မြို့တော် Liquor Store

မြို့တော် Liquor Store

Liquids

11/01/2024
11/11/2023
28/10/2023

“ ဝါလကင်းလွတ် သီတင်းကျွတ် “

ချစ်ခင်လေးစားရပါသော လူကြီးမင်းများအားလုံး
ပျော်စရာသီတင်းကျွတ် အခါသမယလေးဖြစ်ပါစေကြောင်း မြို့တော် Liquor Store မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။

12/10/2023

💡💡💡💡💡💡

08/09/2023

အရက်သောက်ရင် ပက်ချိန်နဲ့ ချိန်သောက်ကြတယ်။
'ပက်' ဆိုတာ ပမာဏ ဘယ်လောက်ရှိလဲ?
မြန်မာပြည်မှာ အရက်ချိန်တွယ်တဲ့ 'ပက်'(Peg) ဟာ
အိန္ဒိယတွေ သုံးခဲ့တာ လို့ဆိုပါတယ်။
'ပက်' ဆိုတဲ့အသုံးအနှုံးပေါ်လာတဲ့ရာဇဝင်လည်း ရှိတယ်။
အင်္ဂလိပ်လက်ထက်က
အိန္ဒိယမှာ မိုင်းအလုပ်သမားတွေ
တနေကုန်ပင်ပင်ပမ်းပမ်းအလုပ်လုပ်ကြရပြီး
ညနေစောင်း အလုပ်သိမ်းချိန်မှာ
တခွက်တဖလား အမောပြေ အရက်သောက်ကြတယ်။
အားလုံး ညီတူမျှတူဖြစ်အောင်
ဖန်ခွက်လေးတခုနဲ့ ချိန်သောက်ကြပြီး
အဲဒီဖန်ခွက်‌ကို ‘Precious Evening Glass’
လို့တင်စားခေါ်ကြရင်း Peg ဆိုတာဖြစ်လာတာပါ။
မူလက 'ပက်' မှာ ၂ မျိုးရှိတယ်။
Small Peg(chota) မှာ 30ml ရှိပြီး
Large Peg(badda) မှာ 60ml ပါ။
(ကုလားလို chota ဆိုတာ အသေး၊ badda ဆိုတာ အကြီး)
နောက်ပိုင်းမှာတော့
လူတွေရဲ့ အယ်လ်ကိုဟော ခံနိုင်ရည်မြင့်လာလို့
Small Peg မရှိတော့ပဲ 60ml Large Peg သာ
ရှိတော့တယ်။
တကမ္ဘာလုံးအတိုင်းအတာမှာ
အရက်အချိန်အတွယ်ကို Peg မသုံးကြပါဘူး။
Shot သာ သုံးကြပါတယ်။
How will my health be affected
if I drink 1 shot a day? လို့ပြောကြတယ်။
နိုင်ငံနဲ့လိုက်ပြီး shot glass အရွယ်အစား ကွာပါတယ်။
အမေရိကန်မှာ 1 Shot ဟာ 44ml(၁.၅ အောင်စ) ဖြစ်ပေမဲ့
ကနေဒါမှာ 1 Shot ဟာ 42.6ml ပါ။
ထို့အတူ ဗြိတျိ နဲ့ ဩစတြေးလျမှာ
1 Shot ဟာ 25ml ပဲရှိတယ်။
Single shot, Double shot စသဖြင့် သုံးနှုံးတယ်။
စံဖြစ်တဲ့ 44ml Shot ကို
ချိန်ခွက်မရှိရင် ဘယ်လိုတိုင်းမလဲ?
44ml Shot ဟာ ထမင်းစားဇွန်း ၃ ဇွန်း သို့မဟုတ်
လ္ဘက်ရည်ဇွန်း ၉ ဇွန်းနဲ့ညီမျှပါတယ်။
အသောက်များတဲ့ Shot တွေနဲ့ served လုပ်ပုံက -
Tequila shot - ဆား၊ သံပုရာခြမ်းနဲ့ ပေးတယ်။
Whiskey shot - neat (သို့) on the rocks
ဆိုပြီး ရေခဲတုံးနဲ့လာတယ်။
Vodka shot - neat (သို့) with a mixer
ဆိုပြီး Tonic Water, Soda Water,
Ginger Beer, Orange Juice,
Grapefruit Juice, Lime Juice တို့နဲ့
ရောစပ်သောက်ကြတယ်။

