MK Construction Group

MK Construction Group

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MK Construction Group, Construction Company, .

Photos from MK Construction Group's post 05/07/2023

🗯️ 𝐇𝐈𝐑𝐈𝐍𝐆 𝐏𝐎𝐒𝐓 🗯️

We are looking for relevant candidates to join our growing team.

📣 Architect - 1 Post
▪️Min. 3 years of relevant experience
▪️Master or Bachelor degree in Architecture

📣 Junior Architect - 1 Post
▪️Min. 1 year of relevant experience
▪️ Bachelor's degree in Architecture

📣 Accountant - 1 Post
▪️Min. 3 year of relevant field preferable
▪️Any Graduated

📣 Senior Site Engineer - 1 Post
▪️Min. 5 years of relevant experience
▪️Master or Bachelor's degree in Civil Engineering

📣 Site Engineer - 3 Post
▪️Min. 3 years of relevant experience
▪️ Bachelor's degree in Civil Engineering

📣 Quantity Surveyor or Estimator - 1 Post
▪️ Min. 3 years of relevant experience
▪️ Bachelor's degree in civil engineering

📣 Staff Admin - 1 Post
▪️ Min. 2 years of relevant experience

Send your CV to
📧 Page Chat Box or [email protected] with expected salary.

JOIN US TODAY!

𝐌𝐊 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
📱 09 203 0073 , 09402657890

02/06/2023

ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နယုန်လပြည့်နေ့အခါသမယ ဖြစ်ပါစေခင်ဗျာ...။ 🙏🏼

🌕 နယုန်လပြည့် - မဟာသမယနေ့မှာ အိမ်သစ်၊ တိုက်သစ်၊ နေရာသစ်တို့၌ မင်္ဂလာယူလိုတဲ့အခါများမှာ ရွတ်ဆိုဖတ်ကြားသင့်တဲ့ ✨မဟာသမယသုတ် ခေါ် နတ်ချစ်ဂါထာ✨ အကြောင်းလေး မျှဝေပေးပါရစေ...။ 🙏🏼

✨ မဟာသမယသုတ် ✨ ဆိုတာကတော့ မြတ်စွာဘုရားရှင် မဟာဝုန်တောမှာ သီတင်းသုံးနေခိုက် လူ၊နတ်၊ဗြဟ္မာအားလုံး စုရုံးရောက်ရှိလာတဲ့အချိန်မှာ ဟောကြားခဲ့တဲ့သုတ်တော်ဖြစ်ပါတယ်။
✨နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ခွန်းဆက်၍ ဟောကြားတော်မူသော စကားတော်များဖြစ်တာကြောင့် နတ်ဗြဟ္မာများ အင်မတန်နှစ်ခြိုက်ကြတဲ့သုတ်ဖြစ်တယ်လို့ လူကြီးသူမများက လက်ဆင့်ကမ်း ပြောပြခဲ့ကြပါတယ်ခင်ဗျာ။

မဟာသမယသုတ်တော်ကို ရွတ်ဖတ်ခြင်းဖြင့်
✨ အနာရောဂါ ကင်းရှင်းခြင်း
✨ဘေးဆိုးရန်ဆိုး အန္တရာယ်အမျိုးမျိုးတို့ မကျရောက်ပဲ ပြေပျောက်ခြင်း
✨ အသက်ရှည်ရှည် နေရခြင်း
✨ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်း
✨ များစွာသော နတ်ဗြဟ္မာတို့၏ ချစ်ခင်နှစ်သက်မှုကို ရရှိခြင်း အစရှိသော အကျိုးထူးတရားတို့ကို ရရှိစေနိုင်တယ်လို့လည်း ဆိုထားပါတယ်ဗျ။

မဟာသမယသုတ်တော်ကို ရွတ်ဖတ်သရစ္ဇျယ်လိုကြရင်တော့ Youtube မှာရော၊ အခြားနေရာများမှာပါ ဆရာတော်ကြီးများ ရွတ်ဖတ်ပြထားတဲ့ link များကို အလွယ်တကူရှာဖွေနိုင်ပါတယ်ဗျ။ နယုန်လပြည့်နေ့အခါသမယမှာ ✨မိတ်ဆွေတို့ရဲ့ နေအိမ်ရော၊ ဝန်းကျင်မှာပါ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ✨ လို့ MK Construction မိသားစုမှ ဆုမွန်ပြုအပ်ပါတယ်ခင်ဗျာ...။

Photos from MK Construction Group's post 24/05/2023

MK Construction က Residential တွေပဲ ဆောက်တာလား? >>> မဟုတ်ရပါဘူးဗျ။

ဒီမှာ MK ရဲ့ နောက်ထပ် Commercial Building Project တစ်ခုဖြစ်တဲ့ Takhon supermarket ကို တင်ဆက်လိုက်ပါတယ်ဗျ။ 👇🏼👇🏼

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ ဆောက်လုပ်လက်စဖြစ်တဲ့ Takhon Supermarket မှာပါဝင်မှာတွေကတော့

▪️မြေညီထပ်မှာ Medicare, Cosmetic, Promotion Area, Liquore Store Area နဲ့ အခြားလူသုံးကုန်ပစ္စည်း တို့ပါရှိပါတယ်။
▪️ပထမထပ်ကတော့ Clothing & Fashion အတွက် သီးသန့်ဖြစ်ပြီး
▪️ဒုတိယထပ်မှာတော့ ဈေးဝယ်ထွက်ရင်း အနားယူလို့ရအောင် Yang Yang Tea House ရဲ့ Food Court & Coffee Bar ပါရှိမှာ ဖြစ်ပါတယ်။
▪️တတိယထပ်မှာကတော့ Takhon Office Area တို့ ပါဝင်မှာဖြစ်ပါတယ်။

👉 3.5 RC Building ဖြစ်ပြီး Residential နဲ့ မတူတာကတော့ Commercial Building ဖြစ်တဲ့အတွက် space planing၊ People circulation နဲ့ natural lighting ကောင်းကောင်းရဖို့စသဖြင့် အသေးစိတ်ထည့်သွင်းစဉ်းစားပြီး တည်ဆောက်ပေးလျက်ရှိပါတယ်။

Supermarket ကြီးတစ်ခုလုံးကို တည်ဆောက်ပေးဖို့ ယုံကြည်စွာအပ်နှံတဲ့ Takhon Supermarket ကိုလည်း MK Group မှအထူးကျေးဇူးတင်ပါတယ်ဗျ။ 🙏🏼

မကြာခင် ရုပ်လုံးပေါ်လာတော့မယ့် Takhon Supermarket ကြီးကို စောင့်မျှော်အားပေးကြပါဦး အမျိုးတို့ရေ။

လူကြီးမင်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းများအတွက် Commercial Building များ တည်ဆောက်ဖို့ရှိလာခဲ့ရင် ကျွန်တော်တို့ MK Group ကို ဆက်သွယ်တိုင်ပင်ဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ပါရစေဗျာ။

✨Quality Is Our Speciality. ✨ ဆိုတဲ့အတိုင်း အရည်အသွေးစစ်မှန်တိကျဖို့ MK မှ pre construction stage ကနေ fully furnished အထိ အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်ဗျာ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။📱 09 203 0073, 09402657890

14/05/2023

သားသမီးတွေရဲ့ အိပ်မက်တွေထဲက တစ်ခုကတော့ ~
"အမေ့စိတ်ကူးထဲက 🏡 အိမ်လေးကို ပုံဖော်ပေးဖို့ပါ" ပဲ...။

