Htee Htar Karen Voice
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htee Htar Karen Voice, .

Non-CDM အရပ်သားဝန်ထမ်းများနှင့် ပတ်သက်၍ နိုင်ငံရေးသဘောထား
စစ်အာဏာရှင်ဆန့်ကျင်ရေးသည် စစ်တပ်၏ လက်နက်အားကိုး ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင် တိုက်ပွဲဝင်ခြင်းဖြစ်သကဲ့သို့ စစ်အုပ်စုအား လည်ပတ်စေသည့်ယန္တရားများအား ရပ်ဆိုင်းသွားရန်လည်း ကြိုးပမ်း ခြင်းဖြစ်သည်။
အဆိုပါရည်ရွယ်ချက်များအတိုင်း စစ်အုပ်စု၏ အုပ်ချူပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးကဏ္ဍနှင့် အခြားယန္တရားအသီးသီး ရပ်တန့်သွားရန် လူထုတစ်ရပ်လုံးကြိုးပမ်းခဲ့ကြသည်။ ထိုသို့ကြိုးပမ်းရာတွင် အကြမ်းမဖက် အာဏာဖီဆန်သောလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သော ဝန်ထမ်းထု၏ ကဏ္ဍမှာ အရေးပါသည့်နေရာတွင် ရှိနေသည်။
CDM လှုပ်ရှားမှုသည် ပုဂ္ဂလအကျိူးစီးပွားများမပါဝင်ဘဲ စစ်အာဏာရှင်နှင့် မတရားမှုအားမိမိကိုယ်ပိုင် ပိုင်းဖြတ်မှုဖြင့် ဆန့်ကျင်သည့် တိုက်ပွဲဖြစ်သည်ဟု မိမိတို့ယုံကြည်သည်။ ယခုတစ်ကျော့ပြန် တော်လှန်ရေး အတွင်း CDM ၏ အရေးပါမှုအား ၂ နှစ်ကျော်ကာလတွင် လူထုတစ်ရပ်လုံးတွေ့မြင်ပြီးဖြစ်သည်။ အသက်၊ ဘဝ၊ ရပိုင်ခွင့်၊ အိုးအိမ်၊ စားဝတ်နေရေး၊ အသက်ရှင်သန်ရေး အစစအရာရာ ဆုံးရှုံးအနစ်နာခံ၍ စစ်အုပ်စုအား ရင်ဆိုင်နေသော CDM တွင် ပါဝင်သည့် ဝန်ထမ်းလုပ်သားတစ်ဦးချင်းစီအား မိမိတို့ လူမျိူးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ(GSCN) မှ လေးစားအသိအမှတ်ပြုပါသည်။ CDM တွင် ပါဝင်သူများ၏ နစ်နာဆုံးရှုံးမှုများ အတွက် တရားမျှတမှုရှာဖွေရေး၊ စိတ်ပိုင်းရုပ်ပိုင်းကုစားမှုနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းခြင်းများတွင် မိမိတို့ လူမျိူးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) မှ ပါဝင်ကြိုးပမ်းသွားမည်ဖြစ်သည်။
CDM လှုပ်ရှားမှုသည် ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ့်လမ်းကိုယ်လျှောက်သည့်လမ်းအား စေတနာ အလျောက်ပါဝင်ရန် (voluntary) ရွေးချယ်ခြင်းဖြစ်သည်ကိုလည်း မမေ့လျော့ရန် အရေးကြီးသည်။ မိမိ ကိုယ်တိုင်ပါဝင်၍ စစ်တပ်အားဆန့်ကျင်ခြင်းကို “အခြားသူများအား ပြစ်တင်မှုမပြုခြင်း၊ အန္တရာယ်အတွင်းသို့ တွန်းပို့မှုမရှိခြင်း” ဟူသည့် ကျင့်ဝတ်အခြေခံဖြင့် ပါဝင်မှုဖြစ်ရမည်ဖြစ်သည်။ သို့မှသာ တော်လှန်ရေး၏ အနှစ်သာရဖြစ်သော စာနာမှုဖြင့်အောင်ပွဲဝင်နိုင်မည်ဖြစ်သည်။