07/09/2023

ဒီလို့ အလှူလေးလုပ်ရင်ကောင်းမယ်

06/09/2023

ဒီနှစ်ရဲ့ အသုံးရဆုံးပစ္စည်းလေး

19/08/2023

နာမည်ကျော် တင်းနစ်သမား
အာသာအက်ရှ်ဟာ နှလုံးခွဲစိတ်ဖို့ သွေးသွင်းရာကနေ HIV ကူးစက်ပြီး AIDS ရောဂါ ဖြစ်ခဲ့တယ်။

သူသေရတော့မယ့်အချိန်မှာ ပရိတ်သတ်တွေက စာတွေပို့ပြီး အားပေးစကားပြောကြတယ်။

အဲဒီထဲက တစ်ယောက်သောပရိတ်သတ်က
အာသာအက်ရ်ှကို မေးခွန်းထုတ်တယ်။

ဘုရားသခင်က ဘာလို့များ ခင်ဗျားကိုမှ
ဒီရောဂါ ဆိုးကြီး ဖြစ်စေရတာလဲဗျာတဲ့။

ဒီတော့ အာသာအက်ရ်ှက စာပြန်တယ်။

ကမ္ဘာပေါ်မှာ ကလေးသန်း ၅၀ လောက်
တင်းနစ် ကစားကြတယ်။

၅ သန်းလောက်က သေချာ သင်ယူကြတယ်။

၅ သိန်းလောက်က
ပရော်ဖက်ရှင်နယ် ဖြစ်လာဖို့ ကြိုးစားကြတယ်။

ဒါပေမယ့် ၅ သောင်းလောက်ပဲ ပြိုင်ပွဲဝင်ပြိုင်နိုင် ကြတယ်။

အဲဒီထဲမှာ ၅ ထောင်လောက်က
ဂရင်းဆလန်းကို ရောက်တယ် ။

ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်နိုင်တဲ့သူကတော့
အယောက် ၅၀ ပဲရှိတယ်။

ဆီမီးဖိုင်နယ်ကို ၄ ယောက်တက်ပြီး
ဖိုင်နယ်ကို ၂ ယောက်ရောက်တယ်။

ချန်ပီယံဆုဖလားကို ငါကိုင်မြောက်နိုင်တဲ့
အချိန်တွေတုန်းက ဘာကြောင့် ငါ့ကိုမှရွေးပြီး
ဗိုလ်စွဲရတာလဲလို့ ဘုရားကို
တစ်ခါမှ မမေးခဲ့ဖူး ပါဘူးတဲ့။

ဒါကြောင့် အခု ဒီလိုရောဂါဖြစ်တော့မှ
ငါ့ကိုမှ ဖြစ်ရတယ်လို့ ဘုရားကို သွားမေးရင်
ဘယ်တရား ပါ့မလဲလို့ ပြန်ဖြေသွားခဲ့တယ်။

စိတ်ချမ်းသာတယ်ဆိုတာ အလိုလိုက်
အကြိုက်တွေ့ စရာ ဖြစ်တယ်။

စမ်းသပ်တယ်ဆိုတာ ခံနိုင်ရည်ရှိအောင် ဖြစ်တယ်။

လူတိုင်းမှာ သောက ရှိပေမယ့်
အောင်မြင်ရင် ထောင်လွှားပြီး
ဆုံးရှုံးမှုတွေများလာတော့မှ
မာန်စွယ်ကျိုး လာတယ်။

ဒါပေမယ့် ယုံကြည်မှု သဒ္ဓါတရားရှိရင်
ဘာမဆို ဖြစ်နိုင်တယ်။

စိတ်ချမ်းသာစရာတွေနဲ့ အောင်မြင်နေတုန်းက
ဘုရားကိုမေ့နေပြီး ဒုက္ခရောက်တော့မှ ဘုရားတ
လို့ရော ဘာထူးမှာလဲ။

