Jíxk

Jíxk

I'm just writing...

19/02/2023

Sad Girl

မိုးလင်းလာတာနဲ့ စိတ်ဓာတ်ကျမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ကောင်မလေး
အတွေးလွန်ပီး ဝမ်းနဲနေတတ်တဲ့ကောင်မလေး
တစ်စုံတစ်ယောက်ကများ နားလည်ပေးနိုင်မလားဆိုပီး မျော်လင့်စောင့်စားနေခဲ့တဲ့ ကောင်မလေး
ကိုယ့်ကိုယ်ကို အားမရမှုတွေ အဆိုးမြင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကောင်မလေး
ညတိုင်း ဝမ်းနဲမှု ရေအိုင်လေးထဲ ထိုင်ငိုနေတဲ့ ကောင်မလေး
ဒီကောင်မလေးကို ဘယ်သူကများ ပျော်ရွှင်မှုတွေပေးနိုင်လိမ့်မလဲနော် 💔

21/01/2022

ဂူးငယ်ကို စချစ်တုန်းက ရင်ခုန်လွန်းလို့ အိပ်မရခဲ့ဘူး ဂူးနဲ့ ချစ်သူတွေ ဖစ်ကြတော့ ပျော်လွန်းလို့ အချိန်တိုင်း စကားတွေ VC တွေ ပြောနေချင်တာကြောင့် အိပ်မရခဲ့ဘူး အခု ချစ်သူ သက်တမ်းကြာလာတော့ လွမ်းလွန်းလို့ အိပ်မရဘူးသိလား 😁❣️

04/01/2022

သိပ်လှတဲ့ မင့် ကို
စိတ်မချခဲ့ခြင်းတွေဖစ်နေလို့
ခေါ်သွားမယ် လိုက်္မှာလား သိပ်လှတဲ့ ခေတ်ကို ❣️

16/12/2021

ဘာလို့ တစ်ယောက်နဲ့ တစ်ယောက်
အရမ်းတွေ ချစ်မိသွားတာလဲတဲ့?

Hypothalamus တွေက စွမ်းအားကြီးတဲ့
endorphins တွေ ထုတ်လွတ်တဲ့အခါ
လူတွေက အချစ်ကိုစပီး ခံစားမိကြတယ်လို့ ဖတ်ဖူးတယ်

ဒါပေမယ့် ဘာလို့ "လူကြီး " နဲ့ " ဂူးငယ် " မှ တိတိကျကျ ဖြစ်နေရတာလဲတဲ့ ?

အနံ့သက္မရှိတဲ့ pheromones တွေ ထုတ်လွှတ်မှုကြောင့်လား?

ဒါမှမဟုတ် မှတ်မိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြင်တွေကြောင့်လား?

ဘာကြောင့်လဲဆိုတာ ဘယ်သူမှ သိမယ်မထင်ဘူး
ပါးယုံကြည်တာတစ်ခုကတော့ ဘုရားရဲ့ အလိုတော်ကြောင့်ပဲဖစ်မယ်ထင်တယ်...

"လူကြီး" ဆိုတာ "ဂူးငယ်" နဲ့ ချစ်ဖို့သက်သက် ဘုရားသခင်က
ဖန်းဆင်းလိုက်တဲ့လူသားတစ်ယောက်လို့ပဲ
ကို့ကိုယ်ကို သတ်မှတ်တယ် 💜

11/12/2021

အရမ်းလွမ်းတယ်လို့ ပြောတဲ့အချိန်
ဘာလို့ လွမ်းနေလဲမေးတဲ့ခါ
ငါ့မှာ ဖြေစရာ အကြောင်းပြချက္မရှိဘူး
အတူရှိသည် ဖစ်စေ မရှိသည်ဖစ်စေ နီးသည်ဖြစ်စေ
ဝေးနေရသည် ဖြစ်စေ အချိန်တိုင်းမှာ မင့်ကိုချစ်နေမိသူမို့
အချိန်တိုင်းမှာ မင့်ကိုလွမ်းတယ်... 🥺💜

08/12/2021

" ရွှေရောင် တွယ်ချိတ်လေး 🧷 💛 " (အပိုင်း ၄ )

သူ့ကြောင့် လှပခဲ့ရတဲ့ အိပ်မက္လေး... 💜
နေကြာပန်းခင်း 🌻 ကြီးထဲက သိပ်လှတဲ့ကောင်မလေး....

7 : 00 Am

သတိရစိတ်က ထိန်းမရ ...
သူမဆီ ph ဆက်ချင်တဲ့ စိတ်တွေကို ဘယ်လိုမှတားမရ..

"ဘာပဲဖစ်ဖစ် ငါဆက်ကြည့်မယ်ကွာ" (စိတ်ထဲကတော့ သူမ ph ကိုင်ပါစေလို့ ပဲ အကြိမ်ကြိမ်ဆုတောင်းနေမိတယ်)

ရွှေလိပ်ပြာအဆောင်ရဲ့ "Ja Ra "ဆိုတဲ့
ချစ်စရာ ကချင်မလေး အခန်းအတွင်းမှ "သိပ်ချစ်တယ်ဒီက ဒီကတော့ချစ်မေတ္တာတွေ....🎶🎵" ဆိုတဲ့ Ringtone အသံလေး....

"ဟလို "

" ဟလို ချာတိတ်လား "

" လူကြီးလား? "

" ချာတိတ်က ကို့ ph no ကို ခုထိမှတ်မထားဘူးပေါ့ "

" ဟုတ်တယ် Ra မှတ်မထားဖစ်တာ "

"ဒါဆိုလူကြီးမှန်းဘယ်လိုသိတာလဲ?"

" ခင်များကြီးအသံကို မှတ်မိပါတယ်နော်"( ခေါ်ပုံကိုမှ ခင်များကြီးတဲ့ 😑)

"အွန်းပါ ဒါနဲ့ အိပ်ယာနိုးတာကြာပီလား"

" ခုမှနိုးတာ "

" ဒါဆို Breakfast မစားရသေးဘူးပေါ့ ကို့နဲ့အတူတူ သွားစားမယ်လေ ချာတိတ် "

" အင်း..."

" ဒါဆို အဆင်သင့်ပြင်ထားလိုက်နော်
ကိုလာခေါ်မယ် "

" ဟုတ် အဆောင်ရှေ့ရောက်ရင် ph ဆက်လိုက်"

ဆောင်းနှင်းဝေတဲ့ နံနက်ခင်းလေး
အချိန်က 8:0 ရီဆိုပေမယ့် မိုးညှင်းမြို့ မှာ နှင်းတွေက ကျနေဆဲ....

" ဟလို ချာတိတ်ရေ ကိုအဆောင် ရှေ့ရောက်နေပီ ခလေးရေ "

" ဟုတ် ခုထွက်လာပီနော် "

ဂျင်းဘောင်ဘီအပြာ အပေါ် Hoodie အပွ အဖြူရောင်လေး နဲ့ သိပ်လှနေတဲ့ ချာတိတ်လေး စီးထားတဲ့ Air Jordan ဖိနပ်လေးနဲ့ သိပ်ကို လိုက်ဖက်နေရော....

"လူကြီး ဘာကြည့်နေတာလဲ သွားကြမယ်လေ "

ဟုတ်သားပဲ အဆောင်ထဲမှ ထွက်လာသော သူမကို ကျွန်တော် ဘယ်ချိန်ထိ ငေးကြည့်နေခဲ့မိတယ်မသိ...

ကျွန်တော်သူမကိုပြူံပြရင် " ဆိုင်ကယ်ပေါ်တတ်လေ ချာတိတ်လေး ကိုတို့သွားကြမယ်"

အဖြူရောင် မြူနှင်းတွေအောက် ဆိုင်ကယ်လေး တစ်စီးက " Life Cafe " ဆိုတဲ့ ဆိုင်လေးကို ဦးတည်လို့...

" ထိုင်လေ ချာတိတ်လေး "

သူမ ဘာမှ ပြန်မပြော ကျွန်တော့ရှေ့က မျက်နှာချင်းဆိုင် ခုံးလေးမှာ ၀င်ထိုင်ပီး ရယ်ပဲရယ်နေသည် ။

"ချာတိတ် ဘာလို့ ရယ်နေတာလဲ "

" လူကြီးရဲ့ မျက်ခုံးမွှေး နဲ့ ဆံပင်မှာ နှင်းစက်တွေ" ဟု ရယ်ပီးပြောရင်း သူ့အိပ်ကပ်ထဲက လက်ကိုင်ပုဝါ အဖြူရောင်လေးကို ကျွန်တော့ဆီကမ်းပေးကာ

" ရော့ လူကြီး ဒါနဲ့ သုတ်လိုက်နော် တော်ကြာအအေးမိနေမယ်"

အမယ် ဒီလိုကျ ကျွန်တော့ ချာတိတ်လေးက ကျွန်တော့် အပေါ် စိုးရိမ်ပီး ဂရုစိုက်သေးပါလား ( ကျေနပ်ရင်း အတွေးထဲမှာ တစ်ယောက်ထဲ ပြုံးနေမိသည်😁)

ထိုစဉ် Waiter ကောင်လေးရောက်လာပီး..

" အကို နဲ့ အမ ဘာများ သုံးဆောင်မလဲ ဗျ"

" ချာတိတ် ဘာစားမလဲ ကြိုက်တာမှာနော် "

" RA(ရာ) Dim sum ပဲ စားမယ် "

" ညီ ဒါဆို Dim Sum ကိုပဲ တစ်မျိုးစီကို အစုံချပေးနော် ပီးတော့ ပုစွန်ကော်ပြန့်တစ်ပွဲရယ် "

" ဟုတ်ကဲ့ အကို့
သောက်စရာကရော ဘာသောက်အုံးမလဲ "

" ချာတိတ် ဘာသောက္မလဲ ?"

"Ra( ရာ) မသိဘူး လူကြီးပဲ အဆင်ပြေတာမှာပေး "

" ညီ ဒါဆို သူ့အတွက် Cappuccino တစ်ခွက်ရယ် အကို့အတွက် Black Coffee ☕ တစ်ခွက်ရယ် "

" ဟုတ်ကဲ့ခင်ဗျ လိုအပ်တာရှိရင် လမ်းခေါ်လိုက်ပါ " ဆိုပီး ကျွန်တော်တို့ စားပွဲ ဝိုင်လေးနားက ထွက်သွားလေသည်..