အမေ့ဖုန်းထဲမှာသိမ်းထားတဲ့ 🏡အိမ်ပုံလေးတွေ...
အမေသဘောကျတယ်ပြောဖူးတဲ့ 🏡အိမ်ပုံလေးတွေ...
အပြင်မှာ ထုတ်မပြောပေမယ့် ဒီလိုအိမ်ပုံလေးတွေမြင်တိုင်း တစ်နေ့တော့ အမေ့အတွက် အိမ်လေးတစ်လုံးဆောက်ပေးနိုင်ရမယ်ဆိုတာ ရင်ထဲမှာ အမြဲရှိတယ်လေ။ 💛

အတော်အသင့် စုမိဆောင်းမိလို့ အမေ့အတွက် အိမ်လေးတစ်လုံးဆောက်တော့မယ်ဆိုရင်တော့
✨အရည်အသွေးစိတ်ချရပြီး ပစ္စည်းမခို၊ မကပ်
✨Technical ပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ Engineer, Architect များကိုယ်တိုင်ဦးစီးပြီး
✨Client အတွက် အိမ်ကို ကိုယ်နေမယ့်အိမ်လို စေတနာထားဆောက်လုပ်ပေးတဲ့ Construction Company မျိုးကို အပ်နှံပါခင်ဗျာ။ ဒါမှ Project တလျှောက်လုံး စိတ်လက်ချမ်းသာစွာနဲ့ အမေ့အတွက် တသက်တာလက်ဆောင်မွန်လေးကို ပေးအပ်နိုင်မှာပေါ့ဗျာ။ 💝

🏡အမေ့အတွက် အိမ်လှလှလေးဆောက်လုပ်ပေးချင်ဖို့ ကျွန်တော်တို့ရဲ့ MK Construction နဲ့ ဆက်သွယ်နိုင်ပါတယ်။
👉🏼 Project အစ Sketch ကစပြီး မိတ်ဆွေသုံးချင်တဲ့ Budget အတိုင်း propose လုပ်ပေးဖို့၊ နောက်ဆုံး ရုပ်လုံးပေါ် အသင့်တက်နေရုံအနေအထားအထိ စိတ်တိုင်းကျ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။

💝ပျော်ရွှင်စရာအမေများနေ့မှာ အမေ့စိတ်ကူးလေးကို အကောင်အထည်ဖော်ပေးဖို့ ခုပဲဆက်သွယ်လိုက်ပါဗျ။💝

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။တ📱 09 424 803 073, 09 203 0073

17/04/2023

ယနေ့ နှစ်ဆန်းတစ်ရက်နေ့မှစပြီး MK Construction ရဲ့ မိတ်ဟောင်း၊ မိတ်သစ်အပေါင်း 🌿စိတ်၏ချမ်းသာခြင်း၊ 🌿ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
လာမယ့် ✨မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်✨မှာ လုပ်ငန်းများ ဒီရေအလားပိုပြီးတိုးတက်ကြပါစေ၊ ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပြီး ရည်မှန်းထားတဲ့အဆောက်အဦးများလည်း ဒီနှစ်ထဲမှာ အောင်မြင်စွာတည်ဆောက်နိုင်ကြပါစေဗျ။ 🌟
ကျွန်တော်တို့ MK Construction အဖွဲ့သားများအားလုံးက ဆန္ဒပြုပါတယ်။ 🙇‍♂️

#မင်္ဂလာနှစ်သစ်

31/03/2023

MK Construction Group တွင် တာဝန်ထမ်းဆောင်ရန် 👷🏽‍♂️ Site Engineer - 1 ဦး အမြန်အလိုရှိသည်။

Job Vacancy - Site Engineer
Project Location - Yangon

လိုအပ်သောအရည်အချင်းများ
________________________

▪️B.E (Civil) ဘွဲ့ရဖြစ်ရမည်။
▪️ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွေ့အကြုံအနည်းဆုံး (၃) နှစ်ရှိရမည်။

လုပ်ငန်းတာဝန်များ
_______________

▫️Project site တွင် ကြီးကြပ်တာဝန်ယူရမည်ဖြစ်ပြီး
▫️Structural drawing, Steel work, Architectural drawing များကို ကောင်းစွာ နားလည်၊ ကြည့်တတ်ရမည်။
▫️Project Expense, Constructions Materials Management နှင့် Work schedule များ ရေးဆွဲနိုင်ရမည်။
▫️Site တစ်ခုလုံး နဲ့ Labour များကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲနိုင်ရမည်။
▫️Site ၏ နေ့စဉ်တိုးတက်မှု နှင့် လုပ်ငန်းပြောင်းလဲမှုများအတွက် Chief Engineer ကို report တင်ပေးရမည်။
▫️လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သည့် လုပ်ငန်းဆိုင်ရာ ပြဿနာများကို အကောင်းဆုံး ဖြေရှင်းနိုင်ရမည်။
▫️Sub-contractor များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရမည်။
▫️Interpersonal skill, communication skill ကောင်းမွန်ရန် အထူးလိုအပ်သည်။
▫️တောင်တွင်းကြီး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

လစာ - ညှိနှိုင်း

စိတ်ဝင်စားသူများအနေနှင့် CV form ကို 📧 page messenger သို့ပေးပို့၍ (၀၅.၀၄.၂၀၂၃) နောက်ဆုံးထားပြီး အလုပ်လျှောက်ထားနိုင်ပါသည်။

CV form တွင် ဓာတ်ပုံ၊ အလုပ်အတွေ့အကြုံ၊ ဘွဲ့လက်မှတ်၊ မျှော်မှန်းလစာ နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကိုပါ တပါတည်း ထည့်သွင်းလျှောက်ထားရန်။

ပဏာမရွေးချယ်ခံရသူများကို ဖုန်းဖြင့်ဖြစ်စေ ပြန်လည်ဆက်သွယ်ပေးပါမည်။

အတူလက်တွဲအလုပ်လုပ်ရန် မျှော်လင့်လျှက် -

MK Construction Group
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

22/03/2023

📣 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သီးသန့် လိုအပ်နေပြီလား❓

အိမ်သစ်၊ ဆိုင်သစ်၊ ရုံးခန်းသစ်များအတွက်

🔺ကိုယ့်ဒီဇိုင်းနဲ့ ကိုယ့်စိတ်ကြိုက် ဆောက်ချင်တယ်။
🔺ကိုယ်ရွေးချယ်တဲ့ပစ္စည်းနဲ့ကိုယ် သွားချင်တယ်။

ဒါပေမယ့်
❗️ပရောဂျက် အချိန်မီပြီးစီးဖို့
❗️Quality Control ရှိဖို့
❗️အပိုမကုန်သင့်တဲ့နေရာတွေ မကုန်ဖို့၊ ယိုပေါက်တွေ နည်းနိုင်သမျှနည်းဖို့ အတွက်
𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သီးသန့် လိုအပ်တယ်ဆိုရင် MK Construction ကို ဆက်သွယ်လိုက်ပါ။

မိတ်ဆွေတို့ရဲ့ Construction Project များအတွက် ✨𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သီးသန့်✨

👷🏼ကျွမ်းကျင်ပြီး အတွေ့အကြုံအများကြီးရှိတဲ့ Engineer တစ်ယောက်ရဲ့ skill နဲ့ management
ဒါတွေကို Project size ပေါ်မူတည်ပြီး ✨သင့်တော်တဲ့ % ရာခိုင်နှုန်း✨တစ်ခုကို management fees အနေနဲ့ယူပြီး Project တစ်ခုလုံးကို ✅အချိန်မှန်၊ ✅အရည်အသွေးပြည့်ဝစွာ ပြီးစီးသွားအောင် တာဝန်ယူပေးမယ့် MK Construction ရဲ့ "Service အသစ်စက်စက်" ပါ။

