TH Telemedic

TH Telemedic

"Wherever you are, whenever you have a health problem, remember TH Telemedic"

22/01/2024

သတိလက်လွတ်ဖြစ်တတ်သော အစာအိမ်ရောင်ခြင်းကို ပိုဆိုးစေသော အချက်များ✨✨✨

၁။အချဉ်အပူအစပ်များ အလွန်အကျွံစားခြင်း။🌶️🍲
၂။အကိုက်အခဲပျောက်ဆေးများ မကြာခဏသောက်ခြင်း။💊
၃။ကော်ဖီသောက်ခြင်း။☕
၄။ဆေးလိပ်သောက်ခြင်း။🚬
၅။အသင့်စားခေါက်ဆွဲခြောက်ထုပ်များ မကြာခဏစားခြင်း။🍜
၆။ဂတ်စ်ပါသော အချိုရည်များသောက်ခြင်း။
၇။အစာစားချိန်မမှန်ခြင်း။
၈။စိတ်ဖိစီးမှုများခြင်း။

အားလုံးပဲ ရောဂါဘယများကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ☘️☘️

ဘယ်နေရာရောက်ရောက်🗺 ဘာအကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ ကို သတိရလိုက်ပါ.....

17/01/2024

သားသားမီးမီးများအတွက် လက်ဆေးခြင်းအလေ့ကျင့်ကောင်း✨✨✨

ရောဂါပိုးမွှားများဝင်ရောက်ခြင်းကို ကာကွယ်ရန်လက်ဆေးခြင်းသည် အလွယ်ကူဆုံး၊ ဈေးအသက်သာဆုံးနှင့် ထိရောက်မှုအရှိဆုံး နည်းလမ်းဖြစ်ပါသည်။ သင်နှင့်သင့်မိသားစု ကျန်းမာရေးအတွက် လက်ဆေးခြင်းကို အိမ်မှာတွင်သာမက ကျောင်း၊ လုပ်ငန်းခွင်နှင့် အခြားနေရာများတွင်ပါ လုပ်ဆောင်တတ်ရန် သားသားမီးမီးတို့ကို သင်ကြားပေးထားရပါမယ်။

လက်ဆေးခြင်းကို ငယ်ရွယ်စဉ်မှစတင်၍ စနစ်တကျ သင်ကြားပေးသင့်ပါတယ်။ အဓိကအားဖြင့် အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ဆေးတတ်အောင် သင်ကြားပေးရပါမယ်။

မှန်ကန်သော လက်ဆေးနည်းကို အောက်ပါအချက် (၅)ချက်ဖြင့် ပြုလုပ်ပေးပါ။

✅(၁) အရင်ဆုံးလက်ကိုရေဖြင့် စိုစွတ်အောင်ပြုလုပ်ပါ။
✅(၂) လက်နှစ်ဖက်ကို ဆပ်ပြာရည်၊ ဆပ်ပြာတုံး ဖြင့်ပွတ်တိုက်ဆေးကြောပါ။ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြားနှင့် လက်သည်းကြားများကို သေချာစွာပွတ်ပေးပါ။
✅(၃) ထိုသို့ လက်နှစ်ဖက် ပွတ်တိုက်ဆေးကြောချိန်မှာ စက္ကန့် (၂၀)ခန့် ကြာမြင့်ရပါမည်။ အလွယ်တကူမှတ်လိုလျှင် “Happy Birthday” သီချင်းကို (၂)ခေါက်သီဆိုခြင်းနှင့် ညီမျှပါတယ်။
✅(၄) ပြီးလျှင်လက်ကိုရေဖြင့် သေချာဆေးကြောပါ။
✅(၅) သန့်ရှင်းသော အဝတ် (သို့မဟုတ်) လက်အခြောက်ခံစက်ဖြင့် လက်ကိုခြောက်သွေ့စေပါ။
ဘာကြောင့်လက်ဆေးခြင်းကို သင်ပေးသင့်သလဲ?
လက်ဆေးခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်နှင့်🫁 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုမှကာကွယ်ပေးပါသည်။

(၁) မသန့်ရှင်းသောလက်ဖြင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်ခြင်း
(၂) မသန့်ရှင်းသောလက်ဖြင့် အစားအစာများပြင်ဆင်ခြင်း၊ စားသောက်ခြင်း
(၃) ရောဂါပိုးမွှားများကပ်နေသော အရာဝတ္ထုများကိုင်တွယ်အသုံးပြုခြင်း
(၄) နှာချေ၊ ချောင်းဆိုးလျှင် မသန့်ရှင်းသောလက်ဖြင့်အုပ်ခြင်း၊ ကာခြင်း

အထက်ပါနည်းလမ်းများမှ တစ်ဆင့်ရောဂါပိုးမွှားများ 🦠🦠ဝင်ရောက်နိုင်ခြင်းကို သားသားမီးမီး👶🧒တို့ သိရန် သင်ပေးထားရပါမယ်။

ဆပ်ပြာနှင့်ရေမရှိလျှင် ဘာနှင့်ဆေးကြောနိုင်သလဲ?

ဆပ်ပြာနှင့်ရေသည် အကောင်းဆုံးဖြစ်သော်လည်း အလွယ်တကူမရရှိ နိုင်ပါက Alcohol ကို အခြေခံထားသော (60% alcohol) လက်သန့်ဆေးရည်များကို အသုံးပြုနိုင်ပါတယ်။

Wet tissue / Baby wipes တွေကော အသုံးပြုလို့ရပါသလား?

အညစ်အကြေးများသန့်ရှင်းစေဖို့အတွက် အသုံးပြုနိုင်သော်လည်း ရောဂါပိုးမွှားများ 🦠🦠ကာကွယ်ရန်အတွက်တော့ သင့်တော်သောနည်းလမ်း မဟုတ်ပါ။

ဒါကြောင့်သားသားမီးမီး🧒👶 တို့ကို ငယ်စဉ်မှစ၍ စနစ်တကျ လက်ဆေးခြင်းကို သင်ပေးခြင်းဖြင့် ကျန်းမာပျော်ရွှင်သော ဘဝကိုရရှိနိုင်မှာဖြစ်ပါတယ်။
အားလုံးပဲ ရောဂါဘယများကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ☘️☘️
ဘယ်နေရာရောက်ရောက်🌍🌍ဘာအကြောင်းကြောင့်ပဲ ကျန်းမာရေး
ပြဿနာရှိရှိ ကို သတိရလိုက်ပါ.....

TH Telemedic ရဲ့ Patient Application ကို Play Store မှ Download ဆွဲပြီး မိမိသိရှိလိုသော အထွေထွေ
ကျန်းမာရေးကိစ္စရပ်များကို
Online မှတဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်း ပြသနိုင်ပါပြီ ❤❤

Patient Application Download ရန် Link -
https://play.google.com/store/apps/details...

