LAAN THIT Automobile Service

LAAN THIT Automobile Service

edit address

01/01/2024

2024 နှစ်သစ်မင်္ဂလာမှာဆွေမျိုး မိတ်ဆွေ သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဘေးရန်ကင်းကြပါစေလို့ လမ်းသစ် မိသားစုမှ ဆုမွန်တောင်းလိုက်ပါတယ်

21/12/2023

အင်ဂျင်ဝိုင်နဲ့ ပတ်သက်သည့် လိုက်နာရမည့် အချက်များ ....
၁။ မနက်ခင်းတိုင်း အင်ဂျင်စက်မနှိုးမီ အင်ဂျင်ဝိုင်တိုင်းတာပါ။
အင်ဂျင်ဝိုင် Level ကျနေလျှင် ထပ်မံဖြည့်ပေးပါ။

၂။ ကားရပ်ထားတဲ့ ပါကင်နေရာ အောက်ခြေကြမ်းပြင်မှာ ဆီယိုထားတဲ့ ဆီကွက်ရှိသလား ဂရုစိုက်ကြည့်ပါ။
ဆီယိုတာ ဆီစိမ့်တာကို မပေါ့ဆပါနဲ့ ယိုနေတဲ့နေရာကို တွေ့အောင်ရှာပါ။
Oil Seal ဝိုင်းဆီးကလား။
Vacuum Pump ဆီပိုက်လိုင်း ကလား။
Tappet Cover ဗားတိုက်ပစ် ကာဘာ အဖုံးကလား စသဖြင့် စစ်ဆေးပြီး လိုအပ်ပါက ပြုပြင်သင့်ပါသည်။

၃။ ဆီစစ်ဘူးကို သတ်မှတ်ထားသော ကီလိုအချိန်တွင်မှန်ကန်အောင်လဲပါ။
Oil filter ဘူးကို quality ကောင်းကောင်း သုံးပါ ..။
Original Equipment Manufacturer (OEM)အော်ရီဂျင်နယ် Part ကိုသုံးပါ။ အင်ဂျင်ဝိုင် အသစ်လဲတိုင်း ဆီစစ်ဘူးအသစ်လဲပါ။

၄။ Owner Manual ပိုင်ရှင်လက်စွဲ စာအုပ်ပါ သတ်မှတ်သော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးပါ။
ပိုင်ရှင်လက်စွဲ စာအုပ်မရှိပါက ဓါတ်ဆီကားများ 5W10 (or) 10W-30 ဆီ Grade အမျိုးအစားကိုသုံးပါ။
မောယ်ဒယ်အမြင့်ကားများနှင့် ကားအသစ်များ Fully Synthetic Oil 0W-20 (သို့မဟုတ်) 5W-20 ဆီကိုသုံးပါ။
ဒီဇယ်ကားများ 15 W-40 ကိုသုံးပါ။ မာတီဂရိတ်ဆီက ရိုးရိုးမိုနီဂရိတ်ဆီထက် ပိုကောင်းပါတယ်။

၅။ ရိုးရိုး Multi Grade သုံးလျှင် ကီလို ၅၀၀၀ မိုင် ၃ဝဝဝ ပြည့်ပါက ဆီလဲလှယ်ပါ။
Fully Synthetic ဆီသုံးပါက မိုင် ရဝဝဝ-၈ဝဝဝ ခန့်မှ ကီလို ၁၀၀၀၀ အတွင်း ဆီကိုလဲလှယ်ပါ။

၆။ အင်ဂျင်အတွင်းပိုင်းရှိ ဆီအနယ်အနှစ် များကို သန့်စင်စေရန် Flushing Oil ဖြင့် ဆေးကြော ပေးပါ။ ဆီဟောင်းဖောက်ချပြီးပါက Flushing Oil ကို အညွှန်းအတိုင်းအသုံးပြုရပါမည်။

၇။ ကားတစ်စီးချင်းစီအတွက် Record Book မှတ်တမ်းစာအုပ်ထားပါ။
Maintenance Records က အရေးကြီးတဲ့ မှတ်တမ်းဖြစ်ပါတယ်။
ထို မှတ်တမ်းတွင် ကားပြုပြင်မှုများ ပစ္စည်းအသစ်လဲသော နေ့စွဲများနှင့် Parts No. အစိတ်အပိုင်းများ မှတ်သားထားပါ။
(A1 Auto Service မှာ Maintenance Record Book များလုပ်ပေးပါတယ်)

၈။ ဆီယိုနေတာ အင်ဂျင်အတွက် အန္တရာယ်ရှိပါတယ်။ Oil Pan ကရိုင်းကေ့စ်ကလား။
ဆီစစ်ဘူး အထိုင်ဝိုင်းဆီး မလုံရင် လည်း ယိုနိုင်ပါတယ်။

၉။ အင်ဂျင်ဝိုင် အသစ်လဲပြီးပါက နောက်ထပ်မံဖြည့်ပေးရန် အရန် spare ဆီကို ဆောင်ထားပါ။
ဆီထပ်ဖြည့်ရန် လိုအပ်ချိန်တွင် အမျိုးအစားမတူသော လမ်းဘေးမှ ပေပါဆီ (Mono)မိုနိုအင်ဂျင်ဝိုင်များကို အလွယ်တကူဝယ်မထည့်ပါနဲ့။
၁၀။ မိမိကား အင်ဂျင်မှ ဆီယိုဆီစိမ့်နေရင် ချက်ချင်းပြုပြင်ပါ။
အင်ဂျင်ဝိုင်ယိုစိမ့်မှုပြဿနာသည် အင်ဂျင်ပျက်စီးစေသော အကြောင်းတရား ဖြစ်ပါတယ်။

၁၁။ အင်ဂျင်ဝိုင် မရှိလျှင် (နည်းနေလျှင်)အင်ဂျင်ရေဆူပြီး Overheat ဖြစ်ခြင်းကိုဖြစ်စေပါတယ်။
အင်ဂျင်အပူလွန်ကဲပြီး အင်ဂျင်ဖမ်းပြီး စက်ထိုး ရပ်သွားတတ်ပါတယ်။
Over Heat အပူလွန်ကဲခြင်းက အင်ဂျင်ကိုပျက်စီးစေရုံသာမက အင်ဂျင်ဝိုင်အရည်အသွေးကိုပါ ပျက်စီး စေနိုင်ပါတယ်။
Gasket ဂတ်စ်ကတ်ပြတ်ပြီး အင်ဂျင်ဝိုင်နဲ့ ရေရောစပ်သွားပါက အင်ဂျင်ဝိုင်အရောင်ပြောင်း သွားမယ်။
ရောနှောနေတဲ့ အင်ဂျင်ဝိုင်ကို လုံးဝဆက်မသုံးရပါ။ အားလုံးဖောက်ချပြီး အသစ်လဲရပါမည်။

၁၂။ ဆီ Pressure နည်းလာခြင်းကို အင်ဂျင်အဟောင်းများ ကီလိုများသော ကားများတွင် Oil Pumpကျပြီး ဖြစ်ပေါ်တက်သည်ကို သတိပြုပါ။

၁၃။ အင်ဂျင်ဝိုင်စားပြီး မီးခိုးထွက်လျှင် အင်ဂျင်ဝိုင်ညှော်နံ့ရတဲ့ မီးခိုးအပြာရောင်၊ အဖြူရောင် စသဖြင့် ထွက်တတ်ပါတယ်။

၁၄။ အင်ဂျင်ဝိုင် အလျော့များသောကားများ အင်ဂျင်ချပြီး လိုအပ်သော ပြုပြင်မှုများကို ပြုလုပ်ရန်လိုပါသည်။

၁၅။ အင်ဂျင် Head အတွင်းရှိ Valve Seal, Valve Guide များမကောင်းလျှင် အင်ဂျင်ဝိုင်စားမယ်။
အင်ဂျင်အပူလွန်ကဲနေလျှင်လည်း အင်ဂျင်ဝိုင်လျော့ နည်းပျောက်ရှတက်ပါသည်။

၁၆။ အရည်အသွေး Quality မကောင်းတဲ့ ဆီစစ်ဘူးများသုံးပါက ဆီစစ်ဘူးပေါက်ခြင်း၊ ကွဲထွက်တတ်ခြင်း၊ ယိုစိမ့်ခြင်းစတာကို သတိပြုပါမည်။

၁၇။ ဆောင်းရာသီအေးခဲတဲ့ဒေသများမှ ကားများသည် Fully Synthetic Oil 0W-20 (or) 5W20 ကိုသာ သုံးသင့်ပါတယ်။

၂၀။ ရိုးရိုး Mono Grade မိုနိုဂရိတ်အင်ဂျင်ဝိုင်များမှာ အလွန်အေးတဲ့ရာသီဒဏ်ကိုမခံနိုင်ပါ။
အေးခဲနေတဲ့ အင်ဂျင်ဝိုင်များက မိမိကားအင်ဂျင် အတွက် အင်ဂျင်ဝိုင်ဂုဏ်သတ္တိကိုစွမ်းဆောင်နိုင်စွမ်းမရှိပါ။

၂၁။ အင်ဂျင်ဝိုင်ကို မည်သို့ ထည့်သွင်းအသုံးပြုရမည်ကိုမသိရှိပါက
ကားဟောင်းဖြစ်လျှင် နားလည်တက်ကျွမ်းသော စက်ပြင်ဆရာရဲ့ အကြံယူခြင်း
ကား Owner Manual ကို ဖတ်ရှုလိုက်နာခြင်းဖြင့်သာ ထည့်သွင်းအသုံးပြုခြင်းသည် အမှန်ကန်ဆုံးနည်းလမ်းဖြစ်ပါသည်။