တစ်ပြိုင်နက်တွင် ပြိုလဲမည့်လမ်းသို့ ရောက်ခါနီးပြီဖြစ်သည့် စစ်တပ်ယန္တရားတို့၏ အခြေအနေအား သဘောပေါက်နားလည်ရန်လိုအပ်သည်။ ယခုအခြေအနေတွင် စစ်တပ်၏ အာမခံမှုမပေးနိုင်သည့် အခြေအနေ အား အခွင့်ကောင်းယူ၍ စစ်တပ်ယန္တရားများအတွင်း တာဝန်ထမ်းဆောင်နေသူများအား ပြည်သူ့ဘက်၊ တော်လှန်ရေးဘက်သို့ ပါဝင်လာစေရန် ဆွဲဆောင်စည်းရုံးခြင်းအားဖြင့် အောင်ပွဲခံရမည်ဖြစ်သည်။
CDM ပြုလုပ်နိုင်ရန်အတွက် လမ်းဖွင့်ပေးထားခြင်းသည် Non-CDM ဝန်ထမ်းများအနေဖြင့် ၄င်းတို့အား စစ်တပ်မှ လက်နက်တပ်ဆင်ပေးခြင်း၊ လုံခြုံရေးတာဝန်များ ထမ်းဆောင်စေသည့် ကိစ္စများကို ရှောင်ထွက်လာ နိုင်ရန် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ စစ်တပ်ဘက်မှနေ၍ အချိန်ကြာမြင့်စွာ လက်နက်ကိုင် အကြမ်းဖက်ခဲ့ သော စစ်သားများကိုပင် လူ့အခွင့်အရေးနှင့်အညီ ကြိုဆိုနေကြသည့် ယခုအချိန်တွင် Non-CDM ဝန်ထမ်း အားလည်း စည်းရုံးကြိုဆိုရမည်ဖြစ်သည်။
အလုံးစုံအရေးယူမည်ဟု တရားမျှတမူအခြေမခံသော မူဝါဒထုတ်ပြန်ခြင်း၊ ကြေညာခြင်း များသည် Non-CDM များအား စစ်တပ်နှင့် ပို၍ပူးပေါင်းစေရန် တွန်းပေးသကဲ့သို့ဖြစ်ပြီး စစ်အုပ်စုအား သက်ဆိုးရှည်စေ မည်ဖြစ်ပါသည်။ စစ်အုပ်စုသက်ဆိုးရှည်ပါက၊ စစ်ယန္တရားများ ကျားကုတ်ကြားခဲဆက်လက်လည်ပတ်နေပါက မိမိတို့အားလုံးမျှော်ရည်သော ဖက်ဒရယ်ဒီမိုကရေစီခရီးကို ပိုမိုခက်ခဲစေမည်ဖြစ်သည်။ သို့သော်လည်း စစ်ဘက် တာဝန်ရှိသူနှင့် အရပ်ဘက်တာဝန်ရှိသူများအနေဖြင့် စစ်အုပ်စု၏အကြမ်းဖက်မူများတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပါဝင်ပက်သက်မှုအတွက် တာဝန်ခံရမည်ဖြစ်သည်။ ထိုသို့တာဝန်ခံရာတွင်လည်း အသွင် ကူးပြောင်းမှု၊ တရားမျှတမှုဖြစ်စဉ်အရ တာဝန်ခံရမည်ဖြစ်ပြီး ထိုသို့တာဝန်ခံရခြင်းမှာလည်း စစ်အုပ်စု၏ အကြမ်းဖက်ရာဇဝတ်မှုများတွင် တစ်နည်းနည်း ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်။
အချူပ်အားဖြင့်ဆိုလျှင် တော်လှန်ရေးသည် မေတ္တာ၊ ဉာဏ်ပညာ၊ လက်ရုံးအားများဖြင့် ဟန်ချက်ညီစွာ တိုက်ပွဲဝင်ရခြင်းဖြစ်သည်။ Non-CDM များအား ကြိုဆိုခြင်းသည် ရန်သူ၏ပျော့ကွက်အား ထိုးနှက်ခြင်းဖြစ်ပြီး ရန်သူနှင့်မတူသည့် စာနာစိတ်ရှိခြင်းအား ပြသခြင်းလည်းဖြစ်နေသည်။
သို့ဖြစ်သောကြောင့် အကျိူးသင့်အကြောင်းသင့်သော ဆင်ခြင်မှုဉာဏ်ဖြင့် မျှော်ရည်၍ တိုက်ပွဲဆင်နွှဲမှသာ နီးကပ်သည့်အောင်မြင်မှု ရရှိမည်ဖြစ်သည်။ ဤနည်းအားဖြင့် မိမိတို့တည်ဆောက်ချင်သော အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအတွင်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးရှိနိုင်မည်ဖြစ်ကြောင်း မိမိတို့ လူမျိူးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) ၏ နိုင်ငံရေးသဘောထားအား ထုတ်ဖော်ပြောကြားလိုက်သည်။