TH Telemedic Application အသုံးပြုပုံကို အလွယ်တကူသိရှိိနိုင်ရန် အောက်ပါ Link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်..
-https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

14/01/2024

ရေသောက်ခြင်းနှင့် ကျန်းမာရေးအတွက် အရေးပါပုံ

ကျန်တော်တို့တွေဟာ ဘဝရဲ့ အချိန်တော်တော်များကို အလုပ်လုပ်ရင်းနဲ့ကုန်ဆုံးနေကြရပေမယ့် ကျန်းမာရေးအတွက်‌ ရေလုံလောက်စွာ သောက်ဖို့က အရေးကြီးတယ်ဆိုတာကို မေ့နေကြပါတယ်…
ဂျပန်နိုင်ငံမှာဆိုရင် “Karoshi phenomenon” လို့ခေါ်တဲ့ဖြစ်စဉ်က နာမည်ကြီးပါတယ်။ အလုပ်အလွန်အကျွံလုပ်ရင်းက အလုပ်စားပွဲမှာပဲ🧑‍💻 သေဆုံးသွားကြတဲ့ဖြစ်စဉ်တွေပါ။ ❗
ရေဓာတ်ပြည့်ဝနေဖို့အတွက် ရေကိုလုံလုံလောက်လောက်နဲ့ အများအပြားသောက်ဖို့ လိုအပ်တာကို ကျွန်တော်တို့အားလုံးနီးပါးသိကြပြီးသားပါ။
ဒါပေမယ့် deadline တွေအတွက် အသည်းအသန် လုပ်နေရတဲ့အခါ လုပ်ငန်းဆောင်တာတွေများပြားရှုပ်ထွေးနေတဲ့ အခါမှာတော့ ရေလေးတစ်ခေါက်တောင် သောက်ဖို့မေ့နေတတ် ခက်ခဲနေတတ်ပါတယ်။
ကော်ဖီလေးတစ်ခွက်☕သောက်ပြီး အလုပ်မှာနိုးကြားနေတယ်ဆိုပြီး ကျေနပ်နေတတ်ပါတယ်။
ဟုတ်ကဲ့ ကော်ဖီကဆီးသွားခြင်းကိုအားပေးတဲ့ diureticပါ။ ဆီးတွေခဏခဏသွားပြီး ရေဓာတ်ပိုခမ်းခြောက်လာမှာပါ။
လူသားတွေရဲ့ဦးနှောက်က 🧠75% လောက်ရေနဲ့ဖွဲ့စည်းထားတာပါ။ ဒါကိုကြည့်ရုံနဲ့ ရေဓာတ်နည်းခြင်းက ပြဿနာဘယ်လောက်ဖြစ်စေလဲ သိနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝစွာနေခြင်းက မျက်လုံးတွေ👁️နဲ့ အဆစ်တွေအတွက် ကောင်းတဲ့အရာပါ။ သင့်အရေပြားကိုလဲ နုပျိုအောင်ထိန်းသိမ်း ပေးနိုင်ပါတယ်။
✅အစာခြေတာကို အားပေးခြင်း၊
✅အဆိပ်အတောက်များကိုဖယ်ရှားပေးခြင်း၊ ✅ခန္ဓာကိုယ်ကဆဲလ်တွေကို energy ပိုထုတ်စေနိုင်ခြင်း အစရှိတဲ့ကောင်းကျိုးတွေလဲ ခံစားရပါတယ်။

ရေဓာတ်ခမ်းခြောက်ခြင်းက အာရုံစူးစိုက်မှုကိုကျစေတဲ့အပြင် ခန္ဓာကိုယ်တွင်းက ဆားဓာတ်တွေ သကြားဓာတ်တွေမညီမျှ မှုဖြစ်စေပြီး အခြားကျန်းမားရေးပြဿနာတွေဆီ ဦးတည်သွားနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်ရင်ခံစားလာရမည့် အရာတွေကတော့

❗ပင်ပန်းနွမ်းနယ်လာခြင်း
❗ပါးစပ်များခြောက်လာခြင်း၊ အာခြောက်လာခြင်း
❗ဆီးသွားနည်းလာခြင်း၊ ဆီးအရောင်ရင့်လာခြင်း
❗ခေါင်းကိုက်ခြင်း
❗အာရုံစူးစိုက်မှုကျဆင်းခြင်း
❗ဇဝေဇဝါဖြစ်လာခြင်း
❗စိတ်အလိုမကျဖြစ်လာခြင်း
❗နှလုံးခုန်မြန်ခြင်း၊ အသက်ရှုမြန်လာခြင်း စသည်တို့ဖြစ်ပါတယ်။

သင်ဒီအချက်တွေသတိထားမိလာပြီဆိုရင်တော့ ရေတစ်ခွက်လောက်ဆွဲသောက်လိုက်သင့်ပါပြီ။
အခုဆိုရင် ရေသောက်နည်းလာခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းက သင့်ကျန်းမာရေးကိုထိခိုက်စေတာသိပြီဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာလည်း ရေဓာတ်ပြည့်ဝအောင် ရေပုံမှန်သောက်ခြင်းအလေ့အကျင့်ကိုစတင်ပြုမှုလိုက်ပါ။

တစ်နေ့တာသောက်သင့်သည့်ရေပမာဏ✅✅

🧔အမျိုးသား - 2.9 လီတာ (အထိုင်များ၊လှုပ်ရှားမှုနည်းသူများ၊ သမပိုင်းဒေသနေသူများ)
4.5 လီတာ (ကျန်းမာရေးလိုက်စားသူ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူများ၊ အပူပိုင်းဒေသနေသူများ)

အမျိုးသမီး -2.2 လီတာ (အထိုင်များ၊လှုပ်ရှားမှုနည်းသူများ၊ သမပိုင်းဒေသနေသူများ)
4.5 လီတာ (ကျန်းမာရေးလိုက်စားသူ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူများ၊ အပူပိုင်းဒေသနေသူများ)
အားလုံးပဲလုပ်ငန်းခွင်မှာ ရေဓာတ်ပြည့်ဝ၍ ကျန်းမာပျော်ရွှင်သော လုပ်ငန်းခွင်ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ။🤗🤗
အားလုံးပဲ ရောဂါဘယများကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်☘️☘️
ဘယ်နေရာရောက်ရောက်🌎🌍 ဘာအကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ ကို သတိရလိုက်ပါ.....

13/01/2024

သင့်နားကျန်းမာရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များ✨✨

1. ကျယ်လောင်တဲ့ပတ်၀န်းကျင်မှာ🗣️📢 သင့်နားကို ကာကွယ်ပါ။
အသံဆူဆူလောင်လောင်တွေကြားမှာ နား မထိခိုက်ရအောင် ကာကွယ်ပေးပါ။

2. နားကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။👂 (နားကြပ်တံ မသုံးပါနဲ့၊ နားကလော်တာ ခဏခဏ မလုပ်ပါနဲ့)
အဝတ်သန့်ဖြင့် သန့်ရှင်းပေးပါ၊ နားအတွင်းပိုင်းက ပုံမှန် ကလော်စရာ နားကြပ်တံ ကြပ်စရာမလိုပါ။

3. အတတ်နိုင်ဆုံး အသံများကို တိုးတိုး နားထောင်ပါ။သီချင်းသံ တီးလုံးသံများ🥁🎸🎻🎤ကို အတတ်နိုင်ဆုံး တိုးတိုးနားဆင်ပေးပါ။

4. နားကို ပြန်လည်အားဖြည့်ဖို့အချိန်ပေးပါ။
ဆူဆူညံညံ အသံတွေနဲ့ဝေးရာမှာ နားကို အနားပေးခြင်းဖြင့် ပြန်လည်အားဖြည့်ပေးပါ။

5. နားကို ‌ခြောက်သွေ့အောင်ထားပါ။
နားစိုစိုဖြစ်နေပါက ပိုးဝင်ဖို့ အခွင့်အလမ်းများပါတယ်။

6. နားကို ပုံမှန် စမ်းသပ်ဆေးဆေးမှု ခံယူပါ။
သင့်ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ နားဆိုတာလဲ ပုံမှန်စမ်းသပ်စစ်ဆေးပေးဖို့လိုအပ်ပါတယ်။

အားလုံးပဲ ရောဂါဘယများကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ☘️☘️

ဘယ်နေရာရောက်ရောက်🌍🌎 ဘာအကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ ကို သတိရလိုက်ပါ.....