ဒီ service ကို ယူခြင်းအားဖြင့်
✅ကိုယ့်စိတ်ကြိုက် အိမ်၊ ဆိုင်၊ ရုံးခန်း ကို Professional Engineer တစ်ယောက်ရဲ့ အနီးကပ်စီမံခန့်ခွဲမှုနဲ့အတူ အဆင်ချောမွေ့စွာ ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
✅ဒီ service ကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ MK Construction နဲ့ အချိန်မရွေး ဆက်သွယ်လိုက်ပါဗျ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။တ📱 09 424 803 073, 09 203 0073
Construction_Project Management

Photos from MK Construction Group's post 04/03/2023

အမရပူရက (၃၀'x၃၅') နှစ်ထပ်တိုက်လေးကို မှတ်မိကြ သေးလားဗျ။

🏠 Earth Tone လေးနဲ့ Contemporary design လေးမို့ 3D Design ထွက်ကတည်းက သဘောကျနေကြတာ။

အမရပူရ ရဲ့ ⛅️ ရာသီဥတုနဲ့ကိုက်ညီအောင် ဖန်တီးထားတဲ့ လေဝင်လေထွက်ကောင်းကောင်း၊ အလင်းရောင် ကောင်းကောင်းရမယ့် လုံးချင်းအိမ်လေးကို စတင်ဆောက်လုပ်နေပါပြီခင်ဗျ။

ဒါကတော့ Ongoing Project ပုံလေးတွေပါ။
Structural ပိုင်း ပြီးလုနီးပြီမို့ မကြာခင်မှာ 3D design ထဲက အတိုင်းကြွရွလှပတဲ့ အိမ်လေးကို မြင်ရတော့မှာပါ။ 😊

ယုံကြည်စွာ အပ်နှံခဲ့တဲ့ Owner မိသားစုကိုလည်း ကျေးဇူးတင်ရပါတယ်။
မိတ်ဆွေတို့လည်း ဒီလို ကိုယ့်ဒေသ ရာသီဥတု နဲ့လည်း ကိုက်ညီ၊ ခေတ်မီဒီဇိုင်းလည်းဖြစ်တဲ့ လုံးချင်းအိမ်တစ်လုံး ဆောက်လုပ်မယ် စဉ်းစားရင် ကျွန်တော်တို့ရဲ့ MK Construction နဲ့သာ ဆက်သွယ်လိုက်ပါခင်ဗျာ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။တ📱 09 424 803 073, 09 203 0073

21/02/2023

MK Construction Group တွင် တာဝန်ထမ်းဆောင်ရန် 👷🏽‍♂️ Site Engineer - 1 ဦး အမြန်အလိုရှိသည်။

Job Vacancy - Site Engineer

လိုအပ်သောအရည်အချင်းများ
_____________________________

▪️B.E (Civil) ဘွဲ့ရဖြစ်ရမည်။
▪️ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွေ့အကြုံအနည်းဆုံး (၃) နှစ်ရှိရမည်။

လုပ်ငန်းတာဝန်များ
____________________

▫️Project site တွင် ကြီးကြပ်တာဝန်ယူရမည်ဖြစ်ပြီး
▫️Structural drawing, Steel work, Architectural drawing များကို ကောင်းစွာ နားလည်၊ ကြည့်တတ်ရမည်။
▫️Project Expense, Constructions Materials Management နှင့် Work schedule များ ရေးဆွဲနိုင်ရမည်။
▫️Site တစ်ခုလုံး နဲ့ Labour များကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲနိုင်ရမည်။
▫️Site ၏ နေ့စဉ်တိုးတက်မှု နှင့် လုပ်ငန်းပြောင်းလဲမှုများအတွက် Chief Engineer ကို report တင်ပေးရမည်။
▫️လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သည့် လုပ်ငန်းဆိုင်ရာ ပြဿနာများကို အကောင်းဆုံး ဖြေရှင်းနိုင်ရမည်။
▫️Sub-contractor များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရမည်။
▫️Interpersonal skill, communication skill ကောင်းမွန်ရန် အထူးလိုအပ်သည်။
▫️တောင်တွင်းကြီး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

လစာ - ညှိနှိုင်း

စိတ်ဝင်စားသူများအနေနှင့် CV form ကို 📧 page messenger သို့ ပေးပို့၍ (၂၅-၀၂-၂၀၂၃) နောက်ဆုံးထားပြီး အလုပ်လျှောက်ထားနိုင်ပါသည်။

CV form တွင် ဓာတ်ပုံ၊ အလုပ်အတွေ့အကြုံ၊ ဘွဲ့လက်မှတ်၊ မျှော်မှန်းလစာ နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကိုပါ တပါတည်း ထည့်သွင်းလျှောက်ထားရန်။

ပဏာမရွေးချယ်ခံရသူများကို ဖုန်းဖြင့်ဖြစ်စေ ပြန်လည်ဆက်သွယ်ပေးပါမည်။

အတူလက်တွဲအလုပ်လုပ်ရန် မျှော်လင့်လျက် -

MK Construction Group
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Photos from MK Construction Group's post 04/02/2023

တောင်တွင်းကြီးရဲ့ R.C နှစ်ထပ်တိုက် ပရောဂျက်အတွက် ✨ပန္နက်တင်အခမ်းအနား ✨ ပြုလုပ်ခဲ့ပါတယ်ဗျ။

အဆောက်အဦးတစ်ခု မဆောက်လုပ်ခင်မှာ ပန္နက်တင်တယ်ဆိုတာ ဒီအဆောက်အဦးအတွက်
✅ပရောဂျက်ကောင်းမွန်ပြည့်စုံစွာ အပြီးသတ်နိုင်ဖို့အပြင်
နေမယ့်အိမ်ရှင်အတွက် ✅စီးပွားတက်ဖို့၊ ✅ရေရှည်တည်တံ့ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ပါဝင်ပါတယ်။

MK Construction ရဲ့ လုပ်ငန်းအပ်သူ အိမ်ရှင်အပေါင်း project အတွင်းမှာရော၊ project အပြီးမှာပါ စိတ်ချမ်းသာစွာနဲ့ သာယာတဲ့အိမ်လေးတစ်လုံး ဖန်တီးတည်ဆောက်နိုင်ဖို့က MK ရဲ့ စေတနာအရင်းခံပါခင်ဗျ။ 😊

MK Construction နဲ့ ဆက်သွယ်တိုင်ပင်ဖို့အတွက် ဒီလိုဆက်သွယ်နိုင်ပါတယ်နော်။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။တ📱 09 424 803 073, 09 203 0073

Photos from MK Construction Group's post 30/01/2023

လာမယ့်အပတ်ထဲမှာ ပန္နက်တင်ပြီး စတင်ဆောက်လုပ်တော့မယ့် R.C နှစ်ထပ်တိုက် အလှလေး... 🏡

✨တောင်တွင်းကြီးမြို့ရဲ့ သတ္တဌာနဘုရားလမ်းပေါ်မှာရှိတဲ့ အကွက်အကွင်းကောင်းမြေပေါ်မှာ မကြာခင်မြင်ရတော့မယ့် နှစ်ထပ်တိုက် ပရောဂျက်ကို MK Construction မှ တာဝန်ယူဆောက်လုပ်တော့မှာ ဖြစ်ပါတယ်ဗျ။ 😊

▪️Master Bedroom ၂ ခန်း
▪️ရိုးရိုး Bedroom ၃ ခန်း
▪️ရေချိုးခန်း၊ အိမ်သာတွဲလျက် ၄ ခန်း နဲ့အတူ

