Baby Hakha
Hakha
Chin State
ခလေးတော့မွေးပြီး ခလေးချီးသေးပေတဲ့
အဝတ်မလျှော်ချင်ကြတော့ အချိန်တိုင်းခလေးကို
ဒိုက်ဗာဝတ်ပေးထားလို့ အရေပြားလန်ပြီးခလေးနာကျဉ်နေတာဘယ်လောက်သနားဖို့ကောင်းလဲ
ညအိပ်တဲ့အချိန်နဲ့ခရီးသွားတဲ့အချိန် ဒိုက်ဗာဝတ်ပေးတာမပြောလိုပါဘူး
ကျန်တဲ့အချိန်လေးတော့ ဘောင်းဘီလေးဝတ်ပေးထားပေါ့ရှင်
ဒီ Post က ငပျင်းမေမေတွေအတွက်အထူးသီးသန့်
လဲ့လဲ့ဝင်း
# တွေဖတ်တာမနိုင်တောဘူး
အားလုံးကိုကျေးဇူးတင်ပါတယ်
သူများpostကိုcopyလာတင်ပေးတာပါ
ဘာဘဲဖြစ်ဖြစ်ပါ ဒီမှာရေးထားတဲ့commentတွေဖတ်ပြီးမသိသေးတဲ့လူတွေသိသွားတဲ့အတွတ်ဝမ်းသာမိပါတယ်😊😊
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
Due Date နီးလာရင် ဘာတွေကြိုပြင်ကြမလဲ?
ဗိုက်နာတဲ့အချိန်မှဆိုရင် ဟိုအထုပ်ဆွဲ ဒီအိတ်ဆွဲနဲ့ အကုန်ကျန်ခဲ့မှာ သေချာသလောက်ပါ။ ဒီတော့ Due date နီးလာပြီဆိုတည်းက စိတ်အေးလက်အေးရှိတုန်း လိုမယ်ထင်တာလေးတွေ ကြိုပြင်ထားသင့်ပါတယ်။
အထူးသဖြင့် သားဦးမေမေတွေက အတွေ့အကြုံရှိတဲ့ သူနဲ့ တိုင်ပင်ပြီး လိုတာတွေ ကြိုစီစဉ်ထားပါ။ အနည်းဆုံး ၁လ- ၂လအလိုတည်းက ပြင်ထားကြပါ။ ကလေးက ရက်အတိအကျ မွေးချင်မှ မွေးမှာပါ။
ပြင်ဆင်ထားရမှာတွေကတော့
-အိတ်ထဲမှာ ကလေးမွေးပြီးရင် သက်သောင့်သက်သာဝတ်နိုင်မယ့် အဝတ်အစားတွေကို ၂-၃စုံထည့်ပါ။ ထမီပိုထည့်ပါ။ မီးနေသည်သုံး padကို မမေ့ပါနဲ့။ ရေချိုးခန်းစီး ဖိနပ်လေးပါ ဆောင်သွားပါ။
-ကလေးအတွက် အနှီး၊ အိပ်ရာခင်း၊ အဝတ်အစား၊ သေးခံတွေ ပါပါစေ။ ပရုတ်လုံးနဲ့ သိမ်းတာကို ရှောင်ပါ။
-တစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းတွေကို (ဥပမာ သွားပွတ်တံ) ထည့်ထားပါ။
-ဆေးရုံမှာ လူနာနဲ့ လူနာစောင့် အဆာပြေစားဖို့ အလွယ်စားစရာ (ဥပမာ ဘီစကစ်) စတာတွေ ဝယ်ထားပါ။ တကယ်ကြုံလာရင် ထွက်စားဖို့၊ မှာစားဖို့ ကသီနိုင်ပါတယ်။
-လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ ဆေးမှတ်တမ်းတွေကို တစ်စုတည်းထားပါ။
-လူနာလိုက်စောင့်ပေးမယ့်သူကိုလည်း ကြိုပြင်ခိုင်းပါ။
-မွေးမယ့် ဆေးရုံ၊ ဆရာဝန် စတာတွေကို စီစဉ်ပါ။ ညဘက်မှာ ဗိုက်နာလာခဲ့ရင် ဘယ်လိုသွားကြမလဲ စတာတွေကိုလည်း ထည့်တွက်ထားပါ။
- ကလေးမွေးမယ့် လက္ခဏာတွေကို သေချာလေ့လာထားပါ။
-ဗိုက်နာလာရင် ဘယ်သူတွေကို ခေါ်မှာလဲ၊ ဘယ်သူက ဆေးရုံလိုက်ပို့မှာလဲ စတာတွေကို ပြင်ဆင်ပါ။ မွေးရက်နီးလာတဲ့အခါ ဒီလူတွေကို သတိပေးထားပါ။
ဒါတွေပြင်ဆင်ပြီးသွားရင်တော့ မွေးခါနီး အားရှိအောင် အနားယူပါ။ အာဟာရပြည့်အောင်စားပါ။ စိတ်အေးအေးထားပါလို့ အကြံပြုချင်ပါတယ်။
က်ုယ်ဝန်ဆောင်မေမေတို့ တစ်ဦးနဲ့တစ်ဦး ဝိုင်းဝန်းအကြံဉာဏ်ပေးဆွေးနွေးဖို့ Group လေးဖွဲ့ပေးမယ်နော် အဖွဲ့ဝင်ထားပြီး ကူညီကြရအောင်❤
https://www.facebook.com/groups/5519316208125791/?ref=share
ကလေးနို့ဝ မဝဘယ်လိုသိနိုင်မလဲ
နို့တစ်ခါတိုက်တိုင်း ကလေးက ဘယ်လောက်ပမာဏထိစို့လိုက်လဲဆိုတာကို တိုင်းတာတွက်ချက်လို့မရပါဘူး။ ကလေးရဲ့ပင်ကိုယ်အသိစိတ်ကသာ ဗိုက်ဆာရင်ငိုတာ၊ နို့စို့တာ၊ ဗိုက်ဝရင်နို့စို့ရပ်တာတွေကို အလိုအလျောက် ဆောင်ရွက်ပေးပါတယ်။ ဗိုက်ဝတဲ့ကလေးငယ်တစ်ယောက်ဟာ မကြာမကြာ ဆီးသွားခြင်း၊ ဝမ်းသွားခြင်းပြုလုပ်ပါတယ်။
မွေးပြီး (၅)ရက်မြောက်နောက်ပိုင်းမှာ ကလေးငယ်ဟာ (၂၄) နာရီအတွင်း ဆီး (၆)ကြိမ် ဒါမှမဟုတ် (၆) ကြိမ်အထက်၊ ဝမ်း (၃)ကြိမ် ဒါမှမဟုတ် (၃) ကြိမ်အထက် သွားသင့်ပါတယ်။ ဝမ်းအရောင်ဟာလည်း အဝါရောင်ဖြစ်သင့်ပါတယ်။ ဝမ်းဟာ အရည်လိုဖြစ်နေနိုင်သလို အစေ့လေးတွေလည်းပါတတ်ပါတယ်။
ကလေးတွေရဲ့ ဝမ်းသွားတဲ့အလေ့အထဟာ ဖြည်းဖြည်းချင်း ပြောင်းသွားမှာပါ။ ကလေးအသက် (၄)-(၆) ပတ် ဒါမှမဟုတ် ဒီ့ထက်ကြီးလာရင် မိခင်နို့စို့တဲ့ကလေးတွေဟာ နို့သောက်ပြီးတိုင်းနီးပါး ဝမ်းသွားတတ်ပါတယ်။ ဒါပေမဲ့ ပမာဏနည်းနည်းသာသွားပါတယ်။ ဒါဟာ မိခင်နို့ကောင်းကောင်းထွက်နေတဲ့သဘောပါပဲ။
အကယ်လို့ ကလေးမွေးပြီး (၄)-(၅) ရက်နောက်ပိုင်းမှာတောင် သူ့ဝမ်းဟာ အရောင်ရင့်ခြင်း သို့မဟုတ် အမည်းရောင်ဖြစ်နေရင်၊ ဆီးကောင်းကောင်းမသွားရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကိုသွားရောက်ပြသဖို့လိုပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အာထရာဆောင်း ဘယ်နှကြိမ်ရိုက်သင့်သလဲ . . .
