Venus Queen

Venus Queen

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Venus Queen, Shopping & retail, .

01/01/2023

ညဘက် အရက်သောက်တာများ လို့ မနက်ကျ ခေါင်းမကြည်နေဘူးဆိုရင်

ပထမဆုံး အရက်၊ ဘီယာ၊ ဝိုင် တစ်နေ့ကို ဘယ်လောက် သောက်လို့ရလဲ သိဖို့လိုပါတယ်။

နည်းအမျိုးမျိုး နဲ့ ခေါင်းစဉ်အမျိုးမျိုး ကြောင့် ယနေ့ခေတ်မှာ သောက်တာပာာ အခုနောက်ပိုင်း လူတွေ အတွက်က ရေဝယ်သောက်သလိုဖြစ်လာပါပြီ။ ယခုလို သင်္ကြန်ကာလာ နီးလာရင် ပိုပြီးတော့တောင် သောက်ဖြစ်ကြပါတယ်။

ဒါပေမဲ့ သောက်တဲ့ နေရာမှာ သတ်မှတ်ချက်လေး တစ်ခုတော့ရှိသင့်ပါတယ်။ သတ်မှတ်ချက် ကလည်း ယောင်္ကျား နဲ့ မိန်းမ မတူပါ။

1. Whiskey (40% alcohol)
အမျိုးသားတွေ က တစ်နေ့ကို ၆၀ မီလီလီတာ ထက်ပိုမသောက်သင့်ပါဘူး။ အမျိုးသမီးတွေ ကတော့ ၃၀ မီလီလီတာ ထက်မပိုသင့်ပါဘူး။

2. Beer (5% alcohol)
အမျိုးသားတွေက တစ်နေ့ကို နှစ်ခွက် (720 ml) အမျိုးသမီးတွေ က တစ်ခွက်(360 ml) ထက်မပိုသင့်ပါဘူး။

3. Wine (12% alcohol)
အမျိုးသားတွေ က တစ်နေ့ ကို ၃၀၀ မီလီလီတာ ထက်မပိုသင့်သလို အမျိုးသမီးတွေ ကတော့ ၁၅၀ မီလီလီတာ ထက် မပိုသင့်ပါဘူး။

အခုပြောထားတဲ့ အတိုင်းအတာတွေ ထက် ပိုပြီးသောက်ရင် ကြာလာရင် ဘာတွေဖြစ်လာမလဲ????
1. ရုတ်တရက်မှာတော့ အသည်း လုပ်ဆောင်ချက်တွေ အရှိန်မြှင့်ပြီး အလုပ်ပိုလုပ်လာရပါတယ်။
2. အချိန်ကြာလာတာနဲ့ အမျှ Alcoholic Hepatitis လို့ခေါ်တဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောင် ရောဂါ ဖြစ်လာပါတယ်။
3. ကြာလာရင် အသည်းခြောက်ပြီး အသည်းကင်ဆာ အထိဖြစ်တတ်ပါတယ်။

နောက်သတိထားရမယ့် အချက်ကတော့ အရက်ပာာ ဆေးဝါးတော်တော်များများ နဲ့ မတည့်ပါဘူး။ တစ်ခါတစ်လေ ဆေး အာနိသင်ကို လျော့စေသလို ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကိုပါ ပိုဆိုးစေပါတယ်။

တချို့ကပြောပါတယ် အရက်ကို နှလုံးကျန်းမာရေး အတွက် ဆေးဖြစ်ဝါးဖြစ်သောက်ဖို့လိုတယ်ဆိုပြီး။ မသောက် တတ်တဲ့သူတွေ အတွက် နှလုံးကျန်းမာ ရေးတစ်ခုတည်း အတွက်နဲ့ အရက် စမ်းသပ်သောက်စရာမလိုပါဘူး။ ကိုလက်စထရော ကျစေမယ့် အစားအစာ တွေ များများစားပြီး ဆီကြော်မုန့်တွေ လျှော့စားကာ လေ့ကျင့်ခန်း တစ်ခုခု ပုံမှန်လုပ်ပေးခြင်းဖြင့် လည်း နှလုံးကျန်းမာရေး ကို အထိုက်အလျောက် ကာကွယ်ပေးပြီးသားဖြစ်ပါတယ်။

အခု ပြောတဲ့ ပမာဏ ကို ကျော်သွားလို့ အလွန်အကြူးမူးသွားရင်တော့ အောက်ပါ အစားအစာလေးတွေ စားကြည့်ပါ