လူမျိူးပေါင်းစုံအထွေထွေသပိတ်ကော်မတီ
General Strike Committee of Nationalities - GSCN


မြန်မာ့နိုင်ငံရေးသမိုင်းတွင် မိမိကိုယ်တိုင်၊သူတစ်ပါး လူထုအကျိုး တိုင်းပြည်အကျိုး ဆောင်ခဲ့သော ရေတွက်မရနိုင်သော ကိုးဦးမကသော အာဇာနည်များစွာ ရှိပါသည်။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုကာလမှစ၍ လက်ရှိနွေဦးတော်လှန်ရေးအထိ လူသူမသိဘဲ ကြွေလွင့်ခဲ့ရသော အာဇာနည်အမြောက်အများလည်း တည်ရှိခဲ့၊တည်ရှိနေဆဲဖြစ်ပါသည်။
၁၉၄၇ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်၊ ၁၀နာရီ ၃၇မိနစ်တွင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီး ကိုးဦးကို ဂုဏ်ပြုသောအားဖြင့် ထိုနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ထားခဲ့ပါကြသည် ။အဆိုပါအာဇာနည်ခေါင်းဆောင်ကြီးများသည် မြန်မာ့လွတ်လပ်ရေး၊ နိုင်ငံအတွင်းမှ လူမျိုးစုများအားလုံး တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးများအတွက် ကြိုးပမ်းနေစဉ် လမ်းခုလတ်၌ကျဆုံးခဲ့ရပြီး မမေ့မလျော့ ဂုဏ်ပြုအပ်သောအာဇာနည်ခေါင်းဆောင်ကြီးများဖြစ်ပါသည်။
၂၀၂၁ နွေဦးတော်လှန်ရေးတွင်လည်း (၈.၂.၂၀၂၁)နေ့၊ ည (၇)နာရီတွင် မန္တလေးမြို့၌ပထမဆုံး ကျဆုံးခဲ့ရသော မုဟမ္မဒ် ရရှစ်(ခ) ကိုကိုဦး (ခ)ကိုနပွား မှစ၍ ယနေ့အထိ ထင်ထင်ရှားရှားဖြစ်စေ၊ မထင်မရှားဖြစ်စေ ကျဆုံးခဲ့ရသောအာဇာနည်အများအပြားရှိခဲ့ကြ၊ရှိနေကြဆဲဖြစ်ပါသည်။
ထို့အပြင်အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှု၊ မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် မိမိတို့လူမျိုးစုများ၏ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များရရှိရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့ရသော လူမျိုးစုအသီးသီးမှ အာဇာနည်ခေါင်းဆောင်များနှင့် အာဇာနည်ရဲဘော်များ အမြောက်အများရှိပါသည်။
ထို့အတွက်ကြောင့် အများသတ်မှတ်ထား၍ နှစ်စဉ် မမေ့မလျော့ အလေးအမြတ်ပြုလျက်ရှိိသော အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးသာလျှင်မကဘဲ လွတ်လပ်မှု၊တရားမျှတမှုနှင့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့အတွက် ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြသော တိုင်းပြည်နှင့်အဝှမ်းမှအာဇာနည်အပေါင်းတို့အား လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီမှ ဦးညွတ်အပ်ပါသည်။