" ချာတိတ် "

" ရှင် "

" သိပ်ချစ်တယ်"

"လူကြီးနော် ပေါက်ကရတွေ မပြောပါနဲ့"

"မဟုတ်ဘူးချာတိတ် လူကြီး ချာတိတ်ကို တစ်ကယ်ချစ်နေမိတာ "

" ဟာ လူကြီးမကောင်းဘူးကွာ အခုလို ဆက်ပြောနေရင် ချာတိတ်ထပြန်တော့မှာနော် "

" ထတော့မပြန်ပါနဲ့ ချာတိတ်လေးရယ် ဒါပေမယ့် သိပ်ချစ်တယ်"

ဘာကြောင့်မှန်းတော့ မသိ နှစ်ယောက်သား အတန်ငယ်တိတ်ဆိတ်သွားမိတယ်။

" အကိုရေ Dim Sum ရပီနော် "

" ဟုတ်ပီညီ "

" ချာတိတ်စားနော် "

" အွန်း Ra (ရာ) က Dim Sum ဆို အရမ်းကြိုက်တာ " ဆို ပီး ပျော်နေတဲ့ ချစ်စရာ မျက်နှာလေးက အပစ်ကင်းစင်တဲ့ ခလေးလေးတစ်ယောက်လို

" လူကြီးရော စားလေ "

" ကိုက ဗိုက်ပြည့်နေပီကွ "

"ဟင် ဘာမှလဲ မစားရသေးပဲကို "

" မဟုတ်ဘူး ဒီမနက် ချာတိတ်အပြုံးလေးကို မြင်ကတည်းက အလိုလို ဗိုက်ပြည့်နေတော့တာ"

" လူကြီးနော် အပိုတွေ 🙄"

မနက်စာ စားပီး ဆိုင်ကထွက်လာတော့ ‌နှင်းများကတစ်ဖြည်းဖြည်း လျော့နည်းလာပီ နေရောင်ထွက်စပြုလာသည်

" ချာတိတ် အချိန်ရသေးလား "

" အွန်း ရတယ်လေ ဘာလို့လဲ "

" ဒါဆို ကိုတို့ ကန်သာယာဘက် ခနသွားကြမလား"

" ကန်သာယာ ဟုတ်လား? ဘယ်နားလဲ အရမ်းဝေးလား ?"

" မဝေးပါဘူး ချာတိတ်ရဲ့ ဒါဆို ချာတိတ်က ကန်သာယာ မရောက်ဖူးဘူးပေါ့ "

" ဒီက ခုမှ First years ပါနော် လူကြီးတို့လိုမှ မဟုတ်တာ ဘယ်မှ သိပ်မရောက်ဖူးသေးဘူး

" ဒါဆို ကိုလိုက်ပို့မယ်လေ "

" ဟုတ် "

ကျွန်တော်တို့ နှစ်ယောက် " ကန်သာယာ " ကိုရောက်တော့ အားကစားလုပ်တဲ့ သူတစ်ချို့ လမ်းလျှောက်လို့ ဒါနဲ့ လွတ်နေတဲ့ ထိုင်ခုံလေးမှာ၀င်ထိုင်ဖို့ ဆိုင်ကယ်ကို ရပ်ကာ လုံတန်းလေးရှိရာတို့ နှစ်ယောက်သား လျှောက်လာခဲ့ကြတယ်

" ချာတိတ်ခန မထိုင် နဲ့ အုံး "

" ဘာလို့လဲ "

ကျွန်တော် ဘာမှ ပြန်မပြောပဲ ၀တ်ထားတဲ့ အနွေးထည်ကို ချွတ်ပီး နှင်းစက်တွေကြောင့် ဆိုနေတဲ့ ထိုင်ခုံလေးကို သုပ်ပေးနေမိတယ် ....

" ဟာ လူကြီးကလဲ ဘာလို့ အဲ့လိုလုပ်တာလဲ
Ra(ရာ) ငရဲကြီးကုန်တော့မယ် "

"ပီးတော့ အရမ်းအေးနေတာကို အနွေးထည်မ၀တ်ထားရင် အအေးပတ်ကုန်မှာပေါ့ "

" ဘာမှ မဖြစ်ပါဘူး မစိုးရိမ်ပါနဲ့ ချာတိတ်လေးရဲ့ ကိုက ချာတိတ်လေး နဲ့ အတူတူရှိနေရကတည်းက အလိုလို နွေးထွေးနေပီသား " 😁

" သွားပါ အပိုတွေ တော်ကြာနေမကောင်းဖြစ်နေမှဖြင့် "

"ကို့ကို စိုးရိမ်တယ်ဆိုပါတော့ "

" ဟာ ဘာတွေပြောလဲ မသိဘူးကွာ "(အမယ် ရှက်နေတဲ့ မျက်နှာလေးနဲ့ 😁)

" ထိုင်တော့နော် ချာတိတ်လေးရေ "

" အင်းအင်း "

တစ်ခြားနေ့တွေ နဲ့ မတူ ဒီနေ့မှပဲ "ကန်သာယာ" ရဲ့ ကန်ရေပြင်ကြီးကလဲ သိပ်ကိုလှပလို့....

ဟုတ်ပါတယ် သူမနဲ့ အတူရှိနေရတဲ့ အချိန်တိုင်း အခိုက်တန့်တိုင်းဟာ တစ်ကယ်ကို လှပနေရော (တစ်ကယ်တော့ သူမကို ချစ်နေရတာကိုက အလှပဆုံး ချစ်ခြင်းတွေနဲ့မို့ အရာရာဟာ ပိုလှနေတာဆိုရင်မှန်လိမ့်မယ်ထင်တယ်)

" ချာတိတ်ရေ "

" ရှင် "

" ကို ပြောစရာရှိလို့ ဒီလိုကွာ လူကြီးကို လူကြီးလို့ မခေါ်ပဲ တစ်ခြား nickname တစ်ခုခု ပြောင်းခေါ်ကြည့်ပါလား? "

" ဟင် ဘယ်လိုခေါ်ရမှာ? "

" ကို နဲ့ ချာတိတ်က အသက်က လေးနှစ်ကျော်လောက် ကွာတယ်‌မဟုတ်လား "

" အဲ့ဒီတော့ ?"

" အဲ့ ဒီတော့ ကိုကိုလို့ ပြောင်းခေါ်ကြည့်ပါလား "

" ဟာ လူကြီးနော် Ra(ရာ) တို့က ချစ်သူတွေမှ မဟုတ်တာ မခေါ်နိုင်ပါဘူး "

" အခု ချစ်သူတွေ မဟုတ်သေးဘူးဆိုပေမယ့် တစ်ချိန်ကျ ချစ်သူတွေ ဖြစ်လာနိုင်တာပဲလေ အခုကတည်းက ကြိုခေါ်ကြည့်တော့ မကောင်းဘူးလား "

" သွား လူဆိုးကြီး အရမ်းစကားတတ်တယ် "

" အပြောကောင်းတာတော့ မဟုတ်ပါဘူး အကောင်းပြောရရင် ကိုချာတိတ်ကို ကိုတစ်ကယ် ချစ်နေမိပီ ဘုရား‌ေကျာင်းမှာ စတွေ့ကတည်းကဆိုပါတော့ 🥺"

" ဟိုး ဆရာ Ra( ရာ) တို့ သိတာက မကြာသေးဘူးလေ ဖြည်းဖြည်းပေါ့ "

" နှလုံးသားရဲ့ ဆန္ဒတွေကို ဦးနောက်က မလွန်ဆန်နိုင်တော့လို့ပါ စဉ်းစားပေးပါနော် "

" အမယ် အပြောကအရမ်းကောင်း ကဗျာဆရာလုပ်"

" ကို အတည်ပြောတာပါ "

" အမ်းပါ ဟုတ်ပါပီ ကိုကို ကလဲ "

" ဘယ်လို ခေါ်လိုက်တယ် "

" လူကြီးလို့ပဲ ခေါ်လိုက်တာလေ "

" ဟာမဟုတ်တာ ကိုကို လို့ ခေါ်လိုက်တာပါ
ကို ကြားလိုက်တယ် "

" ကြားရင်လဲ ပီးရော 🤕 ဒါပေမယ့် အဲ့တာ ချစ်တယ်လို့ ပြောတာမဟုတ်ဘူးနော် စိတ်ချမ်းသာအောင် ခေါ်ပေးလိုက်တာ "

" ဟုတ်ပါပီ ကိုကို နားလည်ပါတယ် 🥰"

" ဒါဆို Ra(ရာ) တို့ပြန်ကြရအောင်လေ "

" ကိုကိုရေ ပြန်ကြရအောင်နော်လို့ပြော အာ့ဆွင် ပို့ပေးမယ်"

" ဟာ မပို့လဲ နေပါနော် လမ်းလျှောက်ပြန်လိုက္မှာ Ra(ရာ) က နောက်လဲ လာမတွေ့နဲ့" 🤨

" စိတ်တော့မဆိုးလိုက်ပါနဲ့ လိုက်ပို့မယ်နော် ဟုတ်ပီလား "

" ပီးရော "

ဆောင်တွင်း နံနက်ခင်းတဲ့လား သူမ နဲ့ အတူရှိနေတော့ နွေးထွေးမှုအပြည့်နဲ့မို့ ရာသီဥတုအေးနေတာတောင် မေ့သွားတယ် 😁 ...

" အဆောင်ရောက်ပီ Ra(ရာ) အထဲ၀င်တော့မယ်နော် လူကြီးလဲ ဂရုစိုက်ပြန်နော် "

"ဟုတ်ကဲ့ အာ့ဆို ကိုပြန်တော့မယ်နော် အဆောင်ရောက်ရင် ph ဆက်လိုက္မယ် "

" ဟုတ် ဂရုစိုက္မောင်းသွားအုံးနော် "

ဘ၀မှာ အမှတ်တရတွေ အများကြီးထဲက ဒီနေ့ 14.1.2021 ရက်နေ့က အကောင်းဆုံးအမှတ်တရတွေထဲက အမှတ်ရဖို့ အကောင်းဆုံးဖစ်လိမ့်မယ် ( သူမ နဲ့ စ‌တွေ့တဲ့ နေကစ အခုချိန်ထိ သူမ နဲ့ပတ်သတ်လာရင် အရာအားလုံးဟာ အမှတ်တရတွေကြီးပါပဲ 🥰 "

သိပ်ချစ်တယ် ချာတိ်တ်ရေ လူတစ်ယောက်နဲ့ နှလုံးမှာ အခန်းလေးခန်းရှိတယ်တဲ့ လူကြီးရဲ့ နှလုံးသားမှာတော့ အခန်းတစ်ခန်းပဲ ရှိတယ်ထင်တယ် နှလုံးသားက အခန်းလေးခန်းရှိလဲ ချာတိတ်တစ်ယောက်ထဲ နေရာ အပြည့်ယူထားတာမို့ ....🌻

" ယောက်ဖ "

" ပြောလေ "

" ငါ ဒီည Ja Ra တို့ အဆောင်ရှေ့ ဂစ်တာ သွားတီးချင်လို့ မင်းလိုက်ခဲ့ပေးပါလား "

" ဟာ မင်းကလဲ "

" ဘာလဲ မလိုက်ဘူးလား "

" လိုက္မှာပေါ့ ယောက်ဖရဲ့ မလိုက်ပဲ နေပါ့မလား ? "

" ဒါဆို ဒီည ၈ နာရီလောက်သွားမယ် '"

" Okay ယောက်ဖ Ready ပဲ "

ချာတိတ်ရေ ကိုတော့ မင်းမှမင်းပဲ ဖစ်နေမိပီကလေးရေ ..မင်းစိတ်နဲ့သွား မင့်စိတ်နဲ့လာ....

