VeUp

VeUp

We believe that customer satisfaction is the absolute key to success.

✓ All digital marketing services are available in one place.
✓ We offer excellent quality services.

Photos from VeUp's post 27/06/2021

အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်းတို့အတွက် Facebook ပေါ်မှာ ကြော်ငြာတင်ဖို့ လိုအပ်နေပါသလား။ Page တည်ဆောက်ပေးခြင်းမှစကာ Page Like များပြားအောင်လုပ်ခြင်း၊ Target Audience ရွေးချယ်ပေးခြင်း၊ Post Reach များများရောက်အောင် Boost တင်ပေးခြင်း စသည့်ဝန်ဆောင်မှုအမျိုးမျိုးကို တစ်နေရာတည်းမှာ ပြည့်စုံစွာ ရရှိနိုင်ပါပြီ။

Ph number - 099 65 777 537 သို့မဟုတ် CB ကနေလည်း အသေးစိတ် စုံစမ်းဆွေးနွေးနိုင်ပါတယ်။

မိတ်ဟောင်းမိတ်သစ်များအား အထူးကျေးဇူးတင်ရှိလျှက် ❤️❤️❤️

14/04/2021





📧 Email - [email protected]

--------------------------------

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ social media တွေက စီးပွားရေးလုပ်ငန်းတွေကို ပိုမိုအောင်မြင်လာစေတဲ့ ပေါင်းကူးတံတားတွေဖြစ်လို့လာပါတယ်။

နေ့စဉ်ထုတ်ကုန်အသစ်များ ၊ discount အစီအစဉ်များအကြောင်းကို အချိန်နဲ့တပြေးညီ ဖောက်သည်တွေကို အသိပေးနိုင်ပြီး ရောင်းအားများစွာမြှင့်တင်ပေးနိုင်ရုံသာမက လူအများရဲ့ စိတ်ဝင်စားမှုကိုလည်းရရှိစေပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို သုံးစွဲသူများနဲ့ နေ့စဉ် ထိတွေ့နေစေဖို့ VeUp မှတာဝန်ယူပါရစေ။

စိတ်ဝင်စားဖွယ် content ရေးသားပေးခြင်းနဲ့ သေသပ်လှပသော product ကြော်ညာ design ရေးဆွဲပေးခြင်းများပါဝင်သာ Facebook marketing service ကိုတစ်လစာ Package များလည်းအပ်နှံနိုင်ပြီး Post တစ်ခုစီလည်း သီးသန့်ရေးဆွဲပေးလျှက်ရှိပါတယ်။

📲 Messenger - m.me/VeUpITSolutinsServices
📞 Ph/Viber - (+95) 09 966 863 223
📧 Email - [email protected]
တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

02/03/2021

🤏 📨 လူတိုင်းလက်ထဲအရောက် ပေးပို့လိုက်ပါ 🎯
စာတိုပေးပို့ခြင်းဝန်ဆောင်မှုအတွက် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါပြီ
Hotline/Viber (+95) 09 966 863 223

17/02/2021

ယနေ့ခေတ်ဖက်ရှင်ရေစီးကြောင်းမှာ လူတိုင်းလိုလို အမြတ်တနိုးဝတ််ဆင််လာကြတဲ့ ချင်းရိုးရာ ပွဲတတ်ဝတ်စုံများ၊ Handmade ပစ္စည်းများစွာကို စုံစုံလင်လင်ရောင်းချပေးနေတဲ့ Diva Chin Textiles အတွက် E-commerce Website ကို VeUp အဖွဲ့သားများမှ ဂုဏ်ယူစွာဖြင့်တည်ဆောက်ထားပါတယ်။

Screen Size အမျိုးမျိုးနဲ့ Responsive ဖြစ်အောင် Design ရေးဆွဲပေးထားတာကြောင့် ဖုန်း၊ Tablet၊ ကွန်ပျူတာ အစရှိတဲ့ Device အမျိုးမျိုးဖြင့်လည်း အဆင်ပြေလွယ်ကူစွာ ကြည့်ရှုဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ပစ္စည်းများကို အမျိုးအစားအလိုက် Category ခွဲကာ ရှင်းလင်းသေသပ်စွာ ခင်းကျင်းပြသထားခြင်းကြောင့် မိမိဝယ်ယူလိုသည့်ပစ္စည်းကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ခလုတ်တစ်ချက်နှိပ်ရုံဖြင့် မိမိမှာယူလိုသောပစ္စည်းများကို စျေးခြင်းတောင်းထဲသို့ ထည့်သွင်းနိုင်သည့် Add to cart စနစ်၊ မိမိနှစ်သက်သော ပစ္စည်းများကို မှတ်သားထားပေးမယ့် Wishlist feature များ ပါဝင်ပါတယ်။ Payment အဆင့်တွင် COD နဲ့ Bank Transfer စနစ်နှစ်ခုရွေးချယ်နိုင်ကာ Bank Transfer ဖြင့်ပေးချေလိုသူများအတွက် Order တင်သောအဆင့်တွင် Bank and Pay System များကို အသေးစိတ်ဖေါ်ပြပေးထားမှာဖြစ်ပါတယ်။

ဆိုင်ရှင်အနေဖြင့် Order နဲ့ Customer Report များကြည့်ရှုနိုင်သလို Customer များဆီသို့ Invoice ပေးပို့ခြင်း၊ Order status များအချိန်နဲ့တစ်ပြေးညီပေးပို့ခြင်း၊ Product များကိုအုပ်စုလိုက် Discount ချခြင်း၊ Low stock item များ၊ Out of stock item များအလိုအလျှောက်သိရှိနိုင်ခြင်း၊ Home page တွင်မိမိဦးစားပေးပြသလိုသော Product များရွေးချယ်ပြသခြင်း အစရှိတဲ့ Feature များပါဝင်တဲ့ ပြီးပြည့်စုံသော Online အရောင်းဆိုင်တစ်ခုပဲဖြစ်ပါတယ်။

Website ပေါ်တွင် Diva Chin Textiles အကြောင်း၊ Promotion အစီအစဥ်များ၊ ဆက်သွယ်စုံစမ်းရန် အချက်အလက်များပါ ပြည့်စုံစွာဖေါ်ပြထားပါတယ်။

Promotion အစီအစဥ်များကို Email ဖြင့်သိရှိလိုပါက Subscribe လုပ်ထားနိုင်သလို Diva Chin Textiles ရဲ့ Social Media Channel များနှင့်လည်း ချိတ်ဆက်ပေးထားပါတယ်။

Diva Chin Textiles ရဲ့ E-commerce Website ကို www.divachintextiles.com တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဒီလို E-commerce Website မျိုး ပိုင်ဆိုင်လိုပါက Viber & Ph :(+95) 09 697 742 479 ကို ခေါ်ဆိုမေးမြန်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

13/02/2021

မိမိ Customer များဆီသို့ အချိန်နဲ့တစ်ပြေးညီ Promotion အစီအစဥ်များပေးပို့ခြင်း၊ ဖောက်သည်အသစ်များဆီသို့ မိမိဝန်ဆောင်မှုများအကြောင်း ကြော်ငြာခြင်းတို့အတွက် အထိရောက်ဆုံး စာတိုပေးပို့ခြင်းဝန်ဆောင်မှု ရှိနေပါပြီ။