TH Telemedic ရဲ့ Patient Application ကို Play Store မှ Download ဆွဲပြီး မိမိသိရှိလိုသော အထွေထွေ
ကျန်းမာရေးကိစ္စရပ်များကို
Online မှတဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်း ပြသနိုင်ပါပြီ ❤❤

Patient Application Download ရန် Link -

https://play.google.com/store/apps/details?id=com.telemedic.patient

TH Telemedic Application အသုံးပြုပုံကို အလွယ်တကူသိရှိိနိုင်ရန် အောက်ပါ Link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်..
-https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

10/01/2024

မိသားစုအတိုင်ပင်ခံဆရာဝန်
Dr.Kyaw Min Tun နှင့်
TH Telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

09/01/2024

ကလေးငယ်👶👶တွေရဲ့ဝမ်းအစိမ်းရောင်ဘာလို့သွားလဲဆိုတာ
သိချင်နေကြတဲ့မေမေတို့အတွက် အောက်ဖော်ပြပါ အချက်များနဲ့ ပြောပြပေးလိုက်ပါတယ်။

(၁) သံဓာတ်ပါဝင်သောဆေး (သို့) အားဆေး (သို့) တချို့သောဆေးဝါးများ
(၂) အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ (ဟင်းနုနွယ်)🥬🥒🥦
(၃) အစိမ်းရောင်ဆိုးဆေးအသုံးပြုထားသော သရေစာများ၊ ရေခဲချောင်း၊ ဂျယ်လီမုန့်များနှင့် အချိုရည်များ🧃🍡
(၄) အစာအဆိပ်သင့်ခြင်း (Food Poisoing ) ကြောင့်အစာအိမ်နှင့် အူလမ်းကြောင်းရောဂါပိုးဝင်ပြီး ဝမ်းအစိမ်းရောင်သွားခြင်း
(၅) အစာခြေဖျက်ချိန်တွင် သည်းခြေရည်ကောင်းစွာမခြေဖျက်နိုင်သောကြောင့် ဝမ်းအရောင်အစိမ်းရောင်ဖြစ်သွားခြင်း

အစားအသောက်ကြောင့်သော်လည်းကောင်း၊ အစိမ်းရောင်ဆိုးဆေးပါသော အစားအစာစားမိလျှင် သော်လည်းကောင်း ကလေးငယ်မှာဝမ်းအရောင်စိမ်းနေလျှင် များသောအားဖြင့်စိုးရိမ်စရာမလိုပါ။
သို့သော်အောက်ပါ လက္ခဏာများရှိပါက နီးစပ်ရာ ကလေးအထူးကုဆရာဝန် (သို့) ဆေးရုံသို့ သွားရောက်ပြသင့်ပါတယ်။

❗(၁) ဗိုက်အောင့်ခြင်း
❗(၂) ဗိုက်ပွ၊ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
❗(၃) ဝမ်းလျှောခြင်း
❗(၄) ဝမ်းအနံ့ပြင်းထန်ခြင်း၊ငါးညှီနံ့လိုမျိုးနံခြင်း
❗(၅) ဝမ်းသွားသည့်အခါအစာဟောင်းများပါလာခြင်း
❗(၆) ပျို့အန်ခြင်း
❗(၇) အစားအသောက်ပျက်ခြင်း
❗(၈) စအိုဝနာကျင်၊ပူလောင်ခြင်း
❗(၉) ကိုယ်အလေးချိန်ကျခြင်း

သင့်ကလေးရဲ့ ဝမ်းအရောင်ဟာလည်း သင့်ကလေးကျန်းမာရေးနဲ့ ကြီးပွားဖွံ့ဖြိုးမှုအတွက် သတိထားရမယ့် အချက်ဆိုလည်းမမှားပါဘူး။
ဒါကြောင့် ဝမ်းအရောင်ပုံမှန် ဟုတ်၊မဟုတ် သိခြင်းဖြင့်ဘယ်လိုချိန်တွေမှာ ဆရာဝန်တွေနဲ့ဆွေးနွေးရမလဲဆိုတာ မေမေတို့🤱🤱အတွက် အကြံပေးလိုက်ပါတယ်။

အားလုံးပဲ ရောဂါဘယများကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် ☘️☘️

ဘယ်နေရာရောက်ရောက်🌍🌎ဘာအကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ ကို သတိရလိုက်ပါ.....

08/01/2024

ချမ်းသာသုခ ဆေးရုံ🏨🏥မှ
အထွေထွေရောဂါကု ဆရာဝန်
Dr.Nu Shwe Wah နှင့်
TH telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

06/01/2024

ကောင်းစုအောင်ဆေးရုံ🏨🏥မှ
နား၊နှာခေါင်း၊လည်ချောင်း၊ဉီးခေါင်းနှင့်လည်ပင်းခွဲစိတ်အထူးကု
Dr.Khin May Thet နှင့်
TH telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV


-HNS

05/01/2024

အကြောအဆစ်နှင့်ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး
အထူးကုဆရာဝန်ကြီး Prof.Dr.Thaingi Hlaing နှင့်
TH Telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

03/01/2024

အထွေထွေသမားတော် Dr.Aye Thandar Ko နှင့်
TH Telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

Photos from TH Telemedic's post 02/01/2024

ကလေးများတွင် ရေယုန်ပေါက်ခြင်း
👶👶👶👶👶👶👶
⚜ကလေးတွင် အများဆုံး ဖြစ်နိုင်သော
ရေယုန်မှာ Herpes Simplex Type 1 ဖြစ်သည်

31/12/2023

မင်္ဂလာရှိသော နှစ်သစ်မှာ ကျန်းမာခြင်းသုခနှင့်ပြည့်ဝပါစေ..💠💠
အနာရောဂါများကင်းဝေးပြီး ☘️☘️ကျန်းမာရေးဗဟုသုတများရရှိအောင်လည်း TH Telemedic မှ
အမြဲကြိုးစားသွားပါမည်။ ....

29/12/2023

ကျောင်းနေအရွယ်ကလေးများနှင့်တကိုယ်ရေသန့်ရှင်းရေး 👧

အနာရောဂါများကင်းဝေးပြီး ကျန်းမာသောသူတဦးဖြစ်လာရန်အတွက် အခြေခံအကျဆုံးလိုအပ်ချက်တခုမှာတကိုယ်ရေသန့်ရှင်းရေးရှိဖို့ပဲဖြစ်ပါတယ်
☘️☘️
တခေါက်မှာတော့ ကျောင်းနေအရွယ်ကလေးဘဝကတည်းက သိထားသင့်တဲ့ တကိုယ်ရေသန့်ရှင်းရေး၏ အရေးကြီးပုံများကို ပြောပြပေးချင်ပါတယ်။
စာသင်ကျောင်းတွေဟာ ကလေးများစွာ 👦👧လာရောက်စုဝေးကြတဲ့ နေရာတွေဖြစ်တဲ့အတွက် ကလေးတွေမှာ တကိုယ်ရေသန့်ရှင်းရေး နှင့်ပက်သက်သော ဗဟုသုတများ၊ အလေ့အကျင့် ကောင်းများမရှိပါက တဦးထံမှတဦး အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သန်ကောင်ရောဂါစတဲ့ ကူးစက်ရောဂါများ ကူးစက်လာနိုင်ပါတယ်။
ကျွန်မတို့ရဲ့ အရေပြားပေါ်မှာသာမက အသက်ရှုလမ်းကြောင်း၊ အူလမ်းကြောင်းကဲ့သို့ နေရာများမှာပါ ပိုးမွှားပေါင်းစုံ ရှိကြပါတယ်။
အဆိုပါပိုးတွေဟာ အခန့်မသင့်လျှင် နာမကျန်းဖြစ်ပွါးစေတတ်ပါတယ်။
( ဥပမာ အားဖြင့် အိမ်သာတက်ပြီး လက်သေချာ မဆေးလျှင် အူထဲမှပါလာတဲ့ပိုးတွေဟာ လက်မှာ ကပ်တွယ်နေတတ်ပြီး အဆိုပါညစ်ပတ်တဲ့ လက်တွေနဲ့ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်စားသောက်ပါက ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွါးနိုင်ပါတယ်။)
တကိုယ်ရေသန့်ရှင်းရေးနှင့်ပက်သက်ပြီး ကျောင်းနေအရွယ်ကလေးဘဝမှစ၍ စနစ်တကျ သင်ကြားပြသပေးဖို့ လူကြီးမိဘများနှင့် ဆရာဆရာမများမှာ👨‍🏫👩‍🏫 တာဝန်ရှိပါတယ်။
ဒီတော့ ကလေးတွေ တကိုယ်ရေသန့်ရှင်းရေး ကောင်းဖို့အတွက် လိုက်နာဖို့လိုတဲ့ အခြေခံ အချက်များကို ပြောပြပေးသွားပါ့မယ်နော်