မင့်စိတ်နဲ့ မျက်နှာသစ်ပီး မင့်စိတ္နဲ့ငါ အိပ်ရာထပီး ( တစ်ကယ်ပဲ မင့်စိတ်နဲ့ ငါ့ခန္ဒာပါ)

ဖြစ်တည်မှုတဲ့ သိပ်ကို ရိုးရှင်းတဲ့စကားလေး ကျွန်တော့်ရဲ့ ဖြစ်တည်မှုဆိုတာ ဘာလဲမေးရင် ချာတိတ်လေး Ra (ရာ့) ကို ချစ်မြဲချစ်နေဖို့လို့ပဲ ‌ေြဖမိမယ်ထင်တယ်

အသက်သေဆုံးပီး နောင်ဘ၀ဆိုတဲ့အရာက မသေချာပါဘူး ဒါကြောင် အခုလက်ရိှ ဒီဘ၀မှာ ငါ့ရဲ့ နောက်ဆုံး ထွက်သက်ချိန်ရှိ မင်းနဲ့ပဲ တစ်ဘ၀လုံးအတူ ဖြတ်သန်းချင်မိတာ ငါ့ရဲ့ မှန်သောသစ္စာ......

" ဟလို "

" ဟလို ချာတိတ် အဆောင်ရှေ့ ခနထွက်လာပါလား "

" ဟင် ဘာလုပ်မလို့လဲ "

" ကို ခု ချာတိတ်တို့ အဆောင်ရှေ့မှာ သီချင်းလာဆိုတာ "

"ဟင် တစ်ကယ်ကြီးလား "

" တစ်ကယ်ပေါ့ "

" အမယ် တစ်ကယ်ကြီးပါလား လူကြီးက ဂစ်တာတီးတတ်တယ်ပေါ့ "

" အရမ်းကျွမ်းကျင်လို့ မဟုတ်ပေမယ့် ကို့ရဲ့ ချာတိတ်လေးကို ဆိုပြချင်လို့ ကြိုးစားပီး သင်ထားတာပါနော် "

" သွားပါ အပိုတွေ "

" ဘာသီချင်းဆိုပြရလဲ "

" အင်း သိပ်ချစ်တာပဲ ဆိုပြ "

" အိုခေ "

" သိပ်ချစ်တယ် ဒီက ..ဒီကတော့ အချစ်မေတ္တာတွေ တစ်သက်တာ ပုံအပ်ရင်းနဲ့...🎵🎶

" အမယ် ဘယ်ဆိုးလို့လဲ လူကြီးအသံက နား ကောင်းသားပဲ "

" ရင်ထဲက ခံစားချက်တွေ အပြည့်နဲ့ မို့ နား‌ထောင်ကောင်းတာ ဖြစ်မယ် "

8 နာရီကတည်းက သီချင်းဆိုနေလိုက်တာ 9 နာရီတောင်ထိုးသွားပီ နှင်းတွေလဲ ပိုကျလာတော့ အနည်းငယ်တော့ ချမ်းလာသလိုပဲ

" လူကြီး ပြန်တော့လေ နော် အပြင်မှာ အရမ်းအေးနေပီ တော်ကြာ အအေးမိပီး နေမကောင်း ဖစ်နေအုံးမယ် "

" ဟုတ် အဲ့တာဆို ကိုပြန်တော့မယ်နော် "

" အဆောင်ရောက်ရင် ph ဆက်နော် "

" ဟုတ်ကဲ့ ချာတိတ်ရေ 🥰"

ဘ၀မှာ မျှော်လင့်မထားပဲ သူ့အလိုလို ရောက်လာတဲ့ ကံကောင်းခြင်းကို ပြောပါဆိုရင် "Ja Ra " ဆိုတဲ့ ချာတိတ်လေး နဲ့ တွေ့ဆုံခွင့် ရခဲ့တာကိုပဲ ပြောပြဖစ်မယ် ထင်တယ်...

အဆောင်ပြန်ရောက်တော့ 9:30 pm ရှိပီ ph ကိုထုတ်ကြည့်လိုက်တော့ (3) miss called

" ဟင် ချာတိတ်လေး ph ခေါ်ထားပါလား?

ချက်ချင်းဆိုသလိုပဲ Ra(ရာ့) ရဲ့ ph no လေးကို ပြန်ခေါ်လိုက္မိတယ်..

" ဟလို လူကြီး အဆောင်ပြန်ရောက်ပီလား ? ဘာလို့ ph မကိုင်တာလဲ? ဒီကစိတ်ပူနေတာကို 🥺 "

"Sorry ချာတိတ်ရေ ကိုဗိုက်ဆာလာလို့ ညဈေးတန်းမှာ ထမင်းကြော်စားနေမိတာ "

" စိတ်ပူစေခဲ့မိတဲ့ အတွက်တောင်းပန်ပါတယ် ph က silent လုပ်ထားခဲ့မိလို့ မသိခဲ့လိုက်ဘူးရယ် "

" အဆောင်ပြန်မယ်ရောက်ရင် ph ခေါ်မယ်ထင်ပီး Ra(ရာ) က မျှော်နေခဲ့မိတာ "

" စိတ်ပူတယ်ပေါ့ "

" ပူတာပေါ့ အဆောင်ရောက္ပီထင်လို့ ph ခေါ်တာ ph က မကိုင်ပဲ နေတာကို "

" ဘာလို့ စိတ်ပူတာလဲ ကို့ကို ချစ်လို့လား? "

" လူကြီးနော် တစ်ကယ်မကောင်းဘူး ဒီက စိတ်ပူနေတာကို "

" ကို ချာတိတ်ကို ချစ်နေတယ်ဆိုတာလဲ ကိုဖွင့်ပြောပီးပီနော် 🥺"

" ကို့ကို အဖြေ‌ပြန်ပေးပါတော့ "

" လူကြီးကလဲ သိတာပါ့မကြာသေးတာ စောင့်အုံးနော် Feb 14 ကျ အဖြေပြန်ပေးမယ်"

" တစ်ကယ်နော် I can't wait that day 🥰 "

" ဒါပဲနော် လူကြီး Ra(ရာ) အိပ်တော့မယ်နော် "

" Good Night ပါ ချာတိတ်ရေ အိမ့်မက္လှလှ မက္ပါစေနော် "

" ဟုတ် လူကြီးရောပဲ "

ကံကောင်းခြင်းလက်ဆောင်တဲ့လား ကျွန်တော်တော့ အဲ့လို မထင်မိဘူး

ကမ္ဘာပေါ်မှာ တိုက်ကြီး ၇ တိုက်၊ သမုဒ္ဓရာကြီး ၇ စင်း ၊ နိုင်ငံပေါင်း ၂၀၀ ကျော်၊ ကမ္ဘာ့လူဦးရေ ဘီလီယံပေါင်းများစွာ မြန်မာနိုင်ငံလူဦးရေ 63 သန်းကျော်ထဲက " Ja Ra " ဆိုတဲ့ချာတိတ်လေးနဲ့ ဆုံဆည်းခွင့် ဘုရားသခင်ကပေးတဲ့ ကံကောင်းခြင်းလက်ဆောင်ထက်ပိုတဲ့ ဘ၀အတွက် အကောင်းဆုံး လက်ဆောင်‌ေပးခြင်းပါ 🥰

" ဟာ ယောက်ဖ ဒီနေ့ အစောကြီးနိုးနေပါလား "

သူပြောမှပဲ ကျွန်တော်သတိထားမိတယ် အိပ်ပုတ်ကြီးတဲ့ ကျွန်တော်က ဒီနေ့ 6 : 30 Am ပဲ ရှိသေးတယ် အစောကြီး နိုးနေတာပါလား 😂

" ဒီနေ့က Feb 14 လေကွာ ချာတိတ်က ဒီနေ့ အဖြေပေးမှာမို့ တစ်ညလုံးတောင်အိပ်မရဘူး ဒါမယ့် အိပ်ရေးမ၀သလို မခံစားရဘူး ရွှင်လန်းတတ်ကြွနေရောပဲ 😁

" အမယ့် Ja Ra ကို ဆီသွားဖို့ ပြင်နေတာပေါ့ "

" ဒါပေါ့ ချောကလက်ရယ်၊ ပန်းဆီးရယ် Teddy Bear 🐨 ရုပ်လေး‌ရယ်တောင် ၀ယ်ထားပီးပီ "

" တယ်ဟုတ်ပါလား ငါ့တောင်မပြောဖူးနော်"

" စော် မရှိတဲ့ကောင်တွေ နားမလည်ပါဘူးကွာ "

" အဖြေတောင် မရသေးဘူး လေကြီးလေကျယ်က စပီး အဖြေရပီးရင် ဘယ်လို နေမယ်မသိဘူး 🥴 "

" ဟဲဟဲ 😁 "

သူမ နဲ့ တွေ့ဖို့ စိတ်ကလောနေမိတယ်ထင်တယ် လက်က နာရီကိုပဲ တစ်ချိန်လုံးကြည့်နေမိတယ် ဒီနေ့မှပဲ အချိန်တွေကပဲအရမ်းနေနေသလို 9 : 00 Am မှ ချိန်းထားတာကို ခုမှ 8:00 Am ပဲရှိသေးတယ်

8 : 45 Am

ယုတ်တရက်္မြည်လာတဲ့ ဖုန်းသံလေး......

Part 5 မျှော်....😁

#ရွှေရောင်တွယ်ချိတ်လေး 🧷💛

02/12/2021

" ရွှေရောင် တွယ်ချိတ်လေး 🧷 💛"

အပိုင်း(၃)

ညနေခင်းရဲ့ ဆည်းဆာလေးက သိပ်ကိုလှပလို့ .....

ဘယ်ကဖွင့်မှန်းမသိပေမယ့် လေလှိုင်းထဲက လွင့်ပျံလာတဲ့
သီချင်းလေးက Nye Salum (ငါ့နှလုံးသား) ဆိုတဲ့ ကချင်သီချင်းလေးတစ်ပုဒ် ......

တစ်ကယ်လို့သာ Ra(ရာ)က သီချင်းလေး တစ်ပုဒ်သာဖြစ်ခဲ့မယ်ဆိုရင်
ကိုက သီချင်းလေးထဲက စာသားလေးတွေ ဖြစ်ချင်မိတယ်.......

"ခုမှပဲ သတိရမိတယ် နေ့လည်က ချာတိတ်ရဲ့
Ph no ကို ဘာလို့မတောင်းခဲ့မိပါလို့ " ငါတော်တော် အသုံးမကျပါလား...

Facebook ဖွင့်ကြည့်လိုက်တော့ တွေ့ပါပီ

ကျွန်တော့ နှလုံးသားထဲမှာ စူးနေသော တွယ်ချိတ်လေး
"Ja Ra(ဂျာရာ) "ရဲ့ Active now ဖြစ်နေတဲ့အကောင့်လေး..

