CTS-Pj
Text / Reference Books from TU and MEC for Civil Engineer and Students
Giveaway ကံထူးသူများ
1)Kaungmyat Chanthar
2)Yuushuu Nata
3)Robin Si Thu
Page Messenger မှာ လမကုန်ခင် ဆက်သွယ်ထုတ်ယူနိုင်ပါသည်။
ပါဝင်ကံစမ်းပေးသူအားလုံးကို ကျေးဇူးအထူးပဲတင်ရှိပါတယ် ခင်ဗျ။
အခုတစ်ေခါက်မပေါက်ပေမယ့် RC/Steel Series
မှာ ကံထူးဖို့ အခွင့်အရေး ရှိပါသေးလို့ သတင်းကောင်းပါးရင်း ပါဝင်သူများကို
နှုတ်ဆက်အပ်ပါတယ်။
With Regards,
စာအမြည်း+ Giveaway+ကြော်ငြာ
အားလုံးပဲ မင်္ဂလာပါ ခင်ဗျ
ကျနော်တို့ ရဲ့ Problems and Solutions
စာအုပ်လေးတွေ ဘယ်လိုပုံစံ ရှိသလဲဆိုတာ
သိရှိနိုင်ဖို့ အခန်း နှစ်ခန်း ကို စာအမြည်းအဖြစ် တင်ပေးလိုက်ပါတယ်။
Geotech
https://drive.google.com/file/d/13Ko06cAgtC5b7BIxiK6QatEiO8SmsFJl/view?usp=drivesdk
Foundation
https://drive.google.com/file/d/13AL1igec1MYabqaVvdjI59820OY_PW_y/view?usp=drivesdk
ကျောင်းသားတွေ ၊ Self Study သမားတွေ၊ Soil
အပိုင်း၊ Foundation အပိုင်း စိတ်ဝင်စားသူတွေအတွက် အထောက်အကူတစ်စုံတစ်ရာ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
(Geotech+Foundation)နှစ်အုပ်ပေါင်းရဲ့
Problems and Solutions များကို တန်ဖိုး
7000 Ks ပြန်လည် သတ်မှတ်ထားပါတယ်။
အရည်အသွေး ကတော့ စာအမြည်းမှာ ပြထားတဲ့
အတိုင်း Scanned PDF version ပဲဖြစ်ပါတယ်။
ရောင်းချမည့် ပုံစံကတော့ ပြီးခဲ့တဲ့ Post မှာ ပြောထားတဲ့ အတိုင်း Facebook Group ထဲဝင်၍ဖြစ်စေ၊တိုက်ရိုက် Email ဖြင့်ဖြစ်စေ
ကိုယ်ကြိုက်နှစ်သက်ရာပုံစံဖြင့်
ဝယ်ယူအားပေးနိုင်ပါတယ်။
တင်ပေးသည့်အချိန်မှာလည်း ဝယ်ယူသူများ စိတ်အနှောက်အယှက်ဖြစ်စေမည့် ခွဲတင်ပေးတာမျိုးမလုပ်ဘဲ တစ်ခါတည်း အကုန် တင်ပေးသွားမှာ ဖြစ်ပါတယ်။
ငွေပေးချေမှုကို wave Money, CB Pay တို့မှတစ်ဆင့် ပေးချေနိုင်ပါတယ်။
စိတ်ဝင်စားလို့ ဝယ်ယူအားပေးချင်တယ် ဆိုရင်တော့
ဆက်သွယ်စုံစမ်းရန်
Phone: 09977203647
Email: [email protected]
Facebook: Page Messenger
Giveaway ကတော့ 3 ယောက်ဖောက်ပေးသွားမှာ
ဖြစ်ပါတယ်။
1) Page ကို Like လုပ်၊
2)အခု Post ကို Public နှင့်Like and Share လုပ်။
3)Share ထားတဲ့ post ကို screenshot ရိုက်ပြီး ဒီPost အောက်မှာ comment ပေးရပါမယ်။
ဒီအချက် သုံးချက်နှင့်ပြည့်စုံသူ 3 ယောက်ကို
12.3.2020 နေ့မှာ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။
မေတ္တာဖြင့်
CTS Team
အဆောက်အဦး သို့မဟုတ်
Structure တစ်ခုအတွက်
Foundation က အရေးကြီးတယ်ဆိုရင် Foundation အတွက် Geotech (Soil) က
အရေးကြီးပါတယ်။
Series (1) Geotech + Foundation
Available Soon!
