Blenteral Blenderized Daily Nutrition

Blenteral Blenderized Daily Nutrition

Blenteral အသင့်သောက်အာဟာရအရည် BLENTERAL is non-GMO and contains no artificial colors, flavors, sweeteners.

Product Description
BLENTERAL Blenderized Daily Nutrition is a blenderized nutrition proudly manufactured in Myanmar with the standards of Myanmar FDA and WHO GMP standard, with the scientific formula developed and tested by Institute of Nutrition, Mahidol University. Blenteral Blenderized Daily Nutrition offers a better solution for elderly people and patients with tube feeding, convalescent pat

19/01/2024

💪 ကိုယ်ခံစွမ်းအားအစစ်အမှန်ကို သဘာဝအစားအသောက်တွေဆီကနေ တိုက်ရိုက်ရနိုင်သလို
ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် ပရိုတင်း နဲ့ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ Blenteral အသင့်သောက် အာဟာရအရည်ကနေလည်း ရရှိနိုင်ပါတယ်ရှင် ။

❎ Preservative
❎ Chemical တွေ လုံးဝမပါဝင်တာကြောင့် မိတ်ဆွေတို့ရဲ့ ကိုယ်ခံစွမ်းအားကို ကျန်းမာရေးနဲ့အညီ မြှင့်တင်နိုင်ဖို့ Blenteral အသင့်သောက်အာဟာရအရည်ကို အချိန်မရွေး သောက်သုံးကြည့်လိုက်ပါ 🥰

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

14/01/2024

မိသားစုဝင်တစ်ဦးစီတိုင်း ကျန်းမာနေကြတယ်ဆို တစ်မိသားစုလုံးအတွက် ချမ်းသာသုခ အဖြာဖြာပါပဲ ။

လူကျန်းမာမှ စိတ်ချမ်းသာမယ်ဆိုတဲ့ စကားလေးအတိုင်း
🫘 အမြဲတမ်း ကျန်းမာနေစေဖို့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေအပြင်
🥚 ပရိုတင်းနဲ့ ကာဘိုဟိုက်ဒရိတ်တို့လည်း ပါဝင်တဲ့ Blenteral အသင့်သောက် အာဟာရအရည်က အစွမ်းကုန် ကူညီဖြည့်တင်းပေးနိုင်ပါတယ် …. 😍

ဒါ့ကြောင့် တစ်မိသားစုလုံး ကျန်းမာပျော်ရွှင်ပြီး ပြုံးပန်းတွေ ဝေဆာနေစေဖို့ Blenteral က အနီးနားမှာ အမြဲတမ်း ရှိနေပေးပါရစေ 🥰

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီနော် 🛒

#ဘလန်ထရယ်

13/01/2024

Blenteral အသင့်သောက်အာဟာရအရည်ကို ဖြည့်စွက်စာအနေနဲ့ရော ၊ အစာအာဟာရအနေနဲ့ပါ သောက်သုံးနိုင်တယ်ဆိုတာကို သိပြီးကြပြီလား 😱
ဒီအချက်က Blenteral ရဲ့ အားသာချက် တစ်ခုပါပဲရှင် …

🥚 အစာမာတွေ ၊ တခြား အစားအသောက်တွေ မစားနိုင်တဲ့သူတွေအတွက်
ကိုယ့်ရဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တစ်နေ့ကို ၃ - ၅ ထုပ် ခန့်သောက်သုံးနိုင်တဲ့အပြင်

🫘 အစားအသောက်တွေကို ပုံမှန်တိုင်း စားဖြစ်တယ် ၊ စားရတာလည်း အဆင်ပြေတယ်ဆိုရင်တော့
တစ်နေ့ကို ၁ - ၂ ထုပ် ခန့် သောက်သုံးနိုင်ပါတယ်နော် ။

Blenteral အသင့်သောက် အာဟာရအရည်က kcal အတိအကျပါဝင်တာမို့ ဘယ်နှထုပ်သောက်ရင် Energy ဘယ်လောက် ရသွားလဲဆိုတာကို အလွယ်တကူ ပြန်တွက်ချက်နိုင်ပါတယ်ရှင် 🔮

💪 ဒါ့ကြောင့် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရတွေကို Blenteral တစ်မျိုးတည်းနဲ့ ပြန်လည် ဖြည့်တင်းရင်း နေ့ရက်တိုင်းကို Energy အပြည့်နဲ့ ဖြတ်သန်းလိုက်တော့နော်

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

12/01/2024

🌊 ရေ ဘယ်နှဆနဲ့ ရောရမှာလဲဆိုပြီး တွက်ချက်စရာ လုံးဝမလိုတဲ့ Blenteral အသင့်သောက်အာဟာရအရည်ဟာ 350 kcal ပါတဲ့အပြင် 1:1 Formula နဲ့ ထုတ်လုပ်ထားတာကြောင့် သောက်ရလွယ်ကူပြီး ဘယ်သွားသွား အိတ်ထဲထည့်ပြီး သယ်သွားလို့ ရတာပေါ့ 😍

💁 ဘာမှ ထပ်ရောထည့်စရာမလို
💁 အာဟာရအပြည့်လည်း ရ
🌟 အခန်းအပူချိန်မှာဆို တစ်နှစ်တိတိ အထားခံပြီး အချိန်မရွေး ဖောက်သောက်လို့ ရတာမို့
ကျန်းမာရေးလက်ဆောင်ပေးမလား … Daily Nutrition အတွက် ကိုယ်တိုင်ပဲ သောက်သုံးမလား …
အချိန်တိုင်းမှာ အသင့်သောက်သုံးနိုင်ပါတယ်ရှင် 🫘

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

24/12/2023

Carbohydrate ဘယ်နှစ်မျိုးရှိလဲ?

Carbohydrates တွေက ကားတစ်စီးလည်ပတ်ဖို့ ထည့်ရတဲ့လောင်စာနဲ့အတူတူပါပဲ 💁‍♀️

လူတွေဟာ အသက်ရှင်ဖို့အောက်ဆီဂျင်လိုအပ်သလိုပဲ သွားလာလှုပ်ရှားနိုင်ဖို့တော့ Carbohydrates တွေကိုလိုအပ်ပါတယ် ✅

ဒါကြောင့် Carbohydrates တွေကို လောင်စာနဲ့တူတယ်လို့ပြောရတာပါ။

Carbohydrates တွေကို အဓိကနှစ်မျိုးခွဲထားပါတယ်။

🔸Simple Carbohydrates နဲ့
🔸Complex Carbohydrates ပါ။

Simple Carbohydrates ထဲမှာ Monosaccharides နဲ့ Disaccharides တွေပါဝင်ပြီး 💁‍♀️

Complex Carbohydrates ထဲမှာတော့ Polysaccharides တွေဖြစ်တဲ့ Starches, Glycogen နဲ့ Fibers တွေပါပါတယ်။