SMS စာတိုပေးပို့ခြင်းဖြင့် Customer တွေရဲ့ ၉၈ ရာခိုင်နှုန်းဟာ ဖွင့်ဖတ်ကြပါတယ်။

ယနေ့ခေတ်မှာ ဖုန်းအသုံးပြုသူ များပြားလာခြင်းကြောင့် ဖုန်းများသို့ စာတိုပေးပို့ကြော်ငြာခြင်းဟာ ပျံ့နှံ့မှုအရှိဆုံး နည်းလမ်းတစ်ခုဖြစ်လာပါတယ်။

မိမိကုန်ပစ္စည်း၊ ဝန််ဆောင်မှုများအကြောင်းကို MPT, Ooredoo, Telenor ပြည်တွင်းဖုန်းနံပါတ်များဆီသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ကြော်ငြာနိုင်ပါပြီ။

စာတိုပေးပို့ရာတွင် စာသားများအပြင် အသေးစိတ်ဖတ်ရှုရန် Website Link များပါ ထည့်သွင်းပေးပို့နိုင်ပါတယ်။

SMS များကိုဖွင့်ဖတ်ကြည့်ရှုမှုနှုန်းဟာ Email ဖတ်ရှုခြင်းထက်တောင် ပိုမိုများပြားနေပါပြီ။

SMS Marketing ဟာ အချိန်ကုန်သက်သာပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့ရောက်ရှိစေတဲ့ ကြော်ငြာနည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။

အရေအတွက်အနည်းအများပေါ်မူတည်ပြီး တစ်စောင်ကို ၁၅ကျပ်-၁၆ကျပ်နှုန်းသာ ကျသင့်မှာဖြစ်ပါတယ်။

--------

ပိုမိုသိရှိလိုပါက Website လိပ်စာဖြစ်တဲ့ www.mmveup.com သို့လည်း ဝင်ရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

SMS marketing ဝန်ဆောင်မှုနဲ့ပတ်သတ်ပြီး စိတ်ဝင်စားပါက အောက်ဖေါ်ပြပါ ဖုန်းနံပါတ်ကို မိတ်ဆွေတို့ရဲ့ဖုန်း Contact မှာ တစ်ခါတည်းသိမ်းထားလိုက်ဖို့ မမေ့ပါနဲ့နော်။

Ph & Viber နံပါတ် (+95) 09 697 742 479

09/02/2021

SMS Marketing ဆိုတာဘာလဲ?
ဖုန်းနံပါတ်များဆီသို့ စာတိုပေးပို့ခြင်းဖြင့် ကြော်ငြာနိုင်သောနည်းလမ်းဖြစ်ပါတယ်။

ဘယ်သူတွေဆီ ကြော်ငြာနိုင်လဲ?
မိတ်ဆွေတို့ရဲ့ လက်ရှိ Customer ဖုန်းနံပါတ်များဆီသို့ ပေးပို့နိုင်သလို တစ်ကြိမ်တည်းနဲ့ဖုန်းနံပါတ်မြောက်များစွာဆီသို့ စာတိုများ ပေးပို့ကြော်ငြာနိုင်ပါသည်။

ဘယ်လိုနေရာတွေမှာ အဓိကအသုံး​ပြုကြသလဲ?
ဖုန်းနံပါတ်အသစ်များဆီသို့ မိမိကုန်ပစ္စည်း၊ဝန််ဆောင်မှုများအကြောင်း ပျံ့နှံ့ရောက်ရှိအောင် ကြော်ငြာခြင်း၊ လက်ရှိ Customer များဆီသို့ Promotion အစီအစဥ်များ၊ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုသတင်းများ ပေးပို့ခြင်း စသည်တို့တွင် အသုံးပြုနိုင်ပါသည်။

တစ်စောင်ကို ဘယ်လောက်နှုန်းကျသင့်ပါသလဲ?
တစ်စောင်ကို ၁၅/၁၆ ကျပ်နှုန်းသာ ကျသင့်မှာဖြစ်ပါတယ်။

စာတိုတွင်မည်သည်တို့ ထည့်သွင်းနိုင်ပါသလဲ?
Plain Text စာသားအပြင် Link များပါ ထည့်သွင်းချိတ်ဆက်ထားနိုင်ပါသည်။

အသေးစိတ်သိရှိလိုပါက Ooredoo Ph & Viber နံပါတ် (+95) 09 966 863 223 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

05/02/2021

VeUp ရဲ့ Service အသစ်ဖြစ်တဲ့ SMS Marketing Service ကို အဖြေမှန်ခန့်မှန်းနိုင်သူများထဲမှ မဲနှိုက်ရွေးချယ်ခဲ့ရာတွင် ကံထူးသူကတော့ Ko Myo Win Ko ဖြစ်ပါတယ်။

24/01/2021

SMS Marketing အဖြေမှန်သူများထဲမှ တစ်ဦးကိုရွေးချယ်ခြင်း

15/01/2021

# # Facebook Marketing အလုပ်သင် ( 4 - Female /Male )

VeUp Team နဲ့ အတူ လက်တွဲလုပ်ကိုင်ဖို့ Facebook Marketing Internship (အမျိုးသမီး/အမျိုးသား) လေးဦး အလိုရှိပါတယ်။

Work From Home လုပ်ရမှာဖြစ်ပြီး ကိုယ်ပိုင် Laptop သို့မဟုတ် ဖုန်းတစ်လုံးရှိဖို့လိုပါတယ်။

Senior များနဲ့ လက်တွဲလုပ်ဆောင်ရမှာဖြစ်လို့ အလုပ်အတွေ့အကြုံ မရှိသေးသူများလည်း လျှောက်ထားလို့ ရပါတယ်။

ပညာအရည်အချင်း ကန့်သတ်မထားပဲ မိမိလျှောက်လှမ်းလိုတဲ့ Career နဲ့ကိုက်ညီသူများ လျှောက်ထားလို့ရပါတယ်။

သွက်လက်ချက်ချာသူဖြစ်ရပါမယ်။ Messenger မှစာများကို reply မြန်မြန်ပြန်နိုင်သူဖြစ်ရပါမယ်။ မိမိအိမ်ကနေပဲ Work From Home လုပ်ရမှာဖြစ်ပါတယ်။

အလုပ်သင်ကာလ သုံးလပြည့်ပါက Internship Certificate ပေးအပ်မှာ ဖြစ်ပါတယ်။
Project ရပါက commission ပေးသွားမှာဖြစ်ပါတယ်။

အရည်အချင်းပြည့်မီပါက VeUp Team နဲ့ လက်တွဲလုပ်ကိုင်ဖို့ ဆက်လက်ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။

Ph : (+95) 09 697 742 479

https://mmveup.com/career/

13/01/2021

ကရင်နှစ်သစ်ကူးနေ့ကို VeUp မှလှိုက်လှဲစွာဂုဏ်ပြုကြိုဆိုပါတယ်

04/01/2021

ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သော ကျွန်ပ်တို့၏ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်တမျှ အရေးပါသောနေ့ဖြစ်သည့် ဤလွတ်လပ်ရေးနေ့ကို VeUp မှလေးစားစွာဂုဏ်ပြုအပ်ပါသည်

02/01/2021

Digital Marketing Vs Traditional Marketing

Digital Marketingဆိုတာက digital channelများဖြစ်တဲ့ website, social mediaတို့ကို အသုံးပြုပြီး ဈေးကွက်ရှာဖွေခြင်းများကို ပြုလုပ်တာဖြစ်ပါတယ်။

Digital Marketing channel တွေကတော့-

- Social Media( Facebook, Instagram,You Tube, Twitter, Whatsapp, etc.)
- Website
- Content Marketing
- Affiliate Marketing
- Email Marketing
- Inbound Marketing
- SEM (search engine marketing) တို့ဖြစ်ပါတယ်။