ကိုယ့်ကိုကိုယ် မကျေမနပ် ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ဘဝကို အားကျနေတဲ့လူတွေ ဒီကမ္ဘာမှာ အများကြီးရှိတယ်။

လယ်ကွင်းထဲက ကလေးက
လေယာဉ်ပျံသွားတာကို မော့ကြည့်ပြီး
လေယာဉ်စီးဖို့ စိတ်ကူးယဉ်နေ
ပေမယ့် လေယာဉ်မောင်းတဲ့
ပိုင်းလော့ကတော့ လယ်ကွင်းထဲက ကလေးကို ငုံ့ကြည့်ပြီး
အိမ်ပြန်ချင်စိတ် ဖြစ်ရင်ဖြစ်နေမယ်။

ဘဝဆိုတာ ဒါပဲလေ.....

ကိုယ့်ဘဝကိုယ် ပျော်ဖို့လိုတယ်။

ချမ်းသာမှ ပျော်ရမယ်ဆိုရင်
သူဋ္ဌေးတွေလမ်းပေါ် ထွက်ကနေတော့မှာပေါ့။

ဒါပေမယ့် လမ်းပေါ်မှာ ပျော်နေကြတာ
ဆင်းရဲတဲ့ ကလေးတွေပဲ ဖြစ်တယ်။

အာဏာ ရှိမှ လုံခြုံတယ် ဆိုပေမယ့်
ညကိုကောင်းကောင်း အိပ်မပျော်နိုင်တဲ့ သူတွေလဲရှိတယ်။

ရုပ်ချောပြီး အောင်မြင်တဲ့သူတွေသာ
အတွဲညီကျကြေး ဆိုရင် ဆယ်လီတွေ
အိမ်ထောင်ရေး ဘာကြောင့် မမြဲသလဲ ?

ရိုးရိုး ရှင်းရှင်းနဲ့ ကျိုးကျိုးနွံ နွံ နေထိုင်ပြီး
ဘဝကို ပျော်ပျော် ဖြတ်သန်းမယ်ဆိုရင်
နေတတ်လို့ကတော့"ဘဝဟာ
ကျေနပ်စရာကြီးဖြစ်တယ်လို့ပြောပါရစေ။

သို့ကြောင့်
အခုဒီစာကိုဖတ်နေတဲ့မိတ်ဆွေများလည်း
ဘဝကိုဘယ်တော့မှအရုံးမပေးပါနဲ့။

တနေ့ကိုယ့်ကိုကိုယုံကြည်မှု့ကိုအပြည့်ထားပါ။

ငါဖြစ်ကိုဖြစ်ရမယ်။

ငါဘယ်တော့မှအရုံးမပေးဘူးလို့
အမြဲတမ်းကိုယ့်ရဲ့စိတ်အမြဲတမ်းမွေးထားပါ။

Credit to original writer.

22/07/2023

လမ်းခွဲသွားတာမဟုတ်ဘူး လမ်းလွဲသွားတာ

12/07/2023

* လမ်းလျှောက်ပြေးစက် တီထွင်တဲ့သူက အသက် ၅၄နှစ်မှာ သေတယ်၊

* ဂျွမ်းဘား အားကစား တီထွင်တဲ့သူက ၅၇ နှစ်မှာ သေတယ်၊

*မောင် ကမ္ဘာ တယောက်က ၄၁နှစ်မှာ သေတယ်၊

*ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မာရာဒိုနာ အသက် ၆၀မှာ သေတယ်၊

ပြီးတော့-

*KFC ကြက်ကြော် တည်ထောင်သူကျတော့ ၉၄နှစ်မှ သေတယ်၊

*သကြားတွေ ကယ်လိုရီတွေ အဆီတွေအများကြီးပါတဲ့ Nutella တီထွင်သူကတော့ ၈၈နှစ်မှ သေတယ်၊

*ကမ္ဘာကျော် ဟင်နက်ဆီ ကော့ညက်ဘရန်ဒီ တီထွင်သူက ကျ အသက်၉၈နှစ်မှ သေတယ်။

တသက်လုံး ခုန်နေတဲ့ ယုန်တွေဟာ ပျမ်းမျှအသက် ၂နှစ်လောက်ပဲရှည်ပြီးတော့ ဘာလေ့ကျင့်ခန်းမှ မလုပ်တဲ့ လိပ်တွေကျတော့ အသက် ရာကျော် နေရတာ ဆရာဝန်တွေ ဘယ်လိုကောက်ချက်ချမလဲ မဆိုနိုင်ဘူး။