ဗိုက်အရမ်းဆာ‌နေတဲ့အချိန်မျိုးမှာ Simple Carbohydrates တွေကိုစားသင့်ပြီး

ဝိတ်ထိန်းနေတယ်ဆိုရင်တော့ Complex Carbohydrates တွေကိုရွေးချယ်သင့်ပါတယ်။

Simple Carbohydrates တွေက အစာကြေမြန်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကယ်လိုရီကို မြန်မြန်ရစေပါတယ်။

Complex Carbohydrates တွေကတော့ အချိန်ကြာကြာဖြိုခွဲရပြီး တဖြည်းဖြည်းချင်းကယ်လိုရီကိုထုတ်ပေးတာဖြစ်လို့ အဆာခံစေပါတယ်။

Simple Carbohydrates ပါဝင်တဲ့အစားအသောက်တွေက

🔸အသီးအနှံတွေ
🔸နို့နဲ့နို့ထွက်ပစ္စည်းတွေ
🔸သကြားလုံး
🔸Soft Drinks တွေပဲဖြစ်ပါတယ်။

Complex Carbohydrates ကိုတော့

🔸အာလူး
🔸ကန်စွန်းဥ
🔸ပြောင်းဖူး
🔸ပဲအမျိုးမျိုးနဲ့
🔸ဟင်းသီးဟင်းရွက်အမျိုးမျိုးမှာတွေ့ရပါတယ်။

ဒါဆို Carbohydrates အမျိုးအစားတွေကိုသိပြီး ကိုယ်နဲ့လိုက်ဖက်မဲ့ Carbohydrates တွေကိုရွေးချယ်စားသုံးနိုင်ကြမယ်လို့မျှော်လင့်ပါတယ်နော် 🙆‍♀️

17/12/2023

Blenteral အသင့်သောက်အာဟာရအရည်ကို ပါဝင်ပစ္စည်း ဘယ်နှမျိုးနဲ့ ဖျော်စပ်ထားလဲဆိုတာကို သိပါသလား 🤔

အဖြေမှန်လေးကို ရွေးပေးခဲ့ပါဦးနော် ❤️

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

15/12/2023

⏰ အချိန်တိုင်းမှာ အလွယ်တကူသောက်သုံးနိုင်တဲ့ ဘလန်ထရယ်အသင့်သောက် အာဟာရအရည်ကို
ရွှေဖရုံသီး ၊ ဆန် ၊ ဆီ ၊ ပဲ ၊ ပဲပိစပ် ၊ ဆီ ၊ ကြက်ဥတို့နဲ့ ဖျော်စပ်ထုတ်လုပ်ထားတာဖြစ်လို့ တစ်နေ့တစ်ထုပ်သောက်သုံးမယ်ဆိုရင် ကျန်းမာရေးအတွက် မရှိမဖြစ် လိုကိုလိုအပ်တဲ့
💪 ဗီတာမင်များနဲ့သတ္တုဓာတ်များ
💪ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ကို အပြည့်အဝ ရရှိနိုင်ပါတယ်ရှင် … 😍

အသင့်သောက် အာဟာရအရည်ဖြစ်လို့ ဘယ်အချိန်မှာမဆို အလွယ်တကူ ဖောက်သောက်နိုင်တာမို့
အစာအစားထိုးအနေနဲ့ သောက်မယ်ဆိုလည်း အစာခံပြီး ကိုယ်ခံအားကောင်းစေပါတယ်ရှင် ❤️

Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

10/12/2023

“ ကျန်းမာရေး ဂရုစိုက်နော် ” ဆိုတဲ့ စကားလေးတစ်ခွန်းထက် ကျန်းမာစေမယ့် အာဟာရဓာတ်စာတွေ လက်ဆောင်ပေးခြင်းက ပိုပြီးနွေးထွေး လုံခြုံစေပါတယ်…. 🥰

ဒီတော့ ကိုယ်ချစ်တဲ့သူတွေနဲ့ အချိန်အကြာကြီး ကျန်းကျန်းမာမာ အတူရှိနေနိုင်ဖို့အတွက် သင်ကိုယ်တိုင်လည်း Blenteral အသင့်သောက် အာဟာရအရည် သောက်ပါ ….
ချစ်ခင်ရတဲ့သူတွေကိုလည်း Blenteral လက်ဆောင်ပေးပြီး ဂရုစိုက်ပေးလိုက်တော့နော် …. ❤️

Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

08/12/2023

မေး - အခန်းအပူချိန်မှာ တစ်နှစ်တိတိ သိမ်းထားနိုင်တဲ့ Blenteral အသင့်သောက်အာဟာရအရည်ဟာ
Preservative , Chemical တွေ ပါဝင်လား ❓

ဖြေ - Blenteral အသင့်သောက် အာဟာရအရည်ကို ထိုင်းနိုင်ငံ Mahidol Mahidol University , Institute of Nutrition မှ သုတေသနပြုလုပ်ထားပြီး Scientifically formulated ပြုလုပ်ကာ Protein ၊ Carbohydrate ၊ Fat နဲ့ Fiber ဓာတ်တွေပါဝင်အောင် သဘာဝ Ingredients တွေနဲ့ စနစ်တကျ ဖန်တီးထုတ်လုပ်ထားပါတယ်ရှင် ။

ဒါ့အပြင် 1:1 အချိုးနဲ့ဖြစ်လို့ အာဟာရအချိုးအစားတိကျတဲ့အပြင် မြန်မာနိုင်ငံရဲ့ FDA လက်မှတ်ရထားတဲ့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အာဟာရအရည်တစ်မျိုး ဖြစ်လို့ အသက်အရွယ်မရွေး ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ်နော် 😍

Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

02/12/2023

Blenteral အသင့်သောက်အာဟာရအရည် သောက်ဖို့အတွက် နာရီကြည့်စရာ မလိုပါဘူး ✨

🌞 Blenteral ကို နေ့ ၊ ည ဘယ်အချိန်မှာမဆို အလွယ်တကူ ဖောက်သောက်နိုင်ပြီး ကိုယ့်အတွက် လိုအပ်တဲ့ အစာအာဟာရကို ချက်ချင်း ပြန်လည် ဖြည့်တင်းနိုင်ပါတယ် 🌝

🧑‍⚕️ ကျန်းမာရေးအရ ပုံမှန်သောက်သုံးနိုင်သလို
🧑‍💻 အလုပ်များတဲ့ ရုံးဝန်ထမ်း ၊ အိမ်ရှင်မတွေအတွက်လည်း တစ်နေ့တာလုံးစာအတွက် အစာအစားထိုးအနေနဲ့ သောက်နိုင်ပါတယ်ရှင် …