"Hi ချာတိတ်လေး ဘာလုပ်နေလဲ"

"ဒီတိုင်းပဲ Ra(ရာ) ပျင်းလို့ သီချင်းနားထောင်ပီး
ဇာတ်ကားကြည့်နေတာ လူကြီးရေ"

"ဒါ နဲ့ နေ့လည်က တွယ်ချိတ်လာယူတယ် ပြောပီး
မယူပဲနဲ့ ပြန်သွားတယ်နော်"

" ကို နေ့လည်က ယူခဲ့ပီးပီလေ ချာတိတ်လေးရဲ့"

"မဟုတ်တာ တွယ်ချိတ်လေးက Ra(ရာ) ဆီမှာပဲ ဟာကို"

" ဘယ်သူက တွယ်ချိတ်လေးပြန်ယူခဲ့တယ်ပြောမိလို့တုန်း
ကိုယ်ယူခဲ့တယ်ပဲပြောမိတာကို"

"ဟင် ဘာကိုယူသွားတာလဲ Ra(ရာ) မသိပါလား? "

"ကိုယူခဲ့တာက ချာတိတ်ရဲ့ အပြုံးလေးတွေလေ
ကို့နှလုံးသား နဲ့ အပြည့်ပဲကိုယူလာခဲ့တယ်"

" ဟာ လူကြီးကွာ မကောင်းဘူး ဘာတွေပြောနေလဲ မသိဘူး"

" ကိုအတည်ပြောတာ ချာတိတ်ရဲ့ အပြုံးလေးတွေက
ကို့ရင်ထဲ တွယ်ချိတ်လေးလိုပဲ စူးနေမိပီ ပြန်နုတ်မရတော့ဘူး
ချာတိတ်လေးရေ"....

" ဟာ လူကြီးနော် Ra(ရာ)မနေတတ်တော့ဘူး
ဆက်ပြောရင်စိတ်ဆိုးမှာနော်"တဲ့

"စိတ်တော့ မဆိုးပါနဲ့ အုံးနော် စိတ်မဆိုးခင်
ချာတိတ်ရဲ့ ph no လေးအရင်ပေးသွား"

" သွား လူဆိုးကြီး မပေးပါဘူး Ra(ရာ) ph no က 0998.....ဆိုတာ
လူကြီးကို မပြောပြပါဘူး"

"ဒါပဲ Ra(ရာ) out တော့မယ်" ဆိုပီး line ပေါ်က ဆင်းသွားလေရဲ့ ...

ည 8:00 တောင် ထိုးရောပေါ့ ချာတိတ်လေးဆီ ph ဆက်အုံးမှပဲ

ချက်ချင်းဆိုသလို ညနေက Ph Contact ထဲမှာ မှတ်ထားတဲ့
Ra(ရာ) ဆိုတဲ့ ph no လေးကို ခေါ်တော့လိုက်တော့ တူ..တူ...

" ဟလို "

"ဟလို Ja Ra လား?"

"အင်း ဟုတ်တယ် အခုကဘယ်သူလဲ"

" ချာတိတ်ရဲ့ Oppa လေ "

" ဘာတွေ လာပြောနေတာတုန်း " တီ.....ဆိုပီး ph ချသွားလေရဲ့

ထပ်ခေါ် ကြည့်တော့ ph မကိုင်တော့ 🥺

ဟင် ဘာလို့ ph မကိုင်တော့တာလဲ ကျွန်တော့်ရဲ့ ခေါင်းထဲ အတွေးပေါင်း သောင်းခြောက်ထောင်..

Line ပေါ်မှာသူများ ရှိမလားလို့ ရှာကြည့်တော့
သူမ အကောင့်လေး မီးမစိမ်းနေတော့ 1 hour ago 🥺

တဒေါက်ဒေါက် အခန်းတံခါး ခေါက်သံ နင့်အတူ

"ယောက်ဖရေ ကျောင်းသွားမယ် ဒီနေ့ Tutorial ရော Practical ရော ရှိတယ်ကွ အတန်းစတော့မယ်" ..

"Sorry ယောက်ဖရာ ငါဒီနေ့ အတန်းမတတ်တော့ဘူး" လို့
ပြန်ပြောရင်း ကျွန်တော့်ခြေလှမ်းတွေ လေးလံစွာနဲ့ အခန်းတံခါး၀ဆီသွားပီး သူငယ်ချင်း ဂျာဒန်အောင်ကို တံခါးထဖွင့်ပေးလိုက်တယ်..

"လာလေ ယောက်ဖ အထဲ၀င်"

"ဘယ်လိုဖစ်တာတုန်း နေမကောင်းဘူးလား"

"မဟုတ်ပါဘူးကွာ ငါဒီတိုင်းပဲ ဒီနေ့ အတန်းမတတ်ချင်လို့ပါ"

"ငါသိပီ မင်းကတော့ တွယ်ချိတ်လေးစူးပီးဖျားပီထင်တယ် "

"အေးကွ မင်းပြောသလိုပဲ မနေ့က သူ့ဖုန်းကို ဆက်တော့
ခနလေး ကိုင်ပီး ချသွားတယ်ကွ "ပီးတော့ ခုထိခေါ်မရဘူး

"ဒါဆို online ရောမသုံးဘူးလား"

"ငါတစ်ညလုံးစောင့်နေခဲ့ပီးပီ ခုချိန်ထိ တတ်မလာဘူးကွ
ph ခေါ်ကြည့်တော့လဲ black list ထဲ ထည့်ထားတယ် "🥺

"ဒါဆိုလဲ အတန်းတော့လိုက် တတ်ပါကွာ အတန်းပီးရင် သူ့ကျောင်းဘက် ဖစ်ဖစ် အဆောင်ဘက်ဖစ်ဖစ် သွားကြည့်ကြတာပေါ့ ကျောင်းကိုတော့ လိုက်ခဲ့ကွာ"

"အေးပါကွာ ဒါဆို ခနစောင့်ကွာ "

အတန်းတတ်နေရပေမယ့် စိတ်ကမပါ Tutorial ဖြေတော့လဲ တစ်လုံးမှ မ‌ေရးပဲထိုင်နေမိတယ်

"ယောက်ဖ ငါပြန်တော့မယ်ကွာ "

"ဟာ ဟျောင့် practical တော့ပီးအောင် လုပ်ရအောင်ပါကွာ "

"အေးပါကွာ" သို့သော် ကျွန်တော့ရဲ့ စိတ်‌ေတွက သိပ်ချစ်ရတဲ့
ချာတိတ် Ra(ရာ) ဆိုတဲ့ ကချင်မလေးဆီမှာ

Practical စာအုပ်ထဲ ချရေးနေမိတာက " CH3COOH + CH3OH = Ja Ra " 😁

" ဟိုကျောင်းသား ဘာလို့နာရီကိုပဲ တစ်ချိန်လုံးငုံ့ကြည့်နေတာလဲ "

"တီချယ်ဟိုလေ ဟို."...

ကျွန်တော်ဘာမှ ဆက္မပြောနိုင်....

4:00 pm ထိုးသည်နှင့်တစ်ပြိုင်နှက် practical ခန်းထဲက
ကျွန်တော်ချက်ခြင်း ထထွက်လာမိသည်

"ယောက်ဖ နေအုံး စောင့်ပါအုံးဟ" သူငယ်ချင်း ဂျာဒန်အောင်က
နောက်က လှမ်းခေါ်ရင်း ကျွန်တော့ဆီ အမြန်လိုက်သည်

" ဆိုင်ကယ်ဖြည်းဖြည်းမောင်းပါ ငါ့ကောင်ရာ "

"Sorry ယောက်ဖရာ ငါ့စိတ်တွေ အရမ်းလောနေလို့ပါ "

" သတိလေးတော့ ထားကွာ "

ကျွန်တော် ဘာစကားမှ ပြန်မပြောမိ ကျွန်တော် Ra (ရာ) ကို တွေ့ချင်တာပဲ သိသည်.....

တစ်ချိန်ထဲမှာပဲ သူမ၏ အဆောင်ကို လိုက်သွားပီး မေးရန်ဆုံးဖြတ်ချက်ချလိုက္မိ၏။

" ဘာလို့ ဆိုင်ကယ် ရပ်လိုက်တာလဲ ယောက်ဖ"

" ဒါ သူ့အဆောင်ယောက်ဖ သူအ‌ဆောင်မှာပဲ ရှိလောက္မယ်ထင်တယ် "

"ရွှေလိပ်ပြာ " အမျိုးသမီးဆောင်ရှေ့ မရောင်မလည်လုပ်နေတုန်း
အဆောင်ထဲမှာ အသားဖြူဖြူ ခပ်၀၀ အမျိုးသမီး ထွက်လာပြီး

" ဘာကိစ္စရှိလို့လဲ သားတို့ "

" ဟို.. ဟုတ်ကဲ့ အန်တီ Ja Ra ရှိလား မသိဘူး
Ja Ra နဲ့တွေ့ချင်လို့ပါ "

" အော် ဒါဆို ခနစောင့်လေ အန်တီ သွားခေါ်လိုက်အုံးမယ်"

"ဟုတ် ဟုတ်ကဲ့ပါ အန်တီ ကျေးဇူးပါ "

အဆောင်ပိုင်ရှင် ဖြစ်ဟန်တူသော အန်တီကြီးက အဆောင်ထဲ ပြန်၀င်သွား၏။

"Ja Ra ရေ သမီးရဲ့ ဧည့်သည်ရောက်နေတယ်"

" ရှင် အန်တီ ဘယ်သူလဲ မသိဘူး"

"ဒါတော့ အတန်တီ ဘယ်သိမလဲ အဆောင်ရှေ့မှာ စောင့်နေကြတယ် "

" ဟုတ်.. ဟုတ်ကဲ့ အန်တီ"

5 မိနစ်ခန့်ကြာ‌ေအာင် ကျွန်တော်စောင့်ပီးတော့ ထွက်လာပါပီ
ပန်းနု‌ေရာင် စပန့်ဂါ၀န်လေး နဲ့ ဆံပင်ရှည်ရှည် ကချင်မလေး
ကျွန်တော်သိပ်ချစ်ရတဲ့ ချာတိတ်လေး Ja Ra.....

"ဟင် လူကြီး ဘာလို့ အဆောင်ထိလိုက်လာတာလဲ? "

ကျွန်တော်ဘာပြန်ပြောရမှန်းမသိ

"ဟိုလေ ချာတိတ်ကို တွေ့ချင်လို့ပါ ပီးတော့..." ကျွန်တော့ နုတ်ကဘာစကားမှ ထပ်ထွက္မလာတော့....

" ဒီလို Ja Ra ရေ ဒီကောင်က ညီမ ph မကိုင်လို့တဲ့ မနက္မိုးလင်းထိ တစ်ညလုံး မအိပ်လဲ မအိပ်ဘူး ပီးတော့ ညီမကိုပဲ တွေ့ချင်တယ်ဆိုပီး တစ်ချိန်လုံး ပြောနေလို့ .....