--- ၊ ဒေါက်တာအေးသီတာအုန်း(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊ ---
▶ကိုယ်ဝန်ဆောင်မှာ အာထရာဆောင်း ဘယ်နှကြိမ်ရိုက်သင့်ပါသလဲ ဆရာမ။
(၁) ကိုယ်ဝန်ဆောင်မှာ ပထမဆုံး မဖြစ်မနေ ရိုက်သင့်တဲ့ အာထရာဆောင်းက Dating Scanပါ။ ကိုယ်ဝန်ရှိမှန်း သိသိချင်း (၅ ပတ်နဲ့ ၁၂ ပတ်ကြား) ရိုက်တဲ့ အာထရာဆာင်းကို Dating Scanလို့ ခေါ်ပါ တယ်။ ကိုယ်ရဲ့ နောက်ဆုံး ရာသီလာတဲ့ရက်နဲ့ အာထရာဆောင်းရက်ကြည့်ပြီး မွေးမယ့်ရက် သိရှိနိုင်ဖို့ ရိုက်တာ ဖြစ်ပါတယ်။
(၂) အခုနောက်ပိုင်းမှာ ကိုယ်ဝန် ၂၀ ပတ်ဝန်းကျင်မှာ Anomaly Scanဆိုပြီး ကလေးရဲ့ ခန္ဓာကိုယ်ချို့ယွင်းချက် ရှိ၊ မရှိ၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ်တစ်ခုချင်း ကြည့်ပေးတဲ့ အာထရာဆောင်း ရိုက်ကြပါတယ်။ ကလေးအနေအထား၊ အချင်းအနေအထားလည်း သိနိုင်တဲ့အတွက် အိုဂျီတွေကလည်း ရိုက်ခိုင်းပါတယ်။
(၃) ကိုယ်ဝန် ၂၆ ပတ်နဲ့ ၃၀ ပတ်ကြားမှာ မေမေ ဖေဖေတွေက ကလေးရဲ့ မျက်နှာ၊ သားသားလား၊ မီးမီးလား စသဖြင့် ကွဲကွဲပြားပြား သိချင်လို့ 4D Scanကို ရိုက်လာကြပါတယ်။
(၄) ကိုယ်ဝန် ၃၇ ပတ်ဝန်းကျင်မှာ ကလေးရဲ့ ရေမြွှာရည်အနည်းအများ၊ ကလေးကြီးခြင်း/ သေးခြင်းကို သိဖို့ လိုအပ်တဲ့အတွက် အာထရာဆောင်း Scan ရိုက်ခိုင်းပါတယ်။
ဒီလေးကြိမ်ကတော့ အခုအခါမှာ မဖြစ်မနေ အရိုက်များတဲ့ အာထရာဆောင်း Scanအမျိုးအစားတွေ ဖြစ်ကြပါတယ်။ ဒါတွေရိုက်တဲ့အတွက် ကလေးမှာ ဘာထိခိုက်မှုမှာ မဖြစ်ပါဘူး။ စိတ်ချလက်ချ ရိုက် လို့ရပါတယ်ဆိုတာကို ဆရာမက ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
🤰🤰ရင်သွေးလေးကို မွေးဖွားတော့မယ်ဆိုရင်👩🍼🤱
*************************************************
👶(၉)လလွယ်လို့ (၁၀)လဖွားမယ့်အချိန် ရင်သွေးလေးရောက်လာတော့မယ့်နေ့အတွက် ရင်ခုန်စိတ်လှုပ်ရှားရတာ မိခင်တိုင်းလိုလိုပါ။
👶ကလေးလေးကိုမွေးဖွားပြီးရင် စိတ်သွားတိုင်းကိုယ်မပါဘဲ အခန်းအောင်းရမယ့်အချိန်တွေလည်း ရောက်လာတော့မှာမို့ မမွေးခင်၊ မဖွားခင်မှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။
👶ဉာဏ်ကျယ်လေးက မိခင်လောင်းတို့ရဲ့ စိုးရိမ်စိတ်ကိုလျှော့ချနိုင်ဖို့ "ရင်သွေးလေးအတွက် ပြင်ဆင်စရာများ"ကို မျှဝေပေးပါမယ်.........
၁။ ပိတ်အနှီး
၂။ ဖလံထည်အနှီး
၃။ သုံးမြှောင့်အနှီး
၄။ အနှီးလျှော်ဆပ်ပြာရည်
၅။ ကလေးအင်္ကျီ(လက်တို)
၆။ ကလေးအင်္ကျီ(လက်ရှည်)
၇။ ဦးထုပ်
၈။ လက်အိတ်
၉။ ခြေအိတ်
၁၀။ ကလေးစောင်(ထူ/ပါး)
၁၁။ အိပ်ယာ
၁၂။ ကလေးလက်သည်းညှပ်
၁၃။ ကလေးသုံးနားကြပ်တောင်
၁၄။ အုန်းဆီ
၁၅။ Baby Oil
၁၆။ Body Lotion(Newborn )
၁၇။ ဂွမ်းလိပ်ထုပ်ကြီး
၁၈။ ဂွမ်းလိပ်ထည့်ရန် ဘူး(၂)ဘူး-မျက်နှာနှင့်အညစ်အကြေးသန့်စင်ရန်
၁၉။ Diaper (Newborn)
၂၀။ Wet Tissue (အနည်းဆုံး-၂ထုပ်မှစ၍)
၂၁။ Hand Gel
၂၂။ ကလေးသေးခင်း
၂၃။ မွေ့ယာစွပ်သေးခင်း
၂၄။ နို့မှုန့်ဘူးသေး(0+) {မိခင်နို့မထွက်ခဲ့သည်ရှိသော်)
🚫ရှောင်ရန်🚫
- ပရုတ်လုံး
- ခြင်ဆေးခွေ/ရည်
- အခြားအနံ့ပြင်းအခိုးငွေ့များ
- ဆူညံသံများ
မိသားစုဝင်များ လိုက်နာရန်❗
================
- ကလေးသည် မိခင်၏ဝမ်းကြာတိုက်တွင် နွေးထွေးလုံခြုံစွာနေခဲ့တာမို့ တိတ်ဆိတ်၍နွေးထွေးသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။
- ကလေး(၄)လ မပြည့်မချင်း ခေါင်းမတုံးရပါ။
- ကလေးကို ညှော်မနံအောင်ထားပါ။
- ကလေးချက်ထဲကို မည်သည့်ဆေးမှ မထည့်ပါနဲ့။
- flash lightဖွင့်ပြီး ဓာတ်ပုံရိုက်ခြင်း လုံးဝမပြုလုပ်ရပါ။
- ကလေးကို လူတိုင်းကို ပေးမချီပါနဲ့။
- ကလေးချီခါနီးတိုင်း လက်ကို Hand Gelဖြင့် ဆေးကြောပါ။
- ကလေးအတွက် နူးညံ့၍သန့်ရှင်းသော အနှီး၊ အဝတ်များကိုသာ အသုံးပြုပါ။
- အပြင်ကပြန်လာလျှင် အဝတ်လဲ၊ တကိုယ်ရည်သန့်ရှင်းမှုပြုပြီးမှ ကလေးကိုချီပါ။
မိခင်တို့လိုက်နာရန်❗
=============
- မိခင်နို့တိုက်ကျွေးလျှင် မိမိရဲ့နို့ကို သန့်ရှင်းအောင်ထားပါ။ (ဆေးကြောပါ)
- နို့ဗူးတိုက်လျှင် ဗူးကို နို့ဗူးဆေးဆပ်ပြာရည်၊ ရေနွေးပူတို့ဖြင့် ဆေးကြောပါ။
- လက်သည်း၊ ခြေသည်း လှီးဖြတ်ပါ။
- ဆံပင်ကျွတ်ရင် အတိုညှပ်ခြင်း၊ စည်းထားခြင်းကို ဂရုတစိုက် ဆောင်ရွက်ပါ။
- အဟာရဓာတ် စုံလင်အောင်စားပါ။
- စိတ်ချမ်းသာအောင်နေပါ
+++++++++++++++++++++++++++++++++++
ချစ်ခင်စွာဖြင့်💗
#ဉာဏ်ကျယ်လေး
Crd
So smart 😎
မဗိုက်တ်ို့ ဘေဘီချောချောလေး မွေးဖို့😍😍
Share ထားပါ
Cutting machines 😛😛😛😛😛
တစ်ထပ်တည်း ကျရဲ့လား mom များ😁
ဘယ်လိုလဲ ထိုးဖို့စိတ်ကူးရှိလားမေမေတို့🥰
😍😍😍
မေမေတို့အတွက် အကြည်နူးဆုံးမြင်ကွင်းလေး❣❤
like&share
မီးမီးလေးလဲ ဆံပင်စည်းချင်တယ်ဆိုလို့ 😍😍😍
ရေမွှာရည် နည်း ခြင်း
💙 ရေမွှာရည် ဆိုတဲ့ post ကို ဖတ်ပြီးမှ ဒီ post ကို ဆက်ဖတ်ရင် ပို နားလည် နိုင်ပါလိမ့်မယ်..
