Network for Advocacy Action -Tanintharyi

Network for Advocacy Action -Tanintharyi

Network for Advocacy Action (NAA) will be focused action by Amplifying the voices from Ground.

22/10/2023

စစ်ကောင်စီကို ဆက်လက်မထောက်ပံ့ဖို့ စင်ကာပူအစိုးရကို လူထုလှုပ်ရှားတရပ်နဲ့တောင်းဆိုမယ်
အောက်တိုဘာ၊ ၂၁
စင်ကာပူအခြေစိုက် ကုမ္ပဏီတွေက စစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတာနဲ့ ငွေကြေးစီးဆင်းမှု မှာ ကူညီ ပေးနေတာတွေကို တားဆီးပေးဖို့စင်ကာပူအစိုးရကိုတောင်းဆိုတဲ့လှုပ်ရှားမှုအတွက် လူထုလက်မှတ်တွေ ကောက်ခံ စုဆောင်းနေတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တာဝန် ရှိသူတဦးက ပြောပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ မြန်မာပြည်သူတွေရဲ့ ထောက်ခံလက်မှတ်တွေနဲ့အတူ အာဏာသိမ်းမှု ရက်တထောင်ပြည့်မယ့် အောက်တိုဘာ ၂၉ရက်မှာ စင်ကာပူအစိုးရဆီ စာပေးပို့တောင်းဆိုတာအပါအဝင် အွန်လိုင်းနဲ့မြေပြင်လှုပ်ရှားမှုတွေ လည်းပါဝင်မယ်လို့ သိရပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ဝင်ငွေစီးဆင်းမှုတွေကို ဖြတ်တောက်နိုင်ဖို့ အသိပညာပေးမှုနဲ့ လူထုလှုပ်ရှားမှုတွေဖော်ဆောင်နေတဲ့တော်လှန်ရေးအင်အားစုအဖွဲ့အစည်းတခုဖြစ်ပါတယ်။
အဲဒီလှုပ်ရှားမှုကို ပြည်ပနိုင်ငံပေါင်း နှစ်ဆယ် နီးပါးနဲ့ပြည်တွင်းမှာ အခုလနောက်ဆုံးပတ်အောက်တိုဘာ ၂၅ရက် ကနေ ၃၁ရက်အထိ တပတ်ကြာ တပြိုင်တည်းပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုမှာ မြန်မာပြည်သူနှစ်သောင်းခွဲကျော်ရဲ့ ထောက်ခံလက်မှတ်တွေနဲ့ စင်ကာပူအစိုးရဆီကို အိတ်ဖွင့် ပေးစာ ပေးပို့တောင်းဆိုတာ၊ပြည်ပနိုင်ငံတွေက စင်ကာပူသံရုံးတွေရှေ့မှာ ဆန္ဒပြတောင်းဆိုတာ၊ပြည်တွင်းမှာ သပိတ်လှုပ်ရှားမှုလုပ်တာတွေပါဝင်မယ်လို့ သွေးစွန်း ငွေ ဖြတ်တောက်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“အွန်လိုင်းလှုပ်ရှားမှုတွေက နိုင်ငံတကာကို ထောက်ပြတာဖိအားပေးတောင်းဆိုတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အရေး ကြီး အရာတခုဖြစ်တယ်၊ပြည်တွင်း ကသပိတ်ထွက်နိုင်သူတွေ ထွက်နေသလို လက်မှတ်ထိုးကမ်ပိန်းမှာ ပါဝင်ပေး ကြဖို့လူထုအင်အား လူထုအသံများများပါမှာ နိုင်ငံတကာအနေနဲ့ စစ်အုပ်စုကို အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ် လာမှာ” လို့သူကပြောပါတယ်။
အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း စင်ကာပူအခြေစိုက် လက်နက်ကုမ္ပဏီ ၁၃၈ ခုက အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ၊စစ်ဖက်နဲ့အရပ်ဖက်နှစ်မျိုးသုံး ကုန်ပစ္စည်းတွေကို အာဏသိမ်းစစ် တပ်ဆီ ရောင်းချခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စင်ကာပူအစိုးရတာဝန်ရှိသူတွေကတော့ အဲ့ဒီဖော်ပြချက်တွေကို ငြင်းဆန်ထားပါတယ်။
ဒါပေမယ့် နောက်ကွယ်က နေ စစ်ကောင်စီနဲ့ထိတွေ့ပတ်သက်မှုတွေဆက်ရှိနေဆဲဖြစ်ပြီး လက်ရှိစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် အစိတ်အပိုင်းတွေကို စင်ကာပူနိုင်ငံကကုန်ကြမ်းအနေနဲ့ တင်ပို့ပေးနေ တာ လို့ သွေးစွန်းငွေအဖွဲ့တာဝန်ရှိ သူကပြောပါတယ်။
“တဖက်မှာ စင်ကာပူအစိုးရက မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချမှု ဖြတ်တောက် ထားတယ်လို့ လိမ် ထား တယ်၊အဲဒီအတွက်သူတို့ပြောတဲ့အတိုင်း လက်နက်တင်ပို့မှုကို ဖြတ်တောက်ဖို့ တင်ပို့ခဲ့တဲ့ ကုမ္ပဏီတွေကို အ ရေးယူဖို့ တိုက်တွန်းတောင်းဆိုတာဖြစ်တယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် စင်ကာပူနိုင်ငံရဲ့ ဘဏ်ကိုးခုမှာရှိနေတဲ့မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ၄ဒသမ ၆ဘီလီယံ ကို လည်းစစ်ကောင်စီကိုအသုံးပြုခွင့်လုံးဝမပေးဖို့၊စစ်ကောင်စီတပ်ရဲ့ လက်နက် ဝယ်ယူရေးအတွက် စင်ကာပူဘဏ် တွေကို အသုံးချနေမှုကိုပိတ်ဆို့အရေးယူပေးဖို့စတဲ့အချက်တွေ တောင်းဆိုသွားမယ်လို့ သိရပါတယ်။
အခုလှုပ်ရှားမှုဟာ တော်လှန်ရေးအတွက် အရေးပါတဲ့လှုပ်ရှားမှုတခုဖြစ်ပြီး အနောက်အုပ်စုရဲ့ အရေးယူပိတ်ဆို့မှု တွေကြောင့် စစ်ရေးအသုံးစရိတ် ထိခိုက်နေတဲ့ စစ်ကောင်စီတပ်ကို စင်ကာပူနိုင်ငံကပါ ထပ်ပြီး ပိတ်ဆို့မယ်ဆိုရင် တော်လှန်ရေးအတွက် အကျိုးများမယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
“လက်နက်ခဲယမ်းလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်တဲ့အထိ အကျိုးရှိမယ်၊ဒါမှသာလျှင် တော်လှန်ရေး ကာလ အမြန်ပြီးမြောက်မှာဖြစ်တယ်၊တဖက်မှာ တော်လှန်ရေးအဖွဲ့တွေ ERO တွေနဲ့ ပြည်သူတွေကလည်း သွေးထွက် သံယိုနည်းပြီး အမြန်အိမ်ပြန်နိုင်မှာဖြစ်တယ် ” လို့ သူကဆိုပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးလုပ်ရှားမှုအဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း (၂၀၀)က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်ကလည်း စင်ကာပူအစိုးရဆီး အိတ်ဖွင့်ပေးစာပေးပို့တောင်းဆို ခဲ့ပေမယ့်တစုံတရာ တုံ့ပြန်မှုမရှိတာကြောင့် ဒုတိယအကြိမ်အနေနဲ့ လူထုလက်မှတ်တွေနဲ့ထပ်ပြီးတိုက်တွန်းတောင်းဆိုတာဖြစ်တယ်လို့ လည်း ဆိုပါတယ်။
စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတာတွေဆက်ရှိနေကြောင်းဝေဖန်မှု တွေရှိခဲ့ပြီး နောက် စင်ကာပူအစိုးရက ကုမ္ပဏီတချို့ကိုအရေးယူတာရှိသလို မြန်မာနိုင်ငံကငွေကြေးစီးဆင်းမှုတွေ အတွက် အရေးပါတဲ့ UOB ဘဏ်ကလည်း မြန်မာနိုင်ငံဘဏ်တွေနဲ့ လုပ်ကိုင်နေတဲ့ဘဏ်လုပ်ငန်းတွေကိုရပ်ဆိုင်းခဲ့ပါတယ်။
ပြည်တွင်းက စစ်ကောင်စီကို တော်လှန်နေတဲ့ သပိတ်အင်အားစုတွေကတော့ စစ်အုပ်စုရဲ့ ဝင်ငွေလမ်းကြောင်းကို တားဆီး နိုင်ဖို့အတွက် စစ်တပ်ထုတ်ကုန်တွေ အပါအဝင် စစ်တပ်နဲ့ ပက်သက်တဲ့ လူသုံးကုန်၊ယာဉ်လိုင်းနဲ့ဟိုတယ် လုပ်ငန်းစတဲ့ ဝန်ဆောင်မှုတွေကို မပက်သက်ဘဲ သပိတ်မှောက်ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/43188/
#စစ်ကောင်စီ #စင်ကာပူအစိုးရ
#စင်ကာပူအခြေစိုက် #ကုမ္ပဏီတွ