Price: 10000 Ks (တစ်သောင်းကျပ်)
(နှစ်အုပ်လုံးအတွက် တစ်သောင်းကျပ်)
Available format: PDF ( Scanned)
Selling Type: Google Classroom or
Fb Group or
Direct Email
P.S စာအုပ် အပြင်ကို လျင်မြန်စွာပျံနှံ့မှုကို
လျှော့ချရန် တစ်ခါတည်း အကုန်တင်ပေးမှာ
မဟုတ်ပါဘူး။
Coming series ( RC + Steel )
(Series 1 ဝင်ထားသူများ 10% off ပေးမည်၊
Series 3 ဆိုလျှင် 20% off)
သင်ကြားရေး ၊ သင်ယူရေး ၊ ကိုယ်တိုင်လေ့လာရေးတို့ အတွက် ရည်ရွယ်လျက် Civil Engineering Text
များရဲ့ Problems များကို တွက်ထုတ်၊ စာအုပ်(PDF)
လုပ်ပြီး ရောင်းချခြင်း ဖြစ်ပါတယ်။
ကျောင်းသားတွေ အတွက်
ကျောင်းတက်နေရင်း ဒီစာအုပ်တွေ
သင်နေတဲ့အချိန်မှာ
တွဲလေ့လာနိုင်ရင် ပိုထိရောက်နိုင်ပါတယ်။
(စာမေးလို့ရမယ့် ဆရာ အနားမှာ ရှိတာကို)
(စာမေးပွဲ အတွက်လည်း အထောက်အကူ ပြုတာပေါ့)
Engineer တွေအတွက်
စိတ်ဝင်စားလို့ လေ့လာနေတာပဲ ဖြစ်ဖြစ်၊
RE , RSE, PE ဖြေဖို့ လေ့လာနေတာ ပဲ ဖြစ်ဖြစ်
Self study လုပ်ရာမှာ သေချာပေါက် အထောက်အကူ ပေးနိုင်ပါတယ်။
Contact:
Fb Page: CTS-Pj ( messenger )
Phone: 09977203647
Email: [email protected]
CTS Team
What is CTS-Project?
ဒီနေ့မှာတော့ ကျွန်တော်တို့ Page လေး
အကြောင်းကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။
✓Idea ရလာပုံ အကျဉ်း
ဒီ Page ကိုလုပ်ရတဲ့ အဓိက အကြောင်းအရင်း
တစ်ခုက ကျောင်းမပြီးခင် တစ်ခုခု လုပ်ဖူးသွားချင်
တဲ့ ဆန္ဒကြောင့်ပဲ လို့ပြောရမယ်။
ဘာလုပ်ရင်ကောင်းမလဲ လို့ စဉ်းစားတဲ့ အချိန်မှာ
နောက်ဆုံးနှစ်ရောက်လာတဲ့ အထိ ဆယ်တန်း
Guide သင်ဖူးတာလောက်က လွဲလို့ ထူးထူးခြားခြား
ဘာမှမလုပ်ဖူးဘူး။
အရင်းအနှီးကလည်း မရှိတော့ အရင်းအနှီးမရှိတဲ့
အလုပ်တွေပဲ လိုက်ကြည့်ဖြစ်တယ်။
သွားတွေ့တာက Online Shop တွေ
မိန်းကလေးတွေ ကျောင်းတစ်ဖက်နဲ့ Online Shop တွေ လုပ်လို့ခေတ်ကောင်းနေပေမယ့် အဝတ်အစား
တွေက ကိုယ်လုပ်ချင်တဲ့ ပုံစံမျိုး မဟုတ်ဘူး။
ကိုယ်ကသာ ဘာမှမဟုတ်တာ
ကိုယ်လုပ်ချင်တာက ကိုယ့်အတွက် ရော ၊
ကိုယ့် Career အတွက်ရော၊ ကိုယ်ရဲ့ Engineer
လောကအတွက် ရော အကျိုးရှိတာလေး
ဖြစ်စေချင်တာ
ကျောင်းတက်နေရင်း အချိန်မလုံလောက်မှုကြောင့် ကြုံတွေ့ခဲ့တဲ ပညာရေးဆိုင်ရာ အခက်အခဲ တချို့
ရယ်၊
ပြင်ပလောကမှာလည်း လုပ်ကိုင်နေတဲ့သူ
မရှိသလောက်နဲပါး တာရယ်၊
ဈေးကွက်ကလည်း အတော်အသင့် ရှိနိုင်တယ်လို့
