Masan Hpaute -Skincare & Beauty

Masan Hpaute -Skincare & Beauty

My cup overflow’s with your blessing

30/05/2023

ခုမှ Makeup စလိမ်းမဲ့ beginner လေးတွေ

မျက်နှာအသားရည်မကောင်းလို့ ဘာလိမ်းလိမ်း

အဆင်မပြေဘူးဆိုရင် ပါးပါးကြည်ကြည်နဲ့

glow looks ရစေတဲ့ EOU setနဲ့ tryကြည့်နော်❣️

‼️ပုံထဲကအတိုင်း setလိုက်ယူရင် 7000သက်သာတဲ့အပြင် မိတ်ကပ်လိမ်းတဲ့ဖော့ဥ တစ်ခုလက်ဆောင်ယူ‼️

ောက်ကိုင်အကြီးဆုံးကိုယ်စားလှယ်
#09689357860ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

29/05/2023

Night time skincare routine 💦🥰

23/05/2023

အသက်ရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ❣️

Photos from Masan Hpaute -Skincare & Beauty's post 16/05/2023

Beauty Perfect Bonus Trip❣️

ငွေဆောင်သို့ ခရီးလွင့်🤘🏖️


#လောက်ကိုင်မြို့ကeouရောင်းတဲ့ကချင်မလေး

15/05/2023

ပိုက်ဆံအိတ်ထဲ ပိုက်ဆံထည့်ရင် အဲ့လိုထည့်ကြည့်ကြပါ
ဆင်တွေကိုပိုက်ဆံအိတ်ထဲပက်လက်ထည့်လိုက်
ဆင်က ပက်လက်ဆိုတော့ ထပြီးခုန်မထွက်နိုင်တော့ဘူး။

ပြီးရင် သူ့ကိုကူညီဖို့ သူ့ဘော်ဒါ ဆင်တွေကို အော်ခေါ်လိမ့်မယ်။
"လာကြပါဦးဟ ငါမထနိုင်တော့ဘူး"လို့ အော်ခေါ်မယ်။

အဲ့ဒါနဲ့ သူ့ဘော်ဒါတွေရောက်လာတဲ့အခါ သူ့ဘော်ဒါတွေလည်းခုန်ပေါက်ပြီးဝင်လာလိမ့်မယ်။

သူတို့အားလုံးကိုပက်လက်လှန်ထားလိုက်
သူတို့ထပ်အော်လိုက် သူ့ဘော်ဒါတွေကခုန်ပြီးဝင်လာလိုက်နဲ့ ပိုက်ဆံအိတ်ထဲသူတို့တွေအပြည့်ဖြစ်လာလိမ့်မယ်

Crd

04/03/2023

🤔 ဆံပင်နှစ်ခွတွေကို အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ပျောက်စေမယ့် နည်းလမ်း 🤔

" ညှပ်ပစ်ပါ "

နောက်တာမဟုတ်ဘူး တကယ်ပါနော်။ ဘယ် product ဘယ်လောက်ကောင်းကောင်း ဆံပင်နှစ်ခွ ကွဲထွက်နေတာကိုတော့ ပြန်ဆက်အောင် မလုပ်ပေးနိုင်ပါဘူးရှင်။ နှစ်ခွတွေရှိရင် ညှပ်ပစ်ပြီး နောက်ထပ်မဖြစ်အောင် hair care ကို ဂရုစိုက်ပေးပါ။
- ခေါင်းမလျှော်ခင် hair oiling လုပ်ပေးတာ (ဆံပင်ကိုဆီနဲ့ နှပ်ပြီးပေါင်းထားတာ)
- hair mask , hair treatment သုံးပေးတာ
- ခေါင်းလျှော်ပြီးတိုင်း hair serum , hair oil လေးတွေ ပုံမှန်သုံးပေးတာက ဆံပင်နှစ်ခွမဖြစ်စေပဲ ဆံသားကို ပိုမို ကျန်းမာစေပါတယ်။

နေပူထဲ ထီး ဦးထုပ်လို အကာအကွယ်မပါပဲထွက်တာ ၊ ခေါင်းခနခနလျှော်တာ ၊ ဆေးဆိုး ကောက်ဖြောင့်လို chemical တွေ အပူတွေ ခနခနထိတာမျိုးတွေကို တတ်နိုင်သမျှ ရှောင်ပေးပါရှင်။