Delta News Agency Telegram - https://shorturl.at/lxKMR
Delta News Agency YouTube - https://shorturl.at/ahBL2
Delta News Agency Website - https://shorturl.at/ozAIM
Delta News Agency Podcast - https://shorturl.at/epwzH

စစ်ကောင်စီကို ဆက်လက်မထောက်ပံ့ဖို့ စင်ကာပူအစိုးရကို လူထုလှုပ်ရှားတရပ်နဲ့တောင်းဆိုမယ်

အောက်တိုဘာ၊ ၂၁

စင်ကာပူအခြေစိုက် ကုမ္ပဏီတွေက စစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတာနဲ့ ငွေကြေးစီးဆင်းမှု မှာ ကူညီ ပေးနေတာတွေကို တားဆီးပေးဖို့စင်ကာပူအစိုးရကိုတောင်းဆိုတဲ့လှုပ်ရှားမှုအတွက် လူထုလက်မှတ်တွေ ကောက်ခံ စုဆောင်းနေတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တာဝန် ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ မြန်မာပြည်သူတွေရဲ့ ထောက်ခံလက်မှတ်တွေနဲ့အတူ အာဏာသိမ်းမှု ရက်တထောင်ပြည့်မယ့် အောက်တိုဘာ ၂၉ရက်မှာ စင်ကာပူအစိုးရဆီ စာပေးပို့တောင်းဆိုတာအပါအဝင် အွန်လိုင်းနဲ့မြေပြင်လှုပ်ရှားမှုတွေ လည်းပါဝင်မယ်လို့ သိရပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ဝင်ငွေစီးဆင်းမှုတွေကို ဖြတ်တောက်နိုင်ဖို့ အသိပညာပေးမှုနဲ့ လူထုလှုပ်ရှားမှုတွေဖော်ဆောင်နေတဲ့တော်လှန်ရေးအင်အားစုအဖွဲ့အစည်းတခုဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကို ပြည်ပနိုင်ငံပေါင်း နှစ်ဆယ် နီးပါးနဲ့ပြည်တွင်းမှာ အခုလနောက်ဆုံးပတ်အောက်တိုဘာ ၂၅ရက် ကနေ ၃၁ရက်အထိ တပတ်ကြာ တပြိုင်တည်းပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ ပြည်သူ စုပေါင်းထောက်ခံလက်မှတ်တွေနဲ့ စင်ကာပူအစိုးရဆီကို အိတ်ဖွင့် ပေးစာ ပေးပို့တောင်းဆိုတာ၊ပြည်ပနိုင်ငံတွေက စင်ကာပူသံရုံးတွေရှေ့မှာ ဆန္ဒပြတောင်းဆိုတာ၊ပြည်တွင်းမှာ သပိတ်လှုပ်ရှားမှုလုပ်တာတွေပါဝင်မယ်လို့ သွေးစွန်း ငွေ ဖြတ်တောက်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“အွန်လိုင်းလှုပ်ရှားမှုတွေက နိုင်ငံတကာကို ထောက်ပြတာဖိအားပေးတောင်းဆိုတဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အရေး ကြီး အရာတခုဖြစ်တယ်၊ပြည်တွင်း ကသပိတ်ထွက်နိုင်သူတွေ ထွက်နေသလို လက်မှတ်ထိုးကမ်ပိန်းမှာ ပါဝင်ပေး ကြဖို့လူထုအင်အား လူထုအသံများများပါမှာ နိုင်ငံတကာအနေနဲ့ စစ်အုပ်စုကို အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ် လာမှာ” လို့သူကပြောပါတယ်။

အာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း စင်ကာပူအခြေစိုက် လက်နက်ကုမ္ပဏီ ၁၃၈ ခုက အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ၊စစ်ဖက်နဲ့အရပ်ဖက်နှစ်မျိုးသုံး ကုန်ပစ္စည်းတွေကို အာဏသိမ်းစစ် တပ်ဆီ ရောင်းချခဲ့တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စင်ကာပူအစိုးရတာဝန်ရှိသူတွေကတော့ အဲ့ဒီဖော်ပြချက်တွေကို ငြင်းဆန်ထားပါတယ်။