▫️ဧည့်ခန်း
▫️ထမင်းစားခန်း
▫️မီးဖိုချောင်
▫️ဘုရားခန်း သီးသန့်စီ ပါဝင်တာမို့ မိသားစုအတွက် အေးအေးဆေးဆေး၊ ကျယ်ကျယ်လွင့်လွင့် နေဖို့ အကောင်းဆုံး 💕Home Sweet Home 💕လေးဖြစ်လာမှာပါ။

🏡ဝရန်တာအကျယ်ကြီးလည်း ပါသေးတော့ ညနေဆို စာထွက်ဖတ်မလား၊ လေညင်းခံမလား...
3D Design နဲ့တင်ကို ချစ်စရာ အိမ်သာယာလေး ဖြစ်နေပါပြီ။ ဒီလို Home Sweet Home လေးကို အမှန်တကယ်ဖြစ်တည်လာအောင် MK Construction ကို ပုံဖော်ခွင့်ပေးတဲ့အတွက် Client မိသားစုကိုလည်း အထူးကျေးဇူးတင်ပါတယ်။ 😊 Architectural Design အတွက် ANU BWE (အနုဖွဲ့) နဲ့ လက်တွဲရတာကိုလည်း ဝမ်းသာပါတယ်ဗျ။ 😊

👉🏼ဘယ်မြို့ ၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်...
👉🏼စိတ်ကူးထဲက အိမ်ကလေးကို အကောင်အထည်ဖော်ဖို့ MK Construction နဲ့ ဆက်သွယ်လိုက်ပါဗျ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။တ📱 09 424 803 073, 09 203 0073

Photos from MK Construction Group's post 26/01/2023

ဒီနေ့တော့ နည်းနည်းလေး ကြွားခွင့်ပြုပါဗျ။ 🤓

၂၀၂၂ တစ်နှစ်လုံး 👷🏽‍♀️ MK Construction team တစ်ခုလုံး စိတ်ရော၊ ကိုယ်ပါနှစ်ပြီး ဂုဏ်ယူစွာ တည်ဆောက်ခဲ့တဲ့ Project လေးတချို့....

👷🏽‍♂️MK ကို ယုံကြည်စွာ အပ်နှံခဲ့ကြတဲ့ owner များကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်... ယုံကြည်ချက်တွေကို အကောင်အထည်ဖော်ခွင့်ရတဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်ဗျ။ ၂၀၂၃ မှာလည်း ပိုပိုပြီးကောင်းမွန်အောင် ကြိုးစားသွားပါ့မယ်။ 🙏🏼

၂၀၂၃ မှာ project အလန်းတွေ တည်ဆောက်ဖို့ လိုအပ်လာရင် ဆက်သွယ်ပါဗျ။
📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။📱 09 424 803 073, 09 203 0073

Photos from MK Construction Group's post 11/01/2023

လုပ်ငန်းခွင်မှာ တစ်နေ့တာ... 👷🏽‍♂️

Client တွေက ကျွန်တော်တို့ကို ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပြီဆိုတာနဲ့ MK အဖွဲ့သားများအနေနဲ့

🕑 အချိန်မှန် ပရောဂျက်ပြီးစီးဖို့
📈Process တိုင်းမှာ Quality ကောင်းတဲ့ material တွေကို မှန်မှန်ကန်ကန်အသုံးပြုဖို့
📝 Architectural, Structural plan တွေအတိုင်း တိကျမှန်ကန်စွာ ဆောက်လုပ်ဖို့ အသေးစိတ် တဆင့်ချင်း တိုင်ပင်ဆောင်ရွက်ရပါတယ်ဗျ။ ဒါ့အပြင် လုပ်ငန်းခွင်မှာ အဖွဲ့သားတွေရဲ့ ❗️safety ❗️ကိုလည်း ဦးစားပေးဂရုစိုက်ရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင် ဆိုတာ တကယ်ပင်ပန်းပါတယ်။ ဒါပေမယ့် ကိုယ်ဆောက်လုပ်ထားတဲ့ အဆောက်အဦးက ခိုင်ခိုင်ခံ့ခံ့၊ လှလှပပ ပြီးစီးသွားတဲ့အချိန်ရတဲ့ ပီတိက ဘာနဲ့မှကို မတူတာပါ။ 😊 ဒါကြောင့်လည်း MK အနေနဲ့ ဒီနှစ်ပိုင်း အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေအများကြီးကြားထဲက ဆက်လုပ်ဖြစ်နေတာပါခင်ဗျ။

ကိုယ်ကိုင်နေတဲ့ project က qualified and safe building တစ်ခုဖြစ်လာဖို့ ဆိုတဲ့ ရည်ရွယ်ချက်အောက်မှာ ကျွန်တော်တို့ MK အဖွဲ့သားအားလုံး ကြိုးစားနေကြပါတယ်...။ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်တစ်နေ့တာကိုလည်း မိတ်ဆွေတို့နဲ့အတူ မျှဝေလိုက်ပါတယ်...။ အားလုံး အဆင်ပြေကြပါစေဗျ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။တ📱 09 424 803 073, 09 203 0073

03/01/2023

အရောင်တွေနဲ့ စိတ်ခံစားမှု ဆက်စပ်နေသလား...❓

ဟုတ်ကဲ့... ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ အရောင်တွေက စိတ်ခံစားမှုပေါ်မှာ အနည်းနဲ့အများ လွှမ်းမိုးမှုတွေရှိပါတယ်ခင်ဗျ။ ဒါကြောင့် အိမ်သစ်လေးဆောက်တဲ့အခါ အတွင်း၊ အပြင် အရောင်တွေကို သေချာလေး ရွေးချယ်ဖို့ လိုအပ်ပါတယ်။

⚪️ အဖြူရောင်

အဖြူကတော့ လင်းချင်းပြီး သန့်နေစေတာ အမှန်ပါပဲ။ ဒါပေမယ့် တစ်ခန်းလုံး အရမ်းဖြူနေရင်ကျတော့လည်း တမျိုးဖြစ်နေလို့ အဖြူမဟုတ်ဘဲ Off-White လိုအရောင်မျိုးလေးဖြစ်ဖြစ်၊ တခြားအရောင်နဲ့ တွဲဖက်ပြီးတော့ဖြစ်ဖြစ် သုတ်လိုက်ရင်တော့ စိတ်ကြည်လင်စေပါတယ်ဗျ။ အဖြူကတော့
☁️ ဧည့်ခန်း
☁️ ဘုရားခန်း လိုနေရာမျိုးတွေမှာ အသုံးများကြတယ်။

🟡 အဝါရောင်

အဝါရောင်ကို Happy Colour လို့ သတ်မှတ်ကြပါတယ်။ နေရောင်ခြည်ရဲ့ အရောင်၊ နေကြာပန်းတွေရဲ့အရောင်ကို ခုခေတ်လူငယ်တွေ ကြိုက်ကြတာများပါတယ်။ ဒါပေမယ့် အဝါကို အဝါဖြဲဖြဲကြီးမဟုတ်ပဲ နွေးထွေးတဲ့အဝါရောင် shade ကိုတော့ ရွေးချယ်ဖို့ လိုပါတယ်။ အဝါကို အသုံးများတာကတော့

🌻 ဧည့်ခန်း
🌻 ထမင်းစားခန်း
🌻 မီးဖိုချောင် လို နေရာမျိုးတွေပေါ့။

🔵 အပြာရောင်

စိတ်ငြိမ်းအေးချင်ရင်တော့ အပြာရောင်နုနုလေး ရွေးကြတယ်။
ကောင်းကင်ရဲ့အရောင်၊ ပင်လယ်ကြီးရဲ့အရောင်ပေါ့။ အပြာရောင်နုနုက နှလုံးငြိမ်စေတယ်။
🌊 အိပ်ခန်း
🌊 ရေချိုးခန်း နဲ့
🌊 ရုံးခန်း အလုပ်ခန်းတွေအတွက် အပြာနုလေး သုံးကြပါတယ်။