1. အစေ့အဆန် - ယောင်ယမ်းတာသက်သာစေပြီး၊ hangover အတွက် အထောက်အကူဖြစ်စေပါတယ်
2. ကော်ဖီ - ကဖိန်း ကြောင့် ခေါင်းကြည်ပြီး လန်းလာစေပါတယ်။
3. အသားဓါတ် - ကြက်သား၊ ငါး
4. ကြက်ဥ
5. အုပ်ဂျုံ- ကာဗိုဟိုက်ဒရိတ် တမျိုး ဖြစ်လို့ သွေးတွင်း သကြားဓါတ် ကို ဖြည်းဖြည်းချင်းစီ တက်စေတော့ hangover လက္ခဏာတွေကို သက်သာစေပါတယ်။
6. ကန်စွန်းဥ၊အာလူး
7. လိမ္မော်သီး၊ ကျွဲကောသီး၊ မာလကာသီး၊ နာနတ်သီး - ဗီတာမင်စီ ကြွယ်ဝသောအစားအစာများ။
8. ဂျင်း
9. အုန်းရည်
10. ခရမ်းချဉ်သီးဖျော်ရည်
11. ရေများများ ပြန်သောက်ပေးပါ - ရေဓါတ် ပြန်လည် ဖြည့်တင်းဖို့လိုအပ်ပါတယ်။ .

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photos from Venus Queen's post 20/11/2022

လှလည်းလှ ပွဲလည်းတိုးတဲ့blouseလေးတွေပါ။
price-19000
ပြထားတဲ့အ‌ရောင်လေးတွေရပါမယ်ရှင့်။
အမည်၊ ဖုန်းနံပါတ် ၊လိပ်စာ မှာယူလိုသည့် ပုံနှင့် အ​​ရောင်တို့ကိုVQရဲ့ message box (သို့) "ph no_ 09 421143183, 09268664376, 09776434672" တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
🙏🙏🙏 ဝယ်ယူအားပေးမှုကို ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။ 🙏🙏🙏

Photos from Venus Queen's post 18/11/2022

ဘယ်တော့မှမရိုးတဲ့cardigan အပါးလေးတွေပါ။
Price-12000
ပုံထဲကရောင်လေးတွေရပါမယ်။
🔷️🔷️🔷️မှာယူမယ်ဆိုရင်တော့ delivery2ရက်အတွင်းပို့ပေးပါတယ် 📥
***(kpay%%%ပေးစရာမလိုပါဘူး)***
အမည်၊ ဖုန်းနံပါတ် ၊လိပ်စာ မှာယူလိုသည့် ပုံနှင့် အ​​ရောင်တို့ကိုVQရဲ့ message box (သို့) "ph no_ 09 421143183, 09268664376, 09776434672" တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
🙏🙏🙏 ဝယ်ယူအားပေးမှုကို ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။ 🙏🙏🙏

Photos from Venus Queen's post 18/11/2022

ပေါ့‌ပါးပြီး ချစ်စရာကောင်းတဲ့ဒီဇိုင်းနဲ့crop topလေးတွေလာပါပြီ။ 🥰🥰
***လက်ဇကလေးပါ။***
Price-18000
ပြထားတဲ့အရာင်လေးတွေရပါမယ်။
🔷️🔷️🔷️မှာယူမယ်ဆိုရင်တော့ delivery2ရက်အတွင်းပို့ပေးပါတယ် 📥
***(kpay%%%ပေးစရာမလိုပါဘူး)***
အမည်၊ ဖုန်းနံပါတ် ၊လိပ်စာ မှာယူလိုသည့် ပုံနှင့် အ​​ရောင်တို့ကိုVQရဲ့ message box (သို့) "ph no_ 09 421143183, 09268664376, 09776434672" တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
🙏🙏🙏 ဝယ်ယူအားပေးမှုကို ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။ 🙏🙏🙏