ယူဆတာရယ်၊
ကျောင်းသားတွေရော အင်ဂျင်နီယာတွေကိုပါ
အထောက်အကူ ပြုနိုင်မယ်လို့ တွေးမိတာကြောင့်
အများစု မလေ့လာ မတွက်ချက် ဖြစ်ခဲ့တဲ့
Civil Text Book တွေရဲ့
Problems တွေကို တွက်ချက်ပြီး အရင်းအနှီး စိုက်စရာ မလိုတဲ့ Online ကနေပဲ ရောင်းချမယ်လို့
စိတ်ကူးရမိပါတယ်။
✓နာမည်ပေးခြင်း
နာမည်ကတော့ အများကြီး မစဉ်းစားလိုက်ရပါဘူး
Civil Text Bookတွေရဲ့ အဖြေကို ရောင်းချမှာ ဖြစ်တဲ့အတွက် Civil Text Solution - Project လို့ပဲ
လွယ်လွယ်ကူကူ ပေးလိုက်ပါတယ်။
✓Team ဖွဲ့ခြင်း
စိတ်ကူးယဉ်လို့သာ လွယ်ကူတဲ့ တကယ်လုပ်ရင်
စိတ်ကူးယဉ်တာထက် သုံးဆလောက် ခက်ခဲ့လှတဲ့
ဒီအလုပ်ကို တစ်ယောက်တည်း မနိုင်ဘူးဆိုတာ
သဘောပေါက်တဲ့အတွက် Team ဖွဲ့ခဲ့ပါတယ်။
Team ဖွဲ့တဲ့နေရာမှာ အများကြီး မရှာလိုက်ရပါဘူး။
ကိုယ့်ကိုယုံတဲ့၊ ကိုယ်ယုံတဲ့သူ သုံးယောက်ကို
အလွယ်တကူပဲ စည်းရုံးနိုင်လိုက်တယ်။
အကုန်လုံးက နောက်ဆုံးနှစ် Civil တွေချည်းပဲ။
✓မိတ်ဆက်ဖို့ အချိန်ကျလာခြင်း
အခုဆိုရင် ကျွန်တော်တို့ ကျောင်းတစ်ဖက်နဲ့အကောင်အထည်ဖော်လာတာ
တစ်နှစ်နီးပါးရှိလာပြီ။
Page ကလည်း သက်တမ်း ငါးလ ကျော်လာပြီ။
Page follower ကလည်း နဲနဲပါးပါး ရှိလာပြီ။
ဒါကြောင့် ကျွန်တော်တို့ မိတ်ဆက်ဖို့ အချိန်ကျလာပြီလို့ ခံစားမိတဲ့အတွက် အခုလို မိတ်ဆက်ခြင်း
ဖြစ်ပါတယ်။
✓ဘာတွေပါလာမလဲ
ပထမဆုံးအနေနဲ့ ကျတော်တို့ စာအုပ်တွေကို
Review လုပ်မိတ်ဆက်ခဲ့ပါတယ်။
နောက်ထပ်လည်း မိတ်ဆက်မယ့် စာအုပ်တွေ
အများကြီး ရှိပါသေးတယ်။
ကျွန်တော်တို့ မိတ်ဆက်ပေးတဲ့ စာအုပ်တွေကို
အဓိကထား ရောင်းချမယ်လို့ မှန်းထားပါတယ်။
အထူးသဖြင့် Structural ဆိုင်တဲ့စာအုပ်တွေနဲ့
Construction Management နဲ့ဆိုင်တဲ့စာအုပ်တွေ
များပါမယ်။
ကျနော်တို့ စာအုပ်တွေကို တစ်အုပ်နှင့်တစ်အုပ်
ဆက်စပ်မှုအရ 2 အုပ် တစ်တွဲစီ ခွဲထားပါတယ်။
ဒီလထဲမှာ စတင်ရောင်းချလာမည့်
ပထမဆုံး အတွဲကတော့
ဆရာကြီး Braja M. Das ရေးတဲ့
Geotech နှင့် Foundation စာအုပ်ကြီးနှစ်အုပ်ရဲ့
Problems အဖြေတွေပဲဖြစ်ပါတယ်။
နောက်အတွဲတွေကလည်း ပထမအတွဲထွက်ပြီး
များမကြာမီ ထွက်လာဖို့ ရှိနေပါတယ်။
✓စောင့်ဆိုင်း၊ အားပေးကြပါအုံး
ဈေးနှုန်း နှင့် နေ့ရက်ကတော့ ကြော်ညာ Post မှာပဲ
အသေးစိတ် စောင့်မျှော်ကြည့်ရှုကြပါ ခင်ဗျ။
ကျနော်တို့ရဲ့ Page ကလေး
အောင်မြင်သည် ဖြစ်စေ၊
မအောင်မြင်သည်ဖြစ်စေ၊
ကျောင်းတစ်ဖက်နှင့် စိတ်ပင်ပန်း စရာ၊