Credit to original writer

09/12/2023

အင်ဂျင်ကူးလန့် (Coolant) ကိုပြည့်လျှံနေအောင်ဖြည့်သင့်လား???
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကားအင်ဂျင် အအေးပေး စနစ်မှာ အင်ဂျင် ကူးလန့် (Coolant) ကို အသုံးပြုကြပါတယ်။

ကူးလန့်ကို အသုံးပြုရခြင်း အဓိက
ရည်ရွယ်ချက်တွေကတော့
🔸အေးခဲမှုကို ကာကွယ်ခြင်း၊
🔸သံချေးတက်မှုမှ ကာကွယ်ခြင်း၊
🔸ရေဆူမှတ်ကို မြှင့်ပေးခြင်း နှင့်
🔸ယိုစိမ့်မှု ဖြစ်တဲ့အခါ အလွယ်တကူ မြင်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးလေးမှာ အင်ဂျင် ကူးလန့်ကို ပြည်လျှံအောင် ထည့်သင့်လားဆိုတာ နဲ့ ပါတ်သက်ပြီး ဗဟုသုတ အဖြစ် မျှဝေပေးချင်ပါတယ်။

အင်ဂျင် အအေးပေး စနစ်မှာ ရေပြန်ဗူးလို့ ခေါ်တဲ့ Reservoir Tank မှာ စနစ်နှစ်မျိုးရှိပါတယ်။

🔻တစ်မျိုးက Expansion Tank ဖြစ်ပြီး
🔻နောက်တစ်မျိုးကတော့ Overflow Tank ဖြစ်ပါတယ်။

တော်တော်များများကားတွေမှာ Overflow Tank (အိုဗာဖလိုး) ကို အသုံးပြုကြပြီး မော်ဒယ်မြင့်ကားတွေမှာတော့ Expansion Tank ကို အသုံးပြုကြပါတယ်။

နှစ်မျိုးစလုံးကတော့ ပိုလျှံနေတဲ့
အင်ဂျင်ကူးလန့်တွေကို ယာယီ သိုလှောင်ပေးဖို့ ဖြစ်ပါတယ်။

ကူးလန့်ဖြည့်တဲ့အခါ ရေတိုင်ကီ နှင့် အင်ဂျင်ထဲကို အပြည့် ဖြည့်ပြီးသွားရင် ရေပြန်ဗူးထဲကိုလည်း
ထပ်ဖြည့်ပါတယ်။

ရေပြန်ဗူးမှာ Full နှင့် Low (Max နှင့် Min) ဆိုပြီး အမှတ် (၂) ခုပါဝင်ကာ Full အထိ ဖြည့်ရပါတယ်။
ကူးလန့် ဖြည့်ပြီးသွားတဲ့အခါ အင်ဂျင်ပူအောင် နှိုးထားရပါတယ်။

အင်ဂျင် သတ်မှတ် အပူချိန်ရောက်တဲ့အခါ သာမိုစတက် (Thermostat) ပွင့်ပြီး အအေးပေးစနစ်လည်ပတ်သွားတဲ့အခါ ရေပြန်ဗူးထဲက ကူးလန့်တွေ လျော့သွားပါတယ်။

အဲ့ဒီအခါ အင်ဂျင် ကူးလန့်ကို Full အထိ ပြန်ထပ်ဖြည့်ရပါတယ်။

ဒါပေမယ့် အင်ဂျင်ကူးလန့်ကို ပြည့်လျှံ ကျတဲ့အထိ မထည့်သင့်ပါဘူး။

ပြည့်လျှံကျတဲ့အထိ ဖြည့်ထားတဲ့အခါ ကားအသုံးပြုပြီလို့ အင်ဂျင်ပူ သွားတဲ့အချိန် ကူးလန့်ထုထည်ပွလာပြီး ပိုလျှံနေတဲ့ ကူးလန့်တွေကို
ရေပြန်ဗူးဆီကို ပို့ပေးပါတယ်။

တကယ်လို့ ရေပြန်ဗူးထဲမှာ ကူးလန့်တွေပြည့်နေတယ်ဆိုရင် ရေပြန်ဗူးမှ အင်ဂျင်ကူးလန့်တွေက လျှံကျကာ အင်ဂျင်ခန်းကို ကူးလန့်များ ဖိတ်စင်
ပေကျံကုန်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်ဂျင်ကူးလန့်တွေက ပူနေတဲ့အစိတ်အပိုင်းတွေပေါ် စီးကျတယ်ဆိုရင်လည်း ကူးလန့်ညော်နံ့တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အင်ဂျင်ကူးလန့်တွေ စီးကျတဲ့အခါ ကြီးကြီးမားမား ပျက်စီးစေနိုင်တဲ့ အချက်တခုကတော့ ဝါယာဆော့ကဒ်တွေထဲကို စိမ့်ဝင်စေတာဘဲဖြစ်ပါတယ်။

ပိုလျှံကျနေတဲ့ ကူးလန့်တွေက အင်ဂျင်ခန်းထဲက ဆင်ဆာများ၊ အက်ကျူရေတာများ နှင့် လျှပ်စစ်ပစ္စည်းများပေါ်ဖိတ်စင်ကျတဲ့အခါ ဝါယာရှော့ကိုလည်း ဖြစ်စေနိုင်သလို လျှပ်စစ်ပစ္စည်းတွေလည်း
ပျက်စီးစေနိုင်ပါတယ်။

နောက်ထပ် ဆိုးကျိုး တစ်ချက်ကတော့
အင်ဂျင်ကူးလန့် ပြည့်လျှံ ကျသွားတဲ့အခါ သက်ရှိသတ္တဝါတွေက အင်ဂျင်ကူးလန့်ကို သောက်သုံးမိရင် အင်ဂျင်ကူးလန့်ထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်တွေက သေစေနိုင်လောက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အင်ဂျင်ကူးလန့်ကို သတ်မှတ်ထားတဲ့
ပမာဏဖြစ်တဲ့ Full အထိသာ ထည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

credit-မူရင်းရေးသားသူအားလေးစားစွာဖြင့်

22/11/2023

# # #အင်ဂျင်ဝိုင်ဖစ်တာပြစ်ချက် # # #

အင်ဂျင်ရဲ့ ချောဆီပေးစနစ်မှာအသုံးပြုတဲ့ အင်ဂျင်ဝိုင်ဖစ်တာဆိုတာ အင်ဂျင်ထဲမှာပါဝင်နေတဲ့ အမှုန်တွေကို ဖယ်ရှားစစ်ထုတ်သန့်စင်ပေးနေတဲ့ ပစ္စည်းဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ဖစ်တာကို အင်ဂျင်ဝိုင်ပန့် (Oil Pump) အထွက်မှာတပ်ဆင်ထားပါတယ်။ အင်ဂျင်ဝိုင်လဲတဲ့အခါတိုင်း အင်ဂျင်ဝိုင်ဖစ်တာကို ပုံမှန်လဲပေးသင့်ပါတယ်။

အင်ဂျင်ဝိုင်ဖစ်တာချေးပိတ်တဲ့အခါ အင်ဂျင်ဝိုင်ထဲကအမှုန်တွေကို ကောင်းစွာမဖယ်ရှားနိုင်တော့တဲ့အတွက် အင်ဂျင်ရဲ့လည်ပတ်နေတဲ့အစိတ်အပိုင်းတွေ ပွန်းစားခြင်း၊ ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အင်ဂျင်ဝိုင်ဖစ်တာတပ်ဆင်အသုံးပြုတဲ့အခါမှာလည်း အင်ဂျင်နှင့်ကိုက်ညီတဲ့ အင်ဂျင်ဝိုင်ဖစ်တာ အရွယ်အစားဖြစ်ဖို့လည်း အရမ်းအရေးကြီးပါတယ်။

အင်ဂျင်ဝိုင်ဖစ်တာအထိုင်မတူခြင်း၊ အင်ဂျင်ဝိုင်ဖစ်တာ ရှည်နေခြင်း (စက္ကူစစ်)၊ အင်ဂျင်ဝိုင်ဖစ်တာ တိုနေခြင်း (စက္ကူစစ်) စသည့် အင်ဂျင်နှင့်ကိုက်ညီမှုမရှိသည့်အင်ဂျင်ဝိုင်ဖစ်တာတွေကို တပ်ဆင်အသုံးပြုမိတဲ့အခါ အင်ဂျင်ဝိုင်လည်ပတ်စီးဆင်းမှုကို အတားအဆီးဖြစ်စေနိုင်ပြီး အင်ဂျင်ကြီးမားစွာ ပျက်စီးစေနိုင်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက အင်ဂျင်ဝိုင်ဖစ်တာမတူတဲ့ (စက္ကူစစ် ရှည်နေခြင်း) ပစ္စည်းကို တပ်ဆင်မိပြီး အင်ဂျင်ဝိုင်မတက်တော့ဘဲ အင်ဂျင်ကြီးမားစွာပျက်စီးသွားတဲ့ ပြစ်ချက်တခုကြုံတွေ့ခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ အင်ဂျင်နှင့်ကိုက်ညီမှုမရှိတဲ့ အင်ဂျင်ဝိုင်ဖစ်တာ စက္ကူစစ်အရှည်ကို တပ်ဆင်လိုက်တဲ့ ပြစ်ချက်က စတင်တာဖြစ်ပါတယ်။

