Mya Phoo Pwint

Mya Phoo Pwint

Accessories and Gift Shop

06/01/2024

''သက်သေနှင့်တကွ''

တစ်နေ့မှာ အဘွားတစ်ယောက်ဟာ ကုန်စုံဆိုင်တစ်ဆိုင်ကိုသွားပြီး
တော့ အိမ်က သူ့ခွေးလေး အတွက် ခွေးစာသွား၀ယ်ပါတယ်။
ခွေးစာ၀ယ်ပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ကောင်တာက ငွေကိုင် မိန်းကလေးက ..
” ကျွန်မတို့ဆိုင်မှာ ခွေးစာ၀ယ်မယ်ဆိုရင် အဘွားရဲ့ခွေးကို ပြနိုင်မှ ရောင်းပေးလို့ရပါမယ် ” လို့ ပြောတယ်။

ဒါနဲ့ အဘွားလည်း အိမ်ပြန်ပြီး အိမ်က သူ့ခွေးကိုယူလာခဲ့ပါမှ ခွေးစာ၀ယ်ယူခွင့်ရသွားပါတယ်။.. နောက်တစ်နေ့မှာလည်း အဘွားက အဲ့ဒီဆိုင်မှာပဲ သူ့အိမ်က ပူစီလေးအတွက် ကြောင်စာ လာ၀ယ်ပြန်ပါတယ်။ဒီအခါမှာလည်း ကောင်တာက
ငွေကိုင် မိန်းကလေးက မနေ့ကလို အလားတူ ပဲ… ” ကျွန်မတို့ဆိုင်မှာ ကြောင်စာ၀ယ်မယ်ဆိုရင် အဘွားရဲ့ကြောင်ကို ပြနိုင်မှ ရောင်းပေး လို့ရပါ့မယ် ” လို့ ပြောပြန်တယ်။

အဘွားလည်း ဒီမိန်းကလေး တယ်ရစ်ပါလားလို့တောင် မစဉ်းစားတော့ပဲ အိမ်ပြန်ပြီး သူ့ကြောင်မလေးကို ခေါ်ယူလာပြပါတယ်။ ဒါနဲ့ နောက်ဆုံး အဘွားလည်း
ကြောင်စာ ၀ယ်ခွင့်ရခဲ့ပါတယ် ။

တတိယနေ့မှာ အဘွားဟာ ကုန်စုံဆိုင်လေးကို ထပ်မံရောက်ရှိခဲ့ပြန်ပါတယ်။ ဒီတစ်ခါတော့ အဘွားလက်ထဲမှာ ကဒ်ထူပုံးငယ်လေး တစ်ခု ပါလာ ပါတယ်။ အဘွားက ကောင်တာက ငွေကိုင် မိန်းကလေးဆီ တန်းသွားလိုက်တယ်။ နောက်.. သူ့ကောင်တာရှေ့မှာရပ်လျှက်က လက်ထဲက ကဒ်ထူပုံး လေးကို ဆန့်တန်းပေးရင်း…

” ငါ့မြေး.. အထဲကို လက်ကလေးနှိုက် စမ်းကြည့်လိုက်စမ်း” လို့ ပြောလိုက်ပါတယ်။ မိန်းကလေး လဲ သူလက်ကလေးဆန့်တန်းလို့ ပုံးထဲ နှိုက်ကြည့် လိုက်တော့
ပူနွေးပြီး နူးည့ံ့နေတဲ့ အတွေ့ အထိကို သူလက်ဖျားလေးတွေမှာ ခံစားမိလိုက်ပါတော့တယ်။ ဒါနဲ့ မိန်းကလေးလည်း ဇဝေဇ၀ါဖြစ်နေတုန်း အဘွားက အခုလိုပြောလာပါတယ်။

” အဘွားကို အိမ်သာသုံး စက္ကူ တစ်လိပ်လောက်ရောင်းပါကွယ် ” ..တဲ့။


#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳

21/03/2022

သင့်ကျန်းမာရေးကောင်းပြီး ခန္ဓာကိုယ်က Sexyကျနေဖို့ဆိုရင် ကနေ့မှစပြီး ဒီအချက်တွေကို လုပ်ကြည့်လိုက်ပါ

1. ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2021 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီ၀က်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။

လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။

(အရူးလို့တော့ မထင်လောက်ပါဘူးနော်... :P)

Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကိုလျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိန်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေမထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့် မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်းခြင်း တစ်မျိုးပါပဲ။ သင့်မှာရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလိုဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရယ်ပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။

Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။

Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲပြောင်းလဲနေမှာ ပါပဲ။

35. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

36. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

37. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်ပျော်ပျော်သာနေပါ
Credit to Original Uploader