ပျင်းစရာ ကောင်းလှတဲ့ မြောက်မြားလှစွာသော
ပုစ္ဆာတွေ ကို တွက်ချက်ခဲ့၊
တွက်ချက်နေဆဲ၊
စာအုပ်အဖြစ် ပြောင်းလဲ နိုင်ခဲ့သည်ကိုပင်
တိတ်တဆိတ် ဂုဏ်ယူနေမှာပါ။
ကျွန်တော်တို့ရဲ့ အားထုတ်မှုက
တစ်စုံတစ်ယောက်အတွက် တစ်စုံတစ်ရာ
အထောက်အကူဖြစ်ခဲ့ရင်တော့
ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ(We did it)ဆိုပြီး
တသက်လုံး ဂုဏ်ယူနေမှာ အသေအချာပါပဲ။
P.S မည်သူတစ်ဦးတစ်ယောက်၏ ထမင်းအိုးကိုမှ
တုတ်ဖြင့် ထိုးလိုခြင်းမရှိပါ။ မည်သူနှင့်မျှ ယှဉ်ပြိုင်
လိုခြင်းမရှိပါ။ နာမည်ကြီး ဆရာကြီး ဖြစ်လိုခြင်းလည်း အလျဉ်း မရှိပါ။ ဒီအတိုင်း တစ်ခုခု ထလုပ်ကြည့်ခြင်းဖြစ်သည်။ အားလုံးကို ကျေးဇူးတင်ပါသည်။
မေတ္တာဖြင့်
We are not going to post anything until the
end of the February.
CTS Team is working on these Project.(Attached Photo)
It will be announced soon.
ကျနော် အနေနဲ့ ဖေဖော်ဝါရီ လကုန်ထိ post အသစ်
တွေ တင်မှာမဟုတ်ပါဘူး။
CTS Team သားတွေဟာ ပူးတွဲဖော်ပြထားတဲ့
ပုံထဲက အတိုင်း ပရောဂျက်ကို ကျောင်းတစ်ဖက်နှင့် မအားလပ်သည့်ကြားက အကောင်အထည်
ဖော်နေကြပါတယ်။
ပရောဂျက် လည်း ပြီးခါနီးပြီမို့ မကြာခင်
ကြေညာပါတော့မယ်။
CTS-Pj
RC ဘာသာရပ်ကို တတ်မြောက်ချင် ပါသလား?
ဒါဆိုရင် RC ဘာသာရပ်ရဲ့ သင်္ကေတတွေကို
အရင်ဆုံး နားလည် သဘောပေါက်အောင်လုပ်ပါ။
ဒါမှမဟုတ်လို့ရှိရင် ကိုယ်ဘာကို ရှာဖွေတွက်ထုတ်
နေသလဲဆိုတာ မသိဘဲ မျက်စိလည်ထွက်သွား
ပါလိမ့်မယ်။
အခြေခံအကျဆုံး —> Phi Mn ≥ Mu သဘောတရား
(အပြင်ကသက်ရောက်လာတဲ့ Loadထက်
Members တွေရဲ့ ခံနိုင်ရည် ပိုကောင်းရမည်)
လောက်တော့ ကွဲကွဲပြားပြား သိထားသင့်ပါတယ်။
ဘာဖြစ်လို့ဆိုတော့ ဘယ် Member ပဲ Design လုပ်လုပ်၊ ဘယ် Force နဲ့ပဲ စစ်စစ် (Moment or Shear
or Torsion or Axial ) ဒီ Theory ကနေ လွတ်ထွက်
သွားတယ်ဆိုတာ မရှိပါဘူး။
--------------- × -------------------- × ------------------- × -----------
ကျွန်နော်တို့ အခုမိတ်ဆက်ပေးမယ့် စာအုပ်ကို
ပုံကိုမြင်တာနဲ့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။
RC လို့ပြောလိုက်တာနဲ့ မျက်စိထဲတန်းပေါ်လာတဲ့
ဆရာကြီး Arthur H. Nilson ရဲ့
Design of concrete structures 14th Edition
ပဲဖြစ်ပါတယ်။
ဒီစာအုပ်က ကောင်းလွန်းလို့ တက္ကသိုလ် တော်တော်များများမှာ Textbook အဖြစ်သုံးကြပါတယ်။
