ့ပြီး များများအသုံးပြုစေချင်လို့ဖြစ်ပါတယ်။

🟠ဘယ်သူတွေအတွက် မဟုတ်ဘူးလဲ။

ဒီအတန်းက အင်္ဂလိပ်ဘာသာကို စနစ်တကျ သင်ချင်တဲ့သူတွေအတွက် မဟုတ်သလို၊ ကိုယ် အသုံးပြုတဲ့ ဘာသာစကားအပေါ်မှာ ဆရာတစ်ဦးရဲ့ ဝေဖန်အကြံပြုချက်ရချင်တဲ့သူတွေအတွက် မဟုတ်ပါဘူး။ နောက်ပြီး ကိုယ့်ဘာသာ Google Podcast တွေမှာ သွားနားထောင်ပြီး၊ ကိုယ့်ဘာသာ စကားပြော လေ့ကျင့်နိုင်တယ် ဆိုတဲ့သူတွေအတွက်လည်း မဟုတ်ပါဘူး။

🟠ဘယ်သူတွေအတွက်လဲ။

ဒီအတန်းက ဘာသာစကားကို structured environment တစ်ခုမှာ ဖိအားမရှိဘဲ လေ့ကျင့်ချင်တယ်၊ ကိုယ်တိုင်ဆိုရင် မလုပ်ဖြစ်လို့ structure တစ်ခုနဲ့ဆိုရင်မှ လုပ်ဖြစ်တယ်ဆိုတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

အတန်းထဲ ဝင်ချင်သူများက Google Classroom code နဲ့ ဖြစ်ဖြစ်၊ Join Free Class Now ဆိုတဲ့ ခလုတ်ကို နှိပ်ပြီးဖြစ်ဖြစ် Classroom ထဲ ဝင်ရပါမယ်။။ အတန်းထဲမှာ သင်ခန်းစာတွေကို စနစ်တကျ စီထားမှာ မဟုတ်လို့ ကိုယ်မီတဲ့အပတ်ကနေ စပြီး join လို့ရပါတယ်။ deadline မတိုင်ခင် အပတ်စဉ် assignment တွေကို ထပ်လို့ရပါတယ်။

--အတန်းစည်းကမ်းများ--

🟠ကျောင်းသားတစ်ဦးက အပတ်တိုင်း ဘာတွေ လုပ်ရမှာလဲ။

- Complementary Assignment 1 အနေနဲ့ podcast တစ်ပုဒ် နားထောင်ပြီး မိမိနားလည်လိုက်တာကို စာလုံးရေ ငါးဆယ်အများဆုံးထားပြီး ပြန်ရေးရပါမယ်။

- Complementary Assignment 2 အနေနဲ့ ပေးထားတဲ့ speaking topic တစ်ခုကို ပြင်ဆင်ပြီး အများဆုံး နှစ်မိနစ် ပြောပြီး (MP3 နဲ့ဖြစ်စေ MP4 နဲ့ဖြစ်စေ) အသံသွင်းရပါမယ်။

- Optional Task ကတော့ ကိုယ့်အတန်းဖော်တစ်ယောက်ရဲ့ အသံဖိုင်ကို နားထောင်ပြီး သူ့ကို feedback ပေးရပါမယ်။

🟠ဒီလိုဆိုရင် အတန်းက ထုတ်ပယ်ပါ့မယ်။

weekly assignment တစ်ခု ပျက်ကွက်တာနဲ့ အတန်းကနေ ထုတ်ပယ်ပါ့မယ်။ ဒါမို့ ရတဲ့ အချိန် တစ်ပတ်အတွင်း မိမိအချိန်တွေကို မိမိဘာသာ အကောင်းဆုံးစီမံထားဖို့ လိုအပ်ပါတယ်။

စိတ်ဝင်စားလို့ အတန်းကို Join ချင်သူများက ကျွန်တော်ရဲ့ website မှာ Join Free Class Now ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး Google Classroom ကို Join နိုင်ပါတယ်။

https://sites.google.com/view/eblbyakr/english-exposure-for-speaking-and-listening?authuser=0