အင်ဂျင်ဝိုင်ဖစ်တာစက္ကူစစ်က ရှည်နေတဲ့အတွက် ဖစ်တာအထိုင်နှင့်ဖိကြပ်လိုက်တဲ့အခါ စက္ကူစစ်ခါးသိမ်သွားပြီး အင်ဂျင်ဝိုင်ပန့်က ဖိအားဖြင့်တွန်းတင်ပေးပေမယ့် အင်ဂျင်ဝိုင်ဖစ်တာက ဆီလိုင်းပိတ်နေသလိုဖြစ်ပြီး အင်ဂျင်ဝိုင်ကောင်းစွာမစီးဆင်းတော့ပါ။ အဲ့ဒီအခါ လည်ပတ်နေတဲ့အစိတ်အပိုင်းတွေအားလုံးနီးပါး ပျက်စီးကုန်ပါတယ်။

အင်ဂျင်အိုဗာဟောလုပ်ကြည့်တဲ့အခါ ကရိုင်းရှပ် (Crankshaft) ရဲ့ မိန်းဘယ်ရင် (Main Bearing) ပွန်းစားခြင်း၊ အင်ဂျင်ဘလော့ (Engine Block) မိန်းဘယ်ရင်အထိုင်အစင်းရာထင်ခြင်း၊ တိုင်မင်ချိန်းများ အင်ဂျင်ဝိုင်ငတ်ပြီး ချောင်နေခြင်း စတဲ့ပြစ်ချက်များစွာတွေ့ရှိရပြီး အင်ဂျင်ကြီးမားစွာ ပျက်စီးစေပါတယ်။

ဒီပြစ်ချက်ရဲ့ အဓိကတရားခံကတော့ အင်ဂျင်ဝိုင်ဖစ်တာ မတူတာကို (စက္ကူစစ်ရှည်နေခြင်း) ထည့်မိတဲ့ ပြစ်ချက်က စတင်တာဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင်ဖစ်တာတွေကို တပ်ဆင်တဲ့အခါ အင်ဂျင်နှင့်ကိုက်ညီတဲ့ အင်ဂျင်ဝိုင်ဖစ်တာကို သေချာရွေးချယ်တပ်ဆင်အသုံးပြုသင့်သလို တပ်ဆင်တဲ့အခါမှာလည်း သေချာဂရုစိုက်သင့်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်။

Credit to Khayan Tharlay

21/11/2023

# # #ကုန်းဆင်းတွေမှာကားကိုဘရိတ်မှေးပြီးဆင်းသင့်ပါသလား???......

ကားမောင်းနှင်တဲ့အခါ အဆင်းတွေမှာ တော်တော်များများ က ဘရိတ် ကို အချိန်အကြာကြီး မှေးပြီး ဆင်းကြ ပါတယ်။အဲ့ဒီလို မှေးဆင်းရင် ကားဘရိတ် ပေါက်ပြီး ကား ချောက်ထဲ ထိုးကျတာတွေကို စိတ်မကောင်းစွာနဲ့ ကြားနေရပါတယ်။

ကား ဘရိတ်ပေါက်တယ် ဆိုတာက ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ။ ကုန်း အဆင်းတွေမှာ လိုအပ်ပါက ဘရိတ် မှေးသင့်ရင် မှေးလို့ ရပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး ဘရိတ်မှေးပြီး ကုန်းဆင်းတာကတော့ တော်တော်လေး အန္တရာယ် များပါတယ်။

တကယ်ဆိုရင် ကုန်းအဆင်းတွေမှာ ဂီယာကြီးတွေဖြစ်တဲ့
နံပါတ် ၁၊ နံပါတ် ၂၊ နံပါတ် ၃ ဂီယာတွေ နဲ့ ဆင်းလို့ ရပါတယ်။ အော်တို ဂီယာမှာ ဆိုရင်လည်း 1, 2, 3, B, S (သို့) L နဲ့ ဆင်း လို့ ရပါတယ်။

ဘရိတ်ကို ကြာရှည်စွာ မှေးထားပါက ဘရိတ်ရူး (Brake Shoe) တွေ၊ ဘရိတ်ပတ် (Brake Pad) တွေ ပိုစားတဲ့ အပြင် ဘရိတ်လည်းပူပါတယ်။ ဘရိတ် ပူတဲ့အခါ ဘရိတ်ရှောခြင်း၊ ဘရိတ် ပျောက်ခြင်းတွေဖြစ်ကာ ဘရိတ် မမိတော့ဘဲ ဘရိတ် ပေါက်ခြင်းကို ဖြစ်ပေါ် စေပါတယ်။ အကယ်၍ ကုန်းအဆင်းမှာ ခြေနင်းဘရိတ် ပျော့ပြီး ဘရိတ် ပျောက်သလို ဖြစ်သွားခဲ့ရင် ဂီယာကြီးတွေနဲ့ ထိန်းဆင်းပြီး ရပ်နားလို့ရတဲ့နေရာမှာ 45 ~ 60 မိနစ်ခန့် ရပ်နား ပေးပါက ဘရိတ် ရဲ့အပူချိန် ကျသွားပြီး ဘရိတ် ပြန်မိပါလိမ့်မယ်။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

17/11/2023

# # #ကားကျော်တက်တော့မယ်ဆိုရင်
သတိထားသင့်တဲ့ အချက်(၈)ချက် # # #

ကားတစီးနဲ့ တစီး အရှိန်နဲ့ကျော်တက်ခြင်းဟာ အရမ်းအန္တရာယ်များပါတယ်။ ကျော်တက်တော့မယ်ဆိုရင်လည်း ထည့်စဉ်းစားရမယ့် အချက်တွေအများကြီးပါပဲ။ကိုယ့်ကားရဲ့ အင်ဂျင်ပါဝါ၊သွားနေတဲ့အရှိန်၊ လမ်းအနေအထား အစရှိသဖြင့်ပေါ့။ဆိုတော့ကာ ကားကျော်တက်တော့မယ်ဆို ကျွန်တော် အခုပြောမယ့် အခြေခံအချက်လေးတွေတော့ ကြိုသိထားသင့်ပါတယ်။ဒါမှသာ အန္တရာယ်ကင်းကင်းနဲ့ လိုရာခရီးကို ရှေ့ဆက်နိုင်မှာပါ။

၁။နောက်ကြည့်မှန်၊ ဘေးမှန် တွေကိုအလကား
မထားပါနဲ့။ ကား ကျော်တော့မယ်ဆို အကုန်ပတ်ကြည့်ပါ။ အနဲဆုံး ၂ ခေါက်လောက်သေချာအောင်ကြည့်ပါ။ ၁ ခေါက်လောက်နဲ့ကိုယ့်မျက်စိကိုယ် မယုံပါနဲ့။ ဖြစ်သွားတဲ့ မတော်တဆတွေထဲမှာ နောက်ကြည့်မှန် သေချာမကြည့်တာကလဲ အချက်တချက်အနေနဲ့ ပါနေတတ်ပါတယ်။

၂။ကိုယ့်မျက်စိတဆုံး ရှေ့ကိုလှမ်းမမြင်ရဘူးဆို လုံးဝလုံးဝ ကျော်တက်ဖို့မကြိုစားပါနဲ့။ ဥပမာ မြူ ကျနေတာပဲ ဖြစ်ဖြစ်၊ မိုးတအားသဲနေတာပဲဖြစ်ဖြစ်၊ကိုယ့်မျက်စိကသေချာ မမြင်ရဘူးဆိုနောက်ကနေပဲ လိုက်ပါ။မကျော်တက်ပါနဲ့။

၃။ကားမကျော်တက်ဖို့ လမ်းညွန်အမှတ်အသားတွေ ပြထားတဲ့နေရာတွေမှာ လုံးဝမကျော်တက်ပါနဲ့။အဲ့ဒီလို လမ်းညွန်အမှတ်အသားတွေကအလကား ပြထားတာ မဟုတ်ပါဘူး။
ခဏခဏမတော်တဆဖြစ်တဲ့ နေရာတွေမှာ
ပြထားတတ်တာ များပါတယ်။

၄။အရေးအကြီးဆုံးအချက်ပါ။ ကိုယ့်ကား လက်ရှိသွားနေတဲ့အရှိန်နဲ့ ကိုယ်ကျော်မယ့်ကားရဲ့ အရှိန်ကို အချိန်တိုအတွင်း တွက်ချက်တတ်ရပါမယ်။ ကိုယ်ကျော်မယ်ဆိုတဲ့ အကြောင်းကိုအချက်အရင်ပြပါ(ရှေ့ကားနောက်ကား
မြင်အောင်)။

အများအားဖြင့် မြို့ပြင်ဖက် အဝေးပြေးလမ်းတွေမှာ အရှိန် နဲ့မောင်းနေတာဖြစ်တဲ့အတွက် ဆုံးဖြတ်ချက် မြန်မြန်ချဖို့ လိုပါတယ်။
မျက်နှာချင်းဆိုင် ကား မလာတဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းလိုမျိုးက ပြဿနာသိပ်မရှိပေမယ့် မျက်နှာချင်းဆိုင် ကားလာတတ်တဲ့ လမ်းမျိုးတွေမှာဆို အန္တရာယ်များပါတယ်။