Photos from Mya Phoo Pwint's post 11/12/2021

အ၀တ်အစားတွေမှာပါတဲ့ လျှော်ဖွတ်နည်း သင်္ကေတ

Credit - Vizual

Photos from Mya Phoo Pwint's post 29/10/2021

Emoji balloons
Birthday party လုပ်တာဖစ်ဖစ်
Surprise box ထဲထည့်မလား
ချစ်စရာလေးတွေနော်
တစ်ထုပ်မှာအများကြီးပါတယ်
4500

20/10/2021

Happy Thidingyut ပါရှင် 🪔🪔🪔

Photos from Mya Phoo Pwint's post 16/10/2021

Gg-18cm

26500

7days wait✔️

Pre Order No Prepaid မို့ cancel ခြင်း သည်းခံပါရှင်

ချစ်ခြင်းများစွာဖြင့်

မြဖူးပွင့်

Photos from Mya Phoo Pwint's post 16/10/2021

Lv21cm

25500

❗အရေအတွက်နည်း

7days wait

Pre Order No Prepaid မို့ cancel ခြင်း သည်းခံပါရှင်

ချစ်ခြင်းများစွာဖြင့်

မြဖူးပွင့်

Photos from Mya Phoo Pwint's post 16/10/2021

Dior 25cm

38500

အတွဲဈေး သီးသန့်ရှိ✔️

Pre Order No Prepaid မို့ cancel ခြင်း သည်းခံပါရှင်

ချစ်ခြင်းများစွာဖြင့်

မြဖူးပွင့်

Photos from Mya Phoo Pwint's post 16/10/2021

ဒီလို အိတ်လေး‌ေတွလဲ တင်ပါမယ် အားပေးကြဦးနော်
လက်လီ/ လက်ကား ရပါမယ်

Dior 28cm

38500

အတွဲဈေး သီးသန့်ရှိ✔️

16/10/2021

လက်ဝင်တဲ့ရွှေဇီးကွက်ရုပ်လေးတွေ
ဆိုင်မှာ အမွှေးတိုင်မီးထွန်းမလား ပန်းအိုးထိုးမလား အလှထားမလား 😍

တစ်ခု 4500

15/10/2021

30cm
25500

7 days wait

Photos from Mya Phoo Pwint's post 15/10/2021

21

(19cmx 28cm)
21000

7 days wait

Photos from Mya Phoo Pwint's post 08/10/2021

#ဆောင်းရာသီ ဖက်ရှင်နဲ့ လိုက်မဲ့ ZARA bag

Zara 28cm

19500 ကျပ်

မော်လမြိုင်မြို့တွင်း အိမ်ရောက်ငွေချေ ရပါမယ်နော်

တခြားမြို့ဆိုရင်တော့ ငွေလွှဲ၀င်ပြီးမှ ပို့ပါမယ်နော် (အခြေအနေအကြောင်းကြောင်းကြောင့်ပါ)

Photos from Mya Phoo Pwint's post 08/10/2021

အရမ်းလှတဲ့ မီးပုံးဝိုင်းဝိုင်း လုံးလုံးလေး

1 လုံး 1500 ks

ဒီမီးပုံးလေးက ကလေးတွေ အရမ်းကြိုက်တယ်နေ ကပ်ခွာလေးတွေနဲ့ သူ့အတိုင်း ပြန်လိုက်ကပ်ရတာမို့

ကလေးတွေရဲ့ ဉာဏ်ရည်လည်း တိုးတက်စေတယ် သူတို့လေးတွေရော ကြိုက်ပါတယ်နော်

အရှေ့က ပုံ အနောက်က အရောင်လေးနဲ့ တွဲပြထားပေးပါတယ်နော်

Photos from Mya Phoo Pwint's post 08/10/2021

ဘုရားဆီမီး ပူဇော်ဖို့ ပန်းပွင့် 4 ပွင့်ပါကတ်လေးတွေ ရောက်ထားပါတယ်

သီတင်းကျွတ်အတွက် သုံးလည်း ရပါတယ်ရှင့်

1 ကတ် 4500

အသင့်ရှိ

Photos from Mya Phoo Pwint's post 08/10/2021

သီတင်းကျွတ်အတွက် ဆီမီးထွန်းဖို့ ပန်းပွင့် ဖယောင်းတိုင် 2 ပွင့်ပါ ကတ်တွေ ရောက်ပါပြီ

1 ကတ် 3000 ks

ဘုရားဆီမီး ပူဇော်ဖို့ ‌မှာယူလို့ရပါတယ်

Photos from Mya Phoo Pwint's post 08/10/2021

မိုမိုကို မီးပုံး 10 လုံးပါ ထုပ်လေး ရောက်ပါပြီ

1 ထုပ် 5000 ks
အထဲမှာ ရောင်စုံလေး ပါပါတယ်

အသင့်ရှိ

Photos from Mya Phoo Pwint's post 07/10/2021

20cm(with box)