🥛 အချိန်တိုင်းမှာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်စေလို့ မနက်မှာပဲ သောက်သောက် ၊ နေ့လယ်နဲ့ ညမှာပဲ သောက်သောက် အာနိသင် မလျော့ဘဲ ကောင်းမြဲတိုင်းကောင်းနေစေမှာ သေချာပါတယ် ။

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

30/11/2023

Blenteral အသင့်သောက်အာဟာရအရည်ကို အပူပေးဖို့ လိုအပ်လား 🤔

🥛 Blenteral ကို ချက်ချင်းဖောက် ချက်ချင်းသောက်သုံးနိုင်ပြီး ခပ်နွေးနွေးလေး သုံးဆောင်လိုရင်တော့
အောက်ပါပုံထဲကအတိုင်း အပူပေးနိုင်ပါတယ်ရှင် ။

Blenteral သောက်သုံးပုံနဲ့ ပါဝင်ပစ္စည်းတွေကို အထုပ်ရဲ့ ကျောဘက်ခြမ်းမှာ ထည့်ပေးထားတာဖြစ်လို့ အသေးစိတ်လေ့လာပြီး သောက်သုံးနိုင်ပါတယ်နော် ❤️

“ လူကြီးမိဘတို့ရဲ့ ကျန်းမာရေးကို ဘလန်ထရယ်နဲ့အတူ စောင့်ရှောက်လိုက်ပါ ”

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

27/11/2023

ပျော်ရွှင်စရာ တန်ဆောင်တိုင် အချိန်အခါကို မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ပါစေ ။
စိတ်ကျန်းမာ ၊ ကိုယ်ချမ်းသာ နဲ့ လိုရာဆန္ဒတွေကို တစ်လုံးတစ်၀ကြီး ပြည့်စုံနိုင်ကြပါစေ ခင်ဗျာ။

#ဘလန်ထရယ်

25/11/2023

လည်ချောင်းနာရင် ဘာစားစား မြိုချရခက်ကြတယ် မဟုတ်လား … 🙄

🦠 လည်ချောင်းနာတယ်ဆိုတာ ရာသီအကူးအပြောင်းကြောင့်လည်း ဖြစ်နိုင်သလို မီးခိုးငွေ့တွေနဲ့ ဘတ်တီးရီးယားပိုးမွှားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

လည်ချောင်းနာနေတဲ့အချိန်မှာ အစာမာတွေနဲ့ထမင်းဟင်းတွေကို အံကြိတ်မြိုချနေရတယ်ဆိုရင်
ဒီနာကျင်မှုက ပိုပြီအချိန်ကြာလာပါလိမ့်မယ်နော် …. ⚠️

💪 အခုလိုမျိုး လည်ချောင်းနာနေချိန်မှာဆို အင်အားပြည့်စေတဲ့ အစာပျော့လေးတွေ စားပေးဖို့ လိုအပ်ပါတယ်ရှင် … သေချာတာတစ်ခုကတော့ တစ်ထုပ်တည်းနဲ့ Energy ပြည့်သွားစေမယ့် ၊ အစာမြိုချရ လွယ်ကူတဲ့ တစ်ခုတည်းသောအစာအာဟာရက Blenteral အသင့်သောက် အာဟာရအရည်ပါပဲ ….

လူတစ်ယောက်ရဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့
ဗီတာမင် ၊ သတ္တုဓာတ် နဲ့ အာဟာရဓာတ်တွေ ပါဝင်တာဖြစ်လို့ တစ်ထုပ်သောက်ရုံနဲ့ တစ်နေ့တာလုံး ခွန်အားပြည့်လန်းဆန်းတက်ကြွနေမှာ သေချာပါတယ်ရှင် ….

ဒါကြောင့် ဘယ်လိုအကြောင်းကြောင့် လည်ချောင်းနာကျင်နေပါစေ Blenteral သောက်ပြီး အာဟာရဖြည့်လိုက်ပါ ….

“ လူကြီးမိဘတို့ရဲ့ ကျန်းမာရေးကို ဘလန်ထရယ်နဲ့အတူ စောင့်ရှောက်လိုက်ပါ ”

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

21/11/2023

တစ်ရက်လုံး အားအင်ပြည့်နေစေဖို့ တကယ်လိုအပ်တာက Blenteral အထုပ်လေးပါပဲ 🥛

▪️ အကြောင်းအမျိုးမျိုးကြောင့် မနက်စာ ၊ နေ့လယ်စာ ၊ ညစာကို သေချာအချိန်ပေး မချက်ပြုတ်ဖြစ်ဘူး
အလျဉ်းသင့်တာကို ချက်ပြုတ်လိုက်ပြန်တော့လည်း Energy မမျှမတဖြစ်တာကြောင့် ရေရှည်အတွက် Immune System ကို တဖြည်းဖြည်း ထိခိုက်စေလာနိုင်ပါတယ် ⚠️

✅ ဒါဆိုရင်တော့ ဒီလိုမျိုး တစ်နေကုန်နီးပါး အလုပ်ရှုပ်နေတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတစ်ခုက
အစားစားချိန်တိုင်းမှာ Blenteral တစ်ထုပ်ကိုပဲ သောက်သုံးဖို့ပါပဲရှင် ….

🥛 Blenteral အသင့်သောက် အာဟာရအရည်ဟာ
ခန္ဓာကိုယ်အတွက် ရှိကိုရှိသင့်တဲ့ Carbohydrate , Fats , Protein , Minerals & Fibre တွေ ပြည့်ဝစွာ ပါဝင်တဲ့အတွက်ကြောင့် အသက်အရွယ် မရွေး ၊ ကျား ၊ မ မရွေး နေ့စဉ် သောက်သုံးနိုင်ပါတယ်

ဒါ့ကြောင့် တစ်နေ့တာအတွက် မှန်ကန်တဲ့ အစာအာဟာရဖြစ်စေဖို့ Blenteral ကို နေ့စဉ် နေ့တိုင်း ရွေးချယ်လိုက်ပါရှင် ။

“ လူကြီးမိဘတို့ရဲ့ ကျန်းမာရေးကို ဘလန်ထရယ်နဲ့အတူ စောင့်ရှောက်လိုက်ပါ ”

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

15/11/2023

အသက်အရွယ်၊ ကျား၊ မ၊ ကျန်းမာရေးအခြေအနေစတဲ့ အချက်တွေအပေါ်မူတည်ပြီး အာဟာရလိုအပ်ချက်တွေက မတူညီနိုင်ပေမဲ့

တစ်နေ့တာအတွက် စားသုံးကြမဲ့ အစားအစာတွေထဲမှာ အစာအုပ်စုတွေစုံလင်အောင် ပါဝင်နေဖို့လိုပြီး ညီညွတ်မျှတ အာဟာရပြည့်ဝနေဖို့က အရေးအကြီးဆုံးပါပဲရှင်။