အကယ်၍ ကားကျော်တက်ဖို့ အရှိန်တင်လို့
လိုသလောက်အရှိန် မရဘူးဆိုရင် ဂီယာအကြီးနဲ့ကျော်သင့်ပါတယ်။ကျော်တက်မယ်ဆိုတိုင်း
လမ်းရဲ့ဘယ်ဘက်ခြမ်း(အပေါ်) ကနေပဲ ကျော်တက်ပါ။ ခြွင်းချက် အနေနဲ့ အခြေအနေအရ အောက်ကြောကနေ(ညာ)ကျော်ဖို့လိုတဲ့ နေရာတွေမှာတော့ သတိထားကျော်တက်ရပါမယ်။ (ဥပမာ ရှေ့ကားက ဘယ်ဘက်ကွေ့မယ်အချက်ပြထားလျှင်)

၅။ကျော်တက်ပြီးသွားပြီဆိုရင်လဲ ချက်ချင်း ကျော်တက်ပြီးတဲ့ ကားရဲ့လမ်းကြောင်းထဲကို ပြန်မဝင်ရပါဘူး။ အန္တရာယ်ကင်းတဲ့ အကွာအဝေး
တခုရောက်မှ ညာဖက်လမ်းကြောကို ပြန်ဝင်သင့်ပါတယ်။(ကိုယ့် နောက်ကြည့်မှန်ကနေ ကျော်ခဲ့တဲ့ ကားကို လှမ်းမြင်ရတဲ့ အနေအထား)။

နောက်တခုက ဘယ်ဘက်ကြောမှာ မောင်ပိုင်စီးပြီး တချိန်လုံး တက်မမောင်းနေရပါဘူး။
ဘယ်ဘက်ကြောက တစီးနဲ့ တစီး ကျော်ဖို့ပဲ
ပေးထားတာကြောင့် ကျော်ပြီးတာနဲ့
ညာဖက်လမ်းကြောကို signal ပြ, နောက်ကားရှင်းရင် ပြန်ဝင်ပေးရမယ်။

၆။ဟိုင်းဝေး အချက်ပြစနစ်တွေ အနေနဲ့ကတော့ အားလုံးသိပြီးတဲ့အတိုင်း သတ်မှတ်ထားတဲ့ စည်းကမ်းအသစ်တွေကို လိုက်နာဖို့လိုပါတယ်။ညာဖက်ပြထားလျင် ညာဖက်၊ ဘယ်ဖက် ပြထားရင် ဘက်ဖက် ကွေ့မယ်လို့ပဲ မှတ်ယူသင့်ပါတယ်။ဟိုးအရင် စနစ်တွေကို မေ့ထားလိုက်ဖို့ လိုပါတယ်။

ညာဖက်လမ်းကြောကနေ ဘယ်ဖက်လမ်းကြောကို ထွက်ပြီးစကျော်တော့မယ်ဆိုတာနဲ့ ဘယ်ဖက် အချက်ပြပါ။ ကျော်ပြီး ညာဖက်ပြန်ဝင်မယ်ဆိုတာနဲ့ ညာဖက်အချက်ပြန်ပြပါ။(စနစ်ဟောင်းအချက်ပြ စနစ်ကို ဆက်သုံးနေသူတွေ တချို့တော့ကျန်နေသေးတဲ့အတွက်သတိတော့ထားကြပါ)

၇။ကိုယ့်မျက်စိ တဆုံးမမြင်ရတဲ့ အကွေ့အကောက်တွေ၊ ကုန်းတက်တွေမှာ
လုံးဝကျော်တက်ဖို့ မစဉ်းစားပါနဲ့။

၈။ဘယ်သောအခါမှ ကားကျော်ရင် ၂ စီး၊ ၃ စီး ဆင့်မကျော်တက်ပါနဲ့ (လုံးဝမလုပ်ပါနဲ့)။

ကားကျော်တက်ခြင်း ဆိုင်ရာ သိထားသင့်တဲ့
အချက်များကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။

လိုရာခရီးကို ဘေးအန္တရာယ်ကင်းစွာ
အရောက်လှမ်းနိုင်ကြပါစေ ခင်ဗျာ။

Credit to original writer

16/11/2023

Auto Gear ကားတွေပေါများလာတဲ့ ခေတ်ကြီးမှာ ကားမောင်းနေစဉ် အမှားသေးသေးလေးလုပ်မိရာကနေ မိမိကားကိုပျက်စီးဆုံးရှုံးမှုတွေ အများကြီးဖြစ်ပွားနိုင်ပါသလား???

📢 မထင်မှတ်ပဲ လုပ်မိတဲ့ အမှားလေးကနေ ပျက်စီးဆုံးရှုံးမှုတွေ မဖြစ်ပွားအောင် Automatic Transmission ကားစီးနင်းနေတဲ့လူကြီးမင်းတို့ လုံးဝ မလုပ်သင့်တဲ့ (၇)ချက် ကိုပြောပြပေးသွားပါမယ်

1️⃣ ကားကိုမရပ်တန့်ပဲ ဂီယာ (D) မှ ဂီယာ (R) ကို လုံး၀မပြောင်းပါနဲ့။

2️⃣ ကားမရပ်တန့်သေးခင် Parking Gear ထိုးခြင်းကို ရှောင်ကြဉ်ပါ။

3️⃣ မီးပွိုင့်တွင် Gear N ထိုးပြီး စောင့်ခြင်းကို လုံးဝ မလုပ်ပါနဲ့။

4️⃣ ကုန်းဆင်းကို Gear N ဖြင့် လုံးဝ မဆင်းပါနဲ့။

5️⃣ ကားရပ်တန့်ထားရာမှာ ဂီယာချိန်း၍ လီဗာ အပြင်းနင်းပြီး စထွက်ခြင်းကို ရှောင်ကြဉ်ပါ။

6️⃣ ဆီကုန်မှတ်နား ကပ်တဲ့ထိ မောင်းနှင်ခြင်းကို လုံးဝမပြုလုပ်ရပါ။

7️⃣ ကားအောက်ပိုင်းနှင့် မလွတ်သော ရေထဲကို ဖြတ်မောင်းခြင်းကို ရှောင်ကြဉ်ပါ။

လွယ်ကူရိုးရှင်းသော အချက်လေးတွေမို့ အားလုံးလိုက်နာပြီး မိမိကားများကို မပျက်စီးအောင် ဂရုစိုက်နိုင်ကြပါ‌စေ။

Credit to original writer

10/11/2023

# # # # #အော်တိုဂီယာကား‌တွေ ဘာကြောင့်ဂီယာစောင့်ရတာလဲ # # # # #


ဒီပြစ်ချက်ကတော့ အော်တိုဂီယာကားတွေမှာ အမြဲတမ်းကြုံတွေ့နေကြပြစ်ချက်တခုဖြစ်ပါတယ်။

Manual ဂီယာကားမှာ ဂီယာဆောင့်တဲ့ပြစ်ချက်ကတော့ ကလပ်မနိုင်တာကြောင့် ဖြစ်ပေမယ့် အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တဲ့ပြစ်ချက်ကတော့ ဂီယာဘောက်ကြောင့်လည်းဖြစ်နိုင်သလို တခြားပြစ်ချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တိုင်း ဂီယာဘောက်ပြစ်ချက်လို့ ပုံသေ ဆုံးဖြတ်လို့မရပါဘူး။

ဒါ့အပြင် ဂီယာဆောင့်တဲ့ပြစ်ချက်ကို ကြုံတွေ့တဲ့အခါ စထွက်တဲ့အချိန် ဂီယာဆောင့်တာလား၊ မောင်းနေရင်းဂီယာဆောင့်တာလား၊ ဒါမှမဟုတ် ကီလို ၆၀၊ ကီလို ၈၀ လောက်မှ ဂီယာဆောင့်တာလားဆိုတာလည်း သိဖို့လိုပါတယ်။

ဒါဆိုရင် ဂီယာဆောင့်တဲ့ပြစ်ချက်ကို အပိုင်း (၄) ပိုင်းခွဲပြီး လေ့လာကြည့်ကြရအောင်။

၁) ဂီယာဘောက်ပြစ်ချက်၊

၂) အင်ဂျင်ပြစ်ချက်၊

၃) ဝါယာရိန်းပြစ်ချက်၊

၄) မောင်းတိန်းများနှင့် အခြားပြစ်ချက်တို့ဖြစ်ပါတယ်။

၁) ဂီယာဘောက်ပြစ်ချက် –

ဂီယာဘောက်မှာအသုံးပြုတဲ့ အော်တိုဆီ မကောင်းတဲ့အခါ ဂီယာချိန်းနောက်ကျသလို ဂီယာဆောင့်တဲ့ပြစ်ချက်ကိုလည်းဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အော်တိုဆီပမာဏနည်းရင်လည်း ဖြစ်တတ်သလို ကလပ်ပြားများ၊ ဗားဘော်ဒီ၊ ဆိုလိုနှိုက်များပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်ပါတယ်။

ဒါ့အပြင် ဗားဘော်ဒီဆိုလိုနှိုက်များကို ဆက်သွယ်ထားတဲ့ ဝါယာကြိုးရဲ့ ဆော့ကဒ်အရင်းတွေ အက်နေတာ၊ နဲ့နေတာ၊ ဆားပေါက်နေတာဆိုရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်ပါတယ်။

၂) အင်ဂျင်ပြစ်ချက် –

VVT-i ပါတဲ့ကားတွေမှာ အင်ဂျင်ဝိုင်ပုံမှန်မလဲခြင်းကြောင့် အင်ဂျင်ဝိုင်ဂျိုးများတတ်ကာ VVT စနစ်ရဲ့ OCV ဗားတွေကောင်းကောင်းအလုပ်မလုပ်ရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်သလို တိုင်မင်ချိန်းပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်နိုင်ပါတယ်။