🧴မျက်နှာသစ်ပါ
မနက်အိပ်ယာထချိန်/ မျက်နှာက ဖုန်တွေချွေးတွေပေပြီး ညစ်ပတ်နေချိန်/ မျက်နှာသန့်ရှင်းရေး လုပ်ရန်လိုအပ်နေချိန်မှာ မျက်နှာသေချာသစ်ပါ။ မျက်နှာမသစ်ခင် လက်ကိုစင်ကြယ်စွာ ဆေးဖို့လည်း လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ လက်မှာကပ်နေတဲ့ပိုးမွှားတွေက ပါးစပ်၊ နှာခေါင်း၊ မျက်လုံးတို့မှတဆင့် ခန္ဓာကိုယ် ထဲကိုဝင်ရောက်လာနိုင်တဲ့အတွက် ကြောင့်ပါ။ ဒါ့အပြင် စနစ်တကျမျက်နှာသစ် ခြင်းက မျက်စိကူးစက်ရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

🦷သွားနှင့်ခံတွင်းသန့်ရှင်းရေးဂရိုစိုက်ပါ
သွားပိုးစားခြင်း၊ ရေစီးကမ်းပြိုခြင်းကဲ့သို့ သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးစေရန် တနေ့ကို အနည်းဆုံး ( ၂ ) ကြိမ် ( မနက် အိပ်ယာထချိန်နှင့်ညအိပ်ရာမဝင်ခင် )မှာ မှန်ကန်သောသွားတိုက်နည်းစနစ်ဖြင့် သွားပုံမှန်တိုက်ပါ။ အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။

🧴လက်ဆေးပါ
အခြေခံအကျဆုံးနှင့်အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့လက်တွေက ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ ကဲ့သို့ ကူးစက်ရောဂါအများအပြားကို ဖြစ်စေတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် အစားမစားခင်အချိန်၊ အပြင်မှပြန်လာပြီးချိန်၊ အိမ်သာတက် ပြီးချိန်၊ အညစ်အကြေးများကိုင်တွယ်ပြီးချိန်၊ အမှိုက်သရိုက်များ ကိုင်တွယ်ပြီးချိန် တိုင်းမှာ လက်နှစ်ဖက်စလုံးကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးပေးရန် လိုအပ်ပါတယ်။ ဆပ်ပြာနှင့်ရေအလွယ်တကူ မရနိုင်ပါသော အခြေအနေမျိုးကြုံမှသာ လက်သန့်စင် ဆေးရည်အသုံးပြုပြီး သေချာစွာ လက်ဆေးရပါမယ်။

🛀🚿ရေချိုးပါ
ပုံမှန်ရေချိုးခြင်းက ခန္ဓာကိုယ်တွင် ကြေးညှော်အနံ့အသက်ဆိုးများမရှိစေရန်၊ ‌အ‌ရေပြားကူးစက်ရောဂါများမဖြစ်စေရန် ကာကွယ်ပေးပါတယ်။ စိတ်ကိုလည်း လန်းဆန်းစေပါတယ်။

💆🏻‍♀️ခေါင်းလျှော်ပါ
တပတ်တခါ ( သို့ ) လိုအပ်သလို ခေါင်းပုံမှန်လျှော်ပေးခြင်းကလည်း သန်းတွယ်ခြင်း၊ ဦးရေပြားတွင်ယားနာများ ပေါက်ခြင်းတို့မှကာကွယ်ပေးပါတယ်။

👚👖အဝတ်လဲပါ
ကျွန်ုပ်တို့ဟာသန့်ရှင်းသပ်ရပ်တဲ့အဝတ်အစားများ၊ အတွင်းခံအဝတ်များကိုသာ ဝတ်ဆင်ဖို့ လိုပါတယ်။ အဝတ်အစားများ ညစ်ပတ်သွား တဲ့အခါ၊ ရေစိုသွားတဲ့အခါ လဲပေးဖို့လည်း လိုအပ်ပါတယ်။

🖐🏼လက်သည်းခြေသည်းသန့်ရှင်းရေးဂရုစိုက်ပါ
လက်သည်းခြေသည်းတွေ ရှည်လာ တဲ့အခါ ပုံမှန်ညှပ်ပေးရပါမယ်။ လက်သည်းကြားမှာရှိတဲ့ ကြေးတွေက သန်ကောင်ရောဂါ၊ ဝမ်းလျှောရောဂါတို့ကို ဖြစ်စေပါတယ်။ လက်သည်းကိုက်ခြင်း၊ လက်မစုပ်ပြီးအိပ်ခြင်းတို့ကလည်း ကျန်းမာရေးနှင့်မညီညွတ်သော အမူအကျင့်များဖြစ်တဲ့အတွက် ရှောင်ရပါမယ်။

👦🏻👧🏻 ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က လူကြီးတွေလောက် မကောင်းသေးတဲ့အတွက် ရောဂါပိုးတွေကူးစက်လွယ် နာမကျန်းဖြစ်လွယ် ပါတယ်။
ကျန်းမာပျော်ရွှင်တဲ့ကလေးတယောက် ဖြစ်ဖို့အတွက် လိုအပ်ချက်များစွာ ရှိတဲ့အနက် တကိုယ်ရေးသန့်ရှင်းရေးကောင်းဖို့ကလည်း အရေးကြီးတဲ့အချက်တခုအဖြစ်ပါဝင်နေ
ပါတယ်နော်…
ကျောင်းနေအရွယ်ကလေးတိုင်း တကိုယ်‌ရေသန့်ရှင်းရေးကောင်းမွန်ပြီး ရောဂါဘယများမှကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 🍀🧑🏻‍⚕️

ဘယ်နေရာရောက်ရောက်🗺 ဘာအကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ TH Telemedicကို သတိရလိုက်ပါ.....

TH Telemedic ရဲ့ Patient Application ကို Play Store မှ Download ဆွဲပြီး မိမိသိရှိလိုသော အထွေထွေ
ကျန်းမာရေးကိစ္စရပ်များကို
Online မှတဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်း ပြသနိုင်ပါပြီ ❤❤

Patient Application Download ရန် Link -

https://play.google.com/store/apps/details?id=com.telemedic.patient

TH Telemedic Application အသုံးပြုပုံကို အလွယ်တကူသိရှိိနိုင်ရန် အောက်ပါ Link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်..
-https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

27/12/2023

ကလေးဆရာဝန်
Dr.Nyein Yu Zaw Moe(Dr.ငြိမ်း) နှင့်
TH Telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