ဒါပေမယ့် နောက်ကွယ်က နေ စစ်ကောင်စီနဲ့ထိတွေ့ပတ်သက်မှုတွေဆက်ရှိနေဆဲဖြစ်ပြီး လက်ရှိစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အတွက် အစိတ်အပိုင်းတွေကို စင်ကာပူနိုင်ငံကကုန်ကြမ်းအနေနဲ့ တင်ပို့ပေးနေ တာ လို့ သွေးစွန်းငွေအဖွဲ့တာဝန်ရှိ သူကပြောပါတယ်။

“တဖက်မှာ စင်ကာပူအစိုးရက မြန်မာစစ်အုပ်စုကို လက်နက်ရောင်းချမှု ဖြတ်တောက် ထားတယ်လို့ လိမ် ထား တယ်၊အဲဒီအတွက်သူတို့ပြောတဲ့အတိုင်း လက်နက်တင်ပို့မှုကို ဖြတ်တောက်ဖို့ တင်ပို့ခဲ့တဲ့ ကုမ္ပဏီတွေကို အ ရေးယူဖို့ တိုက်တွန်းတောင်းဆိုတာဖြစ်တယ်” လို့ သူကပြောပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံရဲ့ ဘဏ်ကိုးခုမှာရှိနေတဲ့မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေ ဒေါ်လာ၄ဒသမ ၆ဘီလီယံ ကို လည်းစစ်ကောင်စီကိုအသုံးပြုခွင့်လုံးဝမပေးဖို့၊စစ်ကောင်စီတပ်ရဲ့ လက်နက် ဝယ်ယူရေးအတွက် စင်ကာပူဘဏ် တွေကို အသုံးချနေမှုကိုပိတ်ဆို့အရေးယူပေးဖို့စတဲ့အချက်တွေ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

အခုလှုပ်ရှားမှုဟာ တော်လှန်ရေးအတွက် အရေးပါတဲ့လှုပ်ရှားမှုတခုဖြစ်ပြီး အနောက်အုပ်စုရဲ့ အရေးယူပိတ်ဆို့မှု တွေကြောင့် စစ်ရေးအသုံးစရိတ် ထိခိုက်နေတဲ့ စစ်ကောင်စီတပ်ကို စင်ကာပူနိုင်ငံကပါ ထပ်ပြီး ပိတ်ဆို့မယ်ဆိုရင် တော်လှန်ရေးအတွက် အကျိုးများမယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တာဝန်ရှိသူကပြောပါတယ်။

“လက်နက်ခဲယမ်းလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်တဲ့အထိ အကျိုးရှိမယ်၊ဒါမှသာလျှင် တော်လှန်ရေး ကာလ အမြန်ပြီးမြောက်မှာဖြစ်တယ်၊တဖက်မှာ တော်လှန်ရေးအဖွဲ့တွေ ERO တွေနဲ့ ပြည်သူတွေကလည်း သွေးထွက် သံယိုနည်းပြီး အမြန်အိမ်ပြန်နိုင်မှာဖြစ်တယ် ” လို့ သူကဆိုပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးလုပ်ရှားမှုအဖွဲ့ အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း (၂၀၀)က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်ကလည်း စင်ကာပူအစိုးရဆီး အိတ်ဖွင့်ပေးစာပေးပို့တောင်းဆို ခဲ့ပေမယ့်တစုံတရာ တုံ့ပြန်မှုမရှိတာကြောင့် ဒုတိယအကြိမ်အနေနဲ့ လူထုလက်မှတ်တွေနဲ့ထပ်ပြီးတိုက်တွန်းတောင်းဆိုတာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတာတွေဆက်ရှိနေကြောင်းဝေဖန်မှု တွေရှိခဲ့ပြီး နောက် စင်ကာပူအစိုးရက ကုမ္ပဏီတချို့ကိုအရေးယူတာရှိသလို မြန်မာနိုင်ငံကငွေကြေးစီးဆင်းမှုတွေ အတွက် အရေးပါတဲ့ UOB ဘဏ်ကလည်း မြန်မာနိုင်ငံဘဏ်တွေနဲ့ လုပ်ကိုင်နေတဲ့ဘဏ်လုပ်ငန်းတွေကိုရပ်ဆိုင်းခဲ့ပါတယ်။

ပြည်တွင်းက စစ်ကောင်စီကို တော်လှန်နေတဲ့ သပိတ်အင်အားစုတွေကတော့ စစ်အုပ်စုရဲ့ ဝင်ငွေလမ်းကြောင်းကို တားဆီး နိုင်ဖို့အတွက် စစ်တပ်ထုတ်ကုန်တွေ အပါအဝင် စစ်တပ်နဲ့ ပက်သက်တဲ့ လူသုံးကုန်၊ယာဉ်လိုင်းနဲ့ဟိုတယ် လုပ်ငန်းစတဲ့ ဝန်ဆောင်မှုတွေကို မပက်သက်ဘဲ သပိတ်မှောက်ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပါတယ်။
Website တွင် ကြည့်ရှုရန် >>> https://deltanewsagency.com/43188/

#စစ်ကောင်စီ #စင်ကာပူအစိုးရ
#စင်ကာပူအခြေစိုက် #ကုမ္ပဏီတွ

Delta News Agency Telegram - https://shorturl.at/lxKMR
Delta News Agency YouTube - https://shorturl.at/ahBL2
Delta News Agency Website - https://shorturl.at/ozAIM
Delta News Agency Podcast - https://shorturl.at/epwzH

22/10/2023

၀န်ထမ်းများအားလုံးက အမျိုးသမီးများသာ ဖြစ် ေသာ ၀န်ထမ်းေလာကမို့ အမျိုးသမီးများသည် အင်မတန် အ ေရးပါ ေသာသူများဖြစ်ကြပါသည်။

ကာကာတို့ မင်မင်မအားဘူး...အယ်လဲ့

Crd

22/10/2023

ကျားခင်စိန်တို့လိုမျိုး ေပြာင် ေပျာက်စွာ ေတာ်လှန် ေနတဲ့ အမျိုးသမီးေတွကို အားနာမိတာ အမှန်ပါ။

တော်တော်လေး ချင့်ချိန်ပြီး ပြောရတဲ့ ပွဲတစ်ပွဲ။ ကိုယ့်ညီအစ်မတွေအချင်းချင်း ပြောရတာ အားလည်းနာတယ်၊ စိတ်လည်းမကောင်းဘူး။
ဆိုရေးရှိက ဆိုအပ်လှသည်ဆိုတဲ့အတိုင်း မလုပ်သင့် မလုပ်ထိုက်တဲ့ အရာက ဘယ်သူဘဲလုပ်လုပ် မလုပ်သင့် မလုပ်ထိုက်တဲ့အရာဖြစ်တယ်။ နောက်လာမယ့် ဓါတ်ပုံပြပွဲအတွက် ကုန်ကြမ်းဖြစ်ပါတယ်။

Things that are wrong will always be wrong regardless of who is doing it. We take no pleasure in calling our fellow sisters out. But, we must. More materials for the next exhibition.