Trend အလိုက် Social media ကို လူသုံးများလာတာကြောင့် Digital Marketing က မြန်ဆန်ထိရောက်သလို ကုန်ကျစရိတ်လည်းသက်သာပါတယ်။

ဒါ့အပြင် customerများနဲ့ အပြန်အလှန် communication လုပ်နိုင်ပြီး ကိုယ့်ရဲ့ Marketing က ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုတာ ကိုပြန်လည်သိရှိနိုင်ပါတယ်။

အခြားတစ်ဖက်မှာတော့ Traditional Marketingဟာ စျေးကွက်ရှာဖွေရာမှာ ကြော်ငြာဆိုင်းဘုတ်များ၊ ပုံနှိပ်မီဒီယာများ ကို အသုံးပြုတာဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်မတိုင်ခင် အင်တာနက်ဖွံ့ဖြိုးတိုးတက်မှုများမရှိစဥ်အထိ Traditional Marketingက စျေးကွက်ရှာဖွေရေးမှာ တစ်ခုတည်းသော Marketingအမျိုးအစားဖြစ်ခဲ့ပါတယ်။

Traditional Marketing channel များကတော့

- Telemarketing (phone, sms)
- Print (newspapers, magazines...)
- Broadcasting (TV, radio)
- Outdoor (billboard, poster, etc)
- Direct Mail (Pamphlet) တို့ဖြစ်ပါတယ်။

ယခုခေတ်မှာလည်း Traditional marketing က သူ့နေရာအလိုက် အရေးပါတဲ့ နေရာမှာရှိပါတယ်။ ဖုန်းအသုံးများလာတာကြောင့် စာတိုပေးပို့တဲ့ SMS marketing ကတော့ ဆက်လက်တွင်ကျယ်လျှက်ရှိပါတယ်။ တစ်ဖက်မှာလည်း လုပ်ငန်းအသေးစားများ အတွက်တော့ billboard, poster, နဲ့ broadcasting များပြုလုပ်ဖို့ရန်အတွက် ကုန်ကျစရိတ်များပါတယ်။

ဒါ့အပြင် TV, poster များ အသုံးပြုပြီး ကိုယ့်ကြေငြာ ဘယ်လောက်ထိသက်ရောက်မှုရှိလဲ ဆိုတာကို သိနိုင်ရန် ခက်ခဲပါတယ်။

ကိုယ့်ရဲ့လုပ်ငန်းဟာ ဘယ်marketing နည်းလမ်းမျိုး အသုံးပြုသင့်လဲဆိုတာကို အခြေနေနဲ့ အချိန်ခါပေါ်မူတည်ပြီး ရွေးချယ်ကြရမှာဘဲဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုမှာ မှန်ကန်တဲ့Marketing အမျိုးအစားကိုရွေးချယ်နိုင်ဖို့က အဓိကကျပါတယ်။

ဒီအကြောင်းအရာလေးက သင့်အတွက် တစ်စုံတစ်ရာအကျိုးရှိသွားစေတယ်ဆိုရင် Share ပေးဖို့မမေ့ပါနော်။

31/12/2020

ပျော်ရွှင်စရာ နှစ်သစ်ကူးအချိန်အခါလေးပါ 💙💙
VeUp ရဲ့ Customer များနဲ့ Partner များလည်း ၂၀၂၁ နှစ်သစ်မှာ အောင်မြင်မှုများ ဆက်လက် ဆွတ်ခူးကြပါစေလို့ VeUp မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 💙💙

Photos from VeUp's post 30/12/2020

Marketing Service အသစ်က ဘာဖြစ်မလဲဆိုတာကို ခန့်မှန်းနိုင်သူထဲက တစ်ယောက်ကိုရွေးချယ်ပြီး DENNIS MARTIN - DM3031GSSBU အမျိုးသားဝတ် နာရီတစ်လုံး လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။🤗🤗

လက်ရှိ Service တွေကတော့ -
1. Social Media Marketing
2. Mobile Application
3. Website and E-commerce Website
4. Graphic Design
တို့ဖြစ်ပါတယ်။

နောက်ထပ်ဝန်ဆောင်မှုပေးမဲ့ Service အသစ်က ဘာဖြစ်မလဲ ဆိုတာ ခန့်မှန်းရမှာဖြစ်ပါတယ်။ Message ပေးပို့ခြင်းဖြင့် ကြော်ငြာနိုင်သော Marketing Service တစ်မျိုးဖြစ်ပါတယ်။

မိမိ အဖြေကို ဒီပိုစ့်အောက်မှာ ဖြေဆိုပေးပါ။ ပိုစ့်ကို Share ထားဖို့လည်း မမေ့ပါနဲ့နော်။

January လ ၂၀ ရက်နေ့အထိ မန့်ထားသူများထဲမှ အဖြေမှန်သူ တစ်ဦးကို January လ ၂၄ ရက်နေ့မှာ Live လွှင့်ပြီး မဲနှိုက်ရွေးချယ်ပေးသွားမှာပါ။
အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက VeUp ရဲ့ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။

အားလုံးပဲနှစ်သစ်မှာ ကံကောင်းကြပါစေ 🙏

29/12/2020

Covid ကာလကြီးမှာ ဆိုင်‌တွေဖွင့်မရ၊ စီးပွားရေးကျ၊ အရောင်းအဝယ်ပါး တဲ့ပြသာနာများကိုဖြေရှင်းဖို့တွက်နည်းလမ်းကောင်း......

🛍️Online store တွေ Trend ဖြစ်နေတဲ့ခေတ်မှာ လူကြီးမင်းတို့ရဲ့စီးပွားရေးကိုရောင်းအားမြှင့်တင်နိုင်ဖို့ရန် E-commerce website တစ်ခု မရှိမဖြစ်လိုအပ်လာပါပြီ။

E-commerce ဆိုတာဘာလဲ ?

Electronic commerce (သို့) E-commerce ဆိုတာက စီးပွားရေးလုပ်ငန်း နဲ့ လူတစ်ဦးတစ်ယောက်ချင်းစီတွက် အင်တာနက်မှတစ်ဆင့် ပစ္စည်းများကို လျင်မြန်စွာနဲ့ ရောင်းနိုင် ၀ယ်နိုင် ရန်ကူညီပေးတဲ့ platform တစ်ခုဘဲဖြစ်ပါတယ်။

E-commerce website ကို ဘယ်လိုလုပ်ငန်းအမျိုးအစားတွေမှာ မရှိမဖြစ်လိုအပ်လဲ ?

-Product selling လုပ်ငန်းများ

-Service selling လုပ်ငန်းများ

အထူးသဖြင့် နိုင်ငံခြားရှိ ဈေး၀ယ်သူများမှာ facebook မှမဟုတ်ဘဲ website များမှသာ ဈေး၀ယ်ယူကြတာဖြစ်တဲ့အတွက်

-နိုင်ငံခြားသို့ တင်ပို့ရောင်းချရသော လုပ်ငန်းများမှာ E-commerce website မရှိမဖြစ်လိုအပ်ပါတယ်။

မိမိရဲ့ products/services များကို လျင်မြန်စွာ ဖြန့်ဖြူးရောင်းချလိုပြီး မိမိပြိုင်ဘက်များထက် ခြေတစ်လှမ်းသာလိုသော စီးပွားရေးလုပ်ငန်းတိုင်းမှာ E-commerce website မရှိမဖြစ်လိုအပ်ပါတယ် ။

E-commerce website နဲ့ Facebook ဘာကွာလဲ?