Photos from TH Telemedic's post 27/12/2023

ကလေးတွင် နှာခေါင်းသွေးလျှံခြင်း👶👶

Photos from TH Telemedic's post 21/12/2023

ဆီးလမ်းကြောင်းပိုးဝင်ခြင်း✨✨✨✨

ဆီးလမ်းကြောင်းပိုးဝင်ခြင်းက အတွေ့ရများတဲ့ ပြဿနာတခုဖြစ်ပြီး ကျားမအရွယ်မရွေး ဖြစ်ပွါးနိုင်ပါတယ်။ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်၊ ဆီးစွန့်ပြွန် စတဲ့ဆီးလမ်းကြောင်း တလျှောက် မည်သည့်နေရာတွင်မဆို ရောဂါပိုးများဝင်ရောက်ခြင်းကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ခေါ်ပါတယ်။
🦠 E. coli ဟုခေါ်သော အူလမ်းကြောင်းတွင်းရှိတတ် တဲ့ ဘက်တီးရီးယားပိုးကြောင့် ဆီးပိုးဝင်တာ အဖြစ်များပါတယ်။ အဆိုပါပိုးဟာ စအိုမှတဆင့် ဆီးလမ်းကြောင်းထဲသို့ မတော်တဆ ရောက်လာပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့အပြင် အခြားဘက်တီးရီးယား ပိုးများ၊ မှိုများနှင့် လိင်မှတဆင့်ကူးစက်တတ်သော ရောဂါပိုးအချို့ကလည်း ဆီးပိုးဝင်စေတတ်ပါတယ်။

20/12/2023

ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး
Dr.Aung Ye Kyaw နှင့်
TH Telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

18/12/2023

ကောင်းဇေအထွေထွေရောဂါအထူးကုဆေးခန်းနှင့်ဓါတ်ခွဲခန်း🏨🏥မှ
အထွေထွေရောဂါကုဆရာဝန်
Dr. La Yaung Soe နှင့်
TH telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

16/12/2023

လူတစ်ဦးရဲ့ဦးနှောက်သည် ဦးနှောက်ကျန်းမာရေးနှင့် မှတ်ဉာဏ်၊
သိမြင်မှုနှင့် အာရုံစူးစိုက်မှုကဲ့သို့အရေးကြီးသော ဦးနှောက်လုပ်ငန်းဆောင်တာများကို ထိန်းသိမ်းထားရန်အတွက်နေ့စဥ်လုပ်ဆောင်ရပါသည်။

ကျွန်ုပ်တို့နေ့စဥ်စားသုံးသော အစားအစာများသည် ရေတိုနှင့် ရေရှည်ဦးနှောက်လုပ်ဆောင်မှုကို ပံ့ပိုးပေးရာတွင် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ပါသည်။

ဦးနှောက်သည် ကောင်းမွန်စွာလည်ပတ်နိုင်ရန်အတွက်
စွမ်းအင်များစွာ လိုအပ်ပြီးနေ့စဉ် စားသုံးသော ကယ်လိုရီ၏ 20% ခန့်ကို အသုံးပြုရပါသည်။

ထို့ကြောင့်နေ့စဉ်စားသောက်မှုပုံစံနှင့်အစားအစာရွေးချယ်မှုများသည်လူတစ်ဦး၏ ဦးနှောက်ဖွဲ့စည်းပုံနှင့် ကျန်းမာရေးအပေါ် ကြီးမားသောအကျိုးသက်ရောက်မှုရှိပါသည်။

ဦးနှောက်ကျန်းမာရေးသည် -
အသက်အရွယ်ကြီးရင့်မှုဖြစ်စဉ်
မျိုးရိုးဗီဇ၊
ဆီးချို၊ သွေးတိုး၊
အဝလွန်ခြင်းနှင့် ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကဲ့သို့သော လူနေမှုပုံစံစသည့်အချက်များအပေါ်လည်း
မူတည်ပါသည်။

(၁) အခွံမာသီးနှင့် အစေ့များ
အစေ့အဆန်များသည်ဗီတာမင်Eကဲ့သို့ဓာတ်တိုးဆန့်ကျင်စွမ်းအား
အရင်းအမြစ်များ ကြွယ်ဝစေပါတယ်...
အခွံမာသီးများ စားသုံးမှု ပိုများခြင်းသည် အိုမင်းရင့်ရော်သော ဦးနှောက်လုပ်ဆောင်ချက်နှင့် ဆက်စပ်နေကြောင်း လေ့လာမှုများက သက်သေပြထားပါတယ်....

(၂) ဘယ်ရီသီး🍒🍒🍒
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီနှင့် ဘလက်ဘယ်ရီသီးများသည် antioxidants မြင့်မားစွာပါဝင်သောကြောင့်ဘလူးဘယ်ရီသီးကို ၁၂ ပတ်ကြာစားသုံးပြီးနောက်မှတ်ဉာဏ်ပြန်လည်သိမ်းဆည်းနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ကြောင်းဖော်ပြထားပါတယ်....

(၃) အစိမ်းရောင်
ကိုက်လန်၊ chard၊ ဟင်းနုနွယ်ရွက် နှင့် ဘရိုကိုလီကဲ့သို့သော အစိမ်းရောင်အရွက်များသည် ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး အများစုမှာ ဦးနှောက်ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်တာအပေါ် ထူးခြားစွာ အထောက်အပံ့ဖြစ်စေပါတယ်......

(၄) Dark Chocolate
ဦးနှောက်သည် အိုမင်းချိန်တွင်oxidative stress ကို လွန်စွာခံစားရပြီး အာရုံကြောဆဲလ်များ ယိုယွင်းပျက်စီးမှုကို ဖြစ်စေသော အဓိက အကြောင်းအရာဖြစ်ပါတယ်..

ဦးနှောက်ကျန်းမာရေးနှင့် လုပ်ငန်းဆောင်တာများကို ​ပြန်လည်ပြုပြင်ထိန်းသိမ်းရန် အတွက်လုံလောက်သော antioxidant အထောက်အပံ့သည်လွန်စွာ အရေးကြီးပါသည်။

Dark Chocolate သည်antioxidantsလွန်စွာ ကြွယ်ဝသောအရင်းအမြစ်ဖြစ်ပြီးဦးနှောက်ကျန်းမာရေးအတွက်လည်း ထူးခြားစွာ အထောက်အကူဖြစ်နိုင်ပါသည်။ အနည်းဆုံး cacao 70% ပါဝင်သော အနက်ရောင် ချောကလက်ကို စားသုံးခြင်းသည် သင်ယူမှုအတွက် အရေးပါသော ဦးနှောက်ရဲ့ကျုံံ့နိုင်ဆန့်နိုင်အားကို တိုးတက်စေပြီး အခြားသော ဦးနှောက်ဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်သည်ဟု သုတေသနပြုချက်များအရ သိရှိရပါသည်။ ထို့ကြောင့်အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း နေ့စဥ်စားသောက်မှုပုံစံကိုချိန်ညှိစားသောက်နေထိုင်ပြီး သက်ရှည်ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ကြပါစေ......

အားလုံးပဲ ရောဂါဘယများကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🍀🍀🍀

🌎 ဘယ်နေရာရောက်ရောက် ဘာ‌အကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ 𝐓𝐇 𝐓𝐞𝐥𝐞𝐦𝐞𝐝𝐢𝐜 ကို သတိရလိုက်ပါ.....

TH Telemedic ရဲ့ Patient Application ကို Play Store မှ Download ဆွဲပြီး မိမိသိရှိလိုသော အထွေထွေ
ကျန်းမာရေးကိစ္စရပ်များကို
Online မှတဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်း ပြသနိုင်ပါပြီ ❤❤

Patient Application Download ရန် Link -

https://play.google.com/store/apps/details?id=com.telemedic.patient

TH Telemedic Application အသုံးပြုပုံကို အလွယ်တကူသိရှိိနိုင်ရန် အောက်ပါ Link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်..
-https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

Photos from TH Telemedic's post 15/12/2023

👩🏻‍⚕️အားလုံးပဲမင်္ဂလာပါရှင့်

ဒီတခေါက်မှာတော့ ဆီး‌ကျောက်တည်ခြင်း အကြောင်းနှင့် ပက်သက်ပြီး ပြောပြချင်ပါတယ်။

ဆီးကျောက်တည်ခြင်းဆိုတာ ဆီးထဲရှိ ကျောက်အမှုန်လေးများ၊ အနည်များက ဆီးလမ်းကြောင်း တနေရာရာတွင် သွားရောက်စုပုံနေခြင်းကိုဆိုလိုပြီး အနည်အနှစ်များရဲ့ပါဝင်ဖွဲ့စည်းပုံပေါ်မူတည်ပြီး ဆီးကျောက်အမျိုးအစားများ ကွာခြားပါတယ်

13/12/2023

ကောင်းစုအောင်ဆေးရုံ🏨🏥မှ
အထွေထွေအထူးကုသမားတော်
Dr. Cho Cho Khine နှင့်
TH telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...

👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

Photos from TH Telemedic's post 13/12/2023

အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်‌ရောဂါ ( Irritable Bowel Syndrome- IBS )

Photos from TH Telemedic's post 12/12/2023

“Marketing ဝန်ထမ်းများအတွက်သတိပြုသင့်သော ကျန်းမာရေးပြဿနာများ”✨✨✨

နေ့စဉ်လှုပ်ရှား ရုန်းကန်နေရတဲ့ လူမှုဘဝမှာ အရေးကြီးတဲ့ ကျန်းမာရေးကိုလည်း မေ့ထားလို့မရပါဘူး။
လုပ်ငန်းခွင်မှာ ပြဿနာအမျိုးမျိုးရှိတဲ့အထဲမှာမှ ကျန်းမာရေးပြဿနာကတော့မိမိအတွက်သာမက မိသားစုဝင်ငွေပါ ထိခိုက်နိုင်ပါတယ်။
ဒီလိုလုပ်ငန်းခွင်ဝင်နေကြတဲ့ ဝန်ထမ်းများထဲမှာ ဒီနေ့တော့ marketing (ဈေးကွက်) ဝန်ထမ်းများအတွက် ကျန်းမာရေးပြဿနာများကို ပြောပြပေးသွားမှာဖြစ်ပါတယ် 📣

11/12/2023

ကျန်းမာသော နေ့စဥ်ဘဝအတွက် အကြံပြုချက်✨✨✨

1 အာဟာရမျှတအောင် စားသောက်ပါ🍑🍤🍗🥩🍉
2 ရေဓာတ်ပြည့်ဝအောင်နေပါ💦💦💦အ
3 ကောင်းမွန်စွာအိပ်စက်အနားယူပါ🛌🛌
4 နေ့စဥ် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ🏃🚶
5 မိမိကိုယ်ကို နေ့စဥ် ပုံမှန်ဂရုစိုက်ပါ
6 စိတ်ကိုကျန်းမာအောင်ထားပါ
7 သဘာဝနှင့်ထိတွေ့ဆက်ဆံပါ🌳🌴🌲
8 အကောင်းမြင်တတ်သော လူမှုဘဝတွင် နေထိုင်ပါ🤗

အားလုံးပဲ ရောဂါဘယများကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🍀🍀🍀

🌎 ဘယ်နေရာရောက်ရောက် ဘာ‌အကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ 𝐓𝐇 𝐓𝐞𝐥𝐞𝐦𝐞𝐝𝐢𝐜 ကို သတိရလိုက်ပါ.....

TH Telemedic ရဲ့ Patient Application ကို Play Store မှ Download ဆွဲပြီး မိမိသိရှိလိုသော အထွေထွေ
ကျန်းမာရေးကိစ္စရပ်များကို
Online မှတဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်း ပြသနိုင်ပါပြီ ❤❤

Patient Application Download ရန် Link -

https://play.google.com/store/apps/details?id=com.telemedic.patient

TH Telemedic Application အသုံးပြုပုံကို အလွယ်တကူသိရှိိနိုင်ရန် အောက်ပါ Link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်..
-https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

10/12/2023

ကောင်းစုအောင်ဆေးရုံ🏨🏥မှ
ကလေးအထူးကုဆရာဝန်ကြီး
Dr.Tin Nwe Lattနှင့်
TH telemedic Patient App မှတဆင့် booking ရယူပြီး
အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......

👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...
👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

09/12/2023

ညစာ မစားခဲ့ရင် အရွယ်ကျတယ်ဆိုတာ ဟုတ်သလား…..??🍎🍉🍑🍤🍗🥩

ညစာ 🍗🍤မစားရင် အရွယ်ကျပါတယ်…💯💯ညစာ🍑🍎 မစားရင် Cortisone hormone တွေက မြင့်တက်လာမယ်..
Cortisone hormone မြင့်တက်လာတဲ့အပေါ်မှာ
stress တွေက မြင့်တက်လာမယ်.
မိတ်ဆွေရဲ့ Metabolism လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေက နှေးလာမယ်..
ခန္ဓာကိုယ်တွင်း ဖြစ်စဉ်တွေက နှေးလာတဲ့ အပေါ်မှာ ဝိတ်တက်လာနိုင်ဖို့တောင် အလားအလာရှိပါတယ်..
အနည်းဆုံး ညအိပ်ယာ🛌ဝင်ချိန်နဲ့ (3) နာရီ⏱️ခြားပြီး ညစာ စားသုံးသင့်ပါတယ်..☺️

အားလုံးပဲ ရောဂါဘယများကင်းဝေးပြီး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

🌎 ဘယ်နေရာရောက်ရောက် ဘာ‌အကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ 𝐓𝐇 𝐓𝐞𝐥𝐞𝐦𝐞𝐝𝐢𝐜 ကို သတိရလိုက်ပါ......

TH Telemedic ရဲ့ Patient Application ကို Play Store မှ Download ဆွဲပြီး မိမိသိရှိလိုသော အထွေထွေ
ကျန်းမာရေးကိစ္စရပ်များကို
Online မှတဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်း ပြသနိုင်ပါပြီ ❤❤

Patient Application Download ရန် Link -

https://play.google.com/store/apps/details?id=com.telemedic.patient

TH Telemedic Application အသုံးပြုပုံကို အလွယ်တကူသိရှိိနိုင်ရန် အောက်ပါ Link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်..

-https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

09/12/2023

ကောင်းစုအောင်ဆေးရုံ🏨🏥မှ
အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာ၀န်ကြီး
Dr.Zaw Min Tunနှင့်
TH telemedic Patient App မှတဆင့် booking ရယူပြီး အွန်လိုင်းဖြင့်ဆေးခန်းပြသနိုင်ပါပြီ.......
👉Patient Application Download ရယူရန် Link -
https://play.google.com/store/apps/details...
👉TH Telemedic Application အသုံးပြုပုံသိရှိရန် -https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

08/12/2023

အရင်တစ်ပတ်က ပန်းသေပန်းညှိုးအကြောင်းတင်ပြပြီးတော့ အခုတစ်ခါမှာတော့ ပန်းသေပန်းညှိုးအတွက် ကုသမှုဆိုင်ရာနည်းလမ်းများကိုဖော်ပြပေးသွားမှာပါ။✨✨✨

👉 ပန်းသေပန်းညှိုးအတွက်ရောဂါကုသမှုဟာ အဆင့်ဆင့်သွားရပြီးကျယ်ပြန့်လှပါတယ်။
ပထမဆုံးအနေနဲ့ လူနေမှုဘဝပုံစံ ပြောင်းလဲခြင်း
ဒုတိယအဆင့်အနေနဲ့ ဆီးလမ်းကြောင်းထဲသို့ဆေးထည့်၍ လိင်တံမာလာအောင်ပြုလုပ်ခြင်း၊
လိင်တံရှိတစ်ရှူးအတွင်းသို့ ဆေးထည့်၍ လိင်တံမာလာအောင်ပြုလုပ်ခြင်း၊ လိင်တံရှိတစ်ရှူးအတွင်းသို့ သွေးကြောများကို လှုံ့ဆော်ပေးသောဆေးများကို ထိုးခြင်းတို့ပါဝင်ပါတယ်။
☘️☘️ ခွဲစိတ်ကုသမှုနည်းလမ်းများကိုတော့ အထက်ပါနှစ်ချက်ပြုလုပ်ပြီး အဆင်မပြေသူများ၊ မသက်သာသူများအတွက်သာ နောက်ဆုံးအနေနဲ့ အသုံးပြုကြပါတယ်။