ဒါ့ကြောင့်-

အနားယူ၊
နှပ် နေ၊
စားချင်တာ စား၊
သောက်ချင်ရာ သောက်၊

ဘဝကို ပျော်အောင် နေ😁😁

Photos from မြို့တော် Liquor Store's post 16/05/2023

Jagermeister

A deer seems to have come out.

16/05/2023

ငယ်ငယ်တုန်းကတော့ ပိုက်ဆံရှိလာရင်

ပုဇွန်ခြောက်တွေ စိတ်ကြိုက်ဝယ်စားမယ်လို့ တွေးခဲ့ဖူးတယ်။
အမေ ပုဇွန်ခြောက်ဗူး ဖွက်ထားတုန်းက ကြိမ်းဝါးခဲ့တာ။

နည်းနည်း အသက်ကြီးလာတတော့ယိုးဒယားအကင်းချောင်း တွေ
မရေတွက်ပဲနဲ့ စားနိုင်အောင် ပိုက်ဆံရှာရမယ်လို့ ထပ်တွေးပြန်တယ်။

ယိုးဒယားအကင်းတစ်ချောင်း ၁၀၀တန်ဆိုင် ရှာရတာ သိပ်ခက်သလို
အိပ်ကပ်ထဲ ငွေတစ်ထောင်နဲ့ အကင်းကို ချိန်ဆစားရတာလည်း သိပ် ပင်ပန်းခဲ့တယ်။

ဒီအချိန်မှာတော့ ပုဇွန်ခြောက်လည်း အဝစားနိုင်သလို ယိုးဒယားအကင်းလည်း
ရေတွက်မရ မစားရလောက်တော့ပါဘူး။

ဒါပေမဲ့ ပုဇွန်ခြောက်က ငယ်ငယ်တုန်းကလောက် မချိုတော့သလို
ယိုးဒယားအကင်းလည်း အရင်ကလောက် အရသာမရှိတော့ပါဘူး။

ဘာမှမဟုတ်ဘူးလို့ထင်တဲ့ ဆန္ဒသေးသေးလေးတွေဟာ
အဲဒီအချိန်ကျတုန်းကတော့ ဘဝကြီးဖြစ်နေတတ်တာကို ပြောချင်တာပါ။

တချို့ဆန္ဒတွေက လိုချင်တုန်း လိုအပ်တုန်းသာ အဓိပ္ပါယ်ရှိတာ။
အချိန်တခုကျော်လွန်တဲ့အခါ ဒါတွေဟာ အရင်လို မချိုမြိန်တော့ပါဘူး။

Crd.

14/05/2023

စီးပွါးရေးသမားနဲ့ အင်ဂျင်နီယာတို့
ဂေါက်ကွင်းမှာဂေါက်ရိုက်ကြတယ်။
စီးပွါးရေး သမား ဖြစ်သူက ၃ ၊ ၄ ချက်ရိုက်ပြီးတော့
တစ်ချက်မှမဝင်လို့ ဆဲဆိုထူပူနေပါရော။

အဲ့နောက် အင်ဂျင်နီယာ ရိုက်ရမယ့်အလှည့် ရောက်လာတယ်။
သူ့အလှည့်ရောက်ရောက်ချင်း သူမရိုက်ဘူး။ Golf Buggy ကားပေါ်မှာပါလာတဲ့ ရေပြင်ညီတိုင်းကိရိယာနဲ့
သူ စရိုက်ရမယ့် နေရာကနေ အပေါက်ရှိတဲ့နေရာအထိ လိုက်တိုင်းတယ်။