ဒါ့အပြင် ဓါတ်ဆီအင်ဂျင်တွေမှာ ပလပ်၊ ပလပ်ကွိုင်တွေပြစ်ချက်ရှိရင်လည်း ဂီယာဆောင့်တဲ့ ပြစ်ချက်ဖြစ်စေနိုင်ပါတယ်။

တချို့ကားတွေက ပလပ်အမျိုးအစားညံ့တာထည့်မိရင် ဒီပြစ်ချက်ကို ကြုံတွေ့နိုင်တာဘဲ ဖြစ်ပါတယ်။

၃) ဝါယာရိန်းပြစ်ချက် –

ဒီပြစ်ချက်ကတော့ အဖြစ်နည်းတဲ့ပြစ်ချက်တခုဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဂီယာဘောက်နှင့်ဆက်သွယ်ထားတဲ့ ဝါယာကြိုးတွေပြတ်နေတာ၊ ကြိုးလိုင်းတွေအပ်ကျနေတာ၊ အပ်ကြိုးတွေလွတ်နေတာ၊ ဝါယာရှော့ဖြစ်နေတာ၊ ဆော့ကတ်တွေလွတ်နေတာကြောင့်လည်း ဂီယာဆောင့်တဲ့ပြစ်ချက် ဖြစ်စေနိုင်သလို ကွန်ထရိုးဗူး (ECU) မကောင်းရင်လည်း ဒီပြစ်ချက်ကို ဖြစ်စေနိုင်ပါတယ်။

၄) မောင်းတိန်းနှင့် အခြားပြစ်ချက်များ –

ကားရဲ့အင်ဂျင်နှင့် ဂီယာဘောက်မှာ တုန်ခါမှုကို လျော့ချပြီး ဝန်ကိုထမ်းဆောင်ထားတဲ့ မောင်းတိန်း (Mountain) တွေ ပါဝင်ပါတယ်။

အဲ့ဒီမောင်းတိန်းတွေမကောင်းရင်လည်း အင်ဂျင်တုန်ခါပြီး ဂီယာထိုးချိန်၊ ကားစထွက်ချိန်တွေမှာ ဂီယာဆောင့်သလို ခံစားရပါတယ်။

ဒါ့အပြင် ဒူးဆစ် (Drive Shaft) များမကောင်းခြင်း၊ ဟက်ဘောများမကောင်းခြင်း နှင့် Differential (ဒစ်ဖရန်ရှယ်) ခေါ် ကရောင်းအုံပြစ်ချက်ကြောင့်လည်း ဂီယာဆောင့်နိုင်ပါတယ်။

အထက်မှာရှင်းပြခဲ့တဲ့ အော်တိုဂီယာဆောင့်တဲ့ပြစ်ချက်တွေကတော့ အဖြစ်များတဲ့ ပြစ်ချက်တွေဘဲဖြစ်ပါတယ်။

အော်တိုဂီယာကားတွေမှာ ဂီယာဆောင့်တိုင်း ဂီယာဘောက်ပြစ်ချက်တခုတည်းလို့ ဆုံးဖြတ်လို့မရသလို အခြားဖြစ်နိုင်တဲ့ ပြစ်ချက်များကိုလည်း သေချာစစ်ဆေးသင့်ပါကြောင်း ဗဟုသုတအဖြစ် တင်ပြလိုက်ရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာနဲ့ crd ပေးပါတယ်

04/11/2023

# # #အရေးကြီးသော်လည်း အမေ့ခံဖြစ်နေရတဲ့
အော်တိုဂီယာဘောက် အကြောင်း # # #

အခုနောက်ပိုင်း ကားအများစုမှာ အော်တိုဂီ
ယာတွေကိုသာ တပ်ဆင်အသုံးပြုလာကြပါ
တယ်။ယာဉ် အသုံးပြုသူတွေဟာ အင်ဂျင်/
အောက်ပိုင်းတွေကိုသာ ပြုပြင်ထိန်းသိမ်းကြ
သော်လည်း ဂီယာဘောက်နဲ့ပက်သတ်ရင်
အော်တိုဝိုင် တိုင်းဖို့နဲ့ အော်တိုဝိုင်လဲလှယ်ဖို့
ကိုတောင် မေ့နေကြတာ တွေ့ရပါတယ်။

ပုံမှန်အားဖြင့် အော်တိုဂီယာဘောက်တွေဟာ
အော်တိုဝိုင်ပုံမှန်လဲပြီး ပုံမှန် Maintenance
လုပ်မယ်ဆိုရင် သက်တမ်းပိုရှည်ပြီး ကြာကြာ
အသုံးခံပါတယ်။သို့သော် ပုံမှန်မဟုတ်တဲ့ အ
ပြုအမှုတွေကြောင့် ဂီယာဘောက်ကို အချိန်
မတိုင်ခင် ပျက်စီးသွားစေပါတယ်။ဒါကြောင့်
အော်တို ဂီယာဘောက်တွေကို ပျက်စီးရတဲ့
အဓိက အချက်(၂)ချက် ကို မျှဝေပေးချင်ပါ
တယ်။

(၁)အော်တိုဝိုင် မှားထည့်ခြင်း

အော်တိုဝိုင်ဆိုတာ အော်တိုဂီယာဘောက်တွေ
ရဲ့ အသက်လို့တောင် ပြောလို့ရပါတယ်။အော်
တိုဝိုင်ပုံမှန် မလဲတာ၊စျေးပေါပြီး အရည်အသွေး
မမှီတဲ့ အော်တိုဝိုင်တွေသုံးတာ၊ ဂီယာဘောက်နဲ့
မကိုက်တဲ့ ဆီတွေ မှားထည့်တာ၊ CVT ကို ATF
မှားထည့်တာတွေကြောင့် ဂီယာဘောက်တွေကို
အချိန်မတိုင်ခင် ပျက်စီးစေပါတယ်။အဆိုးဆုံး
ကတော့ အော်တိုဝိုင်ဖြစ်ရင်ပြီးရော စျေးပေါပြီး
အာမခံချက်မရှိတဲ့ အော်တိုဝိုင်တွေ သုံးတာပါ
ပဲ။လက်တစ်လော သိပ်မသိသာပေမဲ့ ရေရှည်
မှာ ဂီယာဘောက်ကို အနှေးနဲ့အမြန် ထိခိုက်စေ
မှာဖြစ်ပါတယ်။အော်တိုဝိုင်ဆိုတာ ကီလိုမီတာ
(၂၅၀၀၀/၃၀၀၀၀)လောက်မှ တစ်ကြိမ်သာ လဲ
ရတဲ့အတွက် စိတ်ချရပြီး အာမခံချက်ရှိတဲ့ အော်
တိုဝိုင်ကိုသာ ရွေးချယ် အသုံးပြုသင့်ပါတယ်။

(၂)ဂီယာ ကစားခြင်း

အော်တိုဂီယာနဲ့ ကားတွေဟာ အင်ဂျင်ရဲ့လည်
ပက်တဲ့ စွမ်းရည်ပေါ်မူတည်ပြီး ဂီယာ ၁၊၂၊၃၊
စသဖြင့် အော်တိုချိန်းပေးတာ ဖြစ်ပါတယ်။
တစ်ချို့ယာဉ်မောင်းတွေက ဂီယာကို မလိုအပ်
ပဲ ခဏခဏချိန်းတာ၊ ဂီယာ ကစားတာ၊ ဂုန်း
ဆင်တွေမှာ ဖရီးရိုက်ပြီး ဆင်းတာ၊ ကားမရပ်
သေးဘဲ (R)နဲ့(D)ကို ရုပ်တရက် ချိိန်းတာ စတဲ့
အပြုအမှုတွေကြောင့် ဂီယာဘောက်ကို ထိခိုက်
ပျက်စီးစေနိုင်ပါတယ်။ပြီးတော့ ကားရပ်ရင်
(P)မှာပဲ ထားပြီး ဟန်းဘရိတ် မဆွဲတာတွေ
ကြောင့်လည်း ဂီယာဘောက်စနစ်မှာရှိတဲ့
Parking Pawl ကို ပျက်စီးစေနိုင်ပါတယ်။
ကားကို အချိန်ကြာကြာရပ်တော့မယ်ဆိုရင်
နံပါတ်(၁)အရင်ဆုံး ဘရိတ်နင်းပြီးဂီယာကို
(N)မှာထားပါ၊ ပြီးရင်နံပါတ်(၂)ဟန်းဘရိတ်
ဆွဲပြီး ဘရိတ်ခဏလွှတ်ပါ၊ ပြီးမှ နံပါတ်(၃)
ဘရိတ်နင်းပြီး ဂီယာကို (P)သို့ ပြန်ထားပါ၊
ဒီအပြုအမှုကတော့ ရေရှည်မှာဂီယာဘောက်
အတွက် အကောင်းဆုံးပါပဲ။

ဂီယာဘောက်မှာ ပုံမှန်မဟုတ်ဘဲ ဒီလိုလက္ခဏာ
တွေ ပြနေပြီဆိုရင် အော်တိုဝိုင်နဲ့ ဂီယာဘောက်
ကို စစ်ဆေးသင့်ပါတယ်။