ကျွန်တော်တို့ ဆီမှာလည်း TU တွေမှာ Textbook
အဖြစ်သုံး လျက်ရှိပါတယ်။ 5BE မှာ 1st Semester
ရော 2nd Semester မှာပါ ဒီစာအုပ်ကို သင်ရမှာပါ။
Myanmar Engineering Council မှာ RE,RSE,PE တို့
ဖြေတဲ့အခါ Reference Book အဖြစ် သုံးလျက်ရှိပါတယ်။
ကျောင်းမှာ သင်တဲ့စာအုပ်က အပြင်မှာ
အသုံးဝင်နေတာ မြင်တော့ Mechanical အကို
တယောက်ပြောဖူးတာ သတိရမိတယ်။
သူ့အတွေ့အကြုံပေါ် အခြေခံပြီး ပထမနှစ်တက်မယ့်
ကောင်ကို အကြံပေးတာ။
သူပြောတာက ‘‘ နောက်ဆုံး နှစ်နှစ်မှာ သင်တဲ့စာကို
မင်း ခေါင်းထဲထည့်နိုင်ရင် အပြင်မှာ ဆရာကြီး လုပ်လို့ရပြီ ’’ တဲ့။
အဲ့တုန်းကတော့ အမှတ်တမဲ့ပဲ။ အခုမှ သူ့အကြံမှန်ကြောင်း တဖြည်းဖြည်း သဘောပေါက်လာတယ်။
ကျွန်တော်တို့ Civil မှာဆိုရင် 4BE နဲ့ 5BE မှာသင်တဲ့
စာတွေက တကယ့်အနှစ်တွေကြီးပဲ။
အဲ့စာတွေကိုပဲ အပြင်မှာ အသုံးချနေကြတာ။
အဲ့စာတွေကိုပဲ အပြင်မှာ ပြန်သင်နေကြတာ။
အဲ့စာတွေနဲ့ပဲ အပြင်မှာ ဆရာကြီးလုပ်နေကြတာ။
------------- × -------------------- × -------------------- × ----------
အရင်တုန်းကတော့ ကျောင်းမှာ 12th Edition နဲ့
သင်ခဲ့တာ။
အခုနောက်ပိုင်းတော့ 14th Edition ပေါ့။ သူက
ACI 318 - 08 ပေါ် အခြေခံထားတာ။
သူတို့နှစ်ခု ဘာကွာလဲဆိုတော့ Code ကွာတယ်။
Code ကွာတော့ Load Factor တွေ ပြောင်းကုန်တယ်။
1.4D+1.7L မဟုတ်ဘဲ 1.2D+1.6L တွေဖြစ်သွားတယ်။
Load Factor တွေ နဲလာတော့ Member Size တွေပါ
သေးလာတယ်။
နောက်တစ်ခု Reduction Factor ( Phi) တန်ဖိုးတွေပါ
ပြောင်းသွားတယ်။
ကျွန်တော်တို့ဆီမှာတော့ ကျောင်းမှာ 1.2,1.6 နဲ့
သင်နေပေမယ် အပြင်မှာတော့ စိတ်မချမှုပေါင်းများစွာနဲ့ 1.4,1.7 ကိုသုံးတုန်းပါပဲ။
------------------ × ------------------------------ × -----------------
P.S ပုံပေါ်မှာ Information ပြည့်ပြည့်စုံစုံ ထည့်ပေးထားလို့ Caption ထပ်မထည့်တော့ပါ။
Download Link ကတော့ နောက်ဆုံးပုံမှာပါ။
Thanks for visiting our Page and we hope to see you soon!
CTS Team
With regards,
ME (Civil) တဲ့လား?
ပညာရေးဝန်ကြီးဌာန လောက်အောက်ရှိ နည်းပညာ
တက္ကသိုလ် တချို့မှာ လာမည့် 2019-2020 ခု၊ ပညာသင်နှစ်က စလို့ မဟာအင်ဂျင်နီယာဘွဲ့ (ME) သင်တန်းများ ဖွင့်လှစ်သင်ကြားသွားမှာပါ
ME ဝင်ခွင့် စာမေးပွဲနဲ့ ပတ်သတ်လို့ အောက်မှာ အသေးစိတ် ရေးပေးထားပါတယ်။
ဘယ် TU တွေမှာ ဖွင့်လှစ်သင်ကြားမှာလဲ ?