အာဇာနည်တို့၏ စိတ်ဓာတ်ကိုကိုင်စွဲကာ လွတ်လပ်မှု၊တရားမျှတမှုနှင့် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့က်ု အပြည့်အဝအာမခံသော ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် မိမိတို့၏ အသက်၊အိုးအိမ်စည်းစိမ်များကို စွန့်လွှတ်၍ တိုက်ပွဲဝင်နေကြသော နွေဦးတော်လှန်ရေးအတွင်း ကဏ္ဍအသီးသီးတွင်ပါဝင်ဆောင်ရွက်နေကြသည့် ရဲဘော်အပေါင်းအားလည်း လေးနက်စွာအသိအမှတ်ပြုလျက် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အောင်မြင်မှုပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဦးညွတ်အပ်ပါသည်။
မိမိတို့ GSCN အနေဖြင့်လည်းအာဇာနည်စိတ်ဓာတ်ကိုကိုင်စွဲကာ အာဇာနည်တို့၏ မပြည့်မြောက်သေးသောဆန္ဒဖြစ်သည့် လွတ်လပ်ခြင်း၊တရားမျှတခြင်း၊တန်းတူညီမျှခြင်းနှင့် စုံလင်ကွဲပြားမှုအသီးသီးကို လေးစားအသိအမှတ်ပြုသော စုပေါင်းခေါင်းဆောင်မှုကို အခြေတည်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ရည်ရွယ်ချက်တူ တော်လှန်ရေးအဖွဲ့အစည်းများနှင့်လက်တွဲကာ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း မိမိတို့ တတ်စွမ်းသည့်ကဏ္ဍမှ ပူးပေါင်းပါဝင်ပေးကြပါရန် မနက်ဖြန်ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ကို ရည်ညွှန်း၍ တိုက်တွန်းအပ်ပါသည်။
အာဇာနည် နေ့သည် (၁)ရက်မက
အာဇာနည်စိတ်ဓာတ် ကိုင်စွဲကြ
ဖက်ဒရယ် ပြည်သစ်ဆီ ဆက်လျှောက်ကြ
#အာဇာနည်ဟာကိုးဦးမက
#လူမျိုးကြီးဝါဒတိုက်ဖျက်ကြ
#လူမျိုးပေါင်းစုံညီညွတ်ကြ
#တောင်တန်းမြေပြန့်ညီညွတ်ကြ
#လူမျိုးပေါင်းစုံ


Eid Mubarak to You All!
ယနေ့တွင် ကျရောက်သည့် အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာဖြစ်သည့် အီးဒ်ဒုလ်အဒွဟာနေ့အခါသမယတွင် အလ္လာဟ်အရှင်မြတ်ထံမှ ကောင်းခြင်းမင်္ဂလာအဖြာဖြာကျရောက်ပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေကြောင်း လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN) က ဆုမွန်ကောင်းတောင်းအပ်ပါသည်။

https://m.facebook.com/story.php?story_fbid=642289821267156&id=100064584319741&mibextid=Nif5oz
Kawthoolei Tree Plantation Month
“Tree for Kawthoolei, Tree for Generation”
(ကော်သူးလေစုပေါင်း သစ်ပင်စိုက်လ - ဇူလိုင်လ (၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ)