ဒါကတော့ modernized residential building တွေမှာ အသုံးများတဲ့ အခြေခံအရောင်လေးတွေပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံမှာက ကြက်ဥနှစ်ရောင်၊ အညိုရောင်၊ အစိမ်းနု နဲ့ မီးခိုးရောင်တွေ သုံးတာများခဲ့တဲ့ အချိန်တစ်ခုရှိပါတယ်။ ဒီတစ်ခါ ဆေးသုတ်မယ်၊ အိမ်အသစ်ဆောက်မယ်ကြံရင် ခေတ်စားနေတဲ့အရောင်လေးတွေ တမျိုးစမ်းကြည့်ကြမလားဗျ! 😊

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။တ📱 09 424 803 073, 09 203 0073

18/12/2022

MK Construction Group တွင် တာဝန်ထမ်းဆောင်ရန် 👷🏽‍♂️ Site Engineer 👷🏽‍♂️များ ခေါ်ယူနေပါတယ်။

Job Vacancy - Site Engineer x 2 posts

လိုအပ်သောအရည်အချင်းများ
_____________________________

▪️B.E (Civil) ဘွဲ့ရဖြစ်ရမည်။
▪️ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွေ့အကြုံအနည်းဆုံး (၃) နှစ်ရှိရမည်။

လုပ်ငန်းတာဝန်များ
____________________

▫️MK Construction ၏ site များတွင် ကြီးကြပ်တာဝန်ယူရမည်ဖြစ်ပြီး
▫️Structural drawing, Steel work, Architectural drawing များကို ကောင်းစွာ နားလည်၊ ကြည့်တတ်ရမည်။
▫️Site Estimate, Work plan များ ရေးဆွဲနိုင်ရမည်။
▫️Site တစ်ခုလုံး နဲ့ Labour များကို နိုင်နိုင်နင်းနင်း စီမံခန့်ခွဲနိုင်ရမည်။
▫️Site ၏ နေ့စဉ်တိုးတက်မှု နှင့် လုပ်ငန်းပြောင်းလဲမှုများအတွက် Chief Engineer ကို report တင်ပေးရမည်။
▫️လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သည့် လုပ်ငန်းဆိုင်ရာ ပြဿနာများကို အကောင်းဆုံး ဖြေရှင်းနိုင်ရမည်။
▫️Sub-contractor များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရမည်။
▫️Interpersonal skill, communication skill ကောင်းမွန်ရန် အထူးလိုအပ်သည်။
▫️မန္တလေး၊ တောင်တွင်းကြီး၊ ရန်ကုန်မြို့များတွင် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

လစာ - ညှိနှိုင်း

စိတ်ဝင်စားသူများအနေနှင့် CV form ကို 📧 [email protected] သို့ ပေးပို့၍ (၂၀-၁၂-၂၀၂၂) နောက်ဆုံးထားပြီး အလုပ်လျှောက်ထားနိုင်ပါသည်။ CV form တွင် ဓာတ်ပုံ၊ အလုပ်အတွေ့အကြုံ၊ ဘွဲ့လက်မှတ်၊ မျှော်မှန်းလစာ နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ် တို့ကိုပါ တပါတည်း ထည့်သွင်းလျှောက်ထားရန်။

ပဏာမရွေးချယ်ခံရသူများကို ဖုန်းဖြင့်ဖြစ်စေ၊ email ဖြင့်ဖြစ်စေ ပြန်လည်ဆက်သွယ်ပေးပါမည်။

အတူလက်တွဲအလုပ်လုပ်ရန် မျှော်လင့်လျက် -

MK Construction Group
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Photos from MK Construction Group's post 13/12/2022

✨အမရပူရ က (၃၀’x၃၅’) အလျား၊ အကျယ်ညီတဲ့ နှစ်ထပ်တိုက်လေး ✨

🏠 Modern design ကိုမှ Earth Tone လေးနဲ့ ခေတ်မီမီ ဒီဇိုင်းဆွဲပေးထားလို စင်ကာပူ၊ ထိုင်း က landed house လေးလို့တောင် ထင်ရလောက်တယ်နော်။

✅ အလင်းရောင် နဲ့ လေဝင်လေထွက်လည်းကောင်းရမယ်။
✅ Privacy လည်း အပြည့်အဝရစေရမယ်။

အောက်ထပ်မှာက
🛏 Master bedroom ၁ ခန်း၊ ရိုးရိုးအိပ်ခန်း ၂ ခန်း
အပေါ်ထပ်မှာက
🛏 Master bedroom ၂ ခန်း၊ ရိုးရိုးအိပ်ခန်း ၁ ခန်း
စုစုပေါင်း အိပ်ခန်းချည်း (၆) ခန်းပါဝင်ပါတယ်။

✨အောက်ထပ်မှာ Living Room အကျယ်ကြီးက ၁ ခန်း
✨Dining and Kitchen က ၁ခန်း အပြင်
✨မြေအောက်ရေလှောင်ကန်ပါ ထည့်သွင်းဆောက်လုပ်ပေးထားပါတယ်ဗျ။

အပေါ်ထပ်မှာကတော့ အေးအေးဆေးဆေး ဘုရားဝတ်ပြုလို့ရအောင် ✨ ဘုရားခန်းသပ်သပ် ထည့်သွင်းဆောက်လုပ်ပေးထားပါတယ်။
ပြီးတော့ Overhead tank ၁ လုံးလည်း ပါသေးတော့ ရေအတွက်ကတော့ ပူစရာမရှိပါခင်ဗျာ။

ဒီဇိုင်းရော၊ Functionality ပါ အိမ်ရှင်စိတ်တိုင်းကျ ဖန်တီးပေးထားပါတယ်ဗျ။ 😊
ဒီ site လေးက စတင်ပြီး ဆောက်လုပ်နေပြီဖြစ်လို့ Update ပုံလေးတွေလည်း တင်ပေးပါဦးမယ်။

ဒီချိန်မှာ အိမ်ဆောက်မယ် စိတ်ကူးရင်တော့ နောင်ရေးစိတ်ချရအောင် အတွေ့အကြုံရင့်အင်ဂျင်နီယာ၊ ဗိသုကာပညာရှင်များဦးစီးပြီး
ကျွမ်းကျင်လုပ်သားများနဲ့ တာဝန်ယူဆောက်လုပ်ပေးနေတဲ့ ကျွန်တော်တို့ MK Construction နဲ့ တိုင်ပင်ဖို့ ဖိတ်ခေါ်ပါရစေဗျ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

26/11/2022

စျေးချိုတိုင်းလည်း မအပ်နဲ့
စျေးကြီးတိုင်းလည်း စိတ်မချနဲ့…

အိမ်ဆိုတာ လူတိုင်းအတွက် စိတ်လုံခြုံမှုအပေးနိုင်ဆုံးနေရာပါ။ ကျွန်တော်တို့တွေ တော်တော်များများရဲ့ အိပ်မက်ကလည်း 🏠 ကိုယ့်စိတ်တိုင်းကျအိမ်ကလေးတစ်လုံး ပိုင်ဆိုင်ဖို့ပါပဲ။