💙 အဲ့ဒီpost မှာ ပြောထား သလိုဘဲ ရေမွှာရည် ပမာဏ ဟာ ကိုယ်ဝန်တလျှောက် တိုးများလာလိုက်တာ .. မျက်စိထဲမှာ မြင်လွယ်အောင် ပြောပြရရင် .. ပုံမှန် ကိုယ်ဝန် တစ်ခုမှာ
၁၀ ပတ် လောက်မှာ - ၃၀ မီလီလီတာ လောက်ကနေပြီး
၃၄-၃၆ ပတ်လောက်ကျ - ၁ လီတာလောက်ထိ ရှိလာပါတယ်။
၃၇-၃၈ ပတ်လောက်မှာ တဖြည်းဖြည်း ပြန်နည်း လာပြီး
မွေးဒိတ်/ ဂျူးဒိတ်လို့ ခေါ်နေကြတဲ့ ၄၀ ပတ်လောက်ကျ
၈၀၀ မီလီလီတာလောက်ကို ပြန်ကျသွားပါတယ်။ ဒါက ပုံမှန် ကိုယ်ဝန် တစ်ခုမှာပေါ့နော်။
💙 ရေမွှာရည် ဆိုတဲ့ post မှာ ပြောပြထားကို ပြန်မှတ်မိကြရင်တော့ ..အဲ့ဒီလို အပြောင်းအလဲ တွေ ဟာ
⁃ အမေနဲ့ကလေးကြား အရည် လဲလှယ်မှုဖြစ်စဉ်
⁃ ကလေးရဲ့ အရည်ပြားက စိမ့်ထွက်မှု
⁃ ကလေးရဲ့ ရှူရှူး / ဆီး စွန့်ထုတ်မှု
⁃ ကလေး က ရေမွှာရည်တွေကို မြိုချခြင်း ဆိုတဲ့ ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တယ် ဆိုတာ သတိရကြမှာပါ။
💙ရေမွှာရည် နည်းတယ်ဆိုတာ အဲ့ဒီ ရှိသင့် ရှိထိုက်တဲ့ အရည် ပမာဏ ထက် နည်းနေတာကို ဆိုလိုပါတယ်။
အကြမ်းဖျင်း နားလည် လွယ်အောင် ပြောရရင် ကိုယ်ဝန် ၃၂-၃၆ ပတ်လောက်မှာ ၅၀၀ မီလီလီတာ ထက် နည်းနေတာမျိုးပေါ့။
ဒါပေမယ့် .. အဲ့ဒီလို အကြမ်းဖျင်းမှန်းကြည့် .. စမ်းကြည့် လို့ ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။
အာထရာဆောင်းရိုက်ကြည့်ပြီး ရေမွှာရည် ကိုအတိ အကျ တိုင်းကြည့် ၊ တွက်ချက်ကြည့်ရပါတယ်။
👉 အာထရာဆောင်းရဲ့ အဖြေမှာ.. ( အထူးသဖြင့် ကိုယ်ဝန်ရဲ. ဒုတိယ ၃ လ အတွင်းနဲ့ နောက်ပိုင်း လ ရင့် လာတဲ့ အချိန်တွေမှာ..)
⁃ Amniotic fluid index( AFI ) 5 cm ထက် နည်းနေရင်
⁃ Maximal vertical pocket ( MVP) / Deepest vertical pocket ( DVP) 2 cm ထက် နည်း နေရင်...ရေမွှာရည် နည်းနေတယ်လို့ ပြောရပါမယ်။
ရေမွှာရည် နည်း ရတဲ့ အကြောင်းရင်းတွေကတော့ ...
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
- လမစေ့မီ ရေမွှာ ပေါက်သွားလို့
⁃ အချင်း က ပုံမှန် သန်စွမ်းဖွံ့ဖြိုးမှုမရှိလို့ ( အချင်းက ကလေးဆီကို လုံလောက်တဲ့ သွေးပမာဏ မပို့နိုင်တဲ့ အတွက် ကလေးကလည်း ပုံမှန်ဖွံ့ဖြိုးမှုမရှိဘဲ ရှိသင့်တဲ့ ကိုယ် အလေးချိန်ထက် နည်းပြီးသေးကွေးလာမယ်။ လိုအပ်တဲ့ အောက်ဆီဂျင် အပြည့် အဝ မရတဲ့ အတွက် ကလေး လှုပ်ရှားမှု နည်းလာမယ်။ ကလေးရဲ့ ရဲ့ကျောက်ကပ်ဆီ သွေးပို့နှုန်းလဲ နည်းလာတာကြောင့် ကလေးရဲ့ ဆီးစွန့်ထုတ်မှု လဲ နည်း လာပြီးရေမွှာရည် ထုတ်လုပိမှု နည်း သွားတာပေါ့)
⁃ အချင်းကြောင့် ဖြစ်ရတဲ့ အကြောင်း ထဲမှာ အချိန်မတိုင်မီ စောပြီး အချင်းကွာသွားတာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်
⁃ ကလေးမှာ မွေးရာပါ ဆီးလမ်းကြောင်း/ ကျောက်ကပ်မကောင်းတဲ့ ရောဂါ တစ်ခုခု ပါလာလို့
⁃ ကလေးမှာ မျိုးရီုးဗီဇ၊ ခရိုမိုစုမ်း စတာတွေ ပုံမှန်မဟုတ်တဲ့ ရောဂါ ရှိနေလို့
⁃ အမွှာပူးကလေး လေး တွေမှာ အချင်းကို မျှပြီး သုံးစွဲရတဲ့ အခါမှာ တစ်ယောက် က ပိုရပြီး အခြား တစ်ယောက် က ရတာနည်းလို့
⁃ မိခင်မှာ အချင်း ဆီကို သွေးပို့ရန် မလုံလောက်စေတဲ့ ရောဂါ တစ်မျိုးမျိုးရှိနေလို့ ( ဥပမာ.. သွေးတိုး၊ ကျောက်ကပ်၊ သွေးကြော သို့မဟုတ် အချင်းဖြစ်ပေါ် ဖွံဖြိုးမှုကို နှောင့်နှေးစေနိုင်တဲ့ ရောဂါ တစ်မျိုးမျိုး.. ဆီးချိုရောဂါ လဲပါပါတယ်.. ဆီးချိုရောဂါဟာ အများစုမှာ ရေမွှာရည် များတတ်ပေမယ့် အမေရဲ့ သွေးကြော အသေးလေးတွေကို ထိခိုက်ရလောက်အောင် ဖြစ်နေတဲ့ ဆီးချိုရောဂါမျိုးမှာ ရေမွှာရည် နည်း စေပါတယ်)
⁃ မိခင်သောက်နေတဲ့ ဆေး ကြောင့် ( ဥပမာ ..လွယ်လွယ်သောက်မိတတ်တာတော့ NSAID အုပ်စုထဲမှာပါတဲ့ အကိုက်အခဲ ပျောက်ဆေး အပြင်း စား တွေ ပါ.. ကိုက်တာ၊ခဲတာ။ဖျားတာ ကို သက်သာတာမြန်စေပေမယ့် ကိုယိဝန်ကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်)
⁃ ကိုယ်ဝန် ၄၂ ပတိကျော်သွားရင်လည်း ကလေးရဲ့မွေးချိန်က လွန်နေပြီမို့ ကလေးက ကြီးလာပေမယ့် အချင်း က အိုလာပါပြီ။ ဆက်ပြီး ကလေးလိုအပ်သလောက် မထောက်ပံ့နိုင်တော့တာကြောင့် ဖြစ်ပါလိမ့်မယ် .. အဲ့ဒီနောက်ပိုင်းမှာ ရေမွှာရည် နည်းသွား ပါတယ်။
⁃ မိခင်မှာ ကြာရှည် သို့မဟုတ် ဆိုးဆိုးရွားရွား ရေဓါတ် ခန်းခြောက် မှု ရှိရင် လည်း ရေမွှာရည် နည်းနိုင်ပါတယ်။
ရေမွှာရည် နည်းတာဟာ မိခင်မှာ ဘယ်လို လက္ခဏာမျိုးပြပါသလဲ?
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
👉 ရေမွှာရည်နည်းတာရဲ့အစောပိုင်းမှာ ထူးထူးခြားခြား လက္ခဏာ ပြမှာ မဟုတ်ပါဘူး..
သားဖွားဆရာမ သို့မဟုတ် ဆရာဝန်က ဗိုက်စမ်းသပ်တဲ့အခါမှာ ရှိသင့်တဲ့ အရွယ်အစားထက် သေးနေတယ် ဆိုရင် အာထရာဆောင်းရိုက်ကြည့်ရပါမယ်။
ဘာလို့လဲဆိုတော့ ဗိုက်သေးနေတယ်ဆိုတာ ပုံမှန်လဲ ဖြစ်နိုင်ပါတယ်.. ပြောချင်တာက ရေမွှာရည်လည်း ပုံမှန်ဘဲ၊ ကလေးလည်း ပုံမှန်ဘဲဖွံ့ဖြိုးပေမယ့် အဖေလည်းသေး၊ အမေလည်းသေး မို့ ကလေး က ပုံမှန်သေး ပြီး ကျန်းမာတဲ့ ကလေး လဲ ဖြစ်နိုင်ပါတယ်။
ဒါတွေကို အာထရာဆောင်းရိုက်ကြည့်မှ သာ သိနိုင်ပါလိမ့်မယ်။
👉 🚩ရေမွှာရည်နည်းပြီး ကလေးလှုပ်ရှားမှုပါနည်းလာတယ်ဆိုရင်တော့ စိုးရိမ်ရနိုင်တာမို့ OG နဲ့ အမြန်ဆုံး ပြသ ဆွေးနွေးသင့်ပါတယ်။
ဘာလို့လဲ ဆိုတာကို ရေမွှာရည် နည်းခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဆက်ဖတ်ကြည့်ရင် နားလည် နိုင်ပါလိမ့်မယ်..