☘️(၁)လူနေမှုဘဝပုံစံပြောင်းလဲခြင်း

လူနေမှုဘဝပုံစံပြောင်းလဲခြင်းက ပန်းသေပန်းညှိုးကုသရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေပါ။
🧒🧑‍🦳 ဆရာဝန်နဲ့🧑‍⚕️ သေချာတိုင်ပင်ပြီးတော့ ဆရာဝန်မှ🧑‍⚕️လူနာရဲ့ ပန်းသေပန်းညှိုးဖြစ်စေတဲ့ အကြောင်းအရာများကို ရှာဖွေပေးပြီး လိုအပ်တဲ့ ကုသမှုကိုရွေးချယ်ပေးမှာပါ။ ဥပမာ- ရောဂါရှိလို့ဆေးသောက်နေရခြင်း၊ ထိုဆေးများကြောင့်ပန်းညှိုးခြင်း၊ အစားအသောက် မမျှတ၍ အာဟာရမဖြစ်ခြင်း၊ ဟော်မှုန်းမညီမျှခြင်း၊ စိတ်ဖိစီး၍စိုးရိမ်စိတ်များနေခြင်း၊ အစရှိတဲ့ပြဿနာများကို ရှာဖွေဖော်ထုတ်ရမှာပါ။
တစ်နေ့ကိုအနည်းဆုံး နာရီဝက်ခန့် သာမာန်ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုလုပ်ခြင်း၊ အာဟာရမျှတ၍ ကျန်းမာရေးနဲ့ညီညွတ်သော အစားအသောက်ပုံစံသို့ ပြောင်းလဲစားသောက်ခြင်း၊
ဝ နေသူများ ကိုယ်အလေးချိန်လျော့ချခြင်း၊ အစရှိသည့် ပြောင်းလဲမှုများလုပ်ရုံဖြင့် ပန်းသေပန်းညှိုး ပြဿနာများ သက်သာစေနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း🚬🚬
က ပန်းသေပန်းညှိုးရောဂါနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။ ဆေးလိပ်များများ🚬🚬သောက်လေလေ (သို့) ဆေးလိပ်သောက်🚬🚬တဲ့ နှစ်ကြာလေလေ ပန်းသေပန်းညှိုး ပြဿနာများ ပိုဆိုးလေဖြစ်ပါတယ်။
ဆေးလိပ်ဖြတ်လိုက်ခြင်းက သင့်ရဲ့ လိင်မှုဘဝကိုသိသိသာသာ တိုးတက်ပြောင်းလဲစေမှာအမှန်ပါ။💯💯
အရက်အနည်းငယ်မျှ🍺🍻သောက်ခြင်းက ပန်းသေပန်းညှိုးရောဂါကို သက်သာစေနိုင်ပေမယ့် အလွန်အကျွံသောက်ခြင်း၊ အရက်စွဲနေခြင်းတော့ ကျားဟော်မုန်းလျော့ကျစေနိုင်ပြီး ပန်းသေပန်းညှိုးကို ပိုဆိုးစေနိုင်ပါတယ်။

☘️(၂)ခွဲစိတ်ကုသမှုမလိုသည့်နည်းလမ်းများ

သောက်ဆေးများ💊💊💊

အခုခေတ်အခါမှာ ဆိုရှယ်မီဒီယာ တော်တော်များများမှာ တွေ့မြင်နေရတဲ့ လိင်ပိုင်းဆိုင်ရာ အထောက်အကူပြုဆေးဝါးတွေ အများကြီးရှိနေပါပြီ။ သို့သော်တွေ့မြင်တိုင်း မသောက်သုံးသင့်ပါ။
***FDA အသိအမှတ်ပြု (သို့) ဆရာဝန်များ🧑‍⚕️🧑‍⚕️များကိုယ်တိုင် အသိအမှတ်ပြုပြီးပေးတဲ့ သောက်ဆေးများကိုသာသောက်သင့်ပါတယ်***
ဒီကိစ္စဟာရှက်စရာမဟုတ်ပဲ ပွင့်ပွင့်လင်းလင်းတိုင်ပင်ပြီး အကြံဉာဏ်ရယူပါ။
သောက်ဆေး💊💊တွေရဲ့ ဆိုးကျိုးတွေကတော့ ခေါင်းကိုက်ခြင်း၊ နှလုံးရောဂါအခံရှိသူများ အမောဖောက်၍သေဆုံးခြင်း၊ သွေးတိုးခြင်း၊ သွေးကျခြင်း၊ပျို့အန်ခြင်း၊ သောက်ဆေးမသောက်ဘဲ လိင်တံထောင်မထောင်မတ်နိုင်တော့ခြင်း၊ လိင်တံထောင်မတ်မှုလွန်ကဲ၍ လိင်တံဒဏ်ရာရကာ မထောင်မတ်နိုင်တော့ခြင်း၊ အစရှိတဲ့ဆိုးကျိုးတွေက သင့်ရဲ့မဆင်မခြင် ဆေးသောက်💊မှုကြောင့် နောင်တရစရာတွေဖြစ်လာစေမှာပါ။

✅လေစုပ်အားသုံးကိရိယာများ

လေစုပ်အားကိုသုံးပြီးတော့ လိင်တံထဲသို့ သွေးများစုကာထောင်မတ်အောင်လုပ်တဲ့နည်းလမ်းပါ။ လိင်တံအရင်းမှာသားရေကွင်းပတ်ပြီး သွေးများပြန်မထွက်အောင်ထိန်းထားရတဲ့ နည်းလမ်းနဲ့တွဲသုံးရတာပါ။ ဒီနည်းလမ်းကတတ်ကျွမ်းတဲ့ ပညာရှင်မှသေချာ သင်ကြားမှုလိုအပ်ပြီး အခန့်မသင့်ရင် လိင်တံဒဏ်ရာရပြီး အရမ်းနာကျင်တတ်ပါတယ်။

✅ဆီးလမ်းကြောင်းအတွင်းဆေးထည့်ခြင်း

ဒါကတော့ ဆီးလမ်းကြောင်းထဲကို ဆေးပြားထည့်ပြီး လိင်တံထဲက သွေးကြောတွေကို လှုံ့ဆော်ပေးတာပါ။ လိင်မဆက်ဆံခင် ကြိုပြီးထည့်ကာ လိင်တံကိုနှိပ်နယ်ပေးခြင်းဖြင့် ထောင်မတ်မှုရအောင်ပြုလုပ်တဲ့နည်းလမ်းပါ။ ဆရာဝန်ရဲ့ ညွှန်ကြားမှုလိုအပ်ပါတယ်။

✅လိင်တံတစ်ရှူးအတွင်းဆေးထိုးခြင်း

ဒါကလဲ လိင်တံအတွင်းသွေးကြောတွေ တစ်ရှူးတွေထဲကို သွေးလည်ပတ်မှုကောင်းအောင် ပြုလုပ်တဲ့နည်းပါ။ အသုံးပြုရတာနာကျင်မှု မရှိပေမယ့် ကသိကအောက်ဖြစ်ပြီး နားလည်တတ်ကျွမ်းဖို့ လိုအပ်ပါတယ်။