အစားအစာမှန်သမျှကို အုပ်စုခွဲကြည့်လိုက်တဲ့အခါ

▫️ ကြီးထွားဖွံ့ဖြိုးစေတဲ့ အစာအုပ်စု
▫️ အင်အားဖြစ်ထွန်းစေတဲ့ အစာအုပ်စုနဲ့
▫️ ရောဂါကို ကာကွယ်ခုခံနိုင်စေတဲ့ အစာအုပ်စုဆိုပြီး အစာအုပ်စု ၃ မျိုးရှိပါတယ်။

ကြီးထွားဖွံ့ဖြိုးစေတဲ့ အစာအုပ်စုထဲမှာ ပါဝင်တဲ့ အသား၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ အသည်း၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးတဲ့အခါ

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့၊ ဉာဏ်ရည်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်လာစေနိုင်ဖို့နဲ့ ကြွက်သားတွေကို ပြုပြင်တည်ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့ အသားဓာတ်ကို ရရှိ‌စေနိုင်ပါတယ် 💁🏻‍♀️

အင်အားဖြစ်ထွန်းစေတဲ့ အစာအုပ်စုဝင်‌တွေဖြစ်တဲ့ ထမင်း၊ ဆန်၊ ဂျုံ၊ ပြောင်းနဲ့ လုပ်ထားတဲ့ မုန့်အမျိုးမျိုး၊ ကန်စွန်းဥ၊ ပိန်းဥ၊ ပြောင်းဖူး၊ သကြား၊ နံပြားနဲ့ ပေါင်မုန့်တွေကတော့

တစ်နေ့တာမှာ လှုပ်ရှားရုန်းကန်နိုင်ဖို့အတွက် စွမ်းအင်ခွန်အားတွေကို ဖြည့်တင်းပေးနိုင်မဲ့ ကစီဓာတ် Carbohydrates ဓာတ်ကို ပေးနိုင်ပါတယ် 💁🏻‍♀️

ရောဂါကာကွယ်ခုခံနိုင်တဲ့ အစာအုပ်စုတွေထဲမှာတော့ ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေက အဓိက ပါဝင်တာမို့

ကိုယ်ခံအားကောင်းစေပြီး ရောဂါမှန်သမျှကို ရင်ဆိုင်ခုခံကာကွယ်နိုင်ဖို့အတွက် Vitamin နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေကို ရရှိစေနိုင်တယ်လေ 💁🏻‍♀️

နေ့ရက်တိုင်းမှာ ညီညွတ်မျှတတဲ့ အာဟာရ Balanced Diet ကို စားသုံးနိုင်ဖို့ဆိုရင်တော့ ပျမ်းမျှအနေနဲ့

အမျှင်ဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားနေကျ ပန်းကန်ရဲ့ 40% - 50%
ကစီဓာတ်ဖြည့် အစားအစာတွေကို ပန်းကန်ရဲ့ 20% - 30%
အသားဓာတ်ရစေမဲ့ အစားအစာတွေကိုတော့ ပန်းကန်ရဲ့ 20% - 30%
အဆီဓာတ်ကိုတော့ စားမဲ့ ပန်းကန်ရဲ့ 10% - 20% သုံးဆောင်ပေးနိုင်ပါတယ်ရှင်။

ဒါ့အပြင် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေကို တစ်နေ့ ရှစ်ခွက် အနည်းဆုံးသောက်ပေးသင့်ပြီး အစားစားရမဲ့ အကြိမ်အရေအတွက်ကိုလည်း Skip မလုပ်ဘဲ အချိန်မှန်စားပေးဖို့ လိုအပ်ပါတယ်။

#ဘလန်ထရယ်

10/11/2023

Trans Fat ကြောင့် သွေးထဲမှာ LDL များပြားလာပြီဆိုရင် နှလုံးကို ထိခိုက်စေလာနိုင်ပါတယ် ‼️

✅ လူ့ခန္ဓာကိုယ်အတွက် ကောင်းတဲ့ကိုလက်စထရော (HDL) နည်းပါးစေပြီး မကောင်းတဲ့ကိုလက်စထရော (LDL) တွေ များပြားလာစေတဲ့ Trans Fat လုံးဝမပါဝင်တဲ့ Blenteral အသင့်သောက် အာဟာရအရည်ကို ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပါတယ် ။

🥛 Blenteral ကို အသီးအနှံတွေနဲ့ အဓိကထုတ်လုပ်ထားတာဖြစ်လို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝရနိုင််ပါတယ်ရှင်

ဒါ့ကြောင့် နေ့စဉ် Blenteral သောက်ပြီး ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်လိုက်ပါ

အာဟာရပြည့်ဝကျန်းမာစေတဲ့
Blenteral (ဘလန်ထရယ်) နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Messenger (or) 09 5135239 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်

#ဘလန်ထရယ်

04/11/2023

ကျန်းမာရေးအတွက်မကောင်းတဲ့ အဆီနှစ်မျိုး 💁‍♀️

နေ့စဉ်စားသုံးနေတဲ့အစားအသောက်တွေထဲမှာ အဆီ (၃) မျိုးပါဝင်ပါတယ်။

🔸မပြည့်ဝဆီ (Unsaturated Fats)
🔸ပြည့်ဝဆီ (Saturated Fats)
🔸အသွင်ပြောင်းဆီ (Trans Fats)

ဒီ (၃) မျိုးထဲက ကျန်းမာရေးအတွက် ဆိုးကျိုးပေးနိုင်တဲ့အဆီ (၂) မျိုးကတော့ ပြည့်ဝဆီ (Saturated Fats) နဲ့
အသွင်ပြောင်းဆီ (Trans Fats) တို့ပါပဲ။

ပြည့်ဝဆီ (Saturated Fats) ဆိုတာဘာလဲ ?

Saturated Fats အများစုဟာ တိရစ္ဆာန်ရင်းမြစ်ကလာကြပါတယ်။ Saturated Fats တွေကိုစားသုံးတာများရင် သွေးထဲမှာ LDL လို့ခေါ်တဲ့ Bad Cholesterol တွေကိုများစေတာကြောင့် နှလုံးရောဂါတွေဖြစ်နိုင်ချေကို ပိုများလာစေပါတယ်။

အသွင်ပြောင်းဆီ (Trans Fats) ဆိုတာဘာလဲ ?

Trans Fats တွေဟာအသုံးအများဆုံးနဲ့ ကျန်းမာရေးအတွက်အန္တရာယ်အရှိဆုံးအဆီတွေပါ။ Trans Fats တွေကို သဘာဝကရတာရှားပြီး လူတွေဖန်တီးထုတ်လုပ်ထားတာကပိုများပါတယ်။

ဘယ်ဆီက ပိုအန္တရာယ်များလဲ ?