Card

15/02/2023

👄 နှုတ်ခမ်းသားကို ပိုမိုခြောက်သွေ့စေတဲ့ အကျင့်ဆိုးများ 👄

နှုတ်ခမ်းသားက စိုစိုပြေပြရှိမနေပဲ ခြောက်သွေ့အက်ကွဲနေတဲ့အခါ lipstick တွေဆိုးရတာလဲ အဆင်မပြေ ၊ နှုတ်ခမ်းသားတွေလဲနာနဲ့ အတော်လေး ခံရခက်ပါတယ်။ နှုတ်ခမ်းသားစိုပြေဖို့ lip balm တွေ သုံးရတာလဲ ဟုတ်ပေမယ့် သတိမထားမိတဲ့ တချို့ အလေ့အကျင့်တွေကြောင့် ဘယ်လောက် lip balm ဆိုးဆိုး မသက်သာပဲ နှုတ်ခမ်းခြောက်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။

ဘယ်လိုအကျင့်တွေက နှုတ်ခမ်းသားကို
ပိုခြောက်သွေ့စေလဲ -

❗️ရေသောက်နည်းခြင်း
တစ်နေ့ကို ရေသောက်တာက 1liter လောက်တောင်မပြည့်ဘူး ၊ ရေသောက်ဖို့မေ့တဲ့အခါ skin က hydrated ဖြစ်မနေတော့ပဲ အရင်ထက်ပို ပင်ပန်းနွမ်းလျတာ ၊ အသားအရေ ခြောက်သွေ့တာတွေကို ခံစားရနိုင်ပါတယ်။ နှုတ်ခမ်းခြောက်တာလဲ တစ်ခု အပါအဝင်ပေါ့နော်။ ဒါကြောင့် ကိုယ့်နှုတ်ခမ်းသားခြောက်သွေ့နေပြီဆို ရေများများသောက်ဖြစ်ရဲ့လားလို့ သတိထားကြည့်ပေးပါ။

❗️ပါးစပ်ဖြင့် အသက်ရှူသွင်းခြင်း
ဒါက ဆောင်းတွင်းလို အေးတဲ့အချိန်ဆို ပိုသိသာတယ်။ နှာစေးတာပဲဖြစ်ဖြစ် နှာခေါင်းကနေ လေရှူရခက်တဲ့အခါ ပါးစပ်အကူအညီနဲ့ လေရှူသွင်း ရှူထုတ်လုပ်ကြတယ်။ အဲ့လို ပါးစပ်နဲ့ အသက်ရှူသွင်းတာကလဲ နှုတ်ခမ်းသားကို ပိုမိုခြောက်သွေ့စေပါတယ်။ နှာစေးနေတဲ့အချိန် ရှူမိတာက အကျင့်ဆိုးတော့မဟုတ်ပေမယ့် ပုံမှန်အချိန် တစ်ချို့အိပ်တဲ့အချိန်တွေမှာ ဒီလိုအလေ့အကျင့်ရှိနေရင်တော့ နှုတ်ခမ်းသားပိုခြောက်စေလို့ ဂရုစိုက်သင့်ပါတယ်။

❗️နှုတ်ခမ်းကို ခနခန တံတွေးစွတ်ခြင်း (သို့) လျှာဖြင့် လျက်ခြင်း
နှုတ်ခမ်းခြောက်နေတဲ့အချိန် ဒီလိုမျိုး ပိုလုပ်မိကြမယ်ထင်တယ်။ အမှန်တော့ တံတွေးစွတ်လိုက်ချိန် ခနသာ နှုတ်ခမ်းက စိုသွားမှာဖြစ်ပြီး တံတွေးတွေခြောက်သွားတာနဲ့ နှုတ်ခမ်းသားကလဲ ပိုပြီး ခြောက်သွေ့လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအကျင့်ရှိရင် သတိထားပြီးပြင်ကြည့်နော်။

❗️မျက်နှာက အစိုဓာတ်မလုံလောက်ခြင်း
skin dehydrated ဖြစ်ဖူးသူတွေဆို သတိထားမိလိမ့်မယ်။ မျက်နှာက အရမ်းခြောက်သွေ့ပြီး အစိုဓာတ်မလုံလောက်တဲ့အခါ နှူတ်ခမ်းသားကပါ အလိုလို ခြောက်သွေ့လာတတ်ပါတယ်။ နှုတ်ခမ်းသားခြောက်လာပြီဆိုရင် ကိုယ်က face အတွက် moisturizer ရော လုံလုံလောက်လောက်လိမ်းနေရဲ့လား ၊ အစိုဓာတ်ရောပြည့်ရဲ့လားဆိုတာ ပြန်ကြည့်ကြည့်နော်။