တိုင်းပြီးသွားတော့ ကားပေါ်က ပေကြိုးထုတ်လာပြီး ထပ်တိုင်းပါလေရော။
စီးပွားရေးသမားဖြစ်သူကတော့ ဘာကိုတိုင်းနေမှန်းမသိလို့ ဒီတိုင်း ကြည့်နေတယ်။

ဒီလိုနဲ့ ထပ်တိုင်းပြီးသွားတော့ စာအုပ်တစ်အုပ်ထုတ်လာပြီးတြိဂံတွေ စတုဂံတွေ စက်ဝိုင်းတွေ မျဉ်းတွေ ဆွဲတယ်။

နာရီဝက်လောက်ကြာလာတဲ့အခါမှာတော့
စီးပွားရေးသမားဖြစ်သူက အင်ဂျင်နီယာကို ပြောတယ်။

" မင်းရဲ့ ဂေါက်သီးကို မင်းရိုက်မလား ငါရိုက်ရမလား " တဲ့။

အင်ဂျင်နီယာလည်း အကုန်တိုင်းတာလို့ ပြီးသွားဟန်နဲ့
ဂေါက်ရိုက်တံကိုကိုင်ပြီး မြက်ခင်းစိမ်းပေါ်က ဂေါက်သီးကို
ယုံကြည်မှုအပြည့်နဲ့ ကျင်းရှိရာကိုရိုက်ချလိုက်တယ်။
"မဝင်ပါဘူး ...."

"ဒါကြောင့် ဘဝမှာ မလိုအပ်ပဲ
သောက်ကြီးသောက်ကျယ်တွေ
သောက်ပို​တွေသိပ်မလုပ်ပါနဲ့"

13/05/2023

ချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူ ဆိုပြီး ကွဲပြားသွားရတဲ့ အဓိက အကြောင်းအရင်း
🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑🤑

ဥပမာ ထားပါတော့ ကျွန်တော့်မှာ ကြက်သုံးကောင် ရှိတယ် ဆိုကြပါစို့။

တစ်ကောင်ကို အရက်သမားလက်ထဲ ပေးလိုက်မယ်။ ဒါဆို ဘာဖြစ်သွားမယ်ထင်သလဲ..? သေချာပါတယ်၊ အမြည်းဖြစ်သွားမှာပေါ့။

နောက်တစ်ကောင်ကို ကြက်တိုက်သမား လက်ထဲ ပေးလိုက်မယ်။ သေချာတယ်၊ အဲ့ဒီကြက်က တိုက်ကြက်ဖြစ်သွားလိမ့်မယ်။

နောက်ဆုံးတစ်ကောင်ကို မွေးမြူရေးသမား လက်ထဲ ထည့်ပေးလိုက်မယ်ဆိုရင် သူဟာ အဲ့ဒီကြက်ကိုမွေးပြီး နောက်ထပ် ကြက်တွေအများကြီးပေါက်လာအောင် လုပ်လိမ့်မယ်။

ရလာတဲ့ကြက်အပေါ် သူတို့တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းမှာ ရှိတဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ် မူတည်ပြီး အမြည်း၊ တိုက်ကြက်၊ မွေးမြူရေးကြက်ဆိုပြီး ပြောင်းလဲသွားတယ်။

ဒီသဘောပဲ။ လူတွေမှာလည်း ကြွယ်ဝချမ်းသာတဲ့လူနဲ့ မချမ်းသာတဲ့လူဆိုပြီး ကွဲပြားသွားစေတာဟာလည်း ပိုက်ဆံအပေါ်မှာထားတဲ့ ကျွန်တော်တို့ရဲ့ အမြင်တွေ၊ စိတ်နေသဘောထားတွေပေါ်မှာ မူတည်ပြီး ကွဲပြားသွားစေတာ ဖြစ်တယ်။