ရေမွှာရည် နည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
ကိုယ်ဝန်ရဲ့ အစောပိုင်း ကထဲက နည်းတာလား? ကိုယ်ဝန်ရဲ့နောက်ပိုင်းလတွေကျမှ နည်းတာလား? ဆိုတဲ့ အချက်ပေါ်မူတည်ပြီး ဘေးထွက်ဆိုးကျိုးတွေ ကွာခြား ပါတယ်။
👉အစောပိုင်းမှာဖြစ်တတ်တဲ့ အကျိုးဆက်တွေကို အစ ပိုင်းမှာရေးပြီး နောက်ပိုင်း မှာဖြစ်တတ်တာတွေကို နောက်ပိုင်းမှာရေးပေးလိုက်ပါတယ်။ သဘောကတော့ ကိုယ်ဝန်နုစဉ်က စလို့ ကိုယ်ဝန် ရင့်တဲ့ အထိ ..ပြီးတော့ မွေးဖွားတဲ့ အထိ အစဉ်လိုက်ပေါ့။
⁃ ကိုယ်ဝန်ပျက်/ သားပျက်သားလျှောခြင်း
⁃ ခြေလကိများ ပုံမှန် မဖွံ့ဖြိုးခြင်း
⁃ အဆုပ် ဖွံ့ဖြိုးမှုနှေးကွေးခြင်း သို့မဟုတ် ပြီးမြောက်အောင် မဖွံ့ဖြိုးခြင်း
⁃ ကလေးရဲ့ ဖွံ့ဖြိုးမှုနှေးကွေးပြီး ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်သေးငယ်ခြင်း
⁃ ကလေးက လွတ်လွတ်လပ်လပ် လှည့်လည် လှုပ်ရှားဖို့ အရည် နည်းနေတာကြောင့် အမေရဲ့ မွေးလမ်းကြောင်း ဘက်ကို ခေါင်းမလှည့်နိုင်ဘဲ တင်ပဆုံနဲ့ဘဲ ထိုင်နေခြင်း
⁃ ရေမွှာစောပေါက်သွားလို့ ရေမွှာနည်းတာဆိုရင်တော့ ကလေးဆီ ပိုးဝင်လွယ်ခြင်း
⁃ မွေးဒိတ်ထက် ပိုမိုစောစီးစွာမွေးဖို့ လိုအပ်နိုင်ခြင်း
⁃ ကလေးရဲ့ဘေးမှာ အရည်နည်းနေတဲ့ အတွက် မွေးဖွားချိန်မှာ ဖြစ်လာတဲ့ သားအိမ်ရဲ့ ညှစ်အားကို ကလေးက ခံနိုင်ရည် မရှိခြင်း
⁃ ခွဲစိတ်မွေးဖွားရန် လိုအပ်နိုင်ခြင်း
⁃ ကံမကောင်းစွာဘဲ မိခင် ဝမ်းတွင်း သို့ မဟုတ် မွေးဖွားပြီးခါစတွင် ကလေး သေဆုံးခြင်းတို့ဖြစ်နိုင်ပါတယ်။
ဘာတွေကို ကြိုတင်ပြင်ဆင် ကာကွယ်လို့ ရနိုင်မလဲ?
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
⁃ ကိုယ်ဝန်ကို စောနိုင်သမျှ အစောဆုံး ဆရာမ/ ဆရာဝန်/ ဆေးရုံမှာ အပ်ပါ။
⁃ ရက်ချိန်းတိုင်း မပျက်မကွက် သွားရောက် အစစ်ဆေး ခံပါ။
⁃ ကျန်းမာတဲ့ အစားအစာတွေစားပါ။ ( ရေးပေးထားတယ်နော်..😎 )
⁃ ရေကို တစ်နေ့ ၁-၂ လီတာလောက် ပုံမှန်သောက်ပါ ( အကြမ်းဖျင်း တစ်နေ့ကို ဖန်ခွက် ခပ်လတ်လတ် နဲ့ ၈ ခွက်လောက်ပေါ့)
⁃ ရောဂါအခံရှိသူတွေက အဲ့ဒီရောဂါနဲ့ သက်ဆိုင်ရာ အထူးကု ဆရာဝန်နဲ့လည်း ကိုယ်ဝန် မတိုင်မီ နဲ့ ကိုယ်ဝန်တလျှောက် မှာ ပြသ ကုသမှု ခံယူသင့်ပါတယ်။
⁃ ရေမွှာရည်နည်းနေတယ်လို့ သိထားရပြီ ဆိုရင်တော့ အိမ်မှာ အနားယူသင့်ပါတယ်။ ( ငြင်သာတဲ့ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းတွေတော့ လုပ်လို့ရပါတယ် ဥပမာ .. ပုံမှန်.. လမ်းလျောက်တာမျိုးပေါ့) အိမ်မှာအနားယူဆိုတာ က အိပ်ယာထဲ လှဲနေခိုင်းတာ မဟုတ်ပါဘူး။ ပင်ပင်ပန်းပန်း အလုပ်တွေ မလုပ်နဲ့ ။ ကျန်းမာအောင် စား၊နား၊အိပ်လို့ပြောတာပါ။
⁃ ရေမွှာပေါက်လို့ အရည်နည်းသွားတာဆိုရင်တော့ ပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း၊ ဆင်းတဲ့အရည် အနံ့ နံခြင်း၊ အရောင်ပြောင်းခြင်း၊ ဗိုက်နာခြင်း၊ ကလေး ပုံမှန် မလှုပ်ခြင်းတို့ ဖြစ်ရင် ချက်ချင်း ဆေးရုံ သွား သို့မဟုတ် OG နဲ့ ပြပါ။
💓 ကဲ ဒီလောက်ဆိုရင်တော့ .. ရေမွှာရည် နည်းတဲ့အကြောင်း က စုံလောက်ပါပြီ...
ကျွနိမ ရေးပေးတဲ့ ရည်ရွယ်ချက် က ဖတ်ပြီးသူတွေ ကြောက်လန့် ပျာယာခတ်ပြီးအစိုးရိမ်လွန်ဖို့မဟုတ်ပါဘူး..
ဖတ်လိုက်တဲ့ သူတွေ နားလည် သိရှိ သွားစေချင်တာပါ..
👉အဲ့ဒီလို သိရှိသွားတာဟာ .. အဲ့ဒီ အချိန်က စ လို့ ကိုယ် နဲ့ ကိုယ့် ကလေး ဟာ မသိသေးတဲ့ အချိန် နဲ့ ယှဉ်ရင်... သိပြီးသွား တဲ့ အချိန်နောက်ပိုင်းဟာ ပိုပြီး လုံခြုံ အန္တရာယ်နည်းလာစေပါတယ်။
ဘာလို့လဲ ဆိုတော့...ဘာတွေ ဖြစ်နိုင်သလဲ.. ဘာတွေကို သတိထားရမလဲ ဆိုတာ တွေ နားလည် သိရှိသွားတာကြောင့်ပါ။
သိရှိတယ်ဆိုတဲ့နေရာမှာလည်း .. ယုံကြည်စိတ်ချနား
လည် တတ်ကျွမ်းသူတွေဆီက မှန်ကန်တဲ့အချက်အလက်တွေကို သိရှိသွား တာဟာ ကိုယ်နဲ့ ကိုယ့် ကလေး အတွက် အကောင်းဆုံး ရလဒ် တစ်ခု ရစေဖို့ အရေးကြီးတဲ့ အထောက်အကူ တစ်ခုမို့...