☘️(၃) ခွဲစိတ်ကုသမှုနည်းလမ်းများ

ခွဲစိတ်ကုသမှုကတော့ ဆေးသောက်ဖို့အဆင်မပြေသူများ၊ ဆေးသောက်ပြီး ဘေးထွက်ဆိုးကျိုးခံစားရသူများ၊ ဆေးသောက်ဆေးထိုးရုံနဲ့မသက်သာသူများအတွက် နောက်ဆုံးနည်းလမ်းအနေဖြင့်သုံးကြပါတယ်။

ပြုလုပ်နိုင်တဲ့နည်းလမ်းတွေကတော့✨✨

လိင်တံအတွင်းအစားထိုးကိရိယာလေးထည့်ခြင်း
လိင်တံအတွင်းကို စလင်ဒါပုစံ ပစ္စည်းလေးထည့်မြှပ်ထားပြီး လိင်ဆက်ဆံခါနီးတွင် တွဲလျက်ပါတဲ့ ဘောလုံးလေးကိုနှိပ်ပြီး လိင်တံထောင်မတ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဘောလုံးလေးကတော့ကပ်ပယ်အိတ် (သို့) ဆီးခုံဘေးဘက်လေးမှာ ထည့်မြှပ်ထားရတာပါ။ ဆက်ဆံလို့ပြီးသွားရင်ပြန်လျှော့လိုက်လို့ရပါတယ်။ အသုံးပြုရတာ ကသိကအောက်တော့ဖြစ်စေနိုင်ပါတယ်။

လိင်တံသွေးကြောအစားထိုးကုသခြင်း✨✨

နှလုံးသွေးကြောကျဉ်းရောဂါမှာ သွေးကြောအစားထိုးကုသတာနဲ့တူပါတယ်။လိင်တံအတွင်းသို့ သွေးဝင်ရောက်မှုများစေရန် သွေးလွှတ်ကြော အစားထိုးခြင်းဖြစ်ပါတယ်။ သွေးကြောပြဿနာကြောင့် ပန်းသေပန်းညှိုးဖြစ်နေသူများကို ကုသရာတွင်အကျိုးရှိနိုင်ပါတယ်။

ပန်းသေပန်းညှိုးကုသမှုနည်းလမ်းတွေမှာ လူနေမှုဘဝပုံစံပြောင်းခြင်းကို မိမိဘာသာ ပြုလုပ်နိုင်ပြီးတော့ ဆေးထိုးဆေးသောက်နဲ့ ခွဲစိတ်ကုသမှုနည်းလမ်းတွေကိုတော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်များ🧑‍⚕️🧑‍⚕️နှင့် သေချာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
အိမ်ထောင်ရေး👩‍❤️‍👨ဘဝသာယာပျော်ရွှင်ပြီးတော့ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတစ်ယောက်အဖြစ်ရပ်တည်နိုင်အောင် အခုကစလို့ ပြောင်းလဲလိုက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ပွင့်သောပန်းတိုင်လန်းပါစေလို့ ဆုတောင်းပေးရင်း သိရှိလိုသော အမျိုးသားကျန်းမာရေးပြဿနာများကို TH Telemedic App မှတဆင့် အထူးကု ဆရာ၀န်ကြီးများနှင့် ပြသနိုင်ပါပြီ☺️☺️

🌎 ဘယ်နေရာရောက်ရောက် ဘာ‌အကြောင်းကြောင့်ပဲ ကျန်းမာရေးပြဿနာရှိရှိ 𝐓𝐇 𝐓𝐞𝐥𝐞𝐦𝐞𝐝𝐢𝐜 ကို သတိရလိုက်ပါ.....

TH Telemedic ရဲ့ Patient Application ကို Play Store မှ Download ဆွဲပြီး မိမိသိရှိလိုသော အထွေထွေ
ကျန်းမာရေးကိစ္စရပ်များကို
Online မှတဆင့် အထူးကုဆရာဝန်ကြီးများနှင့်ဆေးခန်း ပြသနိုင်ပါပြီ ❤❤

Patient Application Download ရန် Link -

https://play.google.com/store/apps/details?id=com.telemedic.patient

TH Telemedic Application အသုံးပြုပုံကို အလွယ်တကူသိရှိိနိုင်ရန် အောက်ပါ Link ကို နှိပ်ပြီး ကြည့်နိုင်ပါတယ်..

-https://fb.watch/n4ZX8ngdkH/?mibextid=UNkRJV

Videos (show all)

TH Patient App ကနေတဆင့် 👩‍⚕️👨‍⚕️သမားတော်ကြီးများ၊ 👩‍⚕️🧑‍⚕️👨‍⚕️အထူး‌ကုဆရာဝန်ကြီးများနှင့် ပြသဖို့ Register ပြုလုပ်နည်း၊ A...
ဆီးချို/သွေးတိုးရောဂါများမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရမည့်နည်းလမ်းတွေကို TH Telemedic မှ တင်ဆက်ပေးလိုက်ပါတယ်။.. 𝐓𝐇 𝐓𝐞𝐥𝐞𝐦...
ပူပြင်းလှတဲ့ နွေရာသီရဲ့ အပူဒဏ်ကို ကြိုတင်ကာကွယ်လို့ ရအောင် TH Telemedic မှစေတနာထားတင်ဆက်ပေးလိုက်ပါတယ်။Video တွေကို You T...
အစာအိမ်ရောင်ခြင်းကို ကြိုတင်ကာကွယ်လို့ ရအောင် TH Telemedic မှစေတနာထားတင်ဆက်ပေးလိုက်ပါတယ်။Video တွေကို You Tube မှာလည်းကြ...
☀️ပူပြင်းလှတဲမှာနွေရာသီမှာ🤒အပူမရှပ်စေဖို့...Video တွေကို You Tube မှာလည်းကြည့်နိုင်ပြီဖြစ်လို့ Channel လေးကို Subscribe ...
TH Patient App ကနေတဆင့် 👩‍⚕️👨‍⚕️သမားတော်ကြီးများ၊ 👩‍⚕️🧑‍⚕️👨‍⚕️အထူး‌ကုဆရာဝန်ကြီးများနှင့် ပြသဖို့ Register ပြုလုပ်နည်း၊ A...
👴🧓အသက်အရွယ်ရလာတာနဲ့အမျှ ရှောင်လွဲလို့မရနိုင်တဲ့..... 👉ဆီးကျိတ်ကြီးခြင်းပြဿနာ👈 ဆီးကျိတ်ကြီးခြင်း👈 ဆိုတာ အမျိုးသားတွေရဲ့ ဆ...
👏🎉 Congratulation Winner  🎉👏6.1.2023 ရက်နေ့တွင်တင်ထားသော Giveway Post တွင်ကံထူးသွားသောကံထူးရှင်နှစ်ဦးကိုဖော်ပြပေးပါဖြစ်ပ...
လည်ပင်းကျီးပေါင်းနှင့်ပတ်သက်ပြီးတော့ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့သူတွေ၊ မိမိအိမ်မှာ ကုသလို့ရမဲ့ကုထုံးတွေအကြောင်းကို အကြောအဆစ်ပည...
https://youtu.be/40Uo25AloHI  ခွေးရူးပြန်ရောဂါအကြောင်း ဇာတ်လမ်းတိုအား Youtube ရဲ့ Zion Digital Studio တွင် အပြည့်အစုံ ကြ...
သင့်ကိုယ်ထဲရှိသွေးကြောထဲမှ‌သွေးဆဲလ်လေးတွေရဲ့စီးဆင်းသွားလာတဲ့အတိုင်းအတာအကွာအဝေးကတစ်ရက်တာ ၂၄ နာရီအတွင်း မိုင်ပေါင်း၁၂၀၀၀ခန...
❤ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့ ကိုယ်ဝန်ဆောင်ကာလ "၈ပတ်"၊ ရက်အားဖြင့် "၅၆ရက်" ကြာချိန်မှာ  သန္ဓေသားလောင်းလေးရဲ့ကြီးထွားမှုဖြစ်...

Telephone

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00