တချို့က ရှိတယ်။ ထီပေါက်ရင် ချမ်းသာမယ်၊ မိဘဆီက အမွေတွေရရင် ချမ်းသာမယ်၊ လစာကောင်းတဲ့ အလုပ်ရှိရင် ချမ်းသာမယ် ဒီလိုထင်ကြတယ်။ တကယ်က မဟုတ်ဘူး။ ဘယ်လောက်ပဲ လစာကောင်းကောင်း၊ ဘယ်လောက်ကြီးတဲ့ ထီဆုကြီးပဲ ပေါက်ပေါက် ပိုက်ဆံအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့ စိတ်နေသဘောထားက လွဲနေရင် အဲ့ဒီလွဲတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်သွားလိမ့်မယ်။

ခုနကလိုပေါ့ အရက်သမားကို ကြက်တွေအများကြီးသွားပေးလည်း သူနေ့တိုင်း အရက်နဲ့ မြည်းလို့ရပြီဆိုတဲ့ အမြင်ပဲ ရှိတာကြောင့် အမြည်းဖြစ်ရုံသာရှိမယ်။ ကြက်သမားလည်း ဒီတိုင်းပဲ။ မွေးမြူရေးသမားထက်ထဲရောက်မှသာ ရလာတဲ့ကြက်တွေကို မွေးရင်း မွေးရင်းနဲ့ ကြက်တွေများသထက်များလာပြီး ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။

အလားတူပဲ တစ်လကို သိန်း ၂၀ ရှာနိုင်ရှာနိုင် ၃၀ ရှာနိုင်ရှာနိုင်၊ ရှာနိုင်တဲ့ ပိုက်ဆံကို သုံးစရာအဖြစ်ပဲ မြင်နေရင် သုံးစရာအဖြစ်ပဲ ရောက်သွားလိမ့်မယ်။ စုဆောင်းစရာ၊ ကိုယ့်ကို ငွေပြန်ရှာပေးနိုင်တဲ့အရာလို့ မြင်မှ ကြွယ်ဝချမ်းသာလာမှာ ဖြစ်တယ်။

ဒါကြောင့် ချမ်းသာကြွယ်ဝဖို့အတွက်ဆိုရင် ဝင်ငွေကောင်းဖို့က အရေးကြီးတယ်ဆိုတာ မှန်ပေမယ့် ဝင်ငွေအပေါ်မှာ သဘောထားတဲ့ ကျွန်တော်တို့ရဲ့ စိတ်နေသဘောထားတွေက ပိုပြီး အရေးကြီးတယ်။

အဲ့ဒီစိတ်နေသဘောထားကပဲ လူချမ်းသာ၊ လူဆင်းရဲ ဆိုပြီး ကွဲပြားသွားအောင် အဓိက ဆုံးဖြတ်ပေးနေတာ ဖြစ်တယ်။

08/05/2023

🤔🤔🤔🤔

04/05/2023

"တရက်မှာဗျ၊ ကျနော့်အဖေက ကျနော့်ကို မီတာဆောင်ဖို့ဆိုပြီး ပိုက်ဆံပေးလွှတ်လိုက်တာ၊ လမ်းမှာ ထီပေါက်ရင် ကားသစ်ကြီးရမယ်ဆိုလို့ ကျနော်လည်း မီတာမဆောင်ဘဲ ထီထိုးခဲ့လိုက်တယ်၊ အိမ်ရောက်တော့ အဖေ့ကို ထီလက်မှတ်ပြတော့ ကျနော့်ကို ဆော်ပါလေရော၊ နောက်တနေ့မနက်ကျအိပ်ယာကနိုးလို့ တံခါးဖွင့်တော့ ကျနော်တို့ အိမ်ရှေ့ကို ဘရန်းနယူးကားသစ်ကြီးတစီးရောက်နေတယ်၊ ကျနော်လည်း အားရဝမ်းသာနဲ့ အကုန်လုံးပတ်နှီုးပြီးပြောတာ တအိမ်လုံးပျော်နေတာဗျာ၊ ဒါပေမယ့် အဲဒီကားက မီတာမဆောင်လို့ ကျနော်တို့ကို မီးလာဖြတ်တဲ့ လျှပ်စစ်ဌာနက ဖြစ်နေတယ်ဗျာ၊ အဖေက ကျနော့်ကို ထပ်ဆော်တော့တာပဲ"

- နေမာ

03/05/2023

🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့်ကဆုန်ညောင်ရေသွန်းပွဲတော်အကြောင်း🙏..........................................................................................................