နှစ်ခုစလုံး ပစ္စည်းကြေငြာ နိုင်တာချင်းတူပေမဲ့ website မှာတော့ products/services တွေကို အမျိုးအစားအလိုက် တစ်ခုချင်း စာများ၊ပုံများ နဲ့ စနစ်တကျ ဆိုင်တစ်ဆိုင်လို ခင်းကျင်းပြသပေးနိုင်ပြီး ဆိုင်ရှိ stock အရေအတွက် မှအစ အသေးစိတ် ပြသပေးနိုင်ပါတယ်။

Website မှာ facebook လို Admin ၀န်ထမ်းမလိုဘဲ 24/7 ရောင်းချနိုင်လို့ Customer များကလည်း အချိန်မရွေးစိတ်ကြိုက် ဈေး၀ယ်ယူနိုင်ပါတယ်။

ဒါ့အပြင် ငွေပေးချေမှုအတွက် အဆင်ပြေစေရန် Online Payment system ကို ထည့်သွင်းလိုပါက ချိတ်ဆက်နိုင်ပါသေးတယ်။

Website ရှိခြင်းအားဖြင့် လူကြီးမင်းတို့ရဲ brand image ကလည်းပိုမို ကောင်းမွန်လာပြီး business ကလည်းပို၍ တွင်ကျယ်လာမှာ ဖြစ်ပါတယ်။

2020 ခုနှစ်မှာဆိုရင်တော့ E-commerce website များဟာ တစ်ကမ္ဘာလုံးမှာ ခန့်မှန်းခြေအားဖြင့် 12 သန်းမှ 24 သန်းအထိရှိပြီးနေ့စဉ်နှင့်အမျှဖန်တီးမှုများစွာနဲ့ ပိုပို၍တိုးတက်လာကြပါတယ်။ ဒါကြောင့်မို့ E-commerce websiteဟာ Online က‌နေငွေရှာရန်လူကြိုက်များတဲ့ နည်းလမ်းတစ်ခုဖြစ်လာပါတယ်။

25/12/2020

ပျော်ရွှင်စရာ Christmas အချိန်အခါလေးမှာ ပြည်သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ VeUp အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်

20/12/2020

သင့်အရောင်းဆိုင်ကို Online Store ဆိုင်အဖြစ် နှစ်ပတ်အတွင်း ပြောင်းလဲလိုက်ပါ။
ဘာ့ကြောင့် Website ကို လိုအပ်ရပါသလဲ?
- Website သို့ဝင်လိုက်သည်နှင့် ဦးစားပေးပြသလိုသော Product များ၊ Discount နဲ့ Promotion Item များကို အလေးထားပြသနိုင်ခြင်း
- Product များပြသရာတွင် Photo Gallery များ၊ Jewellery ကဲ့သို့ အနုစိတ်ပစ္စည်းများအား Zoom ချဲ့ပြီး အသေးစိတ်ကြည့်ရှုနိုင်သည့် Feature များပါဝင်ခြင်း
- Category အလိုက် သေသပ်လှပစွာပြသထားခြင်း၊ ရှာဖွေလိုသော ပစ္စည်းကို Filter များဖြင့် အလွယ်တကူရှာဖွေနိုင်ခြင်းကြောင့် လူအကူအညီ၊ Bot အကူအညီမလိုပဲ အလွယ်တကူ ဝယ်ယူသွားနိုင်ခြင်း
- Product များရဲ့ Discount စျေးနှုန်းများအား System အသုံးပြုကာ တစ်ကြိမ်တည်းနှင့် အလွယ်တကူ ပြင်ဆင်နိုင်ခြင်း
- ဝယ်သူမှ Product များအား စျေးခြင်းတောင်းထဲသို့ထည့်ကာ ဝယ်ယူနိုင်သည့် Add to card စနစ်၊ ဆက်သွယ်ရမယ့် အချက်အလက်များဖြည့်ကာ Order တင် Check out လုပ်နိုင်သည့်အဆင့်များ အပြည့်အစုံပါဝင်ပြီးဖြစ်သဖြင့် ရောင်းချသူရဲ့အထောက်အကူမလို၊ Bot များမလိုအပ်တော့ပဲ အဆင်သင့် Order လက်ခံနိုင်ခြင်း
- Order များအား Email ဖြင့် အသိပေးနိုင်ခြင်း
- System ထဲတွင် Customer info များ၊ Order info များ အသေးစိတ်ကြည့်ရှုနိုင်ခြင်း
- Check out အဆင့်မှာလည်း ငွေလက်ခံမည့် Bank info, Kpay, Wave pay စတဲ့ အချက်အလက်အပြည့်အစုံကို အသင့်ပြသထားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Visa, Master, MPU, Kpay စသည်တို့ဖြင့် တိုက်ရိုက်လက်ခံလိုပါက Online Payment System များချိတ်ဆက်ရာတွင် အခမဲ့အကြံပေး ဆွေးနွေးပေးခြင်း၊ Website နဲ့ Payment System ကြား Integrate လုပ်ပေးခြင်းများလည်း သက်သာသောနှုန်းထားများဖြင့် ထပ်မံ ဝန်ဆောင်မှုပေးပါသည်။

ယခုလို အချိန်ကာလမှာ ငွေကြေးအကုန်ကျနည်းစေရန် အရစ်ကျ အစီအစဥ်လေးလည်း ရှိပါတယ်။ မိမိကိုယ်ပိုင်နေရာ မိမိကိုယ်ပိုင် အခင်းအကျင်းဖြင့် E-commerce System တစ်ခု နှစ်ပတ်အတွင်းပိုင်ဆိုင်လိုက်ပါ။

ပိုမိုသိရှိလိုပါက Page Messenger သို့မဟုတ် (+95) 099 6686 3223, 09 697 742 479 တို့သို့ အခုပဲ ခေါ်ဆိုမေးမြန်းဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Photos from VeUp's post 14/12/2020

Marketing Analysis နဲ့ Marketing Plan များရေးဆွဲပြီး အများနဲ့မတူတဲ့ Content idea များ၊ ဆွဲဆောင်မှုရှိရှိ ဖန်တီးရေးဆွဲမှုများဖြင့် တစ်နေရာတည်းမှာ ပြီးပြည့်စုံသော Social Media Marketing ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများပေးနေပါပြီ။

လူတိုင်း အင်တာနက်ပေါ်ရောက်လာချိန်တွင် ဖောက်သည် အသစ်တွေကို မိမိရဲ့ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအကြောင်း ပျံ့နှံ့သိရှိလာစေဖို့ဆိုရင် Social Media Marketing ဟာ အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါပဲ။

မိတ်ဆွေတို့ရဲ့ စီးပွားရေးကိုသာ စိတ်ချလက်ချ အာရုံစိုက်ပါ။ Social Media Marketing ပိုင်းအတွက် ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ပညာရှင်များက ဆက်လက် အကောင်အထည်ဖော်ပေးဖို့ တာဝန်ယူပါတယ်။

ယခုဖေါ်ပြထားတဲ့ ရုပ်ပုံတွေကတော့ VeUp မှ Social Media Marketing ဝန်ဆောင်မှုအတွက် ဖန်တီးရေးဆွဲပေးထားတဲ့ Portfolio များထဲမှ အချို့ကို ရွေးချယ်ဖေါ်ပြထားခြင်း ဖြစ်ပါတယ်။

VeUp မှာ သင့်တင့်မျှတတဲ့ စျေးနှုန်းများဖြင့် မိတ်ဆွေတို့ လိုအပ်တဲ့ ဝန်ဆောင်မှုနဲ့ ကိုက်ညီမယ့် Plan and Pricing အမျိုးမျိုးလည်း ရွေးချယ်နိုင်ပါတယ်။

Social Media ခေတ်မှာ တစ်ခြားသူများထက် နောက်ကျကျန်မနေစေဖို့ ကျွန်ုပ်တို့ရဲ့ Page Messenger သို့မဟုတ် Hotline no. (+95) 099 6686 3223 ကိုအခုပဲခေါ်ဆိုလိုက်ပါ။

We Do What We Love ...