* ဂီယာချိန်းရာမှ အခက်အခဲ ဖြစ်ခြင်း၊
* အော်တိုဝိုင် မည်းညစ်လာခြင်း၊
* အော်တိုဝိုင် ယိုစိမ့်လာခြင်း၊
* ဂီယာချိန်း နောက်ကျခြင်း၊
* ဂီယာချိန်းတဲ့အခါ ​ချော်ထွက်သွားခြင်း
* ဂီယာ ဆောင့်ခြင်း၊ ဂီယာမချိတ်ခြင်း၊
* ဂီယာအုံ အပူလွန်ကဲလာခြင်း၊
* ဂုံးတတ်တွေမှာ ဂီယာမရုန်းတော့ခြင်း၊
* အရုန်းအဆွဲမကောင်းဘဲ ဂီယာဝပ်နေခြင်း၊

-ဒီလိုလက္ခဏာတွေ ကြုံရတဲ့အခါ အရင်ဆုံး
အော်တိုဆီစစ်မယ်၊ အော်တိုဝိုင်လဲမယ်၊ အော်
တိုဝိုင်ဇကာတွေ ဆေးမယ်/အသစ်လဲရမယ်၊
လိုအပ်ရင် Sacn Tool နဲ့ Live data တွေကြည့်
ရမယ်၊ Solenoid တွေစစ် / Valve Body တွေ
ဆေးရမယ်၊ ဝါယာရိန်းစနစ်နဲ့ ECM/TCM တွေ
စစ်ရမယ်၊ ဒါတွေအားလုံးကောင်းပြီး ဂီယာ
ဘောက်မှာရှိတဲ့ Error တွေ မကောင်းသေးရင်
နောက်ဆုံး ဂီယာဘောက်ကို ပြင်မှာလား?ဂျပန်
ကျ ချိန်းမှာလား? ရွေးချယ်စရာ (၂)ခုပဲ ရှိပါ
တော့တယ်ခင်ဗျား။