ဗျာဒိတ်, ဖွားမြင်,
ဗောဓိပင်, စံဝင်နိဗ္ဗာန်နန်း ။

တစ်နည်းအားဖြင့်

ဆု၊ဖွား၊ပွင့်၊စံ ဤလေးတန် မှတ်ရန် ကဆုန်လ။

နောက်တစ်နည်းအားဖြင့်...

ဖွား၊ပွင့်၊ဟော၊စံ ဗျာဒိတ် ခံ
မှတ်ရန် ကဆုန်လပြည့်နေ့။

ဟူ၍ အသီးသီးမှတ်သား‌ ကြပါသည်။

#ဗျာ =ဗျာဒိတ်ခံယူတော်မူသည့်နေ့

#ဖွား= ဖွားမြင်တော်မူသည့်နေ့

#ပွင့်=ပွင့်တော်မူသည့်နေ့

#ဟော= ဗုဒ္ဓ၀င်အကျဉ်းဟောတော်မူ သည့်နေ့

#စံ=ပရိနိဗ္ဗာန်စံဝင်တော် မူသည့်နေ့

ဟူသော သုံးလောကထွတ်ထား သဗ္ဗညုတ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ အကြောင်းတော် ငါးပါးသည် ကဆုန်လပြည့်နေ့များတွင် ထူးဆန်းစွာ ‌ ပေါ်ရှိခဲ့ပါသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့သည် ဘုရားရှင်ကိုယ်တော်မြတ်၏ အကြောင်းတော်ငါးပါးအား ရည်မှန်း၍

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏

ဟု အထွတ်အမြတ်ထား သတ်မှတ်ခဲ့ကြပါသည်။


ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် ထိုဗုဒ္ဓနေ့တွင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရည်မှန်းပူဇော်၍ ပရိဘောဂစေတီထိုက်သည့် သဗ္ဗညုတဉာဏ်တော် ရတော်မူခဲ့သော ဗောဓိညောင်ပင်အား အစွဲပြုကာ ‌ ဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်းသော ဓလေ့ကို ပွဲတော်တစ်ခုအဖြစ် ဆင်ယင်ပြုလုပ်ခဲ့ကြပါသည်။

ထိုသို့ ဆင်ယင်ကျင်းပ‌သော ပွဲတော်ကို မြန်မာ့ဓလေ့ ရိုးရာ ပွဲတော်အဖြစ် ခေတ်အဆက်ဆက် ပြုလုပ်ကာ

🙏ကဆုန် ညောင်ရေသွန်းပွဲတော်🙏

ဟုခေါ်တွင်ခဲ့ပေသည်။

ထို့ကြောင့် ကဆုန်ညောင်ရေသွန်းပွဲတော်သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ လေးစား အထွတ်အမြတ်ထားရာ ရှေးရိုး အစဥ်လာစွဲ ပွဲတော်ကြီးတစ်ခုဖြစ်လာခဲ့သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲ‌တော်များလည်းတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့သည် ညောင်ရေ သွန်းပွဲတော်ကို ဆင်ယင်ကျင်းပရုံမျှမက
ဒါန၊ သီလ၊ ဘာဝ
နာ အစရှိသည့် အထူးထူး‌သော ကုသိုလ်ကောင်းမှုများကိုလည်း
ပြုလုပ် လေ့ရှိကြပါသည်။

ထို့ကြောင့်

🙏ကဆုန်လပြည့် ဗုဒ္ဓနေ့🙏

တွင်ကျင်းပသည့်

🙏ကဆုန်ညောင်ရေသွန်းပွဲတော်🙏

သည်

ဘာသာတရား၏ အဆုံးအမအောက်တွင် ရိုးရာယဥ်ကျေးမှုနှင့်အညီ ကုသိုလ်ကောင်းမှုတို့ဖြင့် ထူးမြတ်ပြည့်စုံသော ဗုဒ္ဓဘာဝင်တို့၏ ရှေးရိုးစဉ်လာ ရိုးရာ ပွဲတော်တစ်ခုပင် ဖြစ်‌ပါသည်။

Crd....သာကီနွယ်.............