ဒါပေမယ့် အိမ်ဆောက်မယ်ကြံရင်တော့ မလောပါနဲ့ခင်ဗျ။

✔️ကိုယ်သုံးမယ့် budget
✔️ကိုယ်လိုချင်တဲ့ ပုံစံ၊ အနေအထား
✔️ကိုယ်ဝင်ချင်တဲ့ timeline အစရှိတာတွေကို ကျွမ်းကျင်ပြီး ယုံကြည်ရတဲ့ Contractor နဲ့ တိုင်ပင်ပြီးမှ လုပ်ငန်းစရင် အစကောင်းလို့ အနှောင်းသေချာ၊ စိတ်ချမ်းသာရမှာပါ။

Site ကို ဦးစီးတဲ့ အင်ဂျင်နီယာက အတွေ့အကြုံများပြီး ကျွမ်းကျင်ရဲ့လား❓
Quality ကောင်းတဲ့ပစ္စည်းတွေ ပြောထားသလို အသုံးပြုပေးရဲ့လား❓
သဘောတူညီထားတဲ့ အချိန်ကာလအတွင်းမီအောင်ဆောက်လုပ်ပေးရဲ့လား❓

သိချင်သမျှ သေချာမေးဖို့ လုံးဝအားမနာပါနဲ့ခင်ဗျာ။ MK Construction ကိုသာလာမေးပါ…။
ကျွန်တော်တို့က ဖြေပေးဖို့ အဆင်သင့်ရှိပါတယ်။ 😊 ရှေ့မှာအပ်ခဲ့တဲ့ project ပေါင်းများစွာ၊ လက်ရှိဆောင်ရွက်နေဆဲ project များစွာကိုလည်း လေ့လာနိုင်ပါတယ်။

Quality is our speciality. ပါ။
ကွာလတီကောင်းတဲ့ building တစ်ခုဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။တ📱 09 424 803 073, 09 203 0073

15/11/2022

မြေနေရာကျဉ်းလို့ ဆိုသူများအတွက်...
———————————————————-

တကယ်တော့ 🏡 အိမ်တစ်အိမ်မှာ နေရာကျဉ်းတယ်၊ ကျယ်တယ် ဆိုတာထက် နေရာချတတ်ဖို့ပဲ လိုတာပါ။
အိမ်တစ်အိမ်မှာ အလင်းရောင် နဲ့ အဝင်အထွက်လေးက သူ့ flow လေးနဲ့ သူ ဖြစ်နေဖို့လိုအပ်ပါတယ်။
👆🏼ဒီအချက်တွေ ပြည့်စုံရင် အိမ်လေးဟာ ကျစ်ကျစ်လစ်လစ်လေးနဲ့ နေချင့်စဖွယ်ကောင်းနေတတ်ပါတယ်။

𝐌𝐊 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ရဲ့ Project တိုင်းမှာ မြေနေရာ ကျဉ်းတယ်၊ ကျယ်တယ်မရှိပါဘူးခင်ဗျ။
✔️ရှိထားတဲ့ မြေနေရာပေါ်မှာ Client ရဲ့ စိတ်တိုင်းကျလည်းဖြစ်ပြီး ခေတ်နဲ့လျော်ညီတဲ့ ဒီဇိုင်းကို
✔️အလင်းရောင်၊ လေဝင်လေထွက် နဲ့ အိမ်ရဲ့ နေရာတိုင်းဟာ user friendly ဖြစ်စေဖို့ အဓိကထားပြီး Architectural design ဆွဲပါတယ်။

နောက်တစ်ခုကတော့
✔️အိမ်ရဲ့ ကြံ့ခိုင်မှု နဲ့ လုံခြုံစိတ်ချရမှုပါ။ အိမ်တစ်အိမ်က အပြင်ပန်းကြည့်ပြီး လှတယ်ဆိုတာထက် ဒီအိမ်မှာ နေထိုင်မယ့်သူတွေရဲ့ safety ကို ကျွန်တော်တို့ အမြဲ နံပါတ် (၁) ထည့်စဉ်းစားပါတယ်။ Soil investigation လုပ်တာကအစ၊ Structural design & analysis လုပ်ပြီးတော့ M&E ပိုင်းကိုအစ safety အဓိကထားပြီး ဆောင်ရွက်ပါတယ်။

ဒီအတွက် ကျွန်တော်တို့ 𝐌𝐊 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က ဒီဇိုင်းတင်မကပဲ အသုံးပြုတဲ့ပစ္စည်းတွေကိုပါ quality material တွေကိုပဲ အသုံးပြုပြီး 👷🏽‍♂️👷🏽‍♀️အတွေ့အကြုံရှိ အင်ဂျင်နီယာများ နဲ့ ကျွမ်းကျင်လုပ်သားများကသာ site မှာ အစအဆုံး တာဝန်ယူပါတယ်။

MK က ဆောက်တဲ့အိမ်တွေမှာ ✨လုံခြုံ၊ လွယ်ကူ၊ စိတ်ချမ်းသာ ✨ဆိုတဲ့ အချက်ကို လုံးဝခံစားရစေမှာပါ။

Project အတွက် တိုင်ပင်ချင်တယ်ဆိုရင် အားမနာပါနဲ့ဗျ၊ အချိန်မရွေးဆက်သွယ်လိုက်ပါ။
📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

07/11/2022

✨တန်ဆောင်မုန်းလပြည့် အခါသမယမှာ MK ရဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်လက်ကြည်သာ ရှိကြပါစေခင်ဗျာ…။✨

🌕 တန်ဆောင်မုန်းလပြည့်နေ့ဟာ နက္ခတ်တာရာစုံတဲ့အချိန်မို့ ဆေးပေါင်းအခဆုံးနေ့၊ ကောင်းသောအကြံအစည်တွေလည်း ထမြောက်အောင်မြင်တဲ့ အချိန်အခါိလို့ဆိုကြပါတယ်။ ဒီနေ့ ဒီလိုအချိန်မှာ အိမ်ရာအသစ်၊ လုပ်ငန်းသစ်များ တိုးချဲ့ဖို့ ကြံစည်နေတဲ့ မိတ်ဆွေများလည်း အောင်မြင်ထမြောက်ကြပါစေလို့ MK Construction မိသားစုက ဆုမွန်ကောင်း တောင်းပါတယ်ခင်ဗျာ။ 🙏🏼

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။📱 09 424 803 073, 09 203 0073

Photos from MK Construction Group's post 31/10/2022

Chindwin Technological University (Mandalay Campus) မှ အင်ဂျင်နီယာကျောင်းသား/သူများ ရဲ့ ဆောက်လုပ်ရေးဆိုင်ရာ ပြင်ပ အခြေနေ လုပ်ဆောင်နေမှုများ ၊ အဆောက်ဦဆောက်လုပ်ရာတွင်သတိထားရမည့် အကြောင်းအရာများ နှင့် လက်တွေ့ ကွင်းဆင်းလေ့လာရေးအဖြစ် လာရောက်လေ့လာ ကြတဲ့ အမှတ်တရ ပုံရိပ်များကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျ။

လေ့လာခွင့်ပေးတဲ့အိမ်ရှင် စိမ်းလဲ့မွန်မိသားစုကိုလည်း MK Construction Group နှင့် Chindwin Technological University (Mandalay Campus) မှ တာဝန်ရှိသူများမှ ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။

နည်းစနစ်ကောင်းကောင်းနဲ့ ဆောက်လုပ်ထားတဲ့အဆောက်အဦတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ MK Construction Group ကိုသတိရလိုက်ပါခင်ဗျ။