မေမေတို့ အားလုံး ရလဒ်ကောင်း များသာ ပိုင်ဆိုင်ကြရပါစေ .. 🙏🙏🙏 ... လို့ ဆုတောင်းရင်း......😊🥰
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
ကလေးမွေးပြီးစ မိခင်တို့ ဆောင်သင့်၊ ရှောင်သင့်သည့် အရာများ
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
မေး- ကလေးမွေးပြီးစ မိခင်တွေအနေနဲ့ ဆောင်သင့်၊ ရှောင်သင့်တဲ့ အရာတွေကို အကြံပြုရေးပေးပါဦး ဆရာမ။
ဖြေ-ကလေးမွေးပြီးစ မိခင်တွေမှာဆိုရင် အစားအသောက်အနေနဲ့ ဆောင်ရန်ကတော့ အာဟာရ ပြည့်ဝအောင် စုံလင်မျှတစွာ စားသုံးပေးပါ။ အာဟာရအုပ်စု (၃) ခုဖြစ်တဲ့ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်ပါဝင်အောင် စားသောက်ရမှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်အားဆေးကိုလည်း ပုံမှန်အတိုင်းပဲ ဆက်ပြီး မှီဝဲရပါမယ်။ ဒါမှသာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝတဲ့ မိခင်နို့ရည်ကို ကလေးက စို့နိုင်မှာ ဖြစ်ပါတယ်။
ရှောင်ရန်ကတော့ အငန်တွေ ရှောင်ရပါမယ်။ ငပိ၊ ငါးခြောက်စတာတွေကို လျှော့စားရပါမယ်။ သွေးတိုးရှိတဲ့ မိခင်ဖြစ်စေ၊ သွေးမတိုးတဲ့ မိခင်ဖြစ်စေ ပူစပ်လွန်း၊ ငန်လွန်းတဲ့ အစားအသောက်တွေကိုတော့ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
ကလေးမွေးပြီးစမိခင်တွေက ကိုယ့်ကလေးကို ပြုစုစောင့်ရှောက်မှုတွေကို ပုံမှန်အတိုင်း လုပ်လို့ရပါတယ်။ ဒါပေမဲ့ အလေးအပင် မ,လွန်းတာ၊ အအေးခံလွန်းတာတွေ ရှောင်ရပါမယ်။
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
ခွဲမွေးပြီးရင် ဗိုက်စည်းကို ဘာကြောင့် စည်းသင့်သလဲ
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
➡ ဗိုက်ခွဲမွေးပြီးရင် ဗိုက်စည်းကို ဘာကြောင့် စည်းသင့်ပါသလဲ၊ ဘာကောင်းကျိုးရှိပါသလဲ၊ ဘယ်နှ ရက်အထိ ဗိုက်စည်းဝတ်ပေးသင့်ပါသလဲ ဆရာမ။
✅ ဗိုက်ခွဲပြီးချိန်မှာ ဗိုက်စည်း စည်းထားရင် ဗိုက်ကို တင်းတင်းရင်းရင်းလေး ဖြစ်စေပါတယ်။
✅ ဘေးဘယ်ညာစောင်းတဲ့အခါ၊ ထိုင်-ထလှုပ်ရှားမှုတွေ လုပ်တဲ့အခါ ဗိုက်က အထိန်းသဘောလေး ဖြစ်နေတဲ့အတွက်ကြောင့် နာကျင်မှုကို သက်သာစေပါတယ်။
✅ သားအိမ်ကို ဖိထားသလို ဖြစ်တဲ့အတွက် သားအိမ်ဝပ်တာကို မြန်စေပါတယ်။
✅ သွေးဆင်းများတာကိုလည်း ကာကွယ်လျှော့ချပေးပါတယ်။
ဒါတွေက ဗိုက်စည်း စည်းတဲ့အတွက် ရရှိတဲ့ ကောင်းကျိုးလေးပါ။
ဘယ်အချိန်မှာ ဗိုက်စည်းစည်းသင့်သလဲဆိုရင်တော့-
တချို့အိုဂျီတွေက ဗိုက်စည်းကို ခွဲခန်းထဲက အထွက်မှာကတည်းက တစ်ခါတည်း စည်းပေးလိုက်တာ ရှိပါတယ်။
မွေးပြီး တစ်ရက်-နှစ်ရက်နေမှ ဗိုက်စည်း စည်းတာကို သဘောကျတဲ့ အိုဂျီတွေလည်း ရှိပါတယ်။ ဒါက ကိုယ်အပ်ထားတဲ့ အိုဂျီတွေရဲ့ ညွှန်ကြားချက်အတိုင်း ဗိုက်စည်း စည်းလို့ရပါတယ်။
ဗိုက်စည်းကို ဘယ်အချိန် စစည်းသင့်တယ်၊ ဘယ်အချိန်အထိ စည်းသင့်သလဲဆိုတာကတော့ သုတေသနပြုထားတာ မရှိတဲ့အတွက် ကိုယ်ပြသနေတဲ့ အိုဂျီရဲ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။
သုံးမွှာပူး လိုချင်ကြလာ 😍😍😍
သားယောကျာ်းလေးလိုချင်သော မေမေများအတွက် 👩👦🤦♀️
¶ငှက်ပျောသီး
¶ခရမ်းချဥ်သီး
¶ထောပတ်သီး
¶လိမ္မောသိး သိူ့ လိမ္မော်ရည်
¶ပဲပင်ပေါက်
¶ပျားသလပ်
¶ဗန်ဒါစေ့
¶မုန်လာဥဖြူ/နီ
¶သံပယိုသီး
¶ချယ်ရယ်သီး
¶ရွှေဖရုံသီး
¶စားတော်ပဲ
¶ဟင်းနုနွယ်ရွက်
¶ကန်စွန်းဥ
¶သလဲသီး
¶အုန်းရည်
¶ဆောလမွန်ငါး
¶တရုတ်ဇီးသီးခြောက်တို့ကို တနေ့တမျိုးမရိုးအောင်စားပေးပါက သားယောကျာ်းလေးရဖို့ ရာခိုင်နှုန်းများစေပါတယ်ရှင်.....................
ကလေးမယူခင် ၆လလောက်ကတည်းက ကြိုစားထားရင် သားေယာကျာ်းေလးရဖို့ ပို၍ရာခိုင်နှုန်းများစေပါတယ်
သမီးလေးလိုချင်သူများအတွက်လဲ အချိန်ပေးပြီးထပ်တင်ပေးပါမယ်နော်........................................
အားလုံးဘဲ လိုချင်သော ရင်သွေးရတနာလေးများ အမြန်ဆုံးရပါစေ🥰
Fertility Guide By De Dee
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
ကိုယ်ဝန်ဆောင်ချိန် မူးမော်ခြင်းနှင့်ပျို့ အန်ခြင်းများအတွက် နည်းလမ်းများ
(၇၀) ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မူးဝေခြင်းနှင့် ပျို့အန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ သို့သော် ထိုသို့ဖြစ်ခြင်းက အများအားဖြင့် မိခင်ရော ကလေးကိုပါ ထိခိုက်မှုမဖြစ်စေပါ။ အချို့သော အမျိုးသမီးတွေကတော့ ထိုဝေဒနာတွေကို ပြင်းထန်စွာ ခံစားတတ်ရပြီး အစာမစားနိုင်တော့တဲ့အထိ ခံစားရတတ်ပါတယ်။ ဒီလိုမျိုးဖြစ်ပြီဆိုရင်တော့ ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့ အမြန်ဆုံး ဆေးကုသမှုခံယူသင့်ပါတယ်။
အများအားဖြင့် မူးဝေခြင်းနှင့် ပျို့အန်ခြင်း သည်ကိုယ်ဝန် (၄) ပတ် မှ (၆)ပတ် အတွင်း ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရင့်လာတာနှင့်အမျှ လျော့နည်းသွားတတ်ပြီး ကိုယ်ဝန်အပတ် (၂၀) မှ (၂၁ ) ပတ် အတွင်း လုံး၀ ပျောက်ကင်းသွားတတ်ပါတယ်။ သို့သော် တချို့အမျိုးသမီးတွေ အနေနဲ့ မူးဝေခြင်းနှင့် ပျို့အန်ခြင်း လုံး၀ မဖြစ်တတ်ပါ။ တစ်ယောက်နဲ့ တစ်ယောက် မတူညီပါ။
ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ပျို့အန်တာများလာပါက အားပျက်လာကာ ရေဓာတ်ဆုံးရှုံးတာတွေ ပါဖြစ်တတ်ပါတယ်။ ထိုသို့မဖြစ်အောင် အောက်ဖော်ပြပါ အချက်တွေကို ဆောင်ရွက်သင့်ပါတယ်။
၁။ နံနက်စာ၊နေ့လည်စာ၊ညစာ ဆိုပြီး တခါတည်း အများကြီး စားတာမျိုး မလုပ်ပဲ တစ်နေ့ကို (၅) ကြိမ်၊ (၆) ကြိမ် ခွဲပြီး စားသင့်ပါတယ်။
၂။ အိပ်ယာ နိုးခါစတွင် ပေါင်မုန့်ခြောက် (သို့မဟုတ်)ဘီစကွတ်လိုမျိုး စားပေးသင့်ပါတယ်။
၃။ လေကောင်းလေသန့် ရရှိတဲ့နေရာမှာ နေသင့်ပါတယ်။ အနံ့အသက်
ပြင်းတာမျိုးကိုလည်း ရှောင်သင့်ပါတယ်။
၄။ အနံ့ပြင်းတဲ့ အစားအစာတွေ (ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်) စတာတွေကိုလည်း ရှောင်သင့်ပါတယ်။
၅။ ဆီများတဲ့ အစားအစာ တွေနဲ့ အစပ်တွေကိုလည်း ရှောင်သင့်ပါတယ်။
၆။ ဆီကြော်မုန့်တွေလည်း ရှောင်သင့်ပါတယ်။
၇။ အစာစားချိန်မှာ ရေများများ မသောက်ပါနဲ့။
၈။ ဂျင်းကို အခြမ်းလေးတွေလှီး၍ ရေနွေးနှင့် ရောပြီး သောက်ပေးပါ။ ဂျင်းနှင့် ပြုလုပ်ထားသော သကြားလုံးကိုလည်းစားပေးနိုင်ပါတယ်။
၉။ လက်ဖက်ရည်ထဲကို ပူစီနံ ထည့်သောက်ပေးပါ။
၁၀။ သံပုရာသီး၊ရှောက်သီး စတာတွေ ရှုပေးပါ။
၁၁။ မုန်လာဥနီ ဖျော်ရည် နည်းနည်း သောက်ပေးပါ။
၁၂။ အချဉ်သကြားလုံး၊ သစ်သီးခြောက် တွေ စားပေးပါ။
၁၃။ အုန်းရေလည်း သောက်ပေးနိုင်ပါတယ်။
၁၄။ အရွက်လက်ဖက်ရည် တွေသောက်ပေးပါ။
၁၅။ အဆီနည်းတဲ့ ကြက်ပေါင်းရည်သောက်နိုင်ပါတယ်။
၁၆။ အစာစားပြီးနောက် ချက်ချင်း လှဲမအိပ်ပဲ ထိုင်နေပါ။
၁၇။ ချောင်ချိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။
၁၈။ အန်မှာကြောက်ပြီး မစားမသောက်ပဲ မနေပါနဲ့။
https://www.acog.org/Patients/FAQs/Morning-Sickness-Nausea-and-Vomiting-of-Pregnancy?IsMobileSet=false
https://www.ncbi.nlm.nih.gov/pmc/articles/PMC2231543/
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
ဗိုက်ခွဲမွေးထားရင် မိခင်နို့တိုက်လို့ရမှာလား 🤔
အကြောင်းကြောင်းကြောင့် ဗိုက်ခွဲမွေးပြီးတဲ့အခါ ဗိုက်ခွဲမွေးထားတဲ့အတွက်ကြောင့်တော့ မိခင်နို့တိုက်လို့ မရစရာ ဘာအကြောင်းပြချက်မှ မရှိပါဘူး။ မွေးပြီးပြီးချင်းအစောပိုင်းကာလတွေမှာ ဒဏ်ရာရဲ့နာကျင်မှုက မေမေ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နို့တိုက်တဲ့အခါ ဘယ်ပုံစံက ကိုယ့်အတွက် သက်တောင့်သက်သာအဖြစ်ဆုံးလဲဆိုတာကို လေ့လာပြီး တိုက်ကျွေးရင်အဆင်ပြေမှာပါ။
ကလေးကိုနို့တိုက်နေချိန် မိသားစုဝင်တစ်ဦးဦးက ဖေးဖေးမမကူညီပေးရင်တော့ ပိုအဆင်ပြေပါတယ်။ သဘောက ကိုယ်သက်သာတဲ့ကိုယ်နေဟန်ထားကို အရင်ဆုံးရွေးချယ်ပြီးနောက် ကိုယ့်လက်ထဲကို မိသားစုဝင်တစ်ဦးဦးက ကလေးထည့်ပေးတာမျိုးကို ပြောတာပါ။ ဒါဆိုရင် ကလေးကိုပွေ့ထားရင်းနဲ့ ကိုယ်နေဟန်ထားပြောင်းစရာ မလိုတော့ပါဘူး။
ဗိုက်ခွဲထားတဲ့မေမေ ကလေးကို နို့တိုက်ရင် တစ်ဖက်စောင်းတိုက်ရတာက ထိုင်တိုက်ရတာထက် ပိုအဆင်ပြေတတ်ပါတယ်။ အကယ်လို့ ထိုင်တိုက်မယ်ဆိုရင်လည်း ကလေးရဲ့ခြေထောက်တွေကို မေမေ့ရဲ့ လက်တစ်ဖက်အောက်ရှိူသွင်းပြီး နောက်လက်တစ်ဖက်က သူနို့သီးခေါင်းကိုကောင်းကောင်းဟပ်နိုင်ဖို့ ကလေးရဲ့ခေါင်း/ဇက်ကို ထိန်းပေးရာမှာ အသုံးပြုနိုင်ပါတယ်။ ဒီနေရာမှာ သတိပြုရမှာက နို့သီးခေါင်းကို ကလေးရှိရာတိုးမပေးဘဲ ကလေးခေါင်းကိုသာ နို့သီးရှိရာကိုတိုးပေးပြီး ထိန်းကျောင်းကိုင်တွယ်ပေးရမှာဖြစ်ပါတယ်။ မဟုတ်ရင် မေမေ့ရဲ့ကျောနဲ့ ပုခုံးတွေ နာကျင်လာနိုင်ပါတယ်။
ထိုင်ပြီး နို့တိုက်တဲ့အခါ ပေါင်ပေါ်မှာ ခေါင်းအုံးတွေ လိုသလောက်ခုပြီး ကလေးကို လိုချင်တဲ့ အမြင့်အနေအထားရောက်အောင် မြှင့်တင်လို့ရပါတယ်။ မေမေ့ရဲ့ခါးအောက်ပိုင်းကို သက်သာအောင် အခုအခံထားဖို့လည်း မမေ့ပါနဲ့ဦး။
ဗိုက်ခွဲမွေးခြင်းဟာ မေမေ့ရဲ့နို့ရည်ထွက်ခြင်းအပေါ် သက်ရောက်မှု မရှိပါဘူး။ ပြီးတော့ ဗိုက်ခွဲထားလို့ နာကျင်ရင် သောက်ရတဲ့ အကိုက်အခဲပျောက်ဆေးအများစုဟာလည်း နို့တိုက်မိခင်အတွက်ရော ကလေးအတွက်ပါ အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ ကိုယ်သောက်မယ့်အကိုက်အခဲပျောက်ဆေးဟာ စိတ်ချရလားဆိုတာ ဆရာဝန်ကို မေးဖို့တော့ မမေ့ပါနဲ့။ အဆင်မပြေဘူးဆိုရင် နောက်ထပ်ဆေးတစ်မျိုးကို ပြောင်းပေးပါလိမ့်မယ်။ အကောင်းဆုံးကတော့ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးကိုသာ သောက်ခြင်းပါပဲ။
Ref: https://www.babycenter.in/a539020/recovery-after-a-caesarean-birth
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
#ရိုးရိုးမွေးခြင်းနှင့် ခွဲမွေးခြင်းတို့၏ အားသာချက်၊ အားနဲချက်မျာ……
=========================