?

Photos from Burma's Manels Watch's post 22/10/2023

Organisers တွေ၊ sponsors တွေကိုရော ဘာမှ မပြောကြဘူးလား ဆိုလို့ပါ…… ပြောပါတယ်လို့ လာပြောပြတာပါ။ ဒါကတော့ ၂၀၂၃ ခုနှစ်အတွင်း ပြုစုမှတ်တမ်းတင်ထားတဲ့ပုံတွေဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေနဲ့ ပွဲကို ထောက်ပံ့ပေးခဲ့သူတွေရဲ့ အချက်လက်တွေ အဲ့ပိုစ်တာတွေမှာ ပါဝင်ပါတယ်။
ဒီစာမျက်နှာကိုရော၊ ဒီလထဲ ကျင်းပမယ့် ဓါတ်ပုံပြပ္ပွဲကိုရော၊ အသုံးပြုထားတဲ့ နည်းနာနဲ့ အကြောင်းအရာတွေအပေါ် အားပေးသူတွေကိုရော၊ ထောက်ပြဝေဖန်ပေးကြတဲ့ သူတွေအားလုံးကိုရော အထူးကျေးဇူးတင်ပါတယ်။ တခြား ထောက်ပြဝေဖန်လိုတာရှိရင်လည်း ဆက်လက်ပြီး ထောက်ပြဝေဖန်သွားကြဖို့လည်း မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

22/10/2023

https://www.facebook.com/hashtag/manels_exhibition?__eep__=6&__tn__=*NK*F

YES, WE ARE DOING IT AGAIN, ANOTHER !

This time, the will be on the 4th Floor of
Bangkok Art & Culture Centre BACC หอศิลปวัฒนธรรมแห่งกรุงเทพมหานคร, displaying a newly collected of 2023 and highlighting and . We will also feature some artworks of four artists from Burma.

DATE: October 17 - 29, 2023
LOCATION: Curve Wall, 4th Floor
Bangkok Art & Culture Centre
939 Rama 1 Rd, Pathum Wan
Bangkok 10330, Thailand

Organized by the Women's League of Burma (WLB) and The Salween Institute for Public Policy in collaboration with SEA-Junction.

For General Info, contact:
+66-97-002-4140

For media, contact:
[email protected]
[email protected]

Photos from Burma's Manels Watch's post 22/10/2023

ဝေဖန်ပိုင်းခြားမှုမီးတွေ ထွန်းညှိပြီး တီထွင်ကြံဆမှုတွေနဲ့အတူ နိုးထလာစေနိုင်ဖို့ စကားစမြည် ဆွေးနွေးပွဲမှာ ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
Join the conversation to ignite your critical thinking and stimulate your imagination.
အများပြည်သူဆိုင်ရာ ရပ်ဝန်း (Public Space) တင်မကဘဲ ပညာရပ်ဝန်း (Academic Space) မှာပါ အမျိုးသမီးထုရဲ့ အသံ တွေနဲ့ ကိုယ်စားပြုမှုဟာ နည်းပါးသလို လုံလောက်မှုလည်း မရှိတဲ့အပြင် ငြင်းပယ်ခံရတာတွေလည်း ရှိနေပါတယ်။ ကမ္ဘာတဝန်း လုံးမှာ ကျား-မ လိင်စိတ်ခံယူမှုဆိုင်ရာ တန်းတူရေး လှုပ်ရှားကြိုးပမ်းမှုတွေကြောင့် သိသာတဲ့ တိုးတက်မှုတွေ ရှိလာပေမဲ့ ဖိုဝါဒ ကြီးစိုးတဲ့ အလေ့အထတွေကတော့ ပစ္စက္ခ လူ့အဖွဲ့အစည်းမှာ ပုံစံမျိုးစုံနဲ့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေဆဲပါပဲ။
အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၅:၃၀ နာရီ မှာတော့ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ သံလွင် ပြည်သူ့ရေးရာ မူဝါဒလေ့လာရေးအဖွဲ့ နဲ့ SEA Junction တို့က ပူးပေါင်းပြီးတော့ “အရှေ့တောင်အာရှ ဒေသတွင်းရှိ ဒီမိုကရေစီ ကိုယ်စားပြုမှုနှင့် ကျား-မ ပါဝင်မှု” ခေါင်းစဉ်နဲ့ စကားဝိုင်းတစ်ခုကို ပြုလုပ်သွားမှာပါ ဖြစ်ပါတယ်။
Women’s voices continue to be underrepresented, if not denied, in government institutions and processes and in the public and academic arena. In spite of significant progress in fostering gender equity globally, patriarchal norms remain deeply entrenched in society and continue to manifest themselves in multiple forms.
On 19 October at 5.30pm, the Women’s League of Burma, the Salween Institute for Public Policy and SEA Junction will organize a panel discussion on “Democratic Representation and Gender Inclusion in Southeast Asia”.

22/10/2023

The IMF and World Bank (IMF-WB) Annual Meetings have just finished in Marrakech, Morocco from 9-15 October, 2023, amidst multiple crises and worsening women’s human rights violations in the Global South. APWLD releases this statement to reiterate its strong opposition to IMF-WB’s recurring austerity- and debt-servicing impositions on debtor governments as they seriously inhibit the realisation of gender equality, women’s human rights, and Development Justice in their respective countries.
Read the full statement here: http://apwld.org/reject-imf-wb-uphold-womens-human.../

The IMF and World Bank (IMF-WB) Annual Meetings have just finished in Marrakech, Morocco from 9-15 October, 2023, amidst multiple crises and worsening women’s human rights violations in the Global South. APWLD releases this statement to reiterate its strong opposition to IMF-WB’s recurring austerity- and debt-servicing impositions on debtor governments as they seriously inhibit the realisation of gender equality, women’s human rights, and Development Justice in their respective countries.

Read the full statement here: apwld.org/reject-imf-wb-uphold-womens-human-rights-and-development-justice/

Photos from Burma's Manels Watch's post 22/10/2023
Photos from Rosy Women's Union - Dawei's post 06/01/2023

လွတ်လပ်ပြီးသား ငါတို့တိုင်းပြည် မလွတ်လပ်သေးတဲ့ ဒို့လူထုတွေ

ကျွန်တော်တို့ရဲ့တိုင်းပြည် နယ်ချဲ့ကိုလိုနီတွေရဲ့ လက်အောက်ကနေ လွတ်မြောက်ခဲ့တာဟာ လာမယ့်မနက်ဖြန် ဇန်နဝါရီ ၄ ရက်နေ့မှာ ၇၅ နှစ် ပြည့်ပါပြီ။

ဒါပေမယ့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူထုက လွတ်လပ်ရေးရပြီးကတည်းကနေ အခုထိ လွတ်လပ်မှုကို ဆယ်စုနှစ်တစ်ခုစာတောင် မခံစားကြရသေးပါဘူး။