AKR EBL 08/09/2022

ဒီလထဲမှာ English Pronunciation အခြေခံ သင်တန်းလေး ဖွင့်ဖို့ ရှိပါတယ်။

အခြေခံဆိုတာ အင်္ဂလိပ်ရဲ့ အဓိက အသံ ၄၄ သံ ထွက်ပုံထွက်နည်းကို International Phonetic Alphabet- IPA နဲ့ သင်မှာဖြစ်ပါတယ်။ အသံထွက်နည်းတွေချည်းပဲ မဟုတ်ဘဲ နေ့တဓူဝ ပြောစကားတွေကြားထဲညှပ်ပြီး ဥပမာပေးပါမယ်။ သင်တန်းကျောရိုးကို Cambridge က ထုတ်တဲ့ English Pronunciation in Use Elementary စာအုပ်ကနေ ယူပါတယ်။

ဗမာစကားနဲ့ အင်္ဂလိပ်စကား ပြောပုံပြောနည်း နည်းစနစ် မတူတာကြောင့် ကျွန်တော်တို့ ဗမာစကားပြောတဲ့သူတွေ အင်္ဂလိပ်စကားပြောတဲ့အခါ ဆိုလိုရင်းကို ဖိပြီးပြောဖို့၊ ရှင်းအောင်ပြောဖို့ ခက်ပါတယ်။ အင်္ဂလိပ် အသံထွက်ပုံ ကို သတိမပြုမိတာကြောင့်လည်း အင်္ဂလိပ်စကားပြောသူတွေရဲ့ အသံကို လိုက်ဖမ်း နားထောင်ဖို့ ပိုပြီးအခက်ကြုံရပါတယ်။ ဥပမာ သူတို့တွေ စကားကို တဆက်တည်း ပြောသွားရင် နားထောင်နေရင်း နားမလည်တော့တာမျိုး ဖြစ်တတ်ပါတယ်။

ကျွန်တော့်ရဲ့ ဒီအတန်းမှာ Phonemes (သရသံတွေနဲ့ ဗျည်းသံတွေ)၊ Cluster တွေနဲ့ စကားလုံး‌အသံထွက်တဲ့အခါ အသံ အဖိ အဖော့ တွေကို နိုင်ငံတကာ အသံထွက်သင်္ကေတ IPA ကို အသုံးပြုပြီး သင်ကြားပေးမှာပါ။

သင်ကြားချိန်ကတော့ တစ်ပတ်ကို သုံးရက် (တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ) ဖြစ်ပြီး လေးပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ (၁၈) ရက်နေ့ စပြီး ဖွင့်လှစ်ပါမယ်။

သင်တန်းကြေးကတော့ သုံးသောင်းကျပ် ဖြစ်ပါတယ်။ ဒီကာလမှာ သင်တန်းကြေး အသင့်တင့်နဲ့ တက်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ ဒီလ (၁၀) ရက်နေ့မတိုင်မီ သင်တန်းလာအပ်သူများကိုတော့ သင်တန်းကြေးရဲ့ (၁၀) ရာခိုင်နှုန်း လျှော့ပေးပါမယ်။

သင်တန်းအကြောင်း အသေးစိတ်နဲ့ သင်ရိုး၊ အချိန်ဇယား၊ သင်ယူမှု ဦးတည်ချက်တွေကို လေ့လာချင်ရင် ကျွန်တော့်ရဲ့ website ထဲမှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
https://sites.google.com/view/akrebl-englishpronunciation

စိတ်ဝင်စားလို့ တက်ချင်တယ်ဆိုရင် enrollment form ကို ဖြည့်သွင်းပြီး ကျွန်တော့်ထံ သင်တန်းကြေးသွင်းထားတဲ့ screenshot ပို့ပေးရင် သင်တန်း တက်ရမယ့် zoom link ကို အီးမေးလ် က တစ်ဆင့်ပြန်လည် ပို့ပေးပါ့မယ်။
https://forms.gle/QZVqWhCLgPWKzmfR9

မှတ်ချက်။ အသံထွက်သင်တန်းမှာ ပါးစပ်ပုံစံကို ကျွန်တော်မြင်ရမှ စစ်ဆေးလို့ ပိုကောင်းမှာမို့လို့ အတန်းထဲမှာ ကင်မရာကို ဖွင့်ထားပေးရပါမယ်။

AKR EBL Basic English Pronunciation Class: Phonemes, Clusters and Syllables

Videos (show all)

Reading Aloud Practice - For and Against by L.G.Alexander

Telephone