WYTU, TTU, TU Hmawbi, TU Mandalay,
TU Taunggyi, TU Kyaukse, Pyay TU,
TU Taungoo အစရှိတဲ့ TU 8 ကျောင်းမှာ
ဖွင့်လှစ်သင်ကြားမှာပါ
ME ဘယ်နှစ် နှစ် တက်ရမလဲ?
2 နှစ် တက်ရမှာပါ။ ပထမနှစ်မှာ စာသင် စာမေးပွဲဖြေရမယ်။ စာမေးပွဲအောင်တဲ့သူ အထဲမှ
သတ်မှတ်အရည်အချင်း ပြည့်မှီသူများသာ
ဒုတိယနှစ် သုတေသန ကျမ်းပြု သင်တန်းကို
တက်ခွင့်ရပါမယ်။
ဘယ်သူတွေ ဝင်ခွင့်စာမေးပွဲ ဖြေခွင့်ရှိလဲ?
BE အောင်စာရင်းမှာ Qualify (Q or *) ပါတဲ့သူတွေ
ဆရာ/ဆရာမတွေ၊ အစိုးရဝန်ထမ်းတွေ (လုပ်သက် 2 နှစ်လို့ကြားပါတယ် ) ဖြေခွင့်ရှိပါတယ်။
အခုနှစ် (2018-19) BE အောင်မယ့်သူတွေ(*ပါမှ)
လည်း အချိန်မှီရင် ဖြေလို့ရတယ် ကြားပါတယ်။
လျှောက်လွှာ Deadline/ လျှောက်လွှာနှင့်အတူ?
19.11.2019 နောက်ဆုံးလျှောက်ရမယ်။
လျှောက်လွှာနှင့်အတူ
1)ဘွဲ့လက်မှတ် မူရင်း/မိတ္တူ
2)မှတ်ပုံတင် မူရင်း/မိတ္တူ
3)ပတ်စ်ပို့ ရောင်စုံ (3) ပုံ
4) Qualify ထောက်ခံစာ မူရင်း
5)ရဲစခန်း ထောက်ခံစာ
6)ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဦးစီးဌာန၏ အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက် မူရင်း။ စတာတွေ လိုအပ်ပါတယ်။
(30.10.2019 ကတည်းက လျှောက်လွှာများ ထုတ်ပေးနေပါပြီ။
လျှောက်လွှာတင်ပြီးလို့ မှန်ကန်ရင် 22.11.2019
နေ့မှာ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား သွားထုတ်လို့ရပါမယ်။)
Entrance စာမေးပွဲ / လူတွေ့စစ်ဆေးခြင်း/အောင်စာရင်း?
25.11.2019 (9 -12 am) > English
26.11.2019 (9 -12 am) > Majors ( Civil )
စာမေးပွဖြေဆိုဖို့လာတဲ့အခါ မှတ်ပုံတင် နှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား ယူဆောင်လာရမယ်။
28.11.2019 မှာ လူတွေ့စစ်ဆေးခံရမယ့် လူစာရင်း
29.11.2019 မှာ လူတွေ့စစ်ဆေးမယ်
30.11.2019 နေ့မှာတော့ ME တက်ခွင့်ရတဲ့သူစာရင်းကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
စာမေးပွဲ အပိုင်းပြီးရင် ကြည့်ရမယ့် Scope အပိုင်း
ပြောရအောင်
အခု ထွက်လာတဲ့ Scope တွေကို ကြည့်ရသလောက်
BE Direct အတန်းတွေမှာ သင်ခဲ့တဲ့ အခန်းတွေ၊ Textbook တွေကို အခြေခံထားတာတွေ့ရပါတယ်။
ဆိုတော့ ဖြေမယ်ဆိုရင် အခု BE Direct ဖြေဆိုထားသူတစ်ယောက်လောက်ကို ပြေးကပ်ထားလိုက်တော့😂
ကျွန်တော်တို့ဆီ ကပ်မယ်ဆိုရင်တော့ အလကားမရဘူး မုန့်ဖိုးပေးရမယ် 😁
Entrance Scope တွေကို ရသလောက် စုစည်းပေးထားပါတယ်။ Civil Only အတွက်ပါ။English မပါသေးဘူး။
TU Taunggyi နှင့် TU Mandalay ကတော့ အခုထက်ထိ Scope တွေကို Online ပေါ်တင်ပြီး ထုတ်ပြန်တာမတွေ့ရသေးဘူး။ ဘယ်ချိန် စာ သွားကြည့်ကြမလဲ?