ကျွန်တော်တို့ ပြည်သူတွေဟာ ကိုလိုနီတွေလက်အောက်ကနေ လွတ်မြောက်ခဲ့ပေမယ့် စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ ယနေ့ထိတိုင် ဒုက္ခဆင်းရဲမျိုးစုံကို ခံနေကြရတုန်းပါပဲ။

ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုအောက်ကနေလွတ်မြောက်ပြီး အမှန်တကယ် လွတ်လပ်မှု ရရှိဖို့ ဆက်လက်တိုက်ပွဲဝင်ကြရအုံးမှာဖြစ်ပါတယ်။

ဓာတ်ပုံ _ လွတ်လပ်ရေးနေ့အကြို ဇန်နဝါရီ ၃ ရက်နေ့ ညနေပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု။

#အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ_လောင်းလုံးမြို့နယ်
#နှင်းဆီရောင်_အမျိုးသမီးများသမဂ္ဂ_ထားဝယ်

#လောင်းလုံးမြို့နယ်_ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ
#ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ_ထားဝယ်ခရိုင်_DDMSC

06/01/2023

2023 New Year Resolution

ဆရာဝန်စစ်စစ်ဖြစ်ဖို့ထက် လူစစ်စစ်ပဲဖြစ်ချင်တယ်။
အဆိုတော်စစ်စစ်ဖြစ်ဖို့ထက် လူစစ်စစ်ပဲဖြစ်ချင်တယ်။
အနုပညာသမားစစ်စစ်ဖြစ်ဖို့ထက် လူစစ်စစ်ပဲဖြစ်ချင်တယ်။
ပညာတတ်စစ်စစ်ဖြစ်ဖို့ထက် လူစစ်စစ်ပဲဖြစ်ချင်တယ်။
ဘာလို့ဆို...လူစစ်စစ် အရင်မဖြစ်ပဲ ဘာစစ်စစ်မှ ဆက်ဖြစ်လို့မရလို့။
ဒါဆို လူစစ်စစ်ဖြစ်ဖို့ ဘာလိုလဲ တဲ့ ဟုတ်လား?
အေး…ကိုယ်ချင်းစာတရားရှိတဲ့ လူစိတ်စစ်စစ်လိုတယ်။
တတိုင်းပြည်လုံးမျက်ရည်ပေါက်ကြီးငယ်ကျနေချိန်မှာ ကိုယ်တစ်ယောက်တည်းကွက်ပျော်ရွှင်အောင်မြင်နေရတာကို ရှက်တတ်တဲ့ ဟီရိဩတ္တပ္ပတရားစစ်စစ်လိုတယ်။
ဒါပါပဲ…

အဲ့ဒီ ၂ ခုမရှိပဲနဲ့တော့ ဘာစစ်စစ်မှဆက်ဖြစ်လာမှာမဟုတ်ဘူး...မပူနဲ့။
ဖုတ်ကောင်တွေပဲဖြစ်သွားကြမှာ။

06/01/2023
21/12/2022

ကြည့်ကျက်လုပ်ပါအုံး ထိန်းကြပါအုံး

ရွှေဘိုခရိုင် တပ်ရင်း ၂ ရဲ့တပ်ရင်းမှူး ဒူချွန်စိုင်းသူက ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီး

BVJ၊ ဒီဇင်ဘာ၂၀၊ ၂၀၂၂

ရွှေဘိုခရိုင်PDF၊အမှတ်(၂)တပ်ရင်းက ဝက်လက် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် ၁၀ ဦးကို မနေ့က ဒီဇင်ဘာ ၁၉ ရက်မှာ လက်နက်အပြည့်အစုံ ကိုင်ဆောင်ပြီး လာရောက်ဖမ်းဆီးခဲ့တယ်လို့ GZတပ်ဖွဲ့ရဲ့မဟာမိတ်ရဲဘော်တစ်ဦးက Burma VJ ကိုပြောပါတယ်။

“ဒီဇင်ဘာ ၁၅ ရက်ကတည်းက GZ Special Task Force-Watlet(GZ) အဖွဲ့အခြေချထားတဲ့ ဆားတောင်ကျေးရွာက သူတို့ နယ်မြေဖြစ်တယ်၊ ၃ ရက်အတွင်းပြောင်းပေးရမယ်လို့ ခေါ်ပြောတယ်။ အဓိကတာဝန်ရှိသူက ဒူဂျွန်စိုင်းသူလို့ခေါ်တဲ့ KIA က ဗိုလ်က GZ Special Task Force-Watlet အဖွဲ့က ကိုချစ်ဦးမောင်နဲ့ ကိုချစ်သဲမောင်ကိုခေါ်ပြောတယ်။ အဲဒါက အဓိပ္ပါယ်မရှိ ဘူးလေ။ သက်သက်အနိုင်ကျင့်တာ” လို့မဟာမိတ်ရဲဘော်ကပြောပါတယ်။

GZ Special Task Force-Watlet တပ်ဖွဲ့က တော်လှန်ရေးစလုပ်ကတည်းက ဆားတောင်ကျေးရွာမှာ အခြေချလုပ်ကိုင်ခဲ့တာ လို့ GZ Special Task Force-Watlet ခေါင်းဆောင် ကိုGZ ကပြောပါတယ်။

“တော်လှန်ရေးစကတည်းက ဝက်လက်အရှေ့ခြမ်းမှာ အခြေချခဲ့တာ၊ ကျွန်တော်တို့က အရင်ပေါ့၊ တပ်ရင်းတပ်ဖွဲ့တွေဆိုတာ က နောက်မှပေါ်လာတာ။ ပထမဦးဆုံးတော်လှန်ရေးလုပ်ခဲ့တာက LPDF တွေပဲရှိတာလေ။ သူတို့ကတော့ ကျွန်တော်တို့အဖွဲ့ ပျက်စီးအောင် သွေးထိုးနေတာပေါ့။ ကျွန်တော် မရှိတဲ့အချိန်မှာ ကလေးတွေကိုကြောက်လန့်အောင် အမျိုးမျိုးလုပ်တယ်။ အဓိကကတော့ ကျွန်တော်တို့ကို သူတို့လက်အောက်ခံဝင်စေချင်ပုံရပါတယ်” လို့ ကို GZ ကပြောပါတယ်။