" အဲ့တာ Ra(ရာ) နဲ့ ဘာဆိုင်လို့လဲ ?"

" ဟို ဆိုင်တယ်မဆိုင်ဘူးတော့ မဟုတ်ဘူး ချာတိတ်ရေ ကို့‌ေကြာင့်
စိတ်အနှောက်ယှက်ဖစ်သွားရင် တောင်းပန်ပါတယ် "

" ဒါဆိုပြန်တော့ .."

" ဟင်...ဟိုလေ ပြန်ဆို ပြန်ပါ့မယ် ဒါပေမယ့် Phone မကိုင်ချင်နေပါ
Online မှာတော့ စကားလေး ပြန်ပြောပေးပါနော်" 🥺

" အင်း ..ပြန်တော့"

ဘာမှ မဆက်ပြောရသေးခင် နှောက်လှည့်ပီး အဆောင်ထဲ ပြန်၀င်သွားလေသည်။

သူမရဲ့ ကျောပြင်လေးကို ကျွန်တော် ငေးကြည့်နေခဲ့မိသည်။

" လာပါကွာ ယောက်ဖ ပြန်ရအောင်ကွာ မင်းအခုလိုဖစ်နေတာ
တစ်ခြားသူတွေမြင်လဲ အဆင်မပြေဘူးယောက်ဖရ"

ကျွန်တော်ဘာမှ ပြန်မပြောနိုင် ပြောချင်စိတ်လဲ မရှိသလို
ပြောစရာစကားလဲ မရှိတော့ပီ ထို့ကြောင့် လက်ထဲက ဆိုင်ကယ်သော့ကို ကျွန်တော့် သူငယ်ချင်းအားကမ်းပေးလိုက်သည်"

"မင်းပဲ မောင်းခဲ့လိုက်ကွာ"

အဆောင်ကို ဘယ်လိုရောက်လာမှန်း ကျွန်တော်မသိ
တစ်လောကလုံးပဲ အမှောင်ဖုံးနေသလို ကျွန်တော့ရင်ထဲ ဘာမှမရှိတော့သလို...

အခန်းထဲ ရောက်တော့ ကုတင်ဘေး စာကြည့်စားပွဲပေါ်တင်ထားတဲ့ MEVIUS ဆေးလိပ်ဘူးထဲမှ တစ်လိပ်ကို ယူ၍ မီးညှိကာ ဖွာရှိက်နေမိသည် .....

၀တ်ထားတဲ့ Jeans ဘောင်းဘီ အိပ်ကပ်ထဲက ph ကိုထုတ်ပီး internet ကို ဖွင့်ပီး Messanger ကို ဖွင့်ကြည့်တော့ ...

" Hi လူကြီး Ra(ရာ) တောင်းပန်ပါတယ်

"Ra (ရာ) နည်းနည်းရိုင်းမိသလို ဖစ်သွားတယ်"

"Ra (ရာ) လဲ ယုတ်တရက် ဆိုတော့ ဘာလုပ်ပီး
ဘာပြောရမှန်းမသိလို့ပါ" ဆိုတဲ့ ချာတိတ်လေး ပို့ထားတဲ့ စာသုံးကြောင်း...

သူမပို့ထားတဲ့ စာလေးကို မြင်တော့ ခုနက လေးလံပီးထိုင်းမိုင်းနေတဲ့ စိတ်တွေ ဘယ်ရောက်သွားတယ်မသိ

ချက်ချင်းဆိုသလိုပဲ လန်းဆန်းတတ်ကြွပီး ပျော်ရွင်နေမှုကြီးက
" Enervon - C" အလုံးတစ်ရာပဲ သောက္ထားရသလို 🤣

" မဟုတ်တာ ချာတိတ်လေးရဲ့ ဒီက လူကြီးက အဆောင်ထိ
အနှောက်ယှက်လာပေးသလို ဖစ်ခဲ့တာပါ ကိုယ်တောင်းပန်ပါတယ် "

" ပီးတော့ Ra (ရာ) ကိုတွေ့ချင်တဲ့ စိတ်တွေ
ထိန်းမရဖစ်သွားခဲ့မိလို့ပါ တောင်းပန်ပါတယ် "

" ဘာပဲ ဖစ်ဖစ်ပါ Ra (ရာ့) ဘက်ကလဲ နည်းနည်းလွန်သွားတယ်"

" ခုကိစ္စကို Ra(ရာ) လဲ မေ့လိုက်တော့မယ်
လူကြီးလဲ စိတ်ထဲ မထား နဲ့တော့နော် ဟုတ်ပီလား "

"ပီးတော့ မနေ့ညက Ra(ရာ) စိတ်သိပ်မကြည်လို့
blacklist ထဲထည့်လိုက္မိတာ sorry" ........

" ကို့ကြောင့် စိတ်အနှောက်ယှက်ဖစ်ခဲ့ရတယ်ဆိုရင်တော့
တစ်ကယ်အနူးညွတ်တောင်းပန်ပါတယ်"

" လူကြီးကြောင့်ရယ်‌ေတာ့လဲ မဟုတ်ပါဘူး ကျောင်းစာတွေ‌ေကြာင့် stress နည်းနည်းများနေလို့ပါ "

" ဟုတ် ဒါဆို အခုရော စကားဆက်ပြောလို့ရမလား?"

"ဟုတ်ရပါတယ်"

ည 7 နာရီလောက်ကစ စကားတွေ ပြောနေလိုက်ကြတာ ခုဆို 10 နာရီတောင်ထိုးရောပေါ့ ..

" ချာတိတ် အိပ်ချင်နေပီထင်တယ် အိပ်တော့လေနော်"

"ဟုတ်တယ် လူကြီး‌ Ra(ရာ) အရမ်းအိပ်ချင်နေပီ အိပ်တော့မယ်"

" ဟုတ် Good Night နော် ချာတိတ်လေးရေ "

"အင်း Good Night"

အဲ့ဒီညက အိမ့်မက္ထဲ အဝါရောင် နေကြာပန်းခင်းကြီးထဲ 🌻Ra(ရာ) နဲ့ ကျွန်တော်..........

Part 4 ဆက်ရန်.......

#ရွှေရောင်တွယ်ချိတ်လေး 💛🧷

25/11/2021

"ရွှေရောင် တွယ်ချိတ်လေး 🧷💛 " ( အပိုင်း ၂ )
..မနက္မိုးလင်းအိပ်ယာနိုးချိန် ph ကိုင်ပီး Facebook ကို ဖွင့်ကြည့်လိုက္ မိတော့..

" ဟိုလူကြီး ညက အရမ်းအိပ်ချင်လာလို့ Ra(ရာ) အိပ်ပျော်သွားတာ"

" Morning နော် "
..သူပို့ထားတာ မကြာသေးဘူးပဲ 2min ago တဲ့ စာလေး ဖတ်လို့ ပြုံးနေတုန်း သူ့အကောင့်လေး မီးစိမ်းပီး Active Now ပြန်ဖစ်လာတယ်...

" Morning ညီမရေ အကိုလဲခုမှနိုးဝာာ "လို့ ကျွန်တော်ပို့ပြန်လိုက်တော့

" ဒီလူကြီး အခုမှ ထတာလား ကျောင်းမသွားဘူးလား?
အိပ်ပုတ်ကြီး ‌Ra(ရာ) တောင် ကျောင်းမှာ အတန်းတတ်နေပီ "
..အမယ် စာဂျပိုးမလေး ။

"အတန်းတော့ ရှိတယ် ညီမရေ ဒီနေ့ပျင်းလို့ မသွားဖစ်တာ" ". ....

" Aww Ra(ရာ) လဲ အတန်းပီးတော့မှာ 10 နာရီ ခွဲဆို အဆောင်ပြန်တော့ မလို့လေ"
.နာရီကိုကြည့်‌တော့ ခုတောင် 9 နာရီခွဲပီ..

" ဒါဆို Ra အားလား အကိုလာခဲ့မယ်လေ"

"ဘာလာလုပ်မလို့လဲ လူကြီးက 😒 "

"တွယ်အပ်လေး ပြန်လာယူချင်လို့😁"

" လာယူချင်လာယူလေ 🙄 "

"အဲ့ဆို အတန်းပီးရင် လှမ်းပြောလိုက် အကိုလာခဲ့မယ်"

"ပီးရော "
. မနက်ကသူ့ wall လေးထဲ ၀င်ကြည့်တုန်း "Bubble Tea နဲ့ မာလာရှမ်းကော" စားချင်တယ်ဆိုတဲ့ Caption လေးနဲ့အတူ မာလာရှမ်းကောပုံလေးကိုပါ Share ထားတာလေးကို ကျွန်တော်ချက်ချင်းပဲ သတိရသွားမိတယ်

ဒါနဲ့ ကျွန်တော် စားနေကျ "Mohnyin Potato" ဆိုင်ကို ဖုန်းဆက်ပီး သူမအတွက် သူမစားချင်တာလေးကို လှမ်းမှာထားလိုက်တယ်။

10: 20 မိနစ်ရောက်တော့ ..

"အတန်းပီးတော့မှာ လူကြီး တစ်ကယ်လာမှာလား "

" တစ်ကယ်လာမှာပေါ့ အခုလာခဲ့ရမလား "

ပြန်မေးတော့

"အွန်း လာခဲ့လေ တွယ်အပ်က အဆောင်မှာ လိုက်ယူ Ra(ရာ)ဆီပါမလာဘူး" ။

"Okay wait အခု လာပီနော်"
.. ဆိုပီး အဆောင်ကနေ ဆိုင်ကယ်မောင်းပီး သူမ ရှိရာ GTC ကျောင်းသို့ချက်ချင်း ထွက်လာလိုက်တယ် ။ မှာထားတဲ့ဆိုင်မှာ မာလာရှမ်းကော နဲ့ Bubble Tea ၀င်ယူနေတုန်း စာလေး ၀င်လာတယ် ...

"လူကြီးမလာသေးဘူးလား Ra(ရာ) အတန်းပီးလို့ ကျောင်းရှေ့မှာစောင်‌့နေတာ "

"လာပီ ချာတိတ်ရေ ခု ကျောင်းနားရောက်နေပီ "ဆိုပီး

ပြန်ပို့ကာ သူမရှိရှာ Mohnyin GTC ကျောင်းရှေ့ကို ဦးတည်ပီး ဆိုင်ကယ်ကို မနေးမြန်မောင်းခဲ့လိုက်တယ် ။
ကျောင်းရှေ့ရောက်တော့ တစ်ချို့တွေ အတန်းဆင်းလို့ ပြန်တဲ့ သူက ပြန် အတန်းလာတတ်တဲ့သူက တတ်နဲ့ ကျောင်းပေါက်၀မှာ လူ အနည်းငယ်ရှပ်နေလေရဲ့ ။

' ဒီမှာ လူကြီး 'လို့ လှမ်းခေါ် အသံကြားတော့ ကျောင်းရှေ့ဘယ်ဘက် ပလက်ဖောင်းဘေးမှာ စာအုပ်လေးတွေ လက်က ပိုက်ပီး ရပ်စောင့်နေတဲ့ အပေါ်အဖြူ အောက်က အပြာရင့်ရောင် GTC Uniform လေးနဲ့ ချစ်စရာကချင်မလေး

ပီးတော့ ခြေဖုဝါးနုနုလေးတွေအောက်
ကတ္တီဘာ ဖိနပ် မနိမ့်မမြင့်လေးကို စီးထား‌‌ေသးတယ် ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ Engineer ကျောင်းသူလေးလဲ ။ ‌သူမအနားကို ရောက်တော့...