Credit to Htet Naing

01/11/2023

ကားအောက်ပိုင်းက မြည်သံတွေ
~~~~~~~~~~~~~~~~~~~~~

1. စတီယာရင်အကွေ့တွေမှာ
ရှေ့ဘီးတွေက "တောက်တောက်" မြည်တာ
ဒူးဆစ်အသံပါ

2. 50-60 km/h မှာ "လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင်
Hub Ball ပါ။

3. ဘရိတ်နင်းရင်"တောက်တောက်"မြည်တာက ဘရိတ်ရှုးချောင်နေတာ
( ရှုးထိန်းကလစ် စစ်ကြည့်ရန် )

4. ဘရိတ်မှေးထားတဲ့အချိန်
စထွက်တဲ့အချိန်
တကျွီကျွီမြည်တာက
ဘရိတ်ရှုးအသားနဲ့ ဒရမ်မျက်နှာပြင်ကြောင့်ပါ

5. ကားဘယ်ညာယိမ်းတဲ့အချိန် "တဂျောက်ဂျောက်" မြည်တဲ့အသံက
လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ် ( အသံတော်တော်ဆိုးတယ် )

6. အောက်ပိုင်းက "ကလုတ်ကလုတ်"အသံထွက်နေတယ်၊ ဘရိတ်မှေးထားရင်ပျောက်တယ် ဆိုတာက ဘရိတ်ပင်ချောင်နေတာပါ

7. ကားကအရှိန်တစ်ခုရောက်လာချိန်မှာ တစ်စီးလုံးတုန်လာတာ၊ ရှေ့ယက်ကားတွေမှာဆိုရင် အတွင်းဒူးဆစ်ခွက်တွေစားနေတာကြောင့် အဖြစ်များပါတယ်။

8. စတီယာရင်ဂန်းဘွတ်စားနေရင် ညာမောင်းဆိုရင် ဘယ်ဘက်က ဂန်းရှပ်ဖ် ရိုက်သံကြားရ၊ ဘယ်မောင်းဆို ညာဘက်က ကြားရပါတယ်။

9. ချိုင့်ထဲကျတိုင်း "တဒုန်းဒုန်းတဒိုင်းဒိုင်း"ဖြစ်နေတာကတော့
ရှော့ဘားတွေ ထောက်တန်းဘွတ်တွေ ရှော့ဘားအထိုင်တွေ မကောင်းတာကြောင့်ဖြစ်တတ်ပါတယ်။

10. စတီယာရင်လှည့်တိုင်း
ညီးသံထွက်နေတာကတော့
ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။

11. တိုင်းရော့၊ မိန်းလုံး၊ ဘောဂျွိုင်းအသံတွေမြည်နေတာကတော့
ဒီအတိုင်းခွဲရခက်တယ်
ဘီးဖြုတ်စစ်ကြည့်ရင်တော့ သိသာပါတယ်။

သာယာငြိမ့်ညောင်းစွာ ကားမောင်းနိုင်ကြပါစေခင်ဗျာ..

ဗဟုသုတ အဖြစ်ပြန်လည်မျှဝေပါသည်။

Credit
မူရင်းတင်သူအားလေးစားလျက်။

19/10/2023

ကားမောင်းတိုင်း ခါးပတ်မပတ်တာနဲ့ အချက်ပေးနေတဲ့ သင့်ကားက တကယ်တော့ မောင်းနှင်သူရော စီးနင်းသူကိုပါ ဂရုစိုက်ပေးတာနေတာဖြစ်ပါတယ်

Seat Belts လို့ခေါ်တဲ့ ထိုင်ခုံခါးပတ် ဆိုတာ စက်တပ်မော်တော်ယာဉ်မောင်းနှင်သူများ မတော်တ‌ဆဖြစ်ခဲ့ပါက ထိခိုက်မှုနည်းပါးစေဖို့အတွက် Swedish Engineer ဖြစ်တဲ့ Nils Bohlin က ပထမဆုံးစတင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Seat Belts လို့ခေါ်တဲ့ ထိုင်ခုံခါးပတ်ရဲ့ အရေးပါပုံ၊ အရေးကြီးပုံ နဲ့ အကျိုးကျေးဇူးများကို ဝေမျှပေးလိုက်ပါတယ်နော်။

# ထိုင်ခုံခါးပတ်ကို ကားမောင်းနှင်နေစဉ်အတွင်း စနစ်တကျ တပ်ဆင်ထားခြင်းအားဖြင့် မိတ်ဆွေတို့ရဲ့အသက်အန္တရာယ် ဆုံးရှုံးနိုင်မှုကို 45% အထိ လျှော့ချပေးနိုင်သလို၊ ပြင်းထန်သော ထိခိုက်ဒဏ်ရာရရှိမှုကို 50% အထိ လျော့နည်းစေနိုင်ပါတယ်။

# ထိုင်ခုံခါးပတ်မတပ်ထားသောသူများဟာ တပ်ဆင်ထားသူများထက် ထိခိုက်ပျက်စီးနိုင်ချေ အဆ ၃၀ ထိရှိတာကြောင့် ထိုင်ခုံခါးပတ်ဟာ မိတ်ဆွေတို့ရဲ့ အသက်အန္တရာယ်အတွက် တကယ်ကိုအရေးကြီးတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

# ထိုင်ခုံခါးပတ် တပ်ဆင်ထားခြင်းအားဖြင့်...

# ကားနှင့် အခြားစက်တပ်ယာဉ် (မော်တော်ဆိုင်ကယ်၊ လေယာဉ် စသည့် ) များရဲ့ မောင်းနှင်သူများ၊ ခရီးသည်များကို လုံခြုံမှုပေးနိုင်ပါတယ်။

# ထိုင်ခုံခါးပတ်များကို အနောက်ဖက်၊ ဘေးဖက်တွေမှာ ထားရှိထားတာကြောင့် မိတ်ဆွေတို့အနေနဲ့ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပြီး မတော်တဆထိခိုက်ပျက်စီးမှုတွေကို လျော့နည်းစေနိုင်ပါတယ်။

# ကားတော်တော်များများတွင် ထိုင်ခုံခါးပတ်နှင့် Airbags System ကို မိတ်ဆွေတို့ အသက်အန္တရာယ်မထိခိုက်စေရန်အတွက် ထည့်သွင်းပေးထားတာကြောင့် ထိုင်ခုံခါးပတ်တပ်ဆင်ထားခြင်းအားဖြင့် မတော်တဆထိခိုက်မှုဖြစ်လာသည့်အခါ Airbags System ပါအလုပ်လုပ်နေတာကြောင့် ခန္ဓာကိုယ်ထိခိုက်ပျက်စီးမှုကို လျော့နည်းစေပါတယ်။

# ဒါ့အပြင် မိတ်ဆွေတို့အနေနဲ့ ထိုင်ခုံခါးပတ် မပတ်ဘဲ ကားမောင်းနှင်ပါက ယာဉ်စည်းကမ်းဥပဒေကို ချိုးဖောက်ရာရောက်တာကြောင့် ဒဏ်ငွေပေးဆောင်ခြင်း၊ ကားမောင်းလိုင်စင်အသိမ်းခံရခြင်းစသည့် ပြစ်ဒဏ်များကို ခံယူရနိုင်ပါတယ်။

ဒီလောက်ဆိုရင် ထိုင်ခုံခါးပတ်ရဲ့ အသုံးဝင်ပုံတွေကို သိရှိလောက်ပြီ ထင်ပါတယ်ခင်ဗျ။ ထိုင်ခုံခါးပတ်ပတ်ပြီး ကားမောင်းနှင်ခြင်းဟာ ယာဉ်စည်းကမ်းဥပဒေများကို လိုက်နာရာရောက်သလို၊ မိမိအသက်အန္တရာယ်အတွက်လည်း စိတ်ချရပါတယ်။

05/10/2023

မိုးရွာထဲတွင် ကားမောင်းနေစဉ်သတိပြုသင့်သည့်အချက်များ

မိုးရာသီမှာ ကားမောင်းတဲ့အခါ လမ်းချောနေသောကြောင့် မောင်းနှင်ရသည်မှာ အန္တရာယ်ရှိပါတယ်။ အထူးသဖြင့် ညအချိန်ခရီးဝေးသွားရလို့ လမ်းမှာ မိုးရွာရင် ပိုအန္တရာယ်ရှိပါတယ်။ ဒါကြောင့် မိုးရာသီမှာ မောင်းနှင်သွားလာကြမယ့် ယာဉ်မောင်းသူတွေ အတွက် သတိပြုဖွယ်အချက်လေးများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လက်နှစ်ဖက်ဖြင့် စီယာရင်ကို ကိုင်ပါ

ရာသီဥတုသာယာနေတဲ့ အချိန်မှာဆို စတိုင်ကျကျ စတီယာရင်ကို လက်လေး တစ်ဖက်တည်းနဲ့ မောင်းနိုင်ပေမယ့် မိုးတွင်းမှာ ဆိုရင်တော့ လက်နှစ်ဖက်နဲ့ သေချာကိုင်ပြီး မောင်းဖို့လိုအပ်ပါတယ်။

(၂) စိတ်ပျံလွင့်စေမယ့်အရာတွေ ခဏ ဖယ်ထားပါ

မိုးတွင်းမှာ ကားမောင်းတဲ့အခါ ဖုန်းသုံးတာဟာ တကယ်ကို အန္တရာယ်များပါတယ်။ သာမာန်ရာသီဥတုမှာတောင် ကားမောင်းရင်း ဖုန်းသုံးတာကြောင့် မလိုလားအပ်တာတွေ ဖြစ်တတ်သေးတာ ရာသီဥတု ဆိုးရွားတဲ့ အချိန်ဆို ပိုဆိုးပါတယ်။

လျှပ်စီးကူးမှုအပါအဝင် မဖြစ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုးတွင်းမှာ ကားမောင်းမယ်ဆိုရင် ဖုန်းကို ခပ်ဝေးဝေးမှာ သာထားပါ။ ဖြစ်နိုင်ရင် ရေဒီယိုတောင် မဖွင့်သင့်ပါဘူး။

(၃) ဘေးဘယ်ညာကို မျက်ခြေမပြတ်ပါစေနဲ့

ကားမောင်းရင်းနဲ့ ရှေ့ကိုသာမက နောက်ကြည့်မှန်ကနေရော ဘေးမှန်တွေကပါ ပါတ်ဝန်းကျင်ကို အကဲခတ်နေပါ။ ဒါမှသာ ကိုယ်သွားနေတဲ့ လမ်းပေါ်မှာ ချိုင့်တွေ၊ သစ်ပင်လဲနေတာတွေ၊ ဓါတ်ကြိုးပြတ်ကြတာတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

(၄) ရှေ့မီးကြီးကို သုံးပါ

မိုးအရမ်းသည်းနေတဲ့အချိန်ပဲဖြစ်ဖြစ်၊ မိုးအတော်အသင့်ရွာနေတဲ့ အချိန်ပဲဖြစ်ဖြစ် ရှေ့မီးကြီးကို ဖွင့်ထားပါ။

ဒါမှသာ ကိုယ်တိုင်လည်း ရှေ့ကို သဲသဲကွဲကွဲမြင်နိုင်မှဖြစ်သလို၊ ရှေ့ကလာနေတဲ့ ကားကလည်း ကိုယ့်ကို မြင်နိုင်မှာပါ။

(၅) ကပ်မလိုက်ပါနဲ့

ရှေ့ကားကို အရမ်းကြီးကပ်လိုက်တာဟာ အန္တရာယ်ရှိနိုင်ပါတယ်။ လမ်းကြောင့် ဖြစ်စေ၊အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေမတော်တဆ ရှေ့ကကား တစ်ခုခုဖြစ်ပါက ကိုယ့်ကိုလဲ လာရောက်ထိခိုက်နိုင်တာကြောင့် ခပ်ခွာခွာသာလိုက်ပါ။

(၆) အရှိန်မြှင့်မမောင်းပါနဲ့

မိုးရွာထဲမှာကားကို အရှိန်မြင့်မောင်းနှင်တာဟာ ကိုယ့် အန္တရာယ်ကိုယ်ဖိတ်ခေါ်နေတာပါ။

လမ်းကချော်နေတာကြောင့်ရော၊ မိုးတွင်းဆိုရင် ဘရိတ်တွေရဲ့ စွမ်းရည်တွေက ကျနေ တတ်တာကြောင့်ရော ရုတ်တရတ် ဘရိတ်အုပ်လိုက်ရင် အရှိန်မထိန်းနိုင်ဘဲ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၇) ရေလျှံနေတဲ့ လမ်းတွေကို ရှောင်ပါ