ရွှေဘိုခရိုင်၊ တပ်ရင်း ၂ ကပြောင်းခိုင်းတာကို GZတပ်ဖွဲ့က ပြောင်းမပေးတာကြောင့် ဒီဇင်ဘာ ၁၉ ရက် နေ့လည် ၃နာရီခန့်က ဝက်လက်မြို့နယ်၊ဆားတောင်ကြီးကျေးရွာမှာ အခြေစိုက်တဲ့ GZတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးအပါအဝင် ၁၀ ဦးကို တပ်ရင်း-၂ ကဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသည့် ရဲဘော်များကို ရွှေဘိုခရိုင်အမှတ် ၂ တပ်ရင်းက ဖမ်းဆီးတာမဟုတ်ကြောင်း ဆွေးနွေးညှိနှိုင်းဖို့သာဖြစ် ကြောင်း GZတပ်ဖွဲ့မှ စာထုတ်ပေးရန် ဒူချွန်စိုင်းသူ ကဖိအားပေးခိုင်းစေနေတာလို့လည်းသိရပါတယ်။
ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးရဲ့ အဆိုအရ နိုဝင်ဘာ၃၀ ရက်နေ့က ဗိုလ်ကျားကြီး တို့အဖွဲ့ကို အကြမ်းဖက်အဖြစ် ဝက်လက်(ပကဖ)ကစွပ်စွဲမှုအပေါ် GZ တပ်ဖွဲ့က ဗိုလ်ကျားကြီးတို့နဲ့အတူရပ်တည်ကြောင်းစာထုတ်ခဲ့တဲ့အတွက် ယခုလို ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။

https://burmavj.net/news/breakingnews/10373/

ပုံစာ...GZ Special Task Force-Watlet

15/12/2022

ဝန်ကြီးချုပ် ဦးမြင့်မောင် ပုဒ်မနှစ်ခုနဲ့ထပ်မံတရားစွဲခံရပါတယ်။

သူ့ကို ရွေးကောက်ပွဲ ဥပဒေတွေကိုဖောက်ဖျက်တယ်၊ ဘာသာရေးကိုအကြောင်းပြ ဟောပြောတယ်၊ ကြေညာချက်ထုတ်ပြန်တယ်ဆိုပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀(က) ၂ မှုနဲ့တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဦးမြင့်မောင်ဟာ ပုဒ်မ ၃ခုနဲ့ ထောင်ဒဏ် ၁၁နှစ် အပြီးသတ်အမိန့်ချခံထားရပြီးသူဖြစ်ပါတယ်။ ၂၀၂၁၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပုဒ်မ ၅၀၅ (ခ)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၄၀၉၊ သဘာဝဘေးဥပဒေပုဒ်မ ၂၅ တို့နဲ့ ထားဝယ်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ပုံ_Dawei Watch

Photos from အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ - လောင်းလုံးမြို့နယ်'s post 11/12/2022

" အာဏာရှင်ရှိရင် တော်လှန်သူလူထုရှိတယ်"

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဒီကနေ့ ဒီဇင်ဘာလ ၉ရက်၊ ညနေပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှုကို အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)ကနေဦးဆောင်ပြီး တော်လှန်လူငယ်များနှင့် အမျိုးသမီးများပူးပေါင်းကာ ပြုလုပ်ခဲ့သည်။

ပြည်သူလူထုကို သေနတ်ကိုင်ပြီး မတရားအနိုင်ကျင့်အုပ်ချုပ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်နေသူ ပြည်သူလူထုတရပ်လုံး ရှိပါက တိုင်းပြည်ကို တစ်ရက်လောက်တောင် အုပ်ချုပ်ခွင့်ရမှာမဟုတ်ဘူး။

အကြမ်းဖက်စစ်အုပ်စုဟာ သေနတ်အားကိုးနဲ့ အပြစ်မဲ့ပြည်သူတွေကို နေ့တိုင်းရက်ရက်စက်စက်သတ်ဖြတ်ပြီး ပြည်သူတွေ မဖီဆန် မတော်လှန်ရဲအောင် အောက်တန်းကျကျ နည်းအမျိုးမျိုး ဖန်တီးနေပါတယ်။

သို့ပေမယ့် ကျွန်တော်တို့ဟာ လက်နက်မဲ့ လူထုရဲ့အားကို အပြည့်အဝ ယုံကြည်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက သေနတ်အားကိုးနဲ့ ကျွန်တော်တို့ကို ဘယ်လောက်ပဲ ရက်ရက်စက်စက် ဖိနှိပ်နေပါစေ ကျွန်တော်တို့ကတော့ ကျွန်တော်တို့တိုင်းပြည် လွတ်မြောက်ဖို့အတွက် ဆက်ပြီးတိုက်ပွဲဝင်သွားပါမယ်။

#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ_ထားဝယ်
#အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ_လောင်းလုံးမြို့နယ်

#လောင်းလုံးမြို့နယ်_ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ
#ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ_ထားဝယ်ခရိုင်_DDMSC

11/12/2022

''အမှောင်ခေတ်ကနေ ရုန်းထွက် ညီညွတ်အားနဲ့ ချီတက်''

(ရုပ်/သံ)

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာ ၁၄ ရက်ညက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ လူမဆန်တဲ့ ဖိနှိပ်မှုအောက်မှာ လူမှုအနိဌာရုံအဖုံဖုံကို နေ့စဥ်မျက်မှောက်ပြုနေရပြီး လူထုတစ်ရပ်လုံးရဲ့ လူမှုစီးပွားဘဝအကြီးမားဆုံး အကျပ်အတည်းကို နေ့စဥ်ကြုံတွေ့နေရတဲ့ လက်ရှိအမှောင်ခေတ်ကနေ ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံး အတူတကွ ရုန်းထွက်ကြဖို့အရေးဟာ ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ သမိုင်းပေးတာဝန်တစ်ရပ်ပဲ ဖြစ်တယ်။

သမိုင်းတစ်လျှောက် တိုင်းပြည်ဟာ စစ်အာဏာသိမ်းခံရတဲ့အချိန်တိုင်း လုံးဝမျှော်လင့်ချက်မရှိတဲ့ အမှောင်ခေတ်ထဲ ဆွဲချခံလိုက်ရတာ မိဘပြည်သူများ အသိပါပဲ။ တိုင်းပြည်ရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ စီးပွားရေး ၊ လူမှုရေးကဏ္ဍအဝဝဟာ စစ်အာဏာသိမ်းခံလိုက်ရပြီဆိုတာနဲ့ တပြိုင်နက် မျှော်လင့်စရာမရှိအောင် ကျဆုံးပျက်စီးသွားခဲ့ရတာချည်းပါပဲ။

ပြည်သူ့လုပ်အားနဲ့ ထမင်းစားပြီး ပြည်သူကို ရန်သူလို သဘောထားကာ ရက်ရက်စက်စက် ဖိနှိပ်သတ်ဖြတ်နှိပ်စက်ညှင်းပန်းနေတဲ့ စစ်အာဏာရှင်တွေ လက်အောက်မှာ နေထိုင်နေရတဲ့ လက်ရှိအမှောင်ခေတ်ကနေ ရုန်းထွက်နိုင်ဖို့ ကျနော်တို့ ပြည်သူလူထုတစ်ရပ်လုံး ညီညွတ်စွာနဲ့ စစ်အာဏာရှင်စနစ်ကို ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တော်လှန်ကြဖို့ လိုအပ်ပါတယ်။