" ပေးစာအုပ်တွေ ဒီကို" ဆိုတော့ ကြောင်ကြည့်နေ​လေ ရဲ့ သူမှ လက်ထဲက စာအုပ်တွေကို ကျွန်တော်လှမ်းယူရင်း ကျွန်တော် ယူလာတဲ့ မာလာရှမ်းကော နဲ့ Bubble Tea ပါဆယ်တွေကို သူ့လက်ထဲ ထည့်ပေးတော့...

" ဒါက ဘာတွေလဲ လူကြီး "

"ချာတိတ် wall ထဲ share ထားတာ တွေ့လို့ ချာတိတ် စားချင်မယ်ထင်လို့ ၀ယ်လာပေးတာ "

" ဟင် "
..တဲ့ အံ့ဩနေတဲ့ မျက်လုံးလေး နဲ့ ပါးပေါ်က ပါးချိုင့်လေး ပေါ်အောင် ပြုံးနေလေရဲ့။

" ဒါ‌ Ra(ရာ) စားချင်နေတာ ဟုတ်တယ် ကျေးဇူးပဲ‌ေနာ်လူကြီး "
.. ဘယ်လောက်ရိုးသားပွင့်လင်းတဲ့ ကချင်မလေးလဲ ။

" ဒါပေါ့ ချာတိတ် ကြိုက္မှန်းသိလို့ ကိုယ် ဝယ်လာတာ "

"အပိုတွေ😒 မနေ့က မ share ထားရင် လူကြီး မသိပါဘူး 😒"

....ဆိုပီး သူမ ထိုးလိုက်တဲ့ မျက်စောင်းလေးတစ်ချက်က ဒိုင်းခနဲ ဆို ဒီလူကြီးရဲ့ ရင်ဘတ်ကြီးထဲ Hart Attack တွေဖြစ်ပီး လုပ်စိလုပ်စိတွေ ဖြစ်ကုန်ရော ။

"ချာတိတ် အဆောင်ပြန်မယ်ဆို ကိုလိုက်ပို့ပေးမယ်လေ"

" Ra(ရာ) အဆောင်က ဒီနားမှာပဲ နီးနီးလေး ဒါပေမယ့် အဆောင် မပြန်ချင်သေးဘူး အဆောင် ပြန်ရမှာလဲ ပျင်းနေသေးတယ် "

"ဒါဆို ချာတိတ်အချိန်ရရင် ရှေ့နားက စိမ်းလဲ့သာယာ ပန်းခြံမှာ ခနထိုင်မလား " ကျွန်တော်က မေးတော့

"သွားလေ ရတယ် Ra လဲ ဗိုက်ဆာနေတာ ဒါတွေ ထိုင်စားလို့ ရတာပေါ့ "
..ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ အစားဘီလူးလေးလဲ 😁 အရာရာမှာ ရိုးသား ဖြူစင်ပီး အပစ်ကင်းနေရော 💝....

ပန်းခြံထဲရောက်တော့ ဘယ်က ဘာစပြောရမယ်မသိဘူး စွယ်တော်ပင်အောက်က အဝါရောင် ခုံတန်းလေးပေါ်မှာ နှစ်ယောက်အတူတူ ထိုင်လိုက်ကြတယ် ။

" ဒီနေ့ နည်းနည်းအေးတယ်နော်‌😁"

ကျွန်တော်စပြောတော့

"ဆောင်းတွင်းလေ လူကြီး ခုမှ 1 လပိုင်းအေးမှာပေါ့😒"

😂 ဘာဆက်ပြောရမယ် မသိ ...

"ဟုတ်သားပဲ 😁။ ဒါနဲ့ ချာတိတ်က ကချင်နော် "

"ဟုတ်တယ်လေ လူကြီးကရော ကချင်တော့ မဟုတ်ဘူးမလား "

"အွန် ဟုတ်တယ် အကိုက ရှမ်းဗမာ ကပြား "

" ဒါဆို ဘာလို့ ခရစ်ယန် ဖစ်နေတာလဲ "

" မိရိုးဖလာကတော့ ဗုဒ္ဓဘာသာပါပဲ ဘုရားသခင်က ချာတိတ်နဲ့ ဆုံဆည်းခွင့်ရဖို့ ပြင်ဆင်ပေးလိုက်တာ ဖြစ်မယ် 😁"

' လူကြီးကွာ 'ဆိုပီး. ရှက်နေတဲ့ မျက်နှာလေးနဲ့ ခေါင်းငုံ့သွားတယ် ဒါတောင် ဆံ‌နွယ်လေးတွေကြားက မြင်နေရတဲ့ သူ့မျက်နှာလေး တစ်စွန်းတစ်စက ချစ်ဖို့ကောင်းနေတုန်းပဲ 🥰

ဘယ်လောက် အချိန်တွေကြာအောင် နှစ်ယောက်သား စကားတွေ ပြောနေမိတယ် မသိဘူး နာရီကို ကြည့်တော့ 12 နာရီတောင် ထိုးပီ။

" လူကြီးတဲ့ Ra(ရာ) တို့ထိုင်နေတာ ကြာပီပြန်ကြတော့မလား"
..ဟုတ်သားပဲ အချိန်တွေဘယ်လို ကုန်သွားတယ် မသိဘူး နာရီတွေကိုသာ ရပ်ထားလိုက်ချင်မိတယ် ။...

" ဒါဆို အဆောင်လိုက်ပို့မယ်လေ "

" အွန်းပါ လိုက်ပို့လေ "
. ကျွန်တော်သတိထားမိလိုက်တာက သူမရဲ့ ပြုံးနေတဲ့ မျက်နှာလေး ဆွဲဖတ်ပြီးသာ ဖက်နမ်းပစ်လိုက်ချင်တယ် 😁။.

"ဘာကြည့်နေတာလဲ သွားမယ်လေ "

" aww ဟုတ်သားပဲ "ဆိုပီး
..နှစ်ယောက်အတူ ပန်းခြံထဲက ထွက်လာခဲ့ကြတယ် ။ ဆိုင်ကယ်ပေါ်ရောက်တော့ ...

" ချာတိတ် သေချာဖက်ထားနော် ကိုက ဆိုင်ကယ်မောင်း ကြမ်းတယ် "

" မဖက်ပါဘူး ဖက်စရာလား "
. ကျချင်ကျပါစေဆိုပီး နုတ်ခမ်းလေး ဆူပီး ပြန်ရန်တွေ့တယ်။
ဆူနေတဲ့ နုတ်ခမ်းလေးအထဲ ပြန်၀င်သွားအောင်တာ နမ်းပလိုက်ချင်တယ် 😁။
ဆိုင်ကယ် စမောင်းတော့ သူမက အနောက်နားက ခပ်ခွာခွာလိုက်စီးလာတယ် ဒီကလဲ ဘယ်ရမလဲ Brake ကို ခနခန ညစ်ရတာပေါ့ 😁

သူမ သတိ မထားမိခင်အချိန်‌ေလးမှာရုတ်တရက် Brake ကို ဆောင့် ညစ်လိုက်တော့ ကျွန်တော့ရဲ့ ကျောပြင်မှာ သူမရဲ့ မျက်နှာလေးအပ်လို့

"လူကြီးကွာ ကောင်းကောင်းမောင်း မဟုတ်ရင် ခုန်ချလိုက်မှာ "နော်တဲ့

စကား ဝဲဝဲလေး နဲ့ ခပ်စွာစွာ ကချင်မလေးက ကျွန်တော့ဆိုင်ကယ်နောက်ကနေ ရန်တွေ့နေလေရဲ့ 🥰

"ဒါနဲ့ အဆောင်ကဘယ်နားမှာလဲ"

"အရှေ့ ဘယ်ဘက်နား လေးမှာ ရောက်တော့မယ်"

"ဟိုး ရောက်ပီ" လို့ သူပြောတော့ ကျွန်တော့် ဆိုင်ကယ်ကယ်ကို ရပ်လိုက်တယ်
အဆောင်နာမည်လေးကို လမ်းကြည့်မိမှ "ရွေလိပ်ပြာ" တဲ့

"လူကြီးရေ Ra (ရာ) အထဲ၀င်တော့မယ်နော်"

"ဟုတ်ပါပီ ချာတိတ်ရေ "

" ဒါဆို တတာ့"
.မပီကလာပီကလာ အသံလေးနဲ့ ပြုံးပြနုတ်ဆက်လို့ သူမ အဆောင်ထဲ ၀င်သွားတာလေးကို ငေးကြည့်နေမိတယ်(ကျွန်တော့်ချာတိတ်လေးက အနောက်ကကြည့်လဲ ချစ်စရာကောင်းတုန်းပဲဗျ)

သူမ အဆောင်ကနေ ကျွန်တော့် အဆောင်ရှိရာသို့ ပြန်တော့ စိတ်ထဲ လွတ်လပ်ပေါ့ပါးလို့ အရာရာဟာ လှနေသလိုပဲ (အဲ့ဒီ‌ေန့ကကျွန်တော့အ‌ဆောင်ပြန်ရာ လမ်းတစ်လျှောက်္မှာ အောင်ပွဲရ စစ်သူကြီး တစ်ယောက်လို ပြုံးပီးပြန်လာခဲ့တယ် 😁)

သေချာပါတယ် နောက်နေ့ကစ " Mohnyin University" နဲ့ "Mohnyin GTC" ကို တစ်နေ့ ၁၈၆ ခေါက်ရောက်အောင် ကျွန်တော်သွားမိတော့မှာပဲ..........( တစ်ကယ်တော့ MU နဲ့ MG ကျောင်း နှစ်ကျောင်းက ဟိုဘက္မြို့ အ၀င် နဲ့ ဒီဘက် မြို့အထွက်ပါ) တောင် နဲ့ မြောက်ပဲဆိုပါတော့........

သူများတွေ ပြောပြော နေတဲ့ "အကြည်ဓာတ် "ဆိုတာ ဘာမှန်းမသိပေမယ့် ကို့ရဲ့ "အကြည့်ဓာတ်" လေးကတော့ " Ja Ra " ဆိုတဲ့ ကိုသိပ်ချစ်ရတယ် ကချင်မလေး "Ja Ra" ဖစ်နေခဲ့ပီ....

ကိုတော့မင့်ကို သိပ်ချစ်နေမိပီ ချာတိတ်လေးရေ💜..........

အပိုင်း(၃) ဆက်ရန်........

#ရွှေရောင်_တွယ်ချိတ်လေး 💛

24/11/2021

ဘယ်လောက်ထိ ချစ်လဲမေးရင်
ခြေဖျားက‌နေ ဆံနွယ်လေးတွေ အဆုံး
သူမပါးပြင်ပေါ်က မွေးညှင်းစိမ်း"လေး တွေထိချစ်တယ်.. ❣️

24/11/2021

အချိန်က ည (9: 00) နာရီ မြို့ပြရဲ့ မာကျူရီ မီးရောင်တွေအောက် ခေါင်းငိုက်ဆိုက်နဲ့ တစ်ယောက်တည်း လမ်းလျှောက်လာတဲ့ လူငယ်တစ်ယောက် ....

ည ကိုး နာရီသာ ရှိနေသေးပေမယ့် ဒီည လမ်းပေါ်မှာ လူရှင်းနေသလို။ မွန်းကျပ်နေတဲ့အတွေး အပိုင်းအစများနဲ့ အတူ ခြေဦးတည့်ရာ လျှောက်သွားရင်း အနီးနားမှာရှိတဲ့ 24 hours Mini Market တစ်ခုလေးအတွင်းထဲသို့ ၀င်သွားမိတယ် ။

" အမရေ ကျွန်တော့်ကို MEVIUS 🚬 တစ်ဗူးပေးပါ "

" Original လား? Sky Blue ? မောင်လေး "

"Original ပဲ ပေးပါ အမ "

‌ကျသင့်ငွေကိုရှင်းပီး MEVIUS 🚬 ဆေးလိပ်ဗူး ကိုယူကာ ဆိုင်ထဲက ပြန်အတွက် ကျွန်တော့် နောက်ကျောဘက္မှ တစ်စုံတစ်ယောက်ရဲ့ ခေါ်သံလေး ကိုကြားလိုက္မိသည် ။ ငါ နားကြားမှားနေတာပဲ ဖြစ်မှာပါလို့ တွေးရင်း ဆိုင်ထဲကထွက်ရန် လှမ်းလက်စ ခြေလှမ်းတွေကို ဆက်လျောက်‌ဖို့ပြင်နေစဉ်

" Jikk "

" ဟင် ဘယ်သူပါလိမ့် အော် Thel ပါလား "

" Jikk နင် အရင်လို ဆေးလိပ်တွေ သောက်နေတုန်းပဲလား ?"

" အင် "

" Jikk နင်အအခုအဆင်ပြေရဲ့လား ? ငါနင့်ကို ဆေးလိပ်သောက်တာ မကြိုက်ဘူးလို့ ငါပြောထားတယ်လေဟာ "

" Aww ဆေးလိပ်သောက်တာမကြိုက်ဖူးတဲ့လား? နင့်ကိုလဲ မထားခဲ့ပါနဲ့လို့ အကြိမ်ကြိမ် တောင်းပန်ခဲ့ဖူးတယ်လို့ ထင်တာပဲ နင်ထားသွားခဲ့တယ်လေ "

" ဟာ...မတူဘူးလေဟာ ငါက နင့်ကို စိတ်ပူလို့ပြောနေတာ "

" နင်ထားသွားတုန်းက နင်မရှိတော့တဲ့နောက် တစ်ယောက်ထဲ ပြိုလဲနေတဲ့ ငါ့ကိုရော နင်စိတ်ပူခဲ့လို့လား ?"

"မဆိုင်သလိုသွေးအေးပီး နင်ထားခဲ့တုန်းကရော ....?

ပြောလက်စ စကားကို ရပ်ပီး ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ပီး မီးြငိှကာဖွာရှိုက်လိုက္မိသည် ။

" Jikk နင့်ကို ငါ့အရှေ့မှာ ‌ဆေးလိပ်မသောက်ဖို့ ငါပြောထားတယ်နော် "

" နင့်ရဲ့ နောက်ဘဲ အသစ်နဲ့ ငါ့ရှေ့ပေါ်မလာပါနဲ့ ငါပြောထားပေးမယ့် နင်ငါ့အရှေ့မှာ ငါ့ကို တွဲပြတာကရော ? "

" နင် ဒီလိုပဲ ဆက်ပြောနေမှာလား Jikk "

" ငါ တို့ နှစ်ယောက်ကြားမှာ ဘာစကားတွေများ ထပ်ပြောစရာကျန်သေးလို့လဲ? "

" Jikk နင်ဟာ ...."

" နင်နဲ့ပြတ်ပီးတဲ့နောက် အသည်းတွေလဲ ကွဲခဲ့ရပါတယ် ဒါပေမယ့် အသဲကွဲတယ်ဆိုတာ လမ်းလျှောက်ရင်း ခလုတ်တိုက္မိတဲ့ ဒဏ်ရာလေး တစ်ခုလိုပဲ တိုက္မိတဲ့ အရှိန်အပေါ်မူတည်ပီးတော့ ဒဏ္ရာ အသေးအကြီးတော့ ကွာတာပေါ့ "

" ခုတော့ ငါ့မှာ ဘာဒဏ်ရာမှ မရှိတော့ဘူး အမာရွတ်လေးတစ်ခုတောင် မရှိဘူး "

" ဒါဆို နင့်ရင်ထဲမှာ ငါ့အတွက်‌ေနရာ မရှိတော့ဘူးပေါ့ "

" ငါနင့်အတွက် နဲ့ အကြိမ်" ဈေးပေါခဲ့ပီးပီ ထင်တယ် "

" ဒီတော့ သူစိမ်းလိုပဲ နေပေးပါ မတော်တဆ လမ်းမှာတွေ့ရင်‌ေတာင် မသိချင်ယောင်ဆောင်ပေးပါ "

" လောကမှာကြောက်စရာ အကောင်းဆုံးက ဘာလဲဆိုတာ နင်သိလား Thel မသေမှာဆိုးလို့ ပြန်လာထိုးတဲ့ ဓားတွေပဲ ...🙂"

(17.11.2021)

23/11/2021

"ရွှေရောင် တွယ်ချိတ်လေး 🧷💛"

အပိုင်း (၁)

" Sunday နံနက်ခင်းလေး " တစ်ခု
.ကျောင်းပိတ်တဲ့ နေ့မို့ အိပ်နေလိုက်တာ မနက် 8 နာရီတောင် ထိုးရော ပေါ့ အိပ်ယာထဖို့ပြင်နေစဉ် အဆောင်အခန်းတခါးကို​ ခေါက်ရင်း..

"ယောက်ဖရေ မထသေးဘူးလား ဒီနေ့ Sunday လေ ဘုရားကျောင်းသွားမယ်" ဆိုတဲ့ အသံ
.သိလိုက်ပါပီ အပတ်တိုင်း Sunday ဆို ဘုရားကျောင်းအတူလိုက်ဖို့ လာလာခေါ်နေကြ ကျွန်တော့သူငယ်ချင်း ကချင်လေး ဂျာဒန်အောင် ..

" လိုက္မှာပေါ့ ယောက်ဖရဲ့ "

"ဒါဆိုလဲ မြန်မြန်ထရေချိုးတော့ နောက်ကျမယ် "

" ဟုတ်ကဲ့ပါ ကောင်းကင်တမာန်ကြီးရယ် ".ဆိုပီး ရေချိုးခန်းရှိရာကို ထွက်လာခဲ့လိုက်တယ်......

"သွားမယ် ယောက်ဖရေ အဆင်သင့်ပဲ "

"အေ မင်းပဲများနေတာ စောင့်နေရတာ နဲ့ ပဲ တော်တော်ကြာနေပီ "

" အေးပါကွာ ကောင်းကင်တမာန်ကြီးရယ် "လို့ ပြောရင်း
.ကျွန်တော်တို့ သွားနေကြ ဧမာနွေလ ဘုရားကျောင်းရှိရာကို နှစ်ယောက်အတူတူထွက်လာကြတယ် ဘုရားကျောင်းမှာ ၀တ်ပြုဆုတောင်းပီး ပြန်မယ် အလုပ်..

" အကိုရေ ခန " .. ခပ်ဝဲဝဲ အသံလေးနဲ့ လှမ်းခေါ်သံလေး နောက်လှည့် ကြည့်မိလိုက်တယ်...

" အကို့ဆီ တွယ်အပ်လေးများ မပါဘူးလားဟင် Ra (ရာ) ဖိနပ်ပျက်သွားလို့ပါ "
.သူ့ခြေထောက် လေးကို ငုံ့ကြည့်မိမှ ဟုတ်သားပဲ ‌ခြေဖ ဝါးနုနုလေးအောက်က ပန်းနုရောင် ကတ္တီဘာ ဖိနပ်သဲကြိုးလေးက ပျက်နေလေရဲ့ သူ့မျက်နှာလေးကြည့်လိုက်တော့ ရှက်နေတာလား စိုးရိမ်တာလား မသိ ပါးမို့မို့လေးက ပန်းနုရောင် ရှက်သွေးဖြာလို့......

" ခနနော် ညီမရေ "
.ဆိုပီး ပိုက်ဆံအိပ်ထဲရှာကြည့်တော့ ဟိုနေ့ကတင် ထည့်ထားမိတဲ့ 'ရွှေရောင် တွယ်ချိတ်လေး 'တစ်ခု ....

"အော် တွေ့ပီညီမရေ အကို့ဆီပါလာတယ်" လို့
.ကျွန်တော်ပြောတော့ သူမ စိတ်သက်သာရာရသွားတယ်ထင်ပါရဲ့ ခုနက ကြောက်နေလား ရှက်နေလား မသိတဲ့ မျက်နှာလေးမှာ အပြုံးလေးတွေ ပြန်လည် အသက်၀င်လာတယ် ...

" ကျေးဇူးပဲနော် အကို "

"ညီမတစ်ကယ် ဒုက္ခရောက်နေတာ "
. မပီကလာပီကလာ အသံဝဲ၀ဲ‌လေးနဲ့ သူမ ၀မ်းသာအားရပဲ ကျေးဇူးတင်စကားပြောရှာတယ်..

" ဒါနဲ့ ညီမ အဆင်ပြေရဲ့လား "

သူ့ပါးပြင်ပေါ်ပျံဝဲကျနေတဲ့ ဆံနွယ်လေးတွေကို သပ်ရင်းမော့ကြည့်ပီးပြန်ပြောတယ် ..