၂၀၁၃ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၁၅)ကြိမ်မြောက် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်မှာ ကေအဲန်ယူ- ဗဟိုသစ်တောဌာန ရဲ့ “ကော်သူးလေး သစ်ပင်စိုက်နေ့” အဆိုပြုချက်ကို ကွန်ဂရက်မှာ အတည်ပြုပြီး ဇူလိုင်လ (၁)ရက်နေ့ကို ကော်သူးလေသစ်ပင်စိုက်နေ့အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့ပါသည်။
တရားဝင်သတ်မှတ်ပြီးချိန်ကစလို့ နှစ်တိုင်းလိုလို ဇူလိုင်လ (၁) ရက်နေ့မှာ စုပေါင်းသစ်ပင်စိုက်ခြင်းကို ပြုလုပ်ခဲ့ကြပါတယ်။ ယခု ၂၀၂၃ နှစ် (၁၇) ကြိမ်မြောက် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ကွန်ကရက်တွင် ကော်သူးလေးသစ်ပင်စိုက်နေ့ ကို ကော်သူးလေသစ်ပင်စိုက်လအဖြစ် ဇူလိုင်လ တစ်လလုံးကို ကွန်ဂရက်က ပြောင်းလဲ အတည်ပြုသတ်မှတ်လိုက်ပါတယ်။
ကော်သူးလေစုပေါင်းသစ်ပင်စိုက်လရဲ့ ရည်ရွယ်ချက်ကတော့
၁။ ကော်သူးလေဒေသအတွင်းတွင် သစ်ပင်များတိုးပွားပြီး သစ်တောများ ကောင်းမွန်စွာ ရှင်သန်စေရန်နှင့် သစ်တောအကျိုးကျေးဇူးများကို ပိုမိုရရှိစေရန်။
၂။ ပြည်သူလူထုများအကြား အတူတကွပူးပေါင်းသစ်ပင်စိုက်မှုများရှိလာစေရန်နှင့် ပြည်သူလူထုနှင့် ကော်သူးလေသစ်တော ဌာနကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်။
၃။ ကော်သူးလေသစ်တောဌာနသည် သစ်တောကဏ္ဍဖွံ့ဖြိုးတက်ရေး နှင့် သဘာဝပတ်ဝန်းကျင်အရေး အစီအမံများကို လူအများသိရှိစေရန် နှင့် နိုင်ငံတကာ အသိုင်းအဝန်းများမှ သိရှိစေရန် စတဲ့အချက်တွေပဲဖြစ်ပါတယ်။
ကရင်လူမျိုးတွေအနေဖြင့် မိမိတို့လူမှုပတ်ဝန်းကျင်သာယာလှပဖို့ မိမိတို့ရှိတဲ့ နေရာကနေ ကော်သူးလေ သစ်ပင်စိုက်လမှာ သစ်ပင်တွေကို တစ်နိုင်တစ်ပိုင်စိုက်ခြင်းဖြင့် အနာဂတ်မျိုးဆက်တွေအတွက် စိမ်းလန်းစိုပြေသောအနာဂတ် ဝန်းကျင်ကောင်းများအား ပူးပေါင်းပါဝင်ဖန်တီးကြဖို့ ဧရာဝတီကရင်လူငယ်များမှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
#ကော်သူးလေစုပေါင်းသစ်ပင်စိုက်လ
74th Anniversary of KawThooLei Day.
14/6/2023

ကရင်ပြည်ကိုလိုလားကြသလော
ကရင်ပြည် (Karen State) ကိုကရင်လူငယ်အစည်းအရုံးက လိုးလားသည်ဟု ကြိမ်ဖန်များစွာကြေညာခဲ့ကြလေးသည်။ ဝန်ကြီး မန်းဘခိုင် မကွယ်လွန်မီက မန်းဝင်မောင်နှင့် လူငယ်ခေါင်ဆောင်အချို့တိုပါ၊ ကရင်ဗဟိုအဖွဲ့ချုပ်သို့လာရောင်ပြီး ကရင်ပြည်တွင်းသို့ သံလွင်ခရိုင်၊ တောင်ငူခရိုင်၊ပျဉ်းမနားတောင်တန်းနယ်၊ သထုံခရိုင်၊ ကျိုက္ခမီခရိုင် အထင်ပိုင်တို့တွင်ပါဝင်ရန်နှင့် အဆိုပါ ဒေသ များကို မရမနေ တောင်းဆို ဆောင်ရွက်သွားပါမည်ဟု ခေါင်းဆောင်များရှေ့တွင် ကတိပေးဖူးလေသည်။ ထိုစဉ်အခါက ကေ အင် ယူ ခေါင်းဆောင်များက မန်းဝင်မောင်တို့ တောင်းဆို မည်ဖြစ်သော ကရင်ပြည်သည် ကျဉ်းလွန်းသည် ဖြစ်သောလည်းကရင်အတွက်တောင်းဆို ခြင်ဖြစ်သဖြင့် ၎င်းတို့ကို မကန့်ကွက်ပါ ဟု ပြန်လည်ပြောဆိုခဲ့လေသည်။ ထို့မှတစ်ပါး ကရင်ပြည်ကို ကရင်တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များက မူအားဖြင့်ရအောင်ဆောင်ရွက်ထားနိုင်လျှင် ဒင်းပြည်ကျပ်ပြည် ရရန်အတွက် ဆက်လက်ဆောင်ရွက်သွားရန် လွယ်ကူလိမ့်မည်ဟာ ကေအဲန်ယူ ခေါင်းဆောင်များက တထစ်ချ ယုံကြည်ကြလေသည်။
အထက်ဖော်ပြပါ ဒေသများသို့ သဘောတူသော အမတ် ၁၄ ဦးတို့သည် မိမိတို့ သဘောတူကြကြောင်းနှင့်တခါ လက်မှတ် ရေးထိုး ခဲ့ဖူးလေသည်။ ထိုသဘောတူ လက်မှတ်ရေးထိုးသော စာချုပ်ကို ဓာတ်ပုံရိုက်၍ သဘောက်လုပ်ပြီးလျှင် သုဝဏ တိုင်း၌ထည့်သွင်း ဖော်ပြခဲ့ဖူးလေသည်။ ၎င်းပြင် မန်းဝင်းမောင်က လိုလားချက်အတိုင်း မရလျှင်မိမိ တိုင်းပြုပြည်ပြု လွတ်တော်မှ ထွက်ပါမည်ဟု ခေါင်းဆောင်အများရှေ့မှောက်၌ ကတိပေးခဲ့လေသည်။ နောက်များမကြာမီ မန်းဘခိုင် လုပ်ကြံ မှုကိစ္စတွင်ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ကျဆုံးသွားသဖြင့် မန်းဝင်းမောင် ကိုယ်တိုင် ဝန်ကြီးဖြစ်လာလေးသည်။ ထိုနေ့မှစ၍ မန်းဝင်မောင်သည် ကရင်ပြည်တောင်း
မည်ဟုသော ကိစ္စနှင့်ပတ်သက်၍ တစ်ကြိမ်မျှပြောဆိုမြွက်ဟသည်ကို မကြားရတော့ချေ။
ကေအဲန်ယူကကြီးမှုး၍လူထုဆန္ဒပြအံဆဲဆဲအခါတွင်ဝန်ကြီးစောစံဘိုးသင်နှင့်ဝန်ကြီးမန်းဝင်မောင်တို့
သည်ကရင်ကိုယ်စလှယ်များအားလုံရှေ့၌ မိမိတို့ကရင်လူငယ်များ အစည်းအရုံးသည် ကေ အင် ယူ ၏တောင်းဆိုသော ကရင်ပြည်ကြီးကို လုံးဝအလိုမရှိကြောင်း ကရင် (Karen State ) အလိုမရှိကြောင်း စာတို စာရှည်များကမ်းလှမ်းကြလေသည်။ ထို့နေ့မှစ၍ ကရင်လူငယ် အစည်းအရုံးဝင်များသည် ကရင်ပီပီ၊ ကရင်ပြည်ကို လိုလားကြသည့်အတိုင်း ကရင်လူငယ်အစည်းပရုံးခေါင်းဆောင်များ၏ ကြေ ညာချက်ကို လက်မခံနိုင်တော့ဘဲ တောရောမြို့ပါ ကေအဲန်ယူ အဖွဲ့ချုပ်သို့ ပြုံ၍ဝင်လာတော့သည်။ ထိုမှတပါး ကရင်ပြည်အလိုရှိကြောင်း၊ ကရင်လူထုဆန္ဒပြပွဲတွင် စိတ်အားထက်သန်စွာ ဝင်ရောက်ဆင်နွှဲ ကြလေးသည်။
ဟံသာဝတီခရိုင်- တွံတေးမြို့နယ်နှင့် ကွန်းခြံကုန်းမြို့နယ်တို့တွင် ကရင်လူငယ်များ၏ အစည်းအရုံး