32000 ကျပ်

အတွဲဈေး သီးသန့်ရှိ✅

03/10/2021

မီးစာလေးတွေပါရောင်းပေးပါဆိုလို့ဆိုင်မှာရောက်ပါပီး
50ပါ တစ်ထုပ် ၁၅၀၀ကျပ်

Photos from Mya Phoo Pwint's post 03/10/2021

အရောင်စပ်ထားတာလေး မိမိုက်
2 ခုပါ တစ်တွဲကို 2500 ကျပ်

Photos from Mya Phoo Pwint's post 03/10/2021

တစ်ခုကို 3200 ကျပ်

Photos from Mya Phoo Pwint's post 03/10/2021

🪔ဆီမီးထွန်းမလား ‌ဖယောင်းတိုင်နဲ့ ထွန်းမလား

🪔မြေခွက်လေးတွေပါ အခု 50 ကို 2500 ကျပ်ပါ

🪔လက်ကား အခု 100 ဈေး သီးသန့်ရှိတယ်နော်

🪔2500 ဆိုတာက မီးစာ ကြိုးလေးမပါဘူးနော်

Photos from Mya Phoo Pwint's post 03/10/2021

သီတင်းကျွတ် အိမ်ရှေ့မှာမီးပုံးလေးတွေချိတ်စွဲချင်သူလေးတွေတွက်ရောင်စုံမီးပုံလေးတွေရောက်ပါပီး
3လုံး -3500

02/10/2021

ငါးချောင်း ပါ တစ်ဘူး

2000

Photos from Mya Phoo Pwint's post 02/10/2021

Kiss Beauty Blush 01-1500

Magic Glitter 06 - 1000

Baby Bright Lip and Chnec - 1500

Pony Beauty မိတ်ကပ်ဖော့ - 1000

SIVANNA Mascara - 1500

တစ်ခုစီသာကျန် လက်ကျန်ဖြတ်မယ်နော်

Photos from Hiko Vlog's post 26/09/2021

Admin ငယ်ငယ်က ခြံထဲမှာ ဆင်းကောက် ဘုရားပန်းကပ် သီပြီး ပန် ခုတော့ အဲအပင်လဲ မရှိ‌တော့ပါဘူး
ခု နေနေတဲ့နေရာလေးမှာတော့ အများကြီးတွေ့ရတယ်
ဗဟုသုတ အနေနဲ့ ဖတ်သွားမှတ်သွားကြပါဦးနော် 🍀🍀🍀

With loves ....
Admin

Photos from Mya Phoo Pwint's post 17/09/2021

Bkk ချည်သားဘောင်းဘီတို အိမ်နေရင်းလေးတွေ ကိုယ်လည်းဝတ်ရင်းနဲ့ ရောင်းပေးမယ်နော်

1ထည် 💥 3500 💥

အပြင်ပုံလေးတွေလည်း ရိုက်ပြထားပါတယ်
ဒါလေးတွေက အမြဲမရဘူးနော် မင်မင်တို့အတွက်မှာရင်းနဲ့ ကာကာတို့အတွက်ပါ ရောင်းပေးတာပါ
ပေါ့ပေါ့ပါးပါးလေး ဝတ်လို့အဆင်ပြေလို့ရောင်းပေးတာပါရှင့်

In-stock 🖤

17/09/2021

#ပြုံးပါ

ပြုံးပါ

ပြုံးပါ။ မနက်မိုးလင်းတာ​နဲ့ ​အပြုံးလေးတစ်ပွင့်ကို ဆင်မြန်းထားပါ။

လူ​တွေ​နဲ့ စကား​ပြော​တဲ့​အခါ ပြုံးပြုံးလေး​ပြောပါ။

နှုတ်ဆက်​တဲ့​အခါ ​အပြုံးလေး​နဲ့ နှုတ်ဆက်ပါ။

​​​ကော်ဖီတစ်ခွက် လာချပေး​တဲ့ စားပွဲထိုးလေးကို ပြုံးပြလိုက်ပါ။

ရုံးကိုလာ​တဲ့ဧည့်သည်​တွေကိုလည်း ​အပြုံးလေး​​နဲ့ကြိုလိုက်ပါ။

​အပြုံးဆိုတာ ​ငွေကုန်ကြေးကျမရှိ​ပေ​မဲ့ ​တန်ဖိုးကြီး​တဲ့ လက်​ဆောင်ပါ။

ကိုယ့်​အတွက်​ရော ကိုယ့်ဘေးကလူ​တွေ​အတွက်ပါ စိတ်ချမ်းသာ​စေ​တဲ့ ​အားဆေးတစ်ခွက်ပါ။ ​​

မှောင်​နေ​တဲ့​လောကကြီးကို လင်း​စေနိုင်​တဲ့ ​အလင်း​​ရောင်ပါ။

​အမြဲ ပြုံး​နေ​တဲ့သူ​တွေဟာ ခပ်တည်တည်​နေ​တဲ့သူ​တွေ၊ ​မဲ့​ရွဲ့​နေ​တဲ့သူ​တွေထက် ပိုပြီး လူချစ်လူခင် ပေါပါတယ်။

​​ပျော်​တဲ့​အခါ ပြုံးပါ။ စိတ်ညစ်​တဲ့​အခါ ပြုံးထားပါ။ စိတ်တိုလာ​တဲ့​အခါ သတိ​​လေးထားပြီး ပြုံးကြည့်ပါ။ ကြောက်​နေရင်လည်း ပြုံးထားပါ။

​​ပျော်​တဲ့​အခါ ပြုံးတတ်ကြသလို ပြုံးထားရင်လည်း စိတ်ညစ်တာ​တွေ နည်းပါးလာတတ်တယ်၊ ပိုပြီးပျော်ရွှင်လာတတ်ကြတယ်လို့ စိတ်ပညာ​​လေ့လာသူ​တွေက ဆိုပါတယ်။

ပြုံး​လိုက်တဲ့​အခါ ခန္ဓာကိုယ်က​နေ ထုတ်ပေး​​တဲ့ ဓာတ်​တွေဟာ သွေးတိုးတာ၊ နှလုံးခုန်​မြန်တာ​တွေကို သက်သာ​စေတယ်၊ စိတ်​ပြေလက်ပျောက်ဖြစ်​စေတယ်၊ စိတ်ဓာတ်ကျတာ​တွေ၊ နာကျင်ကိုက်​ခဲတာ​တွေကို သက်သာ​စေတယ်လို့ သိပ္ပံပညာရှင်​တွေက ဆိုပါတယ်။

ကိုယ့်ဘဝမှာ စိတ်ညစ်စရာ​တွေများ​​နေရင် ​အပြုံး​​လေ့ကျင့်ပါ။ ​​ပေါင်းသင်းဆက်​ဆံရေးမှာ ညံ့​နေရင် မကြာခဏ ပိုပြုံးပါ။

​​အမြဲ မဲ့​ရွဲ့​နေတတ်​တဲ့သူ​တွေကို​​တွေ့ရင် ပြုံးပြပါ။ စိတ်ညစ်​နေ​တဲ့သူ​တွေကို ​အပြုံးလေးတစ်ပွင့်​နဲ့ ​အားပေးပါ။

လုပ်ချင်တာ​တွေ လုပ်ထားပြီးရင်​​ရော။ ဟုတ်​​ကဲ့ အလှဆုံးပြုံး​နေလိုက်ပါ။

Credit ဆရာ ရွှေ အောင် သင်း

Photos from Mya Phoo Pwint's post 16/09/2021

ပန်းပုံစုံ ဖယောင်းတိုင် 🕯️🕯️🕯️🕯️

တကဒ် ၁၀ ခုပါ ၅၀၀၀ ပါရှင် သီတင်းကျွတ်အတွက်ဆို အခု ကြို၀ယ်ထားကြပါရှင်

လက်ကား ၂၅ ကဒ် ယူရမယ်ရှင့် တစ်ကဒ်ကို ၄၀၀၀ ပါရှင်

တခုကို ငါးနာရီခန့် အထွန်းခံတဲ့အတွက် ဘုရားမီးပူဇော်ရင်း ကြာကြာ ၀တ်ပြုသူများအတွက် အရမ်းအဆင်ပြေစေမှာပါရှင်

သဘောကျတဲ့သူများပြီ အရောင်းသွက်တဲ့ အတွက် ကြိုတင်order လေးတွေ ပြောပေးကြပါ

Waiting time ကတော့ တပတ်ခန့် (ရုံမှာ order များချိန်)

#‌ဖယောင်းတိုင်
#ပူဇော်

Photos from Mya Phoo Pwint's post 15/09/2021

ပုံသစ်လေးတွေ ရတော့ ထပ်တင် 😁

အသဲဖယောင်းလေးတွေ ❤️🧡💜💙

1ကဒ် - 3500 (အခု 50ပါ)

ရောင်စုံရပါတယ်နော်
သီတင်းကျွတ်ဆို ဒါလေးတွေရှာရခက်လို့ အခုကတည်းကဝယ်စုထားလို့ ရပါပြီ ☺️

Videos (show all)

Happy Thidingyut ပါရှင် 🪔🪔🪔
ပစ္စည်းလေးတွေ ပြပေးမယ်နော် ♥️💚💞
မင်မင် သရေ ယိုနေရသော box လေး

Telephone

Website

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00