ကလေးတွေအတွက် လူ့လောကကို ၀င်လာဖို့ နည်းလမ်း၂သွယ်ရှိပါတယ်။ ကိုယ်၀န်ဆောင် အမျိုးသမီး အနေနဲ့ကျန်းမာရေးကောင်းမွန်နေရင် ရိုးရိုးမွေးလို့ရသလို ကျန်းမာရေး အားနဲချက် ရှိနေ ရင်တော့ ခွဲမွေး ရလေ့ရှိပါတယ်။ အဓိကကတော့ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ အသက်ရှင် သန်နေဖို့ပါပဲ။ ဒါပေမယ့် အခုနောက်ပိုင်း မှာတော့ ရိုးရိုးမွေးနိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အလှမပျက်ချင်လို့ ခွဲမွေးကြတဲ့ အမျိုးသမီးဦးရေဟာ များသည်ထက်များလာပြီး ခွဲမွေးတာကိုက ဖက်ရှင်လိုဖြစ်နေတဲ့အတွက် ပညာရှင်များက ရိုးရိုးမွေးခြင်းနဲ့ ခွဲမွေးခြင်း တို့ရဲ့ အားသာချက်၊ အားနဲချက်တွေကို နှိူင်းယှဉ်ဖော်ပြထား ပါတယ်။
အမွှာပူးမွေးမယ်၊ ဆီးချို၊ သွေးတိုးတွေလို ကျန်းမာရေး အားနဲချက်ရှိမယ်၊ HIV ဝေဒနာသည်ဖြစ်နေမယ်၊ ဒါမှမဟုတ် အချင်းနဲ့ပါတ်သက်တဲ့ပြဿနာတွေ ရှိနေမယ်ဆိုရင် ခွဲမွေးရလေ့ရှိပြီး ကာယကံရှင်ကိုလည်း သူခွဲမွေးမှ ရမယ်ဆိုတာကို ကြိုတင်အသိပေးထားလေ့ ရှိပါတယ်။ ကလေးအရွယ် ကြီးလွန်းပြီး မိခင် တင်ပဆုံ ကျဉ်းလွန်းရင်လည်းကောင်း၊ ကလေးက မွေးလမ်းကြောင်းကို ခေါင်းမတည်ထားသလို အဲဒီ လိုခေါင်းတည်လာအောင် အပြင်ကနေလှည့်ပေးတာ ကလည်း မအောင်မြင်ရင်လည်းကောင်း ခွဲမွေးရပါ တယ်။ တစ်ခါတလေ မွေးခန်းထဲကိုရောက်ပြီးမှ ကလေးအောက်စီ ဂျင် မရတော့တဲ့ ပြဿနာမျိုးဖြစ်ပြီး အရေးပေါ်ခွဲမွေး လိုက်ရတာလည်း ရှိပါတယ်။ အခုနောက်ပိုင်း မှာတော့ လိုအပ်လို့ခွဲမွေးရတဲ့အပြင် မွေး လူနာရဲ့တောင်းဆိုချက်နဲ့ခွဲမွေးပေးရတာတွေ ပိုများလာ တာပဲ ဖြစ်ပါတယ်။
ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင် ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက်ပိုပြီး ဘေးအန္တရယ် ကင်း တယ်လို့ထင်ရပေမယ့် ခွဲမွေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်အန္တရယ်တွေ ရှိနေတာ အမှန်ပဲဖြစ်ပါတယ်။
ခွဲမွေးတယ်ဆိုတာ လူနာရဲ့၀မ်းဗိုက်ကို ဖွင့်ရပါတယ်။ သားအိမ်ကို ဆက်ပြီးဖွင့်ရပါတယ်။ ကလေးကို ဆွဲထုတ်ရပါ တယ်။ ပြီးရင် သားအိမ်နဲ့၀မ်းဗိုက်ကို ပြန်ပိတ်ရပါတယ်။ ဒါဟာ အကြီးစားခွဲစိပ်မှု တစ်ခုဖြစ် ပါတယ်။ တခြား အကြီး စား ခွဲစိပ်မှုတွေလိုပဲ လူနာကိုအသက်အန္တရယ်ဖြစ်စေနိုင်ပြီး ဒီနေရာမှာ အသက် ၂ချောင်းကိစ္စကို ပြောနေတာဖြစ်ပါ တယ်။
ရိုးရိုးမွေးရတာ ပိုပြီးမိခင်ဆန်တယ်လို့ ခံစားရပါတယ်။ ကိုယ်နဲ့အတူ ၉လလုံးလုံးအတူရှိနေတဲ့ကလေးကို ကိုယ့်ရဲ့ အားနဲ့ပဲ လူ့လောကထဲ ကိုရောက်အောင် တွန်းပို့ပေးရတာ တစ်ကယ်ပဲ ပီတိဖြစ်စရာပါ။ မိခင်နဲ့ကလေးရဲ့သံယောဇဉ်ကိုလည်း အများကြီး ပိုစေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ဟု ရိုးရိုးမွေး ဖွားခြင်းကိုသာ ဦးစားပေး ရွေး ချယ်ခဲ့သူ ကလေး ၆ ဦး မိခင်တစ်ဦးက ပြောပြပါတယ်။
ကိုယ့်ကလေးကိုယ် ဘယ်လိုမွေးမယ်ဆိုတာ မိခင်လောင်းရဲ့ကိုယ်ပိုင်အခွင့်အရေးပဲ ဖြစ်သင့်ပါတယ်။ အသက် ၂ချောင်းနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက်ကို ကျွန်မတို့ကိုယ်တိုင်ပဲ ချမှတ်ချင်ပါတယ်။ ခွဲမွေးတဲ့အခါ မိခင် တစ်ခုခုဖြစ်သွား တယ် ထားအုံးတော့၊ ကလေးကတော့ အသက်ရှင်မှာ အမှန်ပါပဲ။ ကျွန်မတို့ခွဲမွေး ဖို့ရွေးချယ်တယ် ဆိုတာ ကလေးကို အမှန်တစ်ကယ်ချစ်လို့ပါ။ အလှအပနဲ့ မဆိုင်ပါဘူးလို့လည်း မိမိ ကျန်းမာရေးအခြေအနေကို စိတ်မချလို့ သားဦး ကို ခွဲမွေးထားတဲ့ မိခင်အသစ်စက်စက် တစ်ဦးက လည်း ပြောပြပါတယ်။
နှစ်ဦးနှစ်ဖက် မိသားစုအသိုင်းအဝိုင်း ဘယ်လောက်ပဲကြီးကြီး၊ တစ်နေ့တာကုန်ဆုံးသွားပြီး ညအမှောင် ဖုံးလွှမ်းသွား တဲ့အခါ ကျွန်မရဲ့ခင်ပွန်းသည်ပဲ ကျွန်မအနားမှာ ရှိပေးနိုင်တာပါ။ သူ့အတွက် ကျွန်မ တာ၀န်ကျေချင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းတဲ့အနေနဲ့ ကိုယ်ပဲအနာခံပြီး ခွဲမွေးဖို့ရွေးချယ်တာဖြစ်ပါတယ်လို့တမင်တကာ ခွဲမွေးဖို့ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦး ကလည်း ပြောပြပါတယ်။
ရိုးရိုးမွေးခြင်း၏ အားသာချက်များ။ ဆေးရုံတက်ချိန် တိုတောင်းပြီး အနာကျက်ချိန် အများကြီးပိုမြန်ပါ တယ်။ နိုင်ငံ တကာမှာ ရိုးရိုးမွေးလူနာကို ဆေးရုံပေါ်မှာ ၂၄နာရီကနေ ၄၈နာရီအထိပဲ ထားပါတယ်။ ခွဲမွေးထားသလိုမျိုး သွေးထွက်လွန်ခြင်း၊ ၀မ်းဗိုက်မှာ ခွဲဒဏ်ရာကြောင့်ဖြစ်တဲ့ အမာ ရွတ်ဖြစ်ပေါ်ခြင်း၊ မေးဆေး ဒဏ်ကြောင့် မေ့တတ် လာခြင်း၊ မေ့ဆေးထိုးတားတဲ့နေရာမှာ အမြဲနာနေခြင်း တို့ကို ခံစားရမှာမဟုတ်တဲ့အပြင် ခွဲလူနာ လုပ်နိုင်မှာမဟုတ်တဲ့ ကိုယ့်ရင်သွေးလေးကိုရင်ခွင်ပိုက်ပြီး နို့ချိုတိုက်ကျွေးတာကိုလည်း ချက်ခြင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ရိုးရိုးမွေးခြင်း၏ အားနဲချက်များ။ မိန်းမကိုယ် ပတ်ပတ်လည်က အရေပြားနဲ့တစ်ရှုးတွေ စုတ်ပြဲသွားနိုင်ပါ တယ်။ ဒါတွေကို ပြန်ချုပ်ရတဲ့အခါ တင်ပဆုံကြွက်သားမှာ ဒဏ်ဖြစ်သွားနိုင်ပြီး ဆီး၊ ၀မ်းထိန်းရ ခက်သွားနိုင် ပါတယ်။ ချောင်းဆိုးလိုက်တိုင်း၊ ရယ်လိုက်တိုင်း ဆီးထွက်ကျတဲ့အမျိုးသမီးအများဟုဟာ ရိုးရိုးမွေးပြီး မိန်းမကိုယ်ကို ပြန်ချုပ် ထားရသူများ ဖြစ်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်နဲ့စအိုအကြား ကာလရှည်ကြာ နာကျင်နေတတ်တဲ့အတွက် မိမိ ခင်ပွန်းအပေါ် သိပ်စိတ်မရှည် ချင်တော့ပါဘူး။