ME တက်မယ်ဆိုရင် စဉ်းစားရမယ့် အပိုင်း
အခု ME ဘွဲ့က Civil ဘာသာရပ်တွေ ကိုခြုံပြီးပေးတဲ့
ME (Civil) ပါ။ ME (Str) အဲ့လို အထူးပြု ပေးမှာ မဟုတ်ပါဘူး။ စာလည်း ဘာသာစုံ သင်ရပါလိမ့်မယ်။
ကျမ်းပြုတဲ့အခါတော့ ဘာသာရပ်တစ်ခုထဲ ပြုစုလို့ရပါတယ်။ ဒါပေမယ့် ဘွဲ့ကတော့ ME (Civil) ပါပဲ။
ME (Civil) ရရင်လည်း MEC မှာ RE,RSE,PE တို့ရဲ့
Part 1 Exam တွေကို ဖြေလျှော့ပေးမှာ မဟုတ်ပါဘူး။
Ph.d ရရင်တော့ ဖြေလျှော့ပေးပါတယ်။
နောက်ထပ်စဉ်းစားရမှာက အခုဖော်ပြထားတဲ့ TU
တွေက ME သင်တန်းဖွင့်ဖို့ ဘာတွေ ပြင်ဆင်ထားပြီလဲဆိုတာပါ
အဓိက ပြောချင်တာက ဆရာအင်အားပါ
ME သင်တန်းအတွက် ဆရာတွေ ထပ်တိုးထားလား?
BE တန်းက ဆရာ/ဆရာမ တွေပဲ ME တန်းကို သင်မှာလား?
ရှိရင်းစွဲ အင်အားနဲ့ပဲ ME သင်မယ်ဆိုရင်တော့
BEတန်းတွေလို
Course Work ပြီးဖို့ အဓိကလား?
Tution တွေ လာအုံးမှာလား?
Discussion လုပ်တယ် ဆိုပြီး မတ်တတ်ရပ်ပြီး
ဘာသာပြန်ခိုင်းအုံးမှာလား?
အဲ့သလိုဆိုရင်တော့ ME (Civil) ဘွဲ့ဆိုတာ ဈေးပေါပေါနဲ့ပေးတဲ့ ဘွဲ့တစ်ခုလို့ပဲ ပြောပါရစေ။
ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပါပဲ။ ကြိုက်မှတက်ပါ။
ကျွန်တော်တို့ဆရာ တခါပြောဖူးသလိုပဲ ‘‘စနစ်ကိုက အဲ့လိုဖြစ်နေတာ။ အဲ့ဒါကို မကြိုက်ရင် လာမတက်နဲ့ ရှင်းရှင်းလေး’’ တဲ့။
ME ဖြေဆိုမယ့်သူတွေ ကံကောင်းကြပါစေ....
P.S လိုအပ်တာ၊ မှားနေတာရှိရင် ထောက်ပြပေးသွားကြပါအုံး ။
Note: Pyay TU မှာ Construction management ဘာသာရပ်နဲ့ပတ်သတ်လို့
Construction management Jump Start by Barbara J Jackson ရဲ့ 2nd Edition ကို ရည်ညွှန်းထားပါတယ်။
ဒါပေမယ့် အဲ့စာအုပ်က cover ပဲတူပြီး အတွင်းထဲက
စာသားတွေက ကျောင်းမှာသင်တဲ့စာအုပ်နဲ့ မတူကြောင်း သတိထားစေချင်ပါတယ်။
PTU က အပြင်စာအုပ်ရည်ညွှန်းတာလား ကျောင်းမှာသင်ရတဲ့ Textbook ကို ရည်ညွှန်းတာလားဆို သေချာမေးမြန်းစုံစမ်းပြီးမှ ပြင်ဆင်ကြပါ။
Edit: TU Mandalay's Scope ထွက်ရှိပြီးကြောင်း
Comment တွင် ကြည့်ရှုနိုင်ပါပြီ။
Edit: TU Taunggyi's Scope ကို လည်း Comment
တွင် ကြည့်ရှု နိုင်ပါပြီ။
‘‘ Load တွေက ဘယ်ကလာပြီး Shear တွေ
Moment တွေက ဘာအတွက်ရှာနေမှန်း မသိရင်
ဘာမှန်းမသိတဲ့ ပုစ္ဆာကြီးကို ဘာဖြစ်လို့
ဆက်တွက်နေအုံးမှာလဲ။ ’’
One-minute silence for our education!