Trans Fats တွေက ကျန်းမာရေးအတွက်ဆိုးကျိုးအများဆုံးဆီတွေပါ။

Saturated Fats တွေကိုစားသုံးတာများရင် ဆိုးကျိုးရှိတယ်ဆိုပေမဲ့ လိုအပ်သလောက်အနည်းအကျဉ်းပဲစားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့အချက်တွေလည်းရှိပါတယ်။

ဒါပေမဲ့ Trans Fats တွေကတော့ အကျိုးပြုတဲ့အချက်မရှိသလောက်ရှားပြီး နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည်ရောဂါနဲ့ ကင်ဆာအမျိုးမျိုးကိုဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စားသုံးနေတဲ့အစားအသောက်ပေါင်းများစွာ‌မှာပါဝင်နေတာဖြစ်လို့ ရှောင်ရှားဖို့လည်းခက်တာကြောင့် ပိုအန္တရာယ်များပါတယ် 💁‍♀️

ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေကိုပဲ ရွေးချယ်စားသုံးကြပြီး ရောဂါဘယကင်းဝေးကြပါစေရှင် 🙆‍♀️

#ဘလန်ထရယ်

29/10/2023

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနိုင်ပြီး
အနာဘယကင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ကျွန်တော်တို့ Blenteral မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ

27/10/2023

Blenteral အသင့်သောက်အာဟာရအရည်မှာ ဘယ်လို Ingredients တွေ ပါလဲ ?

Blenteral အသင့်သောက်အာဟာရအရည်ကို

ရွှေဖရုံသီး
🍚 ဆန်
ပဲ
🥜 ပဲပိစပ်
🥘 ဆီ
🥚 ကြက်ဥ တို့နဲ့ စနစ်တကျ ဖော်စပ်ထားတာဖြစ်ပြီးတော့

✨ရွှေဖရုံသီးရဲ့ အားသာချက်ကတော့ ဗီတာမင်စီ နဲ့ ဗီတာမင်အေ ၊ သံဓာတ်တို့ ကြွယ်ဝတဲ့အတွက်ကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပါတယ် ။ ဒါ့အပြင် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ် ။ Fiber ပါဝင်လို့ ဝမ်းကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ် ။

✨ကာဘိုဟိုက်ဒရိတ်ကြွယ်ဝလို့ Energy အပြည့်အဝပေးနိုင်တဲ့ ဆန် မှာဆိုရင် Thiamin , Niacin လိုမျိုး များပြားလှတဲ့ ဗီတာမင်တွေ ၊ ဖော့စဖောရပ်နဲ့ သတ္တုဓာတ်တွေပါဝင်လို့ ကိုယ်ခံအားကောင်းစေပြီး Glycogen တက်လာစေပါတယ် ။

✨နှလုံးရောဂါ ၊ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ပဲ ၊ ပဲပိစပ် မှာဆိုရင် ဗီတာမင်စီ ၊ ဗီတာမင်အီး ၊ သတ္တုဓာတ်နဲ့ တခြားသော Antioxidants တွေ အများအပြား ပါဝင်တဲ့အတွက် Immune System ကို မြှင့်တင်ပေးနိုင်ပါတယ် ။

✨သန့်ရှင်းတဲ့ ဆီ ပါဝင်ခြင်းကြောင့် သွေးတွင်းကိုလက်စထရောကိုမြင့်စေနိုင်ပြီး ရောင်ရမ်းမှုကို သက်သာစေသလို နှလုံးခုန်နှုန်းကိုလည်း တည်ငြိမ်စေပါတယ် ။

✨ဒါ့အပြင် ကြက်ဥပါဝင်လို့ ပရိုတင်းဓာတ်အပြည့်အဝရပြီး ကောင်းမွန်တဲ့ ကိုလက်စထရောတွေ တက်လာစေပြီး နှလုံးကို ကျန်းမာသန်စွမ်းစေပါတယ် ။

ဒါ့ကြောင့် ဗီတာမင် ၊ သတ္တုဓာတ် ၊ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ ဘလန်ထရယ်ကို သောက်သုံးခြင်းဖြင့် ကျန်းမာ‌ရေးကို အထူးဂရုစိုက်နိုင်ပါပြီနော်

“ လူကြီးမိဘတို့ရဲ့ ကျန်းမာရေးကို ဘလန်ထရယ်နဲ့အတူ စောင့်ရှောက်လိုက်ပါ ”

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

25/10/2023

💪 Blenteral အသင့်သောက်အာဟာရအရည်ကို မြည်းစမ်းကြည့်လိုတဲ့ မိတ်ဆွေတွေအတွက်
(၂၅.၁၀.၂၀၂၃) ကနေ (၃၁.၁၀.၂၀၂၃) အထိ ရွှေအိုးဆေးဆိုင် ၃ ဆိုင်မှာ Sampling Counter စီစဉ်ပေးထားတာဖြစ်လို့ လာရောက်သုံးဆောင်ဖို့ လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်ရှင် ….

🏥ရွှေအိုးဆေးဆိုင်
ကျွန်းတောလမ်းဆိုင်ခွဲ
အမှတ် (51)၊ ကျွန်းတောလမ်း၊ (ဓမ္မာရုံရှေ့)၊ စမ်းချောင်းမြို့နယ်။
Ph : 09799668591, 09777399912

🏥 ရွှေအိုးဆေးဆိုင်
ရန်ကင်း - ရွှေအုန်းပင်ဆိုင်ခွဲ
တိုက်(38)၊ အခန်း (1)၊ ရွှေအုန်းပင်အိမ်ရာ(၂)အနီး၊ ရန်ရှင်းလမ်း၊ အနောက်ရန်ကင်း၊ ရန်ကင်းမြို့နယ်။
Ph : 09755900036, 09755900037

🏥 ရွှေအိုးဆေးဆိုင်
(မေဓာဝီ)မြောက်ဥက္ကလာပဆေးရုံဆိုင်ခွဲ
အမှတ်(443) ၊ မေဓာဝီလမ်း ၊ (ဃ) ရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်။ (မြောက်ဥက္ကလာပ ဆေးရုံရှေ့)
Ph : 09777752614, 09777752533

“ လူကြီးမိဘတို့ရဲ့ ကျန်းမာရေးကို ဘလန်ထရယ်နဲ့အတူ စောင့်ရှောက်လိုက်ပါ ”