28/10/2022

ဒီအချိန်ကတော့ ဖျတ်ကနဲအတွေးပေါ်တာနဲ့ ဆတ်ကနဲအကောင်အထည်ဖော်ရမယ့်အချိန်ပဲဗျ။
——————————————————————
တွေးနေရင် ကိုယ်က ကိုယ့်အတွေးကို စောင့်နေပေမယ့် ကုန်ဈေးနှုန်းက စောင့်မနေဘူးလေ။
ဒါကြောင့် 🏡 စိတ်ကူးထဲက အိမ်ကလေးအကြောင်း 𝐌𝐊 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 နဲ့ ဖွင့်ဟတိုင်ပင်လိုက်ပါခင်ဗျ။

🔸မိသားစုနည်းလို့ ကျစ်ကျစ်လစ်လစ် တထပ်ခွဲတိုက်လေး ဆောက်မလား ❓
🔸ဆိုင်နဲ့ အိမ်တွဲဖွင့်ဖို့ အောက်ထပ်မှာ မျက်နှာဖွင့် ကျယ်ကျယ်လေး ထားချင်တာလား❓
🔸ဒါမှမဟုတ် ဆောက်မယ့်ဆောက် တခါတည်း ကျကျနန ခပ်ကြီးကြီးဆောက်လိုက်တော့မလား❓

Assets တွေကို တန်ဖိုးပိုတက်အောင် ဖန်တီးဖို့အတွက် အရင်ဆုံး 𝐌𝐊 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 ကို ဆက်သွယ်ပြီး appointment ယူလိုက်ပါခင်ဗျာ။ 😊
ဆောက်ဖြစ်တာ၊ မဆောက်ဖြစ်တာထက် ကျွန်တော်တို့ရဲ့ valued client တွေကို အချက်အလက်စုံစုံလင်လင် နဲ့ ပြောပြချင်ပါတယ်။ Project ကြီးကြီး၊ သေးသေး ကျွန်တော်တို့ရဲ့ effort က တူတူပါပဲ။

တိုင်ပင်ချင်တယ်ဆိုရင် appointment လေးယူလို့ရပါတယ်။
📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

09/10/2022

ကျွန်တော်တို့လည်း သီတင်းကျွတ်အမီ project တွေအပ်ဖို့ ကြိုးစားနေရတာနဲ့ ပို့စ်မတင်ဖြစ်တာတောင် ကြာပြီဗျ...။ အားလုံးကို သတိရပါတယ်ခင်ဗျာ။ 😊

ခုလို 🏮သီတင်းကျွတ်အခါသမယမှာ🏮 MK Construction ရဲ့ မိတ်ဟောင်းမိတ်သစ်အပေါင်း၊ client အများ စိတ်လက်ချမ်းသာကြည်မြကြပါစေလို့ ဆုတောင်းပါတယ်... 🙏🏼လုပ်ငန်းများလည်း အဆင်ပြေချောမွေ့ကြပါစေ။ 🙏🏼

Photos from MK Construction Group's post 04/08/2022

ကျောက်ဆည်မြို့၊ စိမ်းလဲ့မွန် ကုန်စည်ပို့ဆောင်ရေး၊ စက်သုံးဆီ နှင့် ဘက်ထရီရောင်းဝယ်ရေး Project ရဲ့ Ongoing Site Work 🏗 လေးတွေ ရှဲပါရစေခင်ဗျ။

🏗 အကျယ် ပေ ၄၀ x အလျား ပေ ၁၀၀ ရှိတဲ့ ၃ထပ် RCC Residential Building ကိုမှ ဓာတ်လှေခါးရော၊ ရေကူးကန်ပါပါဝင်တဲ့ Project ဖြစ်ပါတယ်။ အလုပ်စခဲ့တာ ခုဆိုရင် Formwork စတင်နေတဲ့ အဆင့်ကို ရောက်နေပါပြီခင်ဗျ။ Formwork ကို နားလည်လွယ်အောင် ပြောရရင်တော့ အဆောက်အအုံပုံသဏ္ဍာန်ပေါ်အောင် Mould အကြမ်းပြုလုပ်ပြီး Concrete လောင်းတဲ့အဆင့် (အရပ်အခေါ် ကျောက်ပုံးလောင်းတဲ့အဆင့်) ပါခင်ဗျာ။

🏗 ကျွန်တော်တို့ ဒီ Project မှာဆိုရင် ပိုမိုခိုင်ခံံ့ပြီးတော့ အိမ်ရှင်များစိတ်ကြိုက် HRB 500 Type သံ Grade အပြည့်ကိုသုံးထားပေးပါတယ်ခင်ဗျ၊ ဒါ့အပြင် Structural Design result အရ သံကို ၂ လွှာ အသုံးပြုထားပါတယ်။

ကျွန်တော်တို့ MK Construction က ဆောက်လုပ်တဲ့ Project တိုင်းဟာ ✅ Design အရလည်း လှပရမယ်၊ ✅ နေ့စဉ်လူနေမှုဘဝအတွက် သက်တောင့်သက်သာရှိပြီး အဆင်ပြေရမယ်။ ပြီးတော့ ✅ ခိုင်ခံ့ပြီး လုံခြုံမှုအပြည့်ရှိဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။
Aesthetic, Functional, Safe ဖြစ်ခြင်းက ကျွန်တော်တို့ရဲ့ Speciality ပါ။ ယုံကြည်အပ်နှံပေးတဲ့ စိမ်းလဲ့မွန် အိမ်ရှင်မိသားစုကိုလည်း အမြဲကျေးဇူးတင်လျက်ပါ။

လူကြီးမင်းတို့ရဲ့ နေအိမ်တိုက်တာများကိုလည်း ခိုင်ခံ့လှပစွာ ဆောက်လုပ်ပေးနိုင်ဖို့ MK Constrution ကို ယုံကြည်စွာ တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။ ဒီလို အစစ အရာရာ ဈေးနှုန်းတွေကြီးမြင့်နေချိန်မှာ မကုန်သင့်တာ မကုန်ရအောင်၊ အလေအလွင့်မရှိအောင် ကျွန်တော်တို့က အကောင်းဆုံးကြိုးစား တည်ဆောက်ပေးနေပါတယ်။ 🙏🏼

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Photos from MK Construction Group's post 23/07/2022

မြေအကျယ် ၂ ဧကပေါ်မှာ ဆောက်လုပ်ထားတဲ့ “မင်းမင်းနိုင် ကားပစ္စည်းရောင်းဝယ်ရေး နှင့် ကုန်စည်ပို့ဆောင်ရေး” Project ကို မှတ်မိကြ သေးလားခင်ဗျ။ 😊

Architectural ဒီဇိုင်းတင်လန်းတာ မဟုတ်ဘဲ Interior ကိုပါ အလန်းစား ပြင်ပေးထားတယ်ဆိုတာ ဒီပုံလေးတွေမြင်ရင် သိမှာပါခင်ဗျာ။ အဓိကကတော့ ✅ Functional လည်းဖြစ် ✅ Asthetic လည်းဖြစ်တဲ့ Design ပေါ့။

✨အိမ်ထဲကို ဝင်လိုက်တာနဲ့ အမောပြေပြီး နွေးထွေးသွားအောင်၊ Home 🏡 ဆိုတဲ့ခံစားမှုကို ရရှိနိုင်အောင် warm tone တွေနဲ့ပဲ design ဆွဲပေးထားပါတယ်။ သက်တောင့်သက်သာရှိပြီး Cozy လည်းဖြစ်အောင် 𝗖𝗼𝗻𝘁𝗲𝗺𝗽𝗼𝗿𝗮𝗿𝘆 𝗧𝗵𝗲𝗺𝗲 အဖြစ် ဖန်တီးထားပါတယ်ခင်ဗျ။