#အမှောင်ခေတ်ကနေရုန်းထွက်_ညီညွတ်အားနဲ့ချီတက်
#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ_ထားဝယ်
#အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ_လောင်းလုံးမြို့နယ်

#လောင်းလုံးမြို့နယ်_ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ
#ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတ်ိီ_ထားဝယ်ခရိုင်_DDMSC

Photos from Rosy Women's Union - Dawei's post 11/12/2022

'သွေးငွေဖြတ်' လှုပ်ရှားမှု

​'သွေးငွေ' ဆိုသည်မှာ အကြမ်းဖက်စစ်အုပ်စု၏ လူသတ်စီမံကိန်းလုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးထားသောဝင်ငွေများကိုဆိုလိုပါသည်။ ထိုဝင်ငွေများထဲတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှဝင်သောဝင်ငွေသည် အကြီးမားဆုံးနှင့်အများပြားဆုံးဖြစ်သောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရသောဝင်ငွေများကို သွေးငွေဟုသတ်မှတ်ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

'ဖြတ်'

ထိုဝင်ငွေများစီးဝင်နေသော ကာလပတ်လုံးပြည်သူလူထုအနေဖြင့် ဖိနှိပ်အနိုင်ကျင့်ခံရခြင်း၊ ညှင်းဆဲသတ်ဖြတ်ခံရခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်းနှင့် ဗုံးကျဲသတ်ဖြတ်ခံရခြင်းစသော အခြေအနေဆိုးမျိုးစုံရင်ဆိုင်နေရဦးမည်ဖြစ်ပါသည်။ ထိုဝင်ငွေများကို အမြန်ဆုံးပိတ်ဆို့ ဖြတ်တောက်နိုင်မှသာလျှင် စစ်အာဏာရှင်စနစ်တော်လှန်ရေးလည်းအမြန်ဆုံးအောင်မြင်ပြီးဆုံးနိုင်မည်ဖြစ်ပြီး နေ့စဉ်သေဆုံးနေသော သေဆုံးမှုလည်း သက်သာမည်ဖြစ်သောကြောင့် ထိုဝင်ငွေများကိုဖြတ်တောက်ရေးလှုပ်ရှားမှု ကို “ဖြတ်“ဟုတ် သတ်မှတ်ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

“သွေးငွေဖြတ်” လှုပ်ရှားမှုသည် လက်ရှိအချိန်ကာတွင် စစ်အုပ်စုကို ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင်ဝင်ငွေအများဆုံးထောက်ပံ့ပေးနေတဲ့ ထိုင်းနိုင်ငံပိုင် PTTကုမ္ပဏီကို ပြည်သူလူထုအနေနှင့် ပြစ်ပေးဒဏ်ခတ်သည့်အနေနှင့် PTT၏မြန်မာပြည်တွင်းထုတ်ကုန်များ၊ PTTနှင့်ဖက်စပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများ၊ ထိုကုမ္ပဏီ၏ရှယ်ယာရှင်များ၊ ထိုမြန်မာနိုင်ငံသားပိုင် ကုမ္ပဏီ၏လက်ခွဲကုမ္ပဏီများနှင့် ထိုကိစ္စတစ်ခုလုံးတွင်ပါဝင် ဆက်စပ်နေမှုများအားလုံးကို သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုမှ ဖော်ထုတ်ချပြသွားဖို့ရှိပါသည်။

ထိုထုတ်ဖော်ချက်အတွင်းပါဝင်သော ထုတ်ကုန်များသပိတ်မှောက်ဆန့်ကျင်ရန်၊ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို လူမှုအသိုင်းအဝိုင်းမှ ဖယ်ထုတ်သည့်လူမှုအပြစ်ဒဏ်ခတ်ရန် စသော ပြည်သူများမှ လူပေလူညစ်၊ လူသတ်အားပေးသူများကို ပြစ်ဒဏ်ခတ်သည့်လှုပ်ရှားမှုပြုလုပ်မည့်အစီအစဉ်ကို “သွေးငွေဖြတ်” လှုပ်ရှားမှုဟု တိုက်ပွဲခေါ်သံအဖြစ် အမည်တပ်ခေါ်ဝေါ်ခြင်းဖြစ်သည်။

“သွေးငွေဖြတ်” လှုပ်ရှားမှုအား လာမည့်ဒီဇင်ဘာလ ၁၁ရက်နေ့၊ ၂၀၂၂ခုနှစ် တွင် တစ်တိုင်းပြည်လုံးညီညွတ်စွာတုံ့ပြန်လှုပ်ရှားသွားကြမည်ဖြစ်သောကြောင့်” သွေးငွေဖြတ်” ဆိုသော စကားအားမြင်သူတိုင်း ထိုလှုပ်ရှားမှုတွင် ပါဝင်ရန် အသိပေးပန်ကြားအပ်ပါသည်။

ဓာတ်ပုံ _ ဒီဇင်ဘာ ၂ ရက်၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွက်း "သွေးငွေဖြတ်" လှုပ်ရှားမှု လှုံ့ဆော်ရေး

#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ_ထားဝယ်
#အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ_လောင်းလုံးမြို့နယ်

#လောင်းလုံးမြို့နယ်_ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ
#ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတ်ိီ_ထားဝယ်ခရိုင်_DDMSC

Photos from Democracy Movement Strike Committee -Laung Lone's post 11/12/2022

PTT ! စစ်အာဏာရှင်တွေကို ငွေပေးတာ ချက်ချင်းရပ် _ Thai PTT : You Must Stop Paying The Junta Right Now!

ထိုင်းနိုင်ငံအခြေစိုက် PTT ကုမ္ပဏီအနေနဲ့ စစ်အုပ်စုထံ အခွန်ဘဏ္ဍာတွေ ပေးသွင်းနေတာကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နိုဝင်ဘာ ၂၈ ရက်နေ့ညက ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေ ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တော်လှန်ဖို့အတွက်ဆို လက်ရှိ စစ်အုပ်စုထံ စီးဝင်နေတဲ့ အခွန်ဘဏ္ဍာတွေကို ပိတ်ဆို့ဖြတ်တောက်ပစ်ဖို့ဟာ အဓိက အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

လက်ရှိအချိန်ထိ အကြမ်းဖက်စစ်ကောင်စီထံ အခွန်ဘဏ္ဍာတွေ ပေးဆောင်နေတဲ့ နိုင်ငံခြားကုမ္ပဏီတွေထဲ ထိုင်းနိုင်ငံအခြေစိုက် PTT ကုမ္ပဏိီဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