#ဘလန်ထရယ်

22/10/2023

အသက်အရွယ်ကြီးလာတာနဲ့အမျှ အာဟာရဓာတ်တွေ ချို့ယွင်းလာတတ်ကြပါတယ် 🧓

🧓 အထူးသဖြင့် အဖိုးအဖွားတွေနဲ့ လူကြီးမိဘတွေဟာ အစားစားချင်စိတ် လျော့နည်းသွားခြင်းကြောင့် ဘယ်လောက် ကောင်းတာကိုပဲ ဖြစ်ဖြစ် လူငယ်တွေလို အားရပါးရ ဟက်ဟက်ပက်ပက် မစားနိုင်ကြတော့ပါဘူး။

⚠️ အစားစားချင်စိတ်နည်းခြင်းက လူငယ်တွေအတွက် ပြဿနာမရှိပေမယ့်
လူကြီးတွေအတွက်တော့ ကိုယ်ခံစွမ်းအားကျစေတဲ့အပြင် နောက်ဆက်တွဲ ရောဂါတွေကိုပါ ဖြစ်စေနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်နော်

လူငယ်တွေလောက် အစားအများကြီး မစားနိုင် ၊
စားချင်စိတ် လျော့နည်းနေတဲ့ လူကြီးမိဘတွေအတွက် အဆင်ပြေပြီး အာဟာရတိုး ခွန်အားတိုးစေ Blenteral အသင့်သောက် အာဟာရအရည်ကို

🥚 ကြက်ဥ
🫘 ပဲ
🥜 ပဲပိစပ်
🍚 ဆန်
🫛 ဆီ တို့နဲ့ အချိုးကျ ဖော်စပ်ထားပြီး Scientifically Formulated ဖြင့် ထုပ်လုပ်ထားတာ ဖြစ်လို့ ယုံကြည်စိတ်ချစွာ မှီဝဲ သောက်သုံးနိုင်ပါတယ်ရှင် ….

“ လူကြီးမိဘတို့ရဲ့ ကျန်းမာရေးကို ဘလန်ထရယ်နဲ့အတူ စောင့်ရှောက်လိုက်ပါ ”

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

17/10/2023

Balanced Diet ဖြစ်ဖို့ ဘာတွေ လိုအပ်လဲ ဆိုတာ သိပါသလား 🥰

Balanced Diet ဆိုတာက အာဟာရမျှမျှတတနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်ခြင်းဖြစ်ပြီး ကျန်းမာရေးနဲ့ အညီညွတ်ဆုံး Diet ပုံစံ တစ်မျိုး ဖြစ်ပါတယ် ။

✨ Balanced Diet ဖြစ်ဖို့အတွက် ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့
Carbohydrates, Lipids, Vitamins, Minerals, Proteins, Fiber နဲ့ ရေဓာတ်တို့ကို လုံလုံလောက်လောက် မှီဝဲမှသာ ဘေးထွက်ဆိုးကျိုး မရှိဘဲ မှန်ကန်တဲ့ Diet ဖြစ်စေမှာပါနော်

🧑‍⚕️ ဒါပေမယ့် ဒီ Nutrients တွေ ပြည့်စုံဖို့ တစ်ခါတည်း မစားသောက်ဖြစ်ဘူးဆိုရင် ….
တစ်ထုပ်တည်းနဲ့ Essential Nutrients တွေ ပါဝင်တဲ့
Blenteral အသင့်သောက် အာဟာရအရည်ကို တစ်နေ့တစ်ထုပ် သောက်သုံးနိုင်ပါတယ် ။

Balanced Diet လုပ်နေသူတိုင်းအတွက် ကရိကထမ များဘဲ အာဟာရတိုးစေဖို့
Blenteral ပဲ လိုအပ်ပါတယ်ရှင် 🥰

အာဟာရပြည့်ဝကျန်းမာစေတဲ့
Blenteral (ဘလန်ထရယ်) နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
Messenger (or) 09 5135239 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်

#ဘလန်ထရယ်

11/10/2023

Balanced Diet ဆိုတာ ကိုယ်အလေးချိန်လျှော့ချနေတဲ့သူတွေအတွက်ပဲလို့ အထင်မှားတတ်ကြပါတယ်။

တကယ်ကတော့ Balanced Diet ဆိုတာ အသက်အရွယ်မရွေး လူတိုင်းအတွက် အရေးကြီးတာပါ 💁‍♀️

ဒါဆို Balanced Diet ဆိုတာဘာလဲ?

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Carbohydrates, Fats, Proteins, Vitamins, Minerals, Fiber နဲ့ Water တို့ကို တစ်နေ့တာအတွက် မျှတအောင်စားသုံးခြင်းက Balanced Diet ပါပဲ။

Balanced Diet စားသုံးဖို့ ဘာကြောင့်အရေးကြီးတာလဲ?

✅ ကျွန်မတို့ တစ်နေ့တာလုံးသွားလာလှုပ်ရှားဖို့အတွက် လိုအပ်တဲ့ Energy ကို Balanced Diet ကထောက်ပံ့ပေးပြီး

✅ သက်ရှည်ကျန်းမာ၊ ရောဂါဘယကင်းရှင်းစေဖို့နဲ့

✅ အာဟာရဓာတ်ချို့တဲ့လို့ဖြစ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေလို့ပါပဲ။

နေ့စဉ် Balanced Diet စားသုံးမယ်ဆိုရင်

🔸ကိုယ်ခံအားကောင်းစေတယ်
🔸အရိုးတွေကို သန်မာစေတယ်
🔸ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေတယ်
🔸ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေတယ်
🔸အစာအိမ်နဲ့အူလမ်းကြောင်းကို ကျန်းမာကောင်းမွန်စေတယ်။

စတဲ့အကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်ပြီး ကျန်းကျန်းမာမာနဲ့အသက်ရှည်ရှည်နေထိုင်နိုင်မှာပါ။

06/10/2023

တစ်နေ့တာလုံး ခွန်အားတိုးပြီး လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ တစ်ထုပ်ပဲ လိုတယ်
Energy အပြည့်နဲ့ တက်ကြွနေဖို့ တစ်ထုပ်ပဲ လိုတယ်
ထမင်းမစားဖြစ်လည်း အာဟာရမပြတ်စေဖို့ တစ်ထုပ်ပဲ လိုတယ်

ဘယ်တစ်ထုပ်လဲဆိုရင်တော့
- Protein(ပရိုတိန်း) နဲ့
- Fiber(ဖိုက်ဘာ) တို့
အဓိကပါဝင်ပြီး ကြွက်သားတည်ဆောက်မှုတွေကို အားကောင်းစေတဲ့အပြင်

ဝမ်းမှန်ပြီး အူလမ်းကြောင်းကို ကောင်းမွန်စေတဲ့ Blenteral အသင့်သောက် အာဟာရအရည်ပါပဲနော်

1:1 အချိုးနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး 350 kcal ပါဝင်တာမို့ တစ်ခါသောက် အထုပ်လေးကို မနက်ခင်း ၊ နေ့လယ် ၊ ညခင်း ဘယ်အချိန်မှာမဆို အလွယ်တူ ဖောက်ပြီး သောက်သုံးနိုင်ပါတယ်ရှင် ….