09/12/2020

ယနေ့တွင် အမျိုးသားအောင်ပွဲနေ့ နှစ်တစ်ရာပြည့်မြောက်ခဲ့ပါပြီ။
ဂျီစီဘီအေက ကြီးမှူး၍ ဝံသာနုလှုပ်ရှားမှု အနေနှင့် အမျိုးသားနေ့ သတ်မှတ်ရန် စတင် ကြိုးစားခဲ့ရာမှ အမျိုးသားနေ့ ဖြစ်ပေါ်လာခဲ့သည်။
၁၉၂၁-ခုတွင် မန္တလေးမြို့ ၌ ကျင်းပသောနဝမအကြိမ်မြောက် ဂျီစီဘီအေ ကွန်ဖရင့်တွင် အမျိုးသားနေ့ သတ်မှတ်ရေးကို စတင်ဆွေးနွေးခဲ့သည်။
ထို့နောက် ၁၉၂၂ ခုနှစ်၊ ဇွန်လ ၁၇ - ၁၈ တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေ အထူးကွန်ဖရင့်မှ ၁၉၂၀ ပြည့်၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားများ သပိတ်မှောက်ခဲ့သော တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ကြောင်း အတည်ပြု ခဲ့သည်။
ထိုနေ့ကို အုပ်ချုပ်သူ နယ်ချဲ့အင်္ဂလိပ်အစိုးရကို ထိထိရောက်ရောက် တော်လှန်သောနေ့၊ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ကျောင်းသားများ သပိတ်မှောက်သည့်နေ့၊ အမျိုးသား တော်လှန်ရေး စတင်သည့်နေ့တို့ ဖြစ်သောကြောင့် အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း အတည်ပြုပေးခဲ့ကြခြင်း ဖြစ်သည်။ ထိုနေ့သည် အင်္ဂလိပ် နယ်ချဲ့အစိုးရ အပေါ် အောင်ပွဲခံသောနေ့ ဖြစ်၍ အမျိုးသားအောင်ပွဲနေ့ ဟုလည်း ခေါ်ဆိုကြပါသေးသည်။
VeUp အဖွဲ့သားများမှ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အား အထူးပင် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

07/11/2020

Website ပေါ်မှာ မိမိလုပ်ငန်းအကြောင်း၊ ဝန်ဆောင်မှုနဲ့ ရှေ့ဆက် ဖော်ဆောင်မည့် ရည်မှန်းချက်များကို အချိန်နဲ့တစ်ပြေးညီ ရေးသား ဖေါ်ပြနိုင်ပါတယ်..

Website ဆိုတာ လုပ်ငန်းတစ်ခုရဲ့ Profile ပါပဲ

မိမိ လုပ်ငန်း ရဲ့ သတင်းအချက်အလက် အပြည့်အစုံကို မိမိဖောက်သည်များ၊ ပါတနာများအား ထိထိရောက်ရောက် တင်ပြနိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ Website တစ်ခုတည်ဆောက်ပြီး Domain Name လေးတစ်ခု ပို့ပေးလိုက်ခြင်းပါ ..

သင့်တင့်တဲ့စျေးနှုန်း အကောင်းမွန်ဆုံးဝန်ဆောင်မှုများအတွက် Messenger နဲ့ Hotline (+95) 099 6686 3223, 09 697 742 479 တို့သို့ အခုပဲခေါ်ဆိုမေးမြန်းလိုက်ပါ ...

04/11/2020

လူတိုင်း အင်တာနက်ပေါ် ရောက်လာချိန်မှာ မိမိဖောက်သည်များနဲ့ အမြဲမပြတ်ထိတွေ့နေဖို့ လိုအပ်ရုံသာမက ဖောက်သည်အသစ်များကိုလည်း မိမိဝန်ဆောင်မှုများအကြောင်း သိရှိလာစေဖို့ အလွန်အရေးကြီးပါတယ်။
အများနဲ့မတူတဲ့ Content idea များ, ဆွဲဆောင်မှုရှိသော ဖန်တီးရေးဆွဲမှုများဖြင့် မိတ်ဆွေတို့စိတ်တိုင်းကျစေမယ့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများ ပေးလျှက်ရှိပါတယ်။
Facebook Marketing Service အတွက် သင့်တင့်မျှတတဲ့ စျေးနှုန်းများဖြင့် မိတ်ဆွေတို့နှစ်သက်ရာ Packages အမျိုးမျိုးလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
ပြိုင်ဘက်တွေထက် နောက်ကျကျန်မနေစေဖို့ Hotline no. (+95) 09 966 863 223, 09 697 742 479 တို့ကို အခုပဲခေါ်ဆိုပြီး မိမိလုပ်ငန်းအတွက် ခြေလှမ်းသစ်များ စတင်လိုက်ပါ..

01/11/2020

Outbound Marketing ကတော့ Audience ဆီသို့ မိမိဝန်ဆောင်မှုများ ထုတ်ကုန်များအကြောင်းသိရှိလာအောင် လုပ်ဆောင်ခြင်းပါ။ TV ကြော်ငြာများ၊ လက်ကမ်းစာစောင်၊ သတင်းစာများ စတဲ့ Media များမှ ကြော်ငြာခြင်း၊ ဖုန်းခေါ်ဆိုပြီး ကြော်ငြာခြင်းစတဲ့ သမရိုးကျ Marketing နည်းလမ်းဖြစ်ပါတယ်။ Outbound Marketing ကတော့ Customer ကို လိုက်လံရှာဖွေရတဲ့ Marketing ဖြစ်ပါတယ်။

Inbound Marketing ကတော့ Customer များမှ လိုအပ်တဲ့အခါ ရှာဖွေလာစေတဲ့နည်းလမ်းပါ။ Inbound Marketing မှာဆို Paid Search Marketing, Content Marketing, Blog များဖန်တီးခြင်းစတဲ့ Marketing and Advertising နည်းလမ်းများအသုံးပြုကြပါတယ်။

--------

VeUp မှ Content Marketing၊ Social Media Marketing၊ Website and SEO၊ ကြော်ငြာနဲ့ လက်ကမ်းစာစောင်ဒီဇိုင်းများ ဖန်တီးရေးဆွဲပေးပါသည်။
သင့်တင့်တဲ့စျေးနှုန်း ကျွမ်းကျင်တဲ့ဝန်ဆောင်မှုများအတွက် VeUp!