PTT ကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်း ရေနံတူးဖော်ရေးလုပ်ကွက်တချို့မှာ Operator အနေနဲ့ ဦးစီးလုပ်ကိုင်နေတာတွေရှိပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကနေတစ်ဆင့် အကြမ်းဖက်စစ်အုပ်စုထံ အခွန်ဘဏ္ဍာအဖြစ် နှစ်စဥ် အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချိီ ပေးသွင်းနေပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ထံ ရောက်ရှိလာတဲ့ အခွန်ဘဏ္ဍာတွေကို တိုင်းသူပြည်သူတွေအတွက် အသုံးပြုနေတာမဟုတ်ဘဲ သူတို့ကိုယ်ကျိုးစီးပွားနဲ့ တိုင်းရင်းသားပြည်သူတွေကို နေ့စဥ်ပစ်ခတ်သတ်ဖြတ်ရာမှာ သုံးမယ့် စစ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့အတွက်သာ အသုံးပြုနေတာပါ။

ဒါကြောင့်မို့ အကြမ်းဖက်စစ်အုပ်စုထံ စီးဝင်နေတဲ့ တိုင်းပြည်အခွန်ဘဏ္ဍာတွေကို ပြည်သူလူထုအားနဲ့ ဝိုင်းဝန်းပိတ်ဆို့ကြဖို့ အင်မတန် အရေးကြိီးပါတယ်။

"အာဏာရှင်ရှိရင် တော်လှန်ပုန်ကန်သူလူထုရှိတယ်"

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၊ စရဖရုံးနဲ့ ဌာနဆိုင်ရာရုံးတွေ အခြေစိုက်တဲ့အပြင် အကြမ်းဖက်စစ်သားတွေ စခန်းချထားတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်မှာ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

ပြည်သူတွေကို လက်နက်အားကိုးတစ်ခုတည်းနဲ့ အနိုင်ကျင့်အုပ်ချုပ်ချင်တဲ့ အာဏာရှင်တွေ ရှိနေသရွေ့ တော်လှန်ပုန်ကန်မယ့် လူထုကလည်း ဆက်ရှိနေအုံးမှာဖြစ်တယ်။

မတရားမှုကို ခေါင်းငုံ့မခံတဲ့ တော်လှန်သူလူထုတစ်ရပ်လုံး ရှိနေသရွေ့တော့ အာဏာရူးစစ်ဘီလူးတွေ ဘယ်တော့မှ တိုင်းပြည်ကို လွယ်လွယ်နဲ့ အုပ်ချုပ်ခွင့်ရမှာမဟုတ်ဘူး။

#နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ_ထားဝယ်
#အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ_လောင်းလုံးမြို့နယ်

#လောင်းလုံးမြို့နယ်_ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ
#ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ_ထားဝယ်ခရိုင်_DDMSC

11/12/2022

စစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရပ်တွေအတွက် တရားမျှတမှုနဲ့တာဝန်ခံမှုရဖို့ ကြိုးပမ်းသွားမယ်လို့ CRPH ဆို

အာဏာသိမ်းစစ်တပ်ကကျူးလွန်ခဲ့တဲ့လူမဆန်တဲ့လုပ်ရပ်တွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု ရ စေဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ပြည် ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ ဒီဇင်ဘာ(၁၀)ရက်မှာ ထုတ်ပြန် ပါတယ်။

ဒီကနေ့ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေးနေ့အတွက် CRPH က သဘာထား ထုတ်ပြန်ရ ာမှာ အဲ့ဒီလိုဖော်ပြထားတာပါ။

ဒီကနေ့ကျရောက်တဲ့ (၇၅) နှစ်ပြည့်လူ့အခွင့်အ ရေး နေ့ကို “ လူတိုင်းအတွက်ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တ ရားမျှတမှု” ဆောင်ပုဒ်နဲ့ ကျင်းပနေပေမယ့် မြန် မာ နိုင်ငံသားအများစု လူ့အခွင့်အရေးနဲ့ ဝေးကွာနေ တာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ CRPH က ဆိုပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာရှင်တွေဟာ ပြည်သူ တွေအပေါ်ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက် မှုတွေကျူး လွန်နေပြီးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ် ပစ်မှတ်ထားတိုက် ခိုက်မှု တွေ လုပ်နေတယ်လို့လည်း အဲ့ဒီထုတ်ပြန်ချ က်မှာဝေဖန်ထားပါတယ်။

“ အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် ဥပဒေမဲ့ဖ မ်းဆီးခြင်း၊ တရားဥပဒေဘောင်ကိုကျော်လွန်၍ တရား ယလက်လွတ်သတ်ဖြတ်ခြင်း၊ ညှင်းပမ်း နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ပိုင်ဆိုင်မှုသိမ်း ယူခြင်းတို့ကို ပုံမှန်အလေ့အထများကဲ့သို့ ပြုမူ ဆောင်ရွက်ခဲ့ကြပါသည်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ အာဏာသိမ်ပြီးနောက် အပြစ်မဲ့ ပြည် သူပေါင်း (၂၅၆၅) ဦးကိုသတ်ဖြတ်ပြီး (၁၆၅၄၀) ဦးထက်မနည်းဖမ်းဆီးထားတယ်လို့ CRPH ရဲ့အ ချက်အလက်တွေကဆိုပါတယ်။

အဆီယံနိုင်ငံတွေရှေ့မှောက်မှာ သဘောတူခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို မလိုက်န ာတဲ့အပြင် သေဒဏ်ချမှတ်မှုတွေနဲ့ အကြမ်းဖက်မှု တွေဆက်ကျူးလွန်နေတဲ့စစ်ခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေကို နိုင်ငံတကာအသိုင်း အဝိုင်းအ နေနဲ့ ထိထိရောက်ရောက်အရေးယူဖို့လည်း CRPH က တိုက်တွန်းထားပါတယ်။

Photo - စစ်ကိုင်းတိုင်းအတွင်းစစ်တပ်ကမီးရှို့ခဲ့တဲ့ ရွာတရွာ

Delta News Agency Telegram Link - https://t.me/deltanewsagencymedia
Delta News Agency YouTube Link - https://youtube.com/c/DeltaNewsAgency
Delta News Agency Website Link - https://deltanewsagency.com

Photos from NUGPay's post 11/12/2022

အခုလို တော်လှန်ရေးကာလမှာ မိမိရဲ့ ကိုယ်ပိုင်လုံခြုံရေးဟာ အရေးအကြီးဆုံးပါ။

NUGPay ဟာ Blockchain နည်းပညာကို အသုံးပြုထားတာမို့ ငွေကြေးလွှဲပြောင်းဖို့ လုံခြုံမှုအရှိဆုံး မိုဘိုင်းပိုက်ဆံအိတ်တစ်ခုပဲ ဖြစ်ပါတယ်။

NUGPay သုံးစွဲသူများ အနေနဲ့ သိထားသင့်တဲ့ ဒစ်ဂျစ်တယ်ငွေကြေး လုံခြုံမှု သိဖွယ်ရာတွေကို မျှ​ဝေလိုက်ပါတယ်။

Telephone

Website