✨Living Room နဲ့ Dining Room ကို Bar counter လေးနဲ့ပဲ ခြားထားလိုက်တဲ့အတွက် ပိုပြီး 𝚋𝚊𝚕𝚊𝚗𝚌𝚎𝚍 ဖြစ်တဲ့ ခံစားချက်ကို ရရှိစေသလို 𝙰𝚌𝚌𝚎𝚜𝚜𝚒𝚋𝚒𝚕𝚒𝚝𝚢 ကိုလည်း ပိုမိုလွယ်ကူစေပါတယ်။ ✨ဒီခေတ်ရဲ့ living style နဲ့လည်း ပိုပြီးကိုက်ညီပါတယ်။ အပင်လေးတွေ ထည့်လိုက်တဲ့အခါမှာတော့ ပြီးပြည့်စုံတဲ့ Living, Dining room design ကိုရရှိသွားစေပါတယ်။

✨အိပ်ခန်းတွေကိုလည်း 𝗖𝗼𝗻𝘁𝗲𝗺𝗽𝗼𝗿𝗮𝗿𝘆 𝗧𝗵𝗲𝗺𝗲 နဲ့ပဲ သွားထားတဲ့အတွက် အပြင်နဲ့ အတွင်း theme flow က မိနေမှာပါ။ Open Space မှာ ပြတင်းပေါက်များများ၊ Lighting များများ နဲ့ Client စိတ်တိုင်းကျ Curved stair ကို ထည့်သွင်းပေးထားပါတယ်။

အုတ်တံတိုင်းကာရံတာကစလို့ Interior Detail အထိ MK Construction ကို အပြည့်အဝယုံကြည်အပ်နှံပေးတဲ့အတွက်လည်း “မင်းမင်းနိုင် ကားပစ္စည်းရောင်းဝယ်ရေး နှင့် ကုန်စည်ပို့ဆောင်ရေး” မိသားစုကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏🏼

မိတ်ဆွေတို့လည်း ဒီလို Interior အလန်းစားဖန်တီးချင်ရင် MK Construction နဲ့ ချိတ်ဆက်လိုက်ပါဗျ...။ လူကြီးမင်းတို့ရှိရာ အရောက်လာပြီး Consult လုပ်ပေးနိုင်ဖို့အတွက် appointment ရယူနိုင်ပါတယ်ခင်ဗျာ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Photos from MK Construction Group's post 14/07/2022

MK Construction မှာ ယုံကြည်စိတ်ချစွာ အလုပ်အပ်နှံထားသော အမရပူရမြို့ နန်းထက်ယဉ် ပိုးထည်တိုက်အတွက် ဆောက်လုပ်ပေးနေတဲ့ plinth beam အထက် အုတ်စီခြင်း၊ မြေအောက်ရေကန်အုတ်စီခြင်း၊ မြေညီထပ်မှ ပထမထပ်အထိ တိုင်လောင်းခြင်း၊ ပထမထပ် slab လောင်းရန်တိုင်ထူခြင်းနှင့် လှေခါးတင်မင်္ဂလာ လုပ်ငန်းစဉ်များကို ပြုလုပ်ခဲ့တဲ့ ပုံရိပ်အချို့ပါခင်ဗျာ။ 😊

ပထမတန်းစားအုတ်ကိုအသုံးပြုပေးထားပြီး Plinth ခုံကို 2’ 6’’ အထိသုံးပေးထားကာ အိမ်ရှင်စိတ်ကြိုက် အဝိုက်လှေခါးကို သုံးပေးထားခြင်းဖြစ်ပါတယ်။

ဒီလို ကိုယ့်မိသားစုနေထိုင်မယ့် အိမ်နေရာသစ်အတွက် MK Construction မှာ architectural design ရော၊ Construction ပိုင်းပါ စိတ်ချလက်ချ ယုံကြည်အပ်နှံပေးတဲ့ အိမ်ရှင်မိသားစုကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျ။🙏🏻

မိတ်ဆွေတို့လည်း Construction ကိစ္စအဝဝအတွက် အရည်အသွေးအဓိကထားတဲ့ ကျွန်တော်တို့ MK Construction နဲ့ ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ Appointment ရယူပြီးရင် Client ရှိရာနေရာထိအရောက် လာရောက်ဆွေးနွေးပေးဦးမှာမို့ ခုပဲ appointment ရယူလိုက်ပါခင်ဗျ။

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱09 203 0073, 09 424 803 073

Photos from MK Construction Group's post 12/07/2022

MK Construction မှ တာဝန်ယူတည်ဆောက်နေတဲ့ ကျောက်က်ဆည်မြို့(စိမ်းလဲ့မွန် ကုန်စည်ပို့ဆောင်ရေး၊ စက်သုံးဆီနှင့် ဘက္ကထရီရောင်းဝယ်ရေး) Ongoing Project ရဲ့ on-site ပုံရိပ်များကို မျှဝေပေးပါရစေဗျ။ ☺️

▪️ဒီ Project ကတော့ အကျယ် ပေ ၄၀ x အလျား ပေ ၁၁၀ ရှိတဲ့ 𝟑- Storey 𝐑𝐂𝐂 𝐑𝐞𝐬𝐢𝐝𝐞𝐧𝐭𝐢𝐚𝐥 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကိုမှ ဓာတ်လှေကား အပြင် ရေကူးကန်ပါ ပါဝင်တဲ့ project အလန်းစားတစ်ခုဖြစ်ပါတယ်။

▪️ခုဆို Substructure, Foundation stage အတွက် မြေတူးခြင်း၊ Lean Concrete လောင်းခြင်း နှင့် Footing and Foundation လုပ်ငန်း များပြီးစီးမှုအခြေနေများကို အိမ်ရှင်များအပြင် စိတ်ပါဝင်စားတဲ့ မိတ်ဆွေအသစ်များ ကြည့်ရှုလေ့လာနိုင်ရန် တင်ပြပါရစေခင်ဗျာ
▪️ ရေကူးကန်နှင့် ဓါတ်လှေခါးပါတာကြောင့် Combined Footing အနေနဲ့အသုံးပြုပေးထားပါတယ်။
အိမ်ရှင်စိတ်ကြိုက် HRB 500 Type သံ Grade အပြည့်ကိုသုံးထားတာမကပဲ foundation ခိုင်ခံ့အောင် Structural Design results အရ သံကို ၂ လွှာ အသုံးပြုထားတာကို မြင်တွေ့နိုင်ပါတယ်

သိပ်မကြာခင်မှာ လှလှပပလေး ပြီးစီးသွားမယ့် Building ကို MK အဖွဲ့သားတွေရော၊ ပိုင်ရှင် စိမ်းလဲ့မွန်မိသားစုကပါ ရင်ခုန်စောင့်မျှော်ရင်း ကြိုးစားဆောက်လုပ်နေပါတယ်…။ Project ကြီးတစ်ခုကို ယုံကြည်စွာ အပ်နှံပေးတဲ့ အိမ်ရှင် မိသားစုကိုလည်း အထူး ကျေးဇူးတင်ရှိကြောင်း ထပ်ပြောပါရစေဗျာ။

လူကြီးမင်းတို့လည်း ဒီလို အလန်းစား residential building ဆောက်လုပ်ဖို့အတွက် စိတ်ချရတဲ့ construction main contractor ရှာနေရင်တော့ MK Construction ကို သတိရပေးပါဗျ။ 👇🏼

📧 [email protected]
📌 TG-221၊ စစ်ကိုင်း-မန္တလေးလမ်း၊ အမရပူရ၊ မန္တလေး။
📱 09 424 803 073, 09 203 0073 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။

Telephone

Website