အဖြေကတော့ ရှင်းပါတယ်။...........
အခုမိတ်ဆက်ပေးမယ့် စာအုပ်ကတော့ Structure ဘာသာရပ်ကို စိတ်ဝင်စားတဲ့ သူတွေ အတွက်
Classical Methods တွေကို Basic ကနေ Intermediate level ထိ ရှင်းရှင်းလင်းလင်း တင်ပြထားတဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။
ဘာစာအုပ်လဲဆိုတော့ ကျွန်တော်တို့ တော်တော်များများသိတဲ့ R.C. HIBBLER ရဲ့ Structural Analysis ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။
#ပုံများကိုထောက်ပြီးစာအုပ်အကြောင်းအသေးစိတ်ဖတ်နိုင်ပါပြီ။
Thanks for visiting our Page and we hope to see you soon!
CTS Team
With regards,
Civil Engineering Field မှာ လမ်းပျောက်နေပီလား?
စာတွေပြန်လေ့လာချင်တယ် ဘယ်ကစလို့လေ့လာရမှန်းမသိဖြစ်နေပြီလား ?
ဒါဆိုရင် ကျွန်တော်တို့ အခုမိတ်ဆက်ပေးမယ့်စာအုပ်ကို စတင်လေ့လာလိုက်ပါလို့ အကြံပေးပါရစေ။
ဘာစာအုပ်လဲဆိုတော့ ပုံမှာပါတဲ့အတိုင်း နာမည်ကြီးစာရေးဆရာ R.C HIBBLER ရဲ့ Mechanic of Materials (MoM)စာအုပ်ပဲဖြစ်ပါတယ်။
#ပုံများကိုထောက်ပြီးစာအုပ်အကြောင်းအသေးစိတ်ဖတ်နိုင်ပါပြီ။
P.S Please, Don't Copy, even if you can't afford
to like and share!
Thanks for visiting our Page and we hope to see you soon!
CTS Team
With regards,
CTS Team ရဲ့ ဒုတိယမြောက် စာအုပ်
Geotech လို့ပြောရင် Braja M. Das ကိုပြေးမြင်မိသလို Foundation လို့ပြောရင်လည်း သူ့ကိုပဲ ပြေးမြင်မိကြပါလိမ့်။
ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာမှာ Geotech နဲ့ Foundation နယ်ပယ်မှာ စာအုပ်တွေ၊ သုတေသန ဆောင်းပါးတွေ အများဆုံး ရေးခဲ့သူမို့လို့ပဲ လို့ ယေဘူယျ ဖြေရပါလိမ့်မည်။
ကျွန်တော်တို့ မိတ်ဆက်ပေးချင်တဲ့ ဒုတိယမြောက် စာအုပ်ကတော့ သူ့ရဲ့ နာမည်ကြီး စာအုပ်တွေထဲက
တစ်အုပ်ဖြစ်တဲ့ Principles of Foundation Engineering ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။
#ပုံများကိုထောက်ပြီးစာအုပ်အကြောင်းအသေးစိတ်ဖတ်နိုင်ပါပြီ။
P.S Please, Don't Copy, even if you can't afford
to like and share!
Thanks for visiting our Page and we hope to see you soon!
CTS Team
With regards,
CTS Team ကနေ ပထမဆုံး မိတ်ဆက်လိုက်တဲ့
စာအုပ်
ကျွန်တော်တို့ TU တွေ MEC တွေမှာ
(Text and Reference) စာအုပ်တွေအဖြစ်
အသုံးပြုလျက်ရှိတဲ့ နာမည်ကြီးစာရေးဆရာ
Braja M. Das ရဲ့ Principles of Geotechnical
Engineering စာအုပ်ပဲ ဖြစ်ပါတယ်။
#ပုံများကိုထောက်ပြီးစာအုပ်အကြောင်းအသေးစိတ်ဖတ်နိုင်ပါပြီ။
P.S Please, Don't Copy, even if you can't afford
to like and share!
Thanks for visiting our Page and we hope to see you soon!
With regards,
CTS Team.
CTS-Pj's cover photo
Contact the business
Telephone
Website
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |