Next Level Education Center

Next Level Education Center

Educational service

26/02/2023

စနစ်သစ် grade-12 တက်မည့် ကျောင်းသား၊ကျောင်းသူများနှင့် မိဘများအတွက် အကြံပြုချက်များ

၁။ ဖတ်စာအုပ် (သင်ရိုးညွှန်းတမ်း )အပြည့်အစုံက အစောဆုံး ၂၀၂၃ခုနှစ် ၅ လပိုင်းမှ ထွက်မယ်။ (၆လပိုင်း အစိုးရကျောင်းဖွင့်ချိန်မှလည်း ဖြစ်နိုင်တယ်။)အကြောင်းအမျိုးမျိုးကြောင့် ဒီထက် နည်းနည်းပို နောက်ကျတာလည်းရှိနိုင်တယ်။

၂။ အစိုးရစစ်စာမေးပွဲက ပုံမှန်အတိုင်းဆို ၂၀၂၄ မတ်လ ဒုတိယအပတ်မှာ စစ်မှာဖြစ်တယ်။ ကျောင်းဖွင့်ချိန် ၆ လပိုင်းမှ စာမေးပွဲစစ်ချိန်အထိ ၉လ (ခန့်မှန်း ရက်-၂၇၀)သာ" သင်ကြားချိန်+ ပြန်လည်လေ့ကျင့်ချိန် " ရရှိမှာ ဖြစ်ပါတယ်။

၃။အစိုးရစစ်စာမေးပွဲ သေချာပေါက်ရှိပါလိမ့်မည်။ နိုင်ငံအားလုံးနီးပါးမှာ အခြေခံပညာရဲ့ နောက်ဆုံးနှစ်သည် အစိုးရစစ်ဖြစ်ပါတယ်။

၄။ မေးခွန်းဟောင်း လေ့လာစရာမရှိသေးပါ။ နမူနာ မေးခွန်း (၁/၃)စုံ ထွက်ပါလိမ့်မည်။ နမူနာ မေးခွန်းသည် အစောဆုံး ၈ လပိုင်းခန့်မှ ထွက်ပါလိမ့်မည်။ ၈ လပိုင်းထက်လည်း နောက်ကျနိုင်ပါသည်။

၅။ ဘာသာရပ်အသီးသီးကို သင်ကြားကြမည့် ဆရာ၊ဆရာမများအတွက်လည်း သင်ရိုးသစ်ကို သင်ကြားရန် အခက်အခဲတချို့ရှိနိုင်ပါသည်။

၆။ "ဘယ်အခန်းက ဘယ်နှစ်မှတ်၊ ဘယ်အခန်းကို အပိုင်ကြည့် "လုပ်ဖို့လည်း ခက်ခဲနိုင်ပါသည်။ သင်သမျှ အကုန်ကြည့်ရမည့် သဘောပင်ဖြစ်သည်။ ဒီကြားထဲ ညဏ်စမ်းများလည်း လာနိုင်ပါသေးတယ်။

၇။ သင်ခန်းစာများအားလုံးသည် လက်ရှိ စနစ်ဟောင်း ၁၀ တန်းထက် ခက်ပါလိမ့်မည်။ကိုးကားစရာ သင်ထောက်ကူများ၊အထူးထုတ်များ၊ နမူနာများ နည်းပါးအုံးမည်ဖြစ်သည်။

၈။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်များကလည်း grade A ရဖို့ အားကစားကို အလေးထားရမလိုလို ၊စာပဲပြေးကျက်ရမလိုလိုများလည်းရှိပါလိမ့်အုံးမည်။

၉။ သင်ရိုးအသစ်ဖြစ်လို့ ပုံမှန်ထက် သင်ခန်းစာပြီးချိန် နောက်ကျနိုင်ပါတယ်။ Revision လုပ်ဖို့ အချိန် အလွန်နည်းပါလိမ့်မယ်။

Original writer အားလေးစားစွာ credits ပေးပါတယ်ရှင်။

07/02/2023

📣Welcome to Next Level Education Center📣
Next Level ပညာရေးစင်တာမှ ကြိုဆိုပါတယ်ရှင်

📌အဆင့်မြှင့်တင်ထားတဲ့သင်ရိုးသစ်တွေနဲ့ မေမေတို့ရဲ့ ကလေးလေး အနာဂါတ် ပညာရေးအတွက် စာသင်နှစ် 10 နှစ်ကျော်အတွေ့အကြုံရှိတဲ့ Bachelor of Engineering ဘွဲ့ရဆရာများစီမှာ အပ်နှံချင်ပါသလား..❓

📌ပညာရေးဆိုတာ ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်မျိုးပါ
Investment ဆိုတာ တချိန်မှာ ပြန်လည်အကျိုးရှိဖို့က အရေးကြီးဆုံးဖြစ်ပါတယ်
အချိန်တွေသာကုန်လာတယ် ငွေတွေ သာကုန်လာတယ် ကလေးခေါင်းထဲမှာ ဘာစာမှကျန်မနေဘူးဆိုရင် ဘယ်လိုမှအဆင်ပြေဖြစ်ထွန်းမှာမဟုတ်ပါဘူး