Photos from VeUp's post 31/10/2020

ကျွမ်းကျင်ပညာရှင်များရဲ့ ဆွေးနွေးအကြံပြု လမ်းညွှန်ချက်များ၊ အများနဲ့မတူတဲ့ Content idea များ၊ ဆွဲဆောင်မှုရှိတဲ့ ဖန်တီးရေးဆွဲမှုများဖြင့် တစ်နေရာတည်းမှာ ပြီးပြည့်စုံသော Social Media Marketing ဝန်ဆောင်မှုများကို ရရှိလိုပါသလား။

လူတိုင်း အင်တာနက်ပေါ်ရောက်လာချိန်တွင် ဖောက်သည် အသစ်တွေကို မိမိရဲ့ ကုန်ပစ္စည်းများ၊ဝန်ဆောင်မှုများအကြောင်း ပျံ့နှံ့သိရှိလာစေဖို့ဆိုရင် Social Media Marketing ဟာ အကောင်းဆုံး ရွေးချယ်မှု တစ်ခုပါပဲ။

မိတ်ဆွေတို့ရဲ့ စီးပွားရေးကိုသာ စိတ်ချလက်ချ အာရုံစိုက်ပါ။ Social Media Marketing ပိုင်းအတွက် ကျွန်ုပ်တို့ရဲ့ ကျွမ်းကျင်ပညာရှင်များက ဆက်လက် အကောင်အထည်ဖော်ပေးဖို့ တာဝန်ယူပါတယ်။

Social Media ခေတ်မှာ တစ်ခြားသူများထက် နောက်ကျကျန်မနေစေဖို့ ကျွန်ုပ်တို့ရဲ့ Page Messenger သို့မဟုတ် Hotline no. (+95) 099 6686 3223 ကိုအခုပဲခေါ်ဆိုလိုက်ပါ။

VeUp မှာ သင့်တင့်မျှတတဲ့ စျေးနှုန်းများဖြင့် မိတ်ဆွေတို့ လိုအပ်တဲ့ ဝန်ဆောင်မှုနဲ့ ကိုက်ညီမယ့် Plan and Pricing အမျိုးမျိုးလည်း ရွေးချယ်နိုင်ပါတယ်။

ယခုဖေါ်ပြထားတဲ့ ရုပ်ပုံတွေကတော့ VeUp မှ Social Media Marketing ဝန်ဆောင်မှုအတွက် ဖန်တီးရေးဆွဲပေးထားတဲ့ Portfolio များထဲမှ အချို့ကို ရွေးချယ်ဖေါ်ပြထားခြင်း ဖြစ်ပါတယ်။

ပိုမိုလေ့လာလိုပါက https://mmveup.com/portfolio/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

We Do What We Love ...

30/10/2020

လူတိုင်း အင်တာနက်ပေါ်တတ်လာကြပါပြီ။ မိမိလုပ်ငန်းအတွက် ဖြစ်နိုင်ချေနဲ့ အခွင့်အလမ်းတွေကို လက်လွတ်မခံပါနှင့်! သင့်တင့်တဲ့ဈေးနှုန်း .. ကျွမ်းကျင်တဲ့ ဝန်ဆောင်မှု ..အသေးစား၊ အလတ်စားနဲ့ လုပ်ငန်းကြီးများနဲ့ ကိုက်ညီမယ့် Plans and Pricing အမျိုးမျိုး .. Visit us on : mmveup.com. Ph :(+95) 099 6686 3223, 09 697 742 479

29/10/2020

B2B , B2C and Digital Marketing Strategies လိုရင်းတိုရှင်း

မိမိလုပ်ငန်းနဲ့ကိုက်ညီမယ့် Digital marketing Strategies တွေဘယ်လိုရွေးချယ်မလဲ

B2B ရဲ့ သဘောတရားကတော Business to Business ဖြစ်တာကြောင့် ဒီလိုလုပ်ငန်းတွေအတွက် နှစ်ဦးနှစ်ဖက် ရေရှည်ဆက်ဆံရေးကို ရှေးရှုရမှာဖြစ်ပါတယ်။
ဒီ့အတွက်ကြောင့် Digital Marketing ပိုင်းမှာဆိုရင် B2B လုပ်ငန်းအမျိုးအစားတွေက Trust ရစေရန် သေသပ်ကျနတဲ့ Website ကောင်းတစ်ခု အနည်းဆုံး ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒါ့အပြင် Email Marketing, PPC - Pay Per Click များလည်း အသုံးပြုနိုင်ပါသေးတယ်။

B2C ဖြစ်တဲ့ Business to Customer လုပ်ငန်းအမျိုးအစားတွေအတွက်ကတော့ Customer ရဲ့ emotional ပိုင်းကို အဓိကထား ဆွဲဆောင်ရမှာပဲဖြစ်ပါတယ်။ B2C လုပ်ငန်းတွေကတော့ Social Media Marketing ပိုင်းအသုံးချပြီး ဝယ်သူစိတ်ဝင်စားပြီး သဘောကျလောက်မယ့် Creative Design, High Quality Content အရေးအသားများဖြင့် စိတ်ပါဝင်စားမှုရှိအောင် ဆွဲဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် Influencer marketing strategy လည်းအသုံးချလို့ရပါတယ်။ B2C တွေမှာတော့ မိမိရဲ့ Target Audience ပိုင်းကို သေချာစွာ ရွေးချယ်တတ်ဖို့လည်း လိုအပ်ပါတယ်။

နောက်များမှာလည်း Inbound and Outbound Marketing အကြောင်းဆက်လက်တင်ဆက်သွားမှာဖြစ်လို့ Page ကို Like and See first လုပ်ထားပေးဖို့ တောင်းဆိုပါရစေ။

အောင်မြင်ပျော်ရွှင်သော နေ့ရက်များ ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေ...

27/10/2020

သင့်တင့်တဲ့ဈေးနှုန်း၊ ကျွမ်းကျင်တဲ့ ဝန်ဆောင်မှုများဖြင့် အသေးစား၊ အလတ်စားနဲ့ လုပ်ငန်းကြီးများနဲ့ ကိုက်ညီမယ့် Package အမျိုးမျိုး ရွေးချယ်နိုင်ပါတယ်။
Social Media မှာ သင့်ပြိုင်ဘက်တွေထက် နောက်ကျမကျန်ရအောင် အခုပဲ VeUp ကိုဆက်သွယ်လိုက်ပါ။
Hotline -09 966 86 3223, 09-69 774 2479

18/10/2020

Wireframe တည်ဆောက်ခြင်းရဲ့အရေးပါမှု

Wireframe တည်ဆောက်ခြင်းဟာ အချောသတ် Design မရေးဆွဲခင် မဖြစ်မနေဖြတ်သန်းရမယ့် အဆင့်တစ်ခုဖြစ်ပါတယ် ။ ဝက်ဆိုက် တည်ဆောက်ခြင်းသာမက အဆောက်အဦများဆောက်လုပ်ခြင်း၊ အဝတ်အထည်ချုပ်လုပ်ခြင်းစသည်တို့တွင် တည်ဆောက်တဲ့အဆင့် development step မရောက်ခင် ဒီဇိုင်းရေးဆွဲခြင်းအဆင့်ကို ပုံမှန်အားဖြင့် ဖြတ်သန်းရပါတယ်။ ဒီလိုဒီဇိုင်းရေးဆွဲတဲ့အဆင့်မှာပဲ Wireframe တည်ဆောက်ခြင်းအပိုင်းက ဘာအတွက်ကြောင့် အရေးပါပါသလဲ? ဘာ့ကြောင့် Website များ Application များ အမှန်တကယ် မတည်ဆောက်မှီ Wireframe ရေးဆွဲခြင်းအဆင့်ကို ကျော်ဖြတ်ရပါသလဲ?
ဝက်ဆိုက်တစ်ခု စတင်တည်ဆောက်ပြီဆိုပါက ပထမဦးစွာ Goal ကိုသတ်မှတ်ရပါတယ်။ လည်းကောင်း Goal ကိုရောက်ရှိစေရန် Website ရဲ့အခင်းအကျင်း နေရာအထားအသိုတွေကို သင့်လျှော်မှန်ကန်စွာ နေရာချပေးထားဖို့က အထူးအရေးကြီးပါတယ်။ CTA ( Call to action )တွေကို ဘယ်နေရာမှာထားမယ်၊ဘယ်လို Action နဲ့ user ကိုခေါ်ဆောင်သွားမယ် စတာတွေနဲ့ Scroll မဆွဲခင် ပထမ screen မှာပဲ သင့်ပြသချင်တဲ့ အချက်အလက်တွေပြည့်စုံစွာပါဝင်နေဖို့ကိုလည်း Wireframe အဆင့်မှာတစ်ပါတည်း ထည့်သွင်းစဥ်းစားရပါတယ်။ အခြားသော ဖေါ်ပြချင်တဲ့ အချက်အလက်များကိုလည်း User Flow နဲ့ကိုက်ညီအောင် အဆင့်ဆင့်နေရာချပေးရပါတယ်။ နေရာချခြင်းပြီးဆုံးလျှင် user များအသုံးပြုရလွယ်ကူခြင်းရှိမရှိ A/B Testing များဖြင့် စမ်းသပ်ပြီး အာသားချက် အားနည်းချက်များနှိုင်းယှဥ်ကာ အကောင်းဆုံး Wireframe တစ်ခုကို ဆောက်လုပ်သင့်ပါတယ်။ ဒီအချက်တွေကို ပြည့်စုံစွာ အချောသတ်ပြီးမှသာ ဒီဇိုင်းရေးဆွဲခြင်းကို စတင်သင့်ပါတယ်။
ဒီနေ့မျှဝေပေးလိုက်တဲ့ Wireframe ရေးဆွဲခြင်းရဲ့ အရေးပါပုံကို ဖတ်ရှုပြီး Web Design ပညာရပ်လေ့လာနေသူများ ၊ Website တည်ဆောက်လိုတဲ့ လုပ်ငန်းရှင်များအတွက် တစ်စုံတစ်ရာအထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်ုပ်တို့ရဲ့ VeUp ကတော့ ဝက်ဆိုက် ဒီဇိုင်းဆွဲခြင်း၊ တည်ဆောက်ခြင်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် ဝန်ဆောင်မှုများ ပေးနေတာကြောင့် မိတ်ဆွေတို့မှ လုပ်ငန်းအပ်နှံမည်ဆိုပါက Website တစ်ခုထက်ပိုစေရပါမယ်လို့ အာမခံပါတယ်။

12/10/2020

မိတ်ဆွေတို့ရဲ့ Customer များအပေါ်ထားရှိတဲ့ စိတ်ရင်းစေတနာကို အပြည့်အဝယုံကြည်ပါတယ်။ မိတ်ဆွေတို့ရဲ့ Customer များအပေါ်လေးစားတန်ဖိုးထားမှုနဲ့ အရည်အသွေးပြည့်ဝတဲ့ သင့်လုပ်ငန်းပုံရိပ်ကို Website တည်ဆောက်ခြင်းဖြင့် ထင်ဟပ်ပြသလိုက်ပါ။

ယနေ့တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ Website တစ်ခုရှိခြင်းအားဖြင့် သင့်လုပ်ငန်းကုန်အမှတ်တံဆိပ်ကို လူအများစိတ်ဝင်စားမှု၊ ယုံကြည်မှု ပိုမိုရရှိစေပါတယ်။

တန်ဖိုးရှိလှတဲ့ သင့်ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာဖို့ ဈေးနှုန်းသင့်တော်သလောက် အကျိုးရှိစေမယ့် ကျွန်ုပ်တို့ရဲ့ VeUp IT Solutions & Services နှင့် လက်တွဲလုပ်ကိုင်ရင်း ရင်းနှီးမြှုပ်နှံလိုက်ပါ။ မိတ်ဆွေတို့ရဲ့ လုပ်ငန်းအတွက် လိုအပ်သည့်အရာများကို လွပ်လပ်စွာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက အောက်ပါလင့်တွင် သွားရောက်လေ့လာနိုင်ပါသည်။
https://mmveup.com/web-design-service/

02/09/2020

ဤနေ့သည် မြတ်စွာဘုရားရှင်မှ မေတ္တာသုတ်ဒေသနာတော်ကို ချီးမြှင့်တော်မူခဲ့သောနေ့ဖြစ်သည့် ဝါခေါင်လပြည့်နေ့ (မေတ္တာအခါတော်နေ့) ဖြစ်သောကြောင့်
ဗုဒ္ဓဘာသာဝင်တို့လည်း မေတ္တာဘာဝနာပွားများပြီး ကုသိုလ်ထူးကုသိုလ်မြတ်ကို ရရှိနိုင်ကြပါစေလို့ VeUp မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

31/08/2020

Aung Villa အတွက် E-commerce Website ကို VeUp မှ ဂုဏ်ယူစွာဖြင့် တည်ဆောက်ထားပါတယ်။
ဝယ်သူများ အဆင်ပြေလွယ်ကူစွာ Account ဖွင့်ပြီး ဝယ်ယူနိုင်ရန် Member Register,login system နဲ့ Guest Checkout system များ၊ Add to cart နဲ့ Order feature များပါဝင်ပါတယ်။
Product, Order နဲ့ Customer report များလည်း အပြည့်အစုံ ပါဝင်ပြီး ecommerce system တစ်ခုမှာ ပါဝင်ရမယ့် feature အစုံအလင် ထည့်သွင်း တည်ဆောက်ထားပါတယ်။
Aung Villa E-commerce Website ကို https://aungvilla.com/ မှာ ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။

30/08/2020

Fuji Fashion မှ Messenger Chatbot and Auto Reply ဝန်ဆောင်မှုအား VeUp တွင် ယုံကြည်စွာအပ်နှံသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Chatbot အသုံးပြုထားခြင်းကြောင့် သိလိုသည်များမေးမြန်းတဲ့အခါ လူကိုယ်တိုင် reply ပြန်တဲ့အချိန်ကို စောင့်ဆိုင်းနေစရာမလိုပဲ Messenger Chat bot ကနေအလိုအလျှောက် ဖြေကြားပေးမှာဖြစ်ပါတယ်။
https://www.facebook.com/FujiFashionMyanmar

Photos from VeUp's post 27/08/2020

Augmented Reality နည်းပညာအသုံးပြုထားတဲ့ Zann Sunflower Seeds ရဲ့ Application ကို VeUp အဖွဲ့သားများမှ ဂုဏ်ယူစွာဖြင့် တည်ဆောက်ထားပါတယ်။
ဒီ AR App မှာဆိုရင် နေတိုးပုံလေးပေါ် ကင်မရာချိန်ထားတဲ့အခါတိုင်း Zann လှော်နေကြာကြော်ငြာ Video လေးကို ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်။
ဒီ app လေးကို အသုံးပြုချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ Download ချပြီးအသုံးပြုနိုင်ပါတယ်။
App Download link - https://play.google.com/store/apps/details?id=com.itman.sunflower

26/08/2020

Royal Snack Myanmar အတွက် Website ကို လှပသေသပ်သော ဒီဇိုင်းဖန်တီးရေးဆွဲကာ ဂုဏ်ယူစွာဖြင့် တည်ဆောက်ထားပါတယ်။