Photos from Venus Queen's post 12/11/2022

🤩​ပေါ့​ပေါ့ပါးပါးနဲ့ သင်တန်းသွား၊ ရုံးသွားဝတ်လို့ရတာ​လေး​တွေရပါမယ်။
Layer fashion ကြိုက်တတ်တယ် ဆိုရင်​တော့ ဒါ​လေးက ကွတ်တိပဲ🥰
ဆွယ်တာသားအပါး​လေးမှာမှ တစ်ဆက်တည်းဝတ်ရတာမို့ ရာသီဥတုမ​ရွေး ​ပေါ့​ပေါ့ပါးပါး နဲ့ အဆင်​ပြေတာ​ပေါ့👍
​စျေးနှုန်း 18000ကျပ်
ပုံမှာပြထားတဲ့ အ​ရောင်​လေး​တွေရပါမယ်။
(ပန်း​ရောင်၊ အညိုနု ၊အပြာနု)
🔷️🔷️🔷️မှာယူမယ်ဆိုရင်တော့ delivery2ရက်အတွင်းပို့ပေးပါတယ် 📥
***(kpay%%%ပေးစရာမလိုပါဘူး)***
အမည်၊ ဖုန်းနံပါတ် ၊လိပ်စာ မှာယူလိုသည့် ပုံနှင့် အ​​ရောင်တို့ကိုVQရဲ့ message box (သို့) "ph no_ 09 421143183, 09268664376, 09776434672" တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
🙏🙏🙏 ဝယ်ယူအားပေးမှုကို ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။ 🙏🙏🙏

Photos from Venus Queen's post 12/11/2022

ယဥ်ယဥ်​လေးနဲ့လှတဲ့ top​လေး​တွေ🤩
တက်တင်း​လေးနဲ့ စပ်ထား​​တော့ ဒါ​လေးက ပုံစံတစ်မျိုး​လေးနဲ့ ပိုကြည့်လို့လှတယ်​နော်🥰
​​စျေးနှုန်း 18000ကျပ်
ပုံထဲက အ​ရောင်​လေး​တွေရှိပါတ​ယ်။
(အစိမ်းရင့်၊​ချောကလက်၊အနက်)
🔷️🔷️🔷️မှာယူမယ်ဆိုရင်တော့ delivery2ရက်အတွင်းပို့ပေးပါတယ် 📥
***(kpay%%%ပေးစရာမလိုပါဘူး)***
အမည်၊ ဖုန်းနံပါတ် ၊လိပ်စာ မှာယူလိုသည့် ပုံနှင့် အ​​ရောင်တို့ကိုVQရဲ့ message box (သို့) "ph no_ 09 421143183, 09268664376, 09776434672" တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
🙏🙏🙏 ဝယ်ယူအားပေးမှုကို ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။ 🙏🙏🙏

Photos from Venus Queen's post 12/11/2022

ချစ်စရာလည်း​ကောင်း ၊fashionလည်းကျတဲ့topလေး​တွေရပါမယ်။ နှစ်ထပ်ဒီဇိုင်း​ပေမဲ့ တစ်ထပ်တည်းမို့ ဝတ်ရတာလည်းအဆင်​ပြေ ၊ Layer fashionဝတ်ချင်​ပေမဲ့ ဘယ်လိုတွဲရမှန်းမသိလို့ စိတ်ညစ်စရာလည်းမလို​တော့ဘူး​ပေါ့🤩
အ​သေးစိတ်ကို တစ်ပုံချင်း​ထောက်ပြီးကြည့်ရှုနိုင်ပါတယ်။
​စျေးနှုန်း 18000ကျပ်
🔷️🔷️🔷️မှာယူမယ်ဆိုရင်တော့ delivery2ရက်အတွင်းပို့ပေးပါတယ် 📥
***(kpay%%%ပေးစရာမလိုပါဘူး)***
အမည်၊ ဖုန်းနံပါတ် ၊လိပ်စာ မှာယူလိုသည့် ပုံနှင့် အ​​ရောင်တို့ကိုVQရဲ့ message box (သို့) "ph no_ 09 421143183, 09268664376, 09776434672" တို့ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
🙏🙏🙏 ဝယ်ယူအားပေးမှုကို ကျေးဇူး အများကြီးတင်ပါတယ်ရှင့်။ 🙏🙏🙏

Photos from Venus Queen's post 23/10/2022

🎆သီတင်းကျွတ် အထူးpromotion🎆🎆
🎉🎉 October 9ရက်​နေ့မှစလို့ လကုန် 31ရက်​နေ့အထိ Venus Queenမှာ ​ရောင်းချလာတဲ့အထည်များအားလုံးကို 10% discountနဲ့​​ရောင်းချပေးသွားမှာဖြစ်ပါတယ်။🎉🎉
ပုံတစ်ပုံချင်းစီရဲ့​အောက်မှာ ​စျေး​လေး​တွေ​ရေး​ပေးထားပါတယ်ရှင့်။

09/10/2022

🎆သီတင်းကျွတ် အထူးအစီအစဥ်🎆

🙏🙏🙏သီတင်းကျွတ်အခါသမယမှာ အားလုံး ကိုယ်၊စိတ် နှစ်ဖြာ ကျမ်းမာ၊ ချမ်းသာပြီး​ ကောင်း​သော လိုအင်မှန်သမျှပြည့်ဝကြပါ​စေ လို့ဆု​တောင်းလိုက်ပါတယ်။🙏🙏🙏
Promotion period - (9.10.2022~31.10.2022)

09/09/2022

အဖြေ တိုက်ရန်

အမေး - Low Fat (အဆီလျှော့) အစားအစာတွေ က ကျန်းမာရေးနှင့် ပို ညီညွှတ်စေပါသလား?