ကိုယ်သွားချင်တဲ့နေရာကို တခြားလမ်းက သွားရင်ရောက်နိုင်ရဲ့သားနဲ့ ဖြတ်လမ်းလိုက်ပြီးတော့ ရေကြီးရေလျှံနေတဲ့ လမ်းတွေကို တတ်နိုင်သမျှမမောင်းပါနဲ့။ ကားအင်ဂျင်ထဲရေဝင်တာ၊ ရေကြီးနေတဲ့အောက်က အချွန်အတက်တွေကြောင့် ကားဘော်ဒီ၊တာယာ တစ်ခုခုဖြစ်နိုင်တာ၊ မြေကျွံတာတွေအပြင် ပါဝါစတီယာရင်ဂန်းနဲ့ မော်တာကို ကားအောက်ပိုင်မှာတပ်ဆင်ထားတဲ့ အချို့ မော်ဒယ်မြင့်ကားတွေ (ဥပမာ-Crown,Mark X) ဆို မော်တာထဲကို ရေဝင်ပြီး မလိုအပ်ဘဲ ငွေကုန်ကြေးကျများနိုင်ပါတယ်။

(၈) လေကာမှန်တွေကို ရေငွေ့မရိုက်ပါစေနဲ့

ကားတွင်း အပူချိန်ကြောင့် လေကာမှန်တွေမှာ ရေငွေ့တွေရိုက်နေပြီဆိုရင် အဲကွန်းက လေထုတ်လမ်းကြောင်းကို လေကာမှန်ရှိရာသို့ပြောင်းပေးပြီး ရေငွေ့ကို ပိုမြန်မြန်ဖယ်ရှားနိုင်ပါတယ်။ အဲကွန်းမနိုင်တဲ့ကားတွေဆို ရေငွေ့သုတ်ဖို့ ကားထဲမှာ သဘက်လို အဝတ်တစ်ခုဆောင်ထားသင့်ပါတယ်။

(၉) မိုးရေမတင်နိုင်တဲ့ ဆေးရည်ကို မှန်မှာ ဖြန်းထားပေးပါ

Rain Repellent လို့ခေါ်တဲ့ ကားမှန်ပေါ်ကို ရေမတင်အောင်ကာကွယ်နိုင်တဲ့ဆေးရည်လေးကို မှန်ပေါ်မှာ ဖြန်ထားမယ်ဆို ရေစက်တွေ အရမ်းတင်လို့ အပြင်ကို မမြင်ရတဲ့ ပြသနာကို အထိုက်အလျှောက် ပြေလည်စေပါလိမ့်မယ်။ ကားပစ္စည်းရောင်းတဲ့ဆိုင်တော်တော်များများမှာ Rain Repellent ဆေးရည်ကိုဝယ်ယူလို့ရပါတယ်။

(၁၀) ကြိုတင်ပြင်ဆင်ထားပါ

မိုးရာသီမှာ ညဘက် အနီးအနားဖြစ်စေ၊ ခရီးဝေးဖြစ်စေ မလွှဲမရှောင်သာသွားရတော့မယ်ဆို ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားပါ။ မိုးကာအကျီ၊ လက်နှိပ်ဓါတ်မီး၊ အပိုဘီး၊ ဂျိုက်၊ ဂွ စတာတွေ အစုံအလင် ကားထဲမှာ ထားထားပါ။

ခရီးဝေးသွားရမယ်ဆို လမ်းခုလတ်မှာ မိမိဘာသာ မပြုပြင်နိုင်တဲ့ စက်ပိုင်းဆိုင်ရာချို့ယွင်းတာပဲဖြစ်စေ၊ အရေးပေါ်အခြေအနေကြုံလာတာပဲဖြစ်စေ အကူအညီတောင်းလို့ရအောင် မိမိရဲ့လက်ကိုင်ဖုန်းကို အားပြည့်အောင်သွင်းထားပါ။

credit-Myanmar Automobile Directory

22/09/2023

တိုင်မင်လွဲခြင်းနှင့် ဆိုးကျိုးများ

အင်ဂျင်ရဲ့လည်ပတ်နေတဲ့အစိတ်အပိုင်းတွေအားလုံးက တိုင်မင်ကိုက် (Timing) လည်ပတ်လှုပ်ရှားနေတာဖြစ်ပါတယ်။ အင်ဂျင်ပါဝါရရှိအောင်လုပ်ဆောင်ပေးနေတဲ့ စုပ်ယူခြင်းလုပ်ငန်းစဉ် (Intake Stroke) ၊ ဖိကျစ်ခြင်းလုပ်ငန်းစဉ် (Compression Stroke) ၊ လောင်ကွျှမ်းပေါက်ကွဲခြင်းလုပ်ငန်းစဉ် (Combustion Stroke) ၊ အိတ်ဇောထုတ်ခြင်းလုပ်ငန်းစဉ် (Exhaust Stroke) တို့ကိုလည်း တိုင်မင်ကိုက်လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

ဆီပေးသင့်တဲ့အချိန်မှာ ဆီပေးခြင်း၊ မီးပေးရမဲ့အချိန်မှာ မီးပေးခြင်း၊ အင်းလပ်ဗားနှင့် အိတ်ဇောဗားအဖွင့်၊ အပိတ်လုပ်ပေးသင့်တဲ့အချိန်တွေမှာ အဖွင့်၊အပိတ်လုပ်ပေးခြင်း၊ ပစ်စတင်အတက်၊အဆင်းဖြင့် ကမ်မရှပ်နှင့် ကရိုင်းရှပ်လည်ပတ်မှုတွေကိုလည်း တိုင်မင်ကိုက် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။

အဲ့ဒီလိုတိုင်မင်ကိုက်လုပ်ဆောင်ပေးဖို့အတွက် အင်ဂျင်ရဲ့အစိတ်အပိုင်းတွေကို တိုင်မင်အမှတ်တွေအတိုင်း သေချာတပ်ဆင်ထားတာဖြစ်ပါတယ်။ တိုင်မင်ချိန်း (Timing Chain)၊ တိုင်မင်ဂီယာ (Timing Gear)၊ တိုင်မင်ဘတ်ကြိုး (Timing Belt) စတဲ့ပစ္စည်းတွေကိုလည်း အင်ဂျင်တိုင်မင်အမှတ်တွေတိုင်း သေချာတပ်ဆင်ထားတာဖြစ်ပါတယ်။

အကယ်၍ တိုင်မင်သာအနည်းငယ်လွဲမှားနေခဲ့ရင် အင်ဂျင်နှိုးဖို့ခက်ခဲသလို နှိုးလို့လုံးဝမရတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ နှိုးလို့ရခဲ့ရင်လည်း အင်ဂျင်သံဆူညံနိုင်ပါတယ်။ ဒါ့အပြင် အင်ဂျင်နှိုးနေပြီး Backfire ကဲ့သို့ မီးပေါက်ခြင်းနှင့် အင်ဂျင်ပြောင်းပြန်လည်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကတော့ တိုင်မင်အနည်းငယ်လွဲမှားနေတာကို ဆိုလိုတာဖြစ်ပြီး အကယ်၍ တိုင်မင်လွဲမှုကြီးမားပါက အင်ဂျင်လုံးဝလှည့်မရခြင်းအထိဖြစ်စေနိုင်သလို အင်ဂျင်ပျက်စီးမှုလည်း ကြီးမားနိုင်ပါတယ်။ ဒါကြောင့် အင်ဂျင်မှာတပ်ဆင်ထားတဲ့ တိုင်မင်အမှတ်တွေအတိုင်း သေချာချိန်ပြီး တပ်ဆင်ပေးဖို့လိုအပ်တာဖြစ်ပါတယ်။

တခါတလေ တိုင်မင်ချိန်တဲ့အခါ သေချာအမှတ်တည့်အောင်ချိန်ပြီး တပ်ဆင်ထားပေမယ့် တိုင်မင်ချိန်း (သို့) တိုင်မင်ဘတ်ကြိုးရဲ့ တန်ရှင်နာ (Tensioner) မကောင်းတာကြောင့် တိုင်မင်းအနည်းငယ်လွဲတာကိုလည်း ကြုံတွေနိုင်ပါတယ်။ ဒါအပြင် တိုင်မင်ချိန်း၊ တိုင်မင်ဘတ်၊ တိုင်မင်ဂီယာမကောင်းတာကြောင့်လည်း တိုင်မင်လွဲမှားခြင်းကို ဖြစ်စေနိုင်ပါတယ်။

Credit to Khayan Tharlay

01/09/2023

ကားတစ်စီး မှာ ဘာတွေပုံမှန်စစ်သင့်လဲ

၁။ Power Sterring Fluid ကိုပုံမှန်စစ်ဆေးပါ။
၂။ တာယာ တွေစားနေလား၊ အလိုင်းမန့်တွေမှန်ရဲ့လားစစ်ပါ။
၃။ ဆီဖစ်တာ (Filter) တွေ ကိုစစ်ဆေးပြီးပုံမှန်လဲလှယ်မှုလုပ်ပေးပါ။
၄။ Battery ကြိုးတွေ၊ ခေါင်းတွေ ကိုစစ်ပါ။
၅။ Timing Belt ကို ကီလို(၈သောင်း-၁သိန်း)အတွင်း လဲပေးပါ။
၆။ Oil Change ကို ကီလို(၃ထောင်-၆ထောင်)အတွင်းလဲပေးပါ။
၇။ Wiper တွေကိုစစ်ဆေးပြီး လဲပေးပါ။
၈။ Break တွေကိုအမြဲကောင်းမွန်နေပါစေ။
၉။ Coolent ပုံမှန် level မှာရှိပါစေ။
၁၀။ Spark Plug တွေကို လိုအပ်ရင်လဲလှယ်ပေးပါ။

19/08/2023

ကားကမပျတ်လဲပြင်ရတယ်လေ။ ကားဆိုတာကလေးလိုပဲ။မနာဖျားခင်ကြိုကြည့်ရတာ။ဆိုတော့ကားဆေးခန်းလာပြကြပါ။ဝေတနာဆိုတာပြကြည့်မှ့သိရတာလေ။

14/08/2023

#ကားဘက်ထရီ ကြိုးကို မှန်ကန်စွာဖြုတ်တတ်ဖို့ .....

ကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ ပြုပြင်တော့မည် ဆိုပါက ဘက်ထရီကြိုးကို အရင်ဖြုတ်ပါ။

ပါဝါဝင်းဒိုးဆိုရင် ကြိုးမဖြုတ်ခင် မှန်အရင်ချပါ။ ကားထဲမှာ သော့ကို မထားခဲ့ပါနဲ့။
ဘက်ထရီကြိုး ဖြုတ်လိုက်တာနဲ့ ပါဝါဝင်းဒိုးတွေဟာ လော့ကျ သွားတတ်ပါတယ်။
ဘက်ထရီကြိုး ပြန်တပ်လိုက်လို့ လော့ ပြန်ပွင့်တယ်ဆိုတာ မရှိပါဘူး။
ဒါကြောင့်မို့ မှန်ချထားပါ၊
သော့ကို ယူထားပါ။

ဘက်ထရီကြိုး ဖြုတ်တဲ့နေရာမှာ အမကြိုးကို (-) အရင်ဖြုတ်ရမလား
အဖိုကြိုးကို (+) အရင်ဖြုတ်ရမလား ဆိုတဲ့ အချက်ရှိပါတယ်။

အမကြိုးကို အရင်စဖြုတ်ပါ။
ဘက်ထရီထဲက လျှပ်စစ်တွေက စထွက်တော့ အမခေါင်းကနေ စတင်ပါတယ်။
လျှပ်စစ် ဖြတ်သန်း စီးဆင်းပြီးတဲ့ အခါမှာတော့
အဖိုခေါင်းကနေ လျှပ်စစ် ပြန်ဝင်ပါတယ်။

ဒီတော့ အဖိုကြိုးကို အရင် သွားဖြုတ်မိရင်
အမကနေ ထွက်နေတဲ့ လျှပ်စီးတွေဟာ
ပြန်ဝင်ဖို့ လမ်းမရှိတော့ပဲ ကားကိုယ်ထည်ထဲမှာ ရှိနေပါလိမ့်မယ်။

အဲ့ဒီအချိန် ကားကို သွားထိမိရင်
အကြောအချင်တွေ ပြေသွားပါလိမ့်မယ်၊
အခန့်မသင်ရင် အသက်အန္တရာယ်ကို ထိခိုက်နိုင်ပါတယ်။
အဆင်ပြေမည် ဆိုပါက
လျှပ်ကာလက်အိတ်ကို ၀တ်ဆင်ပြီး
ဖြုတ်တာ အကောင်းဆုံးပါ။

ဒါကြောင့်မို့ အမကြိုးကိုသာ အရင်စဖြုတ်ပါ။
ပြန်တပ်ရင်တော့ အဖိုကြိုးကို အရင်ပြန်တပ် ရပါတယ်။
ကြိုး ၂ ကြိုးလုံးကို သေချာစွာ ပြန်တပ်ပြီးလျှင်
အပေါ်က စွပ်ထားတဲ့ အဖုံးတွေကို သေချာစွာ ပြန်ဖုံးပေးပါ။

ဘက်ထရီ မကောင်းရင် အမြန်လဲပါ။
ဘက်ထရီ မကောင်းလို့ တွန်းနှိုးရတယ် ဆိုတာ
၁ ကြိမ် ၂ ကြိမ်သာ ကောင်းပါတယ်။

အကြိမ်ရေ များလာရင် Timing Belt ချော်သွား တတ်ပါတယ်။
စရိတ်နည်းနည်း ကုန်ရမယ့် နေရာမှာ
များများ မကုန်ရလေအောင် သင့်ကားဘက်ထရီကို ဂရုစိုက်ပါ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

Videos (show all)

Telephone

Website

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00