ဝင်အမြောက်အများရှိသည့် ရပ်ကွက်များဖြစ်သဖြင့် လူထုဆန္ဒပြသည့်လုပ်ငန်းတွင်များစွာ အခက်အခဲ နှင့် ရင်ဆိုင်ကြလေသည်။ ထိုရပ်ကွက်ရှိ ကရင်လူထုကြီးသည် ကရင်လူငယ် အစည်းအရုံးဝင်က များပြီး ကေ အင် ယူ အစည်းအရုံးဝင်နည်းနေ သောကြောင့် ကရင်ပြည် အလိုရှိကြောင်း လူထုဆန္ဒပြရာ၌ လူကြီးလူငယ် မခွဲတော့ဘဲ တညီတညာတည်း ဆန္ဒပြကြသည်။ ကွမ်းခြံကုန်းမြို့နယ် လူထုဆန္ဒပြရာ၌ ကရင် အမျိုးသားပေါင်း ၂၀၀၀ ကျော်တက်ရောက်သည်ကို တွေ့ရှိရလေသည်။ တွံတေးမြို့နယ်၌မူကားလူထုဆန္ဒပြရန် အတွက် တောရွာများမှ တက်၍လာသော ကရင်အမျိုးသားများ ကို ကရင်လူငယ်အချို့တို့က အမျိုးမျိုးခြိမ်းခြောက်ကြသည့်အပြင် ကရင်လူငယ်အစည်းအရုံး၏ ဥက္ကဌကိုယ်တိုင်က ၎င်းဆန္ဒပြပွဲသို့ မည်သူမျှမတက်ရဟု အမိန့်ထုတ်ပြန်သဖြင့် လူထု ၃၀၀ ကျော်မျှသာ ဆန္ဒပြပွဲသို့ တက်ရောက်နိုင်ကြလေသည်။ အကျဉ်းချုံး၍ပြောရမယ်ဆိုလျှင် ကရင်လူငယ် အစည်းအရုံးသည် ကရင်အမျိုးသားများ၏ အသေးအဖွဲ အခွင့်အရေးများအတွက် ဆောင်ရွက်ကြသည်မှတစ်ပါး ကရင်လူထုကြီးလိုလားလျက်ရှိသော ကရင်ပြည်ကို ယနေ့တိုင် လိုလားထောက်ခံကြ သည့်လက္ခဏာမရှိသေးချေ။
ဦးပဏ္ဏဝံသနှင့်စောမြသိန်းတို့သည့် ကရင်ဗဟိုရ်အဖွဲ့ချုပ်၌ပင် အခြားခေါင်းဆောင်များနည်းတူ ပါဝင်ခဲ့ကြလေသည်။ ရာထူးကိစ္စပေါ်ပေါက်လာသဖြင့် ဒေါက်တာ-ဆာစံစီဖိုး-မန်းဘခိုင်နှင့် စောဘဦးကြီး တိုကို ဝန်ကြီးဖြစ်ရန် ရွေးကောက်သောအခါ ၎င်းတို့က မကျေမနပ်ဖြစ်ကာ ခွဲထွက်ကြပြီး စောဖေသာ၏အဖွဲ့ ဟောင်းကို ပြန်လည်ထူထောင်ကြပြီး ၎င်းအဖွဲ့ကို ဗမာပြည်လုံးဆိုင်ရာ ကရင်အဖွဲ့ ချုပ်ဟု အမည်ပေးလေသည်။ သို့ရာတွင် လူအများက ၎င်းအဖွဲ့ကို ဦးပဏ္ဏဝံသ အဖွဲ့ဟူ၍ ခေါ်ဝေါ်ကြလေသည်။ ဦးပဏ္ဏဝံသ ပျံလွန်တော်မူပြီးနောက် ၎င်းအဖွဲ့ကို စောမြသိန်းအဖွဲ့ဟု ခေါ်ကြပြန် လေသည်။ ဆာပေါ်ထွန်၏ စက္ကူဖြုအစိုးရခေတ်၌ ဘီ-ကေ-အင်-အေ ၌ စောမြသိန်း၊ သရောရွှေဘနှင့် စောဘလုံး သုံးဦးတို့သည် ဥပဒေပြုလွတ်တော် အမတ်များဖြစ်ကြလေသည်။ ၎င်းတို့သည် ဝန်ကြီးတစ် နေရာရရန်အတွက် ကြိုးစားကြသော်လည်း ကံမကောင်းအကြောင်းမလှသောကြောင့် ဝန်ကြီးမန်းဘခိုင် မှတပါး အခြားကရင်အမျိုးသား ဝန်ကြီးတစ်ဦး ခန့်ထားရန်အတွက် ဘုရင်ခံက သဘောမတူခဲ့ချေ။
စောမြသိန်းအဖွဲ့သည် မျိုးချစ်၊မဟာဗမာ၊တို့ဗမာအစည်းအရုံး နှင့် အခြားအတိုက်အခံအဖွဲ့များနှင့် ပူပေါင်း၍ အခွင့်အရေးများကို ရရှိရန်အတွက် ဆောင်ရွက်ခဲ့သော်လည်းထူးခြားစွာ အခွင့်အရေး ရသည်ဟု မသိရှိချေ။ ၎င်းအဖွဲ့သည် ကေအင်ယူ ကဲ့သို့ပင် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ယခု အခါ၌ ၎င်းအဖွဲ့သည် လူထုအင်းအားများစွာမရှိသဖြင့်အသံတိတ်ဆိတ်လျက်ရှိသော်လည်း အချက်ကောင်းကို စောင့်ဆိုင်နေကြ ဟု အချို့သူများက ယူဆကြလေသည်။
ကရင်အမျိုးသားအစည်းအရုံး၏ ပထမဦးဆုံ အတွင်းရေးမှုသရာသထို ၏ ကရင်နှင့်နိုင်ငံရေးပြသာနာ စာအုပ်မှ ထုတ်ဖော်ထားပါသည်။