" ဟုတ် လုပ်တော့ လုပ်ကြည့်မယ်အကို့ ..ဒါပေမယ့် Ra(ရာ) မလုပ်တတ်ဖူး"

"ကဲကဲ ပေးပါ ဒါဆို အကိုပဲ လုပ်ပေးမယ်" ဆိုပီး

သူ့မှ ခွင့်ပြုချက် တောင် မစောင့်ပဲ သူမခြေဖုဝါး နုနလေးအောက်က သဲကြိုးလေး ပျက်နေတဲ့ ကတ္တီဘာ ဖိနပ်လေးကို လမ်းယူလိုက်မိတယ်

"ဟာ မဟုတ်တာ အကို အားနာလိုက်တာ "
. ကျွန်တော် ဘာမှ ပြန်မပြောပဲ သူမရဲ့ ဖိနပ်လေးကို တွယ်ချိတ်လေး နဲ့ သေချာချိတ်ပေးလိုက်တယ် ..

"အကိုက ဖိနပ်လဲ ပြင်တတ်တယ်နော်"
.ချစ်စရာပြောင်စပ်စပ်မျက်နှာ‌လေး နဲ့ လှမ်းစလိုက်သေး..

"ပြင်တတ်တယ်တော့ မဟုတ်ဘူးပေါ့ အကိုကောင်မလေး ရလာတဲ့ အခါ အခုလို ဖြစ်ရင် ပြင်ပေးလို့ရအောင်လေ့လာထားရ‌တာပေါ့ ချာတိတ်ရေ .."

"အမယ် ဒါဆို အကိုက single ပေါ့"
.ကျွန်တော် ခေါင်းညိမ့်လိုက္မိတယ် ထင်ပါတယ် ..

"ရပီ ညီမရေ စီးလို့ ရပီနော် .."

"ဟုတ်ကဲ့အကို့ ကျေးဇူးပဲနော် ဒါဆိုညီမသွားတော့မယ်လေနော်"

" ဟုတ်ပါပီဗျာ " လို့ ကျွန်တော် ပြန်နုတ်ဆက်လိုက်တယ်..

ဘေးနားက တချိန်လုံး ရပ်ကြည့်နေတဲ့ သူငယ်ချင်း ဂျာဒန်အောင်က

" ယောက်ဖ မင်း တွယ်အပ် စူးသွားသေးလား "

"ဟမ် မဆူးမိပါဘူး ဘာလို့လဲ" ပြန်မေးတော့

"မသိပါပုကွာ မင်းပြုံးနေတာ မိနစ် ၂၀ လောက်ရှိပီ😅 ဒါကြောင့် တွယ်အပ်လေးက မင့်မျက်နှာများ စူးသွားလို့ မင့်မျက်နှာ အကြောသေသွားတာ လားလို့ပါ 😅"

ဒီဖေ ပေါက်တက်ကရကွာ ( စိတ်ထဲကတော့ ကြည်နူးနေမိတာအမှန် 😁)
အဆောင်ပြန်တဲ့ လမ်းရောက်တော့ သူငယ်ချင်းက

"ယောက်ဖ ဘာစားမလဲ "

" 'တွယ်အပ်' အယ်မဟုတ်ပါဘူး 😑အဆင်ပြေတာ တစ်ခုခု စားတာပေါ့ 😁"

" ယောက်ဖမင်းကတော့ မဟုတ်တော့ဘူးနော် 🙄 "

"အေးကွ ဘုရားကျောင်းမှာတွေ့တဲ့ ကောင်မ‌လေးက ချစ်ဖို့ကောင်းတာတော့ အမှန်ပဲ ကွ မင်းသူ့ကို သိလား "မေးတော့

"သိတာပေါ့ ငါတို့နဲ့ တစ်မြို့ထဲကပဲ ဒီမှာ ကျောင်းလာတတ်တာ "

"ဟင် ဘယ်မေဂျာကလဲ ငါတော့ ကျောင်းမှာ တစ်ခါမှမမြင်ဖူးဘူး သူ့ကို "

" ငါတို့ကျောင်းက မဟုတ်ဘူးလေးကွာ သူက GTC Civil က "

" aww ဒါ နဲ့ သူ့ Facebook အကောင့်မင်းသိလား "မေးတော့

"လွယ်လွယ်တော့ မရဘူး အခု ထမင်းလိုက်ကျွေး " (လငတ်😅)

" အေးပါကွာ" ဆိုပီး

ဆိုင်ကယ်ကို "ကြည်နူးရိပ်" ထမင်းဆိုင် ရှိရာသို့ ဦးတည်ပီးမောင်းလာခဲ့ကြတယ် ။

" ဆိုင်ရောက်တော့ ကယ် မြိုပါဆို့ပါ "ဆိုတော့ သတောင်းစားက အခွက်ကြီးဖြီးလို့......😅

"ပြောတော့ ခနက ဘရားကျောင်းက ‌ကချင်မလေးရဲ့ Facebook acc ပေးမှာဆို "

" ဒီလောက်နဲ့ တော့ မရဘူးလေကွာ အအေးပါတိုက် "

"အေးပါကွာ တိုက်ပါ့မယ် ဒီဖေ ဈေးအရမ်းကိုင် ပြောမှာသာ အရင်ပြောပါဆိုမှ စပ်ဖြည်းဖြည်းနဲ့ "

" 'Ja Ra ' တဲ့ .... "
.အော် ဒါကြောင့်ထင်တယ် သူစပြောတုန်းက Ra(ရာ) ဖိနပ်ပျက်သွားလို့ဆိုပီး သူ့နာမည်လေး ထည့်ပြောတာကို
စိတ်ကတွေးနေရင်း လက်က Facebook Search Bar 🔍 လေးပေါ်မှာ ရိုက်ရှာလိုက်တယ် ' Ja Ra' ...

သိပ်မရှာလိုက်ရဘူး ထိပ်ဆုံး list မှာ ကျောင်းယူနီဖောင်းလေး၀တ်ပီး ရိုက်ထားတဲ့ ပုံကို profile တင်ထားတဲ့ သူမရဲ့ အကောင့်လေး ပေါ်လာတော့ ..
ဘာမှ မစဉ်းစားနေတော့ပဲ ချက်ချင်း Add လိုက်တယ် 😁
သိပ်ချစ်ဖို့ ကောင်းတဲ့ ကချင်မလေး သူမရဲ့ Wall ထဲ၀င်ကြည့်မှ ဟင် သူမက Civil Major က Popular Queen 👑 လေး ...

အဆောင်ပြန်ရောက်တော့လဲ စကားဝဲဝဲလေး နဲ့ သူမအသံလေးကို ပဲ ပြန်ကြားရောင်နေမိရော ဒါနဲ့ တစ်နေ့လုံး သူမ ရဲ့ Facebook အကောင့်လေးထဲကိုပဲ ၀င်၀င်ပီး ခိုးကြည့်နေမိတယ်..

'သိုးဆောင်းရဲ့ အကြင်သူသည် ' စာအုပ်ကိုဖတ်နေမိတာ 8:00 pm တောင် ထိုးသွားပါရောလား
ဒါနဲ့ အိပ်ယာဘေးမှာ ထားတဲ့ ph လေးကို ကောက်ကိုင်ပီး ဖွင့်လိုက်တော့ Friend request Accept တဲ့ ဘယ်သူလဲ ကြည့်လိုက်တော့ နေ့လည်က ကျွန်တော့နှလုံးသားထဲ စူးသွားတဲ့ တွယ်အပ်လေး

ပျော်လွန်းလို့ ကျွန်တော့် သူငယ်ချင်း အခန်းထဲ သွားပီး ဘာမဆိုင်ညာမဆိုင် နရင်းတစ်ချက်ရိုက်ပီး

"တွေ့လား နေ့လည်က ကောင်မလေး ငါ့ကို လက်ခံခဲ့ပီ"ဆိုပီး သွားကြွား 🤣

"ရိုရိုးပြောလဲ ရပါတယ် ယောက်ဖရာ "

"ဆောတီး ငါအပျော်လွန်သွားလို့ ပါကွာ "😁

ကချင်မလေးရဲ့ အကောင့်ကို စကားသွားပြောမယ်လို့ တွေးနေမိတုန်း Noti sound သံကြားလို့ ကြည့်လိုက်တော့ Chat Head လေးတစ်ခု နဲ့ အတူ

"Hi အကို✌️" ဆိုတဲ့ စာလေး စာလေးတစ်ကြောင်း
"Hi ညီမရေ " လို့ ချက်ချင်းပြန်ပို့လိုက်ဆိုတော့

နေ့လည်က တွယ်အပ်ဖိုးလာတောင်းတာလားတဲ့ (ဒီကောင်မလေး ဘာတွေ ပြောနေလဲ မသိဘူး 🙄)

" ဟုတ်တယ် ညီမရေ တွယ်အပ်ရယ် ဖိနပ်ပြင်တာအတွက်ရယ် 1500 ကျတယ် " အခုလိုချင်တယ်ပြောတော့ ဒီလူကြီး‌ေနာ်တဲ့ ။

ပီးတော့ 😒(မျက်စောင်းထိုးအီမိုဂျီတဲ့) ဘေးမှာ blanket လေးထဲမှာ
ခုအတိုင်းလေး ရေးထားတာ "😒(မျက်စောင်းထိုးအီမိုဂျီ)"

ဒီကလဲ ပြန်စချင်တာနဲ့ "Love is become မျက်စောင်းထိုး အီမိုဂျီကတဲ့ချာတိတ်ရဲ့ "ဆိုပီး ပို့လိုက်တယ် 😁။

"လူကြီးနော်တဲ့ ယူစကား အရမ်းတတ်တယ် "
"ဟောဗျာ ဒီက ဘာမှ မပြောရသေးဘူးလေ"

ဒါနဲ့ ညီမက "ဘယ် year ကလဲလို့‌ေမးတော့"

"ခုမှ First year ပါရှင့် "

"ဟင် ခုမှ first year ဆိုတော့ ချာတိတ်လေးပေါ့"
" ဟုတ်တယ် ဘာဖြစ်လဲ" အမယ် ခပ်စွာစွာ ချာတိတ်လေး...

"ဒါနဲ့ ခင်များကရော ဘယ် years ရောက်ပီလဲ "
"ဒီက Chemistry Third years ရောက်ပီ "နော်

ဘာခင်များလဲလို့ ကျွန်တော် ပြန်‌ေပြာတော့ "sorryလူကြီး‌ေရ
ဒါဆို ဘယ်လို ခေါ်ရမလဲ "

"ချာတိတ်ထက် ဒို့ကအသက်ကြီးနေတော့ ကိုကိုလို့ ခေါ်ပေါ့ မဟုတ်လဲ Oppa လို့သာခေါ်လိုက်"

"ဟာဒီလူကြီး ခုမှ စသိတာကို ဘာတွေ ပြော‌ေနလဲ" ဆိုပီး line ပေါ်က ဆင်းသွားလေ ရဲ့ 😑

ဒီကကောင်ရင်ထဲ ဟာတာတာနဲ့ တစ်ညလံုးအိပ်မရ အဲ့ဒီညက မိုးလင်းခါ နီးမှ ခနအိပ်ပျော်သွားတယ်ထင်ပါရဲ.....

အပိုင်း (၂) မျှော် .......

#ရွှေရောင်_တွယ်ချိတ်လေး 🧷

Telephone

Website