ရိုးရိုးမွေးခြင်း၏ ကလေးအပေါ်သက်ရောက်သော အကျိုးအပြစ်များ။ မိခင်က ချက်ခြင်းဆိုသလို ထွေးပွေ့ ယုယ နို့ချိုတိုက်ကျွေးနိုင်ပါတယ်။ ညှစ်ပြီးမွေးတဲ့အခါ ကလေးရဲ့အဆုပ်ထဲရောက်နေတဲ့ ရေတွကိုလည်း ညှစ်ထုတ်ပေး လိုက်ပါတယ်။ ဒီတော့ မွေးပြီးတာနဲ့ကလေးက မွန်းမနေဘဲ အောက်စီဂျင်ချက်ခြင်း ရှူနိုင်မှာဖြစ်လို့ဦးနှောက်ကို ထိခိုက်မှု နဲစေနိုင်ပါတယ်။ မိခင်ရဲ့မွေးလမ်းကြောင်းတစ်လျှောက်ကနေ ခန္ဓာကိုယ် အတွက်လိုအပ်တဲ့ ဘက်တီးရီး ယား တွေ ကူးစက်လာတာမို့ ပြင်ပကမ္ဘာကို ခံနိုင်ရည်ရှိတဲ့ ခုခံအား တစ်ခါတည်း ပါလာလေ့ရှိပါတယ်။ ဒါပေမယ့် မွေးဖွားချိန် ကြာမြင့်နေမယ်ဆိုရင် ကလေးကို ညှပ်နဲ့ဆွဲထုတ်ရတာ ရှိတတ်ပြီး ဦးခေါင်းခွံပုံပျက်တာ၊ အခန့်မသင့်ရင် ကိုယ်လက် အင်္ဂါထိခိုက်တာ တို့ ဖြစ်နိုင်ပါတယ်။
ခွဲမွေးခြင်း၏အားသာချက်များ။ ရိုးရိုးမွေးနိုင်ရဲ့သားနဲ့ ခွဲမွေးမယ်ဆိုရင် အားသာချက် အထွေအထူး မရှိပါဘူး။
ခွဲမွေးခြင်း၏အားနဲချက်များ။ ဆေးရုံမှာ ရက်ပေါင်းများစွာ ကုသခံရပါတယ်။ အနဲဆုံး ၄ရက်ပါပဲ။ နာကျင် မှု၊ ယောင် ရမ်းမှုတွေကို လနဲ့ချီ ခံရနိုင်ပါတယ်။ သွေးထွက်များတဲ့အတွက် သွေးသွင်းရတာဖြစ်လို့မလို လားအပ်တဲ့ ကူးစက်မှု တွေ ဖြစ်နိုင်ပါတယ်။ အစာအိမ်၊ ဆီးအိမ်တွေကို ထိမိရှမိတတ်တဲ့အတွက် အသက် အန္တရယ်မဖြစ်တောင် တစ်သက် လုံး တမြေ့မြေ့နဲ့လောင်နေမယ့် အတွင်းမီးကို ငြိမ်းနေရနိုင်ပါတယ်။ ကလေးကိုလည်း နို့ချက်ခြင်းတိုက်နိုင်မှာ မဟုတ်ပါဘူး။ ၀မ်းဗိုက်မှာ ခွဲဒဏ်ရာ အမာရွတ်ကြီး ဖြစ်ကျန်နေ ပါလိမ့်မယ်။ ဒဏ်ရာလုံးဝပျောက်ကင်းဖို့ ၂လအနဲဆုံး ကြာမြင့်မှာဖြစ်ပြီး ခင်ပွန်းသည်အပေါ် တော်တော်နဲ့ တာ၀န်ကျေနိုင်အုံးမှာ မဟုတ်ပါဘူး။ ရိုးရိုးမွေးတာထက် ခွဲမွေး တဲ့အခါမှာ မိခင်သေဆုံးနိုင်ချေ ၃ဆပိုများ ပါတယ်။
တစ်ခါခွဲမွေးပြီးရင် နောက်အခေါက်တွေလည်း ခွဲမွေးရတာ့မှာပါ။ ဒါ့အပြင် ဒုတိယကလေးကို ကိုယ် ၀န်ဆောင် ထားတဲ့အခါ သားအိမ်ချုပ်ရိုးပြေ သွားနိုင်ပါသေးတယ်။ မိခင်ရောကလေးပါ အသက် အန္တရာယ်ရှိပါတယ်။
ခွဲမွေးခြင်း၏ ကလေးအပေါ် သက်ရောက်သော အကျိုးအပြစ်များ။ မွေးပြီးပြီးခြင်း အဆုပ်ထဲ မှာရေရှိနေ တဲ့အတွက် အသက်မရှူနိုင်ပါ။ အများစုမှာ အဆုပ်အအေးပတ်ရောဂါ ရသွားပါတယ်။ ခွဲမွေးထားတဲ့ ကလေးတွေဟာ အ၀လွန် တတ်ကြပါတယ်။ အကြောင်းရင်းကို မသိရသေးပါဘူး။ အကျိုးကတော့ တစ်ခုပဲ ရှိပါတယ်။ ခွဲမွေးတဲ့အခါမှာလို အခန့်မသင့်လို့ဆိုပြီး ညှပ်နဲ့ဆွဲထုတ်ခံရမှာ မဟုတ်တဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာဒဏ်ချက်တွေ ကင်းနေပါလိမ့် မယ်ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရပါသည်
Crd မူရင်း
#ကိုယ်ဝန်ဆောင်ကျန်းမာရေး
ကိုယ်ဝန်လရင့်လာချိန်မှာ ကလေးက အရင်လို မလှုပ်တော့တာ ဘာကြောင့်လဲ . . .
---၊ ဒေါက်တာအေးသီတာအုန်း (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး) ၊---
▶ ကိုယ်ဝန် ၈လကျော် ကိုယ်ဝန်လရင့်လာချိန်မှာ ကလေးက အရင်လို မလှုပ်တော့တာ ဘာကြောင့်ပါလဲ ဆရာမ။
ကိုယ်ဝန် ၂၀နဲ့ ၂၂ ပတ်ဝန်းကျင်မှာ ဝမ်းဗိုက်ထဲမှာရှိတဲ့သန္ဓေသားရဲ့ လှုပ်ရှားမှုကို မိခင်က ပြင်ပကနေ သေချာ စတင်သိရှိလာပါတယ်။ စသိလာတဲ့အချိန်ကစပြီး ကလေးလှုပ်တဲ့အကြိမ်ရေက တစ်နေ့ကို အနည်းဆုံး ၁၀ ကြိမ်ပြည့်ရပါမယ်။
အိုဂျီနဲ့ ပြတဲ့အခါတိုင်းမှာလည်း ကိုယ်ဝန်ဆောင်မေမေတွေက ‘’ကလေးက လှုပ်လွန်းလို့ အိပ်ရေးတောင် ပျက်တယ်’’၊ ‘’ကလေးက ၁၀ ကြိမ်မကဘူး၊ အချိန်တိုင်းလိုလို လှုပ်တယ်’’စသဖြင့် ပြောကြတယ်။
ကိုယ်ဝန် ၇လကျော် ၈လ-၉လ လာပြတဲ့အခါမှာတော့ ’’ဆရာမ . . .ကလေးက အရင်လောက် မလှုပ်တော့ဘူး၊ အလှုပ်နည်းသွားတယ်’’၊ ’’ကလေးက သိပ်မလှုပ်တော့လို့’’ဆိုပြီး စိတ်ပူပြီး ပြန်လာပြကြတယ်။
ပုံမှန်ကျန်းမာနေတဲ့ ကလေးဆိုရင် ကိုယ်ဝန် ၅လကနေ ၇လဝန်းကျင်ကြားမှာ အမေရဲ့ ဗိုက်အိုးကလည်း ကျယ်တယ်၊ ကလေးကလည်း သေးတယ်၊ ရေမြွှာရည်ကလည်းများတယ် . . .ကန်ထဲက ငါးလေးတွေလို လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်။ ဒါကြောင့် လှုပ်ရှားမှုက ပိုလုပ်နိုင်သလို အမေကလည်း ကလေးရဲ့လှုပ်ရှားမှုကို ပိုသိပါတယ်။
လရင့်လာတဲ့အချိန်ကျတော့ ရေမြွှာရည်ကလည်း ပိုနည်းလာတယ်၊ ကလေးရဲ့ ခန္ဓာကိုယ်ကလည်း ကြီးလာတယ်၊ သားအိမ်ထဲမှာ ပိုပြီး ကြပ်လာတယ်၊ ကလေးက အရင်လောက် သိပ်မလှုပ်ရှားနိုင် တော့ဘူး။ လိုအပ်တဲ့အခါမှပဲ လှုပ်ရှားတော့တယ်။ ဒါကြောင့် မနက် ၆နာရီကနေ ည ၆ နာရီအတွင်းမှာ ကလေးက အနည်းဆုံး ၁၀ ကြိမ် လှုပ်ရမယ်။ ၁၀ ကြိမ် လှုပ်နေရင်တော့ ကလေးက ကျန်းမာတယ်၊ နေကောင်းတယ်လို့ ယူဆပါတယ်။
ကိုယ်ဝန်လရင့်လာချိန်မှာ ကလေးရဲ့ လှုပ်ရှားမှု ကလည်း အရင်လို ဆောင့်တိုးတာ၊ ကန်တာ မရှိတော့ဘူး၊ ညင်ညင်သာသာ ဖြစ်လာပါတယ်။
ကလေးမကျန်းမာဘူးဆိုရင် သူ စလှုပ်တဲ့အချိန်ကစပြီး ဘယ်အပတ်ရေမှာမဆို တစ်နေ့ ၁၀ ကြိမ် ပြည့်အောင် မလှုပ်နိုင်ဘူး။ အဲဒါကို မိခင်က သိရမယ်။ အိုဂျီနဲ့ ချက်ချင်းပြသရပါမယ်။
ကိုယ်ဝန်လာရင့်လာရင် သိပ်မလှုပ်တော့ဘူးဆိုပြီး မေးမြန်းကြတဲ့အတွက် ဒီဗဟုသုတလေးကို ဝေမျှပေးလိုက်ရပါတယ်။
after washing 😍😍😍
how about cute?
#ကိုယ်ဝင်ဆောင်ကျန်းမာရေး
မိခင် ဖခင်များ သင့်ထားသင့်ပါတယ်