📌စာသင်တယ်ဆိုတဲ့သဘောသည် စာကို အလွတ်ကျက်တာမျိုးမဟုတ်ပဲ သီအိုရီပိုင်းမှာပါ သေချာသဘောပေါက်နားလည်မှ ပိုပြီးကျက်မှတ်ရလွယ်ကူတာမျိုးပါ
အခု အသစ်ပြဌာန်းထားတဲ့သင်ရိုးသစ်ဟာဆိုရင် အင်ဂျင်နီယာသင်ရိုးကို အခြေပြုဖန်တီးထားတာဖြစ်လို့ အင်ဂျင်နီယာပညာရပ်နဲ့ နီးစပ်ကျွမ်းဝင်တဲ့ဆရာတွေဆို ပိုပြီးနားလည်ပိုင်နိုင်စွာရှင်းပြပေးနိုင်မှာဖြစ်ပါတယ်။

📌ကျမတို့ရဲ့ Next Level Education Center မှာ Grade - 9,10,11,12 တို့အတွက် BE ဘွဲ့ရရှိထားပြီး စာသင်နှစ်အတွေ့အကြုံ ၁၀ နှစ်ကျော်ရှိတဲ့ ဆရာ၊ ဆရာမများကသင်ကြားပြသပေးမှာပါ။

အတွေ့အကြုံရှိဝါရင့်ဆရာ၊ဆရာမတွေမို့ ကလေး​ တွေရဲ့ လိုအပ်ချက်အလိုက် နားလည်အောင်သင်ကြားပေးနိုင်တဲ့အပြင်
ကျောင်းသားတိုင်းကို သေချာဂရုစိုက်ပေးနိုင်ဖို့ တစ်တန်းကို အများဆုံး 10- 15 ယောက်သာထားရှိသင်ကြားပေးမှာဖြစ်ပါတယ်။

📌သင်ကြားရေးအပိုင်းမှာလဲ ဘာသာအားလုံး အတွက် Guide အနေနဲ့ရော စာကျက်ဝိုင်းသဘောမျိုးပါသင်ကြားပေးသွားမှာပါ
အရည်အချင်းပြည့်ဝတဲ့ဆရာဆရာမတွေဖြစ်တဲ့ အပြင် ကျောင်းသားရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး လိုအပ်ချက်ရှိတဲ့ဘာသာရပ်၊ အားနည်းနေတတ်တဲ့ဘာသာရပ်တွေကိုလဲ ကူညီလေ့ကျင့်ပေးဖို့ study guide များလဲ ထားရှိပေးသွားမှာဖြစ်ပါတယ်။

📌သင်တန်းတည်နေရာကတော့
သွားရလွယ်ကူပြီး အချက်အချာကျတဲ့ပုဇွန်တောင်မြို့နယ်ထဲက ရေကျော်လမ်းမ‌ပေါ်မှာ ဖွင့်လှစ်မှာပါ။

ဒါကြောင့် မိမိတို့ကလေးအတွက် ပညာရေးစိတ်အေးချင်တယ်ဆိုရင် စာအသင်အပြကောင်းပြီး ဝါရင့်သင်ကြားရေးဆရာတွေရှိတဲ့ Next Level Education Center ကိုသာ ယုံကြည်စွာအပ်နှံလိုက်ပါရှင်။

📣စိတ်ဝင်စားလို့ စုံစမ်းချင်တယ်ဆိုရင် Page messenger or Ph no - 09777243146, 09766613660 တို့ကို
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။📣

March လ ပထမပါတ်ထဲမှာ အတန်းအားလုံးဖွင့်မှာဖြစ်လို့ ကြိုတင်အပ်နှံထားလို့ရပါပြီရှင်

❗️❗️တနှစ်စာအပ်နှံသူ early bird လေးတို့အတွက် လက်ဆောင် promotion လဲရှိပါသေးတယ်❗️❗️

📌Cash အပြင် Kpay, CB, AYA တို့လို digital currency တို့နဲ့ပါပေးသွင်းလို့လဲရပါတယ်
လူဦးရေအကန့်အသတ်ရှိတဲ့အတွက် ကြိုတင်နေရာယူထားဖို့ ပြောချင်ပါတယ်ရှင်။

Next Level Education Center
We teach, You learn, World benefits !

27/01/2023

Next Level Education Center မှ နွေးထွေးစွာ ကြိုဆိုပါတယ်ရှင် ။
Welcome to Next Level Education Center.

13/01/2023

Next Level Education Center Educational service

13/01/2023

ယခု လက်ရှိ အနေအထားအရ
မိဘ များ အနေဖြင့် မိမိသားသမီး တို့၏
ပညာရေး အပေါ်
ထင်မြင်ယူဆချက်လေး များ ဝေမျှခဲ့ကြပါဦး

Next Level Education Center 11/01/2023

Next Level Education Center မှ ကြိုဆိုပါတယ်ရှင်
Welcome to Next Level Education Center.

Next Level Education Center Educational service

Telephone

Website