အဖြေ -
(၂) မဟုတ်ပါ

များသောအားဖြင့် low fat အစားအစာ တွေ မှာ အရသာ ပိုကောင်းအောင် သကြား သို့မဟုတ် sodium ဆားဓါတ် တွေ ပိုပါနေတတ်ပါတယ်။

တကယ် low fat ဖြစ်ပြီး ကျန်းမာရေး နှင့် ညီညွှတ်သော အစားအစာ များစွာ ရှိသလို သကြား၊ ဆား များနေတာ တွေလဲ ရှိတတ်ပါတယ်။

ဒါကြောင့် အစားအစာ တခု ဝယ်မယ်ဆိုရင် nutrition label (အာဟာရ တန်ဖိုးပြဇယား) ကိုသေချာဖတ်သင့်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Photos from Six flavour's post 03/09/2022

စားချင်စရာလေးတွေတော့😍😋

Photos from Venus Queen's post 29/07/2022

✨"Collagenကြွယ်ဝတဲ့အစားအသောက္များ"✨
👑👑👑👑👑👑👑
-lean meat(အဆီနည်းတဲ့အသား)
-fish
-bone broth(အရိုးပြုတ်ရေ)
-egg's white(ကြက်ဉအကာ)
-spirulina(စပီရူလိုင်းနား‌ရေညိှမှှုံ့)
👍Collagenဆေးတွေဝယ်သောက်တာလည်းကောင်းပေမယ့် size effectနဲ့ပတ်သက်ရင် ဒီလိုသဘာဝအတိုင်းCollagenပါတဲ့အစားသောက်တွေစားပေးတာက ပိုပြီး စိတ်ချရတာပေါ့နော်။ Budgetလည်းsafeဖြစ်တယ်။

❤❤❤ပံုလေးတွေတစ်ပံုချင်းထောက်ကြည့်သွားကြပါဦး❤❤❤

Photos from Venus Queen's post 26/07/2022

✨"နုပျို ကျန်းမာစေမယ့် အစားအစာများ "✨

"အစာလည်းဆေး ဆေးလည်းအစာ" ဆိုသလို မိမိ နေ့စဥ်စားသောက်နေတဲ့ အစားအစာတွေက မိမိရဲ့ ကျန်းမာရေး အခြေအနေကို များစွာပြောင်းလဲပေးနိုင်ပါတယ်။ အားလံုးသိကြမယ်ဆိုပေမယ့် ဒီလိုပဲထားလိုက်ကြတာများပါတယ်။ နေ့စဥ်စားနေတဲ့ အစားသောက်ထဲမှာ ဒါမျိုးလေးတွေထည့်စားပေးမယ်ဆိုရင် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်တဲ့...
ပံုလေးတွေထောက်ပြီးကြည့်သွားပါဦးနော်❤

Photos from I am Fashion's post 18/07/2022
18/07/2022

🥰

17/07/2022

ဒညင်းသီး စားအုံးမလား

ကျွန်တော်တို့ မြန်မာအများစု က ဒညင်းသီး ကို မျိုးစုံလုပ်စားကြပါတယ်။ ဒညင်းသီးပြုတ်၊ ဒညင်းဝက်၊ ဒညင်းသီး အုန်းနို့စမ်း၊ ဒညင်းသီးငပိချက် အစရှိတာတွေ လုပ်စားကြပါတယ်။

ပရိုတင်းဓါတ်၊ ကစီဓါတ်၊ အမျှင်ဓါတ်ပါဝင်သော်လည်း ကျန်းမာရေးနှင့် တော့ ညီညွှတ်တယ်ပြောလို့မရပါဘူး။

ဒညင်းသီး (Djenkol Bean) မှာ Djenkolic acid ပါ ဝင်ပါတယ်။ ဒါက ကျောက်ကပ်ကို ပျက်စီးစေတဲ့ ဓါတ်ပါပဲ။

Risky Little Bean လို့လဲ တင်စားခေါ်ပါတယ်။ ပြောချင်တာက အန္တရာယ်များတဲ့ ပဲ တမျိုးပါပဲ။

ဒညင်းသီးစားရင် ဒညင်းသီးအဆိပ်သင့်ရောဂါ (Djenkolism) ဖြစ်နိုင်ပါတယ်

​ရောဂါလက္ခဏာတွေ ကတော့
1. အော့အန်ခြင်း
2. မူးဝေခြင်း
3. ဆီးသွားရင် သွေးပါခြင်း
4. ဆီးသွားနည်းလာခြင်း၊ ဆီးမထွက်တော့ခြင်း
5. ​ကျောက်ကပ် ပျက်စီးခြင်း
6. ဖောလာခြင်း
အစရှိသည့် လက္ခဏာများဖြစ်တတ်ပြီး အသက်အန္တရာယ် ပါ စိုးရိမ်ရတဲ့ အထိ ဖြစ်တတ်ပါသည်။

ဒါကြောင့် ဒညင်းသီး ကို ကျောက်ကပ်ကို ပျက်စီးစေတဲ့ အသီး(ကျောက်ကပ် အဆိပ်သီး) လို့ ယူဆပြီး ရှောင်ရှားကြဖို့ အကြံပြုပါရစေ

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Reference

https://pubmed.ncbi.nlm.nih.gov/9171298/

https://pubmed.ncbi.nlm.nih.gov/17337378/

#ဒညင်းသီး

17/07/2022

ကိုယ်အလေးချိန်လျော့ချနေသူတော်တော်များများက ထမင်းစားတာကိုလုံးဝရှောင်ပြီး ကိုယ်အလေးချိန်လျော့လေ့ရှိပါတယ်။
‎‏‏‎ ‎
❗ဒါပေမယ့် ကိုယ်အလေးချိန်စချတာနဲ့ ထမင်းလုံးဝ မစားတော့ဘူးဆိုတာ ရေရှည် လုပ်နိုင်မယ့် ဝိတ်ချနည်း မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။
‎‏‏‎ ‎
ဒီတော့ ကိုယ်အလေးချိန်လည်းမတက်စေဘူး၊ လိုအပ်တဲ့အာဟာရတွေရပြီး ကိုယ်အလေးချိန်ကိုမြန်မြန်ကျစေဖို့အတွက် ထမင်းကို ဘယ်လိုစားကြမလဲ ဆိုတာလေးကိုပြောပြပေးမယ်နော်👇
‎‏‏‎ ‎
✅စားနေကျ ထမင်းဖြူ ကို ကဓီဓါတ်နည်းအောင် ရေငှဲ့ချက်တာ
✅ဆန်လုံးညို/ riceberry ကိုသာစားမယ် (အဆာခံပြီးဗိုက်ပြည့်လွယ်သလို ဗီတာမင် သတ္တုဓါတ်များလည်း ပါပါတယ်)
✅​ပေါင်းအိုးနဲ့ချက်တဲ့ထမင်းကို ပမာဏ လျှော့ချပြီးစားမယ်
‎‏‏‎ ‎
အထက်ပါ နည်းလမ်းတွေ နဲ့ ထမင်းတွေ ကို ပြင်ဆင် ချက်ပြုတ်စားလို့ရပါတယ်။ ဒီနေရာမှာ အရေးအကြီးဆုံး က တော့ ပမာဏ အများကြီး စားရင် တော့ ဘယ်လောက်ပဲ ကျန်းမာရေးနှင့် ညီညွှတ်ပါစေ ကယ်လိုရီ များပြီး ဝိတ်တက်စေနိုင်ပါတယ်။
‎‏‏‎ ‎
🍛ဘာကြောင့်လဲ ဆိုတော့ ထမင်း တွေမှာ ပါဝင်တဲ့ ကယ်လိုရီ က အရမ်း ကွာခြားမှုမရှိလို့ပါ။ ရေငှဲ့ချက်တဲ့ ထမင်း ကဓီဓါတ်လျှော့ချထားတဲ့ ထမင်းဆိုရင် တော့ သာမာန်ထက် နည်းနိုင်ပါတယ်။
‎‏‏‎ ‎
ဒါကြောင့် ထမင်းစားရင်ထမင်းပန်းကန်လုံးသေး (၁) လုံး မပြည့် တပြည့် စားပေးရင် အဆင်ပြေပါတယ်။ ဒါကတော့ အကြမ်းဖျင်းပြောခြင်းသာ ဖြစ်ပါတယ်။ လူတစ်ဦးနဲ့ တစ်ဦး ပမာဏ မတူညီနိုင်ပါဘူး။
‎‏‏‎ ‎ ‏‏‎ ‎
ဝိတ်ချနေတဲ့ သူတွေ တခြား သတိထားသင့်တဲ့ အချက်တွေကတော့
➖➖➖➖➖
✔️လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ (၄၅ မိနစ် မှ တစ်နာရီ)
✔️ရေသောက်ဖို့မမေ့ပါနှင့် (၂-၃ လီတာ)
✔️လှုပ်ရှားမှုတိုင်းက ဝိတ်ကျစေတယ် ဆိုတာ သတိရပါ
✔️အရွက် များများစားပါ။ အရောင်စုံအောင် စားပါ။
✔️အသီးအနှံ တစ်နေ့ တစ်လုံးလောက် စားပေးပါ။
✔️စိတ်ချရတဲ့ ဝိတ်ကျဆေး၊ ပိန်ဆေးရယ်လို့ မရှိသေးပါ။ (Orlistat ဆေးတော့ရှိပါတယ်။ ဒီဆေးက မိမိစားတဲ့ အစားအစာမှာ ပါဝင်နေတဲ့ ဆီရဲ့ ၃၀% ကို မစုပ်အောင် လုပ်ပေးတဲ့ ဆေးပါ။
✔️ပြုပြင်ထားတာမျိုးမဟုတ်တဲ့ သန့်ရှင့်လတ်ဆတ်တဲ့အသားကိုသာ စားပေးပါ
✔️ဘယ်အစားမဆို Zero calorie ဆိုတိုင်း မစားမိပါစေနှင့်၊ ဆားဓါတ် နှင့် ဖော့စဖောရပ် တွေ များနေတတ်ပါတယ်။
‎‏‏‎ ‎
အထက်ပါအချက်လေးတွေ ကို လိုက်နာပြီး ကျန်းမာ လှပ တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင် နိုင်ကြပါစေ
‎‏‏‎ ‎
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
‎‏‏‎ ‎====================

Photos from Dr. Nutrition's post 17/07/2022
17/07/2022

အဖြေ တိုက်ရန်

အမေး - ဆီးချို ဝေဒနာရှင်များ နဂါးမောက်သီး စားလို့ရလား????

အဖြေ

1. ရပါတယ်

စားလို့ရပါတယ်။ နဂါးမောက်သီး က သကြားပါဝင်မှု့နည်းပြီး သကြားတတ်နှုန်း (glycemic index) နည်းတဲ့ အသီး ဖြစ်ပါတယ်။

စားမယ်ဆိုရင်တော့ တခြမ်း လောက် စားပေးလို့ရပါတယ်။ ထမင်းစားစားပြီးချင်း အချိုတည်းသလိုမျိုး မစား သင့်ဘဲ အစာကြီး စားပြီး (၂) နာရီ ခြားပြီးမှ သာ စားသင့်ပါတယ်။

ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးနေပြီ ဆိုပါက နဂါးမောက်သီး နဲ့ မတည့်တော့ ပြန်ပါဘူး။ သူက phosphorus (ဖော့စ်ဖောရပ်စ်) ဓါတ်များ လို့ပါ။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#ဆီးချို

Photos from I am Fashion's post 12/07/2022

😍

10/07/2022
09/07/2022

နွားနို့သောက်တော့မယ်ဆိုရင် အဆီထုတ်နို့ သောက်မှာလား၊ မလိုင်ပြည့်နို့ သောက်မှာလား????

နွားနို့ တခွက် (၂၅၀ ml) မှာ

အဆီထုတ် - ၉၀ ကယ်လိုရီ
မလိုင်ပြည့် - ၁၆၀ ကယ်လိုရီ ဆိုပြီး အကြမ်းဖျင်းရှိပါတယ်။

အဆီထုတ် နို့ (skimmed milk) နဲ့ မလိုင်ပြည့် ပါတဲ့ နို့ (full cream milk) နှစ်ခုလုံး မှာ တော့ အသားဓါတ် ပါဝင်မှုနှုန်း ကတော့ တူတူ ပါပဲ။ တခွက်မှာ 8 ဂရမ် ပါဝင်ပါတယ်။

ဘယ်လိုလူတွေ က အဆီထုတ် skimmed milk/ low fat milk သောက်သင့်သလဲ?

1. ဝိတ်ချနေတဲ့ သူများ (တပါတ် တကြိမ်လောက်တော့ မလိုင်ပြည့် နို့ သောက်ရင်တော့ အဆင်ပြေပါတယ်။ ဖြစ်နိုင်ရင် မြက်စား နွားရဲ့ နို့ ကို ပိုသောက်စေခြင်ပါတယ်၊ ဒါမှ ဗီတာမင် A,D,E,K စတဲ့ ဗီတာမင်တွေ တဖက်တလမ်း က ရမှာ ဖြစ်ပါတယ်။)
2. ဆီးချိုရောဂါ ရှိသူများ
3. ကိုလက်စထရော များသူများ
4. နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများ
5. အသက် ၄၀ အထက် လူလတ်ပိုင်းများ (၂,၃,၄ ရောဂါ မရှိပါက မလိုင်ပြည့် နို့ တပါတ် ၁-၂ ကြိမ် အထိ သောက်နိုင်ပါသည်)
6. ကြွက်သားတက်အောင် ကစားနေသူများ (၂,၃,၄ ရောဂါ မရှိပါက မလိုင်ပြည့် နို့ တပါတ် ၁-၂ ကြိမ် အထိ သောက်နိုင်ပါသည်)
7. အရပ်ရှည်ချင်သူများ
8. အရိုးပါး၊ အရိုးပွ ရောဂါရှိသူများ ကို တိုက်လို့ရပါတယ်။

ဘယ်လိုလူတွေ မလိုင်ပြည့် နွားနို့ သောက်သင့်သလဲ?

မလိုင်ပြည့်နွားနို့လို့ ဆိုတဲ့ နေရာမှာတော့ မြက်စားနွားလို့မျိုး နွားမှ ထုတ်ထားတဲ့ နို့လိုမျိုးဆိုပိုအဆင်ပြေပါတယ်။ တပါတ် 3-4 ကြိမ်လောက် တိုက်ပြီး ကျန်ရက်မှာ အဆီထုတ်နို့တိုက်ပါ။

1. အသက် ၂ နှစ်အထက် ကလေး
2. သက်ကြီးရွယ်အိုများ
3. အာဟာရချို့တဲ့ လွန်းသူများ စတဲ့ သူတွေ မှာ တိုက်လို့ရပါတယ်။

နို့ကို တနေ့ ဘယ် နှစ်ခွက် သောက်သင့်သလဲ?

တနေ့ တခွက် တော့ သောက်သင့်ပါတယ်။ ဖြစ်နိုင်ရင် မနက် (၁) ခွက် ည (၁) ခွက် သောက်ပေးရင် ပို အဆင်ပြေပါတယ်။

​နောက်နေ့တွေ မှာ နွားနို့နဲ့ပြုလုပ်လို့ရတဲ့ အစားအစာများ ကို လုပ်ပြပါအုံးမယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

08/07/2022

အဖြေတိုက်ရန်

အမေး - အမျိုးသမီးများ ဓမ္မတာ လာနေချိန် လက်ဖက် စားရင် ထိန်တယ် ဆိုတာဟုတ်ပါသလား?

အဖြေ -
(2) မဟုတ်ပါ

လက်ဖက်ကြောင့် ရာသီသွေးထိန်တာ မဖြစ်ပါဘူး။ လက်ဖက်စားလွန်း ပါက သွေးအားနည်း တတ်တာကိုတော့ သတိထားသင့်ပါတယ်။

ဓမ္မတာ အချိန်မှာ စပ်လွန်းတာ ရှောင်သင့်ပါတယ်။ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲနေချိန်၊ အရမ်း စပ်တာစားပြီး အစာအိမ်နာတာ၊ ယောင်ယမ်းတာမျိုး ဖြစ်ပြီး ဝမ်းဗိုက်အထက်ပိုင်း နာတာမျိုး ပါ ဖြစ်မှာစိုးလို့ပါ။

အချဉ်ပေါင်းကဲ့သို့ ငန်လွန်းတဲ့ အစားအစာ များ သိပ်မစားပါနှင့် သွေးတိုးပြီး ခေါင်းပို မူးတတ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

06/07/2022

Dessert😀

Photos from Venus Queen's post 05/07/2022

👉ရင်သားအနေအထား👈
‌ရင်သားနဲ့ braတွေအကြောင်းပြောရင် နောက်ဆံုးစဥ်းစားရမှာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ရင်သားနှစ်ခုကြားအကွာအဝေး အကျဥ်း အကျယ်ပါ။ သင့်ရဲ့ရင်သားက တစ်ခုနဲ့တစ်ခု နီးကပ်နေတာမျိုးပဲဖြစ်ဖြစ် ဝေးကွာနေတာပဲဖြစ်ဖြစ် အရေးကြီးဆံုးကတော့ သက်တောင့်သက်သာနဲ့ ပံုစံကျလှပနေဖို့ပဲမဟုတ်ပါလား။
✨✨ရင်သားနှစ်ခု ကြားအကွာအဝေးက ကျဥ်းတဲ့အထဲမှာပါတယ်ဆိုရင်တော့ braမှာရှိတဲ့ ရင်သားcup၂ခုကြားရဲ့ အလယ်ဗဟိုကို ခြားပေးထားတဲ့ gore ကျဥ်းတာမျိုးလေးရွေးချယ်သင့်ပါတယ်။ ပံုစံအားဖြင့်တော့ plunge bra ဒါမှမဟုတ် balconetteပုံစံမျိုးရှိပါလိမ့်မယ်။ ဒါမှ braမှာရှိတဲ့ရင်သားကို supportပေးတဲ့ underwireက ရင်ညွန့်ရိုးနားက ရင်သားကို လိုသလို အကျဥ်းအကျယ်ပြုလုပ်ပေးနိုင်မှာပါ။ Cup နှစ်ခုကြားက goreပြားတာမျိုးလည်း ရွေးချယ်နိုင်ပါတယ်။
✨✨သင့်ရဲ့ရင်သားနှစ်ခုကြားအကွာအဝေး က ကျယ်တဲ့အထဲမှာပါမယ် တစ်ခါတစ်ရံ ရင်သားသေးတဲ့သူတွေမှာလည်း ဒီလိုပံုစံရင်သားမျိုးရှိတတ်ပါတယ်။ ဒါဆိုရင်တော့ ရင်သား cup နှစ်ခုကြားက အကွာအဝေးက ကျဉ်းမြောင်းပြီး ကပ်လုနီးနီး ဖြစ်နေတဲ့ braမျိုးကို သွားရွေးချယ်လို့မရပါဘူး။ သက်တောင့်သက်သာဖြစ်စေမှာမဟုတ်ပါဘူး။ Braရဲ့cupအောက်ပိုင်းမှာရှိတဲ့ underwireကပြေပြေပြစ်ပြစ်လေးနဲ့ ကောက်ကြောင်းပေါ်တာမျိုးလေးရွေးချယ်သင့်ပါတယ်။ ဒီလို braမျိုးက ရင်သားကို braနဲ့ အံခွင်ဝင်ကျဖြစ်စေပြီး ရင်သားကို ပြေပြေပြစ်ပြစ်နဲ့ အလယ်ကိုတွန်းပို့ပေးနိုင်ပါတယ်။ Plunge bra styleမျိုးမှာမှ ပခံုးမှာ crossပံုစံသိုင်းကြိုး မပါတာမျိုးကလည်း ရင်သားကို မြှင့်တင်ပြီး အတွင်းဘက်ကိုပိုရောက်စေချင်တဲ့ အခါမျိုးမှာ ရွေးချယ်နိုင်ပါတယ်။
မြင်သာအောင် websiteက ပံုလေးတွေထည့်ပေးလိုက်ပါတယ်။ တစ်ပံုချင်းစီထောက်ကြည့်ပြီး captionလေးတွေနဲ့တွဲကြည့်လို့လည်းရပါတယ်။



Soure from Glamour web.

Photos from Htet's post 04/07/2022

Accessoriesလေးတွေဝတ်တဲ့အခါ အဆင်ပြေပြေတွဲစပ်နိုင်ဖို့ shareပေးလိုက်ပါတယ်။

Photos from Venus Queen's post 03/07/2022

သင့်ရဲ့ရင်သားက တစ်ဖက်နဲ့တစ်ဖက် sizeမတူတဲ့ ရင်သားမျိုး ဆိုရင်တော့ ဆွဲသားမှာမှ ရင်သားcupကိုnatural shapeပံုပေါ်အောင်ဖန်တီးထားတဲ့ bra၊ ပခံုးကြိုးကို လိုသလိုအတိုးအလျော့လုပ်လို့ရတဲ့ braမျိုးရွေးချယ်သင့်ပါတယ်။
အမွှာတွေတောင် တစ်ယောက် နဲ့ တစ်ယောက္အလံုးစံု မတူညီကြတာမို့ သင့်ရဲ့ရင်သားsizeမတူတာကလည်း ပံုမှန်ပဲဖြစ်ပါတယ်။ Cupကို ကိုယ်ကြိုက်သလိုအထုတ် အသွင်း လုပ်လို့ရတဲ့ braမျိုးလည်းဝတ်လို့ရပါတယ်။ မြင်သာအောင်websiteကပံုလေးတွေထည့်ပေးလိုက်ပါတယ်။

Telephone

Website