အာဟာရပြည့်ဝကျန်းမာစေတဲ့
Blenteral (ဘလန်ထရယ်) နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက
Messenger (or) 09 5135239 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်

#ဘလန်ထရယ်

23/09/2023

နာလန်ပြန်ထခါစ လူတွေအတွက် အရေးကြီးဆုံးအချက်က ကိုယ်ခံအားပြည့်နေဖို့ပါ 💪

💫 ကိုယ်ခံအားပြည့်နေမှသာလျှင် အချိန်တိုအတွင်း Recovery ဖြစ်ပြီး မြန်မြန်သက်သာမှာ မဟုတ်လား ….
ဒါ့ကြောင့် နာလန်ပြန်ထခါစလူတွေဟာ

🧑‍⚕️ အာဟာရပြည့်ဝပြီး ဗီတာမင် နဲ့ သတ္တုဓါတ်ကြွယ်ဝတဲ့ အစားအစာများစားသင့်ပြီး
🧑‍⚕️ ကောင်းမွန်စွာ အိပ်စက် အနားယူသင့်သလို
🧑‍⚕️ နေ့စဥ် ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုအပ်ပါတယ် ။

အစားစားချင်စိတ်မရှိတဲ့အခါမှာလည်း Blenteral အသင့်သောက် အာဟာရအရည်ကို တိုက်ကျွေးနိုင်ပါတယ်။

Blenteral တစ်ထုပ်မှာဆိုရင် လူတစ်ယောက်အတွက် တိတိကျကျ လိုအပ်တဲ့

✔️ ဗီတာမင်များနဲ့သတ္တုဓာတ်များအပြင်
✔️ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ကိုပါ တစ်ထုပ်တည်းမှာ ရရှိနိုင်သလို
✔️ ပဲနို့အရသာလေး ထုတ်ပေးထားတာဖြစ်လို့ သောက်သုံးရတာ အကြိုက်တွေ့စေပြီး
✔️ သောက်သုံးရလွယ်ကူပါတယ် ။

ဒါ့ကြောင့် နာလန်ထခါစလူကို ၁၀၀% အပြည့် အာဟာရ ရှိစေချင်ရင်တော့
Blenteral ကိုသာ တိုက်ကျွေးလိုက်ပါနော် ….

Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

16/09/2023

Blenteral အသင့်သောက် အာဟာရအရည်ကို သောက်ကိုသောက်သင့်တဲ့ လူ (၅) မျိုး ရှိပါတယ် ။
ဘယ်လိုလူတွေလဲဆိုရင်တော့

♻️ Balanced Diet လုပ်နေတဲ့သူတွေ
ရှောင်ရတဲ့ အစားအသောက်တွေ များတဲ့အတွက်ကြောင့် ဗီတာမင်ဓာတ်တွေ အလုံအလောက် မရတာမျိုး ဖြစ်လေ့ရှိကြပါတယ် ။ ဒါ့ကြောင့် Balanced Diet လုပ်နေဆဲသူတွေအတွက် Blenteral ကို တစ်နေ့တစ်ထုပ်နှုန်း သောက်သုံးသင့်ပါတယ် ။

♻️ အားကစားသမားများ
အားကစားသမားများအတွက် ကုန်ခမ်းသွားတဲ့ Energy တွေကို အချိန်တိုအတွင်း ပြန်လည် ပြည့်ဝစေဖို့အတွက်ဆိုရင် Blenteral က ကူညီပေးနိုင်ပါတယ် ။

♻️ သားသတ်လွတ်စားသုံးသူများ
Lacto-Ovo Vegetarian လို့ ခေါ်တဲ့ ဥအမျိုးမျိုး စားသုံးပြီး အသားငါး မစားတဲ့ သားသတ်လွတ်သမားတွေအတွက် ထမင်းအစားထိုးအနေနဲ့လည်း မှီဝဲနိုင်ပါသေးတယ်နော်

♻️ ဖိုးဖိုးဖွားဖွားများ
အစားစားချင်စိတ်နည်းပါးပြီး အစာမာမဝါးနိုင်တဲ့ လူကြီးမိဘ ၊ အဖိုးအဖွားများအတွက် Blenteral တစ်ထုပ်နဲ့တင် အာဟာရဓာတ် အလုံးစုံကို ရရှိစေနိုင်ပါတယ်

♻️ အခြေအနေပေါ်လိုက်ပြီး သောက်သင့်သူများ
ဥပမာအားဖြင့် -အာဟာရဓာတ်ကို သာမန်ထက် ပိုပြီးလိုအပ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ၊ နို့တိုက်မိခင်တွေအနေနဲ့ အစာမစားဖြစ်တဲ့အချိန်တွေမှာ ရင်သွေးကိုလည်း ထိခိုက်စေသလို ကိုယ့်အတွက်လည်း အားအင် ပြတ်တောက်စေပါတယ် ။ ဒါ့ကြောင့် မေမေတို့အနေနဲ့ အစာစားချင်စိတ်မရှိတောင် Blenteral သောက်သင့်ပါတယ်‌နော် ။
နောက်တစ်မျိုးကတော့ ဗိုက်မကောင်းတဲ့သူတွေပေါ့…
ဝမ်းသွားနေလို့ အစာထပ်မစားနိုင်တဲ့ အခြေအနေမျိုးတွေမှာ ဘာအစာမှထပ်မထည့်ဘူးဆိုရင် အားပြတ်သွားတတ်ပါတယ် ။ ဒါ့ကြောင့် ဝမ်းပြဿနာဖြစ်နေချိန်မှာလည်း Blenteral တစ်ထုပ်တော့ ဝင်ကိုဝင်အောင် သောက်သင့်တယ် ။

🔥 အကယ်၍ မိတ်ဆွေတို့အနေနဲ့ ဒီ (၅) ဦးထဲက တစ်ဦးဖြစ်နေပြီဆိုရင် Blenteral အသင့်သောက်အာဟာရအရည်ကို လုံးဝ မှီဝဲသင့်နေပါပြီလို့ အကြံပြုလိုက်ပါတယ်
ကျွန်တော်တို့ရဲ့ Blenteral အသင့်သောက် အာဟာရအရည်ကို အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်များနှင့် ရန်ကုန် ၊ မန္တလေးရှိ ရွှေအိုးဆေးဆိုင်တိုင်းတွင် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပါပြီ။