25/02/2023

ရေခဲတုံး ကိုလဲ မငုံနဲ့
EPC ကိုလဲ မယုံနဲ့
ဒီက Grand royal ice Blast က မင်းတို့အတွက်

13/02/2023

Valentine day ဆိုတာနဲ့ ဒီခေတ်
နောက်ပိုင်း လူတော်တော်များများ

ဒီအကြောင်းအရာတွေကို social media ပေါ်မှာတင်ကြတာလဲ

လူကြီး လူငယ် အကုန်လုံး Internet ပေါ်ရှိနေကြတာကို

မင်းတို့ရဲ့ လူသားဆန်မှုတွေ ဘယ်မှာလဲ?

ဘယ်မှာလဲ ယဉ်ကျေးမှု

ဘယ်မှာလဲ အရှက်တရား

ဘယ်မှာလဲ ချောကလပ်

နည်းနည်းကျွေးအုံး😜😜😜

10/02/2023

ဘဝဆိုတာ ထမနဲလိုပဲ
ဟိုလူကထိုးနှက်လိုက်
ဒီလူကထိုးနှက်လိုက်
အရေးထဲ နှမ်းဝင်ဖြူးတဲ့လူနဲ့
ဂျင်းထည့်တဲ့လူနဲ့
😁😁😁
crd

04/02/2023

Alcohol is not the answer to all questions.
အရက်က ပြဿနာအားလုံးရဲ့အဖြေ မဟုတ်ဘူး။

Alcohol is not the answer to all questions, but if you don't get the answer, it helps you to forget the questions.
အရက်ကပြဿနာအားလုံးရဲ့အဖြေမဟုတ်ဘူး ဒါပေမယ့် အဖြေမရတဲ့အခါ ပြဿနာတွေကို မေ့ဖို့ အရက်က အသုံးဝင်တယ်။

အဲဒီတော့ ဘယ်လိုဖြေရှင်းရမလဲတော့ သိပြီဟုတ်။😜😜😜

31/12/2022

ရွှေရှာတာ မဟုတ်
ငွေရှာတာ မဟုတ်
အချိုရှာတာပါ ကိုကိုရယ်
အချစ်ဆိုတာ ဒါလား
ဘီယာလိုဘဲ နော်
ခါးချင်တဲ့ အချိန်ခါးပြီးတော့
မခါးချင်တဲ့ အချိန်မှာ မခါးပါဘူး

crd ဆရာမဂျူး

ဒီစာလေးနဲ့ 2023 ကို ကြိုဆိုပါတယ်
All Customer Peaceful new year 🥳

01/10/2022

ဒီလိုကံထူးချင်လား 😁😁
အကြောင်းပြချက်မပေးပဲ
အခုဝယ် အခုဖောက် အခုပေါက် ချက်ချင်းထုပ်ပေးနေတဲ့ Myo Taw Liquor Store ကိုလျှောက်လှမ်း ခဲ့လိုက်ပါတော့

19/09/2022

ဘဝမှာ
လေးငါးခြောက်ခု မလိုပါဘူး
နှစ်ခုပဲ
ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်
ဒီနှစ်ခုပဲ.....

မောင်ချောနွယ်(၁၉၄၉—၂၀၀၂)

06/09/2022

Energy ချင်းလဲ တူ၊
Calorie ချင်းတူမယ်
ဈေးက သက်သာတဲ့အပြင်
အမူးလေးပါ လက်ဆောင်ထည့်ပေးဦးမယ်ဆိုရင် သင်ဘယ်ဟာကိုရွေးမလဲ ???

Videos (show all)

* လမ်းလျှောက်ပြေးစက် တီထွင်တဲ့သူက အသက် ၅၄နှစ်မှာ သေတယ်၊* ဂျွမ်းဘား အားကစား တီထွင်တဲ့သူက ၅၇ နှစ်မှာ သေတယ်၊*မောင် ကမ္ဘာ တယ...

Telephone

Website