Web page များကို မိမိကိုယ်တိုင် ရေးသားပြင်ဆင်နိုင်ရန် CMS (Content Management system) ထည့်သွင်းပေးထားပြီး Device အရွယ်အစား အမျိုးမျိုးနဲ့ အဆင်ပြေစွာ ကြည့်ရှုနို်င်စေရန် Responsive Feature လည်းထည့်သွင်း ရေးသားထားပါတယ်။

royalsnackmyanmar.com တွင် Royal Snack Website ကို မြန်မာ English နှစ်ဘာသာဖြင့်ဖတ်ရှုနိုင်ပါတယ်။

26/08/2020

MM Lakkar Application အတွက် Website Design ကို Creative Decoration များဖြင့် အားဖြည့်ဖန်တီးရေးဆွဲပေးထားပြီး Responsive နည်းပညာပါဝင်သောကြောင့် Device တိုင်းနဲ့လည်း အဆင်ပြေပြေကြည့်ရှုနိုင်ပါတယ်။

MM Lakkar ရဲ့ သတင်းအချက်အလက်များကိုလည်း တစ်နေရာတည်းမှာပြည့်စုံစွာ လေ့လာဖတ်ရှုနိုင်ပြီး MM Lakkar App အကြောင်း၊ အထူး Product များ၊ ဝန်ဆောင်မှုများနဲ့ အမေးများသော မေးခွန်းများစသည်တို့အား လေ့လာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် MM Lakkar ရဲ့ Partner နဲ့ Customer များမှ အဆင်ပြေလွယ်ကူစွာ ဆက်သွယ်နိုင်ရန် Customized Forms များထည့်သွင်း တည်ဆောက်ထားပါတယ်။

Website - mmlakkar.com

25/08/2020

Website တစ်ခုထားရှိခြင်းဖြင့် မိမိလုပ်ငန်းရဲ့ ဂုဏ်ကျက်သရေကို ပိုမိုတိုးမြှင့်လိုက်ပါ။

Website တစ်ခုမှာ မိမိလုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေအကြောင်း၊ ကုန်ပစ္စည်းတွေအကြောင်းနဲ့၊ ဆက်သွယ်ရန်လိပ်စာ အစရှိသဖြင့် သတင်းအချက်အလက် အပြည့်အစုံကို တင့်တင့်တယ်တယ် ဖေါ်ပြထားနိုင်ပါတယ်။

ဒါ့အပြင် E-commerce system ပါ ထည့်သွင်းထားပါက
- ကုန်ပစ္စည်းများကို အလွယ်တကူရွေးချယ်ဝယ်ယူနိုင်မယ်
- Customer စာရင်း၊ Order စာရင်းတွေလည်း နေ့အလိုက်၊ လအလိုက်အလိုက် စစ်ဆေးကြည့်ရှုနိုင်မယ်
- Low stock item တွေလည်း အလိုအလျှောက် အသိပေးနိုင်ပါမယ်။

ဒါ့အပြင် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုလည်းရှိပါတယ် ။ Your Satisfaction is our Goal ဆိုတဲ့အတိုင်း VeUp ရဲ့အထူးစီစဥ်ဖြစ်တဲ့ လစဥ်အရစ်ကျစနစ်ပါပဲ။ ငွေအလုံးအရင်း ပေးစရာမလိုအပ်သလို မိမိလုပ်ငန်းအတွက်လည်း ငွေချန်နိုင်တာကြောင့် လက်ရှိ VeUp ရဲ့ Customer တွေ အထူးကြိုက်နှစ်သက်တဲ့ အစီအစဥ်တစ်ခုလည်း ဖြစ်ပါတယ်။

12/08/2020

Website တစ်ခုမှာ အသုံးပြုထားတဲ့ font အမျိုးအစားဟာ Web ဒီဇိုင်းအတွက် အရေးပါတဲ့အချက်တစ်ခုဖြစ်ပါတယ်။

အရင်ဆုံး sarif အကြောင်းရှင်းပြပေးချင်ပါတယ်။ sarif ဆိုတာ အတွန့် အခတ်ပုံစံ font အမျိုးအစားဖြစ်ပါတယ်။ san ကတော့ ဆန့်ကျင်ဘက်သဘောဆောင်ပြီး san-sarif ဆိုတာကတော့ အတွန့်အခတ် မပါတဲ့ ရိုးရှင်းတဲ့ font ပုံစံကိုဆိုလိုပါတယ်။

လုပ်ငန်းပေါ်မူတည်ပြီး လည်းကောင်း font အမျိုးအစားများကိုလည်း စနစ်တကျသုံးပေးသင့်ပါတယ်။

sarif font တွေကတော့ ခမ်းနားခြင်း၊ ယုံကြည်စိတ်ချရခြင်း စတဲ့ သဘောကိုဆောင်ပါတယ်။

san-sarif တွေကတော့ ခေတ်မှီခြင်း၊တတ်ကြွခြင်း၊အသုံးပြုရလွယ်ကူခြင်း သဘောကိုဆောင်ပါတယ်။

ဒါ့ကြောင့် software, application စတဲ့ နည်းပညာပိုင်းဆိုင်ရာ Website အမျိုးအစားတွေမှာ san-sarif ကိုအသုံးပြုကြပြီး ရှေးဆန်ခြင်း၊ ခိုင်မာခြင်းကိုဆောင်တဲ့ လုပ်ငန်းအမျိုးအစားတွေမှာ sarif အမျိုးအစားကို သုံးပေးလျှင်ပိုသင့်တော်ပါတယ်။

26/07/2020

Domain Name များအကြောင်း

Domain ဆိုတာကတော့ မိမိ Website ရဲ့လိပ်စာပါပဲ။

မိမိ Website ကို ကြည့်ရှုသူတွေ ဝယ်ယူသူတွေ လာရောက်နိုင်ဖို့ မိမိကိုယ်ပိုင် Domain Name လေးပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။

ဥပမာ - www.mywebsite. com
com ဆိုတာကတော့ commercial ရဲ့အတိုကောက်ပါ။
ထို့အတူပဲ Network ကိုကိုယ်စားပြုတဲ့ .net, government ကိုကိုယ်စားပြုတဲ့ .gov, organization များကို ကိုယ်စားပြုတဲ့ .org စသဖြင့်အသီးသီးရှိကြပါတယ်။

Country code top-level domains အမျိုးအစားကတော့ .mm ဆိုရင် မြန်မာ၊ .fr ဆိုရင် France စသဖြင့် နိုင်ငံအသီးသီးကို ကိုယ်စားပြုပါတယ်။

ဥပမာ - www.mywebsite. com.mm

Country code ပါတဲ့ Domain တွေရဲ့အားသက်ချက်တွေကတော့ Target area ပါလို့ သက်ဆိုင်ရာ area အလိုက် SEO ကောင်းခြင်း၊ user တွေအနေနဲ့လည်း ပြောဆိုဆက်သွယ်မှုအပိုင်း၊ Currency နဲ့ ဝန်ဆောင်မှုအပိုင်းတွေနဲ့ပတ်သတ်လို့ ပြည်ပထက် ပိုမိုအဆင်ပြေတဲ့ ပြည်တွင်းလုပ်ငန်းများကိုသာ ဝယ်လိုအား ပိုမိုများပြားနိုင်ခြင်းတို့ ပါဝင်ပါတယ်။

Videos (show all)

SMS Marketing အဖြေမှန်သူများထဲမှ တစ်ဦးကိုရွေးချယ်ခြင်း

Website