#ဘလန်ထရယ်

12/09/2023

ကိုယ်အလေးချိန်ကို ထိန်းထားချင်တဲ့သူတွေ
Weight Control လုပ်နေတဲ့သူတွေအတွက်
အစာဖြတ်ခြင်းက ကျန်းမာရေးကို ရာနှုန်းပြည့် ထိခိုက်စေနိုင်ပါတယ် 😱

💫 ဒါဆိုရင် ကျန်းမာရေးလည်း မထိခိုက်အောင်
💫 ကိုယ်အလေးချိန်ကိုလည်း သေချာထိန်းနိုင်အောင်
Blenteral အသင့်သောက် အာဟာရအရည်ကို ထမင်းအစားထိုး သောက်လို့ရတယ်နော် 😍

ဘာလို့လဲဆိုရင်တော့
Blenteral မှာ ဗီတာမင် ၊ ပရိုတင်း ၊ သတ္တုဓာတ်တွေ အပြည့်အဝပါဝင်တဲ့အတွက်ကြောင့်
အပြင်စာတွေ ထပ်စားစရာမလိုဘဲ တစ်ထုပ်တည်းနဲ့ ခွန်အားပြည့်ပြီး အဆာခံစေပါတယ် 🥛

💥 ဒါ့ကြောင့် လက်ရှိကိုယ်အလေးချိန်ကို ထိန်းထားလိုတယ်ဆိုရင်တော့
အစာမဖြတ်ဘဲ Blenteral ကိုသာ တစ်နေ့တစ်ထုပ် သောက်သုံးလိုက်ပါ

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

08/09/2023

သင်ဟာ Lacto - Ovo သားသတ်လွတ်သမားလား ❓

🍀 Lacto - Ovo သားသတ်လွတ်သမားဆိုတာကတော့ အသားငါး လုံးဝမစားပေမယ့် ဥနဲ့ နို့ထွက်ပစ္စည်းအမျိုးမျိုးကို စားသုံးကြတဲ့ သားသတ်လွတ်သမားတွေပါ ။

💪 Blenteral အသင့်သောက် အာဟာရအရည်ဟာ
နို့လုံးဝမပါဝင်ဘဲ ကြက်ဥ ၊ ရွှေဖရုံသီး ၊ ပဲပိစပ် ၊ ပဲ ၊ ဆီ နဲ့ ဆန်တို့ကိုသာ အချိုးကျ ဖော်စပ်ထားတာဖြစ်လို့
အသားငါးမစားပေမယ့် နို့နဲ့ ဥအမျိုးမျိုးကို မှီဝဲတဲ့ Lacto - Ovo သားသတ်လွတ်သမားတိုင်းအတွက်
လုံးဝ သင့်လျော်တဲ့ အာဟာရအရည် ဖြစ်ပါတယ်ခင်ဗျာ ။

ဒါ့ကြောင့်
အကယ်၍ သင်ဟာ Lacto - Ovo သားသတ်လွတ်သမားဆိုရင်တော့
Blenteral အသင့်သောက် အာဟာရအရည်ကို စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်နော် 🥰

ကျွန်တော်တို့ရဲ့ Blenteral အသင့်သောက် အာဟာရအရည်ကို အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်များနှင့် ရန်ကုန် ၊ မန္တလေးရှိ ရွှေအိုးဆေးဆိုင်တိုင်းတွင် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ပါပြီ။

#ဘလန်ထရယ်
#သားသတ်လွတ်

02/09/2023

စျေးနှုန်းသင့်တင့်ကာ အာဟာရပြည့်၀တာ Blenteral ပါ

💪 ခွန်အားပြည့် ကျန်းမာနေစေဖို့ Blenteral တစ်ထုပ်တည်းနဲ့တင် လုံလောက်ပါတယ်ရှင်

Blenteral Blenderized ကို နို့ထွက်ကုန်ပစ္စည်း လုံးဝမသုံးမပြုထားဘဲ ကြက်ဥ ၊ ဆန် ၊ ပဲပိစပ် ၊ ပဲ ၊ ဆီ နဲ့ ရွှေဖရုံသီးတို့ကနေ စနစ်တကျ ထုတ်လုပ်ဖော်စပ်ထားတာဖြစ်လို့ နို့နဲ့ ဓာတ်မတည့်သူများပါ စိတ်ချစွာ သောက်သုံးနိုင်ပါတယ် 🥛

Blenteral အသင့်သောက် အာဟာရအရည်ကို

🍀 အစာမာ မစားနိုင်သူများ
🍀 နှာခေါင်းပိုက်ဝေဒနာရှင်များ
🍀 အစာအိမ်ဝေဒနာရှင်များတင်မကဘဲ
🍀 ကိုယ်အလေးချိန် လျော့ချနေသူများ
🍀 ရုံးဝန်ထမ်းများလည်း ထမင်းအစားထိုး ဖြည့်စွက်စာအနေနဲ့ မှီဝဲလို့ရပါတယ်ရှင် ။

နောက်ဆုံးပေါ် Retort Sterilization နည်းဖြင့် စနစ်တကျ ထုတ်လုပ်ထားတာဖြစ်လို့ သာမန်အခန်းအပူချိန်မှာ တစ်နှစ်တိတိ သိမ်းထားနိုင်ပါတယ်နော် ✅

အခုဆိုရင် Blenteral အသင့်သောက် အာဟာရအရည်ကို နီးစပ်ရာ ရွှေအိုးဆေးဆိုင်တွေမှာ ဝယ်ယူနိုင်ပါပြီ 🥰

#ဘလန်ထရယ်

Videos (show all)

Blenderized Diet
Blenteral အသင့်သောက် အာဟာရအရည်
Blenteral အာဟာရအားဖြည့်အရည်ကို  ဘယ်လိုထုတ်လုပ်ထားလဲ
Blentral အာဟာရဖြည့်အရည်ကို ရွှေအိုးဆေးဆိုင်တိုင်းမှာဝယ်ယူရရှိနိုင်ပါပြီရှင်
ဆီးချိုသမားတွေအတွက်ရှောင်ရမည့်အရာများ ?
ဆီးချိုရှိရင် ဆီးချိုသမားအတွက်အထူးပြုလုပ်ထားတဲ့ အစားအစာတွေပဲစားရမှာလား ?
ဆီးချိုရှိရင် သစ်သီးစားလို့ရလား ?
ဆီးချို သွေးချို ရှိရင်အချိုလုံး၀ဖြတ်ရမှာလား ?
ဆီးချို သွေးချို ဖြစ်တာအချိုအရမ်းစားလို့ ဖြစ်တာလား ?
ဆီးချို သွေးချို ဝေဒနာရှင်များသိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ
အသက်အရွယ်ကြီးလာတာနှင့်အမျှ သတိထားရမည့်အရာများ
သက်ကြီးရွယ်အိုများတွင် အဖြစ်များလေ့ရှိသော ရောဂါဝေဒနာများ

Telephone

Website