နောက်တစ်ခုသတိထားဖို့က quality မကောင်းတဲ့ တစ်ချို့ Lip tint တွေ ၊ pigmentation တစ်အားထင်းတဲ့ longlasting အရမ်းဖြစ်တဲ့ အချို့သော lipstick တွေကလဲ နှုတ်ခမ်းသားကိုပျက်စီးစေပြီး ခြောက်သွေ့အက်ကွဲစေလို့ သတိထားပါနော်။ lipstick တစ်ချောင်းဆို ၆လ တစ်နှစ်ဆိုးလို့ရတာမို့ ဝယ်တဲ့အခါ စျေးထက် quality ကောင်းမကောင်းကိုသာ ကြည့်ပြီးဝယ်ပါ။

ဆောင်းရာသီမှ မဟုတ်ပဲ ဘယ်ရာသီဖြစ်ဖြစ် Lip balm အမြဲဆိုးဖို့မှာချင်ပါတယ်။ matte lipstick တွေကိုမှ ကြိုက်တတ်ရင် နှုတ်ခမ်းသားကို ပိုဂရုစိုက်သင့်တယ်နော်။နှုတ်ခမ်းလေးက စိုပြေတင်းရင်းနေမှ matte lipstick ဆိုးလဲ အက်ကွဲမနေပဲ လှနေမှာ 🥰

ဒါဆို ဒီ Post လေးကလဲ အားလုံးအတွက် အထောက်အကူတစ်ခုခုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ရှင်

Cream

25/01/2023

ဝက်ခြံအမဲစက်တွေကို ပိုထင်းလာစေတဲ့ အကျင့်ဆိုးများ

ဝက်ခြံပေါက်ပြီး အမာရွတ် အမဲစက် အမြဲကျန်တယ် ၊ ကျန်ခဲ့ပြီးရင်လဲ တော်ရုံနဲ့ မပျောက်တော့ဘူး ပျောက်ဖို့အချိန်အရမ်းကြာတယ်ဆိုတာမျိုး တစ်ချို့ကြုံဖူးကြမယ်ထင်တယ်။ ကိုယ်တိုင်လဲ အရင်က အရမ်းအမဲစက်တွေ ကျန်လွယ်သလို ပျောက်ဖို့ခက်ခဲ့တယ်။ ဒီလိုဖြစ်ရတာဟာ ကိုယ့်ရဲ့ အမူအကျင့်တွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် သတိထားသင့်တဲ့ အကျင့်ဆိုးတွေအကြောင်းကို sharing လုပ်ပေးလိုက်ပါတယ်။

- ဝက်ခြံတွေကို ဆိတ်ဆွခြင်း၊ လက်နဲ့မကြာမကြာ ကိုင်တွယ်ခြင်း
ဒီလို picking ခနခနလုပ်ခြင်းက skin inflammation ရောင်ရမ်းမှုတွေကို ပိုဆိုးစေပြီး ဝက်ခြံကိုအခြေအနေပိုဆိုးစေတယ်။ ဝက်ခြံပျောက်ဖို့လဲကြာတတ်သလို infection ဝင်ပြီး တော်ရုံနဲ့လဲ မပျောက်တော့ဘူး။ အဆိုးဆုံးကတော့ ဝက်ခြံပျောက်ပြီးနောက်မှာတောင် အမဲစက်အမာရွတ်တွေ ကျန်ခဲ့တတ်ပါတယ်။ ဘယ်လိုအဖုပဲ ဖြစ်ဖြစ် မဆိတ်ဆွဖို့ လက်နဲ့မကိုင်ဖို့ သတိထားပေးပါ။ လက်မထိန်းနိုင်ရင် အဖုပေါ် spot treatment လိမ်းထားတာ ၊ acne patches လေးတွေ ကပ်ထားတာမျိုး လုပ်ပေးပါ။

- Sunscreen ပုံမှန်မလိမ်းခြင်း
sunscreen ပုံမှန်မလိမ်းတဲ့အခါ sundamage တွေရစေပြီး အသားအရေကလဲ melanin production ပိုများစေတာကြောင့် အမဲစက်အမာရွတ်တွေ ထင်ကျန်ဖို့ အခွင့်အရေးပိုများပါတယ်။ ရှိနေတဲ့အမဲစက်အမာရွတ်တွေကိုလဲ ပျောက်ဖို့ ကြန့်ကြာစေပြီး အရောင်ပိုထင်းလာစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်က ဝက်ခြံခနခနပေါက်တတ်တယ် ၊ အမဲစက်ထင်ကျန်တာ လွယ်တတ်တယ်ဆိုရင် sunscreen ကို နေပူပူ မိုးရွာရွာ ဘယ်အချိန်ဖြစ်ဖြစ် ပုံမှန်အမြဲလိမ်းတဲ့အကျင့်လေး ရှိထားသင့်ပါတယ်။

- over exfoliation လုပ်ခြင်း
exfoliation လုပ်တာဟာ ဆဲလ်သေတွေကိုဖယ်ပေးတာဖြစ်လို့ skin ကြည်လာဖို့ glow လာဖို့ အထောက်အကူပေးပေမယ့် လိုတာထက် ပိုပြီး exfoliate ခနခနလုပ်တဲ့အခါ အမဲစက်တွေကို ပိုဆိုးစေပါတယ်။ ဒါကြောင့် သင့်တင့်တဲ့ အကြိမ်အရေအတွက်အတိုင်းပဲ အသုံးပြုပေးပါ။ နောက်ပြီး scrub လို ခပ်ကြမ်းကြမ်း exfoliator တွေကိုပါ ရှောင်ပေးရင်ပိုကောင်းပါတယ်။

- အမဲစက်အတွက် သင့်တော်တဲ့ skincare product တွေကို မသုံးခြင်း
အမဲစက်တစ်ခုဖြစ်ပြီဆိုရင် ပျောက်ဖို့အချိန်ဟာ 3 to 6 months အထိကြာတတ်ပါတယ်။ ဒါကိုမှ ဘာမှမလုပ်ပဲ ပြစ်ထားမယ်ဆိုရင်တော့ နှစ်ချီပြီး မပျောက်ပဲကျန်နေတတ်ပါတယ်။ အနည်းဆုံး အမဲစက်မြန်မြန်ပျောက်ဖို့အတွက် brightening serum လေးတစ်ခုခု skincare routine ထဲမှာ ထည့်သုံးပေးသင့်တယ်။

ကိုယ်က sunscreen ကို နေ့တိုင်းသေချာလိမ်းပေးမယ် ၊ brightening serum တစ်ခုခုလဲ ထည့်သုံးမယ်ဆိုရင် ရှိနေတဲ့ အမဲစက်အမာရွတ်တွေ ပိုပြီးမြန်မြန် သက်သာစေပါလိမ့်မယ်။ over exfoliate နဲ့ picking မလုပ်မိဖို့လဲ သတိထားပေးပေါ့နော်။ ဒါဆိုရင်တော့ ဝက်ခြံအမဲစက် ကျန်တာ ကိုလဲ သိသိသာသာနည်းသွားစေပါလိမ့်မယ်ရှင်။

ဒီ post လေးကလဲ တစ်ခုခု အထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Card

Photos from Masan Hpaute -Skincare & Beauty's post 10/01/2023

Toner ကို cotton pad နဲ့ယူသုံးတာနဲ့ လက်နဲ့သုံးတာ ဘာတွေကွာလဲ ??

ဘယ်လိုသုံးမှ မှန်လဲ ဘယ်လိုသုံးရမလဲမေးရင်တော့
လက်နဲ့သုံးသုံး cotton pad နဲ့ပဲသုံးသုံး အဆင်ပြေပါတယ်။ ကိုယ့်သဘော ကိုယ့်ဆန္ဒပါပဲ။

cotton pad နဲ့သုံးရင်
- မျက်နှာသစ်ပြီး ကျန်ခဲ့သေးတဲ့ အညစ်အကြေးတွေရှိရင်
သန့်စင်ပေးတယ်။
- exfoliate လုပ်ပေးသလို ဖြစ်စေတယ်။
- အရည်ကျဲတဲ့ toner တွေဆို လိမ်းရတာ ပိုအဆင်ပြေစေတယ်။

အရည်ကျဲတဲ့ watery type toner တွေဆိုရင် လက်နဲ့လိမ်းရတာ အားမရတဲ့အခါ cotton pad နဲ့ သုံးပါ။ ပြီးတော့ AHA BHA ပါတဲ့ exfoliation toner တွေ အနယ်အနှစ် တစ်ထပ်ပါပြီး ဘူးကို shake သုံးရတဲ့ toner မျိုးတွေဆိုရင်လဲ cotton pad နဲ့ သုံးတာ ပိုအဆင်ပြေပါတယ်။ဒီ toner အမျိုးအစားတွေက လက်နဲ့ သုံးမရဘူးပြောတာမဟုတ်ဘူးနော်။ cotton pad နဲ့သုံးတော့ ပိုအားရတယ် ၊ exfoliation toner တွေဆို ပိုပြီး ဆဲလ်သေနဲ့ အညစ်အကြေးတွေ ပြောင်သွားသလို ခံစားစေရလို့ပါ။

လက်နဲ့သုံးရင်
- cotton pad ဖိုးမကုန်ဘူး။
- toner အရည်တွေ အလေအလွင့်မရှိဘူး။
- မြန်ဆန်လွယ်ကူတယ်။

Essence type နီးနီး texture က ပျစ်တဲ့ toner တွေဆိုရင် လက်နဲ့ ပုတ်ပုတ်လိမ်းပေးတာ ပိုအဆင်ပြေပါတယ်။ texture ပျစ်တော့ cotton pad ထဲထည့်လဲ အများကြီး ထည့်သုံးနေရမှာမို့ wasted ဖြစ်တယ်လေနော်။ ပြီးတော့ မနက်ပိုင်း toner သုံးတဲ့အခါ တတ်နိုင်ရင် လက်နဲ့ပဲသုံးစေချင်တယ်။ cotton pad နဲ့ မျက်နှာပေါ် ပွတ်ဆွဲတာကလဲ physical exfoliation သဘော သက်ရောက်စေတော့ အသားအရေ မထိခိုက်အောင် ဂရုစိုက်ဖို့ပါ။

သတိထားရမှာက -
cotton pad နဲ့ သုံးမယ်ဆိုရင် toner ကို ရွှဲအောင်ထည့်ဖို့ မနှမြောပါနဲ့။
လက်နဲ့ သုံးမယ်ဆိုရင် လက်ကို သန့်ရှင်းအောင်ထားဖို့ မမေ့ပါနဲ့။

ဒါပါပဲ။ ကိုယ်သဘောရှိသလို ချိန်ဆပြီး သုံးလို့ရပါတယ်ရှင်။
Crd

07/01/2023

Skincare လုပ်ပြီးရင် သနပ်ခါးလိမ်းလို့ရလား

သေချာလေး ဖတ်စေချင်ပါတယ်

သနပ်ခါးကြိုက်ကြတဲ့ မြန်မာမိန်းကလေးတွေဖြစ်လို့ အဲဒီမေးခွန်းလေးတွေ ခဏခဏမေးကြပါတယ်

skincare လုပ်တဲ့သူတွေ အနေနဲ့ အများအားဖြင့် သနပ်ခါး မလိမ်းရဘူး သနပ်ခါးလိမ်းရင် ချွေးပေါက်ပိတ်မယ် အသားခြောက်မယ် ဆိုပြီး စသဖြင့်တော့ရှိကြတာပေါ့။

တွဲလိမ်းမယ် ဆိုရင်လည်း အောက်ကနေ sunscreen+make up cream+moisturizer တခုခု ခံပြီး သနပ်ခါးနဲ့ တွဲလိမ်းသင့်ပါတယ်

🙆သနပ်ခါးဆိုတာ မြန်မာတွေအစဉ်အဆက်
နေလောင်ဒဏ်ခံနိုင်ဖို့ လိမ်းကြတဲ့ သဘာဝပစ္စည်းဖြစ်လို့ Skincare တွေနဲ့တွဲလိမ်းရင် အဆင်မပြေတာ မရှိပါဘူး။

🙆ဒါပေမယ့် သဘာဝပစ္စည်းဖြစ်တဲ့အတွက် သနပ်ခါးက နေလောင်ဒဏ်ကိုတော့ အကြာကြီး မကာကွယ်ပေးနိုင်ပါဘူးနော်

ဒါကြောင့် Skincare ကို အရင်ဆုံး အဆင့်ဆင့် အသားအရည်ထဲသေချာစိမ့်ဝင်အောင် လိမ်းပေးပြီးရင် သနပ်ခါးကိုလိမ်းနိုင်ပါတယ်။

အသားအရည် ထိန်းသိမ်းဖို့ Skincare ကိုလည်းလိမ်းချင်တယ်၊ သနပ်ခါးကိုလည်း သံယောဇဉ်မပြတ်လို့ မလိမ်းရရင် မနေနိုင်ဘူး ဆိုတဲ့သူတွေအတွက် သနပ်ခါးနဲ့ တွဲလုပ်ရမယ့် skin care အကြောင်းလေးပြောပြပေးမယ်

cleansing သေချာလုပ်ပေးပါ..

ပြီးရင် Toner ကိုသေချာသုံးပေးပါ..

moistureတစ်ခုခုလိမ်းပေးပါ...

နေလောင် ဒဏ်ကာကွယ်ဖို့အတွက် Sunscreenကို မဖြစ်မနေ လိမ်းပေးပါ ...

ညပိုင်းကတော့ သနပ်ခါးလိမ်းထားတဲ့မျက်နှာကို Double Cleansing သေသေချာချာလေး လုပ်ပေးရပါမယ်..

ကိုယ်လိမ်းနေကျ skin care setတွေလိမ်းပေးပါ။

ညကို သနပ်ခါး လိမ်းမအိပ်ပါနဲ့...

ဝက်ခြံပေါက်ရင်လည်း သနပ်ခါး မတို့စေချင်ပါဘူးရှင့် ။

ပျောက်ခဲ့တယ်ဆိုလျှင်တောင် အမဲစက် နက်နက်ကြီးကျန်တတ်ပါတယ်😱😱

ကိုယ့် skin ကို သေချာဂရုစိုက်နိုင်ကြပါစေရှင့်...



#ဝက်ခြံ #သနပ်ခါး

05/09/2022

မဲတုံးလေးတွေ အတွက်သတင်းကောင်း✅

နေလောင်ထားတဲ့အသားရည်ပိုင်ရှင်တွေ Rure လေးကို
စမ်းtryကြည့် တစ်ဗူးမကုန်ခင် သိသာတဲ့ရလဒ်ရစေရမယ်

အသားကြည်ပြီးဖြူစေတဲ့အပြင်

အကြောပြတ်ရာ/အမာရွတ်သက်သာမယ်

အသားရည် ရေဓာတ်ပြည့်ပြီး Baby skin လေးလို
နုနုအိအိလေးရမယ်🥰

ရေမွှေးမလို စွဲဆောင်မှုရှိတဲ့အနံ့နဲ့ စေးကပ်မှုမရှိတဲ့
Rure baby pink body gel 🥰

Rure body Gel-22500ks


ောက်ကိုင်ကိုယ်စားလှယ်

04/09/2022

Collagen မသောက်သင့်ပဲနဲ့ သောက်နေမိပြီလား❌

Video အဆုံးထိကြည့်ပြီး ဒီအချက်တွေဖြစ်နေရင်

Collagen လုံးဝရှောင်ပေးပါ❣️✅


ောက်ကိုင်ကိုယ်စားလှယ်

26/08/2022

လွယ်ကူရိုးရှင်းတဲ့ skincare နည်းနဲ့
ပေါ့ပါးတဲ့ Makeup looks ❣️

18/08/2022

ဒီ video လေးက မမျှော်လင့်ထားပဲကြည့်ရှု့သူ
1M ထိရောက်သွားသတဲ့လား😇 ပျော်တာပေါ့ရှင်🥰

Videos (show all)

Night time skincare routine 💦🥰
အသက်ရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ❣️
မဲတုံးလေးတွေ အတွက်သတင်းကောင်း✅နေလောင်ထားတဲ့အသားရည်ပိုင်ရှင်တွေ Rure လေးကိုစမ်းtryကြည့် တစ်ဗူးမကုန်ခင် သိသာတဲ့ရလဒ်ရစေရမယ်...
Collagen မသောက်သင့်ပဲနဲ့ သောက်နေမိပြီလား❌Video အဆုံးထိကြည့်ပြီး ဒီအချက်တွေဖြစ်နေရင်Collagen လုံးဝရှောင်ပေးပါ❣️✅#Masanhpa...
လွယ်ကူရိုးရှင်းတဲ့ skincare နည်းနဲ့ ပေါ့ပါးတဲ့ Makeup looks ❣️
TikTok နည်းပညာတွေလဲမျှဝေပေးသွားပါမယ်ရှင့်🥰

Telephone

Website